07 Jan, 2018
လုပ်ငန်းခွင်မှာ မအောင်မြင်တဲ့လူတွေ

    လုပ်ငန်းခွင်မှာ လူတိုင်းအောင်မြင်နိုင်သလား။ ဒီအဖြေကတော့ရှင်းရှင်းလေးပါ။ နိုးပါလို့ဖြေရပါမယ်။ လုပ်ငန်းခွင်မှာလူတိုင်း မအောင်မြင်နိုင်ပါဘူး။ ဘာကြောင့်လဲ။ ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပါတယ်။ ဝန်ထမ်းဆယ်ယောက်မှာ တစ်ယောက် အောင်မြင်ချင်မှအောင်မြင်ပါတယ်။ သာမန်ဝန်ထမ်းဘဝနဲ့ အောင်မြင်တဲ့ဝန်ထမ်း ဘဝဆိုတာအများကြီးကွာခြားချက်တွေရှိ ပါတယ်။ ဒီဝန်ထမ်းတစ်ယောက်က လုပ်ငန်းခွင်မှာဘယ်လောက်အထိအောင်မြင်မှု ရှိသလဲဆိုတာ သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ သူ့ရဲ့အရည်အချင်းအပေါ်မှာအများကြီးမူတည်နေပါတယ်။ 
    ဒီဝန်ထမ်းကတော့ ဘယ်နေရာအ လုပ်သွားလုပ်လုပ် သူ့ကိုခန့်ချင်တဲ့အလုပ် တွေကအများကြီးပဲ။ တခြားအလုပ်တွေက သူတို့ဆီမှာလာလုပ်ဖို့ အမြဲကမ်းလှမ်းတယ် ဆိုတာမျိုးတွေက အောင်မြင်တဲ့ဝန်ထမ်း တစ်ယောက်မှာတွေ့ရတဲ့အရည်အချင်းတွေ ပါ။ လုပ်ငန်းခွင်မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ထူးချွန်ထက်မြက်နေလို့လည်းမရပါဘူး။ EQ လို့ခေါ်တဲ့ (Emotional Intelligence)  စိတ်ခံစားမှုဆိုင်ရာအရည်အသွေး ကောင်းဖို့လည်းလိုအပ်ပါတယ်။ တော်၊ တတ်၊ ထူးချွန်နေရုံနဲ့မရတော့ပါဘူး။ စိတ် ခံစားမှုဆိုင်ရာအရည်အသွေးပြည့်ဝဖို့က လည်း လိုအပ်ပါသေးတယ်။ လုပ်ငန်းခွင် မှာ EQ က ၅၈ရာခိုင်နှုန်းလိုအပ်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ ဒီတော့ သက်ဆိုင်ရာနယ်ပယ်မှာထူးချွန်မှျှု က EQ ထက်လိုအပ်ချက်ပိုနည်းသွား တာကိုတွေ့နိုင်ပါတယ်။
    အခုတစ်ပတ်မှာတော့ လုပ်ငန်းခွင်မှာ မအောင်မြင်တဲ့ ဝန်ထမ်းတွေကရောဘယ်လိုမျိုးလဲဆိုတာဖော်ပြပေးသွားချင်ပါတယ်။
သတ္တိနည်းသူ
    ကြောက်စိတ်က အရာအားလုံးကို ပျက်စီးစေပါတယ်။ စိတ်ဓာတ်တက်ြွကမှုတွေ၊ စိတ်အားထက်သန်မှုတွေကကြောက် လန့်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပျောက် ဆုံးကုန်ပါတယ်။ ဒါကြောင့်သတ္တိနည်းတာ၊ ကြောက်စိတ်ရှိတာကလည်း အောင်မြင်မှု အတွက်အကြီးမားဆုံးအဟန့်အတားဖြစ်စေ ပါတယ်။ အမှန်ဘက်ကရပ်တည်ရမှာ ကြောက်ရွံ့တာ၊ အမှားဝန်ခံရမှာကြောက် ရွံ့တာ၊ ဖုံးကွယ်တာ၊ တစ်ဦးတစ်ယောက်ကို အပြစ်လွှဲချတတ်တာ ဒါတွေကမအောင် မြင်သူတွေမှာတွေ့ရတတ်တဲ့အပြုအမူတွေ ပါပဲ။ ကိုယ့်ရဲ့အပြစ်ကိုတစ်ဦးတစ်ယောက် ကိုလွှဲချတတ်တာ၊ အမှားကိုဝန်မခံတာတွေ က လုပ်ငန်းခွင်မှာမအောင်မြင်သူတွေရဲ့ အမူအကျင့်တွေပါပဲ။
စိတ်ဓာတ်မကောင်းသူ
    အရာရာတိုင်းမှာ စိတ်ကောင်းရှိဖို့ သာပထမပါပဲ။ စိတ်ကောင်းရှိတဲ့သူ ကံ ကောင်းတာပါပဲ။ ဒီအချက်ကိုအမြဲမမေ့ လျော့ဖို့လိုပါတယ်။ စိတ်ဓာတ်မကောင်းတဲ့ သူတစ်ယောက်က ဘယ်လောက်ပဲတော် နေတော်နေ ထိပ်ဆုံးကိုမရောက်နိုင်ပါဘူး။ ဒါကသူ့ရဲ့မကောင်းတဲ့စိတ်ဓာတ်ကြောင့် ရောက်သင့်တဲ့နေရာကိုမရောက်နိုင်တာပါ။ အရာရာတိုင်းကိုမကောင်းမြင်မယ်၊ မနာလို စိတ်ရှိမယ်၊ တစ်ပါးသူကိုအပုပ်ချမယ်၊ ချောက်တွန်းမယ်စတဲ့အပြုအမူတွေကို စိတ်ဓာတ်မကောင်းတဲ့သူတွေဆီမှာတွေ့ရ တတ်ပါတယ်။ စိတ်ဓာတ်မကောင်းတဲ့သူ တွေက အောင်မြင်တဲ့ဝန်ထမ်းဘဝကိုမရ ရှိနိုင်ပါဘူး။
စိတ်ကြီးဝင်တာ
    ကိုယ့်ကိုယ်ကိုယ်စိတ်ကြီးဝင်တာက လည်း ကုသလို့မရတဲ့ရောဂါတစ်ခုဖြစ်ပါ တယ်။ ဘယ်သူမှငါ့လောက်မတော်ဘူး၊ ဘယ်သူမှငါ့လောက်မတတ်ဘူးဆိုတဲ့ မာန တွေနဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်တဲ့သူတွေကလည်း အောင်မြင်တဲ့ဝန်ထမ်းဘဝကိုမရရှိနိုင်ပါဘူး။ စိတ်ကြီးဝင်တာက ကိုယ့်ကိုယ်ကိုယ်မှား ယွင်းတဲ့ယုံကြည်မှုဖြစ်စေတာပါ။ အရာရာ ကိုသိနားလည်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်မြင်နေတာက အရာရာကိုကျရှုံးစေတဲ့ လမ်းစပဲဖြစ်ပါတယ်။ 
အပြောင်းအလဲမြန်တာ
    အပြောင်းအလဲမြန်တဲ့သူတွေက တစ်ခုခုကိုပြီးမြောက်အောင်မလုပ်ဆောင် နိုင်တာ၊ အဆုံးမသတ်တာတွေဖြစ်တတ်ပါ တယ်။ ဒီတော့ဘယ်အရာကိုမှပြီးမြောက် အောင်မြင်အောင်မစွမ်းဆောင်နိုင်ကြပါဘူး။ ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး ချက် ချင်းငြိမ်းသွားတတ်ပါတယ်။ အပြောင်း အလဲမြန်တတ်သူတွေအတွက် အခွင့်အ လမ်းတွေ၊ အောင်မြင်မှုတွေမရရှိနိုင်ပါဘူး။ 
စိတ်ဆတ်တာ
    ကိုယ့်ရဲ့စိတ်ခံစားမှုကိုမထိန်းချုပ်နိုင် တာ၊ စိတ်ဆတ်တာကလည်း အောင်မြင် မှုဆီကိုမသွားရောက်နိုင်ပါဘူး။ ဆောင်းပါး အစမှာပြောခဲ့တဲ့ EQ ဆိုတာဒါပါပဲ။ ကိုယ့် ရဲ့စိတ်ခံစားချက်ကိုဘယ်လောက်အထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့အချက်က ဒီနေရာ မှာအဓိကကျပါတယ်။ လူတိုင်းက စိတ်ဆိုး ဒေါသထွက်တတ်ပါတယ်။ ဒါပေမဲ့အဲဒီ ဒေါသတွေကိုဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ အချက်ကတော့အရာအားလုံးရဲ့သော့ချက် ပါပဲ။ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်သူသာ အနိုင်ရစတမ်းပါ။ ကိုယ့်ရဲ့စိတ်ကို ချွန်းမ အုပ်နိုင်ရင် အစစအရာရာအောင်မြင်တဲ့ သူတစ်ယောက်မဖြစ်နိုင်ပါဘူး။ 
အယုံလွယ်တာ
    ရိုးသားတာနဲ့ အ တာက ဒီနေရာမှာ ကွဲပြားပါတယ်။ ရိုးသားပါ။ မ အပါနဲ့။ ဆိုလိုချင်တာက အရာရာကိုအယုံမလွယ်ဖို့ ပါပဲ။ ကိစ္စအားလုံးကို အမှန်၊ အမှားဆုံး ဖြတ်နိုင်စွမ်းရှိဖို့လိုပါတယ်။ သူများပြောသ မျှ ခေါင်းညိမ့်တာထက် ကိုယ့်ရဲ့အထင် အမြင်နဲ့မှန်နိုင်မမှန်နိုင်သုံးသပ်နိုင်ဖို့က အဓိ ကကျပါတယ်။ လုပ်ငန်းခွင်မှာအောင်မြင် နိုင်ဖို့ဆိုရင် အယုံမလွယ်ဖို့လည်းလိုပါတယ်။ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိဖို့လိုပါ တယ်။
    လုပ်ငန်းခွင်မှာမအောင်မြင်စေတဲ့ အချက်တွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ EQ ကိုမထိန်းချုပ်နိုင်တာ ကြောင့်ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ EQ ကောင်းဖို့က ဘယ်လောက်အဓိကကျသလဲဆိုတာမြင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ လုပ်ငန်းတော်တော်များများမှာ IQ ကောင်းတဲ့သူထက် EQ ကောင်းတဲ့သူတွေက ပိုအောင်မြင်ကြတာ၊ ပိုတော်ကြတာပါ တယ်။ ကိုယ်တိုင်လည်း ဝန်ထမ်းတစ် ယောက်ဆိုရင် အောင်မြင်တဲ့ဝန်ထမ်းတစ် ယောက်ဖြစ်အောင် ကိုယ့်ရဲ့ EQ ကိုထိန်း ချုပ်နိုင်ဖို့၊ ကောင်းမွန်အောင်တည်ဆောက် နိုင်ဖို့အရေးကြီးပါတယ်။ ဝန်ထမ်းတိုင်း အောင်မြင်တဲ့ ဝန်ထမ်းဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။


ကျော့ကေခိုင်

Previous Next