04 Feb, 2019
လုပ်ငန်းခွင်ဝင်တော့မယ့် FRESH GRADUATE တွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ 

    ဘဝမှာအသက်ရှင်နေထိုင်ရပ်တည် ဖို့အတွက် ကျနော်တို့အားလုံးဟာအသက် မွေးဝမ်းကျောင်းပညာ ရပ်တွေကိုသင်ယူ ကြရပါတယ်။ မိဘတွေကလည်းမရှိရှိတာ အသာထားလို့ သားသမီးတွေရဲ့ဘဝရှေ့ ရေးအတွက်ပညာတွေသင်ပေးကြပါ တယ်။ အချိန်တန်ဘွဲ့ရလို့လုပ်ငန်းခွင်ဝင် တဲ့အခါပြန်လည်ထောက်ပံ့မှုတွေလုပ်နိုင် တာ၊ မလုပ်နိုင်တာအသာထား။ သား သမီးတွေရဲ့လမ်းဖြောင့်တန်းနေရင် မိဘ တိုင်းကတော့ ဝမ်းမြောက်ပီတိဖြစ်နေကြ မှာအမှန်ပါပဲ။ ဒါကြောင့်သားသမီးတွေ အနေနဲ့လည်း မိဘတွေရဲ့မျှော်လင့်ချက် တွေကို တန်ဖိုးထားနားလည်ပြီးပညာ ဆည်းပူးချိန်မှာ ဟေးလားဝါးလားနဲ့အချိန် တွေကုန်မနေသင့်ပဲ ရသင့်ရထိုက်တာ တွေကိုရအောင်ယူကြဖို့ စေတနာရှေ့ထား ပြီးတိုက်တွန်းလိုက်ပါရစေ။
   အထက်ပါအကြောင်းခြင်းရာတွေကရေးနေရင်းနဲ့စိတ်ထဲမှာပေါ်လာခဲ့တာ လေးတွေဖြစ်ပါတယ်။ ပြောချင်တာလေး တချို့တလေပြောပြီးပြီမို့ အခုဆက် လက်ပြီးတော့ ရေးဖို့ရည်ရွယ်ထားတဲ့ ခေါင်းစဉ်ဖက်ကိုသွားချင်ပါတယ်။ ကျနော့် အနေနဲ့အခုနောက်ပိုင်းမှာ ဘွဲ့ရကျောင်း ဆင်းလူငယ်မောင်မယ်လေးတွေရဲ့ညည်း တွားသံခံစားချက်တွေနဲ့ပတ်သက်ပြီးစိတ် မကောင်းလည်းဖြစ်ရသလို ကိုယ်လုပ်ပေး နိုင်သလောက်လေးတွေနဲ့တတ်နိုင်သ လောက်လုပ်ပေးဖို့လည်းရည်ရွယ်ထားပါ တယ်။ ဒါကြောင့်ဆောင်းပါးတွေထဲမှာ ထည့်ထည့်ရေးသလို အွန်လိုင်းပေါ်ကနေ တစ်ဆင့်လည်းအချိန်ကုန်၊ ငွေကုန်သက် သာစွာနဲ့လေ့လာနိုင်စေမယ့် ပညာဒါန သင်တန်းလေးတွေသင်ကြားပေးလျက်ရှိ ပါတယ်။ အခုဆိုရင်စနစ်တကျသတ်ပစ် ခြင်းခံခဲ့ရတဲ့ပညာရေးစနစ်ကြောင့် ကျနော် တို့နိုင်ငံက ဘွဲ့ရကျောင်းဆင်းတွေရဲ့အ ရည်အသွေးဟာ များစွာနိမ့်ပါးလာခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့်အင်ဂျင်နီ ယာလောကဟာဝမ်းနည်းစရာကောင်း လောက်အောင်ကို ယိုယွင်းမှုတွေဖြစ်ခဲ့ပါ တယ်။ အင်ဂျင်နီယာတွေကိုအရည်အ သွေးနဲ့မွေးထုတ်ပေးဖို့ထက် တစ်နှစ်မှာ ဘယ်လောက်တော့မွေးထုတ်ပေးလိုက် တယ်ဆိုတဲ့မှတ်တမ်းဖြစ်ချင်တဲ့အရေအ တွက်ကိုဦးစားပေးမွေးထုတ်တဲ့စနစ် ကြောင့် အခုလိုမျိုးဖြစ်လာခဲ့တာဆိုရင် လည်းမမှားပါဘူး။ ပညာရေးစနစ်ကောင်း ပြီးပညာတတ်တွေများများပေါ်ထွန်းတဲ့ နိုင်ငံဟာရှေ့ကိုရောက်မှာမလွဲမသွေပါပဲ။ဒီလိုဖြစ်လာဖို့အတွက် ပညာရေးဟာ အစမ်းသပ်ခံမဖြစ်သင့်သလိုတိုင်းသူ ပြည်သားတွေကလည်းဝိုင်းဝန်းကြိုးစားပြီး ပူးပေါင်းဆောင်ရွက်သင့်တာဖြစ်ပါတယ်။အခုတွေ့နေရတာက ဘာပဲလုပ်လုပ်အ ပြစ်ချည်းထိုင်ပြောနေ၊ ဝေဖန်နေကြတဲ့ သူတွေအများကြီးပါ။ အဲဒီလူတွေက ကိုယ်တိုင်ခြောက်ပြစ်ကင်းသဲလဲစင်လား ဆိုတော့လည်းခေါင်းညိတ်ပြဖို့အခက်ပါပဲ။ပွဲတော်တစ်ခုခုလုပ်ကြည့်လိုက်လို့ပြီးသွား တဲ့အခါကြည့်လိုက်ရင် အမှိုက်တွေက တောင်ပုံရာပုံကျန်ခဲ့ကြတာတွေ့ရသလို စည်ပင်ကိုဝေဖန်နေကြသူတွေရဲ့နောက် ဖေးရေမြောင်းထဲမှာလည်းအမှိုက်တွေ အပြည့်ပါပဲ။ ဒီလိုလူတွေနဲ့နိုင်ငံတိုးတက်ဖို့ ဘယ်လိုမျိုးရှေ့ဆက်ရပါ့မလဲ။ တွေးရင်းနဲ့ တောင်အသက်ရှူရတာကြပ်လာပါတယ်။
    ပြောနေရင်းနဲ့စကားလမ်းကြောင်းက ထပ်လွဲသွားပြန်တာမို့ ဒီနေရာမှာပဲရပ်ပြီး ပြောချင်တဲ့အကြောင်း အရာတွေဆီပြန် ဆက်ရအောင်ပါ။ ငယ်ငယ်ကတည်းက ကြီးလာရင်ဘာဖြစ်ချင်တယ်ဆိုတဲ့အိပ် မက်တစ်ခုလူတိုင်းမှာရှိကြပါတယ်။ ရုပ်ရှင် တွေ၊ ဝတ္ထုတွေ၊ ဓာတ်ပုံတွေထဲမှာတွေ့ရတဲ့ တက္ကသိုလ်အကြောင်းတွေနဲ့ဘွဲ့ယူတဲ့ပုံ တွေကိုတွေ့ရတဲ့အခါမှာလည်း ကျနော် တို့အားလုံးစိတ်ကူးယဉ်ခဲ့ဖူးကြတာအ    မှန်ပါပဲ။ ဒီလိုနဲ့အရွယ်ရောက်ကြီးပြင်းလို့ ပညာတွေရှာကြရင်း ဘွဲ့ရပညာတတ်တွေ ဖြစ်လာတဲ့အခါမှာစိတ်လှုပ်ရှားစရာအ ခိုက်အတန့်တွေကိုကိုယ်တိုင်ကြုံတွေ့    ကြရပါတယ်။ တစ်နည်းပြောရရင်ဘွဲ့ရ ကျောင်းပြီးချိန်ဟာဘဝတစ်ခုကိုကန့်လန့် ကာချလိုက်တာမျိုးနဲ့တူပြီးနောက်ထပ် ဘဝအသစ်တစ်ခုကိုပြန်လည်မွေးဖွားစ တင်ရတော့မယ့်အခိုက်အတန့်ပါပဲ။ ပညာ ရှာကြတဲ့ပထမအရွယ်ကုန်ဆုံးပြီးစီးပွား ရှာကြရတော့မယ့် ဒုတိယအရွယ်ကိုခြေ လှမ်းစတင်ချိန်လည်းဖြစ်ပါတယ်။
   အဲဒီမှာပဲ ပြဿနာက စတော့တာပါပဲ။ဒါဟာကျနော်တို့နိုင်ငံတစ်ခုတည်းကြုံတွေ့ နေရတာမဟုတ်ပဲ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ကျနော်တို့နိုင်ငံကတော့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်အချိန်ယူကြိုးစားနေရဆဲဆိုတော့ ပိုပြီးခံစားရတာဖြစ်ပါတယ်။ အဲဒီပြဿနာ ဟာဘာလဲဆိုတော့ ဘွဲ့ရကျောင်းဆင်းတဲ့ အခါမှာ အလုပ်တစ်ခုရဖို့အရမ်းခက်ခဲ   တာပါပဲ။ အလုပ်ခေါ်စာတစ်နေရာအ    တွက်အလုပ်လျှောက်ချင်ကြတဲ့သူတွေက       မနည်းလှပါဘူး။ အဲဒီအချိန်မှာအရည် အချင်းမရှိတဲ့သူ၊ ချေးများနေတဲ့သူတွေက ကျန်ခဲ့တာပါပဲ။ ငါတို့ကဘာဘွဲ့ရဖြစ်လို့ လစာကတော့ဘယ်လောက်အနည်းဆုံး ရမှ လုပ်ကြမယ်ဆိုတဲ့တလွဲမာနတွေဟာ လည်းကျနော်တို့နေထိုင်တဲ့ဒီနိုင်ငံမှာ အကျုံးမဝင်ပါဘူး။ ဒီလိုချေးများတဲ့သူတွေ ကတော့ကျန်ရစ်ခဲ့မှာပါပဲ။ လုပ်ငန်းအ တွေ့အကြုံမရှိလည်းလျှောက်လို့ရတယ် ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က အလုပ်ခေါ်စာတွေ ကိုကြည့်လိုက်ရင် အဲဒီ လိုမျိုးတလွဲမာနတွေနဲ့ချေးများ နေတဲ့သူ တွေတွေ့နေရတုန်းပါပဲ။ ကိုယ်နေတဲ့နိုင်ငံ ရဲ့ ဖြစ်တည်စီးဆင်းမှုအခြေအနေတွေကို နားလည်ပြီး လုပ်ငန်းအတွေ့အကြုံရ အောင်အရင်ယူသင့်တယ်လို့ ကျနော် တော့မြင်ပါတယ်။ 
   အထူးသဖြင့်လုပ်ငန်းခွင်နဲ့အထိ အတွေ့မရှိသေးသူတွေအဖို့ လုပ်ငန်းခွင် စတင်ဝင်ရောက်တဲ့အခါဆောင်ရန်၊ ရှောင် ရန်တွေကိုမသိရှိကြတာများပါတယ်။ ဒီ အတွက်ကမ္ဘာကျော်ဖို့ဒ်မဂ္ဂဇင်းကြီးရွဲျံ့ ဌာနအကြီးအကဲတွေကသူတို့ရဲ့အတွေ့ အကြုံတွေကိုအောက်ပါအတိုင်းပြန်လည် ဝေမျှပေးထားပါတယ်။
(၁) ဘာလုပ်ချင်သလဲဆိုတာ သိအောင် လုပ်ပါ
    အရင်ဆုံးမိမိရဲ့အရည်အသွေးကိုမိမိ ကိုယ်တိုင်သိရှိနားလည်အောင်လုပ်ဖို့လိုပါ တယ်။ မိမိအနေနဲ့ဘယ်နေရာတွေမှာအား သာချက်ရှိတာလဲဆိုတာကိုပေါ့။ ဥပမာ-အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက် အတွက်ပုံဆွဲတာကိုစိတ်ဝင်စားပြီးအဲဒီ အပိုင်းမှာထူးထူးချွန်ချွန်ရှိသလား။ ဒါမှ မဟုတ် နျအငာအေန တွက်တဲ့နေရာမှာ စိတ်ဝင်စားမှုရှိပြီးထူးချွန်တာလားစသ ဖြင့်ပေါ့။ ဟိုဟာလုပ်ရနိုးနိုးဒီဟာလုပ်ရ နိုးနိုးနဲ့သူများပြောတာတွေကိုနားယောင် တာမျိုးမလုပ်သင့်ပါဘူး။
   အထက်ပါအချက်တွေကိုရှင်းရှင်း      လင်းလင်းသိရှိပြီးပြီဆိုရင်ရွေးချယ်မှု     တွေလုပ်ဖို့စတင်ရပါတော့မယ်။ အခုလက် ရှိအလုပ်ခေါ်စာတွေမှာ မိမိရဲ့ရွေးချယ် ထားတဲ့ရာထူးနဲ့ပတ်သက်ပြီးဘာကို  တောင်းဆိုတတ်ကြလဲ ဆိုတာကိုလေ့လာ ရပါမယ်။ လုပ်ငန်းအတွေ့အကြုံဆိုတဲ့အ ပိုင်းကိုခဏလောက်ဘေးဖယ်ထားပြီးတ ခြားသော တောင်းဆိုမှုတွေကဘာတွေလဲ ဆိုတာကိုလေ့လာပါ။ ဃနမအင်ငခအေန ရှိရ မယ်ဆိုရင် ဒါမှမဟုတ် မိမိအနေနဲ့ကွန်ပျူ တာနဲ့ချိတ်ဆက်လုပ်ဆောင်လို့မတတ် သေးရင် ဒါမှမဟုတ် ရွေးချယ်ထားမှုအ ပေါ်ယုံကြည်မှုမရှိသေးရင် လိုအပ်တဲ့သင်  တန်းလေးတွေကိုထပ်ပြီးတက်တာမျိုးလုပ် ရမှာဖြစ်ပါတယ်။
(၂) ယုံကြည်မှုကိုမွေးမြူပါ
   လုပ်ငန်းအတွေ့အကြုံမရှိသေးခင် အချိန်မှာမိမိကိုယ်မိမိယုံကြည်မှုရှိရှိဖြတ် သန်းနိုင်ဖို့ခက်ခဲလှပါတယ်။ တွေ့လိုက်ရ တဲ့အလုပ်ခေါ်စာတွေကလည်းအတွေ့ အကြုံမှ အတွေ့အကြုံပဲဖြစ်နေလေတော့ ကြာလာတော့အလုပ်တစ်ခုလျှောက်ဖို့ကို တောင်မဝံ့မရဲနဲ့ယုံကြည်ချက်ပျောက်ဆုံး လာပါတယ်။ အလုပ်ခေါ်စာတွေ လေ့လာ လိုက်တဲ့အခါမှာ အလုပ်ရှင်ကတောင်းဆို ထား တဲ့အရည်အချင်းတွေထဲမှာအတွေ့ အကြုံဘယ်နှစ်နှစ် ဆိုတဲ့အချက်ကိုခဏ လောက်ဘေးဖယ်ပြီးကြည့်စေချင်ပါတယ်။ကျန်တဲ့အချက်တွေထဲမှာ မိမိအနေနဲ့ ဘယ်လောက်ရာခိုင်နှုန်းလောက်အထိ ပြည့်ဝစွာရှိနေမလဲဆိုတာကိုပဲဆန်းစစ် ကြည့်စေချင်ပါတယ်။ ရာခိုင်နှုန်း (၇၀)နဲ့ အထက်တူတယ်ဆိုရင်တော့ ဒီအလုပ်ကို လျှောက်ဖို့ တွေဝေမနေသင့်ပါဘူး။
   တစ်ချက်တော့ရှိပါတယ်။ လုပ်ငန်း အတွေ့အကြုံမရှိသေးဘူးဆိုပေမဲ့ မိမိ အနေနဲ့အသက်မွေးဝမ်း ကျောင်းပညာရပ် ကို စာတွေ့ပိုင်းအနေနဲ့ကျွမ်းကျင်ပိုင်နိုင်မှု ရှိဖို့တော့လိုပါတယ်။ တက္ကသိုလ်တက်ခဲ့ တုန်းကစာသေချာမသင်ဘဲ ဟေးလားဝါး လားနဲ့အချိန်တွေကုန်ဆုံးသွားခဲ့ကြတဲ့သူ တွေ ယနေ့အများကြီးရှိနေပါသေးတယ်။အနည်းဆုံးတော့ မိမိလျှောက်တဲ့ရာထူးနဲ့ သက်ဆိုင်တာတွေကို အခြေခံလေးတွေ လောက်တော့သိထားသင့်ပါတယ်။ ယနေ့ ခေတ်မှာ ဒါတွေအတွက်သိပ်မခက်ခဲ တော့ပါဘူး။ ဖုန်းပွတ်ရင်းနဲ့ကုန်ဆုံးသွားတဲ့ အချိန်တွေထဲက ၃၀ ရာခိုင်နှုန်း လောက်ကိုတော့ မိမိနဲ့အပ်စပ်တဲ့အကျိုး ရှိတာတွေကိုလေ့လာစေချင်ပါတယ်။ 
(၃) ဆိုရှယ်မီဒီယာတွေမှာခိုင်မာတဲ့ profile  တွေဖြည့်စွက်ထားပါ
     ယနေ့ခေတ်မှာ အလုပ်ရှင်တွေဖက် က သူတို့ဆီအလုပ်လာလျှောက်တဲ့ဝန် ထမ်းရဲ့ဆိုရှယိမီဒီယာအကောင့်တွေကို လေ့လာကြည့်ရှုမှုတွေရှိလာကြတာတွေ့ရ ပါတယ်။ ဒါကြောင့်မိမိအသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာအကောင့်မှာတင်တဲ့ပို့စ် တွေကိုသတိထားစေချင်ပါတယ်။
   နိုင်ငံရပ်ခြားမှာတော့ဆိုရှယ်မီဒီ ယာအကောင့်အပြင် LinkedIn မှာပါ မိမိ တို့ရဲ့ profile  တွေအသေအချာဖြည့်စွက် ပြီးထားရှိတာတွေ့ရပါတယ်။ အလုပ်ခေါ် စာတင်လို့သတ်မှတ်ထားတဲ့အချိန်ကာလ ပြည့်တဲ့အထိ သင့်တော်တဲ့သူမရသေးဘူး ဆိုရင် LinkedIn မှတစ်ဆင့်ရှာဖွေဆက် သွယ်မှုတွေရှိတယ်လို့လည်း သိရပါတယ်။
(၄) ဘွဲ့မရခင်ကတည်းကသင့်တင့် လျောက်ပတ်တဲ့အဆက်အသွယ်လမ်း ကြောင်းတွေရှာဖွေထားပါ
      အတော်များများကတော့ဘွဲ့ရကျောင်း ပြီးကာမှ လုပ်ငန်းခွင်ထဲဝင်မယ်ဆိုတဲ့စိတ် ကူးရှိပြီးအဲဒီတော့မှပဲအလုပ်ရှာဖွေကြပါ တယ်။ ဒါဟာရှေးရိုးစဉ်လာထုံးစံတစ်ခုဖြစ် နေပါပြီ။
     အမှန်ဆိုရင်တော့ဘွဲ့မရခင်ကျောင်း တက်နေချိန်ကတည်းက မိမိရဲ့အသက် မွေးဝမ်းကျောင်းပညာရပ်နဲ့ဆိုင်တဲ့အ လုပ်ခေါ် စာတွေကိုလေ့လာထားပြီးမိမိ လျှောက်မယ့်လမ်းကြောင်းကိုရွေးချယ် ဆုံးဖြတ်ထားသင့်ပါတယ်။ မိမိအနေနဲ့ ဆုံးဖြတ်ရမှာမပြတ်သားဘူးဆိုရင်သက် ဆိုင်တဲ့စီနီယာတွေဆီကနေအကြံÓဏ် တွေတောင်းခံနိုင်ပါတယ်။ အဲဒီနောက် မှာတော့ အပတ်စဉ်ကျောင်းပိတ်ရက် တိုင်းမှာမိမိအတွက်သင့်တော်မယ့်၊ အဆင် ပြေမယ်ထင်တဲ့ သင်တန်းလေးတွေကိုရှာ ဖွေတက်ရောက်ထားသင့်ပါတယ်။ ယနေ့ ဆိုရှယ်မီဒီယာခေတ်မှာ အွန်လိုင်းပေါ်က နေသင်ကြားပေးနေတဲ့သင်တန်းတွေ လည်းအများကြီးပေါ်ပေါက်လာပြီဖြစ်လို့ ဒီခေတ်မှာပညာရှာဖွေဖို့ဆိုတာ အင်မတန် လွယ်ကူလာပါပြီ။ မိမိတို့အနေနဲ့လုပ်ချင် တဲ့စိတ်ရှိဖို့ပဲလိုအပ်တာပါ။
    နောက်တစ်ချက်ကလုပ်ငန်းအတွေ့ အကြုံရဖို့အတွက် လေ့လာစရာလုပ်ငန်း ခွင်တွေလည်း အများကြီးရှိလာပါတယ်။ဆောက်လုပ်ရေးလောကဆိုရင်လည်း မိမိတို့နေထိုင်တဲ့နေရာဝန်းကျင်မှာပဲတည် ဆောက်ရေးလုပ်ငန်းခွင်တွေ တစ်ခုမကရှိ နေပါတယ်။ ဒီနေရာတွေဟာလုပ်ငန်းအ တွေ့အကြုံယူဖို့အတွက် အကောင်းဆုံး နေရာတွေလည်းဖြစ်ပြီးအချိန်ပိုင်း  လောက်ပဲဖြစ်ဖြစ်အားလပ်ချိန်လေးမှာ ဝင်ရောက်လေ့လာလို့ရပါတယ်။ တချို့ ကလေးတွေကကျောင်းကဆင်းခိုင်းတှဲု့ညအနမညျ့ငစ ကိုတောင်မှလုပ်ငန်းခွင်ထဲလာ တယ်။ မုန့်စားလိုက်၊ ဟေးလားဝါးလား လုပ်လိုက်နဲ့ပြန်သွားတယ်။ အချိန်တန် တော့ကုမ္ပဏီက ရေးပေးလိုက်တဲ့ထောက် ခံချက်တွေကို ကျောင်းကိုသွားပြတယ်။ ဒီလိုမျိုး အခြေအနေတွေအများကြီးရှိနေ ပြီးကျောင်းပြီးမှ လစာလေးဒီလောက်နဲ့ ဆိုမလုပ်နိုင်ဘူး စသဖြင့်တလွဲမာနတွေဟာ နည်းနည်းတော့လမ်းလွဲနေသလိုပါပဲ။
(၅) အလုပ်ခေါ်စာတွေပါတဲ့ဂျာနယ် တွေဖတ်ပါ
     အလုပ်ခေါ်စာတွေပါတဲ့ဂျာနယ်တွေ ဖတ်ရှုခြင်းဖြင့် ဘယ်လိုရာထူးမျိုးအတွက် ဘယ်လိုရာထူးမျိုးအတွက်ဘယ်လိုအ ရည်အချင်းတွေတောင်းဆိုထားတတ်လဲ ဆိုတာလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အ ပြင်ဒီဂျာနယ်တွေထဲမှာလုပ်ငန်းနဲ့ပတ် သက်တဲ့ဆောင်းပါးတွေ၊ စီမံခန့်ခွဲမှုနဲ့ပတ် သက်တဲ့ဆောင်းပါးတွေလည်းပါရှိတတ် ပြီးစာရေးသူတွေရဲ့ပြန်လည်ဝေမျှပေးတဲ့ အတွေ့အကြုံတွေနဲ့ပေးချင်တဲ့အချက် အလက်တွေကိုလည်းလေ့လာဖတ်ရှုနိုင်ပါ သေးတယ်။
(၆) သင့်ရဲ့ဆာလောင်နေတဲ့စိတ်တွေကို အလုပ်ရှင်အားပြသပါ
   အဓိကကတော့တက်တက်ြွကြွက နဲ့သင်ယူဖို့အသင့်ရှိနေကြောင်းပြသဖို့ပါ။အင်တာဗျူးဖြေတဲ့အခါမှာ သပ်သပ်ရပ်ရပ် ဝတ်စားပြီးချိန်းထားတဲ့အချိန်ထက်စော စောရောက်အောင်သွားပါ။ မေးတာတွေ ကိုတက်တက်ြွကြွကနဲ့အမှန်အတိုင်းဖြေ ပါ။ ဒါဟာသင့်ရဲ့ဆာလောင်နေတဲ့စိတ်ကို ပြသခြင်းပါပဲ။
(၇) လမ်းညွှန်ပြသမှုပေးတဲ့ဆရာ ကောင်း၊ မိတ်ဆွေကောင်းတွေကိုရှာဖွေ ဆည်းကပ်ပါ
   ယုံကြည်မှုရှိရှိနဲ့လုပ်ငန်းခွင်ဝင်နိုင် ဖို့အတွက် ဆရာသမားကောင်းကိုဆည်း ကပ်ခြင်းဟာလည်းတစ်ချက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ဆရာသမားကောင်းတွေ ဆီကနေပေးတဲ့အကြံÓဏ်တွေဟာအ နည်းဆုံးတော့ အင်တာဗျူးဖြေတဲ့အခါ မှာ ယုံကြည်မှုရှိစေနိုင်ပါတယ်။ သူတို့ဟာ စီနီယာတွေဖြစ်လို့ လုပ်ငန်းခွင်ဝင်ဖို့ကြိုး စားနေတဲ့သင့်အတွက်ဆောင်ရန်၊ ရှောင် ရန်တွေကိုပြောပြလမ်းညွှန်ပေးနိုင်ပါ တယ်။
(၈)မိမိကိုအင်တာဗျူးခေါ်မယ့်ကုမ္ပဏီရဲ့ အကြောင်းကိုလေ့လာသွားပါ
 တစ်ခါတုန်းကအင်တာဗျူးတစ်ခုမှာ အလုပ်ရှင်ဖက်ကမေးမြန်းသမျှကိုကောင်း စွာဖြေကြားနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အင်တာဗျူးဖြေတာဟာ မိတ်ဆွေတွေ နဲ့စကားထိုင်ပြောနေရသလိုမျိုးအင်မတန် ပေါ့ပါးလွတ်လပ်လွန်းလှပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အင်တာဗျူးသူတွေကမ ထင်ထားတဲ့တစ်ချက်နဲ့အကွက်ရွှေ့လိုက် ပါတယ်။ မေးတဲ့မေးခွန်းကတော့ အင်မ  တန် လွယ်လွယ်လေးဖြစ်ပေမယ့်မဖြေ နိုင် ခဲ့ပါဘူး။ သူတို့ကုမ္ပဏီနာမည်ကိုသိလား တဲ့။ အဲဒီတစ်ချက်တည်းနဲ့အမှတ်တွေအား လုံးဆုံးရှုံးသွားခဲ့ပါတယ်။
   ဒါကြောင့် အင်တာဗျူးမဝင်ခင်မှာ မိမိကိုအင်တာဗျူးခေါ်တဲ့ကုမ္ပဏီနဲ့ပတ်  သက်တဲ့အခြေခံအချက်အလက်တွေကို နည်းနည်းလောက်ကြိုတင်လေ့လာထား သင့်ပါတယ်။ ဒီနေ့ခေတ်မှာတော့လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာဒီအချက် နဲ့ပတ်သက်ပြီး အလွယ်တကူရှာဖွေလေ့ လာနိုင်ပါပြီ။ Myanmar Yellow Page Websiteန လိုမျိုးကလည်း ဒီအချက်နဲ့ ပတ်သက်ပြီးသင့်ကိုအထောက်အကူဖြစ် စေမှာပါ။
(၉) သင်တန်းဆင်းလက်မှတ်တွေထက် တကယ်တတ်မြောက်ဖို့ကိုသာရှေးရှုပါ
   ဘွဲ့ရကျောင်းဆင်းပြီး လုပ်ငန်းခွင် ဝင်တော့မယ့်အချိန်ဟာ အကြောင်းအရာ တစ်ခုကိုမတူညီတဲ့ရှုထောင့်ကနေကြည့် နေရသလိုမျိုးဖြစ်ပြီး သင်ယူလေ့လာမှုအ သစ်တစ်ခုကိုထပ်မံပြုလုပ်ရတာနဲ့တူပါ တယ်။ မိမိအနေနဲ့ လျှောက်ဖို့ရွေးချယ် ထားတဲ့လမ်းပေါ်မှာစိုးရိမ်ကြောင့်ကြမှု တွေနဲ့မဖြတ်သန်းသင့်ပါဘူး။ ဒီလိုမျိုး အနေအထားမျိုးရောက်ဖို့ဆိုတာကလည်း မိမိမှာ အသက်မွေးဝမ်းကျောင်းပညာရပ် နဲ့ ဆိုင်တဲ့ဝမ်းစာတွေအတော်အတန်ရှိ ထားဖို့လိုပါတယ်။ အင်တာဗျူးဖြေတဲ့အခါ မှာ ဒါတွေကိုချပြနိုင်မှသာအလုပ်ရှင်က သင့်ရဲ့အရည်အသွေးနဲ့စွမ်းဆောင်ရည် တွေကိုအသိအမှတ်ပြုမှာဖြစ်ပါတယ်။
      ဒါကြောင့်သင့်အနေနဲ့အလုပ်အတွက် လိုအပ်တဲ့သင်တန်းတွေတက်မယ်ဆိုရင် လည်းသင်တန်းဆင်းလက်မှတ်ရဖို့ ထက် သင်ကြားတာတွေကို အသေအချာနား လည်သဘောပေါက်အောင်ကြိုးစားအား ထုတ်ဖို့လိုမှာဖြစ်ပါတယ်။
(၁၀) သိချင်စိတ်ပြင်းပြပါ
     သင်ယူလေ့လာခြင်းဆိုတာ သင်လုပ် နိုင်ရင်လုပ်နိုင်သလောက် သင့်ရဲ့အရည် အသွေးကိုတိုးတက်စေမှာဖြစ်ပါတယ်။ အလုပ်ထဲမှာပဲဖြစ်ဖြစ် လက်တွေ့ဘဝမှာ ပဲဖြစ်ဖြစ် တစ်ခါတစ်ရံမှာတော့ပါးစပ် အဟောင်းသားဖြစ်ရတဲ့မေးခွန်းတွေရှိ  လာတတ်ပါတယ်။ အရာရာတိုင်းမှာ အမေးရှိသလိုအဖြေလည်းရှိနေတာဖြစ်  ပြီးတွေ့အောင်ရှာဖွေတတ်ဖို့သာလိုအပ် ပါတယ်။
       လုပ်ငန်းနဲ့ပတ်သက်တဲ့မသိနားမလည် တာတွေ၊ မရှင်းလင်းစရာမေးခွန်းတွေအ တွက် မိမိထက်စီနီယာကျတဲ့သူတွေကိုမေး မြန်းခြင်း၊ သက်ဆိုင်တဲ့စာပေတွေကိုရှာ ဖွေလေ့လာဖတ်ရှုခြင်းဖြင့် အဆင်ပြေစေ နိုင်မှာဖြစ်ပါတယ်။
(၁၁) ရရှိလာတဲ့ဆုံးဖြတ်ချက်တွေကို ချင့်ချိန်စဉ်းစားပါ
    အလုပ်လုပ်ဖို့စဉ်းစားလိုက်တဲ့အခါ လုပ်ချင်တာတွေ တစ်ခုထက်မကထွက် ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ တစ်ခုတည်းကိုသာရွေးချယ်ရမှာဖြစ်လို့ ဝါသနာပါတာ၊ ကျွမ်းကျင်မှုနဲ့ သိရှိတတ် မြောက်ထားမှုအခြေအနေတွေ နဲ့ချိန်ထိုး စဉ်းစားရမှာဖြစ်ပါတယ်။ အလုပ်စဝင်ဝင် ချင်းကတော့ လစာဘယ်လောက်ရမှ၊ ပိတ်ရက်-နားရက် ဘယ်လိုရမှ၊ အခြား ခံစားခွင့်တွေဘယ်လိုရမှဆိုတဲ့အတွေး လေးတွေကိုတစ်ချက်လောက်မေ့ပစ်ထား ဖို့ အကြံပြုချင်ပါတယ်။  ကျနော်အမြဲတမ်း ပြောပြောနေသလိုမျိုး အတွေ့အကြုံတွေ များများရှိလာတဲ့တစ်နေ့မှာ ရွေးချယ်စရာ တွေအများကြီးထဲကနေမိမိစိတ်ကြိုက်  ရွေးချယ်နိုင်ခွင့်ရှိနေတယ်ဆိုတာသတိ ပြုစေချင်ပါတယ်။


ရာသက်ပန် (သစ္စာပန်းတို့လန်းရာမြေ)

Previous Next