19 Mar, 2019
ဘယ်လိုလစာတိုးတောင်းမလဲ

    ကိုယ့်ရဲ့လစာကို ဘယ်လိုတိုးတောင်း မလဲ။ ဒါကအရေးကြီးတဲ့အချက်ပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာလစာတိုးတောင်း သင့်သလဲ။ ကိုယ်တာဝန်ယူရတဲ့အလုပ်နဲ့ ကိုယ်ရတဲ့လစာက မညီမျှဘူးလို့ထင်ရတဲ့ အခါ၊ ရသင့်ရထိုက်တဲ့လစာမရဘူးလို့ ထင်ရတဲ့အခါမျိုးတွေမှာ လစာတိုးတောင်း ကြပါတယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့လစာကို ဘယ်လိုတိုးတောင်းကြမလဲ။ ကိုယ်ကတ ကယ်ပဲ လစာတိုးတောင်းဖို့ထိုက်တန်ရဲ့ လား၊ ရသင့်ရထိုက်တာသေချာရဲ့လားဆို တာတွေတော့ ဝေဖန်သုံးသပ်ကြည့်သင့်ပါ တယ်။ သေချာပြီဆိုရင်တော့ ဒီအချက် တွေကိုဖတ်ပြီးကြိုးစားကြည့်လိုက်ပါ။
အချိန်ကောင်းဖြစ်ပါစေ
    တောင်းဆိုချက်တွေကို အချိန်အခါ ကောင်းကိုစောင့်ပြီးတောင်းသင့်ပါတယ်။ ကိုယ့်ရဲ့သူဌေးအရိပ်အခြေကြည့်တာ၊ ကိုယ့်မန်နေဂျာအရိပ်အခြေကြည့်ပြီးမှ ကိုယ်လိုချင်တာကိုတောင်းဆိုသင့်ပါတယ်။ မှားယွင်းတဲ့အချိန်မှာသွားတောင်းမိရင် တော့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင် ချက်တွေကိုသိသာမြင်သာအောင်လည်း ပြောဆိုတတ်ရပါမယ်။ ကိုယ့်ရဲ့အောင်မြင် မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို ကိုယ့် ရဲ့အလုပ်ရှင်သိမြင်လက်ခံလာအောင်ပြော ဆိုတတ်ရပါမယ်။ စည်းစနစ်နဲ့လုပ်ကိုင် တဲ့ကုမ္ပဏီတိုင်းမှာ လစာတိုးတဲ့စည်းမျဉ်း စည်းကမ်းတွေရှိပါတယ်။ ဒီအချက်တွေ ကိုက်ညီတဲ့ဘယ်သူမဆို အချိန်ကျလာပြီ ဆိုရင် လစာတိုးကိုတိုးပေးပါတယ်။
    ဒါပေမဲ့တချို့ကုမ္ပဏီတွေကတော့ လစာအတွက်စည်းမျဉ်းစည်းကမ်းမရှိသလို၊ ဝန်ထမ်းရဲ့လုပ်ဆောင်ရည်ကိုစနစ်တကျ အကဲဖြတ်တဲ့စနစ်မျိုးလည်းမရှိပါဘူး။ အလုပ်ရှင်ကအဆင်ပြေသလို လစာတိုး ပေးတဲ့စနစ်မျိုးပါ။ တိုးချင်တိုးမယ်၊ မတိုး ချင်မတိုးဘူး။ စနစ်တကျမရှိသလို၊ လုပ် ဆောင်ရည်နဲ့လည်းမတိုင်းတာပါဘူး။ ဒီအချက်ရဲ့အားနည်းချက်ကတော့ ဝန် ထမ်းတွေအလုပ်ကြိုးစားချင်စိတ်လျော့ကျစေ တာပါပဲ။ လစာဘယ်လိုတိုးတောင်းမလဲ ဆိုတဲ့အချက်ကိုပြန်ဆက်ရရင် မှန်ကန်သင့် တော်တဲ့အချိန်ကောင်းဖြစ်ဖို့လိုပါတယ်။ 
တိုးလာတဲ့တာဝန်တွေ၊ စွမ်းဆောင်ရည် တွေကိုမန်နေဂျာကိုအသိပေးပါ
    လစာတိုးသင့်တဲ့အချိန်မှာ မတိုးတဲ့ အတွက် ကိုယ့်ဘက်ကထုတ်ဖော်ပြောဖို့ လိုအပ်လာပါပြီ။ ဒါပေမဲ့ သူဌေးကိုတိုက် ရိုက်မပြောခင်မှာ ကိုယ့်ရဲ့မန်နေဂျာကို ယူထားရတဲ့တာဝန်တွေ၊ တိုးလာတဲ့စွမ်း ဆောင်ရည်တွေအတွက် လစာတိုးပေးဖို့ အရင်သတိပေးစကားပြောထားရပါမယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို မန်နေဂျာ ကအသိအမှတ်ပြုပေးဖို့လိုပါတယ်။ ကိုယ် ကမန်နေဂျာကို လစာတိုးပေးဖို့ပြောပေမဲ့ အကြောင်းမထူးလာတဲ့အခါမှာတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ သူဌေးကိုတိုက် ရိုက်ပြောဖို့လိုအပ်လာပါပြီ။ ကိုယ့်ရဲ့ Perfomance Review တွေကိုကြည့်ပြီး သူတို့ဘက်က ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တာ ကြောင့် ကိုယ်ကတကယ်လစာတိုးဖို့ထိုက် တန်ရဲ့လား၊ ဒါမှမဟုတ်အချိန်မကျသေးဘူး လားဆိုတာကို သူတို့ဘက်ကဆုံးဖြတ်ပါ လိမ့်မယ်။ 
    တချို့အလုပ်တွေမှာကျတော့လည်း ကိုယ်တိုင်ဝင်ပြောမှ လစာတိုးပေးတာမျိုး တွေလည်းရှိပါတယ်။ တချို့ကုမ္ပဏီတွေ ကျတော့လည်း ဝင်ပြောတာတောင် မတိုး ပေးလို့ အလုပ်ကထွက်သွားကြတဲ့ ဝန်ထမ်း တွေလည်းမနည်းပါဘူး။ ဆရာကြီးဒေါက် တာအောင်ထွန်းသက်ကတော့ လစာပေး တာနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့ဖူးပါတယ်။
    "တခြားကုမ္ပဏီက လစာပိုပေးလို့ ဝန်ထမ်းကပြောင်းသွားတယ်ဆိုတာ အဲဒီ ဝန်ထမ်းက သစ္စာမရှိလို့မဟုတ်ဘူး။ ကုမ္ပဏီက သစ္စာမရှိခဲ့တာ။ လူတော်တစ် ယောက်ကို ထိုက်တန်တဲ့လစာမပေးဘဲ အကြာကြီးညာခိုင်းခဲ့တာပဲ။ ကိုယ့်ဝန်ထမ်း အပေါ်သစ္စာရှိကြပါ" တဲ့။ ကုမ္ပဏီတွေ တော်တော်များများကကိုယ့်ဝန်ထမ်းအ ပေါ်သစ္စာရှိစေချင်ပါတယ်။ 
လစာနှုန်းထားစနစ်ကိုလေ့လာပါ
    အရင်ဆုံးအရေးကြီးတာကတော့ အလုပ်အကိုင်ဈေးကွက်မှာ ဘယ်လိုလစာ နှုန်းထားတွေပေးနေသလဲ၊ ဘယ်လိုရာထူး ဆိုရင် ဘယ်လောက်ပေးနေသလဲဆိုတဲ့ အချက်ကိုတွေကိုအရင်ဆုံးသိအောင်လုပ်ပါ။ ပြီးတော့ ကိုယ့်ရဲ့လစာနဲ့နှိုင်းယှဉ်ကြည့်ပါ။  ကိုယ့်ရဲ့လစာကတခြားကုမ္ပဏီတွေမှာပေး နေတဲ့လစာထက် အများကြီးကွာဟနေတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့အကြီးအကဲကို သင့်တင့်တဲ့လစာတစ်ခုကို တောင်းသင့်ပါ တယ်။
ကိုယ့်ရဲ့အောင်မြင်မှုတွေကိုပြသပြီး အခိုင်အမာတောင်းဆိုပါ
    အရင်ကလုပ်ခဲ့တဲ့အောင်မြင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကိုပြသပြီး ကိုယ်ကတော့ ဒီကုမ္ပဏီအတွက် ဒါတွေ ဒါတွေလုပ်ပေးခဲ့ဖူးတယ်၊ ဒီအချက်တွေကို တော့အောင်မြင်အောင်စွမ်းဆောင်ပေးခဲ့ တယ်ဆိုတာမျိုး တိကျသေချာတဲ့အချက် အလက်အခိုင်အမာရှိဖို့လိုပါတယ်။ ဒါ ကြောင့်ကိုယ့်ရဲ့စွမ်းဆောင်မှုတွေကို မှတ် တမ်းတင်ထားပါ။ နှစ်အလိုက်စွမ်းဆောင် မှုပေါ်မှာမူတည်ပြီး ဒီနှစ်ကတော့ဘာ ကြောင့်လစာတိုးပေးသင့်တယ်ဆိုတာမျိုး အချက်အလက်အတိအကျနဲ့တောင်းဆိုပါ။
ဘာကြောင့်လစာတိုးသင့်တယ်ဆိုတဲ့ အချက်ကို အဓိကထားပါ
    တချို့ဝန်ထမ်းတွေက လစာတိုး တောင်းတဲ့အခါ ပြောနေကျစကားက အိမ် လခတွေမြင့်လာတယ်၊ ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ အထွေထွေစရိတ်တွေ များလာလို့ ဒီလခနဲ့မလောက်တော့ဘူး စတဲ့တောင်းဆိုချက်တွေနဲ့ လစာတိုးဖို့ပြော ကြပါတယ်။ သင်ကတော့ဒီလိုမလုပ်ပါနဲ့။ လစာတိုးတောင်းတဲ့အခါ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုတွေကြောင့် လစာတိုးပေးသင့် တယ်ဆိုတာပဲဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ အသုံးစရိတ်မလောက်တိုင်းသာ လစာတိုး တောင်းမယ်ဆိုရင်တော့ ဝန်ထမ်းတိုင်း လစာတိုးတောင်းကြမှာပါပဲ။ အဓိက အချက်ကတော့ ကိုယ့်မှာဒီအရည်အချင်း တွေ၊ ဒီလုပ်ဆောင်ချက်တွေရှိလို့ လစာ တိုးပေးသင့်တယ်ဆိုတာမျိုး ပညာရှင်ဆန် ဆန်ပဲပြောသင့်ပါတယ်။ 
    ကိုယ်ကလစာတိုးလိုချင်တိုင်းလည်း တိုးတောင်းလို့မရနိုင်ပါဘူး။ ကိုယ်ကဒီ လစာနဲ့ထိုက်တန်တဲ့အရည်အချင်း၊ ကြိုး စားမှု၊ တာဝန်ယူမှုတွေရှိမှသာရနိုင်မှာပါ။ အလုပ်ရှင်ကလည်း ကိုယ့်မှာလုံလောက် တဲ့အရည်အချင်းတွေရှိမှသာ လစာတိုးပေး မှာဖြစ်ပါတယ်။ 
    အနှစ်ချုပ်ဆိုရရင် ဝန်ထမ်းတိုင်းရဲ့ မျှော်လင့်ချက်က လစာတိုးဖို့နဲ့ ရာထူးတိုး ဖို့ပါ။ ဒီမျှော်လင့်ချက်တွေနဲ့ရှင်သန်ရပ် တည်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာစေဖို့ အတွက်က ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ စွမ်းဆောင်နိုင်မှု၊ တာဝန်ယူနိုင်မှုပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ လူတိုင်းကတော့ လစာတိုး၊ ရာထူးတိုးချင် ကြပါတယ်။ ဒါပေမဲ့ကိုယ့်ဘက်ကလည်း ဒီလိုရာထူးတိုး၊ လစာတိုးဖို့အတွက်ထိုက် တန်တဲ့လူဖြစ်ဖို့အရေးကြီးပါတယ်။ ကိုယ့် မှာဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ လစာတိုးဖို့ထိုက်တန်တယ်ဆိုတဲ့အကြောင်း ကိုယ့်ရဲ့အလုပ်ရှင်ကို တောင်းဆိုဖို့အချိန်တန်ပါပြီ။ 


ကျော့ကေခိုင်

Previous Next