27 Feb, 2019
ဝယ်ယူရန်အကြောင်းပြချက်ငါးချက်

မြန်မာတို့အတွက် မြန်မာ့နည်း မြန်မာ့ဟန်မားကက်တင်း(၁၀)

(၄)ကုန်ပစ္စည်းနှင့်ပတ်သက်၍ အသိသုတရှိမှု
    ကုန်ပစ္စည်းနှင့်ပတ်သက်၍ အသိ သုတဆိုင်ရာများကိုဖန်တီးအကောင်အ ထည်ဖော်ကြရာ၌ မိမိတို့ဦးတည်ဈေး ကွက်ကိုအခြေခံ၍ဆောင်ရွက်ကြရမည် ဖြစ်သည်။ အထူးသဖြင့်မိမိတို့၏ ကုန် ပစ္စည်း၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသိသုတများကို မိမိတို့၏ဦးတည် ဈေးကွက်သို့ မှန်မှန်ကန်ကန်၊ မြန်မြန် ဆန်ဆန်နှင့်ထိထိရောက်ရောက်ပေးပို့ နိုင်လေလေ မားကက်တင်းအရ အ ကျိုးရှိနိုင်လေလေဖြစ်သည်။
    မိမိတို့၏ မြန်မာ့ထုတ်ကုန်များကို ဒေသတွင်းဈေးကွက်၊ ကမ္ဘာ့ဈေးကွက် များသို့တင်ပို့ရောင်းချရာတွင် မိမိတို့၏ ကုန်ပစ္စည်းနှင့်ပတ်သက်၍ကောင်းမွန် မှန်ကန်ထိရောက်သည့် သတင်းအ ချက်အလက်များဖြန့်ဝေဆောင်ရွက်နိုင် ကြရန်အထူးလိုအပ်ပါသည်။
(၅) ကုန်ပစ္စည်း၏ပုံပန်းသဏ္ဌာန်သွင် ပြင်
    မားကက်တင်းပညာတွင် ကုန် ပစ္စည်း၏ ပုံပန်းသဏ္ဌာန်၊ သွင်ပြင် မှာလွန်စွာအရေးပါသည်။ ဥပမာ လှပ ကျော့ရှင်းသောအမျိုးသမီးတစ်ယောက် တောက်ပြောင်နေသော ကားကြီးတစ် စင်းပေါ်မှ ဆင်းလာပြီး ကောင်းမွန်စွာ ထုပ်ပိုးပြင်ဆင်ထားသောကုန်ပစ္စည်း တစ်ခုကို ကိုင်ဆောင်ထားသည်ကို တွေ့မြင်ရပါက ၎င်းကုန်ပစ္စည်းကို လူ အများမှဝယ်ယူချင်စိတ်ဖြစ်ပေါ်လာမည် သာဖြစ်သည်။ ကုန်ပစ္စည်း၏ ပုံပန်း သဏ္ဌာန်သွင်ပြင်သည် ဝယ်သူများ၏ ပထမဦးဆုံးစိတ်ဝင်စားမှုကိုရရှိရန်အ တွက် အရေးကြီးဆုံးအချက်ဖြစ်သည်။
မဝယ်ယူရန်အကြောင်းပြချက်(၅)ချက်
    ဝယ်သူများသည် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ဝယ်ယူရန်အ ကြောင်းပြချက်(၅)ချက်ရှိသလို မဝယ် ယူရန်အကြောင်းပြချက်(၅)ချက်လည်း ရှိပါသည်။ ဝယ်သူများအနေဖြင့် ကုန် ပစ္စည်း၊ ဝန်ဆောင်မှုများကို မဝယ်ယူ ရန်အကြောင်းပြချက်(၅)ချက်မှာ
(၁) ဒီပစ္စည်းကဈေးကြီးလွန်းတယ်
(၂) ဒီပစ္စည်းကအလုပ်ဖြစ်မှာမဟုတ် ဘူး
(၃) ဒီပစ္စည်းကငါနဲ့ဖြစ်မှာမဟုတ်ဘူး
(၄) လောလောဆယ်ဝယ်ဖို့မလိုသေး ပါဘူး။ ငါစောင့်နိုင်ပါတယ်။
(၅) ဒီပစ္စည်းက တော်တော်သုံးရခက် တယ်။ ငါသုံးတတ်မှာမဟုတ်ပါဘူး။
    မိမိတို့၏ကုန်ပစ္စည်း၊ ဝန်ဆောင်မှု များကို ထိရောက်ကောင်းမွန်စွာ ရောင်းချလိုသူများအနေဖြင့် ဝယ်သူ များ၏ စိတ်နေသဘောထားနှင့်စိတ်ခံ စားမှုများကို ကောင်းစွာနားလည်သ ဘောပေါက်ရန်လိုအပ်သည်။
    ဝယ်သူများသည် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ゞင်းတို့ ဆုံးရှုံးနစ်နာမည်ကိုကြောက်ရွံ့ကြသည်။ ဤသည်မှာ ဝယ်သူများအားလုံး၏ တူညီသည့် စိတ်နေသဘောထားဖြစ် သည်။ ဝယ်သူများသည် ゞင်းတို့၏ ဝယ်ယူမှုဆိုင်ရာဆုံးဖြတ်ချက်များမှား ယွင်းသွားမည်ကိုစိုးရွံ့ကြသည်။ ၎င်းတို့က စွန်းစားရမည်ကို မုန်းပြီးသေချာ သည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို သာဝယ်ယူလိုကြသည်။
    သို့ဖြစ်၍ ဝယ်သူများ၏ စိုးရိမ်မှု အတားအဆီးများကိုသာ ကောင်းမွန် မှန်ကန်စွာကျော်လွှားနိုင်ပါက မိမိတို့ ၏ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို သေချာပေါက်ဝယ်ယူကြမည်သာဖြစ် ပါသည်။ သို့ဆိုလျှင် ဝယ်သူများ၏ မ ဝယ်ယူရန်အကြောင်းပြချက်(၅)ချက်ကို မည်သို့ကျော်လွှားပါမည်နည်း။
Ref: The personal MBA
By: Josh Kaufman

လင်းသိုက်ညွန့် (မြန်မာ့မြေ)

Previous Next