02 Apr, 2019
လုပ်ငန်းခွင်မှာ Social Skills  တိုးတက်ဖို့ ဒီအချက်တွေလုပ်ပါ

   လူမှုဆက်ဆံရေးစွမ်းရည်က ဘယ်နေရာမှာမဆိုလိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း လိုအပ်ပါတယ်။ လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ လူမှုဆက်ဆံရေးကောင်းမွန်တာကလည်း တစ်ပန်းသာပါတယ်။ ဒီလူက တော့အသိမိတ်ဆွေများတယ်၊ လူဝင်ဆံ့တယ်စတဲ့မှတ်ချက်တွေကို လူမှုဆက်ဆံရေးကောင်းတဲ့သူတိုင်း ရရှိ ကြပါတယ်။ လူမှုဆက်ဆံရေးကောင်းဖို့ ဘာတွေလုပ်ဖို့လိုမလဲ။ ဘာတွေလုပ်လို့ရမလဲဆိုတာဖတ်ကြည့်ကြရ အောင်ပါ။
အသေးအဖွဲကအစ ဂရုတစိုက်ရှိပေးပါ
    ဒီအချက်ကတော့အလွန်ရိုးရှင်းတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုပါ။ ဒါပေမဲ့ လူတွေကတော့ အမှုမဲ့အမှတ်မဲ့ နဲ့ ဒီအချက်ကို သတိမပြုမိကြပါဘူး။ လုပ်ငန်းခွင်ထဲမှာ ကိုယ့်အတွက်အသေးအဖွဲဖြစ်ပေမဲ့ တခြားသူအတွက် အရေးကြီးတဲ့ကိစ္စတွေကို ဂရုတစိုက်ရှိပေးဖို့ပါ။ ဥပမာသူ့မွေးနေ့ကို အမှတ်တရရှိနေတာမျိုး၊ သူကြိုက်တတ် တဲ့အစားအသောက်ကို မှတ်မိနေတာမျိုး ဒီလိုတစ်ဖက်လူကို ဂရုစိုက်တတ်တဲ့အမူအကျင့်လေးတွေကလည်း ကိုယ့်ကိုလူချစ်လူခင်ပေါများစေပါတယ်။
ကိုယ်ဟန်အမူအရာကို ဂရုပြုပါ
    ကိုယ်ဟန်အမူအရာကလည်း လုပ်ငန်းခွင်ထဲမှာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ တစ်ဖက်လူ အပေါ်လေးစားတဲ့အပြုအမူ၊ မလေးစားတဲ့အပြုအမူစတာတွေကို ကိုယ်ဟန်အမူအရာနဲ့ဖော်ပြလို့ရနေပါ တယ်။ ဒီတော့ ကိုယ့်ရဲ့ကိုယ်ဟန်အမူအရာကို အထူးဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်ဟန်အမူအရာကြောင့်လည်း လူချစ်လူခင်များနိုင်သလို၊ ကိုယ်ဟန်အမူအရာကြောင့်ပဲ လူမုန်းများနိုင်ပါတယ်။ 
စကားကိုချိုချိုသာသာပြောပါ
    စကားကိုရှင်းရှင်းလင်းလင်းနဲ့ စကားကိုချိုချိုသာသာပြောတတ်ဖို့လည်း လိုပါတယ်။ စကားပြောတဲ့အသံ နေအသံထားက နားထောင်နေရတဲ့ လူတစ်ယောက်ရဲ့စိတ်ကိုပြောင်းလဲစေနိုင်ပါတယ်။ တစ်ယောက်နဲ့တစ် ယောက်စကားပြောတဲ့အခါ ရှင်းလင်းပြီး ချိုသာတဲ့အသံဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်စကားပြောဆိုဆက်သွယ်တဲ့အခါ အသံနေအသံထားက အရေးကြီးပါတယ်။ အသံက မောက် မာတဲ့အသံလား၊ လေးစားမှုရှိတဲ့အသံလားဆိုတာ ကိုယ့်ရဲ့စကားအပြောအဆိုလေယူလေသိမ်းက အရေး ကြီးပါတယ်။
ငါသိငါတတ်ကြောင်းမပြပါနဲ့
    တစ်ခုခုဆို လူတတ်ကြီးလုပ်ချင်၊ ငါပဲသိငါပဲတတ်ဆိုတာမျိုးလုပ်တဲ့သူဆိုရင် လူတိုင်းက အမြင်မကြည်ကြ ပါဘူး။ ဒီလိုမဖြစ်အောင်နေတတ်ဖို့လည်းလိုပါတယ်။ လူမှုဆက်ဆံရေးပြေလည်စေချင်တယ်ဆိုရင် ငါသိငါ တတ်ကြောင်း လူတွင်ကျယ်မလုပ်ဖို့လိုပါတယ်။
လိုက်လျောညီထွေနေပါ
    လူတိုင်းနဲ့လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့လည်းလိုပါတယ်။ လူမှုဆက်ဆံရေးကောင်းဖို့ဆိုရင် လူအများနဲ့အလိုက်အထိုက်နေတတ်ဖို့လိုပါတယ်။ လူတိုင်းကအမြင်မတူနိုင်ပါဘူး။ ဒီလိုမတူညီတဲ့အမြင်တွေ ကိုလေးစားတတ်ဖို့၊ အလိုက်အထိုက်နေတတ်ဖို့လိုပါတယ်။ 
အကောင်းမြင်ပါ
    အဆိုးမြင်စိတ်က ကိုယ့်အတွက်လည်းမကောင်းသလို၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်လည်းမကောင်းပါ ဘူး။ ဒါကြောင့် အကောင်းမြင်စိတ်မွေးမြူပါ။ လူမှုဆက်ဆံရေးကောင်းတဲ့သူတွေ၊ လူချစ်လူခင်များတဲ့သူတွေ ကိုကြည့်လိုက်ရင် အကောင်းမြင်စိတ်ရှိသူတွေပဲဖြစ်ပါတယ်။ 
ဝေဖန်မှုကို လက်ခံပါ
    လူမှုဆက်ဆံရေးကောင်းမွန်ဖို့ဆိုရင် ကိုယ့်ကိုကောင်းတဲ့ဘက်ကဝေဖန်တာဖြစ်စေ၊ ဆိုးတဲ့ဘက်ကဝေဖန် တာကိုဖြစ်စေ လက်ခံနိုင်ရပါမယ်။ လူတိုင်းက ကိုယ်ကသာသူများကို ဝေဖန်ချင်ကြတယ်၊ ကိုယ့်ကိုလာဝေဖန် ရင်မကြိုက်တဲ့သူများပါတယ်။ လူမှုဆက်ဆံရေးတိုးတက်စေချင်ရင်တော့ ကိုယ့်ကိုဝေဖန်ရင်လည်း သည်းခံနိုင် ရပါမယ်။ ပြုပြင်စရာရှိရင်ပြုပြင်ပြီး လိုက်နာသင့်ကိုလိုက်နာရပါမယ်။ ဒါမှသာ လူမှုဆက်ဆံရေးတိုးတက်လာ နိုင်မှာပါ။
လေးစားမှုရှိပါ
    လူမှုဆက်ဆံရေးမှာမရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုကတော့ တစ်ဦးနဲ့တစ်ဦးလေးစားမှုရှိတာပဲဖြစ်ပါ တယ်။ အသိအမှတ်ပြုပါ၊ လေးစားပါ။ ဒီအချက်တွေက သင့်ကိုလူချစ်လူခင်ပေါများစေမှာပဲဖြစ်ပါတယ်။ 
စိတ်ရှည်ပါ
    လူအများနဲ့ပြောဆိုဆက်သွယ်ရတဲ့အခါ စိတ်ရှည်ဖို့လိုပါတယ်။ လုပ်ငန်းခွင်မှာလည်း ဒီအချက်ကလိုအပ် ပါတယ်။ ကိုယ်ကစိတ်ရှည်တတ်တဲ့သူလား၊ စိတ်မရှည်တတ်တဲ့သူလားဆိုတဲ့အပေါ်မှာမူတည်ပြီး လူချစ်လူခင် များတာဖြစ်ပါတယ်။ လူအများကိုနားလည်ပေးတတ်ပြီး စိတ်ရှည်တတ်တဲ့သူတွေကသာ ရောက်လေရာမှာ မျက်နှာပွင့်ပြီး ချစ်တဲ့သူ၊ ခင်တဲ့သူပေါများနေတာဖြစ်ပါတယ်။
စာနာစိတ်ကိုပြသပါ
    တခြားသူရဲ့အခက်အခဲကို ကိုယ်ချင်းစာတာ၊ စာနာစိတ်ရှိတာကလည်း လူမှုဆက်ဆံရေးကောင်းစေတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားဆိုတာ လူတိုင်းမှာလိုအပ်ပါတယ်။ ဒါပေမဲ့လူတိုင်းမလုပ်နိုင်ပါဘူး။ သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့စိတ်မျိုး လူတိုင်းထားနိုင်ရင် နေရာတိုင်းကအေးချမ်းနေမှာပါ။ ဒါပေမဲ့ လူတိုင်း မှာ အဲဒီပါရမီမရှိပါဘူး။ 

တိုးတက်မေ

Photos & Source - careeraddict

Previous