04 Nov, 2019
ကိုယ့်ပုံရိပ်ကို ဘယ်လိုမြှင့်တင်မလဲ

  သက်မွေးဝမ်းကျောင်းနဲ့ပတ်သက်တဲ့ ပညာရှင်တွေအမြဲတမ်းလိုလိုပြောတဲ့စကားတစ်ခွန်းရှိပါတယ်။ 'ကိုယ့်ပုံရိပ်ကိုမြှင့်တင် ပါအမှတ် တံဆိပ်တစ်ခုကိုတည်ဆောက်ပါ' ဆိုတဲ့စကားတစ်ခွန်းပါ။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုယ် ပုံရိပ်ကောင်းတစ်ခုတည် ဆောက်နိုင်ဖို့အတွက်လိုအပ်တဲ့အချက် တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ့်မှာရှိတဲ့သိသာထင်ရှားတဲ့အရည် အချင်းတွေကိုစဉ်းစားပါ။ 
       အချိန်ယူပြီးတော့ကိုယ်နဲ့ အခြား သူတွေကြားမှာ ဘာတွေကွာခြားနေလဲဆို တာစဉ်းစားပါ။ ကိုယ့်ရဲ့ အားသာချက်၊ ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ ကိုယ့်ရဲ့ပန်းတိုင်တွေ ပဲဖြစ်ပါတယ်။  ဒီနေ့မှာ ကိုယ်အလုပ်ကထွက်ခွာခဲ့ရင်ကိုယ့်ကုမ္ပဏီနဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ဘာတွေဆုံးရှုံးမလဲ။ ကိုယ် ဟာအစားထိုးလို့ရတဲ့သူလား၊ အစားထိုးလို့ မရတဲ့သူလားစဉ်းစားကြည့်ပါ။ ကိုယ် ဘယ်သူဆိုတာသိရမှာဖြစ်သလိုကိုယ်က ဘယ်လိုလူမျိုးမဟုတ်ဘူးဆိုတာလည်း သိရပါမယ်။
၂။ ကိုယ့်ကိုအခြားသူတွေကို ဘယ်လို မြင်သလဲ အဖြေရှာပါ။
      ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့သူငယ်ချင်းတွေကို ကိုယ်နဲ့ပက်သက် လို့ဘယ်လိုမြင်သလဲမေးကြည့်ပါ။ ကိုယ့်ကို စေတနာသန့်သန့်နဲ့မှန်မှန်ကန်ကန် ရှုမြင်ပေးမယ့်သူတွေဖြစ်ဖို့တော့လိုပါတယ်။ သင်ဟာဘယ်နေရာတွေမှာတော်သလဲ။သင့်ရဲ့အားသာချက်တွေကဘာတွေလဲ။ ဘယ်နေရာမှာတော့သင်ဟာမရှိမဖြစ် ဖြစ်နေသလဲ မေးစမ်းကြည့်ပါ။
၃။ ပန်းတိုင်တွေကို သတ်မှတ်ပါ။
    နောက် ၆ လကြာတဲ့အချိန်မှာ သင် ဘယ်နေရာကိုရောက်နေချင်သလဲ၊ နောက်တစ်နှစ်မှာရော၊နောက်၅နှစ်မှာရော၊ စသဖြင့်ပေါ့။ ပန်းတိုင် တွေသတ်မှတ်တာ က ကိုယ်သွားချင်တဲ့နေရာကို  ရောက်ရှိဖို့ မလုပ်မဖြစ်လုပ်ဆောင်ပေးရမယ့်အရာတစ်ခု ဖြစ်ပါတယ်။
၄။  ကိုယ့်ရဲ့ပရိသတ်ကိုသိပါ။
   Starbucks ဟာသူ့ရဲ့ပစ်မှတ်က ကော်ဖီ နှစ်ခြိုက်သူတွေဆိုတာ သိသလိုမျိုးပဲ သင့်အနေနဲ့ ကိုယ့်ပုံရိပ်ကို မြှင့်တင်တဲ့အခါ ကိုယ်ကဘယ်လိုပရိသတ်မျိုးကိုပစ်မှတ် ထားရမယ်ဆိုတာသိရပါမယ်။ဒါမှသာ သင်ပေးချင်တဲ့အကြောင်းအရာကို မှန်မှန်ကန်ကန်ပေးနိုင်မှာဖြစ်သလို သင့်ကို နေရာမှန်ကိုလည်းပို့ဆောင်ပေးနိုင်မှာဖြစ်ပါ
တယ်။
၅။ ဦးစားပေးအစီအစဉ်ပြန်ဆွဲပါ။
    သင့်အနေနဲ့သင့်ကိုယ်သင်ကုမ္ပဏီ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖောက်သည် တွေရဲ့နောက်မှာပဲထားထားပြီး ကိုယ့် အတွက်ကိုယ်စဉ်းစားဖို့မေ့နေတာ မျိုးဖြစ် နေတတ်ပါတယ်။သင့်အနေနဲ့ ဒီလူတွေကို ဆက်လက်သံယောဇဉ်ထားတာလည်း ထားပါ။ ဒါပေမဲ့ကိုယ့်ကိုယ်ကို သံယောဇဉ် အရင်ထားပါ။ ကိုယ့်ကိုယ်ကို ပထမနေရာ မှာ ထားပါ။
၆။ အသေးစိတ်တွေကို အာရုံစိုက်ပါ။
    သင်လုပ်သမျှတွေဟာ သင့်ရဲ့ ကိုယ်ပိုင်ပုံရိပ်ကို သက်ရောက်မှုရှိပါတယ်။  ကိုယ့်ပုံရိပ်ကို တည်ဆောက်တဲ့အခါ ကိစ္စသေးသေးလေးတွေဖြစ်တဲ့ဝတ်စားမှု၊  ကိုယ်ဟန်အမူအရာ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ဆက်ဆံရေး၊ကိုယ်ရေးတဲ့ အီးမေးလ် ကအစ ကိုယ့်ပုံရိပ်ကိုထိခိုက်စေနိုင်တဲ့ အရာတွေမဖြစ်လာအောင် သတိထားပါ။
၇။ ကိုယ့်ရဲ့ CV ကိုပြင်ဆင်ပါ။
     ကိုယ့် CV ကိုကြည့်တဲ့အခါ ကိုယ်ဘာသာကိုယ်ဖြစ်ချင်တဲ့ပုံရိပ်နဲ့ကိုက်ညီ မှုရှိနေရဲ့လားဆုံးဖြတ်ကြည့်ပါ။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေဟာကိုယ် ဘယ်သူလဲဆိုတာဖော်ပြပေးနေတာမျိုး ဖြစ်ပါစေ။
၈။ ဆိုရှယ်မီဒီယာမှာချိတ်ဆက်ပါ။
  ဖေ့စ်ဘွတ်နဲ့တွစ်တာလိုမျိုးဆိုရှယ်မီဒီ ယာတွေမှာအကောင့်ဖွင့်၊ Page ထောင် ပြီးကိုယ့်ရဲ့ပရိသတ်ကိုစုစည်းပါ။ ကိုယ့်ရဲ့ Page မှာလည်းနေ့စဉ်နဲ့အမျှ Updateလုပ်
ပေးပါ။ ကိုယ်ရေးသားတင်သမျှဟာလည်း ကိုယ့်ရဲ့ပုံရိပ်ကိုတည်ဆောက်ပေးတဲ့အရေးအသားတွေပဲဖြစ်ပါစေ။ ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်တဲ့ကိုယ်ကျွမ်းကျင် တာလေးတွေကိုဦးစားပေးရေးတင်ပါ  မျှဝေပါ။ 
၉။ ကိုယ်ပိုင်တနဘျငအနတည်ဆောက်ပါ။
   ကိုယ့်ရဲ့ Websiteမှာကိုယ့်ရဲ့ပရော်ဖက်
ရှင်နယ်ပြီးမြောက်မှုတွေကိုဦးစားပေးတင်
သင့်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်း၊ ဗဟု သုတ၊ ကိုယ့်ရဲ့ရပ်တည်မှုနဲ့ကိုယ့်ရဲ့တန်ဖိုး ထားမှုတွေကို ဦးစားပေးတင်ပေးပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ အဓိကထားပါ။
၁၀။ ရေးသားထုတ်ဝေပါ။
 ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို စာတစ်အုပ် ရေးပါထုတ်ဝေသူတွေနဲ့ချိတ်ဆက်ပြီး ထုတ်ဝေပါ။ ဒါမှမဟုတ်ကိုယ့်ရဲ့ကိုယ်ပိုင် Websiteမှာရေးတင်ပါအတွေ့အကြုံ ကောင်းတွေ၊ပညာတွေကိုရေးသားမျှဝေ ခြင်းဟာလည်းသင်ဟာသင့်ရဲ့နယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဆိုတာထင်ရှား စေပါတယ်။
၁၁။ လက်တွေ့ကမ္ဘာကိုလည်းသွား
ရောက်ပါ။
 လူကိုယ်တိုင်အနေနဲ့လည်း ကိုယ့်ပုံရိပ် ကိုမြှင့်တင်ပါသက်မွေးလုပ်ငန်းနယ်ပယ် အုပ်စုတွေနဲ့ချိတ်ဆက်ပြီးပူးပေါင်းပါဝင်ပါ။ ကွန်ဖရင့်တွေမှာ စကားတက်ပြောပါ။ Project အကြီးကြီးတွေမှာဆိုရင်လည်းသင်
ဟာဘာတွေကိုထူးထူးခြားခြားလုပ်တတ်ပြီး
တော့ဘယ်အပိုင်းတွေကိုကောင်းကောင်း
မွန်မွန်လုပ်ဆောင်နိုင်တယ် ဆိုတာပြောပြ ပေးပါ။ ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပုံရိပ်မြှင့်တင်တာဟာ မလုပ်မဖြစ်လုပ်ကိုလုပ်ရမယ့်အရာပါ။ကိုယ့်ရဲ့ခိုင်မာတဲ့ပုံရိပ်တစ်ခုကိုလမ်းကြောင်း
မှန်မှန်နဲ့တည်ဆောက်သွားမယ်ဆိုရင်အလုပ်မှာ ရာထူးတိုးချင်တာပဲဖြစ်ဖြစ်၊ကိုယ်မျှော်လင့်ရတဲ့ အလုပ်အကိုင်ကိုလိုချင်တာပဲဖြစ်ဖြစ် ဘယ်လိုပန်းတိုင်မျိုးကိုမဆိုရယူသွားနိုင်မှာ
ပဲဖြစ်ပါတယ်။            


နေသစ်(MDY)

 

  သက္ေမြးဝမ္းေက်ာင္းနဲ႔ပတ္သက္တဲ့ ပညာရွင္ေတြအၿမဲတမ္းလိုလိုေျပာတဲ့စကား
တစ္ခြန္းရွိပါတယ္။ 'ကိုယ့္ပံုရိပ္ကိုျမႇင့္တင္ ပါအမွတ္ တံဆိပ္တစ္ခုကိုတည္ေဆာက္ပါ' ဆိုတဲ့စကားတစ္ခြန္းပါ။ အဲ့ဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ ပံုရိပ္ေကာင္းတစ္ခုတည္
ေဆာက္ႏိုင္ဖို႔အတြက္လိုအပ္တဲ့အခ်က္ ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ကိုယ့္မွာရွိတဲ့သိသာထင္ရွားတဲ့အရည္ အခ်င္းေတြကိုစဥ္းစားပါ။ 
       အခ်ိန္ယူၿပီးေတာ့ကိုယ္နဲ႔ အျခား သူေတြၾကားမွာ ဘာေတြကြာျခားေနလဲဆို တာစဥ္းစားပါ။ ကိုယ့္ရဲ႕ အားသာခ်က္၊ ကိုယ့္ရဲ႕စိတ္ဝင္စားမႈနဲ႔ ကိုယ့္ရဲ႕ပန္းတိုင္ေတြ ပဲျဖစ္ပါတယ္။  ဒီေန႔မွာ ကိုယ္အလုပ္က
ထြက္ခြာခဲ့ရင္ကိုယ့္ကုမၸဏီနဲ႔လုပ္ေဖာ္ကိုင္
ဖက္ေတြဟာ ဘာေတြဆံုး႐ံႈးမလဲ။ ကိုယ္ ဟာအစားထိုးလို႔ရတဲ့သူလား၊ အစားထိုးလို႔ မရတဲ့သူလားစဥ္းစားၾကည့္ပါ။ ကိုယ္ ဘယ္သူဆိုတာသိရမွာျဖစ္သလိုကိုယ္က ဘယ္လိုလူမ်ိဳးမဟုတ္ဘူးဆိုတာလည္း သိရပါမယ္။
၂။ ကိုယ့္ကိုအျခားသူေတြကို ဘယ္လို ျမင္သလဲ အေျဖရွာပါ။
      ယံုၾကည္ရတဲ့ လုပ္ေဖာ္ကိုင္ဖက္ ေတြနဲ႔သူငယ္ခ်င္းေတြကို ကိုယ္နဲ႔ပက္သက္ လို႔ဘယ္လိုျမင္သလဲေမးၾကည့္ပါ။ ကိုယ့္ကို ေစတနာသန္႔သန္႔နဲ႔မွန္မွန္ကန္ကန္ ႐ႈျမင္ေပးမယ့္သူေတြျဖစ္ဖို႔ေတာ့လိုပါတယ္။ သင္ဟာဘယ္ေနရာေတြမွာေတာ္သလဲ။သင့္ရဲ႕အားသာခ်က္ေတြကဘာေတြလဲ။ ဘယ္ေနရာမွာေတာ့သင္ဟာမရွိမျဖစ္ ျဖစ္ေနသလဲ ေမးစမ္းၾကည့္ပါ။
၃။ ပန္းတိုင္ေတြကို သတ္မွတ္ပါ။
    ေနာက္ ၆ လၾကာတဲ့အခ်ိန္မွာ သင္ ဘယ္ေနရာကိုေရာက္ေနခ်င္သလဲ၊ ေနာက္တစ္ႏွစ္မွာေရာ၊ေနာက္၅ႏွစ္မွာေရာ၊ စသျဖင့္ေပါ့။ ပန္းတိုင္ ေတြသတ္မွတ္တာ က ကိုယ္သြားခ်င္တဲ့ေနရာကို  ေရာက္ရွိဖို႔ မလုပ္မျဖစ္လုပ္ေဆာင္ေပးရမယ့္အရာတစ္ခု ျဖစ္ပါတယ္။
၄။  ကိုယ့္ရဲ႕ပရိသတ္ကိုသိပါ။
   Starbucks ဟာသူ႔ရဲ႕ပစ္မွတ္က ေကာ္ဖီ ႏွစ္ၿခိဳက္သူေတြဆိုတာ သိသလိုမ်ိဳးပဲ သင့္အေနနဲ႔ ကိုယ့္ပံုရိပ္ကို ျမႇင့္တင္တဲ့အခါ ကိုယ္ကဘယ္လိုပရိသတ္မ်ိဳးကိုပစ္မွတ္ ထားရမယ္ဆိုတာသိရပါမယ္။ဒါမွသာ သင္ေပးခ်င္တဲ႔အေၾကာင္းအရာကို မွန္မွန္ကန္ကန္ေပးႏိုင္မွာျဖစ္သလို သင့္ကို ေနရာမွန္ကိုလည္းပို႔ေဆာင္ေပးႏိုင္မွာျဖစ္ပါ
တယ္။
၅။ ဦးစားေပးအစီအစဥ္ျပန္ဆြဲပါ။
    သင့္အေနနဲ႔သင့္ကိုယ္သင္ကုမၸဏီ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေဖာက္သည္ ေတြရဲ႕ေနာက္မွာပဲထားထားၿပီး ကိုယ့္ အတြက္ကိုယ္စဥ္းစားဖို႔ေမ့ေနတာ မ်ိဳးျဖစ္ ေနတတ္ပါတယ္။သင့္အေနနဲ႔ ဒီလူေတြကို ဆက္လက္သံေယာဇဥ္ထားတာလည္း ထားပါ။ ဒါေပမဲ့ကိုယ့္ကိုယ္ကို သံေယာဇဥ္ အရင္ထားပါ။ ကိုယ့္ကိုယ္ကို ပထမေနရာ မွာ ထားပါ။
၆။ အေသးစိတ္ေတြကို အာ႐ံုစိုက္ပါ။
    သင္လုပ္သမွ်ေတြဟာ သင့္ရဲ႕ ကိုယ္ပိုင္ပံုရိပ္ကို သက္ေရာက္မႈရွိပါတယ္။  ကိုယ့္ပံုရိပ္ကို တည္ေဆာက္တဲ့အခါ ကိစၥေသးေသးေလးေတြျဖစ္တဲ့ဝတ္စားမႈ၊  ကိုယ္ဟန္အမူအရာ၊ လုပ္ေဖာ္ကိုင္ဖက္ ေတြနဲ႔ဆက္ဆံေရး၊ကိုယ္ေရးတဲ့ အီးေမးလ္ ကအစ ကိုယ့္ပံုရိပ္ကိုထိခိုက္ေစႏိုင္တဲ့ အရာေတြမျဖစ္လာေအာင္ သတိထားပါ။
၇။ ကိုယ့္ရဲ႕ CV ကိုျပင္ဆင္ပါ။
     ကိုယ့္ CV ကိုၾကည့္တဲ့အခါ ကိုယ္ဘာသာကိုယ္ျဖစ္ခ်င္တဲ့ပံုရိပ္နဲ႔ကိုက္ညီ မႈရွိေနရဲ႕လားဆံုးျဖတ္ၾကည့္ပါ။ ကိုယ့္ရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြဟာကိုယ္ ဘယ္သူလဲဆိုတာေဖာ္ျပေပးေနတာမ်ိဳး ျဖစ္ပါေစ။
၈။ ဆိုရွယ္မီဒီယာမွာခ်ိတ္ဆက္ပါ။
  ေဖ့စ္ဘြတ္နဲ႔တြစ္တာလိုမ်ိဳးဆိုရွယ္မီဒီ ယာေတြမွာအေကာင့္ဖြင့္၊ Page ေထာင္ ၿပီးကိုယ့္ရဲ႕ပရိသတ္ကိုစုစည္းပါ။ ကိုယ့္ရဲ႕ Page မွာလည္းေန႔စဥ္နဲ႔အမွ် Updateလုပ္
ေပးပါ။ ကိုယ္ေရးသားတင္သမွ်ဟာလည္း ကိုယ့္ရဲ႕ပံုရိပ္ကိုတည္ေဆာက္ေပးတဲ့အေရးအသားေတြပဲျဖစ္ပါေစ။ ကိုယ့္အသက္ေမြးဝမ္းေက်ာင္းနဲ႔ ပတ္သက္တဲ့ကိုယ္ကြၽမ္းက်င္ တာေလးေတြကိုဦးစားေပးေရးတင္ပါ  မွ်ေဝပါ။ 
၉။ ကိုယ္ပိုင္တနဘ်ငအနတည္ေဆာက္ပါ။
   ကိုယ့္ရဲ့ Websiteမွာကိုယ့္ရဲ႕ပေရာ္ဖက္
ရွင္နယ္ၿပီးေျမာက္မႈေတြကိုဦးစားေပးတင္
သင့္ပါတယ္။ ကိုယ့္ရဲ႕အရည္အခ်င္း၊ ဗဟု သုတ၊ ကိုယ့္ရဲ႕ရပ္တည္မႈနဲ႔ကိုယ့္ရဲ႕တန္ဖိုး ထားမႈေတြကို ဦးစားေပးတင္ေပးပါ။ ကိုယ့္ကိုယ္ကိုယ္ပဲ အဓိကထားပါ။
၁၀။ ေရးသားထုတ္ေဝပါ။
 ကိုယ့္ရဲ႕ကြၽမ္းက်င္မႈေတြကို စာတစ္အုပ္ ေရးပါထုတ္ေဝသူေတြနဲ႔ခ်ိတ္ဆက္ၿပီး ထုတ္ေဝပါ။ ဒါမွမဟုတ္ကိုယ့္ရဲ႕ကိုယ္ပိုင္ Websiteမွာေရးတင္ပါအေတြ႕အႀကံဳ ေကာင္းေတြ၊ပညာေတြကိုေရးသားမွ်ေဝ ျခင္းဟာလည္းသင္ဟာသင့္ရဲ႕နယ္ပယ္မွာ ကြၽမ္းက်င္သူတစ္ေယာက္ဆိုတာထင္ရွား ေစပါတယ္။
၁၁။ လက္ေတြ႕ကမာၻကိုလည္းသြား
ေရာက္ပါ။
 လူကိုယ္တိုင္အေနနဲ႔လည္း ကိုယ့္ပံုရိပ္ ကိုျမႇင့္တင္ပါသက္ေမြးလုပ္ငန္းနယ္ပယ္ အုပ္စုေတြနဲ႔ခ်ိတ္ဆက္ၿပီးပူးေပါင္းပါဝင္ပါ။ ကြန္ဖရင့္ေတြမွာ စကားတက္ေျပာပါ။ Project အႀကီးႀကီးေတြမွာဆိုရင္လည္းသင္
ဟာဘာေတြကိုထူးထူးျခားျခားလုပ္တတ္ၿပီး
ေတာ့ဘယ္အပိုင္းေတြကိုေကာင္းေကာင္း
မြန္မြန္လုပ္ေဆာင္ႏိုင္တယ္ ဆိုတာေျပာျပ ေပးပါ။ ဘဝမွာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ပံုရိပ္ျမႇင့္တင္တာဟာ မလုပ္မျဖစ္လုပ္ကိုလုပ္ရမယ့္အရာပါ။ကိုယ့္ရဲ႕ခိုင္မာတဲ့ပံုရိပ္တစ္ခုကိုလမ္းေၾကာင္း
မွန္မွန္နဲ႔တည္ေဆာက္သြားမယ္ဆိုရင္အလုပ္ မွာရာထူးတိုးခ်င္တာပဲျဖစ္ျဖစ္၊ကိုယ္ေမွ်ာ္လင့္ရတဲ့ အလုပ္အကိုင္ကိုလိုခ်င္တာပဲျဖစ္ျဖစ္ ဘယ္လိုပန္းတိုင္မ်ိဳးကိုမဆိုရယူသြားႏိုင္မွာ ပဲျဖစ္ပါတယ္။            

ကိုယ့္ပံုရိပ္ကို ဘယ္လိုျမႇင့္တင္မလဲ
ေနသစ္(MDY)

Previous Next