04 Nov, 2019
အသိဉာဏ်မပါတဲ့ကံကောင်းခြင်း

   ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ် ကိုဖတ်ခဲ့ဖူးတယ်။ တစ်ခါကငပလီလင်းသာ ရွာမှာတံငါသည်လင်မယားနှစ် ယောက်ရှိ သတဲ့။ သူတို့တစ်တွေဟာ ပင်လယ်ကမ်း စပ်မှာ တဲအိမ်လေးတစ်လုံးထိုးပြီး နေထိုင် ကြတယ်။   လင်ဖြစ်သူက ကိုင်းတံကလေး 
(ငါးမျှားတဲ့ဝါးတံ)ကိုင်ပြီးမနက်တိုင်းပင်လယ် ကမ်းစပ်မှာငါးမျှားတယ်။ လင်ဖြစ်တဲ့သူ ရလာတဲ့ငါးတွေကို ဇနီးဖြစ်သူကရွာထဲ လှည့်ရောင်းတယ်။ ပိုက်ဆံနဲ့ဝယ်နိုင်သူတွေ ကိုပိုက်ဆံနဲ့ရောင်းတယ်။ တချို့ကလည်း
အဲဒီငါးတွေကိုကုန်ခြောက်၊ ဆန်စတာတွေ နဲ့လဲလှယ်ယူတယ်။ အဲဒီလိုအသက်မွေးဝမ်း ကျောင်းပြုကြပါတယ်။ တစ်နေ့တော့ ယောကျာ်းဖြစ် သူငါးမျှားတဲ့နေရာကိုမိန်းမ ဖြစ်သူလိုက်ခဲ့တယ်။ သူတို့တစ်တွေကမ်းစပ် နားမှာ ယင်မစိမ်းကြီးတွေဝိုင်းအုံနေတဲ့ အပုံ ကြီးတစ်ပုံကိုတွေ့မိတယ်။သူတို့နှစ်ဦးအဲဒါ မျိုးကိုတစ်ခါမှ မတွေ့ဖူးလို့အထူးအဆန်း ဖြစ်နေပါတယ်။
      ယောကျာ်းဖြစ်သူကမိန်းမဖြစ်သူကို အိမ်ကိုပြန်ပြီးထည့်စရာခြင်းတောင်းတစ်ခု ယူခိုင်းတယ်။ အဲဒါကြီးကိုခြင်းတောင်း ထဲထည့်ပြီးတဲအိမ်တစ်နေရာမှာထား လိုက်တယ်။ ရက်အတော်ကြာလာတဲ့ အခါအဲဒီအပုံကြီးခြောက်သွေ့သွားတယ်။ဒါပေမဲ့ဘာမှန်းလည်းမသိ၊ဘယ်လိုသုံးရ မှန်းလည်း မသိတော့ဒီအတိုင်းပဲထားလိုက်
တယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်နယ်နဲ့ ပြည်မဆက်သွယ်ရေးသိပ်မကောင်းသေးဘူး။တောင်ကုတ်-ပန်းတောင်း-ပြည်-ရန်ကုန်
လမ်းကြောင်းတစ်ခုထဲပဲရှိပြီး ကူးသန်းသွား လာမှုအလွန်နည်းပါးတဲ့အချိန်ဖြစ်တယ်။တစ်ခါတလေပြည်မဘက်သွားပြီးငါးခြောက်
ရောင်းတဲ့သူတွေရှိသလိုပြည်မကနေ ငါးခြောက်လာကောက်တဲ့သူတွေလည်းရှိ တတ်တယ်။
        တစ်နေ့ငါးခြောက်လာကောက်တဲ့သူ တစ်ဦးသူတို့ရွာကို ရောက်လာတဲ့အခါ တံငါသည်ကသူ့မှာရှိတဲ့အပုံခြောက်ကြီးထဲ
ကအသားစတစ်စကိုဖဲ့ပြီး ဘာလဲဆိုတာကို စုံစမ်းပေးဖို့ပေးလိုက်တယ်။အဲဒီလူကလည်း ဘာမှန်းမသိဘူး။ စုံစမ်းလို့မရဘူးဆိုပြီး အဲဒီ အသားစကိုလွှင့်ပစ်လိုက်သတဲ့၊ တံငါသည် လည်းငါးခြောက်လာကောက်တဲ့သူသုံးလေး ယောက်ကိုအသားစတွေပေးပြီးစုံစမ်းခိုင်းပြန် တယ်။
       တစ်နေ့တော့ငါးခြောက်ကုန်သည်တစ်ဦး ရောက်လာပြီး တံငါသည်ဆီမှာရှိနေတဲ့ အဲဒီအပုံခြောက်ကို ရောင်းပေးမယ်ဆိုပြီး ယူသွားခဲ့တယ်။ တစ်နေ့မှာအဲဒီလူပြန် ရောက်လာတယ်။ အဲဒီအပုံခြောက်ကို ငွေသုံးသိန်းနဲ့ ရောင်းခဲ့တယ်ဆိုပြီးပိုက်ဆံ
တွေပေးကာပြန်သွားခဲ့တယ်။
    အဲဒီအချိန်က အောင်ဘာလေသိန်း ထီဆုရဲ့အမြင့်ဆုံးဆုကငွေကျပ်တစ်သိန်း ပဲရှိပါတယ်။တံငါသည်လင်မယားလည်း နေ့ချင်းညချင်းသူဌေးဖြစ်သွားတယ်။ပိုက်ဆံ တစ်သိန်းပိုက်ပြီးသံတွဲမြို့ပေါ်တက်အိမ် ကြီးတစ်လုံးဝယ်တယ်။ အိမ်သစ်ကြီးမှာ အနီးအနားကလူတွေကို ဖိတ်၊ဧည့်ခံ ကျွေးမွေး၊ သောက်ကြစားကြနဲ့ပျော်နေ ကြတာပေါ့။အိမ်မှာစားဖို့သောက်ဖို့အတွက် သားငါးတွေကို ကိုယ်တိုင်တောင်ဈေး ထွက်မဝယ်ဘူး။ဆိုက်ကားသမားတွေကို ဝယ်ခိုင်းသတဲ့။ ဆိုက်ကားသမားတွေ အတွက် အရက်၊ ဆေးလိပ်၊ ကွမ်းယာ လိုသမျှဝယ်ပေးလို့သူတို့အိမ်နားမှာ ဆိုက်ကားဂိတ်တောင်ဖြစ်သွားသတဲ့။အဲဒီအချိန်က ဆိုင်ကယ်၊ မော်တော်ကား တွေကိုသိပ်ပြီးမသုံးကြသေးဘူး။ ဒါပေမဲ့ ဝင်ငွေမရှိထွက်ငွေချည်းပဲရှိနေတော့နောက် ဆုံးမှာ သူတို့ဝယ်ထားတဲ့အိမ်ကြီးကိုပါ ပြန်ရောင်းချရပြီး ပင်လယ်ကမ်းစပ်ဆီ ပြန်ရောက်သွားပါတော့တယ်။ အမှန်တော့
အဲဒီလင်မယားရခဲ့တဲ့အပုံကြီးဟာ ကြုံ တောင့်ကြုံခဲရခဲတဲ့ တန်ဖိုးရှိတဲ့ ပင်လယ် ကမ်းစပ်တွေအနားမှာ တောင်တွေ့ရခဲတဲ့ ငါးကြီးအန်ဖတ်ကိုရလိုက်တာပဲဖြစ်တယ်။ပညာရေးနိမ့်ကျမှု၊ အသိအမြင်မြွကယ်ဝမှု တွေကြောင့်တန်ဖိုးရှိတဲ့ငါးကြီး အန်ဖတ်ကို ရခဲ့ပေမဲ့လည်း အကျိုးမရှိ၊အရာမထင် ဖြစ်ခဲ့ရတာဖြစ်တယ်။
    အဲဒီအဖြစ်အပျက်လေးကိုဖတ်မိပြီး အိမ်နားကတုတ်ထိုးရောင်းတဲ့အမျိုးသမီး ကိုပြေးမြင်မိတယ်။အဲဒီအမျိုးသမီးက ကျွန်တော်သိတဲ့အချိန်မှာတော့ကြက်သား၊ ပဲပြား၊ ရုံးပတီသီးစတာတွေကို တုတ် ကလေးတွေနဲ့ထိုးပြီးရောင်းနေသူပါ။ယောကျာ်းကဆိုက်ကားနင်းတယ်။ သမီး လေးတစ်ဦးရှိတယ်။ဒါပေမဲ့အဲဒီအမျိုးသ
မီး အိမ်ထောင်မကျခင်က သိန်း ၅၀ ထီပေါက်ဖူးသတဲ့။ အဲဒီအချိန်တုန်းက အမြင့်ဆုံးဆုနော်။ ပြီးတော့အဲဒီအချိန် အဲဒီရပ်ကွက်ထဲမှာ အိမ်တစ်လုံးကို ကောင်းကောင်းဝယ်နိုင်တယ်ဆိုပဲ။ဒါပေမဲ့
ဘာတွေဘယ်လိုဖြစ်ခဲ့သလဲတော့မသိ။အခုတော့ သူများအိမ်နောက်ဘက်မှာ အဖီချပြီးနေနေရတာကိုတွေ့မိတယ်။
    ပုံပြင်လေးတစ်ပုဒ်ကိုလည်းဖတ်ခဲ့ဖူး ပါတယ်။ ဂရိပုံပြင်လေးပါ။ နတ်သမီး နှစ်ပါးရှိသတဲ့။ တစ်ဦးက ကံကောင်းခြင်း နတ်သမီးဖြစ်ပြီး နောက်တစ်ဦးကတော့ အသိဉာဏ်ပညာနတ်သမီးဖြစ်ပါတယ်။
တစ်ခါမှာတော့သူတို့နှစ်ဦးစကားပြော ကြရင်း ကံကောင်းခြင်းနတ်သမီးက လူတွေ ကိုကြီးပွားချမ်းသာအောင်သူတစ်ဦးတည်းနဲ့
စွမ်းဆောင်နိုင်တယ်လို့ဆိုတယ်။အသိ ဉာဏ်ပညာနတ်သမီးကတော့ကံကောင်း တာတစ်ခုတည်းနဲ့ ကြီးပွားချမ်းသာအောင် လုပ်လို့မရဘူး။ အသိဉာဏ်ပညာလည်း လိုတယ်လို့ဆိုပါတယ်။ လက်တွေ့သိရ အောင် သူတို့နှစ်ဦးလူတွေရှိတဲ့နေရာကို ထွက်လာခဲ့တယ်။ တစ်နေရာရောက်တော့ ယာထွန်နေတဲ့သူတစ်ဦးကိုတွေ့ရတယ်။
ကံကောင်းခြင်းနတ်သမီးကအဲဒီလူရဲ့ ရှေ့ကိုအဖိုးထိုက်တန်လှတဲ့ပတ္တမြားတစ်လုံး ပစ်ချလိုက်တယ်။ယာထွန်နေတဲ့သူဟာအဲဒီ
ပတ္တမြားတုံးကိုတွေ့ပေမဲ့လည်း အဖိုး ထိုက်တန်တယ်လို့မထင်ဘူး၊ သာမန် ကျောက်တုံးတစ်တုံးလို့ပဲယူဆမိတယ်။အဲဒါကြောင့်ကောက်ယူပြီးတောင်မ ကြည့်ဘူး။ အသိဉာဏ်ပညာနတ်သမီးက အဲဒီလူရဲ့ခေါင်းထဲကိုအသိဉာဏ်ထည့် သွင်းပေးလိုက်တယ်။ အဲဒီအခါကျမှသာ ယာထွန်နေတဲ့သူလည်းဝမ်းသာအားရနဲ့
ပတ္တမြားတုံးကြီးကိုကောက်ယူလိုက်ပါတော့ တယ်။ ကံကောင်းခြင်းနတ်သမီးလည်း အသိဉာဏ်ပညာနဲ့ ကံကောင်းခြင်းအတူရှိ
နေမှသာလူတစ်ယောက်အနေနဲ့ ကြီးပွား ချမ်းသာနိုင်တဲ့အကြောင်းကိုသဘောပေါက်နား လည်သွားသတဲ့။
    စောဒက တက်ချင်သူတွေရှိကောင်း ရှိနိုင်ပါတယ်။တချို့ကပြောလိမ့်မယ်။ ဓ ကံ မရှိ၊ ဉာဏ်ရှိတိုင်းမွဲဓ ဆိုတဲ့စကားပုံ ကိုလက်
ညှိုး ထိုးချင်ထိုးနိုင်ပါတယ်။ ကျွန်တော် လည်းဗုဒ္ဓဘာသာဝင်ပါ။ဓကံဓနဲ့ပတ်သက်ပြီး ဖွင့်ဆိုရှင်းလင်းမယ်ဆိုရင် စာတစ်အုပ်၊ ကျမ်းတစ်စောင်ဖြစ်နိုင်ပါတယ်။နားလည် မိသလောက်အတိုချုပ်ဆိုရရင်အတိတ် ဘဝက ပစ္စေကဗုဒ္ဓာ ကိုလှူဒါန်းခဲ့တဲ့ ကုသိုလ်နဲ့လက်ရှိဘဝမှာ ပုထုဇဉ်ဘုန်းကြီး ကိုလှူဒါန်းတဲ့ ကုသိုလ်ကံအကျိုးပေးပုံချင်း တော့မတူနိုင်ပါဘူး။ မြတ်စွာဘုရားရှင် လက်ထက်ကအတိတ်ကံကောင်းခဲ့ပေမဲ့ လည်းကြိုးစားအားထုတ်မှုမရှိတဲ့အတွက်
ဘဝကို အချည်းအနှီးကုန်ဆုံးခဲ့ရတဲ့ဇနီး မောင်နှံနှစ်ဦးအကြောင်း ဟောကြားထား တာကိုလည်းဖတ်ရှုလေ့လာခဲ့ဖူးတယ်။ဓကံ ယုံပြီးတော့ ဆူးပုံနင်းဓ လို့မဖြစ်ပါဘူး။
    လူဆိုး လူမိုက်တွေရဲ့ကံကောင်း ခြင်းဟာ သူတို့ဘဝ နစ်မွန်းပျက်စီးရာ ပျက်စီးကြောင်းဖြစ်တယ်ဆိုတာကိုမန်လည် ဆရာတော်ကြီးက မဃဒေဝလင်္ကာ မှာ အောက်ပါအတိုင်းရေးဖွဲ့ခဲ့တယ်။
    ရှေးကုသလ ၊ ဉာဏမပါ၊ သဒ္ဓါမတ္တ၊ ကံကိစ္စကြောင့်စိုးရလူစဉ် ၊ပြည့်စုံကြိုက် လည်း ၊လူမိုက်ကံကောင်း၊ နစ်မွန်းကြောင်း တည့်၊ တောင်ချောင်းရေကြီး၊ ကောက်ရိုး မီးသို့၊ ညီးညီးထိန်ပ၊ တစ်ရှိန်ြွကဖြင့် ခဏမျှသာ၊အကြာမတည် ၊ မရှည်အသက်
ပျက်လွယ်တတ် ဇွဘ်။ ( မဃဒေဝ ၊၃၂၂ )
    လူမိုက်ပင်ဖြစ်ပေမဲ့လည်း ရှေး ကုသိုလ်ကံကောင်းမယ်ဆိုရင် ရှင်ဘုရင်ဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ လူဆိုတာ ကံသက် သက်နဲ့တည်မှီလို့မရပါဘူး။ ဉာဏ်နဲ့ ဝီရိယလည်း လိုအပ်ပါသေးတယ်။ လူမိုက် ဆိုတာကတော့ကိုယ်ပိုင်ဉာဏ် ပညာ ကင်းမဲ့သူပါ။ အရာရာမှာအသိဉာဏ် ကပဲမှန်ကန် အောင်အဆုံးအဖြတ်ပေးနိုင်ပါ တယ်။ အသိဉာဏ်မပါတဲ့ဝီရိယကလည်း မှားတတ်ပါတယ်။ အတိတ်ဘဝကုသိုလ်ကံ ကြောင့် ချမ်းသာတဲ့မိဘဆီမှာမွေးဖွားပြီး သူဌေးသူြွကယ်ဖြစ်နိုင်ပေမဲ့လည်း တောင်ကျချောင်းရေကြီးမားသလို အရှိန် အဟုန်ပြင်းစွာနဲ့ တစ်ခဏတာပဲစီးဆင်း တတ်တယ်။ကောက်ရိုးမီးလိုပဲဟုန်းခနဲ အပြင်းအထန်တောက်လောင်ပြီး ငြိမ်းသွား
တတ်ပါတယ်။
    ဘဝမှာချမှတ်လုပ်ဆောင်တဲ့ ဆုံးဖြတ် ချက်တိုင်းက ကိုယ့်ရဲ့ကံကြမ္မာကို ထိန်းချုပ် ထားသတဲ့။ ကံကြမ္မာကိုပုံသွင်းပေးနိုင်တဲ့
ဆုံးဖြတ်ချက် ၃ ခုရှိပါတယ်။အဲဒါတွေ ကတော့
(၁) ဘယ်အရာကို အာရုံစူးစိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်
(၂)ကိုယ့်အတွက်ဘယ်အရာက အရေးကြီး တယ်ဆိုတဲ့ဆုံးဖြတ်ချက်
(၃) ကိုယ်ဖြစ်ချင်တဲ့အရာအတွက်ဘာတွေ လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တို့ပဲ ဖြစ်ပါ တယ်။
         လက်ရှိအချိန်မှာဘာတွေဖြစ်နေဖြစ်နေ၊ အတိတ်တုန်းကဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ အဲဒါတွေက အနာဂတ်မှာ ကိုယ်ဖြစ်လိုတဲ့
ဘဝအနေအထားအဆင့်အတန်းကို ပုံသွင်း ပေးမှာမဟုတ်ပါဘူး။ဘာကိုအာရုံစူးစိုက် မယ်၊ဘာတွေက ကိုယ့်အတွက် အရေးကြီး
တယ်။ ဘာတွေလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက် တွေကသာကိုယ့်ရဲ့အဆုံးစွန်တဲ့ ကံကြမ္မာ ကို ဖန်တီးပေးကြမှာဖြစ်ပါတော့တယ်။


သူရထိုက်


အသိဉာဏ္မပါတဲ့ကံေကာင္းျခင္း

   ျဖစ္ရပ္မွန္ဇာတ္လမ္းေလးတစ္ပုဒ္ ကိုဖတ္ခဲ့ဖူးတယ္။ တစ္ခါကငပလီလင္းသာ ႐ြာမွာတံငါသည္လင္မယားႏွစ္ ေယာက္ရွိ သတဲ့။ သူတို႔တစ္ေတြဟာ ပင္လယ္ကမ္း စပ္မွာ တဲအိမ္ေလးတစ္လံုးထိုးၿပီး ေနထိုင္ ၾကတယ္။   လင္ျဖစ္သူက ကိုင္းတံကေလး 
(ငါးမွ်ားတဲ့ဝါးတံ)ကိုင္ၿပီးမနက္တိုင္းပင္လယ္ ကမ္းစပ္မွာငါးမွ်ားတယ္။ လင္ျဖစ္တဲ့သူ ရလာတဲ့ငါးေတြကို ဇနီးျဖစ္သူက႐ြာထဲ လွည့္ေရာင္းတယ္။ ပိုက္ဆံနဲ႔ဝယ္ႏိုင္သူေတြ ကိုပိုက္ဆံနဲ႔ေရာင္းတယ္။ တခ်ိဳ႕ကလည္း
အဲဒီငါးေတြကိုကုန္ေျခာက္၊ ဆန္စတာေတြ နဲ႔လဲလွယ္ယူတယ္။ အဲဒီလိုအသက္ေမြးဝမ္း ေက်ာင္းျပဳၾကပါတယ္။ တစ္ေန႔ေတာ့ ေယာက်ာ္းျဖစ္ သူငါးမွ်ားတဲ့ေနရာကိုမိန္းမ ျဖစ္သူလိုက္ခဲ့တယ္။ သူတို႔တစ္ေတြကမ္းစပ္ နားမွာ ယင္မစိမ္းႀကီးေတြဝိုင္းအံုေနတဲ့ အပံု ႀကီးတစ္ပံုကိုေတြ႕မိတယ္။သူတို႔ႏွစ္ဦးအဲဒါ မ်ိဳးကိုတစ္ခါမွ မေတြ႕ဖူးလို႔အထူးအဆန္း ျဖစ္ေနပါတယ္။
      ေယာက်ာ္းျဖစ္သူကမိန္းမျဖစ္သူကို အိမ္ကိုျပန္ၿပီးထည့္စရာျခင္းေတာင္းတစ္ခု ယူခိုင္းတယ္။ အဲဒါႀကီးကိုျခင္းေတာင္း ထဲထည့္ၿပီးတဲအိမ္တစ္ေနရာမွာထား လိုက္တယ္။ ရက္အေတာ္ၾကာလာတဲ့ အခါအဲဒီအပံုႀကီးေျခာက္ေသြ႕သြားတယ္။ဒါေပမဲ့ဘာမွန္းလည္းမသိ၊ဘယ္လိုသံုးရ မွန္းလည္း မသိေတာ့ဒီအတိုင္းပဲထားလိုက္
တယ္။ အဲဒီအခ်ိန္တုန္းက ရခိုင္ျပည္နယ္နဲ႔ ျပည္မဆက္သြယ္ေရးသိပ္မေကာင္းေသးဘူး။ေတာင္ကုတ္-ပန္းေတာင္း-ျပည္-ရန္ကုန္
လမ္းေၾကာင္းတစ္ခုထဲပဲရွိၿပီး ကူးသန္းသြား လာမႈအလြန္နည္းပါးတဲ့အခ်ိန္ျဖစ္တယ္။တစ္ခါတေလျပည္မဘက္သြားၿပီးငါးေျခာက္
ေရာင္းတဲ့သူေတြရွိသလိုျပည္မကေန ငါးေျခာက္လာေကာက္တဲ့သူေတြလည္းရွိ တတ္တယ္။
        တစ္ေန႔ငါးေျခာက္လာေကာက္တဲ့သူ တစ္ဦးသူတို႔႐ြာကို ေရာက္လာတဲ့အခါ တံငါသည္ကသူ႔မွာရွိတဲ့အပံုေျခာက္ႀကီးထဲ
ကအသားစတစ္စကိုဖဲ့ၿပီး ဘာလဲဆိုတာကို စံုစမ္းေပးဖို႔ေပးလိုက္တယ္။အဲဒီလူကလည္း ဘာမွန္းမသိဘူး။ စံုစမ္းလို႔မရဘူးဆိုၿပီး အဲဒီ အသားစကိုလႊင့္ပစ္လိုက္သတဲ့၊ တံငါသည္ လည္းငါးေျခာက္လာေကာက္တဲ့သူသံုးေလး ေယာက္ကိုအသားစေတြေပးၿပီးစံုစမ္းခိုင္းျပန္ တယ္။
       တစ္ေန႔ေတာ့ငါးေျခာက္ကုန္သည္တစ္ဦး ေရာက္လာၿပီး တံငါသည္ဆီမွာရွိေနတဲ့ အဲဒီအပံုေျခာက္ကို ေရာင္းေပးမယ္ဆိုၿပီး ယူသြားခဲ့တယ္။ တစ္ေန႔မွာအဲဒီလူျပန္ ေရာက္လာတယ္။ အဲဒီအပံုေျခာက္ကို ေငြသံုးသိန္းနဲ႔ ေရာင္းခဲ့တယ္ဆိုၿပီးပိုက္ဆံ
ေတြေပးကာျပန္သြားခဲ့တယ္။
    အဲဒီအခ်ိန္က ေအာင္ဘာေလသိန္း ထီဆုရဲ႕အျမင့္ဆံုးဆုကေငြက်ပ္တစ္သိန္း ပဲရွိပါတယ္။တံငါသည္လင္မယားလည္း ေန႔ခ်င္းညခ်င္းသူေဌးျဖစ္သြားတယ္။ပိုက္ဆံ တစ္သိန္းပိုက္ၿပီးသံတြဲၿမိဳ႕ေပၚတက္အိမ္ ႀကီးတစ္လံုးဝယ္တယ္။ အိမ္သစ္ႀကီးမွာ အနီးအနားကလူေတြကို ဖိတ္၊ဧည့္ခံ ေကြၽးေမြး၊ ေသာက္ၾကစားၾကနဲ႔ေပ်ာ္ေန ၾကတာေပါ့။အိမ္မွာစားဖို႔ေသာက္ဖို႔အတြက္ သားငါးေတြကို ကိုယ္တိုင္ေတာင္ေဈး ထြက္မဝယ္ဘူး။ဆိုက္ကားသမားေတြကို ဝယ္ခိုင္းသတဲ့။ ဆိုက္ကားသမားေတြ အတြက္ အရက္၊ ေဆးလိပ္၊ ကြမ္းယာ လိုသမွ်ဝယ္ေပးလို႔သူတို႔အိမ္နားမွာ ဆိုက္ကားဂိတ္ေတာင္ျဖစ္သြားသတဲ့။အဲဒီအခ်ိန္က ဆိုင္ကယ္၊ ေမာ္ေတာ္ကား ေတြကိုသိပ္ၿပီးမသံုးၾကေသးဘူး။ ဒါေပမဲ့ ဝင္ေငြမရွိထြက္ေငြခ်ည္းပဲရွိေနေတာ့ေနာက္ ဆံုးမွာ သူတို႔ဝယ္ထားတဲ့အိမ္ႀကီးကိုပါ ျပန္ေရာင္းခ်ရၿပီး ပင္လယ္ကမ္းစပ္ဆီ ျပန္ေရာက္သြားပါေတာ့တယ္။ အမွန္ေတာ့
အဲဒီလင္မယားရခဲ့တဲ့အပံုႀကီးဟာ ႀကံဳ ေတာင့္ႀကံဳခဲရခဲတဲ့ တန္ဖိုးရွိတဲ့ ပင္လယ္ ကမ္းစပ္ေတြအနားမွာ ေတာင္ေတြ႕ရခဲတဲ့ ငါးႀကီးအန္ဖတ္ကိုရလိုက္တာပဲျဖစ္တယ္။ပညာေရးနိမ့္က်မႈ၊ အသိအျမင္မျြကယ္ဝမႈ ေတြေၾကာင့္တန္ဖိုးရွိတဲ့ငါးႀကီး အန္ဖတ္ကို ရခဲ့ေပမဲ့လည္း အက်ိဳးမရွိ၊အရာမထင္ ျဖစ္ခဲ့ရတာျဖစ္တယ္။
    အဲဒီအျဖစ္အပ်က္ေလးကိုဖတ္မိၿပီး အိမ္နားကတုတ္ထိုးေရာင္းတဲ့အမ်ိဳးသမီး ကိုေျပးျမင္မိတယ္။အဲဒီအမ်ိဳးသမီးက ကြၽန္ေတာ္သိတဲ့အခ်ိန္မွာေတာ့ၾကက္သား၊ ပဲျပား၊ ႐ံုးပတီသီးစတာေတြကို တုတ္ ကေလးေတြနဲ႔ထိုးၿပီးေရာင္းေနသူပါ။ေယာက်ာ္းကဆိုက္ကားနင္းတယ္။ သမီး ေလးတစ္ဦးရွိတယ္။ဒါေပမဲ့အဲဒီအမ်ိဳးသ
မီး အိမ္ေထာင္မက်ခင္က သိန္း ၅၀ ထီေပါက္ဖူးသတဲ့။ အဲဒီအခ်ိန္တုန္းက အျမင့္ဆံုးဆုေနာ္။ ၿပီးေတာ့အဲဒီအခ်ိန္ အဲဒီရပ္ကြက္ထဲမွာ အိမ္တစ္လံုးကို ေကာင္းေကာင္းဝယ္ႏိုင္တယ္ဆိုပဲ။ဒါေပမဲ့
ဘာေတြဘယ္လိုျဖစ္ခဲ့သလဲေတာ့မသိ။အခုေတာ့ သူမ်ားအိမ္ေနာက္ဘက္မွာ အဖီခ်ၿပီးေနေနရတာကိုေတြ႕မိတယ္။
    ပံုျပင္ေလးတစ္ပုဒ္ကိုလည္းဖတ္ခဲ့ဖူး ပါတယ္။ ဂရိပံုျပင္ေလးပါ။ နတ္သမီး ႏွစ္ပါးရွိသတဲ့။ တစ္ဦးက ကံေကာင္းျခင္း နတ္သမီးျဖစ္ၿပီး ေနာက္တစ္ဦးကေတာ့ အသိဉာဏ္ပညာနတ္သမီးျဖစ္ပါတယ္။
တစ္ခါမွာေတာ့သူတို႔ႏွစ္ဦးစကားေျပာ ၾကရင္း ကံေကာင္းျခင္းနတ္သမီးက လူေတြ ကိုႀကီးပြားခ်မ္းသာေအာင္သူတစ္ဦးတည္းနဲ႔
စြမ္းေဆာင္ႏိုင္တယ္လို႔ဆိုတယ္။အသိ ဉာဏ္ပညာနတ္သမီးကေတာ့ကံေကာင္း တာတစ္ခုတည္းနဲ႔ ႀကီးပြားခ်မ္းသာေအာင္ လုပ္လို႔မရဘူး။ အသိဉာဏ္ပညာလည္း လိုတယ္လို႔ဆိုပါတယ္။ လက္ေတြ႕သိရ ေအာင္ သူတို႔ႏွစ္ဦးလူေတြရွိတဲ့ေနရာကို ထြက္လာခဲ့တယ္။ တစ္ေနရာေရာက္ေတာ့ ယာထြန္ေနတဲ့သူတစ္ဦးကိုေတြ႕ရတယ္။
ကံေကာင္းျခင္းနတ္သမီးကအဲဒီလူရဲ႕ ေရွ႕ကိုအဖိုးထိုက္တန္လွတဲ့ပတၱျမားတစ္လံုး ပစ္ခ်လိုက္တယ္။ယာထြန္ေနတဲ့သူဟာအဲဒီ
ပတၱျမားတံုးကိုေတြ႕ေပမဲ့လည္း အဖိုး ထိုက္တန္တယ္လို႔မထင္ဘူး၊ သာမန္ ေက်ာက္တံုးတစ္တံုးလို႔ပဲယူဆမိတယ္။အဲဒါေၾကာင့္ေကာက္ယူၿပီးေတာင္မ ၾကည့္ဘူး။ အသိဉာဏ္ပညာနတ္သမီးက အဲဒီလူရဲ႕ေခါင္းထဲကိုအသိဉာဏ္ထည့္ သြင္းေပးလိုက္တယ္။ အဲဒီအခါက်မွသာ ယာထြန္ေနတဲ့သူလည္းဝမ္းသာအားရနဲ႔
ပတၱျမားတံုးႀကီးကိုေကာက္ယူလိုက္ပါေတာ့ တယ္။ ကံေကာင္းျခင္းနတ္သမီးလည္း အသိဉာဏ္ပညာနဲ႔ ကံေကာင္းျခင္းအတူရွိ
ေနမွသာလူတစ္ေယာက္အေနနဲ႔ ႀကီးပြား ခ်မ္းသာႏိုင္တဲ့အေၾကာင္းကိုသေဘာေပါက္နား လည္သြားသတဲ့။
    ေစာဒက တက္ခ်င္သူေတြရွိေကာင္း ရွိႏိုင္ပါတယ္။တခ်ိဳ႕ကေျပာလိမ့္မယ္။ ဓ ကံ မရွိ၊ ဉာဏ္ရွိတိုင္းမြဲဓ ဆိုတဲ့စကားပံု ကိုလက္
ညႇိဳး ထိုးခ်င္ထိုးႏိုင္ပါတယ္။ ကြၽန္ေတာ္ လည္းဗုဒၶဘာသာဝင္ပါ။ဓကံဓနဲ႔ပတ္သက္ၿပီး ဖြင့္ဆိုရွင္းလင္းမယ္ဆိုရင္ စာတစ္အုပ္၊ က်မ္းတစ္ေစာင္ျဖစ္ႏိုင္ပါတယ္။နားလည္ မိသေလာက္အတိုခ်ဳပ္ဆိုရရင္အတိတ္ ဘဝက ပေစၥကဗုဒၶာ ကိုလွဴဒါန္းခဲ့တဲ့ ကုသိုလ္နဲ႔လက္ရွိဘဝမွာ ပုထုဇဥ္ဘုန္းႀကီး ကိုလွဴဒါန္းတဲ့ ကုသိုလ္ကံအက်ိဳးေပးပံုခ်င္း ေတာ့မတူနိုင္ပါဘူး။ ျမတ္စြာဘုရားရွင္ လက္ထက္ကအတိတ္ကံေကာင္းခဲ့ေပမဲ့ လည္းႀကိဳးစားအားထုတ္မႈမရွိတဲ့အတြက္
ဘဝကို အခ်ည္းအႏွီးကုန္ဆံုးခဲ့ရတဲ့ဇနီး ေမာင္ႏွံႏွစ္ဦးအေၾကာင္း ေဟာၾကားထား တာကိုလည္းဖတ္႐ႈေလ့လာခဲ့ဖူးတယ္။ဓကံ ယံုၿပီးေတာ့ ဆူးပံုနင္းဓ လို႔မျဖစ္ပါဘူး။
    လူဆိုး လူမိုက္ေတြရဲ႕ကံေကာင္း ျခင္းဟာ သူတို႔ဘဝ နစ္မြန္းပ်က္စီးရာ ပ်က္စီးေၾကာင္းျဖစ္တယ္ဆိုတာကိုမန္လည္ ဆရာေတာ္ႀကီးက မဃေဒဝလကၤာ မွာ ေအာက္ပါအတိုင္းေရးဖြဲ႕ခဲ့တယ္။
    ေရွးကုသလ ၊ ဉာဏမပါ၊ သဒၶါမတၲ၊ ကံကိစၥေၾကာင့္စိုးရလူစဥ္ ၊ျပည့္စံုႀကိဳက္ လည္း ၊လူမိုက္ကံေကာင္း၊ နစ္မြန္းေၾကာင္း တည့္၊ ေတာင္ေခ်ာင္းေရႀကီး၊ ေကာက္႐ိုး မီးသို႔၊ ညီးညီးထိန္ပ၊ တစ္ရွိန္ျြကျဖင့္ ခဏမွ်သာ၊အၾကာမတည္ ၊ မရွည္အသက္
ပ်က္လြယ္တတ္ ဇြဘ္။ ( မဃေဒဝ ၊၃၂၂ )
    လူမိုက္ပင္ျဖစ္ေပမဲ့လည္း ေရွး ကုသိုလ္ကံေကာင္းမယ္ဆိုရင္ ရွင္ဘုရင္ျဖစ္ ႏိုင္ပါတယ္။ ဒါေပမဲ့ လူဆိုတာ ကံသက္ သက္နဲ႔တည္မွီလို႔မရပါဘူး။ ဉာဏ္နဲ႔ ဝီရိယလည္း လိုအပ္ပါေသးတယ္။ လူမိုက္ ဆိုတာကေတာ့ကိုယ္ပိုင္ဉာဏ္ ပညာ ကင္းမဲ့သူပါ။ အရာရာမွာအသိဉာဏ္ ကပဲမွန္ကန္ ေအာင္အဆံုးအျဖတ္ေပးႏိုင္ပါ တယ္။ အသိဉာဏ္မပါတဲ့ဝီရိယကလည္း မွားတတ္ပါတယ္။ အတိတ္ဘဝကုသိုလ္ကံ ေၾကာင့္ ခ်မ္းသာတဲ့မိဘဆီမွာေမြးဖြားၿပီး သူေဌးသူျြကယ္ျဖစ္ႏိုင္ေပမဲ့လည္း ေတာင္က်ေခ်ာင္းေရႀကီးမားသလို အရွိန္ အဟုန္ျပင္းစြာနဲ႔ တစ္ခဏတာပဲစီးဆင္း တတ္တယ္။ေကာက္႐ိုးမီးလိုပဲဟုန္းခနဲ အျပင္းအထန္ေတာက္ေလာင္ၿပီး ၿငိမ္းသြား
တတ္ပါတယ္။
    ဘဝမွာခ်မွတ္လုပ္ေဆာင္တဲ့ ဆံုးျဖတ္ ခ်က္တိုင္းက ကိုယ့္ရဲ႕ကံၾကမၼာကို ထိန္းခ်ဳပ္ ထားသတဲ့။ ကံၾကမၼာကိုပံုသြင္းေပးႏိုင္တဲ့
ဆံုးျဖတ္ခ်က္ ၃ ခုရွိပါတယ္။အဲဒါေတြ ကေတာ့
(၁) ဘယ္အရာကို အာ႐ံုစူးစိုက္မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္
(၂)ကိုယ့္အတြက္ဘယ္အရာက အေရးႀကီး တယ္ဆိုတဲ့ဆံုးျဖတ္ခ်က္
(၃) ကိုယ္ျဖစ္ခ်င္တဲ့အရာအတြက္ဘာေတြ လုပ္မယ္ဆိုတဲ့ဆံုးျဖတ္ခ်က္တို႔ပဲ ျဖစ္ပါ တယ္။
         လက္ရွိအခ်ိန္မွာဘာေတြျဖစ္ေနျဖစ္ေန၊ အတိတ္တုန္းကဘာေတြပဲျဖစ္ခဲ့ ျဖစ္ခဲ့ အဲဒါေတြက အနာဂတ္မွာ ကိုယ္ျဖစ္လိုတဲ့
ဘဝအေနအထားအဆင့္အတန္းကို ပံုသြင္း ေပးမွာမဟုတ္ပါဘူး။ဘာကိုအာ႐ံုစူးစိုက္ မယ္၊ဘာေတြက ကိုယ့္အတြက္ အေရးႀကီး
တယ္။ ဘာေတြလုပ္မယ္ဆိုတဲ့ဆံုးျဖတ္ခ်က္ ေတြကသာကိုယ့္ရဲ႕အဆံုးစြန္တဲ့ ကံၾကမၼာ ကို ဖန္တီးေပးၾကမွာျဖစ္ပါေတာ့တယ္။


သူရထိုက္

Previous Next