28 Jan, 2019
လူများများအသုံးပြုတိုင်းအလုပ်ပိုပြီးသတဲ့လား

    အခုပြောချင်တဲ့ခေါင်းစဉ်နဲ့ ပတ် သက်ပြီးအချို့သော အထက်လူကြီး အတော်များများရဲ့ခေါင်းထဲမှာ  ဒီအတွေး တွေဝင်နေတာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု ကို လူတစ်ယောက်နဲ့ (၁၀)ရက်ကြာ အောင်လုပ်ရမယ်ဆိုရင်လူ(၁၀)ယောက်နဲ့ ဆိုရင်(၁)ရက်တည်းနဲ့ပြီးတယ်ဆိုပြီး တော့ ပါ။ စာရှုသူများရော ဒီလိုယူဆချက် အပေါ်မှာဘယ်လိုမြင်ပါသလဲ။
    အထက်တန်းကျောင်းသား ဘဝတုန်းကရူပဗေဒမှာသင်ခဲ့ရတဲ့ပုံသေနည်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ W = F.t   ပဲဖြစ် ပါတယ်။ “W” ကတော့အလုပ်ပြီးစီးမှုဆိုတဲ့  “Work Done” ဖြစ်ပြီး“F” ကတော့ လုပ် အားနှုန်းဆိုတဲ့ “Force”  ပဲဖြစ်ပါတယ်။  “t” ကတော့အချိန်ကြာမြင့်မှုဆိုတဲ့ “Time” ဖြစ်ပါတယ်။ အဲဒီအချက်(၃)ချက် ဟာDirectly Proposional  တိုက်ရိုက် အချိုးကျနေကြပါတယ်။ ဒီနေရာမှာ စဉ်းစားရလွယ်ကူသွားအောင် Force  ကို Man-Power အဖြစ်ယူဆလိုက်ရအောင် ပါ။ အထက်ပါပုံသေနည်းအရအချိန် နှစ်ရက်နဲ့ လူနှစ်ယောက်လုပ်တာအလုပ် ပြီးစီးမှုက (၄) ရပါတယ်။ ဒါဆိုလူလေး ယောက်လုပ်ခိုင်းရင် အချိန်တစ်ရက် တည်းနဲ့ အလုပ်ပြီးစီးမှုအနေနဲ့လည်း (၄) ပဲရပါတယ်။
    ကျနော့်အနေနဲ့အထက်ပါ ပုံသေနည်းကိုမှားယွင်းနေတယ်လို့ ဇွတ် ငြင်းနေတာမဟုတ်ပါဘူး။ မှန်တဲ့နေရာ တွေမှာတော့မှန်ပါတယ်။ ဥပမာ ရေသန့်ဘူးထုတ်တဲ့စက်တစ်လုံးဟာ တစ်နေ့ကိုရေသန့်ဘူးအရေအတွက်(၁၀ဝ) ထုတ်နိုင်တယ်ဆိုပါစို့။ တစ်ရက်တည်းနဲ့ ရေသန့်ဘူးအရေအတွက် (၂၀ဝ) လိုချင်ရင် စက်နှစ်လုံးရှိဖို့လိုအပ်ပါတယ်။ ဒီအထိ ပုံသေနည်းနဲ့ကိုက်ညီပါတယ်။ ဒါပေမဲ့ အဲဒီရေသန့်ဘူးထုတ်တဲ့စက်တစ်လုံးရဲ့ အင်ဂျင်တစ်နေရာမှာထိခိုက်ပျက်စီးသွား ပြီဆိုပါစို့။ အဲဒီပျက်စီးသွားတဲ့အစိတ် အပိုင်းကိုပြင်ဖို့အတွက်စစ်ဆေးမှုတွေလုပ် တဲ့အခါစက်ပြင်ဆရာတစ်ယောက်နဲ့အကူ လုပ်သားနှစ်ယောက်လုပ်မယ်ဆိုရင် နှစ်ရက်ကြာမယ်လို့အဖြေထွက်ပါတယ်။အဲဒါကို စက်ပြင်ဆရာနှစ်ယောက်နဲ့ အကူလုပ်သားလေးယောက်ထည့်လို့ တစ်ရက်တည်းပြီးနိုင်ပါ့မလား။ စက်ပြင် ဆရာတစ်ယောက်သာလုပ်ရမယ့်အင်ဂျင် အစိတ်အပိုင်းတစ်ခုကို စက်ပြင်ဆရာ နှစ်ယောက်နဲ့လုပ်ဖို့ဘယ်လိုလုပ်ပြီးအဆင် ပြေနိုင်မှာတဲ့လဲ။ ဒါဆိုရင် တစ်ရက်တည်း ပြီးဖို့အတွက် ဘယ်လိုလုပ်ရမလဲ။ စက်ပြင် ဆရာတွေကို နေ့ဆိုင်းအပြင်ညဆိုင်းပါ ထပ်ဆင်းခိုင်းဖို့ပဲရှိပါတယ်။ ဒါကြောင့် လူတစ်ယောက်သာလုပ်ဖို့လိုအပ်တဲ့အလုပ် တစ်ခုကို လူနှစ်ယောက်အသုံးပြုလည်း အချိန်မြန်မြန်ပြီးစီးမယ်လို့တစ်သမတ်တည်း တွက်ဆထားလို့မရပါဘူး။
    နောက်ထပ်ဥပမာတစ်ခုထပ်ပြော ချင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ ပုံသေနည်းနဲ့ဆင်တူတဲ့ပုံသေနည်းနောက် ထပ်တစ်ခုလည်းအထက်တန်းကျောင်းသား ဘဝတုန်းကရူပဗေဒဘာသာရပ်မှာသင်ခဲ့ ရပါသေးတယ်။ အဲဒီ ပုံသေနည်းကတော့ W = F. s ပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ “s” ကအကွာအဝေးဆိုတဲ့ “Distance” ပဲဖြစ်ပါတယ်။ မိမိသွားမယ့်မြို့နှစ်မြို့ ရဲ့အကွာအဝေးဟာမိုင် (၄၀ဝ) ရှိတယ် ဆိုပါစို့။ တစ်နာရီမိုင် (၅၀) နှုန်းနဲ့မောင်းရင် (၈)နာရီကြာတဲ့အခါခရီးဆုံးနေရာကို ရောက်ရှိပါလိမ့်မယ်။ ဒီတော့ တစ်နာရီကို မိုင်(၁၀ဝ) နှုန်းနဲ့မောင်းရင်အချိန် (၄) နာရီ အတွင်းရောက်ရှိမယ်လို့ထင်မှတ်စရာရှိ ပါတယ်။ ဒါဆိုဒီထက်ပိုပြီးမြန်မြန် ရောက်ရအောင်မိမိရဲ့ယာဉ်ကိုတစ်နာရီမိုင် (၁၀ဝ) ကျော်မောင်းကြမှာတဲ့လား။အရာရာတိုင်းမှာအကျိုးအကြောင်းဆီလျော် စွာလိုက်နာရမယ့်အချက်တွေရှိပါတယ်။လမ်းတစ်ခုဖြတ်သန်းတိုင်းမှာအများဆုံး မောင်းနှင်ရမယ့်မိုင်နှုန်းသတ်မှတ်ချက်တွေ ရှိပါတယ်။ အများဆုံးကီလို (၁၀ဝ) ထက် ပိုမမောင်းကြဖို့သတိပေးထားတာရှိပါ တယ်။ ဒါကိုမလိုက်နာဘဲသတ်မှတ်မိုင်နှုန်း ထက်ပိုမောင်းမယ်ဆိုရင်တော့ကိုယ့် ထိုက်နဲ့ကိုယ့်ကံပါပဲ။ နေပြည်တော် အမြန်လမ်းဟာ ယာဉ်မတော်တဆမှု အဖြစ် အများဆုံးလမ်းတစ်ခုလည်းဖြစ်ပါ တယ်။ လမ်းဖောက်လုပ်ခဲ့တုန်းက စံချိန် စံညွှန်းတွေချို့ယွင်းလွဲချော်ခဲ့မှုတွေရှိ ကောင်းရှိခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သတ်မှတ် မိုင်နှုန်းထက်ပိုမမောင်းဘူးဆိုရင်တော့ မတော်တဆမှုတွေအခုထက်ပိုပြီးနည်းပါး မယ်ထင်ပါတယ်။ ဒါပေမဲ့ အမြန်လမ်း ပေါ်မောင်းနေတဲ့ကားတွေရဲ့ကိုးဆယ် ရာခိုင်နှုန်းကျော်လောက်ကိုကြည့်လိုက် မယ်ဆိုရင်ဖော်မြူလာဝမ်းပြိုင်ပွဲကကား တွေထက်ဆိုးပါတယ်။ ဖြစ်လာကာမှ ဝေဖန်လေကန်မယ့်အစားအသက်ကို Óဏ်စောင့်ပြီးသတိချပ်စေချင်ပါတယ်။ ဒါဆိုရင်တော့ W = F. s ပုံသေနည်းအရ ခရီးအမြန်ရောက်ရအောင်ဆိုပြီးယာဉ်ကို အဆမတန်အမြန်မောင်းတိုင်းမဖြစ်နိုင်ဘူး ဆိုတာသိသာထင်ရှားနေပြီပဲဖြစ်ပါတယ်။
    နောက်ထပ်ဥပမာတချို့ကိုလည်း တင်ပြချင်ပါသေးတယ်။ ကျနော်က ဆောက်လုပ်ရေးလောကကလူဆိုတော့ ဒီလောကထဲကအကြောင်းအရာလေး တချို့နဲ့ပဲ ဥပမာပေးတင်ပြလိုက်ပါတယ်။ဥပမာအားဖြင့်အဆောက်အဦတစ်ခု မဆောက်ခင်မှာမြေနေရာရှင်းလင်းခြင်း လုပ်ငန်းကိုလုပ်ဆောင်ရပါတယ်။ ဒီ အတွက်ဆယ်ပေပတ်လည်အတွက် လူ တစ်ယောက်အသုံးပြုရလို့ အချိန်ရှစ်နာရီ ကြာတယ်ဆိုပါစို့။ တစ်နာရီအတွင်းပြီးချင် တာနဲ့ လူရှစ်ယောက်ကိုလုပ်ခိုင်းရင်နေရာ ကျဉ်းကျဉ်းကျပ်ကျပ်လေးမှာလူတွေ အဆမတန်ဖြစ်နေတာမို့ လုပ်ရကိုင်ရတာ ခရီးတွင်မှာမဟုတ်ပါဘူး။ ဒီတော့ Circumstance & Situation အရအလုပ် မြန်မြန်ပြီးချင်တိုင်းလူအင်အားကိုပုံမှန် ထက်အဆမတန်ပိုသုံးလို့မရတာပေါ်လွင် နေပါတယ်။
    နောက်တစ်ချက်အနေနဲ့ အလျား ဆယ်ပေနဲ့အနက်(2’-6”) ရှိတဲ့ဖောင် ဒေးရှင်းအုတ်ရိုးလိုင်းကိုစီဖို့အတွက်ပန်းရန် ဆရာနှစ်ဦးနဲ့ နောက်လိုက်နှစ်ဦးအသုံးပြု ရင်အချိန်တစ်နာရီကြာတယ်ဆိုပါစို့။ ဒါကို နာရီဝက်အတွင်းပြီးချင်လို့ပန်းရန်ဆရာ လေးဦးနဲ့နောက်လိုက်လေးဦးအသုံးပြု မယ်ဆိုရင်နေရာအနေအထားကြောင့် လုပ်ရကိုင်ရတာဘယ်လိုမှအဆင်မပြေနိုင် သလိုလူအင်အားဖောင်းပွတာပဲအဖတ် တင်ပါလိမ့်မယ်။ ဒါပေမဲ့ အုတ်စီရမယ့်လိုင်း နောက်ထပ်တစ်ခုရှိသေးတယ်ဆိုရင်တော့ မူလလူအင်အားအတိုင်းအသုံးပြုရင် အချိန် (၂)နာရီကြာပါမယ်။ ဒါကို တစ်နာရီအတွင်းပြီးချင်တယ်ဆိုရင်တော့ မူလလူအင်အားအတိုင်းနောက်ထပ်တစ်ဖွဲ့ ထပ်တိုးပြီးလုပ်ခိုင်းရင်အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လူအင်အားများ များသုံးတိုင်းအလုပ်ပိုပြီးတယ်ဆိုတာဟာ နေရာတိုင်းအတွက်မှန်ကန်မှုမရှိပါဘူး။
    ယနေ့လုပ်ငန်းရှင်တွေအတော်များ များပြောလေ့ရှိသလိုသူတို့ရဲ့ခေါင်းထဲမှာ လည်းစွဲနေတဲ့အရာတစ်ခုအဖြစ်တွေ့မြင် နေရပါတယ်။ လူအင်အားများများအသုံး ပြုမယ်ဆိုရင်အချိန်ကုန်သက်သာမယ်ဆို တဲ့စကားလေးပါ။ ဥပမာ - လုပ်ငန်းတစ်ခု ကိုလူတစ်ယောက်နဲ့ (၁၀) ရက်ကြာ အောင်လုပ်ရမယ်ဆိုရင်လူ (၁၀) ယောက် နဲ့ဆိုရင် (၁) ရက်တည်းနဲ့ပြီးတယ်ဆိုပြီး တော့ဖြစ်ပါတယ်။
    စာရှုသူများရောဒီလိုယူဆချက် အပေါ်မှာဘယ်လိုမြင်ပါသလဲ။
    ကျနော့်အနေနဲ့တော့လူအင်အား များများသုံးရင်အချိန်ကုန်သက်သာစွာနဲ့ အလုပ်တွေမြန်မြန်ဆန်ဆန်ပိုပြီးနိုင် မယ်ဆိုတာဟာအရာအားလုံးအတွက် မှန်ကန်မှုမရှိဘဲလုပ်ငန်းခွင်အနေအထား ပေါ်မှာသာမူတည်တယ်လို့ပဲယူဆမိ ပါတယ်။ လုပ်ငန်းခွင်အနေအထားအရ လူအင်အားတိုးမြှင့်လုပ်ဆောင်လို့ရရင် လုပ်ဆောင်မယ်။ တိုးမြှင့်လုပ်ဆောင်ဖို့ အတွက်နေရာအနေအထားကျဉ်းကျပ် လွန်းရင်တော့တစ်ပြိုင်တည်းလုပ်ဆောင် စေတာထက်နေ့ဆိုင်း၊ ညဆိုင်းလိုမျိုး အခြေအနေတွေနဲ့လုပ်ဆောင်သင့်တယ် လို့ထင်မြင်ယူဆမိကြောင်းပါ။

 
ရာသက်ပန် (သစ္စာပန်းတို့လန်းရာမြေ)

Previous Next