14 Dec, 2018
နိုင်ငံတကာမှာလစာများပြီး အတွေ့အကြုံမလိုတဲ့ အလုပ်အကိုင်များ

    ပထမဆုံးအလုပ်စလုပ်မယ့်သူတွေအတွက် အတွေ့အကြုံမလိုဘဲ လစာကောင်းကောင်းပေးတဲ့ အလုပ်အကိုင်တွေကို ဒီတစ်ပတ်မှာဖော်ပြပေးချင်ပါ တယ်။ နိုင်ငံတကာမှာ အတွေ့အကြုံမလိုဘဲ လစာများ တဲ့အလုပ်အကိုင်တွေအများကြီးရှိနေပါတယ်။ လစာ လည်းများသေး၊ အတွေ့အကြုံလည်းမလိုဘူးဆိုတော့ စိတ်ဝင်စားစရာပဲနော်။ ဖတ်ကြည့်ကြရအောင်ပါ။

Air Traffic Controller


    လေကြောင်းလိုင်းထိန်းသိမ်းကွပ်ကဲရတဲ့အလုပ် ကလည်း အတွေ့အကြုံမလိုဘဲ လစာအများအပြား ရပါတယ်တဲ့။ ဒီအလုပ်ကိုလုပ်ဖို့ အတွေ့အကြုံတွေ မလိုပါဘူးတဲ့။ ဒါပေမဲ့သက်ဆိုင်ရာသင်တန်းတွေတော့ တက်ထားဖို့လိုပါတယ်။ လေယာဉ်တွေကို ထိန်းချုပ်မျှော်စင်ကနေပြီး ထိန်းချုပ်ကွပ်ကဲရတဲ့အလုပ် ဖြစ်ပါတယ်။ လစာကတော့ ဒေါ်လာ ၁၂၄၅၀ဝ ဖြစ်ပါတယ်။

Police Officer


    ဒီအလုပ်အတွက်လည်း အတွေ့အကြုံမလိုပါဘူး။ ဒါကတော့နိုင်ငံတကာနဲ့မြန်မာနိုင်ငံတူညီပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘွဲ့ရတွေကို ရဲအရာရှိခေါ်တာ တွေရှိပါတယ်။ နိုင်ငံတကာမှာတော့ ရဲအရာရှိလစာ ကအရမ်းကောင်းပါတယ်။ ပျမ်းမျှအနေနဲ့ ဒေါ်လာ ၆၃၀ဝ၀ဖြစ်ပါတယ်။ 

Tracker


    လော်ရီကားမောင်းတဲ့အလုပ်ကလည်း အတွေ့ အကြုံမလိုပါဘူးတဲ့။ ဒီမှာဆိုရင်တော့ ယာဉ်မောင်း ဆိုရင်တောင် အနည်းဆုံးအတွေ့အကြုံ ၃နှစ်လောက် ရှိမှခေါ်ကြပါတယ်။ နိုင်ငံတကာမှာတော့ ယာဉ်ကြီး တွေမောင်းဖို့ အတွေ့အကြုံမလိုဘဲ လစာကလည်း ကောင်းပါသေးတယ်။ ပျမ်းမျှအနည်းဆုံး ဒေါ်လာ ၄၂၅၀ဝရပါတယ်။ ဒီအလုပ်ရဖို့အတွက် အရင်က လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေမလိုပါဘူး။ လိုအပ်တာ ကတော့ လိုင်စင်ရှိဖို့ပဲလိုပါတယ်။ 

Roustabout


    ဒီအလုပ်ကတော့ ရေနံတူးတဲ့နေရာမှာလုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်လုပ်ဖို့လည်း အတွေ့ အကြုံမလိုပါဘူး။ ပညာအရည်အချင်းမလိုပါဘူး။ အန္တရာယ်များတဲ့အလုပ်အကိုင်လည်းဖြစ်ပါတယ်။ ဒါ ကြောင့်အလုပ်သမားဈေးကွက်လိုအပ်ချက်လည်း မြင့် မားပါတယ်။ ဒီအလုပ်ကိုလုပ်ဖို့တော့ ကျန်းမာသန်စွမ်း ဖို့လိုပြီး အိမ်နဲ့အဝေးကြီးမှာ ကာလရှည်ကြာနေထိုင် နိုင်ဖို့လိုပါတယ်။ ကြမ်းတမ်းတဲ့အလုပ်ပတ်ဝန်းကျင်ဖြစ် ပြီး ပျမ်းမျှလစာကတော့ ဒေါ်လာ ၃၉၉၀ဝဖြစ်ပါတယ်။

Train Driver


    ရထားမောင်းတဲ့အလုပ်ကလည်း အတွေ့အကြုံ မလိုပါဘူးတဲ့။ ဒါပေမဲ့ ဒီအလုပ်ကခေါ်တောင့်ခေါ်ခဲ ရှိလှတဲ့အလုပ်ပါ။ ဟုတ်တာပေါ့။ ကားတွေအများကြီး ရှိပေမဲ့ ရထားတွေအများကြီးမှမရှိတာ။ လစာကတော့ ဒေါ်လာ ၅၉၈၀ဝဖြစ်ပါတယ်။

Casino Dealer


    ကာစီနိုရုံတွေမှာ ဖဲချပ်ဝေတဲ့အလုပ်ကလည်း အတွေ့အကြုံမလိုဘဲ လစာအများအပြားရတဲ့အလုပ် အကိုင်ဖြစ်ပါတယ်။ ဒီကြားထဲ ဘောက်စူးလေးဘာ လေး ရတတ်ပါသေးတယ်။ ဒီအလုပ်အတွက်လိုအပ် တာကတော့ ဖောက်သည်တွေကိုဝန်ဆောင်မှုကောင်း ကောင်းပေးတတ်ဖို့ပါပဲ။ ယဉ်ကျေးပျူငှာတဲ့အမူအရာ လည်းရှိရပါမယ်။ ဧည့်သည်အသစ်တွေကို ကောင်းမွန် တဲ့ဆက်ဆံရေးရှိရပါမယ်။ ဒီအလုပ်အတွက် လစာ ကတော့ ဒေါ်လာ ၂၂၃၀ဝဖြစ်ပါတယ်။

Firefighter


    မီးသတ်သမားအလုပ်ကလည်း အတွေ့အကြုံမ လိုဘဲ လစာများတဲ့အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ဒီအလုပ်က အန္တရာယ်များတဲ့အလုပ်ဖြစ်ပါ တယ်။ နောက်တစ်ချက်ကတော့ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ရပါမယ်။ အများနဲ့ပူးပေါင်းလုပ်ဆောင်ရတဲ့အ လုပ်ဖြစ်ပြီး ပျမ်းမျှလစာအနေနဲ့ ဒေါ်လာ ၄၉၁၀ဝ ဖြစ်ပါတယ်။

Coach Driver


    ဒီအလုပ်ကတော့ ယာဉ်မောင်းလိုင်စင်တစ်ခုသာ လိုပါတယ်။ အရင်က ယာဉ်မောင်းသင်ခဲ့ဖူးတဲ့အတွေ့ အကြုံမလိုပါဘူး။ အဓိကကတော့ ယာဉ်မောင်းသင်တဲ့ သူကိုကောင်းမွန်စွာ သင်ကြားပြသပေးနိုင်ဖို့သာလိုပါ တယ်။ ဒီအလုပ်အတွက်လစာကတော့ ဒေါ်လာ ၃၃၀ဝ၀ဖြစ်ပါတယ်။

Security Guard


    ဒီအလုပ်အတွက်တော့အတွေ့အကြုံမလိုပေမဲ့ အချိန်ပိုဆင်းနိုင်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ နေ့ရယ်ညရယ်မရွေးဘဲ တာဝန်ထမ်းဆောင်ရမှာပါ။ တာဝန်ယူရမယ့်အပိုင်းတွေကများပြားလှပြီး စိတ်ဖိစီးမှု တွေကြုံရနိုင်မယ့်အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့လစာက တော့ ဒေါ်လာ ၂၇၀ဝ၀ဖြစ်ပါတယ်။

Salesperson


    ဒီအလုပ်အတွက်ကတော့ အတွေ့အကြုံမလိုပေ မဲ့ အရောင်းပိုင်းဆိုင်ရာကိုဝါသနာပါဖို့လိုသလို၊ စိတ်ဝင် စားဖို့လည်း လိုပါတယ်။ ဒီအလုပ်အတွက်တော့ ကျွမ်းကျင်မှုတွေ၊ ပညာအရည်အချင်းတွေမလိုအပ်ပါ ဘူး။ ဒီအလုပ်က အခြေခံလစာအနေနဲ့နည်းပါးပေမဲ့ ကိုယ့်ရဲ့အရောင်းပေါ်မှာမူတည်ပြီး ကော်မရှင်တွေ၊ အပိုဆုကြေးတွေရရှိနိုင်ပါတယ်။ ဒီအလုပ်အတွက် ပျမ်းမျှလစာကတော့ ဒေါ်လာ ၄၉၇၀ဝဖြစ်ပါတယ်။
Photos & Source - careeraddict
 

Previous Next