25 Jan, 2019
လက်အောက်ငယ်သားတွေချစ်တဲ့ခေါင်းဆောင်

    လက်အောက်ငယ်သားတွေအနေနဲ့ အထက်လူကြီးရဲ့အစီအမံ၊ အဆုံးအဖြတ် တွေကိုဆင်ခြေတက်စရာ၊ ငြိုငြင်စရာ ကိစ္စ မျိုးနည်းပါးတယ်ဆိုရင် အဲဒီအထက်လူ ကြီးဟာသမာသမတ်ကျတဲ့သူ၊ လက် အောက်ငယ်သားတွေချစ်မြတ်နိုးတဲ့သူရယ် လို့ ယေဘုယျမှတ်ချက်ချနိုင်ပါတယ်။ဝက်ဘ်ဆိုဒ်တစ်ခုမှာဖတ်လိုက်ရတဲ့သ တင်းတစ်ပုဒ်ကတော့ မန်နေဂျာတွေဟာ မိမိကိုယ်မိမိ မှန်ကဲ့သို့ကျင့်ကြံနေထိုင်သင့် တယ်လို့ပြောပါတယ်။ မှန်မှာပေါ်တဲ့ရုပ်ပုံ ဟာ မိမိလက်အောက်ငယ်သားတွေရဲ့ရုပ်ပုံ ဖြစ်ပြီး မိမိပြသတဲ့အမူအရာအလျောက် မှန်ထဲကရုပ်ပုံတွေမှာတွေ့မြင်ရလိမ့်မယ်လို့ ဆိုပါတယ်။
   လုပ်ငန်းခွင်ဆိုတာဘဝရဲ့အစိတ် အပိုင်းတစ်ခုဖြစ်တာမို့ခက်ခဲကြမ်းတမ်းမှု တွေလည်း ရှိနေတတ်ပါတယ်။ စိတ်ရော ကိုယ်ပါပေးဆပ်ပြီးနှစ်မြှုပ်ထားရတဲ့     လုပ်ငန်းခွင်မှာ မိုးသက်မုန်တိုင်းတွေမထန် ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ လုပ်ငန်းခွင်ထဲကကောင်းခြင်း၊ ဆိုးခြင်း၊ ပျော်ရွှင်ခြင်း၊  စိတ်အာရုံရှုပ်ထွေးညစ်ညူး ရခြင်းတွေဟာအထက်လူကြီးဖြစ်တဲ့ မိမိ ဆီကနေသာ စတင်လေ့ရှိတယ်ဆိုတာကို တော့သတိချပ်ကြရမှာပါ။
   မှန်ကြည့်လိုက်တိုင်းမှန်ထဲမှာမြင် တွေ့ရမယ့်အမူအရာတွေကခက်ထန်ကြမ်း တမ်းမနေစေဖို့အတွက်မိမိကိုယ်ကိုပဲ စတင် ပြောင်းလဲကြည့်ရအောင်ပါ။ ဒီအတွက် ဘယ်လိုအရာတွေကိုလိုက်နာဖို့လိုမလဲ ဆိုတာကို ဒီဆောင်းပါးမှာဆွေးနွေးတင်ပြ ပေးသွားချင်ပါတယ်။
(၁) အချင်းချင်းအမြင်တွေဆွေးနွေး ဖလှယ်နိုင်ဖို့စီစဉ်ပေးပါ
  လုပ်ငန်းခွင်နေ့တစ်နေ့ရဲ့အချိန်တွေ    ကိုလေပြည်လေညင်းလေးတွေနဲ့ ပျော်ရွှင်  ကြည်နူးဖွယ်ရာကုန်ဆုံးစေဖို့အတွက် လက်အောက်ငယ်သားတွေအချင်းချင်း နားလည်မှုရှိရှိနဲ့ပူးပေါင်းဆောင်ရွက်ပြီး အလုပ်လုပ်ကြဖို့လိုပါတယ်။ တစ်ယောက် နဲ့တစ်ယောက်အငြင်းအခုံဖြစ်နေတာ၊ ကပ်သတ်နေတာထက်တစ်ယောက်ရဲ့လို အပ်ချက်ကိုအခြားသူကဝင်ဖြည့်ပေးပြီး ညှိနှိုင်းဆောင်ရွက်ကြဖို့ အရေးကြီးပါ တယ်။ ခေါင်းဆောင်ဖြစ်တဲ့သင့်အနေနဲ့ ဒီအချက်ကို လက်အောက်ငယ်သားတွေရဲ့ ရင်ထဲရောက်ရှိသွားအောင်ပုံဖော်ပေး ဖို့လိုပါတယ်။
   နေ့စဉ်အလုပ်ချိန်တွေထဲကနေနာရီ ဝက်လောက်၊ တစ်နာရီလောက်ဖဲ့ထုတ်ပြီး အကြောင်းအရာတစ်ခုကိုဆွေးနွေးတာ မျိုးတွေလုပ်သင့်ပါတယ်။ ဒီလိုဆွေးနွေး ရာမှာ လက်အောက်ငယ်သားတွေကိုသင့် တော်ရာရွေးချယ်ပေးပြီးအုပ်စုလေးတွေဖွဲ့ ပေးကာဆွေးနွေးတင်ပြစေတာမျိုးတွေ လုပ်ဆောင်စေရမှာဖြစ်ပါတယ်။
     ဒီလိုဆွေးနွေးပွဲလေးတွေကနေအချင်း ချင်းအမြင်တွေကိုဖလှယ်နိုင်ရုံမကအ  သင်းအဖွဲ့စိတ်ဓာတ်တွေကိုရိုက်သွင်းပေး ပြီးသားလည်းဖြစ်လာစေပါတယ်။ ဒါ့အ ပြင်ဘာမှဝင်ရောက်မဆွေးနွေးဘဲနေရင် သိမ်ငယ်ရတာမို့ငါတို့လေ့လာမယ်။ ဒီ ထက်ပိုပြီးကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်တွေ လည်းဝင်လာစေမှာဖြစ်ပြီး ဒါက လက်အောက်ငယ်သားတွေရဲ့အရည် အသွေးကိုပိုမိုတိုးတက်မြင့်မားလာစေမှာ ဖြစ်ပါတယ်။
(၂) ဇီဇာမကြောင်ပါနဲ့
      ဇီဇာကြောင်တဲ့သူကိုဘယ်သူမှအမြင် ကြည်မှာမဟုတ်ပါဘူး။ တကယ်ပြည့်ဝတဲ့ ခေါင်းဆောင်ဆိုတာက အလုပ်တာဝန် တွေကိုလက်အောက်ငယ်သားတွေရဲ့ပခုံး ပေါ်လွှဲပြောင်းတင်ပေးပြီးလိုအပ်တာတွေ ကိုအကြံပေးပြောကြားတာ၊ လွဲချော်နေ ရင်ပြန်လည်တည့်မတ်ပေးတာတွေကို   သာလုပ်ဆောင်ကြပါတယ်။ ဒါပေမဲ့ဇီဇာ ကြောင်တဲ့သူကတော့လုပ်သမျှကိုအပြစ် တင်တဲ့လေသံနဲ့အရင်စတင်လာပြီးအသေး အဖွဲတွေကိုချဲ့ကားကာတစ်ဆိတ်ကိုတစ် အိတ်လုပ်နေတတ်ပါတယ်။ ဆရာလုပ်ချင် တာကများနေတတ်ပြီး ဒါကလမ်းကြောင်း မှန်ပေါ်ပြန်တည့်မတ်ပေးတာနဲ့ဆင်တူ သလိုရှိပေမဲ့ကွဲပြားပါတယ်။
   ဇီဇာမကြောင်တဲ့သူဆိုတာလက် အောက်ငယ်သားတွေရဲ့လုပ်ပိုင်ခွင့်ကိုချုပ် ချယ်မထားဘဲလိုအပ်မှသာပါဝင်ပတ်သက်
တာဖြစ်ပါတယ်။ တစ်နည်းပြောရရင်လက် အောက်ငယ်သားတွေကိုလုပ်နိုင်သ လောက်လုပ်ဖို့လမ်းဖွင့်ပေးထားတာဖြစ်ပြီး သူတို့ဘယ်လောက်လုပ်နိုင်လဲဆိုတာကို ပြသဖို့ အတွက်အခွင့်အရေးပေးထားတာ မျိုးလည်းဖြစ်ပါတယ်။ ဒါပေမဲ့အမြဲ မပြတ် စောင့်ကြည့်အကဲခတ်နေပြီး ပရမ်းပတာ ဆန်ဆန်လုပ်နေတာတွေ၊ ရေသာခိုနေတာ တွေကိုတော့ ဝေဖန်ဆုံးမမှုတွေလုပ်ပေးရ ပါတယ်။
(၃) ပြီးမှနှမ်းလာဖြူးတာမျိုးမလုပ်ပါနဲ့
   လုပ်ငန်းဆောင်ရွက်နေစဉ်ကာလ    အတွင်းမှာလိုအပ်တဲ့ပံ့ပိုးမှုတွေနဲ့လက်  အောက် ငယ်သားတွေအပေါ်အထောက် အကူဖြစ်စေရပါမယ်။ အချို့တွေကအ လုပ်စားပွဲမှာဟန်ကြီးတစ်ခွဲသားနဲ့ခပ် တည်တည်ထိုင်နေတတ်ပြီးအလုပ်ပြီးကာ နီးပြီဆိုမှနှမ်းလာဖြူးတတ်ကြပါတယ်။ ဒီလို အကျင့်စရိုက်မျိုးကို မပြောချင်လို့သာငြိမ် နေရင်နေမယ်၊ ဘယ်သူကမှ မနျစနခအ ရှိ ကြမှာမဟုတ်ပါဘူး။
    ခေါင်းဆောင်ဆိုတာအလုပ်စားပွဲ မှာထိုင်နေပြီးစီမံခန့်ခွဲမှုတစ်ခုတည်း လုပ်နေလို့မပြီးသေးပါဘူး။ လိုအပ်တဲ့အ ချိန်မှာ အဖွဲ့အစည်းရဲ့ရှေ့ကနေမားမား မတ်မတ်ရပ်တည်ပြီးလှုပ်ရှားကြရမှာဖြစ်ပါ တယ်။
(၄)တာဝန်ခံရမယ့်ကိစ္စတွေမှာရှောင်ထွက် မသွားပါနဲ့
   လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်က အထက်အကြီးအကဲတစ်ယောက်နဲ့ဆုံခဲ့ ဖူးပါတယ်။ သူဟာခေါင်းဆောင်ကောင်း ပီသစွာနဲ့ကျဉ်းထဲကျပ်ထဲရောက်တဲ့အချိန် တွေ၊ မျက်နှာနာရမယ့်ကိစ္စတွေ၊ ခေါင်း ရှုပ်စရာအခြေအနေတွေကြုံတွေ့လာရတဲ့ အခါ လက်အောက်ငယ်သားကိုထားခဲ့ပြီး ပါးနပ်စွာရှောင်ထွက်သွားလေ့ရှိတတ်ပါ တယ်။ လက်အောက်ငယ်သားက အဲဒီ ကာလတွေကို မိမိရဲ့ကိုယ်စွမ်းÓဏ်စွမ်းရှိ သလောက်လွန်မြောက်အောင်ကျော်ဖြတ် ကြရပါတယ်။ 
   အထက်လူကြီးဆိုတာဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေရဲ့ရှေ့မှာ မျက်နှာကောင်း ရရင်သူတို့ပဲရကြတာပါ။ ချီးမွမ်းခံရစရာ ကိစ္စဆိုရင်လည်းသူတို့နာမည်ကိုသာချီး ကျူးလေ့ရှိတာဖြစ်ပါတယ်။ ဒီလို အပေါင်း လက္ခဏာသင်္ကေတတွေမှာစီးမျောသာ ယာတတ်တယ်ဆိုရင်တာဝန်ယူမှု၊ တာဝန် ခံမှုအပိုင်းတွေမှာလည်းလက်အောက်ငယ် သားတွေရဲ့ရှေ့ကနေရှိနေပေးစေချင်ပါ တယ်။
(၅) မြေတောင်မြှောက်ပေးပါ
   အထက်လူကြီးတစ်ယောက်အနေ     နဲ့မိမိရဲ့လက်အောက်ငယ်သားတွေရဲ့အ ရည်အချင်းကို လေ့လာအကဲခတ်ပြီးအ စွမ်းအစရှိရင်ရှိသလို မြေတောင်မြှောက် ပေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။သူတို့လေးတွေတိုးတက်လာရင် တိုးတက် လာသလောက် မိမိအနေနဲ့ဝန်ထုပ်ဝန်ပိုး တွေလျော့ပါးလာနိုင်ပါတယ်။
   အချို့ခေါင်းဆောင်တွေကတော့ အစွမ်းအစရှိတဲ့လက်အောက်ငယ်သား တစ်ယောက်ကို ရွေးချယ်စင်တင်ပေးလိုက် ရင်သူတို့ထက်နေရာရပြီးရှေ့ရောက်သွား မှာကိုစိုးရွံ့နေတတ်ကြပါတယ်။
   ရှေးမြန်မာမင်းများလက်ထက်က  တည်းကအစွမ်းအစရှိတဲ့သူ၊ ထူးချွန်တဲ့သူ တွေဟာသက်ဆိုးရှည်ရိုးထုံးစံမရှိပါဘူး။
အကြီးအကဲတွေအနေနဲ့ သူတို့ရဲ့ထိုင်ခုံကို လုယူမှာစိုးရိမ်နေ တတ်တာကတစ်ကြောင်း၊ ဘေးပတ်ဝန်းကျင်မှာရှိတဲ့လုပ်ဖော်ကကိုင် ဖက်တွေရဲ့ ကုန်းချောခြင်းကိုခံရတာက တစ်ကြောင်းကြောင့် အစွမ်းအစရှိတဲ့သူ၊ ထူးချွန်တဲ့သူတွေဟာ အရွယ်ကောင်း အချိန်ကောင်းမှာပဲြွေကလွင့်ခဲ့ကြရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလူမျိုး တွေဟာဝန်တိုစိတ်၊ မိမိရဲ့နေရာပျောက်မှာ ကြောက်တဲ့ထိုင်ခုံလုနေတတ်တဲ့စိတ်တွေ သာ ကိန်းအောင်းနေတတ်ကြလို့ပါပဲ။ ဒီလိုနဲ့ပဲ ကျနော်တို့ဟာတခြားနိုင်ငံတွေရဲ့ အဝေးမှာတဖြည်းဖြည်းနဲ့ပြတ်ကျန်နေခဲ့ ပါတယ်။
(၆) လက်အောက်ငယ်သားတွေရဲ့တွေး ခေါ်မှုစွမ်းရည်ကိုမြှင့်တင်ပေးပါ
    မိမိရဲ့အဖွဲ့အစည်းထဲမှာရှိနေတဲ့လက် အောက်ငယ်သားတွေကိုအကြောင်း အရာတစ်ခုပေါ်မှာကိုယ်ပိုင်အတွေးအ မြင်တွေဖွံ့ဖြိုးလာအောင်သင်ကြားပြသ ပေးသင့်ပါတယ်။ ဒီအတွက် သူတို့ဘက်က မေးခွန်းထုတ်စာတွေ၊ ဘဝင်မကျစရာတွေ၊ သို့လောသို့လောဖြစ်နေတာတွေရှိလာ ခဲ့ရင် သင့်အနေနဲ့ဒါကိုစိတ်ရှည်ရှည်ထား ပြီးဖြေရှင်းပေးဖို့လိုပါတယ်။
     ဒီကနေတစ်ဆင့် မဟာဗျူဟာမြောက် တဲ့ လုပ်ငန်းလမ်းစဉ်တွေကိုတွေးခေါ်ချ မှတ်နိုင်ဖို့နီးစပ်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။
(၇) 1:1 Ratio  ကိုလိုက်နာပါ
       လက်အောက်ငယ်သားတွေရဲ့လုပ်ငန်း စွမ်းဆောင်မှုကြောင့်ရရှိလာတဲ့လုပ်ငန်း ပြီးမြောက်မှုကိုချင့်ချိန်သုံးသပ်ပါ။ မျှော် မှန်းထားသလောက်အကျိုးအမြတ်မရရှိ ခဲ့ဘူးဆိုရင်တော့ သူတို့ကိုအပြုသဘော ဆောင်တဲ့ feedback လေးတွေပေးပြီး တော့နှစ်သိမ့်တာမျိုးလောက်ပဲလုပ်နိုင် ပါတယ်။
    ဒါပေမဲ့မျှော်မှန်းထားတာထက်ပိုတဲ့ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ပုံရိပ်နဲ့ဆိုင်တဲ့ ကိစ္စမျိုးဆိုရင်တော့ အတိုင်းအတာတစ်ခု လောက်ချီးမြှင့်ပေးတာမျိုးတွေပြုလုပ်ပေး ပါ။ ဒါကို 1:1 Ratio  လို့ခေါ်ပါတယ်။လက်အောက်ငယ်သားတွေရဲ့ကြိုးစားအား ထုတ်မှုကြောင့်လုပ်ငန်းတစ်ကြိမ်ပြီးဆုံး တိုင်းအထက်လူကြီးကလည်း တစ်ကြိမ်  တုံ့ပြန်မှုပေးကာလက်အောက်ငယ်သား တွေကိုအမြဲစောင့်ကြည့်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။
   ဒီလိုပြုလုပ်ခြင်းဖြင့်လက်အောက် ငယ်သားတွေရဲ့စိတ်ထဲမှာ အထက်လူကြီး က ငါတို့ကိုလျစ်လျူရှုမထားဘူးဆိုတဲ့ စိတ်ကလေးဝင်ရောက်လာမှာဖြစ်ပြီး ငါတို့ စိန်ခေါ်မှုတွေနဲ့ အမြဲတမ်းလှုပ်ရှားနေမှဖြစ် မယ်ဆိုတဲ့အတွေးတွေဝင်ရောက်လာစေ နိုင်မှာဖြစ်ပါတယ်။
(၈) မိမိကိုယ်တိုင်လည်းစာဖတ်ပါ။ လက် အောက်ငယ်သားတွေကိုလည်း စာဖတ် ဖြစ်အောင်တိုက်တွန်းပါ
     စာဖတ်တယ်ဆိုတာ သင်ယူလေ့လာ ခြင်းတစ်မျိုးပါပဲ။ စာဖတ်ခြင်း၊ လေ့လာ သင်ယူခြင်းသာမရှိလျှင် မိမိရဲ့လုပ်ငန်း အစီအစဉ်တွေက ခေတ်နောက်ပြန်ဆွဲနေ မှာဖြစ်ပြီး အများနဲ့ယှဉ်ပြိုင်တဲ့အခါကျန် ရစ်နေခဲ့ပါလိမ့်မယ်။ ဒါကြောင့်မိမိရဲ့အ သက်မွေးဝမ်းကျောင်းပညာနဲ့ပတ်သက် ပြီးရေးသားထုတ်ဝေတဲ့စာအုပ်၊ စာစောင် တွေကို အပတ်စဉ်၊ လစဉ်ဖတ်ရှုပေးသင့်ပါ တယ်။
   မိမိရဲ့အသက်မွေးဝမ်းကျောင်းပညာ ရပ်နဲ့ပတ်သက်တဲ့လေ့လာမှုတွေကိုအကန့် အသတ်မထားပါနဲ့။ ဘယ်တော့မှမရပ်ပစ် လိုက်ပါနဲ့။ ဒီလေ့လာမှုတွေကသင့်ကို လက်တွေ့မှာ လုပ်ငန်းအပေါ်ဘယ်လို ချဉ်းကပ်ရမယ်။ ဘယ်လိုအစီအစဉ်တွေ ကိုချမှတ်ရင်ပိုပြီးသင့်တော်မယ်ဆိုတဲ့    စိတ်ကူးစိတ်သန်းကောင်းတွကိုဆောင် ကြဉ်းပေးပါတယ်။
    ဒါပေမဲ့ မိမိတစ်ယောက်တည်းသိနေ၊ တတ်နေလို့လည်းမဖြစ်ပါဘူး။ လက် အောက်ငယ်သားတွေက အလုပ်ကိုထဲထဲ ဝင်ဝင်စီးမျောကြရတာဖြစ်ပြီး သူတို့အနေ နဲ့လည်း ဒီလိုဗဟုသုတအသိအမြင်တွေ ရင့်သန်လာဖို့လိုပါတယ်။ ဒါကြောင့် လက် အောက်ငယ်သားတွေကိုဘယ်လိုစာတွေ ကိုလေ့လာဖတ်ရှုသင့်တယ်ဆိုတာအကြံ ပြုပြောကြားပေးတာမျိုးတွေလုပ်ရပါမယ်။
   နောက်ထပ်လုပ်နိုင်တဲ့အချက်တစ်ခု ကတော့သက်ဆိုင်ရာစာအုပ်စာစောင် တွေ၊ နဘသသျု တွေကိုစုဆောင်းပေးထား ကာအားလပ်ချိန်မှာဖတ်စေတာ ဒါမှ မဟုတ် အလုပ်ချိန်ထဲကနေ နာရီဝက် လောက်ဖဲ့ထုတ်ပြီး စာဖတ်စေတာမျိုးတွေ ကိုပြုလုပ်ပေးသင့်ပါတယ်။ ဖတ်ပြီးတဲ့စာ တွေကိုလည်းအမှတ်စဉ်(၁)မှာပြောခဲ့သလို အချင်းချင်းအမြင်တွေဆွေးနွေးဖလှယ်  စေတာမျိုးတွေလုပ်ပေးနိုင်ပါသေးတယ်။
      ဒီအချိန်တွေကသင့်လက်အောက်ငယ် သားတွေရဲ့စိတ်ကိုပေါ့ပါးလွတ်လပ်စွာနဲ့ ကုန်ဆုံးစေနိုင်မှာလည်းဖြစ်ပါတယ်။
(၉) အခြားဖျော်ဖြေရေးအစီအစဉ်တွေ
ဒီအချက်ထဲမှာတော့ - 
- နှစ်ပတ်လည်ီငညညနမ ပွဲလိုမျိုးအစီအ စဉ်တွေပြုလုပ်ပေးတာ
- လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်   ပြီးခွင့်ရက်၊ နားရက်ခံစားခွင့်ရဖို့စီမံပေး တာ။ အဲဒီခွင့်ရက်၊ နားရက်အတွက်လစာ ထဲကနေဖြတ်တောက်မှုမရှိအောင်စီမံ ပေးတာ
- နှစ်ပတ်လည်အချိန်ကာလတိုင်းမှာ ရာထူးအဆင့်အတန်းအလိုက်အပိုဆု ကြေးတွေခံစားခွင့်ရနိုင်အောင်စီမံပေးတာ
- နှစ်စဉ် အလည်အပတ်အပန်းဖြေခရီးပို့ ဆောင်ပေးတာ စတဲ့အချက်တွေပါဝင်ပါ တယ်။
    ဒီလိုအစီအစဉ်တွေက လက် အောက်ငယ်သားတွေကိုပျော်ရွှင်ကျေနပ် မှု တွေရစေမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင် ရည် အပေါ်ကိုလည်းအကျိုးသက်ရောက် မှု ဖြစ်လာစေ နိုင်ပါတယ်။
     နိဂုံးချုပ်အနေနဲ့ ခေါင်းဆောင်မှုအနု ပညာနဲ့ပတ်သက်လို့ ဆရာသမားတစ် ယောက်ပြောဖူးတဲ့စကားလေးတစ်ခွန်း လောက်ပြန်လည်လက်ဆောင်ပါးပေး ချင်ပါတယ်။ အဲဒါကတော့  ]လုပ်ငန်းတစ် ခု မအောင်မမြင်ဖြစ်ရတယ်ဆိုရင် ဒါဟာ စီမံခန့်ခွဲတဲ့မိမိအသုံးမကျလို့ဆိုပြီး   သဘောထားရမယ်။ အောင်မြင်တဲ့အသီး အပွင့်တွေရရှိခံစားခွင့်ရလာပြီဆိုရင်   တော့ ဒါဟာငါတို့အဖွဲ့သားတွေအကုန် လုံးလက်တွဲပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဆိုပြီးပြောရပါမယ် } လို့မှတ်သားခဲ့ရ ဖူးပါ တယ်။ ကျနော်တစ်ခါတလေတော့   လည်းတွေးကြည့်မိတယ်။ အဲဒီလိုတွေးနိုင် ပြောနိုင်တဲ့ခေါင်းဆောင်တွေ ဒီခေတ် ကြီးမှာဘယ်လောက်များများရှိနိုင်ပါ တော့မလဲလို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ဒီလိုတွေးနိုင်ပြောနိုင်ပြီးလက်အောက်ငယ် သားတွေနဲ့ တစ်သားတည်းရှိနေတဲ့ခေါင်း ဆောင်ကိုလက်အောက်ငယ်သားတွေက ချစ်မြတ်နိုးစွာနဲ့ပေးဆပ်ဖို့အသင့်ရှိနေကြ တယ်ဆိုရင်ဒါကိုငြင်းချက်ထုတ်ကြမယ့် သူတွေရှိမယ်မထင်ပါဘူး။


ရာသက်ပန် (သစ္စာပန်းတို့လန်းရာမြေ)

Previous Next