16 Dec, 2018
မျှော်မှန်းလစာဘယ်လိုတောင်းမလဲ

    အလုပ်ရတာ၊ မရတာက မျှော်မှန်း လစာတောင်းတဲ့ပေါ်မှာလည်း မူတည်နေ ပါတယ်။ ဟုတ်ပါတယ်။ ကိုယ့်မှာအရည် အချင်းတွေပြည့်စုံနေပေမဲ့လည်း မျှော် မှန်းလစာက ရသင့်ရထိုက်တာထက်ပိုပြီး တောင်းမိပြန်ရင်လည်း အလုပ်ရဖို့အခွင့် အလမ်းနည်းသွားနိုင်ပါတယ်။ အလုပ်ခေါ် တဲ့ကုမ္ပဏီအများစုက ဒီဝန်ထမ်းကိုခန့်ချင် ပေမဲ့လည်း သူတောင်းသလောက်မပေးနိုင် တဲ့အခါကျတော့ အလုပ်မခန့်ဖြစ်တာတွေ လည်းရှိပါတယ်။ ဝန်ထမ်းဘက်ကကြည့် ပြန်တော့လည်း သူ့ရဲ့ရာထူးနဲ့အရည်အ ချင်းထက်ပိုပြီးတောင်းမိပြန်ရင်လည်း အလုပ်ရမယ့်အခွင့်အရေးဆုံးရှုံးနိုင်ပါတယ်။ ဒီတော့ မျှော်မှန်းလစာကိုဘယ်လိုတောင်း ကြမလဲ။ တချို့တွေရာထူးတူ၊ အရည်အ ချင်းတူပေမဲ့ လစာကျတော့ကွာသွားကြ တာတွေရှိပါတယ်။ 
    အလုပ်အတွက်အင်တာဗျူးဖြေသူ တွေတော်တော်များများ ဒီနေရာမှာကျ သွားကြသူတွေရှိပါတယ်။ အင်တာဗျူးရဲ့ အဆုံးသတ်မှာ မျှော်မှန်းလစာက ဘယ် လောက်လဲလို့မေးလေ့ရှိပါတယ်။ တော် တော်များများက အစမေးခွန်းတွေမှာအ ဖြေကောင်းသလောက် အဲဒီမေးခွန်းကျရင် ခေတ္တဆွံ့အသွားတတ်ကြပါတယ်။ ဘယ် လောက်တောင်းရမလဲ၊ ကိုယ်တောင်းတာ က နည်းသွားမလား၊ များသွားမလား။ ကိုယ်ရသင့်ရထိုက်တာထက် နည်းသွားရင် ကိုယ့်အတွက်နစ်နာပြီး ကိုယ်ရသင့်ရထိုက် တာထက်များသွားရင်လည်း အလုပ်မရ တော့မှာစိုးရိမ်ကြပါတယ်။ ဒီတော့ ဒီမေး ခွန်းကို တော်တော်များများက မဖြေချင် ကြပါဘူး။ အဆင်ပြေသလိုပဲပေးပါ၊ လစာ ကတော့ ညှိနှိုင်းလို့ရပါတယ်၊ မဖြေတတ် ပါဘူးစတဲ့အဖြေတွေကိုပေးပြန်ရင်လည်း အင်တာဗျူးသူတွေက မနှစ်သက်တာကို သတိချပ်စေချင်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင်မသိဘူးလို့ထင်စေပါတယ်။ ဒါကြောင့် မျှော်မှန်းလစာမေးတဲ့အချိန်က ချိန်ကိုက်ဗုံးတစ်ခုပါပဲ။ အဖြေကောင်းရင် အလုပ်ရနိုင်သလို၊ အဖြေမကောင်းရင် အလုပ်ရမယ့်အခွင့်အရေးကိုလက်လွှတ်ရ နိုင်ပါတယ်။
    အလုပ်ခန့်ထားသူတွေမှာ ကိုယ့်ကို အလုပ်မခန့်စေတဲ့အဓိကကျတဲ့အကြောင်း ပြချက်လေးချက်ရှိပါတယ်။ ပထမတစ်ချက် ကတော့ ဒီရာထူးနေရာနဲ့ ကိုယ့်ဘက်က မထိုက်တန်တာပါ။ ဆိုလိုချင်တာက ကိုယ့် မှာထိုက်သင့်တဲ့အရည်အချင်း၊ အရည်အ သွေးအားနည်းနေတာပါ။ နောက်တစ်ချက် ကတော့ ကိုယ်တောင်းတဲ့လစာကသူတို့ မပေးနိုင်တဲ့လစာဖြစ်နေတာပါ။ ဒီအချက် ကတော့ သင်ကလျှောက်ထားတဲ့ရာထူးနဲ့ ကိုက်ညီတဲ့အရည်အချင်းရှိပေမဲ့ သင် တောင်းတဲ့လစာပမာဏကို သူတို့ဘက်က မပေးနိုင်တာပါ။ တတိယအချက်က တော့ သင်က Overqualified  ဖြစ်နေ တာပါ။ သူတို့လိုချင်တဲ့အရည်အချင်းထက် သင်ကများစွာသာလွန်မြင့်မားနေတာကြောင့် လည်း အလုပ်မခန့်ဖြစ်ပါဘူး။ နောက်ဆုံး အချက်ကတော့ မျှော်မှန်းလစာပြောတဲ့ အခြေအနေပေါ်မှာမူတည်ပြီးလည်း အလုပ်မခန့်ဖြစ်တာမျိုးရှိပါတယ်။ ဒီတော့ မျှော်မှန်းလစာကိုဘယ်လိုပြောကြမလဲဆိုတာ ဒီတစ်ပတ်မှာဖော်ပြပေးချင်ပါတယ်။
    ကိုယ့်ရဲ့မျှော်မှန်းလစာကိုတောင်း တဲ့အခါမနည်း၊ မများထိုက်တန်တဲ့လစာ ဖြစ်ဖို့လိုပါတယ်။ ဒီအချက်ကတော့အဓိက အကျဆုံးလို့ထင်ပါတယ်။ ကိုယ့်ရဲ့အရင်အ လုပ်မှာလုပ်ခဲ့တဲ့ရာထူး၊ လစာ၊ အတွေ့ အကြုံတွေ၊ ဈေးကွက်အခြေအနေကို ယှဉ်ပြီး မနည်းတဲ့၊ မများတဲ့လစာပမာဏ ကိုတောင်းတတ်ရ ပါမယ်။ ကိုယ့်ရဲ့အရည် အချင်းနဲ့ထိုက်တန် တဲ့လစာပမာဏဖြစ်ရ ပါမယ်။ ကိုယ့်ဘက်ကတောင်းလိုက်တဲ့ လစာပမာဏကကိုယ့်ရဲ့အရည်အချင်း၊ အရည်အသွေးနဲ့ထိုက်သင့်တဲ့လစာ၊ မျှတတဲ့လစာဖြစ်ရပါမယ်။ 
    ဒီနေရာမှာ ရှောင်သင့်တဲ့အချက်တွေ ကိုလည်းပြောပြချင်ပါတယ်။ အလုပ်အင် တာဗျူးသွားတဲ့အခါမှာ၊ ကိုယ့်ရဲ့မျှော်မှန်း လစာကိုမေးတဲ့အခါမှာ မပြောသင့်တဲ့အ ချက်တွေလည်းရှိပါတယ်။ 
    ပထမအချက်ကတော့ ကိုယ့်ရဲ့အရင် လစာကိုမေးမြန်းတဲ့အခါ ကိုယ့်ဘက်က ရိုးသားဖို့လိုပါတယ်။ ဒီဘက်မှာ လစာပို တောင်းထားပြီး ဟိုဘက်ကလစာကိုမမှန် မကန်ပိုပြောမိတာမျိုးမလုပ်သင့်ပါဘူး။ ဒီ အချက်ကမှန်ကန်မှုမရှိဘူးလို့ အင်တာဗျူး သူတွေက သုံးသပ်ပြီး သင့်ကိုရိုးသားမှုမရှိ သူတစ်ယောက်လို့ တံဆိပ်ကပ်ခံရတာမျိုး မဖြစ်ပါစေနဲ့။ ဒီတော့ မှန်ကန်တဲ့ပမာဏနဲ့ ထိုက်တန်တဲ့လစာကိုတောင်းတတ်ဖို့လိုပါ တယ်။
    နောက်တစ်ချက်ကလစာမေးတဲ့အ ခါအများစုက တောင်းဖို့အားနာသလိုမျိုး၊ အဆင်ပြေသလိုပေးပါဆိုတာမျိုးပြောတတ် ပါတယ်။ ဒီလိုမျိုးဘယ်တော့မှမလုပ်မိပါစေ နဲ့။ ကိုယ့်ရဲ့လုပ်အားခကိုရဲရဲဝံ့ဝံ့တောင်း တတ်ဖို့လိုပါတယ်။ ဒီလိုတောင်းတဲ့နေရာ မှာ အလုပ်အကိုင်ဈေးကွက်ကိုလည်း လေ့လာဖို့လိုပါတယ်။ ဒီလိုရာထူး၊ ဒီလို အတွေ့အကြုံ၊ ဒီလိုအရည်အချင်းဆိုရင် တော့ဘယ်လောက်တောင်းသင့်သလဲဆို တာမျိုးလေ့လာပါ။ မှန်ကန်တဲ့လစာ ပမာဏဖြစ်ဖို့လိုပါတယ်။
    သင်ကအလုပ်လျှောက်ဖူးသူတစ် ယောက်ဆိုရင် ဒီအခြေအနေမျိုးမလွဲမသွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ရဲ့မျှော်မှန်းလစာ ကို အလုပ်မလျှောက်ခင်ကတည်းက စဉ်း စားထားပါ။ လစာဆိုတာမျိုးက ကိုယ် တောင်းချင်သလောက်တောင်းလို့ရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့အရည်အချင်းနဲ့ ထိုက်တန်တဲ့ပမာဏကိုတောင်းရတာပါ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ် တောင်းလိုက်တဲ့လစာပမာဏက အခြေ အနေအချိန်အခါနဲ့သင့်တော်တဲ့လစာပမာ ဏဖြစ်ဖို့ပါပဲ။ မျှော်မှန်းလစာတောင်းပါ။ ညှိနှိုင်းဆိုတာမျိုးမထည့်ပါနဲ့။ ဒါကအချိန် ဖြုန်းတာသက်သက်ပါပဲ။ လျှောက်လွှာ တင်ကတည်းက မျှော်မှန်းလစာထည့်ထား မယ်ဆိုရင် အလုပ်ခေါ်သူဘက်ကလည်း သူတို့ပေးနိုင်တဲ့လစာမျိုးရှိမယ်၊ အရည် အချင်းကလည်း အလုပ်နဲ့ကိုက်ညီတယ်ဆို ရင် အင်တာဗျူးခေါ်ပါလိမ့်မယ်။ မျှော်မှန်း လစာမပါဘဲ ညှိနှိုင်းလို့လျှောက်လိုက်ပြီးမှ အလုပ်အင်တာဗျူးကျမှ သူတို့ပေးတဲ့လစာ နဲ့မလုပ်နိုင်တဲ့အခါ ကိုယ့်အတွက်အချိန် ကုန်ပါတယ်။ ဒါကြောင့် အလုပ်လျှောက် မယ်ဆိုရင် မျှော်မှန်းလစာကို ထိုက်တန် အောင်တောင်းတတ်ကြဖို့လိုပါတယ်။


ကျော့ကေခိုင်

Previous Next