02 Apr, 2019
တစ်ချက်လေးစောင်းငဲ့ကြည့်ဦး

    အချို့သောအထက်လူကြီးတွေ မန်နေဂျာတွေရဲ့ဝန်ထမ်းတွေအပေါ် ဆက်ဆံပုံက တစ်ဖက်စောင်းနင်းဆန် ပါတယ်။ တချို့ဆိုရင်ဝန်ထမ်းအသစ်တွေ ရောက်လာလို့ သွားရောက်မိတ်ဆက်တဲ့ အခါမှာတောင် ကောင်းစွာအသိအမှတ် ပြုတဲ့လက္ခဏာတွေ မတွေ့ရပါဘူး။ ဒါဟာ ဝန်ထမ်းတွေရဲ့ရင်ကိုဗြောင်းဆန်စေပါ တယ်။
    ဘယ်သူကမှ ပြည့်စံတယ်ရယ်လို့မရှိ ကြတာမို့မန်နေဂျာတွေမှာလည်း ချို့ယွင်း ချက် အားနည်းချက်တွေရှိကောင်းရှိနေနိုင် ပါတယ်။ တချို့တွေဟာဆိုရင်မိမိတို့ စိတ်ဖိစီးလာတဲ့အခါ ဒါမှမဟုတ် အလုပ် မှာဖိအားတွေများလာတဲ့အခါမှာ သူတို့ရဲ့ စိတ်တွေဟာလက်အောက်ငယ်သားတွေ အပေါ်ပုံကျလာလေ့ရှိကြပါတယ်။ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။အခြေအနေတွေကို သူ့နေရာနဲ့သူ ခွဲခြားထားသင့်ပါတယ်။
    တလောက မိတ်ဆွေတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပြီး စကားအေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။ သူနဲ့အဓိကဆွေး နွေးဖြစ် တာကအထက်မှာတင်ပြခဲ့တဲ့ မန်နေဂျာတွေနဲ့လက်အောက်ငယ်သား တွေရဲ့ဆက်ဆံရေးအကြောင်းပဲဖြစ်ပါတယ်။ မန်နေဂျာတွေဆိုတာအသင်းအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ပါပဲ။ ဒါကြောင့်မိမိရဲ့ လက်အောက်ငယ်သားတွေကိုနှုတ်၏ စောင်မခြင်း ကိုယ်၏စောင်မခြင်းတွေနဲ့ ကြိုဆိုသင့်ပြီးဖေးမမှုတွေ၊ လက်တွဲခေါ်မှု တွေနဲ့မြေတောင်မြှောက်ပေးသင့်တာဖြစ် ပါတယ်။ ရှင်းရှင်းပြောရရင်လက်အောက် ငယ်သားတွေရဲ့ဘဝကို တစ်ချက်လောက် ဖြစ်ဖြစ်စောင်းငဲ့ကြည့်ပေးဖို့ဆိုလိုတာပါပဲ။
- တုံ့ပြန်မှုမရှိတာ
    သင့်ရဲ့လက်အောက်ငယ်သားတွေ အနေနဲ့ သင့်ကိုမေးခွန်းတွေ မေးတဲ့အခါ ဒါမှမဟုတ် တစ်ခုခုတောင်းဆိုတဲ့အခါမှာ သင့်အနေနဲ့ဒါကိုလျစ်လျူမရှုသင့်ပါဘူး။သင်ဘယ်လောက်ပဲစိတ်ရှုပ်ထွေးနေပါစေ၊ ဒါမှမဟုတ်အလုပ်ရှုပ်နေပါစေခဏလောက် တော့အာရုံလေးစုစည်းပြီးဒါတော့ဖြစ်သင့် တယ်။ ဒီကိစ္စက ဒီလိုလုပ်ရမှာမဟုတ်ဘူး။
မှန်တယ်ဆက်လုပ်။ အချင်းချင်းတိုင် တိုင်ပင်ပင်လုပ်ကြ စသဖြင့်တုံ့ပြန်မှုတွေ ပြန်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အလုပ်မအားသေးတာကို အလိုက်မသိရ ကောင်းလားဆိုပြီးကြိမ်းမောင်းမယ်ဆိုရင် ဒါဟာသင့်လက်အောက်ငယ်သားတွေကို အနာတရဖြစ်စေခဲ့တာပါပဲ။
- ပြောပြီးသားစကားကိုမေ့သွားတာ
    သာကြောင်းမာကြောင်းနဲ့အခြား သော ထွေလီကာလီအကြောင်းတွေဟာ ပြောပြီးလို့မေ့သွားရင်လည်းသိပ်ပြီး ပြဿနာမရှိလှပါဘူး။ ဒါပေမဲ့အလုပ်နဲ့ ပတ်သက်ပြီးပြောလိုက်တဲ့ညွှန်ကြား ချက်တွေကိုတော့ မမေ့လိုက်သင့်ပါဘူး။
တစ်ခါတလေ သင်ပြောလိုက်တဲ့အကြောင်း အရာတွေဟာ အရေးကြီးကိစ္စ ဒါမှမဟုတ် ဆုံးဖြတ်ချက်ချပေးလိုက်တဲ့ကိစ္စမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်သင့် အနေနဲ့နေ့စဉ်မှတ်တမ်းစာအုပ်တစ်ခု လုပ်ထားပြီး သင့်ရဲ့ဆုံးဖြတ်ချက်မှတ်တမ်း တွေကိုချရေးထားသင့်ပါတယ်။ ညွှန်ကြား
ထားပြီးမှဒီကိစ္စငါပြောခဲ့လို့လားလုပ်နေ ရင် ဒါကိုလိုက်နာအကောင်အထည်ဖော် နေရတဲ့သင့်ရဲ့လက်အောက်ငယ်သားတွေ ကို အခက်အခဲဖြစ်စေပါတယ်။
- တူညီတဲ့လုပ်ငန်းတာဝန်တွေကို တစ် ယောက်ထက်ပိုပြီးဆောင်ရွက်စေတာ
    ဒါက သင့်ရဲ့မေ့သွားတဲ့ချို့ယွင်းချက် ကြောင့် ဖြစ်တဲ့ပြဿနာလည်းဖြစ်ပါတယ်။လက်အောက်ငယ်သားတစ်ယောက်ကို ခိုင်းပြီးသားကိစ္စတစ်ခုကို အခြားလက် အောက်ငယ်သားတစ်ယောက်ကိုထပ်မံ တာဝန်ပေးမိတာမျိုးဖြစ်ပါတယ်။ ဒီ အတွက် အချိန်လည်းပိုကုန်ရသလိုာညေ စသတနမ လည်း မလိုအပ်ဘဲစိုက်ထုတ်လိုက် ရတာပါ။ သင်ခိုင်းလိုက်တဲ့သူနှစ်ယောက် ဟာအချင်းချင်းမသင့်မြတ်ကြတဲ့သူတွေ ဆိုရင်အခြေအနေတွေကမထင်မှတ်ဘဲ ဆိုးရွားလာနိုင်ပါတယ်။
- ပြောဆိုပုံက အမိန့်ဆန်တာ
    တချို့ကသူတို့ပေးလိုက်တဲ့တာဝန် အပေါ်မှာလက်အောက်ငယ်သားတွေ အနေနဲ့ ပြန်လည်တင်ပြခွင့်မပေးတတ်ကြ ပါဘူး။ ဒီလိုလူစားမျိုးတွေဟာငါပြော သလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့လူစား မျိုးတွေပဲဖြစ်ပါတယ်။ ခေါင်းဆောင်ဆိုတာ စံပြပုဂ္ဂိုလ်ဖြစ်ရပါမယ်။ကြောင်သူတော် တွေလိုမလုပ်သင့်ပါဘူး။
- ဂုဏ်ဖော်ဝင့်ြွကားတတ်တာ
    အချို့မန်နေဂျာတွေဟာ ဘယ်နေရာ မှာတော့ ငါ့အနေနဲ့ဘယ်လိုလုပ်ခဲ့ရတာ။မင်းတို့လုပ်တာလောက်က စာမဖွဲ့လောက် ဘူးစသဖြင့် မိမိကိုယ်မိမိဂုဏ်ဖော်ပြီး တစ်ဖက်သားကို ချိုးချိုးနှိမ်နှိမ်ပြောတတ် ကြပါတယ်။ ဒီလိုလုပ်မယ့်အစားလက် အောက်ငယ်သားတွေကိုသင့်ရဲ့အတွေ့အကြုံ တွေပညာတွေမျှဝေပေးတာမျိုးကပိုလို့ ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
- ပြဿနာကြုံတဲ့အခါကိုယ်လွတ်ရုန်း တတ်တာ
    သင့်ကိုယ်သင်မန်နေဂျာအနေနဲ့ မကြည့်ဘဲ ရိုးရိုးရှင်းရှင်းပဲမြင်ကြည့်ရအောင် ပါ။သင်ပါဝင်တဲ့အသင်းအဖွဲ့အနေနဲ့လှမ်း နေတဲ့ခြေလှမ်းတွေတစ်သားတည်းရှိနေရ မှာပါ။ အားနည်းသူကိုဖေးမကူကာလက်တွဲ ခေါ်ရင်း ထုဆစ်ခြင်းကာလတွေမှာ အားလုံးရဲ့လက်တွေညီညာနေဖို့လိုပါ တယ်။
    နောက်တစ်ချက် အနေနဲ့သင့်ကိုယ် သင် မန်နေဂျာလို့ကြည့်ရအောင်ပါ။ဒါဆိုရင်သင်ဟာ အသင်းအဖွဲ့ရဲ့ဦးဆောင် သူတစ်ယောက်ဖြစ်သွားပြီးတာဝန်တွေ ပိုကြီးသွားပါပြီ။ လုပ်ငန်းတွေအောင်မြင် စွာပြီးဆုံးဖို့ဆိုတာသင့်လက်အောက်ငယ် သားတွေရဲ့လုပ်ဆောင်နိုင်စွမ်းပေါ်မှာ မူတည်လို့နေပါတယ်။ သူတို့ရဲ့လုပ်ဆောင် နိုင်စွမ်းဟာလည်းသူတို့ရဲ့အလုပ်ထဲမှာရှိ နေတဲ့ပျော်ရွှင်မှုနဲ့သက်ဆိုင်ပါတယ်။ သင့်
အနေနဲ့ ဒါကိုမြင်နိုင်ဖို့လိုပါတယ်။
    ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြဿနာတစ်ရပ်ကြုံလာခဲ့ရင်ဦးဆောင်ဖြေ  ရှင်းတာမျိုးတွေလုပ်ရမယ့်အစားကိုယ်လွတ် ရုန်းတာ လက်အောက်ငယ်သားတွေဆီကို အပြစ်တွေပုံချလိုက်တာကအခြေအနေ တွေကိုပိုမိုရှုပ်ထွေးသွားအောင်ဖန်တီး လိုက်တာပါပဲ။
- ကတိအလွန်အကျွံပေးတတ်တာ
     ရာထူးတိုးအောင် လစာတိုးအောင် ဒါရိုက်တာတွေဆီပြောပေးပါ့မယ်ဆိုတာ မျိုးနဲ့ ဒီကိစ္စဖြစ်မြောက်ရင် မင်းတို့ကိုဒါတွေ ချီးမြှင့်ပေးမယ်ဆိုတာမျိုးတွေဟာကတိ ပေးခြင်းတစ်မျိုးပါပဲ။ ကတိပေးခြင်း ဆိုတာဟာ လက်အောက်ငယ်သားတွေရဲ့ စိတ်ကိုမြှင့်တင်ပေးစေနိုင်တဲ့အရာမို့ဒါကို အသုံးချတာနဲ့ပတ်သက်ပြီးအထွေအထူး မပြောလိုပါဘူး။ဒါပေမဲ့ သင့်အနေနဲ့ ဒီလိုကတိတွေအလွန်အကျွံပေးထားပြီး ကာမှအကောင်အထည်ဖော်ပေးနိုင်စွမ်း မရှိဘူးဆိုရင်ဒါမှမဟုတ်ဖြစ်မြောက်အောင် ပုံဖော်ပေးနိုင်မှုအားနည်းရင်ဒီကိစ္စနဲ့ပတ် သက်ပြီးလက်အောက်ငယ်သားတွေရဲ့ စိတ်ပျက်မှုကိုခံရနိုင်တာကိုသတိပြုသင့် ပါတယ်။
- အလုပ်တာဝန်တွေပိုမိုပေးအပ်ခိုင်း စေတာ
    ဒီလိုအခြေအနေမျိုးကအချို့သော စိတ်ထားမပြည့်ဝတဲ့ခေါင်းဆောင်တွေ မှာတွေ့ရလေ့ရှိတတ်ပါတယ်။ သူတို့ဟာ သူတို့နဲ့ပနံမသင့်တဲ့သူကိုအသေးအဖွဲဆန် လွန်းတဲ့အရာတွေလုပ်ခိုင်းတာ၊ တခြားသူ တွေထက်အလုပ်တာဝန်တွေပိုမိုပေးအပ် ခိုင်းစေ တာမျိုးတွေလုပ်တတ်ကြပါတယ်။ဒါဟာအနုနည်းနဲ့နှိပ်ကွပ်ခြင်းတစ်မျိုး ဖြစ်ပေမဲ့ ဘောင်ထဲကနေနှိပ်ကွပ်တာ ဖြစ်လို့ မပြောသာပါဘူး။ ဒါပေမဲ့ဒါဟာ သင့်လက်အောက်ငယ်သားတွေရဲ့ စိတ်ထဲ မှာ ပေါက်ကွဲမှုဖြစ်စေဖို့လှုံ့ဆော်တာမျိုး နဲ့တူနေပါတယ်။
- ပေးဆပ်မှုကိုအသိအမှတ်ပြုမပေးတာ
    အချို့ဝန်ထမ်းတွေကညည်တွား တတ်ကြပါတယ်။ ငါတို့ဒီလောက်လုပ်ပေး တာတောင် ငါတို့ကိုပြန်ငဲ့မကြည့်ပေးဘူး
ကွာဆိုပြီးတော့ပါ။ အချို့ကလည်းငါတို့ရဲ့ ပေးဆပ်မှုတွေကို တကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်နေတာလား မဝေခွဲ တတ်တော့ဘူးကွာဆိုပြီးတော့ပြောတတ် ကြပါတယ်။ဟုတ်ပါတယ်။ လက်အောက် ငယ်သားတွေရဲ့ပေးဆပ်မှုကိုရေရှည်လျစ် လျူရှုထားခြင်းဟာသင့်အတွက်ကောင်း ခြင်းတွေကိုသယ်ဆောင်လာမှာမဟုတ်ပါဘူး။
- မက်လုံးတွေပေးပြီး ဇာတ်မျောထား တာ
    တချို့တွေကတော့ မင်းရဲ့ကြိုးစားမှု ကိုသဘောကျတဲ့အတွက် ဒီပရောဂျက် ပြီးရင် မင်းကိုရာထူးတိုးပေးမယ်လို့ပြော ထားတတ်ပါတယ်။ ဒါပေမဲ့လက်ရှိ ပရောဂျက်မပြီးသေးခင်မှာနောက်ထပ် ပရောဂျက် အသစ်တွေထပ်ရပါတယ်။ဒီအခါမူလကပြောထားတဲ့ရာထူးတိုးမြှင့် ပေးဖို့ကိစ္စကို အသစ်ပရောဂျက် ပြီးမှအကောင် အထည်ဖော်ပေးမယ်လို့ ပြောပြန်ပါတယ်။ အဲဒီအချိန်မှာပဲ လက်အောက်ငယ်သားရဲ့စိတ်ထဲမှာ မကျေနပ်ချက်တွေကတာစူလာပါပြီ။ ဒီလို မက်လုံးတွေပေးပြီးကြိုးရှည်ရှည်နဲ့လှန် ထားတာကြာလာတဲ့အခါဝန်ထမ်းတွေရဲ့ မကျေနပ်ချက်တွေကပေါက်ကွဲကာနီး မီးတောင်တစ်ခုလိုဖြစ်လာပါတော့တယ်။
- ဇီဇာကြောင်တာ
    တချို့သောသူတွေဟာအသေးအဖွဲ့ ကိစ္စလေးတွေကအစလက်အောက်ငယ်သား တွေအပေါ်ဗြစ်တောက်ဗြစ်တောက်လုပ်တာ မျိုးတွေလုပ်တတ်ကြပါတယ်။ ဒီလိုဇီဇာ ကြောင်ခြင်းကလည်းလက်အောက်ငယ် သား တွေရဲ့စိတ်ကိုမွန်းကြပ်စေပါတယ်။
- ချိုးချိုးနှိမ်နှိမ်ပြောတတ်တာ
    အချို့တွေက လက်အောက်ငယ်သား တွေအပြစ်တစ်ခုလုပ်မိရင်ချိုးချိုးနှိမ်နှိမ် ပြောပြီး ဆုံးမတတ်ကြပါတယ်။ ဒီလိုမျိုး မကြာခဏလုပ်နေရင် လက်အောက်ငယ် သားတွေရဲ့ရင်ထဲမှာအနာတရဖြစ်သွားစေ နိုင်တာဖြစ်လို့ သတိပြုသင့်ပါတယ်။
- ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင် ရောက်စွက်ဖက်တာ
    ဒါကလည်း ဇီဇာကြောင်ခြင်းကနေ ဆင့်ပွားလာတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။နေ့ခင်းထမင်းစားချိန်လိုမျိုးအချိန်တွေဟာ ဝန်ထမ်းတွေရဲ့သီးခြားလွတ်လပ်ခွင့်ရှိတဲ့ အချိန်တွေပါ။ ဒီအချိန်တွေမှာ သင့်အနေနဲ့ သူတို့ရဲ့ကိစ္စတွေကိုဝင်ရောက်စွက်ဖက်တာ မျိုးတွေ မလုပ်သင့်ပါဘူး။
- မဖြစ်ဖြစ်အောင်လုပ်ဆိုပြီးဇွတ် အတင်း ခိုင်းစေတာ
    ဘတ်ဂျက်အပေါ်မူတည်ပြီးစိစစ် လုပ်ဆောင်တာကို လက်ခံပေမဲ့ခြိုးခြံ ခြွေတာခြင်းနဲ့ ပေါချောင်ကောင်းလိုက်ခြင်း ကိုတော့ ခွဲခြားထားဖို့လိုပါလိမ့်မယ်။ကုမ္ပဏီရဲ့အကျိုးအမြတ်အတွက်မှန် ပေမဲ့မဖြစ်ဖြစ်အောင်လုပ်ဆိုပြီးကျဉ်းထဲ ကျပ်ထဲကိုတွန်းပို့တာကလက်အောက် ငယ်သားတွေကိုဝန်ပိစေပါတယ်။တစ်ခါတလေတော့လည်း ဖြစ်သင့်တာကို လုပ်ဆိုတဲ့လမ်းစဉ်နဲ့လျှောက်သင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သင်ကမဖြစ်ဖြစ် အောင်လုပ်ဆိုပြီး ခိုင်းစေလိုက်တာဟာ သင့်အတွက်မျက်နှာကောင်းရစေနိုင်ပေမဲ့
တကယ့်လက်တွေ့အကောင်အထည်ဖော် ရတဲ့သင့်ရဲ့လက်အောက်ငယ်သားတွေ အတွက်ပင်ပန်းဆင်းရဲမှုတွေဖြစ်စေနိုင်လို့ ပါပဲ။
- အရေးပါတဲ့ဆုံးဖြတ်ချက်တွေချဖို့ လက်တွန့်နေတာ
    တချို့တွေက အရေးပါတဲ့ဆုံးဖြတ် ချက်တွေချဖို့အတွက်အခွင့်အရေးရှိ လျက်နဲ့တွေဝေတွန့်ဆုတ်နေတတ်ကြပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ချို့ယွင်းချက် ဖြစ်လာရင် ခေါင်းခံရမှာကြောက်လို့ပါပဲ။အထက်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေ ရတဲ့လက်အောက်ငယ်သားတွေခမျာ သစ်ကုလားအုတ်လည်ပင်းလိုဖြစ်ရပြီး ဘယ်ကစလုပ်လို့လုပ်ရမှန်းမသိကြတော့ ပါဘူး။
- ပြောချင်တဲ့အကြောင်းအရာတွေ ဆိုလိုရင်းမရောက်တာ
    တချို့တွေကလည်း စကားတွေကို တောင်စဉ်ရေမရပြောနေတတ်ကြပေမဲ့ ပြောချင်တဲ့အကြောင်းအရာတွေက ဆိုလိုရင်းကိုမရောက်ဘဲကြာနေပါတယ်။လက်အောက်ငယ်သားတွေအနေနဲ့ ဒီအပေါ်မှာစိတ်ပျက်တတ်ကြပါတယ်။
- ယုံကြည်မှုတည်ဆောက်မပေးနိုင်တာ
    အကြီးအကဲတစ်ယောက်အနေနဲ့ ရှေ့ကနေဦးဆောင်နိုင်စွမ်းရှိရမယ်။အသင်းအဖွဲ့အပေါ်မှန်ကန်စွာတည်ဆောက် နိုင်ရမယ်။ လက်အောက်ငယ်သားတွေ တွန့်ဆုတ်နေတဲ့အခါစံပြအနေနဲ့ရှေ့က နေလုပ်ပြနိုင်ရပါမယ်။ ဒါတွေသာမရှိရင် တော့လက်အောက်ငယ်သားတွေရဲ့ ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်မှာ မဟုတ်ဘဲကသောင်းကနင်းဖြစ်ရပါလိမ့်မယ်။
- အမှားလုပ်မိတဲ့အခါ ပြစ်တင်မှုပဲ လုပ်တတ်တာ
    လူဆိုတာ အမှားနဲ့မကင်းကြပါဘူး။ဒါကြောင့် အတွေ့အကြုံနုနယ်သေးတဲ့ လက်အောက်ငယ်သားတွေအနေနဲ့အမှား လုပ်မိတဲ့အခါတွေလည်း ရှိတတ်ပါတယ်။အမှားလုပ်မိတိုင်းမှာ ထောက်ပြသင်ခန်းစာ ယူစေပြီး ဖြည့်စွက်မွမ်းမံပေးတာမျိုး မလုပ်ဘဲအပြစ်ချည်းတင်နေမယ်ဆိုရင် တော့ အဆင်မပြေပါဘူး။
- အိုင်ဒီယာအသစ်တွေကို လက်မခံတာ
    လုပ်နေကျအလုပ်တွေဆိုပေမဲ့ ခေတ်ကာလအရ နည်းပညာတွေနဲ့အတူ ပြောင်းလဲလုပ်ဆောင်လို့ရတာတွေလည်းရှိ ပါတယ်။ ဒီအတွက် အချိန်နဲ့လုပ်အားနှုန်း စိုက်ထုတ်ရမှုပိုမိုသက်သာလာမှာပါ။ အချို့ လူငယ်လေးတွေမှာ ဒီလိုအကြောင်းအရာ မျိုးအတွက်အိုင်ဒီယာအသစ်အဆန်းလေး
တွေရှိနေတတ်ပါတယ်။ ဒါကိုတံခါးဖွင့် မပေးထားဘဲ ပိတ်ပင်ထားမယ်ဆိုရင်တော့ သင့်အဖွဲ့အစည်းရဲ့တိုးတက်မှုနှုန်းဟာ တိုးတက်လာမှာမဟုတ်ပါဘူး။
    နိဂုံးချုပ်ပြောရရင် မန်နေဂျာဆိုတာ အဖွဲ့အစည်းထဲကလူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရာထူးကြီးတယ်ဆိုပြီး ပါဝါ မပြသင့်ပါဘူး။ လက်အောက်ငယ်သား တွေနဲ့နွေးနွေးထွေးထွေးရှိဖို့၊ အမြင်တွေ မျှဝေပေးဖို့၊ အကြံပြုချက်တွေအတွေး အမြင်သစ်တွေကိုတံခါးဖွင့်ပေးထားဖို့ ဆိုတာဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲဖြစ်ပြီး ဒီအတွက်အထွေအထူးပြောနေစရာ လိုမယ်မထင်ပါဘူး။
    မန်နေဂျာဆိုတာ ခေါင်းဆောင်တွေ ဖြစ်တာမို့လက်အောက်ငယ်သားတွေ ထက်ဦးနှောက်တွေပိုသုံးရမယ်။ အလုပ် တွေပိုရှုပ်တယ်ဆိုတာကိုနားလည်ပေး လို့ရပါတယ်။ ဒါပေမဲ့မိမိအတွက်အလုပ် အကျွေးပြုနေကြတဲ့လက်အောက်ငယ်သား တွေအပေါ်ကိုတော့ တကယ်စစ်မှန်စွာနဲ့ တစ်ချက်လောက်တော့စောင်းငဲ့ကြည့်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံလိုက်ပါရစေ။


ရာသက်ပန် (သစ္စာပန်းတို့လန်းရာမြေ)
 

Previous Next