05 Feb, 2019
မေတ္တာ၊ အမိန့်နဲ့ ကိုယ်ကျိုး 

(၁)လူတွေတစ်ယောက်နဲ့တစ်ယောက်၊ ဘယ်လိုဆက်ဆံကြသလဲ၊ အထူးသဖြင့် လူမှုအဝန်းအဝိုင်းမှာ ဘယ်လိုနေကြသလဲ။ လူတချို့လောက်ပဲ တစ်ခါတလေ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်စိတ်နဲ့ကိုယ် နေတယ်ဆိုတာလေး ရှိတတ်ပါတယ်။ အများအားဖြင့်တော့ တခြားသူတွေက လှုံ့ဆော်တာ၊ တုံ့ပြန်တာတွေခံရ၊ ခံယူကြရ၊ ထိန်းချုပ်ခံကြရတာပါ။ တခြား လူတွေနဲ့ဆက်ဆံရာကနေ ယဉ်ကျေးမှု တွေ၊ ခံစားချက်တွေ၊ Óဏ်ပညာတွေ၊ ကိုယ်ကျင့်တရားတွေ ဖြစ်ပေါ်လာတာပါ။ ဟုတ်တာပေါ့။ လူတွေဟာ အထီးကျန် ဖြစ်နေတဲ့အချိန်၊ မထင်မရှားဖြစ်သွား တဲ့အချိန်၊ တခြားလူတွေနဲ့ ကင်းကွာသွား တဲ့ အခါမျိုးဆိုရင် လူအတော်များများဟာ ဘဝရဲ့အဆိုးဆုံးအခြေအနေတွေနဲ့ တွေ့ကြုံရင်ဆိုင်ကြရ၊ ခံစားကြရတယ်။ ဒါကြောင့်လည်း လူတွေကို အထီးကျန်သူ တစ်ယောက်လိုမကြည့်ဘဲ လူမှုရေး သတ္တဝါလိုကြည့်ကြတာပါ။ တစ်နည်းပြောရ ရင်တော့ လူတွေဟာ သူ့ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု၊ ထိန်းချုပ်မှုကို ခံယူကြရတဲ့သူ တွေလို့ မြင်နိုင်ပါတယ်။ လူတစ်ယောက် ဟာ အခြားသူတွေနဲ့ အပြန်အလှန် ဆက်ဆံမှုတွေ၊ ရေရှည်ရစ်ပတ်နှောင်တွယ် မှုတွေရှိတာကို အသိအမှတ်ပြုဖို့ လိုအပ် ပါတယ်။ ကိုယ်ဟာ ဘယ်လူ့အဖွဲ့အစည်း ကလူလို့ ပိုင်ဆိုင်မှုခံယူချင်တယ်။ အဲဒီပိုင် ဆိုင်မှုကို ပြသချင်တယ်။ အဖွဲ့အစည်း တွေရဲ့ ထိန်းချုပ်မှုကိုလည်းခံယူတယ်။ ဒီလိုနေရတာကို ကျေနပ်တယ်။ ကိုယ့်ရဲ့ အမှတ်အသားသင်္ကေတလည်းဖြစ်တယ်။ လုံခြုံစိတ်ချမှုကိုလည်း ရစေတယ်။ လူ့ အဖွဲ့အစည်းနဲ့ဆက်ဆံရင်း တစ်ကိုယ် ကောင်းစိတ်တွေ၊ အခွင့်အရေးသမားဖြစ် ချင်တဲ့စိတ်တွေကို ချိုးနှိမ်နိုင်ကြတယ်။ ဒါပေမဲ့ သူ့အုပ်စု၊ ကိုယ့်အုပ်စုတွေ ရယ်လို့ ပြတ်သားသွားပြီဆိုရင်၊ အုပ်စု အချင်းချင်း ပဋိပက္ခဖြစ်ကြပြီဆိုရင် ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုရဖို့ မဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။
 ဒါဖြင့် လူတွေဟာ ဘာကြောင့်သူများ တွေအတွက်လုပ်ပေးကြတာလဲ၊ ဘယ် အရာတွေကလူတွေကို လှုံဆော်သလဲ။
(၂) အခြေခံအနေနဲ့တော့ လူတွေဟာ ကိုယ့်ရဲ့ကိုယ်ကျိုးအတွက် ပြုမူလှုပ်ရှားကြ တာပေါ့။ သူတို့တစ်တွေဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ကြိုးစားကြတယ်။ ဘယ်နည်းနဲ့မဆို ကြိုးစားကြတယ်။ အဲသလို ကြိုးစားရာမှာ တခြားသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေ၊ ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ထိခိုက်ချင်လည်း ထိခိုက် မယ်။ ဆာလောင်မွတ်သိပ်မှုကိုဖြေရှင်းဖို့ သစ်ပင်စိုက်မယ်၊ ဝယ်မယ်၊ ဒါမှမဟုတ်ရင် ခိုးမယ်။ ခိုးတဲ့အခါ ဘာတွေတွေ့ကြုံရ သလဲဆိုတော့ အထိခိုက်အဆုံးအရှုံး ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်စေတယ်။ မခိုးဘဲ ရိုးရိုးသားသား လုပ်ကိုင်စား သောက်ပူးပေါင်းဆောင်ရွက်ကြတဲ့ လူ့အဖွဲ့အစည်းတွေလောက် စိတ်မ ချမ်းသာကြရဘူး။ လေလွင့်ဆုံးရှုံးမှုတွေ များတယ်ဆိုတာ သိလာကြတယ်။ ခိုးတာ လိုပဲ အလားတူအလကားရဖို့ ချောင်းနေ တဲ့ သူတွေကို၊ ဘယ်လိုထိန်းကြမလဲ၊
    သဘောတရားအရ လူတွေတခြား သူတွေရဲ့ အကျိုးစီးပွားအတွက်၊ ဆောင်ရွက်စေမယ့်နည်းလမ်း ၃ ခုရှိတယ် လို့ ပညာရှင်တွေက ဆိုပါတယ်။
(က) တခြားလူတွေအပေါ်မေတ္တာထားလို့၊ ချစ်ခင်လို့၊ စည်းလုံးညီညွှတ်လို့၊ ပရဟိတ စိတ်တစ်မျိုးမျိုးရှိလို့
(ခ) အမိန့်ပေးလို့၊ ခြိမ်းခြောက်လို့
(ဂ) ကိုယ့်သဘော၊ ကိုယ့်ဆန္ဒအလျောက် (အများအကျိုးဆောင်ရင် ကိုယ့်အကျိုး အောင်မယ်လို့ယုံကြည်လို့) (ကိုယ့်အကျိုး အတွက်)
 ပထမနည်းလမ်းက မိသားစုလို အုပ်စု ငယ်လေးတွေ၊ မိတ်ဆွေတွေနဲ့ဆိုရင် အဆင်ပြေတယ်။ အသိအမှတ်ပြုခံရ တယ်။ ဂုဏ်ရှိတယ်။ အုပ်စုလေးဆိုတော့ ကြီးကြီးကျယ်ကျယ်ညှိနှိုင်းနေစရာ၊ စောင့်ကြည့်နေစရာမလိုဘဲ ကိုယ်ကျရာ ကျရာ၊ သန်ရာသန်ရာကို အလုပ်တာဝန်ခွဲ ဝေ လုပ်ကိုင်နိုင်တယ်။ အုပ်စုငယ် လေးတွေ ရှင်သန်ရတဲ့အကြောင်းရင်းက ဒီအချက်ပဲ။ အများအကျိုးဆောင်တာ၊ တခြားသူတွေကို မေတ္တာထားတာဟာ၊ မွန်မြတ်တယ်။ ချီးကျူးထိုက်တယ်ဆိုတဲ့ ဗီဇစိတ်ကြောင့် အုပ်စုငယ်လေးတွေ၊ လူမျိုးစုလူနည်းစုတွေ နှစ်ပေါင်း ထောင်သောင်းချီ ရပ်တည်နိုင်ခဲ့ကြတာပါ။
 အုပ်စုငယ်လေးတွေမှာ တစ်ယောက် အကြောင်းတစ်ယောက်သိကြတယ်။ တစ်ယောက်နဲ့တစ်ယောက်စာနာမှု၊ ကြင်နာမှုရှိကြတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အခုခေတ်လို စက်မှုလက်မှု ခေတ်၊ လူမှုဆက်သွယ်ရေးခေတ်မှာ စောစောက ပြောတဲ့ အကျင့်ကောင်းတွေကို ဘာလို့လွှဲ ပြောင်းမရသလဲ၊ နိုင်ငံ ဆိုတာ မိသားစု တွေနဲ့တူတာမဟုတ်ဘူးလို့ ပြောကြတယ်။ ပေါင်မုန့်ဖုတ်ရောင်းတဲ့ သူတွေဟာ ပရဟိတအတွက် အခမဲ့ပေးတာမျိုး မဟုတ်ဘူးလို့ ဆိုကြပြန်တယ်။ သူတို့ ပြောတာတွေ အားလုံးမှန်ပါတယ်။ သူစိမ်း တစ်ရံဆံတွေနဲ့ဆက်ဆံတဲ့အခါ မေတ္တာ မဟုတ်၊ သွေးစည်းညီညွတ်မှု မဟုတ်တဲ့ တခြားအကြောင်းတရားတွေ လိုအပ်ပါ တယ်။
 ဆိုရှယ်လစ်ခေတ်က ထွင်ခဲ့တဲ့ ]လုပ်နိုင် သလောက်-လုပ်၊ လိုအပ်သလောက်-ယူ} ဆိုတဲ့ြွေကးကြော်သံဟာလည်း နောက်ဆုံး မှာ ဆင်းရဲနွမ်းပါးမှုဆီကို ပို့ဆောင်ပေးခဲ့ တာ ဘာကြောင့်လဲ၊ လူတွေကို ပရဟိတ သမားတွေအဖြစ်ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာ မအောင်မြင်လို့ပေါ့။ ဒီလိုဆိုရင် လူတွေကို အတင်းအကြပ်တိုက် တွန်းရမှာလား၊ ဘယ်နည်းနဲ့ပဲရွေးရွေး၊ နိုင်ငံတော်အဆင့်အတွက် ရွေးကောက် တင်မြှောက်ခံထားရသူတွေဟာ လူ့အဖွဲ့ အစည်းက သတ်မှတ်တဲ့ စံချိန်စံညွှန်း အတိုင်း လိုက်နာလုပ်ဆောင်ခြင်း မရှိသူ တွေကို ပြစ်ဒဏ်ချမှတ်ဖို့ အာဏာရယူ လာကြ တာမဟုတ်လား။ ဆိုရှယ်လစ် ခေတ်မှာ အတင်းအကြပ်ခိုင်းစေမှုနဲ့ အကြောက်တရားဟာ သူများအတွက် လူတွေအလုပ်လုပ်စေဖို့ အဓိကတွန်းအား တစ်ခုဖြစ်ခဲ့တယ်။ ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ထားကြတယ်။ တာဝန်ရှောင် ကြတယ်။ ခရစ်ယာန်ဘာသာမှာလည်း တခြားသူတွေကို ညီညီညွတ်ညွတ်ဆက်ဆံ ဖို့ ပညာပေးတာနဲ့ ဆုတောင်းတာကို အသုံးပြုတယ်။ အုပ်စုငယ်လေးတွေ အတွက်တော့ ဒီနည်းက အဆင်ပြေသ ပေါ့။ ဒါပေမဲ့ကြီးမားတဲ့ အဖွဲ့အစည်း တွေကျတော့ စုစည်းညီညွတ်မှု တွေလျော့ ကျ၊ တစ်ယောက်နဲ့တစ်ယောက် အလှမ်း ကွာလာကြပြီး ထိုက်သင့်တဲ့လူနေမှုအဆင့် အတန်းရရှိအောင် ဆောင်ရွက်မပေးနိုင် ခဲ့ပါဘူး။
 တတိယအကြောင်းတရားကတော့ ကိုယ်ကျိုး ဒါမှမဟုတ် အတ္တဟိတပါ။ ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ၊ အလဲအလှယ်တွေ အလိုအလျောက် ဖြစ်ပေါ်နေတာဟာ အတ္တဟိတကြောင့် ပေါ့။
 လူတွေဟာ၊ တစ်ယောက်နဲ့တစ်ယောက် သတင်းအချက်အလက်တွေ ဖလှယ်ကြ တယ်။ ကူညီကြတယ်။ ဘာလို့လဲဆိုတော့ တခြားသူတွေ ဘာတွေပေးစရာ၊ ရောင်း စရာတွေ ရှိကြသလဲသိချင်လို့။ ဆရာဝန်က ညကြီးအချိန်မတော်ထပြီး နေမကောင်းတဲ့ ကလေးကိုဆေးကုရတာဟာ ငွေကြေး ကြောင့်ပေါ့။ ဒါပေမဲ့ ဒီလိုအတ္တရဲ့ ဘေးထွက်ကောင်းကျိုးအနေနဲ့ ကလေးရဲ့ ဝေဒနာ သက်သာပျောက်ကင်းစေတယ်။ မိသားစုထဲမှာ စည်းလုံးညီညွတ်ရမယ်လို့ သင်ယူလာခဲ့တဲ့ လူငယ်တစ်ယောက်ဟာ လူစိမ်းတွေအလယ်မှာ လူတွေဟာ သူတို့အကျိုးရှိမယ့်အလုပ်တွေလုပ်ကြ၊ ငွေရှာကြတယ်ဆိုတာ သိသွားတော့ အထိတ်တလန့် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ လူအမျိုးမျိုးဟာ ကျွမ်းကျင်မှု အမျိုးမျိုး၊ ပိုင်ဆိုင်မှုတွေ အမျိုးမျိုးရှိတဲ့ သူတွေဟာ၊ တခြားသူရဲ့အကျိုးစီးပွားကို တကယ် ဂရုမစိုက်၊ ကိုယ့်အကျိုးအတွက် လုပ်ရင်းနဲ့ သူများအကျိုးတွေ ဖြစ်လာ ကြတယ်။ အခုလိုလုပ်တာကိုပဲ မမြင်ရတဲ့ လက်ကြီးရဲ့ စေစားမှုကြောင့်လို့ တင်စားကြတာပါ။
    လက်တွေ့လောကမှာ ဈေးကွက် ယန္တရားထဲက မမြင်ရတဲ့လက်ကြီးကို ထိန်းချုပ်မှုတွေ တစ်စုံတစ်ရာလုပ်ပေး ကြရတယ်။ ဥပမာ ဆရာဝန်တစ်ယောက် ရဲ့ အရည်အသွေးကို စံချိန်စံညွှန်းသတ် မှတ်ကြရတယ်။ ကိုယ်ကျိုးကိုကျော်လွန်တဲ့၊ ရေရှည်ဆက်ဆံရာမှာ နာမည်မပျက်၊ နာမည်ကောင်းရစေဖို့ ကြိုးစားကြရတယ်။
 လူတွေဟာ မိမိရဲ့ကိုယ်ကျိုးအတွက် အများအကျိုးကို ဆောင်ရွက်ပေးကြပြီး ရလာတဲ့အကျိုးကျေးဇူးကို သူတို့ကိုပဲ ခံစားခွင့်ပြုမှ အလုပ်လုပ်ကြတာ။ သူတို့ ကြိုးစားပမ်းစားလုပ်လာတာကို တခြားသူ တွေနဲ့ ဇွတ်အတင်းဝေခိုင်းလို့မရဘူး။ ဒါကြောင့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ကိုယ့်လုပ် အားကို ကိုယ့်သဘောအတိုင်း အသုံးပြုခွင့် ဆိုတာတွေ လိုအပ်လာတာပေါ့။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို တခြားသူမတရားရယူ ပိုင်ခွင့်မရှိ၊ ကိုယ့်သဘောနဲ့ကိုယ် အသုံးချ ခွင့်တွေရှိရမယ်။ ဒီလိုမှမရှိရင် တခြားသူတွေလိုအပ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ထုတ်လုပ်ချင်စိတ်ရှိမှာ မဟုတ်ဘူး။ လူတွေရဲ့ခေါင်းထဲက Óဏ်ပညာတွေကို တခြားလူတွေအ တွက် အသုံးချဖို့ဆိုတာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အာမခံတဲ့ စည်းမျဉ်းစည်း ကမ်း တွေရှိရပါတယ်။
 ယူဂန်ဒါက မာ့ခစ်ဝါဒီဟောင်း ပြည်တွင်း စစ်ရပ် စီးပွားရေးဦးမော့အောင် လုပ်ပေး ခဲ့တဲ့ သမ္မတကတော့ ]စုပေါင်း စနစ်ဆိုတာ မှားယွင်းတဲ့မဟာဗျူဟာ ဖြစ်တယ်။ ပြတ်နေတဲ့ပစ္စည်းတွေကို ပရဟိတ စိတ်ဓာတ်နဲ့ ထုတ်ခိုင်းလို့ရမလား။ သူတို့မှာ အလျှံပယ်ရှိနေတဲ့ အတ္တဟိတကို အသုံးချ ပြီးထုတ်ခိုင်းမလား}တဲ့။
ညွှန်း- Institutional Economics


ခင်မောင်ညို

Previous Next