18 Mar, 2019
ငြင်းပယ်ခြင်း အနုပညာ

    ကိုယ့်မှာအဆင်မပြေပါလျက် အခက်အခဲရှိပါလျက်နဲ့အားနာတတ်လို့၊ မ ငြင်းလိုက်ချင်လို့ ကူညီပေးလိုက်ရတာမျိုး၊ အိတ်စိုက်လုပ်ပေးလိုက်ရတာမျိုးလူတိုင်း ကြုံဖူးကြမှာပါ။ ဥပမာဆိုပါစို့ အသိတစ် ယောက်က ကိုယ့်ကိုဖုန်းဆက်လာတယ်။ ကိုယ်နေတဲ့မြို့ကို အလည်အပတ်ရောက် တုန်း ကိုယ့်ဆီမှာလာတည်းခိုပါရစေလို့ ပြောလာမယ်။ ပြောရမယ်ဆိုရင် သူက ကိုယ်နဲ့သိပ်မရင်းနှီးတဲ့လူ။ ပြီးတော့ သူ့အနေနဲ့တည်းခိုခန်းမှာတည်းလို့လည်းရနေတာ ပါပဲ။ ဒီတော့သူကိုယ့်ဆီမှာ လာနေမှာကို သိပ်တော့မကြိုက်လှဘူး။ ဆိုတော့ ကိုယ့် မှာ ရွေးချယ်စရာ(၃)ခုပဲရှိတယ်။ 
(၁) လာနေလို့ရပါတယ်လို့ ဖြေလိုက်မယ်။ ပြီးတော့ ကိုယ့်ဘက်က မလာစေချင်ပေမဲ့ ရပါတယ်လို့ဖြေလိုက်မိတဲ့အတွက် စိတ်ထဲ တနုံ့နုံ့နဲ့ကိုယ့်ဘာသာစိတ်မကောင်းဖြစ်နေ မယ်။
(၂) မလာနဲ့လို့ဖြေလိုက်မယ်။ ပြီးတော့ အဲဒီ လိုငြင်းလိုက်မိတဲ့အတွက် အားနာပြီးစိတ် မကောင်းဖြစ်နေမယ်။ 
(၃) မလာနဲ့လို့ပဲဖြေလိုက်မယ်။ ပြီးတော့ အဲဒီလိုငြင်းလိုက်ရတဲ့အတွက်လည်း ဘာမှ စိတ်မကောင်းဖြစ်မနေတော့ဘူး။
    ဒီတော့ ကိုယ့်အနေနဲ့နံပါတ်(၃)ကိုပဲ ရွေးချယ်ရမှာပါပဲ။ စာဖတ်သူတို့အနေနဲ့ တစ်နယ်တစ်ကျေးကလာတဲ့လူကို အားမ နာတမ်းဘယ်လိုများငြင်းနိုင်ပါလိမ့်မလဲလို့ အံ့ဩနေမိမှာပါ။ အဲဒီအဖြေကိုမဖြေခင် ကျနော်တို့အနေနဲ့လူတွေဟာ သူများတွေ ရဲ့တောင်းဆိုမှုကိုအားမနာတမ်းငြင်းပယ် လိုက်ဖို့ဘာလို့ခက်ခဲရသလဲဆိုတာအရင်သိ ထားဖို့လိုပါတယ်။ ကျနော်တို့အနေနဲ့အကူ အညီတောင်းခံရတဲ့အခါ မလုပ်ပေးနိုင်ပါ ဘူးလို့ ငြင်းဆန်ရတာက ကိုယ့်ကိုယ်ကိုယ်အ ရိုင်းဆန်သလိုခံစားရစေပါတယ်။ လူတော် တော်များများက ကိုယ့်ကိုရိုင်းတဲ့လူလို့ တစ် ဘက်သားကမြင်သွားမှာအရမ်းစိုးရိမ်ကြပါ တယ်။ တစ်ဘက်သားကို ကိုယ့်ဘက်က အရေးမလုပ်သလိုဖြစ်ပြီး အပြစ်ရှိသွားမှာ ကိုစိုးရွံ့တတ်ကြပါတယ်။ ကိုယ့်ကိုမကူညီ တတ်တဲ့သူလို့ အမြင်ခံရပြီး အပေါင်းအ သင်းမဆံ့မှာလည်းစိုးရိမ်တတ်ကြပြန်ပါသေး တယ်။ အဲဒီမှာတင်ပဲ စိတ်အနှောင့်အ ယှက်မဖြစ်ချင်တာကြောင့် တစ်ဖက်သား က တောင်းဆိုတဲ့အတိုင်းလိုက်လျော ဆောင်ရွက်ပေးလိုက်တော့တာပါပဲ။
    ဒါ့အပြင် ကျနော်တို့က တစ်ဖက်သား ကိုငြင်းပယ်တဲ့အခါကျပြန်တော့လည်း ပြတ်ပြတ်သားသားမငြင်းပယ်ကြဘဲ နောက်ဆက်တွဲအခွင့်အရေးလေးတွေနဲ့ ငြင်းတတ်ကြပြန်ပါသေးတယ်။ ဥပမာ-ကျနော်ကတော့ ကူညီချင်ပါတယ်ဗျာ။ လောလောဆယ်အလုပ်တွေအရမ်းကို များနေလို့ပါလို့ပြောတာမျိုး။ အဲဒီလိုအ ပြောမျိုးက တစ်ဖက်သားကိုနောက်ထပ်  မေးခွန်းတွေထပ်မေးဖို့ အခွင့်အရေးပေး လိုက်တာပါပဲ။ တစ်ဖက်လူကလည်း ဒီလို အပြောခံရတဲ့အခါ သူ့အတွက်အခွင့်အ ရေးရှိသေးတယ်လို့ယူဆပြီးတော့ ]ဒီတစ် ပတ်မအားဘူးဆိုရင် နောက်တစ်ပတ်ဆိုရင် ရောအဆင်ပြေမလား}ဆိုတာမျိုးထပ်မေး လာတော့မှာပါ။
    ဒီတော့ကျနော်တို့ငြင်းပယ်တဲ့အခါ ဘယ်လိုထိထိရောက်ရောက်ငြင်းပယ်ကြမ လဲ။
(၁) ငြင်းဖြစ်အောင်ငြင်းလိုက်ပါ။
    မျှော်လင့်ချက်တွေပေးမနေဘဲ ပြတ် ပြတ်သားသားငြင်းပယ်လိုက်ပါ။ နောက် ဆက်တွဲပြောစကားမျှော်လင့်ချက်တွေက တစ်ဖက်လူကိုနောက်ထပ်မေးခွန်းတွေ မေး ဖို့အခွင့်အရေးပေးသလိုဖြစ်နေမယ့်အတွက် ကြောင့်ပါ။ ငြင်းဖို့တွေဝေမနေပါနဲ့။ ကိုယ့် အနေနဲ့ဆန္ဒရှိမယ်ဆိုရင် ဖြေရှင်းချက်အ ကျဉ်းချုပ်ပေးချင်လို့ရပါတယ်။ ဒါပေမဲ့ မဖြစ်မနေပေးနေဖို့မလိုတာသတိပြုရမှာပါ။ စကားလုံးနည်းနည်းနဲ့ငြင်းပယ်နိုင်လေ ပို ကောင်းလေပါပဲ။
(၂) ယဉ်ယဉ်ကျေးကျေးနဲ့ ယတိပြတ် ပြောပါ။
    ကျနော်တို့အနေနဲ့]အခုအချိန်တော့ ကျနော်မပြောနိုင်သေးဘူး။ ဒါပေမဲ့ ကျ နော်ကူညီနိုင်မလားဆိုတာရယ်၊ ဘယ်အ ချိန်လောက်ကူညီနိုင်မလဲဆိုတာသိရရင် ပြန်ပြောပေးပါမယ်}ဆိုတာမျိုးပြောလို့ရပါ တယ်။ ဒါက ယဉ်ကျေးရာရောက်သလို ဒီကိစ္စရဲ့ဆုံးဖြတ်နိုင်မှုကို ကိုယ့်လက်ထဲမှာ ပဲ ထည့်ထားလိုက်တာပါ။ ကိုယ်က ဆုံး ဖြတ်ရသူဖြစ်သွားပြီးတော့ သူတို့ကိုကူညီ နိုင်မလား ဘယ်အချိန်မှာကူညီမယ်ဆိုတာ ကို ကိုယ်တိုင်ပဲဆုံးဖြတ်ပေးရမှာပါ။ ကျ နော်ကူညီနိုင်မယ့်အခြေအနေနဲ့ ကူညီမယ့် အချိန်ကို သူဆုံးဖြတ်ပေးလို့မရပါဘူး။ နောက်တစ်နည်းကူညီပေးဖို့အတွက် ကျ နော့်မှာ ဘယ်လိုမှကိုအချိန်ခွဲပေးလို့မရနိုင် အောင်ကိုဖြစ်နေတယ်ဗျာ။}ဆိုတာမျိုးပြော လို့ရပါတယ်။
(၃) လူတွေရဲ့ ပရိယာယ်ကို နားလည်ပါ။
    လူတော်တော်များများနဲ့ အဖွဲ့အ စည်းတော်တော်များများက အကြပ်ကိုင် တဲ့နည်းလမ်းတွေကိုသိလျက်ဖြစ်စေ၊ မသိလို့ ဖြစ်စေ သုံးတတ်ကြပါတယ်။ ကျနော်တို့ ကြုံဖူးကြမှာပါ။ ရန်ပုံငွေကောက်တဲ့ပွဲမျိုး တွေကို သွားမိတဲ့အခါ အဲဒီမှာ ကိုယ့်ကို ဖိအားထည့်ပေးထားတဲ့မေးခွန်းတွေကို ဖြေ ရတတ်ပါတယ်။ ]ခင်ဗျားအနေနဲ့ ရန်ပုံငွေ ဘယ်လောက်ထည့်မယ်စိတ်ကူးထားလဲ။ တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း ထည့်လို့ရပါတယ်။ ဒီထက်ပိုထည့်ချင် လည်းရပါတယ်ဗျာ။}ဆိုတာမျိုး။ ]ဒီကိုလာ တဲ့လူတော်တော်များများကတော့ နှစ် သောင်းလောက်လှူကြတာပါပဲ။ ခင်ဗျား ရောဘယ်လောက်လှူချင်လဲ}ဆိုတာမျိုး တွေပေါ့။ ဒီမေးခွန်းတွေက လူမှုရေးကို အသုံးချပြီးဖိအားပေးထားတဲ့မေးခွန်းတွေ ပါ။ ဒါတွေကိုသိထားဖို့လိုပါတယ်။
(၄) ခင်မင်မှုကို ပိုင်းခြားတတ်ပါစေ။
    တစ်ခါတလေ ကိုယ်နဲ့အကူအညီ တောင်းတဲ့လူရဲ့ရင်းနှီးမှုအခြေအနေကို မသုံးသပ်မိတာရယ်။ ကိုယ့်ဘက်က ဒီရင်း နှီးမှုအခြေအနေမှာ ဘယ်အဆင့်ထိသ ဘောထားတယ်ဆိုတာကို စဉ်းစားချိန်မရ တဲ့အတွက်ကြောင့် ငြင်းပယ်ရတဲ့အခါ အ ခက်တွေ့ရတတ်ပါတယ်။ တစ်ဖက်လူနဲ့ မိမိကြားက ဆက်ဆံရေးအခြေအနေကို တကယ်နားလည်ပြီး ကိုယ့်ရဲ့ရင်းနှီးမှုအ ဆင့်ကိုသိလာတဲ့အခါမှာတော့ ငြင်းပယ် လိုက်လို့ဖြစ်လာမယ့်အကျိုးဆက်တွေကို စိတ်ပူစရာလိုတော့မှာမဟုတ်ပါဘူး။ သူနဲ့ ကိုယ်ဟာ တကယ်ခိုင်မာတဲ့ဆက်ဆံရေး မျိုးဆိုရင် ကိုယ်ကငြင်းပယ်လို့လည်း အခင် အမင်ပျက်မှာမဟုတ်ဘူးဆိုတာတွေ့ရမှာ ပါ။
(၅) အကူအညီလာတောင်းတဲ့လူကို ပြန် မေးပါ။
    ဒါကလုပ်ငန်းခွင် အခြေအနေမျိုးမှာ ဆိုရင် အရမ်းသင့်တော်ပါတယ်။ ဥပမာ ကိုယ့်အထက်အရာရှိက ကိုယ်လုပ်နိုင်တဲ့ အလုပ်တွေထက်ပိုပြီး တာဝန်ပေးလာပြီ ဆိုရင် ကျနော်တို့အနေနဲ့ ]ကျနော်တော့ ဖြင့် ဒီအလုပ်(၃)ခုကိုလုပ်နိုင်ပါတယ်။ ဒါ ပေမဲ့ အလုပ်အရည်အသွေးကောင်းဖို့ဆို ရင် အချိန်နှစ်ပတ်နဲ့တော့မရပါဘူး။ သုံး ပတ်တော့စောင့်ရပါမယ်။ ဒီတော့ ဘယ်အ လုပ်တွေကို အရင်ဆုံးစလုပ်စေချင်ပါသလဲ} ဆိုတာမျိုးပြန်မေးလို့ရပါတယ်။
(၆) ဆုံးဖြတ်ချက်ကို ယိမ်းယိုင်မသွားပါ စေနဲ့။
    တကယ်လို့သူ့ဘက်က ကိုယ်ငြင်းတာ ကိုလက်မခံနိုင်ဘူးဆိုရင်တော့ သူဟာ ကိုယ့်အတွက် မိတ်ဆွေစစစ်၊ သူငယ်ချင်း ကောင်းမဟုတ်တာသေချာနေသလို ကိုယ့် အပေါ်မှာ လေးစားမှုမရှိဘူးဆိုတာကိုပြ နေတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်အတိုင်းပဲ နေလိုက်ပါ။ ဘာမှလည်းခံစားမနေပါနဲ့။ သူဟာကိုယ့်အတွက် နောက်ကိုလည်း အဆင်ပြေလာမယ့်လူမျိုးမဟုတ်ပါဘူး။
(၇) တစ်ကိုယ်ကောင်းဆန်တတ်ပါ။
    ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပဲ ရှေ့ တန်းတင်ပါ။ တစ်ဖက်ကတောင်းဆိုလာ တဲ့ လိုအပ်ချက်တွေကို ရှေ့တန်းမတင်ပါ နဲ့။ တကယ်လို့ ကိုယ်ကသူများရဲ့အလိုဆန္ဒ တွေကိုပဲ ရှေ့တန်းတင်လုပ်ပေးနေမယ်ဆို ရင် ကိုယ့်အလုပ်က ယိုယွင်းလာမှာဖြစ် သလို ကိုယ့်စိတ်မှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းတာ၊ မခံချင်စိတ်ဖြစ် တာ၊ နာကြည်းခံပြင်းသလိုဖြစ်တဲ့စိတ်တွေ မြင့်တက်လာတာပဲတွေ့ကြုံရပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ ဘီလျံနာသူဌေးကြီး ဝါရင်းဘတ်ဖန့်ပြောတဲ့စကားတစ်ခွန်းက နေ သင်ခန်းစာယူလို့ရပါတယ်။ သူက ]အောင်မြင်တဲ့လူနဲ့အလွန်အောင်မြင်တဲ့လူ ကြားက ကွားခြားချက်ကအလွန်အောင် မြင်တဲ့လူတွေက အရာရာတိုင်းနီးပါး လောက်ကို ဓသြဓ လို့ပြောတတ်တာပါပဲ} လို့ပြောခဲ့ဖူးပါတယ်။
    ဒီတော့ ကျနော်တို့အနေနဲ့ လူတိုင်း ကို ကျေနပ်အောင်လုပ်ပေးချင်တဲ့စိတ်ကို ဖျောက်ဖို့လိုအပ်ပါတယ်။ လူ့အလိုနတ်မ လိုက်နိုင်ဆိုတဲ့စကားလည်းရှိသေးတယ်မ ဟုတ်လား။ ကိုယ်မလုပ်ပေးနိုင်တဲ့အရာ အတွက် ကျနော်တို့အားလုံးမှာ ငြင်းခွင့်ရှိ ပါတယ်။ အားလုံးပဲ အဆင်ပြေပြေငြင်း ပယ်နိုင်ကြပါစေ။
 

နေသစ် (MDY)

Previous Next