07 Jan, 2019
လက်ရှိအလုပ်မှာ မပျော်တော့ဘူးလား

    မနက်ခင်းနိုးထလာချိန်မှာမြင်တွေ့ နေရတဲ့သဘာဝအလှတရားတွေဟာသင့် အတွက်အရင်လိုလန်းဆန်းတက်ြွကမှုတွေ ဆောင်ကြဉ်းမပေးနိုင်တော့ဘူးလား။ ဒီလို ပါပဲ။ အိပ်မရတဲ့ညတွေမှာတောင်စဉ်းစား မြောက်စဉ်းစားလုပ်နေမိရင်းအလုပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေခေါင်း ထဲရောက်လာတိုင်းသက်ပြင်းမောတွေ အထပ်ထပ်ချလို့ ကိုယ့်ကိုယ်ကိုယ်မုန်းတီး နေမိလေသလား။ အလုပ်ထဲရောက်သွား တဲ့အချိန်တွေတိုင်းအသက်ရှူရတာအရင် လိုပေါ့ပါးလွတ်လပ်မှုတွေမရှိတော့ဘူး လား။ တစ်နေ့ထက်တစ်နေ့ အလုပ်ဟာ စိတ်ဖိစီးမှုတွေပိုပိုများလာသလား။ ဒါဆိုရင် တော့လက်ရှိအလုပ်မှာသင်မပျော်ပိုက် တော့တဲ့အခြေအနေကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ အလုပ်လုပ်ရတာမုန်းတီး လာပေမဲ့ဘာဆက်လုပ်လို့လုပ်ရမှန်းလဲ မသိဘူးဖြစ်နေတဲ့အခါလုပ်ဆောင်သင့်တဲ့ အချက်တွေကို တင်ပြပေးလိုက်ပါတယ်။
(၁) လက်ရှိအခြေအနေကို ပြန်ဆန်းစစ် ပါ။ အဖြေရှာပါ
    သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကား ပြောဖြစ်တဲ့အခါမှာ မိမိရဲ့အလုပ်နဲ့ ပတ်သက်ပြီးပြောမိတဲ့စကားတွေကညည်း
တွားရှိုက်သံတွေပါဝင်နေခဲ့မယ်ဆိုရင် ဒါဟာအလုပ်နဲ့ပတ်သက်ပြီးသင့်ရဲ့ခံစား ချက်တွေ အရင်လိုမခမ်းနားတော့ဘူးဆို တာသတိပြုမိဖို့လိုပါလိမ့်မယ်။ တကယ် လည်း အလုပ်ထဲမှာ ခေါင်းရှောင်တတ်တဲ့၊ စကားပြောရင်လိုရင်းကိုတည့်တည့်မပြောဘဲ ဝေ့ဝိုက်ပြောဆိုတတ်တဲ့ခေါင်းဆောင်တွေ၊
မိမိရဲ့ကြိုးစားမှုရလဒ်တွေအပေါ် မနာလို မရှုဆိတ်ဖြစ်နေတတ်ကြသူတွေ၊ အကွက် ကျတာနဲ့တိုက်ခိုက်ပြောဆိုတာမျိုးတွေ လုပ်တတ်ကြတဲ့သူတွေက သင့်အနားမှာ ဝန်းရံနေကြပါလိမ့်မယ်။ တချို့ကျ ပြန်တော့လည်း စီနီယာ၊ ဂျူနီယာဆိုတဲ့ အတွေးတွေနဲ့ ပါဝါပြတတ်ကြပါတယ်။ဒါတွေက မနက်မနက်တိုင်း အလုပ်သွားရ မယ်ဆိုတဲ့အသိကိုသက်ပြင်းမောတွေနဲ့ နှောင့်ယှက်မှုတွေပေးတတ်ပါတယ်။ ဒီလို အချိန်မှာလက်ရှိအလုပ်မှာလည်းမပျော် ပိုက်တော့သလို ထွက်ရင်ကောင်းမလား၊ မထွက်ရင်ကောင်းမလားဆိုတဲ့ဒွိဟ အတွေးတွေနဲ့လည်း ဘာဆက်လုပ်ရမှန်း မသိဖြစ်နေစေတတ်ပါတယ်။
    တချို့ကျပြန်တော့ မဆက်ဆံချင် တော့တဲ့မျက်နှာတွေကိုတွေ့မြင်နေရတာ ထက်ကိုယ်နဲ့မသိသေးတဲ့အသစ်တစ်ယောက် ကိုဆက်ဆံရတာကမှ ပိုကောင်းဦးမယ် ဆိုတဲ့အတွေးတွေနဲ့ လက်ရှိပစ္စုပ္ပန်ကို အလျင်စလိုဆုံးဖြတ်တတ်ကြပါတယ်။ဒါဟာ မှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလျင်စလိုဆုံးဖြတ်လိုက်တဲ့ကိစ္စရပ်တွေ ဟာရာနှုန်းပြည့်မှန်ကန်မှုကိုမရရှိနိုင်ပါဘူး။
    ဒီလိုမျိုး လက်ရှိအလုပ်ကနေ မပျော် ပိုက်တော့ဘူးဆိုတဲ့အချိန်မှာမိမိရဲ့စွမ်းအား တွေ၊ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းတွေ၊ မိမိရဲ့ ပေးဆပ်မှုတွေက ဟိုးအရင်အတိတ်တုန်း ကလိုပမာဏထက်လျော့နည်းမသွားစေဖို့ ကိုလည်းသတိပြုသင့်ပါတယ်။ ဒါတွေက တကယ်လို့များ သင်အလုပ်ကထွက်ခွာ သွားတယ်ဆိုရင်တောင် ကုမ္ပဏီမှာကျန်နေ ခဲ့မယ့်သင့်ရဲ့ပုံရိပ်တွေကိုထိခိုက်စေပါတယ်။ စိတ်ရှုပ်လို့၊ စိတ်မပါတော့လို့ ဘေးထွက် ထိုင် နေလိုက်ရင်ကျရှုံးမှုကပိုမိုကြီးမားပါ တယ်။
    ဒါကြောင့် လက်ရှိအလုပ်မှာလုပ်နေ ရတာ သင့်ကိုယ်သင်မုန်းတီးနေမိပြီဆိုရင် ပြဿနာရပ်တွေကို သိမ်မွေ့စွာသွေးအေး စွာအဖြေရှာဖို့လိုပါလိမ့်မယ်။ အဓိကရှာဖွေ ရမှာကအလုပ်ထဲမှာနေရတာစိတ်ပျက် နေမိတဲ့ဒီလိုစိတ်တွေ သင့်ဆီမှာဘယ်တုန်း ကများ ဘယ်ကိစ္စကြောင့်များ မွေးဖွားလာ
ခဲ့ရသလဲဆိုတာကိုဖြစ်ပါတယ်။ တကယ်လို့ များ အလုပ်ကထွက်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါအချက်တွေနဲ့အရင်ဆုံး ချိန်ထိုးချင့်ချိန်ပြီးမှ ဆုံးဖြတ်ကြဖို့ကိုလည်း အကြံပြုလိုပါတယ်။
(၂) လက်ရှိအလုပ်နဲ့ အခွင့်အလမ်းသစ် ကိုနှိုင်းယှဉ်သုံးသပ်ပါ
    တချို့ကတော့ ဒွိဟသမားတွေလို့ ပြောချင်ပြောကြပါလိမ့်မယ်။ အကြောင်း အရာတစ်ခုခုကိုရင်ဆိုင်ဖို့အတွက် တွေဝေ ငေးမောလွန်းသူတွေလို့လည်းအပြစ်တင် ချင်တင်ကြပါလိမ့်မယ်။ ဒါပေမဲ့ သေချင်တဲ့ ကျားတောပြောင်းသလိုမဖြစ်ဖို့အတွက် တော့ အရာရာကိုမလုပ်ခင်ချင့်ချိန်ဖို့တော့ လိုပါတယ်။
    အခွင့်အလမ်းအသစ်တွေကို ရင်ဆိုင် စိန်ခေါ်ဖို့တွေဝေနေတတ်တဲ့အကြောင်း ပြချက်တချို့လည်းရှိပါတယ်။ တချို့က တော့အသက်အရွယ်အခြေအနေကြောင့် အခွင့်အလမ်းသစ်တွေကိုထပ်မံရှာဖွေလို စိတ်မရှိတော့ဘဲမပျော်လည်းလက်ရှိအလုပ် မှာသာကြိတ်မှိတ်ခံစားရင်းဖြတ်သန်း ကုန်ဆုံးကြပါတယ်။ တချို့ကတော့ လုပ်သက်တွေကြာလာပြီ ဖြစ်လို့၊ တချို့ကျ ပြန်တော့ ကုမ္ပဏီရဲ့မက်လုံးလှလှလေး တွေကြားထဲမှာမျှော်လင့်ချက်တွေနဲ့ နစ် မြောနေတတ်ကြလို့ အသစ်ကိုမလှမ်းရဲ တတ်ကြပါဘူး။ တချို့ကျတော့အသစ် ပြောင်းလို့ဒီထက်ပိုဆိုးရင်ဒုက္ခဆိုပြီးမမြင်ရ သေး တာကိုတွေးကြောက် နေတတ်ကြပါ တယ်။ အနှစ်ချုပ်ပြောရရင် ဒီလိုလူတွေ ဟာသူတို့ရင်ထဲကခံစားချက်တွေကို ကြိတ်မှိတ်မြိုသိပ်ပြီးဟန်ဆောင်အပြုံးတွေ၊ ဟန်ဆောင်စကားလုံးတွေနဲ့ အငိုနှလုံးသား အပြုံးမျက်နှာလုပ်နေကြရသူတွေပဲဖြစ် ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီးအဓိက လုပ်သင့် တာကတော့အခွင့်အလမ်းသစ်ဟာလက်ရှိ အလုပ်ထက်လစာ၊ အချိန်ပိုကြေး၊  အလုပ် ပိတ်ရက်၊ နှစ်စဉ်အပိုဆုပေးတာ စတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့်ခေငူငအငနျ တွေမှာ ဘယ်နေရာသာသလဲဆိုတာကို ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ တစ်ခုခုသာလို့ စိတ်ဝင်စား တယ်ဆိုတာဖြစ်သင့်ပေမဲ့ လက်ရှိအလုပ် လိုဒုံရင်းပဲဆိုရင်တော့အကူးအပြောင်းအတွက် မစဉ်းစားသင့်ပါဘူး။
(၃) ငွေရေးကြေးရေးဆိုင်ရာနဲ့ပတ်သက် ပြီးစဉ်းစားပါ
    ယနေ့ခေတ်မှာဘယ်အရာမှ အလကားမရပါဘူး။ နေဖို့ ၊ စားဖို့၊ ဝတ်ဖို့  သွားလာဖို့ စတဲ့လူမှုကိစ္စအဝ၀မှာ အရာရာ ကိုငွေနဲ့ပဲစခန်းသွားကြရပါတယ်။ဒါကြောင့် မသေချာပဲနဲ့ လက်ရှိအလုပ်ကိုစွန့်ခွာဖို့ လက်တွန့်တတ်ကြပါတယ်။ လက်ရှိအလုပ် ကနေစွန့်ခွာနုတ်ထွက်ပြီးရင် နောက် အလုပ်သစ်တစ်ခုကချက်ချင်းရဖို့အရေး ကြီးပါတယ်။ ဒီအချက်ကြောင့်ပဲတချို့တွေ ဟာမပျော်တဲ့အလုပ်မှာ မျက်စိမှိတ်မသိချင်
ယောင်ဆောင်ပြီးလုပ်နေကြတာဖြစ်ပါ တယ်။
    နောက်အလုပ်ချိတ်ထားလို့ စကား စမြည်ပြောထားပြီးသေချာတယ်ဆိုရင် တောင်မှ စိတ်ချလက်ချနဲ့လက်ရှိအလုပ်
ကနေထွက်ခွာဖို့မကြိုးစားသင့်ပါဘူး။ကျနော့်သူငယ်ချင်းတစ်ယောက်ဟာ လက်ရှိအလုပ်ထက်လစာပိုများတဲ့အလုပ် တစ်ခုနဲ့ချိတ်ဆက်စကားပြောမိပါတယ်။လူတွေ့စကားပြောအပြီးမှာလည်းနှစ်ဦး နှစ်ဖက်သဘောတူညီမှုတွေက ရာခိုင်နှုန်း ရှစ်ဆယ်လောက်သေချာနေခဲ့ပါတယ်။ ဒါပေမဲ့ သူလည်းအလုပ်ကထွက်ပြီးရော တစ်ဖက်အလုပ်ကသူ့ကိုမခေါ်ဖြစ်တော့တဲ့ အကြောင်း ခညေခနူ လှမ်းလုပ်ပါတယ်။ ဒီလိုနဲ့သူ့မှာတစ်လလောက်အလုပ်လက်မဲ့ ဖြစ်သွားရပါတယ်။
    ကျနော်လည်း လုပ်ငန်းခွင်စဝင်ကာစ တုန်းကအလားတူဖြစ်ရပ်မျိုးကြုံခဲ့ဖူး ပါတယ်။လက်ရှိအလုပ်မှာမပျော်တော့လို့
နောက်ထပ်အလုပ်သစ်လျှောက်တဲ့အခါ လစာကအစ အလုပ်ဝင်ဖို့ရက်ကအစ အဆင်ပြေစွာညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအလုပ်ကနေထွက်လိုက် တော့လို့တောင် အလုပ်ရှင်ကိုယ်တိုင်ပြော ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ကျနော်လည်း အလုပ်ကနေ ထွက်စာတင်ခဲ့ပါတယ်။ထွက်စာတင်ပြီးမကြာခင်မှာတင် ကျနော့် ကိုခေါ်တော့မလိုမခေါ်တော့မလိုနဲ့အလုပ် ရှင်ရဲ့စကားတွေကမရေမရာဖြစ်ဖြစ်လာပါ
တယ်။ နောက်ဆုံးမှာတော့ ကံတရားရဲ့ ဖေးမမှုကြောင့် အဆင်ပြေခဲ့ရပါတယ်။
    ဒီနေရာမှာခေါင်းစဉ်နဲ့မဆိုင်ဘူး ဆိုပေမဲ့ ကြုံကြိုက်လို့အကြံပြုလိုက် ပါရစေ။ လုပ်ငန်းရှင်ဘက်က အင်တာဗျူးသူ
တွေအနေနဲ့ အလုပ်လာလျှောက်တဲ့သူရဲ့ ဘဝကိုစာနာတတ်တဲ့မျက်လုံးတွေနဲ့ကြည့် ပေးစေလိုပါတယ်။ ကတိတွေလွယ်လွယ် မပေးစေချင်ပါဘူး။ ကိုယ်ကဆောရီး တစ်ခွန်းနဲ့ပြီးလို့ရပေမဲ့နောက်ဆက်တွဲမှာ တစ်ဖက်လူရဲ့ဘဝဘာတွေနစ်နာ စေနိုင် မလဲဆိုတာသတိချပ်စေချင်ပါတယ်။အထက်ကပြောခဲ့သလိုအလုပ်ပြောင်းတဲ့သူ တွေအတွက်ဆိုပိုလို့ဒုက္ခရောက်စေပါတယ်။
    ဒါ့အပြင်လက်ရှိအလုပ်မှာမပျော် တော့တဲ့သူတွေအနေနဲ့လည်းအလျင်စလို ဆုံးဖြတ်မှုတွေနဲ့ မပိုင်ဘဲခြင်မရိုက်ကြဖို့ အကြံပြုလိုက်ပါတယ်။
(၄) လက်ရှိအလုပ်အကိုင်ဈေးကွက်နဲ့ မျက်ခြည်မပြတ်ပါစေနဲ့
    အလုပ်မှာမပျော်တော့ဘူးဆိုပေမဲ့ ငါတော့ဘယ်နေရာသွားလုပ်လုပ် အလုပ် မရှားပါဘူး။ ဒီလောက်လစာကတော့ အသာလေးရနိုင်ပါတယ်ဆိုပြီး လွယ်လွယ် မဆုံးဖြတ်လိုက်ပါနဲ့။ အလုပ်အကိုင် ဈေးကွက်ဆိုတာ တစ်သမတ်တည်းရှိမနေ တတ်ပါဘူး။ အလုပ်ခေါ်ယူမှုနှုန်းမြင့် တက်ချိန်တွေရှိနိုင်သလိုအလုပ်ခေါ်ယူမှု အေးစက်နေတတ်တဲ့ကာလတွေလည်းရှိ တတ်ပါတယ်။ ဒါ့အပြင်လတ်တလော ပေါ်ပြူလာဖြစ်နေတဲ့အလုပ်တွေကိုလည်း လေ့လာထားသင့်ပါတယ်။
    အလုပ်တိုင်း နယ်ပယ်တိုင်း နေရာ တိုင်းမှာတော့ လွယ်ကူစွာဖြတ်ကျော်နေ ကြရတယ်လို့မရှိပါဘူး။ အားလုံး သူ့အခက် အခဲနဲ့သူရှိနေတတ်ကြပါတယ်။ ဒါကိုတော့ နားလည်သဘောပေါက်ထားစေချင်ပါ တယ်။ ဒီလိုနားလည်လာတဲ့တစ်နေ့ ]ပျော် ရာမနေရတော်ရာနေရ} ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို သင်နက်ရှိုင်းစွာနားလည် သဘောပေါက်လာမှာ အသေအချာပဲဖြစ် ပါတယ်။
    အခုဆက်လက်ပြီး လက်ရှိအလုပ်မှာ မပျော်တော့တဲ့အခါအရင်ဆုံးတွေးတော စဉ်းစားသင့်တဲ့အချက်တွေကိုပြောပြပြီးတဲ့ နောက်ဘာတွေဘယ်လိုဆက်လုပ်သင့် သလဲဆိုတာကိုလည်းဆက်လက်တင်ပြ ပေးလိုက်ပါတယ်။
    အထက်ပါအကြောင်းတရား တချို့နဲ့ ချိန်ထိုးစဉ်းစားကြည့်လိုက်တဲ့အခါ နောက် ထပ် အခွင့်အလမ်းသစ်တွေဆီသွားရောက် ဖို့စိတ်ကစားမိတဲ့စိတ်ကူးတွေဟာ အနည်းငယ်တော့ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်ပါတယ်။ လက်ရှိအလုပ် အပေါ်မုန်းတီးမှုတွေက အရင်လိုမျိုး ပြင်းပြင်းထန်ထန်မရှိတော့ဘဲလျော့ကျ လာတာကိုလည်း သတိပြုမိပါလိမ့်မယ်။ ဒါပေမဲ့ တွေဝေငေးမော နေမိတဲ့စိတ်တွေ ကတော့အရင်အတိုင်းပြောင်းလဲမသွားသေး ပဲရှိနေပါလိမ့်မယ်။ ဒီတော့ဒီတွေဝေစိတ် တွေကိုမောင်းထုတ်ပြီး တည်ငြိမ်မှုတွေနဲ့ သင့်စိတ်ဓာတ်ကိုပြန်လည်တည်ဆောက် ယူဖို့ လုပ်ဆောင်ရပါမယ်။ မကြည်လင်တဲ့ စိတ်တွေအတွက် အနည်ထိုင်ဖို့ခက်ခဲနေ တယ်ဆိုရင် ခွင့်ယူချင်ယူလိုက်ပါ။ ဒီကိစ္စက ဘဝနဲ့ချီအောင်အရေးပါတာဖြစ်ပြီး စာမေးပွဲခန်းထဲမှာရင်ဆိုင်ရသလိုမျိုး စိတ်ထဲထည့်ထားဖို့လိုပါတယ်။
    တစ်ခါတလေမှာ မိမိရဲ့အိမ်တွင်းရေး ကိစ္စကြောင့်ဖြစ်စေပုဂ္ဂလိကဆိုင်ရာအဆင် မပြေတချို့ကြောင့်ဖြစ်စေသင့်ရဲ့စိတ်တွေ ညစ်ညူးနေတတ်ပါတယ်။ ဒီလိုခံစားချက် တွေကိုအလုပ်ထဲယူလာတဲ့အခါအလုပ်ထဲမှာ မြင်တွေ့ကြားသိရသမျှအရာရာဟာသင့် အတွက်တော့ ကောင်းသောမျက်စိနဲ့မမြင် နိုင်တော့ဘဲ ကိုးလိုးကန့်လန့် စိတ်တိုင်းမကျ စရာတွေချည်းဖြစ်နေပါတော့တယ်။ဒါကလည်း မီးပဲဖြစ်ပါတယ်။ မလောင်ခင် ကြိုတားဖို့ ဆင်ခြင်စေချင်ပါတယ်။
    နောက်တစ်ချက်ကတော့ လုပ်ငန်း ခွင် အသိုင်းအဝိုင်းထဲကိုကြည့်ရမှာပဲဖြစ်ပါ တယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေထဲမှာ မနာလိုစိတ်ရှိတဲ့သူ၊ တိုက်ခိုက်ဖို့ ချောင်း မြောင်းနေကြသူတွေရှိနေသလား။ ဒီလို လူစားမျိုးတွေနဲ့ရင်ဆိုင်ရာမှာတော့ သတိ ကြီးကြီးထားဖို့လိုပါလိမ့်မယ်။ လစ်တာနဲ့ ခံရမှာပါပဲ။ ဒီလိုအခြေအနေမျိုးမှာတိုက် ခိုက်ခံရလို့ဆိုပြီးအားတွေဆုတ်ယုတ် မသွားဖို့အရေးကြီးပါတယ်။ ဘယ်လို သတ္တဝါပဲဖြစ်ဖြစ် အလွယ်တကူနဲ့တော့ မိမိ အသက်ကို အလွယ်တကူစတေးမခံကြပဲ တတ်စွမ်းသလောက် ပြန်လည်ခုခံတိုက် ခိုက်ကြပါတယ်။ ဒါကို သင့်အနေနဲ့နှလုံးမူ ပြီးမိမိရဲ့စွမ်းအားတွေကို အစွမ်းကုန်ထုတ် ပြဖို့လိုပါတယ်။ အရင်ကထက်ပိုမို ကြိုးစား ဖို့လိုပါတယ်။ ယှဉ်ပြိုင်ရင်ဆိုင် နိုင်စွမ်းရှိရ ပါမယ်။အစမ်းသပ်ခံနိုင်စွမ်းရှိရပါမယ်။ကိစ္စရပ်တွေရဲ့အတိမ်အနက်ကိုကြိုမြင် နိုင်စွမ်းရှိရပါမယ်။ ဒါကြောင့်အလွယ်တကူ အလျော့မပေးပါနဲ့။ ခေါင်းငုံ့မခံပါနဲ့လို့မှာ ချင်ပါတယ်။ ဒါပေမဲ့သင့်ဖက်ကမှန်ကန်နေ ဖို့တော့လိုပါလိမ့်မယ်။
    ဒါ့အပြင် အလုပ်ထဲမှာ ခေါင်းရှောင် တတ်တဲ့ခေါင်းဆောင်တွေနဲ့လည်းကြုံ ကြိုက်ရနိုင်ပါတယ်။ သူတို့တွေဟာ တာဝန်
ယူရမယ့်ကိစ္စဆိုရင် ဘော်လီဘောပုတ် ထုတ်တတ်ပြီး မျက်နှာကောင်းရမယ့်ကိစ္စ ဆိုရင်တော့မျက်နှာမှာအပြုံးတွေရွှဲနေ အောင်ဆမ်းထားပါတယ်။ဒါပေမဲ့ တချို့ကျ
တော့ ဟန်ဆောင်တတ်ကြပါတယ်။ တချို့ ကတော့ကိုယ်ပြောတဲ့စကားကိုယ်တာဝန် မယူချင်ကြပါဘူး။ တချို့ကျတော့လို တစ်မျိုးမလိုတစ်မျိုးဆက်ဆံတတ်ပါတယ်။ခေါင်းဆောင်မစစ်တဲ့ခေါင်းရှောင်တွေရဲ့ အကြောင်းပြောရရင် ပြောလို့မကုန်နိုင် အောင်ခံစားချက်တွေကျနော့်ရင်ထဲမှာအပြည့် ရှိပါတယ်။ ဆက်ပြောရင်လိုရင်းရောက် တော့မှာမဟုတ်လို့အခုလောက်နဲ့ပဲရပ်ထား လိုက်ပါတယ်။ ဒီလိုခေါင်းဆောင်တွေနဲ့ လက်တွဲ အလုပ်လုပ်ရတယ်ဆိုရင် သင့်
အနေနဲ့မှတ်စုရေးတတ်တဲ့ အကျင့်မလုပ်လို့ တော့မဖြစ်ပါဘူး။ သူတို့ဘယ်နေ့ဘယ် အချိန် ဘယ်နေရာမှာ ဘယ်သူတွေရှိ နေတုန်းကဘယ်လိုညွှန်ကြားချက် တွေပေးခဲ့တယ်။ ဘာတွေလုပ်ခိုင်းထား တယ်ဆိုတာမျိုးကို မှတ်စုထဲမှာအတိအကျ ရေးမှတ်ထားသင့်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ကိစ္စတွေဆိုရင်တော့ သင့်ကို ညွှန်ကြားခိုင်းစေတဲ့ခေါင်းဆောင်ရဲ့ လက်မှတ်ကိုပါ ယူထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့သူတို့ရဲ့တံတွေး ခွက်ထဲမှာ သင့်အနေနဲ့သင်ခန်းစာတွေ ကောင်းကောင်းကြီးခံစားလိုက်ရနိုင်ပါတယ်။
    နောက်တစ်ချက်အနေနဲ့သင့် အတွက် အနှောင့်အယှက်ဖြစ်နေစေတဲ့ ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်းတွေများရှိနေ သလား။ ဒါမှမဟုတ် သင်အလုပ်ဝင်ပြီး ကာမှ ပြန်လည်ပြင်ဆင်တာပဲဖြစ်ဖြစ် ထပ်မံဖြည့်စွက်အသစ်ရေးဆွဲတာပဲဖြစ်ဖြစ် ပြုလုပ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေထဲက
ဘယ်အချက်တွေကများ သင့်ကိုနစ်နာစေ သလဲစသဖြင့်ဒီအချက်တွေကိုလည်းစဉ်းစား ရပါလိမ့်မယ်။ မိမိရဲ့ခံစားချက်နဲ့တူညီတဲ့ ခံစားမှုတွေ သင့်လုပ်ဖော်ကိုင်ဖက်တွေဆီ မှာလည်းခံစားနေရတယ်ဆိုရင်သင့်အနေ နဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့တာဝန် ရှိသူတွေထံ တင်ပြညှိနှိုင်းတောင်းဆိုတာ မျိုးတွေလည်းလုပ်သင့်ပါတယ်။ ဒါမှသင် တို့ဟာသဘောတရားကိုနားလည်သူတွေ မှန်းသက်ဆိုင်ရာအကြီးအကဲတွေသဘော ပေါက်နားလည်သွားမှာဖြစ်ပါတယ်။ တင်ပြ တောင်းဆိုတာတွေမလုပ်ရင်တော့ ကုမ္ပဏီဖက်ကမသိလိုက်မသိဘာသာနေ မှာပဲဖြစ်ပါတယ်။ ရသလောက်တော့ သူတို့မှေးထားပါလိမ့်မယ်။
    သင့်သူဌေးနဲ့ပတ်သက်ပြီး သင့်စိတ်ထဲ မှာဘယ်လိုခံစားချက်တွေရှိနေသလဲ။ဇီဇာကြောင်လွန်းတာလား။ အပြစ်တွေကို ပုံကြီးချဲ့ကားလွန်းတာလား။ ဒါကိုလည်း စဉ်းစားရမယ့်အချက်ထဲမှာထည့်သွင်းထား ဖို့လိုပါလိမ့်မယ်။
    ဖြစ်နိုင်ခြေတွေအကုန်လုံးစဉ်းစား ပြီးရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဒါမှမဟုတ်ဒါရိုက်တာသူဌေးတွေဆီသင့်ရဲ့ ခံစားချက်တွေကိုတင်ပြတာမျိုးလုပ်သင့်ပါ တယ်။ ကြိတ်မှိတ်မျိုသိပ်ထားတာထက် တစ်စုံတစ်ယောက်ကိုဖွင့်အန်ချလိုက်တာက ပိုပြီးအန္တရာယ်ကင်းဘေးရှင်းစေပါတယ်။ဒီလိုတင်ပြဆွေးနွေးခြင်းဖြင့် ပြဿနာရဲ့ အစိတ်အပိုင်းတွေ၊ နောက်ပြီးအဲဒီပြဿနာ ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေကို ကုမ္ပဏီ အနေနဲ့ ရှာဖွေသုံးသပ်နိုင်မှာဖြစ်ပါတယ်။
အခုဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ ထပ်မံလုပ်ဆောင်စရာ တွေကိုလည်း အခုလိုပဲဆက်လက်တင်ပြပေးလိုက်ပါတယ်။
- သင့်စိတ်ခံစားချက်တွေကို အလုပ်နဲ့ မရောထွေးပစ်ပါနဲ့။ လုပ်စရာရှိတာကိုသာ အကောင်းဆုံးဆက်လုပ်ပါလေ။ သင် ထွက်ခွာ သွားတဲ့အချိန်မှာလည်းသင့်ပုံရိပ် တွေတောက်ပစွာကျန်နေခဲ့ပါစေ။
-သင့်ခံစားချက်တွေပြင်းထန်လာတာနဲ့ အမျှကုမ္ပဏီအပေါ် အဆိုးမြင်စိတ်တွေတိုး လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစိတ်တွေကို သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီပျံ့နှံ့ကူးစက် စေတာမျိုးတွေမလုပ်ပါနဲ့။
- ခံစားချက်တွေကို အကောင်းဆုံးလုပ်ပြ ခြင်းဖြင့်သာသက်သေထူပါ။ အရွဲ့တိုက်ခြင်း ဖြင့်သင့်ပုံရိပ်တွေကိုမထိခိုက်ပါစေနဲ့။
- စိတ်ညစ်လွန်းလို့ မခံစားနိုင်တော့လို့ အပြောင်းအလဲကတိတွေကိုမစောင့်နိုင်တော့ လို့ဆိုပြီး အလုပ်ကနေ တိတ်တဆိတ်ထွက် ခွာလာတာမျိုး မလုပ်ပါနဲ့။ဒီလိုလုပ်တာက သင့်ပုံရိပ်ကိုအကြီးအကျယ်ကျဆင်းစေပါ တယ်။
    အခုတင်ပြပေးခဲ့တာတွေကတော့ လက်ရှိအလုပ်ထဲကဘဝကိုမုန်းတီးနာကျင်နေ မိတဲ့အခါ ဘာတွေစဉ်းစားဖို့လိုမလဲ။ ဘာတွေလုပ်သင့်သလဲ စတဲ့အကြံပြုချက် တချို့ပဲဖြစ်ပါတယ်။ ကျနော်မကြာခဏ ပြောခဲ့သလိုပဲ ဘယ်အရာကိုပဲကြည့်ကြည့် မျက်စိတစ်ဆုံးကြည့်ဖို့၊ မျက်တောင်တစ်ဆုံး
သာမကြည့်ဖို့ ထပ်မံအကြံပြုလိုက်ပါတယ်။ဒီလိုအခြေအနေတွေမှာ သင့်ကိုယ်သင် မညာဖို့၊ အမှန်ကိုအမှန်အတိုင်းသုံးသပ် စဉ်းစားနိုင်ဖို့လည်းလွန်စွာအရေးကြီးလှပါ တယ်။
    ကျနော်တို့ရှင်သန်ရပ်တည်ရာ လုပ်ငန်းနယ်ပယ်ဆိုတာအမြင်ကျယ် သလောက်အသိုက်အဝန်းကတော့ ကျဉ်း ကျဉ်းလေးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လက်တွဲလုပ်ခဲ့ဖူးတဲ့သူတွေနဲ့ နောင်တစ်ချိန် တခြားတစ်နေရာမှာ ပုံစံတစ်မျိုးမျိုးနဲ့ပြန် တွေ့ကောင်းတွေ့ရနိုင်ပါတယ်။ အဲဒီ အချိန်မှာကျနော်တို့ဘက်ကမျက်လွှာချ ထားတာတို့မျက်နှာလွှဲထားလိုက်ရတာတို့ မသိချင်ယောင်ဆောင်ထားရတာတို့ လုပ်စရာမလိုဘဲရင်ကော့ခေါင်းမော့ပြီး ပြုံးပြနှုတ်ဆက်နိုင်ဖို့လိုပါတယ်။ ကိုယ်ရေး တဲ့သမိုင်းစာမျက်နှာတွေထဲမှာမရိုင်းခဲ့ဖို့ တော့လိုမယ်မဟုတ်ပါလား။


ရာသက်ပန် (သစ္စာပန်းတို့လန်းရာမြေ)

Previous Next