27 Nov, 2017
အလုပ်ခဏခဏခုန်တာ လစာ ၂ ဆ တိုးစေသတဲ့လား

တစ်ခါတစ်ရံ Facebook မှာ အချို့ ကိစ္စရပ်တွေShare ရာမှာ မှတ်ချက် မပါဘဲ ဒီအတိုင်း မShare သင့်ကြောင်း ကျမရဲ့ မိတ်ဆွေ အစ်ကိုတစ်ယောက် ပြောဖူးပါတယ်။
သဘောတူပြီး ထောက်ခံShare တာလား၊ သဘောမတူဘဲ ကန့်ကွက်Share တာလား ဆိုတာကို မဖော်ပြဘဲShare လျှင် မိမိ Share တဲ့ အကြောင်း အရာဟာ နည်းမှန် လမ်းမှန်ပြန့်ပွားမှာ မဟုတ်ဘူး လို့ သူကဆိုပါတယ်။
ဒီ Post ကို ဟိုတစ်ရက်ကShare တုန်းက တိတိပပ မှတ်ချက် မပါခဲ့ပါဘူး။ ဒါ့ကြောင့် ဒီစာစုနဲ့ထပ်Share ပါတယ်။ ဒီအတိုင်း Share တာထက် စဉ်းစားစရာ တွေ ထပ်ပေးချင်လို့ပါ။
ပထမဆုံးပြောရလျှင် အဲသည် စာရေးသူနဲ့ ကျမနဲ့က Generation  ကွာနေတယ်။
ဆိုတော့ မှားတယ်၊ မှန်တယ် ခေါင်း စဉ်အောက်မှာကျမက အငြင်းမပွားလိုပါ ဘူး။ ခေတ်လူငယ်တွေအနေနဲ့ သူတို့ ထားတဲ့ Value တွေဟာ ကျမတို့နဲ့ တူချင်မှတူပါလိမ့်မယ်။ 
၆ နှစ်အတွင်း အလုပ် ၄ ကြိမ် ပြောင်းပြီး လစာ ၂ဆ တိုးနေတာကို သူက ကျေနပ်နေချိန်မှာ ကျမအသက် (၁၇) နှစ်ခန့်ကသိကျွမ်းခဲ့ရတဲ့ စာရင်းကိုင် အစ်မ တစ်ယောက်ဟာ အခုကျမ အသက် (၄၀) ရောက်တဲ့ အထိကုမ္ပဏီ တစ်ခုတည်းမှာပဲ တစိုက်မတ်မတ် အလုပ်လုပ်ခဲ့တာ ဖြစ်ပြီး အခုနှစ် (၂၀)ကျော်ကြာတဲ့ အခါမှာ သူဟာကြီးထွားလာခဲ့တဲ့အဲသည် လုပ်ငန်း စုအောက်က ကုမ္ပဏီကြီး တစ်ခုရဲ့ CEO ဖြစ်နေပါပြီ။ နှစ် (၂၀)အတွင်းဘယ် အလုပ်မှ မပြောင်းခဲ့ဘဲ တစိုက်မတ်မတ် ဆင့်ပွားလေ့လာသင်ယူရင်း Finance Manager ဘဝကနေ ကနေ့ CEO ဘဝ ရောက်တဲ့အခါ သူ့ဝင်ငွေဘယ်နှစ်ဆပွား သွားသလဲဆိုတာ ကျမ မသိနိုင် မမှန်းဆ နိုင်တဲ့ အရာဖြစ်ပေမဲ့ လွန်ခဲ့တဲ့နှစ် (၂၀) ကျော်ကနယ်မြို့ကလေးတစ်ခုက တက် လာပြီး ကျမနဲ့အဆောင်တစ်ခုမှာ အတူနေ ခဲ့ရတဲ့ အဲသည် အစ်မဟာသူဦးစီးနေတဲ့ လုပ်ငန်းရဲ့ အောင်မြင်မှုတိုးတက်မှု များနဲ့ အတူအခု ကိုယ်ပိုင်ခြံနဲ့ တိုက်နဲ့နေထိုင် နိုင်တဲ့အဆင့်ကိုရောက်နေပြီ ဖြစ်ပါတယ်။

အဲသည်လုပ်ငန်းရှင်နဲ့လည်း အပြန်အလှန် ယုံကြည်ပြီး ခိုင်မာတဲ့ ဆက်ဆံရေးတည် ဆောက် ထားနိုင်သူဖြစ်နေပါတယ်။ နိုင်ငံ တကာကိုလည်း ကျြငညနျ အမငစ ရော၊ အ လည်အပတ်ရော အကြိမ်ပေါင်းများစွာ သွားနိုင်သလို မိသားစုလိုက်ကိုပါ လိုလေး သေးမရှိထား စောင့်ရှောက်ထားနိုင်ပါ တယ်။ ဒါက သူများအကြောင်း။ ကျမ အကြောင်း ပြောရလျှင် အသက် ၁၇ နှစ် မှာအလုပ်စလုပ်ခဲ့တယ်။ (၁) နှစ် မပြည့်ခင် ကာလရှည်ကြာပိတ်ထားတဲ့ တက္ကသိုလ် တွေဖွင့်လိုက်တော့ တက္ကသိုလ်ကျောင်းသူ ကြီးလုပ်မယ်ရယ်လို့ အလုပ်ထွက်မိတယ်။ အရေးအခင်းထပ်ဖြစ်ပြီး တက္ကသိုလ်တွေ မကြာခင်ပြန်ပိတ်သွားတော့ အလုပ်လက်မဲ့ ပြန်ဖြစ်တယ်။ (ရည်ရွယ်ပြီး Job Hopping ခဲ့တာမဟုတ်ပေမဲ့ပေါ့လေ။) ပထမ အလုပ်တုန်းက လစာကျပ် ၃၀ဝ၀ နှဲ့နမလငခန ဩညနပ င်္နဃ ၁၀ ရပါတယ်။ (FEC ဆိုတာ ဟိုခေတ်က US$ အစား ပြည်တွင်း သုံးဖို့ထုတ်ထားတဲ့ Currency တစ်မျိုးပါ) အဲသည်နောက်တော့ Israel နဲ့ မြန်မာ ဖက်စပ် ကုမ္ပဏီ တစ်ခုမှာ လစာ ၈၀ဝ၀ ကျပ်နဲ့အလုပ်ထပ်ရပါတယ်။ Job Hopping ကြောင့်မဟုတ်ပါဘူး။ အဲသည်ခေတ် က ၁၉၉၆ ဝန်းကျင်မို့ လစာတွေ အတက် ကြမ်းခဲ့တဲ့ကာလတစ်ခုဖြစ်ခဲ့တယ်။

အဲသည်မှာ (၁)နှစ်လုပ်ပြီးသံရုံးမှာ အလုပ် ရတေှာ့$ ၁၀ဝကစရတယ်။ အဲသည် ခေတ်က ၃၀ကျပ်ဆိုတော့ ၃သောင်း ကျော်ကျော်ထင်ပါရဲ့၊ ရတယ်။ ၈၀ဝ၀ ကျပ်ကနေ ၃သောင်းကျပ်လောက်ပေါ့ နော်။ အဲသည်ကနေ ၃ နှစ်ကျော် အကြာ မှာထွက်ပြီး NGO တစ်ခုကို ကူးပါတယ်။ $၃၀ဝ ဖြစ်ပါပြီ။ အဲသည် အလုပ်မှာ ၃ နှစ်လောက် လုပ်ပြီး WHO ကို ကူးပါတယ်။ လစာ $၄၈၀ ပါ။ အဲသည်မှာ ၁ နှစ်လုပ်ပြီး နောက်တစ်လုပ်ကူးပါတယ်။ လစာ တစ်ပြားမှပိုမရပါ။ Job က ပိုပြီး Challenge ဖြစ်လို့ပါ။ လစာ အတူတူပါပဲ။ အဲသည်မှာ ၆နှစ်ကျော် လုပ်ပြီး အလုပ်က နုတ်ထွက်ချိန်မှာ $၁၃၀ဝ ပါ။ ၂၀၁၀ ဖြစ် နေပါပြီ။ အဲသည် နောက်ပိုင်းကနေ နောက်ဆုံး အလုပ်အထိဘယ်နှဆပွားခဲ့ သလဲ မပြောတော့ပါဘူး။ အသက် ၁၇ ကနေ ၃၇ နှစ် အထိ စုစုပေါင်း နှစ် (၂၀) မှာ အလုပ် (၈)လုပ်ပြောင်းခဲ့ပါတယ်။ လစာတိုးရရေးအတွက် ရည်ရွယ်ပြီး ပြောင်းခဲ့တာမျိုးတွေမရှိခဲ့ပါဘူး။ အလုပ် တွေလုပ်ရင်း ရေကြည်ရာ၊ မြက်နုရာ၊ ကိုယ်နဲ့ပိုမို ကိုက်ညီမယ်ထင်တဲ့ ကိုယ့် အတွက် ပိုပြီးတက်လမ်းရှိမယ် ထင်တဲ့ အလုပ်ရှိရာကို ပြောင်းသင့်လျှင် ပြောင်း ထိုက်သလို အထက်က အစ်မကြီးလို တစ်လုပ်တည်းတစိုက်မတ်မတ် လုပ်နေလို့ လည်းဘာမှလူဖြစ်ရှုံးနေခဲ့တာမျိုးမရှိပါဘူး။
အဓိက ပြောချင်တာကတော့ Job Hopping လုပ်ကို လုပ်မှ၊ များများနဲ့ ခပ်သွက် သွက်လုပ်ကာမှ ပညာလည်းတိုးပြီး လစာတွေလည်း ဆတိုးတွေဖြစ်မယ်ရယ်လို့ တစ်သမတ်တည်း မတွက်သင့်ကြောင်း တော့ မှတ်ချက်ပြုလိုပါတယ်။
ဒါနဲ့ ဆက်စပ်လို့ ထပ်ပြောချင်တာ ကတော့ကနေ့ခေတ် လူငယ်အတော် များများဆီမှာ Job Hopping အလေ့အထက အတော်ကြီး ပျံ့နှံ့နေတာကြောင့် ကနေ့ခေတ် လုပ်ငန်းရှင်များနဲ့ HR များ အနေနဲ့ Employee Retention ဆိုတာဟာ ခက်သထက်ခက်လာမယ် နက်သထက်နက်လာမယ်ရယ်လို့ ပြောပါရစေ။ လုပ်ငန်းခွင်ထဲက Reward Structure  မှာ Total Rewardသဘောကို ကောင်းစွာအသုံးချနိုင်ပြီး လုပ်ငန်းခွင်ထဲ မှာတင်(အလုပ်ထွက်မှ ရာထူးတိုးတက်မယ် ဆိုတဲ့အမြင်ကို ပြောင်းစေမယ့်) သူတို့ရဲ့ Future ကို မြင်နိုင်အောင် Career Path ကိုကောင်းကောင်း ရုပ်လုံးဖော်၊ မြင် အောင်ပြထားဖို့လည်း လိုပါလိမ့်မယ်။ အသေးစိတ် Strategy တွေကတော့ ဆက်လက် လေ့လာကြ၊ ဆည်းပူးကြဖို့နဲ့ ရှေ့လျှောက် HR များရဲ့ ဘဝဟာ ခက်သထက်ခက်လာဖို့သာရှိတာကြောင့် လွယ်လွယ်လည်း ဝင်မလာကြပါနဲ့ လွယ်လွယ်လည်း လက်မလျှော့ကြပါနဲ့။ 
ပညာစုံအောင် သင်ယူပြီး ခေတ် စနစ်ကိုမျက်ခြည်မပြတ်စေရဘဲ ထက်ကြပ်လိုက် နိုင်ကြပါစေလို့။

Previous Next