သာမန်လူတွေထက် ချွန်ထွက်နေတဲ့သူတွေ၊ အစစအရာရာမှာ သာလွန်နေသူတွေ၊ အောင်မြင်နေသူ တွေကို လူတော်တွေလို့သတ်မှတ်ပါတယ်။ သူများနဲ့မတူမှတော့ သူများနဲ့မတူတဲ့အတွေးအခေါ်တွေ၊ အပြု အမူတွေကိုလုပ်လို့ပဲဖြစ်မှာပေါ့။ သမားရိုးကျစဉ်းစားရင် သာမန်လူတစ်ယောက်ပဲဖြစ်မယ်။ အများနဲ့မတူအောင် စဉ်းစားနိုင်ရင်တော့ ထူးချွန်တဲ့လူတော်တစ်ယောက်ဖြစ်မယ်။ ဒီတော့လူတော်တွေက ဘယ်လိုအမူအကျင့် တွေရှိသလဲ၊ ဘယ်လိုတွေပြုမူဆောင်ရွက်ကြသလဲဆိုတာကိုဖော်ပြပေးချင်ပါတယ်။
အများအကြိုက်မလုပ်ဘူး
ကိုယ်မှန်တယ်ထင်ရာကို လုပ်တယ်၊ တခြားသူတွေကြိုက်တာမကြိုက်တာကို ဂရုမစိုက်ဘူး။ အများရဲ့ အမြင်ကိုဂရုစိုက်နေတဲ့သူတွေမဟုတ်ပါဘူး။ တခြားသူကြိုက်ဖို့ မကြိုက်ဖို့ကိုစဉ်းစားနေကြတာမဟုတ်ပါဘူး။ သူများရဲ့အမြင်မှာ ကိုယ့်ကိုဘယ်လိုမြင်သလဲဆိုတာကို စဉ်းစားနေမယ့်သူတွေမဟုတ်လို့ပါပဲ။ ဒီတော့ အများ အကြိုက်မလုပ်ကြပါဘူး။ လူကြိုက်မများမှန်းသိပေမဲ့ မှန်တယ်ထင်ရာကိုသာလုပ်ကြပါတယ်။
လွတ်လပ်စွာတွေးခေါ်တယ်
တော်တဲ့သူတွေက ပုံသေနည်းတွေ၊ စည်းတွေဘောင်တွေထဲကနေပြီး ကျော်လွန်ပြီးတွေးတောတတ်ကြ ပါတယ်။ သူတို့ရဲ့စိတ်က လွတ်လပ်စွာတွေးခေါ်ပြောဆိုတတ်ကြပါတယ်။ အဲဒီအတွက်မှန်တယ်၊ မှားတယ် ဆုံးဖြတ်ချက်တွေမလိုအပ်ပါဘူး။ ကိုယ်တိုင်လည်းလွတ်လပ်စွာတွေးခေါ်သလို၊ တခြားသူတွေကိုလည်း လွတ်လပ်စွာတွေးတောခွင့် ပေးတတ်ကြပါတယ်။
ကိုယ်ပိုင်လမ်းကြောင်းရှိတယ်
သူတို့မှာကိုယ်ပိုင်အတွေးအခေါ်တွေ၊ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ဘဝကိုရှေ့ဆက်ကြပါတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်ပဲမောင်းနှင်ကြပါတယ်။ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်ပိုင်တန်ဖိုးတွေနဲ့ဘဝကိုရှေ့ဆက် ကြတဲ့သူတွေပါပဲ။
သဘောထားကြီးတယ်
သဘောထားကြီးတာက လူတိုင်းမလုပ်နိုင်ပါဘူး။ တစ်ခုခုကိုခွင့်လွှတ်ဖို့၊ မေ့ပစ်ဖို့ဆိုတာ လွယ်လွယ်မလုပ် နိုင်တဲ့အရာတွေပါ။ တော်တဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သဘောထားကြီးပါတယ်။ ခွင့်လွှတ်တတ် ကြပါတယ်။
လူတိုင်းကိုလေးလေးစားစားဆက်ဆံတယ်
ကိုယ့်ထက်ကြီးသူ၊ ငယ်သူ ဘယ်သူ့ကိုမဆိုလေးလေးစားစားဆက်ဆံတတ်တာကလည်း တော်တဲ့သူတွေ မှာတွေ့ရတတ်တဲ့ အရည်အချင်းကောင်းတစ်ခုပါ။
ရုပ်ဝတ္တုပစ္စည်းအပေါ်မှာမမှီခိုဘူး
သူတို့ရဲ့ပျော်ရွှင်မှုက ရုပ်ဝတ္တုပစ္စည်းတွေအပေါ်မှာ အခြေမခံပါဘူး။ တကယ့်ပျော်ရွှင်မှုအစစ်က မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ်မှာပဲအခြေခံတယ်ဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်ကြသူ တွေပါ။
အားကိုးရတယ်
သူတို့တွေက လူအများရဲ့အားကိုးယုံကြည်မှုတွေကို ပိုင်ဆိုင်ထားသူတွေပါ။
Photo & Source - linkedin