26 Nov, 2018
အလုပ်ရဖို့ ဘွဲ့လက်မှတ်တွေက အရေးကြီးသလား

    အလုပ်ရဖို့ဘွဲ့ရပြီးဖြစ်ဖို့၊ ဘွဲ့လက်မှတ် ရှိဖို့က အဓိကကျသလား။ ရာနှုန်းပြည့် တော့မမှန်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ကျော် ကြားသူတွေကိုကြည့်လိုက်ရင် အတန်း ပညာတစ်ဝက်တစ်ပျက်တွေ၊ ကောလိပ် မရောက်သူတွေအများကြီးပါ။ ထင်ရှားတဲ့ သူတွေဆိုရင် ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ် ဘွတ်ခ်တည်ထောင်သူ မက်ဇူကာဘတ်ကို ပဲပြရမှာပါ။ နောက်တစ်ယောက်ကတော့ မိုက်ခရိုဆော့ဖန်တီးရှင် ဘီလ်ဂိတ်ပါပဲ။ သူလည်း ဟားဗက်တက္ကသိုလ်မှာ ဒုတိယ နှစ်အထိပဲပညာသင်ခဲ့ပြီး အတန်းပညာ တစ်ပိုင်းတစနဲ့ကျောင်းထွက်ခဲ့သူပါ။ အခု တော့သူတို့နှစ်ဦးစလုံးက အအောင်မြင်ဆုံး နဲ့ အချမ်းသာဆုံးစာရင်းဝင်တွေဖြစ်နေကြ ပါတယ်။
    ဒီတော့အလုပ်ရဖို့၊ အလုပ်မှာအောင် မြင်ဖို့အတွက် ဘွဲ့လက်မှတ်တွေကအရေး မကြီးတော့ဘူးဆိုတဲ့ သက်သေပါပဲ။ ဒါပေ မဲ့ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့အ ချက်က အတန်းပညာကိုယုံကြည်မှုမရှိပေ မဲ့ တီထွင်ကြံဆတတ်တဲ့Óဏ်၊ ဆန်းသစ် တဲ့စိတ်ကူးတွေ ပိုင်ဆိုင်ထားကြတာပါ။ သူ တို့နှစ်ဦးစလုံးမှာ အတန်းပညာမရှိပေမဲ့ ဒီ အချက်တွေကိုပိုင်ဆိုင်ထားပါတယ်။ ဒါ ကြောင့်သာအောင်မြင်ခဲ့တာပါ။ ကိုယ့်မှာ အတန်းပညာလည်းပြီးဆုံးအောင်မတက်ခဲ့ ရဘူး၊ တစ်ခုခုကိုဖန်တီးလိုတဲ့စိတ်၊ အိုင်ဒီ ယာ၊ စိတ်ကူးစိတ်သန်းတွေမရှိဘူးဆိုရင် သာမန်လူတစ်ယောက်၊ သာမန်ဘဝနဲ့ပဲ အဆုံးသတ်သွားကြမှာပါ။
    မြန်မာပြည်မှာက ဘွဲ့လက်မှတ်ဆို တာစာရွက်တစ်ခုပါပဲ။ ဘွဲ့ရဖြစ်ကြောင်းကို သာထောက်ခံချက်ပေးနိုင်ပါတယ်။ အလုပ် ရရှိဖို့တော့ အာမခံချက်မပေးနိုင်ပါဘူး။ ဘွဲ့မရပေမဲ့ သက်ဆိုင်တဲ့အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခုခုကိုကျွမ်းကျွမ်းကျင် ကျင်တတ်မြောက်ထားမယ်ဆိုရင် အလုပ် ရရှိဖို့ပိုမိုလွယ်ကူနိုင်ပါတယ်။ ဟိုတစ်ရက်က ဒုတိယနှစ်အဝေးသင်တက်နေတဲ့ ကလေး တစ်ယောက်က ဒီနေ့ခေတ်မှာအလုပ်ရရှိဖို့ မလွယ်ကူဘူး၊ ဘာဆက်လုပ်ရမှန်းမသိ တော့ဘူးလို့ရေးတင်ထားပါတယ်။ တကယ် တော့ အလုပ်မရှိလို့ဆိုပြီး အစိုးရကိုအပြစ် တင်ကြမလား၊ ဒါမှမဟုတ် တခြားအ ကြောင်းအရာတွေကိုပဲအပြစ်တင်ကြမလား။ အပြစ်တင်ကြတာတော့ လွယ်ကူပါတယ်။ ဒါပေမဲ့ ကိုယ့်မှာဘာအားနည်းချက်၊ အား သာချက်ရှိသလဲဆိုတာ သေသေချာချာ သိဖို့လိုပါတယ်။
    ဝန်ထမ်းလိုအပ်နေတဲ့ကုမ္ပဏီတွေ ကလည်းအများကြီးပဲ။ အလုပ်ရှာနေကြသူ တွေကလည်း အလုပ်မရဘူး ညည်းကြ တယ်။ ဒီတော့ ကိုယ်ဘာကြောင့်အလုပ်မ ရသလဲဆိုတာအချက်ကိုပြန်လည်စဉ်းစား သုံးသပ်သင့်ပါတယ်။ ကိုယ့်မှာအလုပ်တစ် ခုရဖို့လိုအပ်တဲ့အရည်အချင်းတွေရှိသလား။ ဘွဲ့ရတာ၊ မရတာထက် ကျန်တဲ့အရည် အချင်းတွေကောရှိရဲ့လား စဉ်းစားပါ။ ဒီနေ့ ခေတ်မှာအနိမ့်ဆုံးအရည်အချင်းလိုအပ် ချက်တွေဖြစ်တဲ့ ကွန်ပျူတာ၊ အင်တာနက်၊ အီးမေးလ်၊ Microsoft Word စတာတွေ တတ်ကျွမ်းနေပြီလား။ ဒါတွေက အခြေခံ အဆင့်တိုင်းအတွက် လိုအပ်တဲ့အခြေခံ လိုအပ်ချက်တွေဖြစ်နေပါပြီ။
    အလုပ်ရှင်တွေတော်တော်များများ ကဘွဲ့လက်မှတ်ဆိုတာထက် အပေါ်မှာ ပြောခဲ့တဲ့အခြေခံလိုအပ်ချက်၊ ကျွမ်းကျင်မှု တွေရှိနေရင်ပဲ အလုပ်ခန့်ချင်ကြပါတယ်။ ဘွဲ့လက်မှတ်တစ်ခုကိုင်ထားရုံနဲ့တော့ အ လုပ်မရနိုင်တော့ပါဘူး။ နောက်တစ်ချက် တော့ ဘာသာစကားလိုအပ်ချက်ပါ။ ဘယ် အလုပ်ခေါ်စာမဆိုကြည့်လိုက်ရင် အင်္ဂ လိပ်စာအရေးအပြောအခြေခံတတ်မြောက် ရမည်ဆိုတာပါဝင်ပါတယ်။ ရုံးဝန်ထမ်း ခေါ်ရင်တောင် အဲဒီလိုပါဝင်ပါတယ်။ ဒီတော့ ဘာသာစကားလိုအပ်ချက်ကို လည်းဖြည့်ဆည်းထားပါတယ်။ အခုခေတ် မှာက သင်တန်းသွားတက်ဖို့အချိန်မပေးနိုင် ဘူးဆိုရင် ကိုယ့်ဘာသာကိုယ် Self-Study လုပ်ဖို့အခွင့်အလမ်းတွေအများကြီး ရှိနေပါပြီ။ အင်္ဂလိပ်စာလေ့လာဖို့ မိုဘိုင်း App တွေလည်း အများကြီးရှိပါတယ်။ 
    အလုပ်သမားဈေးကွက်လို့ပြောကြ တဲ့ Labour Market မှာ အပြိုင်အဆိုင် တွေဖြစ်လာနေပါပြီ။ ဘယ်သူကဘာဘွဲ့ရ တယ်၊ ဘယ်သူက ဘယ်ကျောင်းထွက် တယ်ဆိုတာထက် ဘယ်သူကဘယ်လိုအ ရည်အချင်းတွေကျွမ်းကျင်သလဲ၊ ဘယ်သူ ကတော့ အလုပ်အပေါ်မှာစိတ်ဝင်စားမှု၊ လေ့လာအားထုတ်မှုဘယ်လောက်များသလဲ ဆိုတဲ့အပေါ်မှာမူတည်ပြီးရွေးချယ်လာကြ ပါတယ်။
    ဘွဲ့ရပြီးသားပဲဖြစ်ဖြစ်၊ ဘွဲ့မရသေးဘဲ အဝေးသင်တက်ပြီးအလုပ်လျှောက်တဲ့သူပဲ ဖြစ်ဖြစ် အဓိကကတော့ ခုနပြောတဲ့အခြေ ခံလိုအပ်ချက်တွေနဲ့ပြည့်စုံရပါမယ်။ ကိုယ် ကအခြေခံပညာအထက်တန်းအောင်သွား လို့ပဲဖြစ်ဖြစ်၊ ဘွဲ့ရပြီးလို့ပဲဖြစ်ဖြစ် လက်မှတ် တွေကိုင်ပြီး အလုပ်ကိုထိုင်စောင့်နေရင် တော့ ဘယ်တော့မှအလုပ်မရနိုင်ပါဘူး။ တကယ်အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ် ဆီကိုသွားရပါမယ်။ အဲဒီလိုသွားဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေကိုယ့်မှာရှိနေ ဖို့လိုအပ်ပါတယ်။ 
    တချို့လူငယ်တွေရှိပါတယ်.. အ လုပ်လျှောက်ချင်တယ်၊ ဘာတွေလိုအပ်သ လဲမသိဘူးဆိုတာမျိုး၊ ဘာအလုပ်လုပ်ရမ လဲမသိဘူးဆိုတာမျိုးလာလာမေးကြပါတယ်။ ကိုယ့်မှာပန်းတိုင်ဆိုတာမရှိရင်တော့ အဲဒီ ပန်းတိုင်ကိုဘယ်တော့မှမရောက်နိုင်ပါဘူး။ ကိုယ့်မှာဦးတည်ချက်တစ်ခုတော့ရှိသင့်ပါ တယ်။ ငါတော့ဘယ်အလုပ်ကိုဝါသနာပါ တယ်၊ ဘယ်အလုပ်ကိုလျှောက်ချင်တယ် ဆိုတာမျိုးတော့သိအောင်လုပ်သင့်ပါတယ်။ အဲဒီကတစ်ဆင့်မှ ပန်းတိုင်ရှိပြီဆိုရင် အဲဒီ ပန်းတိုင်ကိုဘယ်လိုရောက်အောင်သွားမ လဲဆိုတဲ့ နောက်တစ်ဆင့်ပါ။ ဘယ်လို သွားမလဲ။ အရည်အချင်းဆိုတဲ့လှေကား နဲ့တက်ရမှာပေါ့။ ဥပမာကိုယ်လုပ်ချင်တဲ့ အလုပ်က စာရင်းဇယားတွေနဲ့ပတ်သက်ပြီး လုပ်ချင်တာဆိုရင် စာရင်းကိုင်အလုပ်ကို လျှောက်ရပါမယ်။ အဲဒီအတွက်လိုအပ်တဲ့ သင်တန်းတွေ၊ အရည်အချင်းတွေဖြည့် ဆည်းရပါမယ်။
    ဒီလိုမဟုတ်ဘဲ ဘွဲ့လက်မှတ်ကလေး တစ်ကိုင်ကိုင်နဲ့ အလုပ်ကိုမျှော်နေတယ်ဆို ရင်တော့ မျှော်ရုံပဲရှိမှာပါ။ ဘွဲ့လက်မှတ်က အလုပ်ရရှိဖို့ကြီးမားတဲ့အထောက်အကူ မဖြစ်စေပါဘူး။ နောက်တစ်ချက်က ကျောင်းမှာအမြဲတမ်းအဆင့် ၁၊ ၂ရပေမဲ့ လည်း တကယ့်လုပ်ငန်းခွင်မှာအောင်မြင် ကြတာမဟုတ်ပါဘူး။ ဒီတော့ဘွဲ့လက်မှတ် တွေ၊ အဆင့်သတ်မှတ်ချက်တွေပေါ်မှာ သာယာမနေစေချင်ပါဘူး။ အလုပ်တော် တော်များများကိုကြည့်လိုက်ရင် အသက် မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှုလက် မှတ်တွေပေါ်မှာအခြေခံပြီးခေါ်ယူကြပါ တယ်။ တချို့အလုပ်တွေကတော့ဘွဲ့ရဆို တာမျိုးခေါ်ပါတယ်။ ဒါပေမဲ့ ဘွဲ့မရတဲ့သူ တွေလည်း ကိုယ့်မှာတခြားအရည်အချင်း တွေရှိမယ်ဆိုရင် အလုပ်လျှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘွဲ့မရသေးပေမဲ့ သူတို့ခေါ်ထားတဲ့ ကျွမ်းကျင်မှုအရည်အ ချင်းတွေ ကိုယ့်မှာရှိတယ်၊ ပြည့်စုံတယ်လို့ ထင်ရင် အလုပ်လျှောက်ပါ။ အဓိကက တော့ ကိုယ့်ကျွမ်းကျင်တဲ့အတတ်ပညာ၊ အသိပညာနဲ့ လုပ်ငန်းခွင်နဲ့မှာဘယ်လိုပြန် ပြီးအသုံးချမလဲဆိုတဲ့ အသိပညာကသာ အရေးကြီးပါတယ်။ 
 

ကျော့ကေခိုင်

Previous Next