07 Nov, 2019
ခေတ်ပြောင်းအမ်ဘီအေ

  အောက်တိုဘာလမှာ နယူးယောက်ကိုရောက် သွားတဲ့ လုပ်ငန်းရှင်တစ်ယောက်က ဖေ့စ်ဘုတ်ကို စီးကရက်အခွန်တိုးကောက်ပြီး ဆန်ဖရန်စစ္စကိုက အိမ်ယာမဲ့တွေကိုကူညီဖို့ပြောတာဟာ အတော် ထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ သန်းထောင်ချီြွကယ်တဲ့ သူဌေးတစ်ယောက်က ဖေ့စ်ဘုတ်လို နည်းပညာ ကုမ္ပဏီတစ်ခုအကြောင်း မကောင်းပြောပြီး အခွန် ကောက်တဲ့သူကို ချီးကျူးတာ အတော်သမားရိုး ကျမဆန်တဲ့ကိစ္စပါ။ ပြီးတော့ အဲဒီသူဌေးက အမေရိကန်ရဲ့ စီမံခန့်ခွဲရေးပညာသင်တန်းတွေကိုပါ ဆက်ဝေဖန်တယ်။ သင်တန်းတွေက အများပြည်သူ အကျိုးထက်၊ အမြတ်ကို ဦးစားပေးတတ်အောင် သင်ပေးတယ်။ ဒါဟာ အခုခေတ်ရဲ့ အရင်းရှင် စနစ်သစ်နဲ့ လွဲချော်နေပြီတဲ့။


    သူပြောတဲ့အချက်ကို အစီအစဉ်ညွှန်ကြား ရေးမှူးတွေ ကျောင်းအုပ်ကြီးတွေက သဘောတူ ကြပါတယ်။ သူတို့က ကျောင်းသားတွေကို လူ့အဖွဲ့ အစည်းမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကို သေသေချာချာစဉ်းစားစေချင်တယ်။ အထူးသဖြင့် ခုအချိန်လို အရင်းရှင်စနစ်ဝေဖန်တိုက်ခိုက် ခံနေရတဲ့ အချိန်မှာ တော်တော်လေးစဉ်းစားစေချင်တယ်။ အလားတူ တက္ကသိုလ်တစ်ခုကလည်း ရည်ရွယ်ချက် တွေတန်ဖိုးထားမှုတွေအကြောင်း ပြန်လည်ဆင်ခြင် သုံးသပ်စရာနေရာတစ်ခုဖြစ်စေချင်ကြတယ်။ စီးပွား ရေးလုပ်ငန်းတွေရဲ့ လုပ်ရပ်တွေကြောင့်လူ့အဖွဲ့ အစည်း အပေါ်ကျရောက်တဲ့ အကျိုးသက်ရောက်မှု ကို အသိအမှတ်ပြုတဲ့ တာဝန်ယူစေချင်ကြတယ်။ တစ်နည်းအားဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေ၊ သူတို့ ရဲ့ခေါင်းဆောင်တွေနဲ့ ပိုင်ရှင်တွေဟာ သူတို့အပေါ် ယုံကြည်မှုပြန်လည်ရရှိအောင်ဆောင်ရွက်ဖို့လို တယ်။


    ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ငန်းပညာမဟာဘွဲ့ (MBA)ပေးတဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲမှာ အမေရိကန်တက္ကသိုလ်တွေက ထိပ်ဆုံးမှာရှိနေဆဲ ပါ။ ဒါပေမဲ့ အပြောင်းအလဲတွေတော့ဖြစ်နေပါပြီ။ မနှစ်ကထက် ဒီနှစ်ဝင်ခွင့်လျှောက်တာ ၇ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ ၂ နှစ်အချိန်ပြည့်သင်တန်းတွေရဲ့ လေးပုံသုံးပုံမှာ အဲသလိုဝင်ခွင့်လျှောက်တာ လျော့ သွားတယ်။ ဟားဗဒ်တို့၊ စတန့်ဖို့ဒ်တို့လို နာမည် ကြီးကျောင်းတွေတောင် ၆ ရာခိုင်နှုန်းလျော့တယ်။ ပြည်ပကျောင်းတွေ၊ အင်တာနက်သင်တန်းတွေရဲ့ ပြိုင်ဆိုင်မှုဒဏ်ကိုလည်းခံနေရတယ်။ သင်ရိုးညွှန်း တမ်းတွေကိုလည်း မေးခွန်းထုတ်လာကြတယ်။ လက်ဝဲရော၊ လက်ယာရော ဗဟိုမှာပါကပြောင်းက ပြန်တွေဖြစ်နေတယ်။


    ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာခေတ်စားတော့ အမေရိကန်ကျောင်း တက်တဲ့သူတွေဟာ အများအားဖြင့်အမေရိကန် ကျောင်းသားတွေပါ။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ ကမ္ဘာကြီးရဲ့ပေါင်းစည်းမှုဖြစ်စဉ် ွူသဘေ-ူငဖအေငသည အရှိန်ရလာတော့ အမေရိကန်သင်ရိုးညွှန်း တမ်းတွေနဲ့ ကျောင်းသားတွေပေါ်ကိုလည်း ဂယက် ရိုက်ခတ်လာကြတယ်။ အခုအဆင့်က တတိယလှိုင်း တဲ့။ အမေရိကန်ရဲ့အပြင်မှာ ကျောင်းတွေပေါ်ပေါက် လာလို့၊ ကျောင်းသားတွေဟာ အိုးမကွာ၊ အိမ်မကွာ မိမိနိုင်ငံ၊ မိမိရဲ့အနာဂတ်အလုပ်ရှင်တွေနားမှာ ပညာသင်ယူခွင့်တွေရလာကြတယ်။ ဥရောပတစ်လွှား မှာတော့တစ်နှစ်တည်းနဲ့ဘွဲ့ပေးတဲ့ဈေးချိုတဲ့ သင်တန်း တွေ ပေါ်ပေါက်လာတယ်။ အမေရိကန်က ၂ နှစ်မှ ဘွဲ့ပေးတဲ့ ကျောင်းလေးပုံသုံးပုံလောက်မှာ နိုင်ငံခြား သားကျောင်းသား ကျောင်းဝင်ခွင့်လျှောက်တာ လျော့သွားတယ်။ ဒါပေမဲ့ ၂၀၁၇ နဲ့ ၂၀၁၈ အကြား မှာ အာရှကျောင်းတွေကျတော့ ကျောင်းဝင်ခွင့် လျှောက်တာ ၉ ရာခိုင်နှုန်းတက်လာတယ်။ အမေရိ ကန်မှာ လူဝင်မှုဆန့်ကျင်ရေးစိတ်ဓာတ်မြင့်မား လာတာကြောင့်လည်း အမေရိကန်လာပြီး ပညာ သင်ချင်တဲ့သူပိုနည်းလာစေတယ်။


    အမေရိကန်တွေကိုယ်နှိုက်ကလည်း စိတ်ပါဝင် စားမှုလျော့ကျလာတာတွေ့ရတယ်။ အမေရိကန် တက္ကသိုလ်တစ်ဝက်ကျော်က ကျောင်းဝင်ခွင့် လျှောက်တာ လျော့လာတယ်။ ငွေဖောင်းပွမှုနှုန်း ထက်မြန်တဲ့ ကျောင်းလခတက်တာကိုလည်းမခံစား နိုင်ကြဘူး။ ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ နေထိုင် စရိတ်အပါအဝင် ဒေါ်လာ ၂ သိန်းကျော်ကုန်မယ်။ ငွေကြေးအကူအညီရရင်တောင်မှ ဘွဲ့ရရင် ဒေါ်လာ ၁ သိန်းလောက် အြွေကးတင်မယ်။ စီးပွားရေးစန်းပွင့် ချိန်၊ အလုပ်အကိုင်ရှားပါးချိန်မှာ ၂ နှစ်လောက်အ တွင်းရမယ့်လစာကို စွန့်လွှတ်ဖို့ဆိုတာကလည်း မလွယ်လှ။ ၂၀၁၄ နဲ့ ၂၀၁၈ ကြားမှာ အချိန်ပြည့် အမ်ဘီအေသင်တန်းတွေ ဆယ်ပုံတစ်ပုံလောက် လျော့ကျသွားတယ်။


    ထိပ်တန်းတက္ကသိုလ်တွေကတော့ ခုအချိန်မှာ အရည်အသွေးအဆင့်အတန်းမြင့်မားတဲ့ ပညာတတ် ပုဂ္ဂိုလ်တွေကို လိုချင်ကြလို့ သူတို့ရော၊ သူတို့ကျောင်း သားတွေပါ ခေတ်ကောင်းနေတယ်လို့ဆိုတယ်။လစာအပြင် အပိုရတဲ့ခံစားခွင့်တွေထည့်ပေးလိုက်ရင် ထိပ်တန်းတက္ကသိုလ်ကထွက်တဲ့သူတွေဟာ ခဏလေးနဲ့ အရင်းကျေပါတယ်။ ထိပ်တန်း တက္ကသိုလ်ထွက် အမ်ဘီအေဘွဲ့ရတစ်ယောက်ရဲ့ ပျမ်းမျှအခြေခံလစာဟာ ဒေါ်လာ ၁၃၉၀ဝ၀ ထိရ နိုင်တယ်လို့ ထိပ်တန်းတက္ကသိုလ် ၅ ခုကဆိုတယ်။
အကြံပေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ ကတော့ဟိုတုန်းကလိုပဲ အမ်ဘီအေတွေကို အကြိုက်တွေ့နေတုန်းပဲ။ ကွန်ပျူတာနဲ့ နည်းပညာ လောကက လုပ်ငန်းတချို့ကကျတော့လည်း ဘာမျှ မတတ်မသိတဲ့သူတွေကို မတန်တဆမပေးချင်ဘူး လို့ပြောခဲ့ပေမဲ့ စိတ်ပြောင်းလာတာတွေ့ရတယ်။ စတင်တည်ထောင်ကာစလုပ်ငန်းဘဝကနေ လုပ်ငန်း ကြီးဖြစ်လာပြီဆိုရင် တကယ့်မန်နေဂျာတွေလိုလာပြီ။ နည်းပညာလုပ်ငန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းက အမ်ဘီ အေဘွဲ့ရတွေကို ဒီနှစ်ခိုင်းချင်တယ် ခန့်ချင်တယ် ဆိုတော့ အကြံပေးလုပ်ငန်းတွေရဲ့ ၈၂ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးလုပ်ငန်းတွေရဲ့ ၇၇ ရာခိုင်နှုန်း က ခန့်ချင်တာနဲ့တန်းတူဖြစ်သွားတယ်။


    ထိပ်တန်းတက္ကသိုလ်တွေတောင်မှ သင်တန်း သား အကြိုက်ပုံစံတွေ ချလာတာတွေ့ရတယ်။ ကမ္ဘာအနှံ့ ပြိုင်ဆိုင်မှုကြီးမားလာတာရယ်၊ နည်း ပညာအသစ်တွေရယ်ကြောင့် အရည်အသွေးမြင့် သင်တန်းတွေကို စရိတ်နည်းနည်းနဲ့ သင်ပေးနိုင် လာကြတယ်။ ဒါကြောင့် ကိုယ့်အနေအထားကို ပြန်ပြီးသုံးသပ်လာကြရတယ်။ ဒါကြောင့် အွန်လိုင်း အမ်ဘီအေသင်တန်းတစ်ခုဆိုရင် ကျောင်းတက်ရင် ကုန်မယ့်စရိတ်တဲ့ သုံးပုံတစ်ပုံ ဒေါ်လာ ၂၄၀ဝ၀ လောက်နဲ့ အမ်ဘီအေဘွဲ့ပေးဖို့လုပ်လာတယ်။ ကိုယ်မလုပ်ရင်လည်း သူများလုပ်တာကို ခံရမယ်။ အရောင်းကွင်းဆက်စီမံခန့်ခွဲမှုတို့၊ ဘဏ္ဍာရေး ပညာတို့နဲ့ပတ်သက်လို့ အသေးစားအမ်ဘီအေဘွဲ့ တွေ၊ အင်တာနက်ကနေ ပေးလာကြရတယ်။ ဒီလက်မှတ်တွေကိုအခြေခံပြီး ဆက်တက်ချင်ရင် တက်လို့ရတယ်။ ကျောင်းတက်ချိန်မှာ တက္ကသိုလ်ရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုကစိုက်ပေး ဘွဲ့ရအလုပ် ရမှပြန်ဆပ်တဲ့ အစီအစဉ်တွေလည်းရှိတယ်။
    ဘယ်လိုသင်ကြမလဲဆိုတာသာမက ဘာတွေ သင်ကြမလဲဆိုတာလည်း ပြောင်းလဲနေတယ်။ အစု ရှယ်ယာရှင်တွေအကျိုးရှိရုံနဲ့ မပြီးဘူးလို့ သင်လာကြ ပြီ။ ဥရောပတက္ကသိုလ်တွေမှာ စဉ်ဆက်မပြတ် အရင်းရှင်စနစ်အကြောင်းအရေးပါလာပြီတဲ့။ ဘဏ္ဍာရေးသင်ခန်းစာတွေ အရေးကြီးနေဆဲပေမဲ့ လူမှုရေး၊ ပတ်ဝန်းကျင်နဲ့ကိုယ်ကျင့်တရားအ ကြောင်းတွေ ထည့်သွင်းနေရတယ်။
    ရှယ်ယာရှင်တွေသာမက အကျိုးစီးပွားချင်း ဆက်နွှယ်သူတွေသာ အကျိုးရှိစေရမယ်ဆိုတာက နိုင်ငံရေးဆန်လာသလိုလိုရှိတယ်။ ကျောင်းသား တွေကို ရွေးချယ်စရာတွေ စဉ်းစားစရာတွေချပြပေး ရမယ်။ မတူညီတဲ့လောကထဲက ဘုံရည်ရွယ်ချက်တို့ လို၊ ကုမ္ပဏီတွေရဲ့တာဝန်ယူမှုလို အကြောင်းအရာ တွေကို ပထမနှစ်မှာကြားလာကြရတယ်။ ဂျပန် အစိုးရ ပင်စင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကငွေကြေး ကိုကျော်ကြည့်တတ်တဲ့ သီလလိုချိန်ဆတဲ့နမူနာ တွေကို လေ့လာကြရတယ်။


    သင်ရိုးညွှန်းတမ်းတွေက ဖြည်းဖြည်းချင်း ပြောင်းလဲလာနေတယ်၊ အလုပ်ရှင်တွေကလည်း နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေရအောင်လို့ သူတို့ရဲ့အရာရှိတွေ ကျောင်းတက်ခိုင်းတာကိုက တစ်နှစ်ကို ဒေါ်လာ သန်း ၁၀ဝ ကနေ ၁၅၀ လောက်အထိ တက္ကသိုလ်တွေကရကြတယ်။ အလုပ် ရှင်ကလိုချင်တဲ့စာရင်းအင်း၊ စိစစ်သုံးသပ်မှု၊ ပရိုဂရမ်၊ ရေးဆွဲတာတွေကို ထည့်သွင်းပေးရတယ်။ ေြွကးမြီ ဈေးကွက်အကြောင်းကိုလည်း လူကြိုက်များတယ်။ ကိုယ်ကနည်းပညာတွေမတတ်ရင်တောင် နည်း ပညာတတ်တဲ့သူတွေကို စီမံခန့်ခွဲနိုင်ဖို့ ပြင်ဆင်ထား ရတယ်။ တချို့လုပ်ငန်းတွေကဆို ကွန်ပျူတာသမား၊ အမ်ဘီအေတွေကို သိပ်သဘောကျပါသတဲ့။


    အနာဂတ်မှာတော့ ဘဝတစ်သက်လုံး ပညာ သင်ကြ၊ ပညာပေးဝေကြလုပ်ရမှာပါ။ ကျောင်းသား ဟောင်းတွေ သင်ချင်တာတွေကိုလည်း မွမ်းမံသင် တန်းတွေ၊ အခမဲ့သင်တန်းတွေကို ဝန်ဆောင်မှု တစ်ခုအနေနဲ့ လုပ်ပေးရမယ်။ ဒါပေမဲ့ တစ်ဖက် ကလည်း သင်ကြားရာမှာ အခြေခံသတ်မှတ်ချက် တွေ၊ စံချိန်စံညွှန်းတွေထားရှိပြီး လူအများလက်ခံ အသုံးချလို့ တစ်ကမ္ဘာလုံး အသိအမှတ်ပြုနိုင်အောင် လုပ်ပေးရပါမယ်။


    သမားရိုးကျအမ်ဘီအေဈေးကွက်က ကျုံ့လာ နေပြီ။ စီးပွားရေးအခက်ကြုံချိန်မျိုးဆို ကျောင်းလခ လွတ်ငြိမ်းခွင့်တောင်ပေးကြတယ်။ ဟိုတုန်းက သိတာရယ်၊ လုပ်တာရယ်၊ ဖြစ်တာရယ် ခွဲထားကြ သတဲ့။ ခုတော့ သိတာရော၊ လုပ်တာရော၊ ဖြစ်တာ ရော ပေါင်းစည်းလာမယ်။ အဲသလိုဆို စီမံခန့်ခွဲရေး ပညာအတွက်ပိုကောင်းလာမယ်တဲ့။
ညွှန်း-" The next business revolution "in The Economist Nov 2nd, 2019လ ၂ညိယ ၂၀၁၉

 

ခင်မောင်ညို(ဘောဂဗေဒ)

 

ေခတ္ေျပာင္းအမ္ဘီေအ

    ေအာက္တိုဘာလမွာ နယူးေယာက္ကိုေရာက္ သြားတဲ့ လုပ္ငန္းရွင္တစ္ေယာက္က ေဖ့စ္ဘုတ္ကို စီးကရက္အခြန္တိုးေကာက္ၿပီး ဆန္ဖရန္စစၥကိုက အိမ္ယာမဲ့ေတြကိုကူညီဖို႔ေျပာတာဟာ အေတာ္ ထူးဆန္းတဲ့ ကိစၥတစ္ခုပါ။ သန္းေထာင္ခ်ီျြကယ္တဲ့ သူေဌးတစ္ေယာက္က ေဖ့စ္ဘုတ္လို နည္းပညာ ကုမၸဏီတစ္ခုအေၾကာင္း မေကာင္းေျပာၿပီး အခြန္ ေကာက္တဲ့သူကို ခ်ီးက်ဴးတာ အေတာ္သမား႐ိုး က်မဆန္တဲ့ကိစၥပါ။ ၿပီးေတာ့ အဲဒီသူေဌးက အေမရိကန္ရဲ႕ စီမံခန္႔ခြဲေရးပညာသင္တန္းေတြကိုပါ ဆက္ေဝဖန္တယ္။ သင္တန္းေတြက အမ်ားျပည္သူ အက်ိဳးထက္၊ အျမတ္ကို ဦးစားေပးတတ္ေအာင္ သင္ေပးတယ္။ ဒါဟာ အခုေခတ္ရဲ႕ အရင္းရွင္ စနစ္သစ္နဲ႔ လြဲေခ်ာ္ေနၿပီတဲ့။


    သူေျပာတဲ့အခ်က္ကို အစီအစဥ္ၫႊန္ၾကား ေရးမွဴးေတြ ေက်ာင္းအုပ္ႀကီးေတြက သေဘာတူ ၾကပါတယ္။ သူတို႔က ေက်ာင္းသားေတြကို လူ႔အဖြဲ႕ အစည္းမွာ စီးပြားေရးလုပ္ငန္းေတြရဲ႕ အခန္းက႑ကို ေသေသခ်ာခ်ာစဥ္းစားေစခ်င္တယ္။ အထူးသျဖင့္ ခုအခ်ိန္လို အရင္းရွင္စနစ္ေဝဖန္တိုက္ခိုက္ ခံေနရတဲ့ အခ်ိန္မွာ ေတာ္ေတာ္ေလးစဥ္းစားေစခ်င္တယ္။ အလားတူ တကၠသိုလ္တစ္ခုကလည္း ရည္ရြယ္ခ်က္ ေတြတန္ဖိုးထားမႈေတြအေၾကာင္း ျပန္လည္ဆင္ျခင္ သံုးသပ္စရာေနရာတစ္ခုျဖစ္ေစခ်င္ၾကတယ္။ စီးပြား ေရးလုပ္ငန္းေတြရဲ႕ လုပ္ရပ္ေတြေၾကာင့္လူ႔အဖြဲ႕ အစည္း အေပၚက်ေရာက္တဲ့ အက်ိဳးသက္ေရာက္မႈ ကို အသိအမွတ္ျပဳတဲ့ တာဝန္ယူေစခ်င္ၾကတယ္။ တစ္နည္းအားျဖင့္ စီးပြားေရးလုပ္ငန္းႀကီးေတြ၊ သူတို႔ ရဲ႕ေခါင္းေဆာင္ေတြနဲ႔ ပိုင္ရွင္ေတြဟာ သူတို႔အေပၚ ယံုၾကည္မႈျပန္လည္ရရွိေအာင္ေဆာင္ရြက္ဖို႔လို တယ္။


    ကမၻာေပၚမွာ စီးပြားေရးလုပ္ငန္းပညာမဟာဘြဲ႕ (MBA)ေပးတဲ့ ထိပ္တန္းတကၠသိုလ္ေတြထဲမွာ အေမရိကန္တကၠသိုလ္ေတြက ထိပ္ဆံုးမွာရွိေနဆဲ ပါ။ ဒါေပမဲ့ အေျပာင္းအလဲေတြေတာ့ျဖစ္ေနပါၿပီ။ မႏွစ္ကထက္ ဒီႏွစ္ဝင္ခြင့္ေလွ်ာက္တာ ၇ ရာခိုင္ႏႈန္း က်ဆင္းသြားတယ္။ ၂ ႏွစ္အခ်ိန္ျပည့္သင္တန္းေတြရဲ႕ ေလးပံုသံုးပံုမွာ အဲသလိုဝင္ခြင့္ေလွ်ာက္တာ ေလ်ာ့ သြားတယ္။ ဟားဗဒ္တို႔၊ စတန္႔ဖို႔ဒ္တို႔လို နာမည္ ႀကီးေက်ာင္းေတြေတာင္ ၆ ရာခိုင္ႏႈန္းေလ်ာ့တယ္။ ျပည္ပေက်ာင္းေတြ၊ အင္တာနက္သင္တန္းေတြရဲ႕ ၿပိဳင္ဆိုင္မႈဒဏ္ကိုလည္းခံေနရတယ္။ သင္႐ိုးၫႊန္း တမ္းေတြကိုလည္း ေမးခြန္းထုတ္လာၾကတယ္။ လက္ဝဲေရာ၊ လက္ယာေရာ ဗဟိုမွာပါကေျပာင္းက ျပန္ေတြျဖစ္ေနတယ္။


    ၁၉၆၀ ျပည့္လြန္ႏွစ္ေတြမွာ စီးပြားေရးလုပ္ငန္း စီမံခန္႔ခြဲမႈပညာေခတ္စားေတာ့ အေမရိကန္ေက်ာင္း တက္တဲ့သူေတြဟာ အမ်ားအားျဖင့္အေမရိကန္ ေက်ာင္းသားေတြပါ။ ၁၉၈၀ နဲ႔ ၁၉၉၀ ျပည့္လြန္ ႏွစ္ေတြမွာ ကမၻာႀကီးရဲ႕ေပါင္းစည္းမႈျဖစ္စဥ္ ြူသဘေ-ူငဖေအငသည အရွိန္ရလာေတာ့ အေမရိကန္သင္႐ိုးၫႊန္း တမ္းေတြနဲ႔ ေက်ာင္းသားေတြေပၚကိုလည္း ဂယက္ ႐ိုက္ခတ္လာၾကတယ္။ အခုအဆင့္က တတိယလိႈင္း တဲ့။ အေမရိကန္ရဲ႕အျပင္မွာ ေက်ာင္းေတြေပၚေပါက္ လာလို႔၊ ေက်ာင္းသားေတြဟာ အိုးမကြာ၊ အိမ္မကြာ မိမိႏိုင္ငံ၊ မိမိရဲ႕အနာဂတ္အလုပ္ရွင္ေတြနားမွာ ပညာသင္ယူခြင့္ေတြရလာၾကတယ္။ ဥေရာပတစ္လႊား မွာေတာ့တစ္ႏွစ္တည္းနဲ႔ဘြဲ႕ေပးတဲ့ေဈးခ်ိဳတဲ့ သင္တန္း ေတြ ေပၚေပါက္လာတယ္။ အေမရိကန္က ၂ ႏွစ္မွ ဘြဲ႕ေပးတဲ့ ေက်ာင္းေလးပံုသံုးပံုေလာက္မွာ ႏိုင္ငံျခား သားေက်ာင္းသား ေက်ာင္းဝင္ခြင့္ေလွ်ာက္တာ ေလ်ာ့သြားတယ္။ ဒါေပမဲ့ ၂၀၁၇ နဲ႔ ၂၀၁၈ အၾကား မွာ အာရွေက်ာင္းေတြက်ေတာ့ ေက်ာင္းဝင္ခြင့္ ေလွ်ာက္တာ ၉ ရာခိုင္ႏႈန္းတက္လာတယ္။ အေမရိ ကန္မွာ လူဝင္မႈဆန္႔က်င္ေရးစိတ္ဓာတ္ျမင့္မား လာတာေၾကာင့္လည္း အေမရိကန္လာၿပီး ပညာ သင္ခ်င္တဲ့သူပိုနည္းလာေစတယ္။


    အေမရိကန္ေတြကိုယ္ႏိႈက္ကလည္း စိတ္ပါဝင္ စားမႈေလ်ာ့က်လာတာေတြ႕ရတယ္။ အေမရိကန္ တကၠသိုလ္တစ္ဝက္ေက်ာ္က ေက်ာင္းဝင္ခြင့္ ေလွ်ာက္တာ ေလ်ာ့လာတယ္။ ေငြေဖာင္းပြမႈႏႈန္း ထက္ျမန္တဲ့ ေက်ာင္းလခတက္တာကိုလည္းမခံစား ႏိုင္ၾကဘူး။ ထိပ္တန္းတကၠသိုလ္တစ္ခုမွာ ေနထိုင္ စရိတ္အပါအဝင္ ေဒၚလာ ၂ သိန္းေက်ာ္ကုန္မယ္။ ေငြေၾကးအကူအညီရရင္ေတာင္မွ ဘြဲ႕ရရင္ ေဒၚလာ ၁ သိန္းေလာက္ အေျြကးတင္မယ္။ စီးပြားေရးစန္းပြင့္ ခ်ိန္၊ အလုပ္အကိုင္ရွားပါးခ်ိန္မွာ ၂ ႏွစ္ေလာက္အ တြင္းရမယ့္လစာကို စြန္႔လႊတ္ဖို႔ဆိုတာကလည္း မလြယ္လွ။ ၂၀၁၄ နဲ႔ ၂၀၁၈ ၾကားမွာ အခ်ိန္ျပည့္ အမ္ဘီေအသင္တန္းေတြ ဆယ္ပံုတစ္ပံုေလာက္ ေလ်ာ့က်သြားတယ္။


    ထိပ္တန္းတကၠသိုလ္ေတြကေတာ့ ခုအခ်ိန္မွာ အရည္အေသြးအဆင့္အတန္းျမင့္မားတဲ့ ပညာတတ္ ပုဂၢိဳလ္ေတြကို လိုခ်င္ၾကလို႔ သူတို႔ေရာ၊ သူတို႔ေက်ာင္း သားေတြပါ ေခတ္ေကာင္းေနတယ္လို႔ဆိုတယ္။လစာအျပင္ အပိုရတဲ့ခံစားခြင့္ေတြထည့္ေပးလိုက္ရင္ ထိပ္တန္းတကၠသိုလ္ကထြက္တဲ့သူေတြဟာ ခဏေလးနဲ႔ အရင္းေက်ပါတယ္။ ထိပ္တန္း တကၠသိုလ္ထြက္ အမ္ဘီေအဘြဲ႕ရတစ္ေယာက္ရဲ႕ ပ်မ္းမွ်အေျခခံလစာဟာ ေဒၚလာ ၁၃၉၀ဝ၀ ထိရ ႏိုင္တယ္လို႔ ထိပ္တန္းတကၠသိုလ္ ၅ ခုကဆိုတယ္။


အႀကံေပးလုပ္ငန္းေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ေတြ ကေတာ့ဟိုတုန္းကလိုပဲ အမ္ဘီေအေတြကို အႀကိဳက္ေတြ႕ေနတုန္းပဲ။ ကြန္ပ်ဴတာနဲ႔ နည္းပညာ ေလာကက လုပ္ငန္းတခ်ိဳ႕ကက်ေတာ့လည္း ဘာမွ် မတတ္မသိတဲ့သူေတြကို မတန္တဆမေပးခ်င္ဘူး လို႔ေျပာခဲ့ေပမဲ့ စိတ္ေျပာင္းလာတာေတြ႕ရတယ္။ စတင္တည္ေထာင္ကာစလုပ္ငန္းဘဝကေန လုပ္ငန္း ႀကီးျဖစ္လာၿပီဆိုရင္ တကယ့္မန္ေနဂ်ာေတြလိုလာၿပီ။ နည္းပညာလုပ္ငန္းေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းက အမ္ဘီ ေအဘြဲ႕ရေတြကို ဒီႏွစ္ခိုင္းခ်င္တယ္ ခန္႔ခ်င္တယ္ ဆိုေတာ့ အႀကံေပးလုပ္ငန္းေတြရဲ႕ ၈၂ ရာခိုင္ႏႈန္း၊ ဘ႑ာေရးလုပ္ငန္းေတြရဲ႕ ၇၇ ရာခိုင္ႏႈန္း က ခန္႔ခ်င္တာနဲ႔တန္းတူျဖစ္သြားတယ္။


    ထိပ္တန္းတကၠသိုလ္ေတြေတာင္မွ သင္တန္း သား အႀကိဳက္ပံုစံေတြ ခ်လာတာေတြ႕ရတယ္။ ကမၻာအႏွံ႔ ၿပိဳင္ဆိုင္မႈႀကီးမားလာတာရယ္၊ နည္း ပညာအသစ္ေတြရယ္ေၾကာင့္ အရည္အေသြးျမင့္ သင္တန္းေတြကို စရိတ္နည္းနည္းနဲ႔ သင္ေပးႏိုင္ လာၾကတယ္။ ဒါေၾကာင့္ ကိုယ့္အေနအထားကို ျပန္ၿပီးသံုးသပ္လာၾကရတယ္။ ဒါေၾကာင့္ အြန္လိုင္း အမ္ဘီေအသင္တန္းတစ္ခုဆိုရင္ ေက်ာင္းတက္ရင္ ကုန္မယ့္စရိတ္တဲ့ သံုးပံုတစ္ပံု ေဒၚလာ ၂၄၀ဝ၀ ေလာက္နဲ႔ အမ္ဘီေအဘြဲ႕ေပးဖို႔လုပ္လာတယ္။ ကိုယ္မလုပ္ရင္လည္း သူမ်ားလုပ္တာကို ခံရမယ္။ အေရာင္းကြင္းဆက္စီမံခန္႔ခြဲမႈတို႔၊ ဘ႑ာေရး ပညာတို႔နဲ႔ပတ္သက္လို႔ အေသးစားအမ္ဘီေအဘြဲ႕ ေတြ၊ အင္တာနက္ကေန ေပးလာၾကရတယ္။ ဒီလက္မွတ္ေတြကိုအေျခခံၿပီး ဆက္တက္ခ်င္ရင္ တက္လို႔ရတယ္။ ေက်ာင္းတက္ခ်ိန္မွာ တကၠသိုလ္ရဲ႕ မိတ္ဖက္ကုမၸဏီတစ္ခုကစိုက္ေပး ဘြဲ႕ရအလုပ္ ရမွျပန္ဆပ္တဲ့ အစီအစဥ္ေတြလည္းရွိတယ္။


    ဘယ္လိုသင္ၾကမလဲဆိုတာသာမက ဘာေတြ သင္ၾကမလဲဆိုတာလည္း ေျပာင္းလဲေနတယ္။ အစု ရွယ္ယာရွင္ေတြအက်ိဳးရွိ႐ံုနဲ႔ မၿပီးဘူးလို႔ သင္လာၾက ၿပီ။ ဥေရာပတကၠသိုလ္ေတြမွာ စဥ္ဆက္မျပတ္ အရင္းရွင္စနစ္အေၾကာင္းအေရးပါလာၿပီတဲ့။ ဘ႑ာေရးသင္ခန္းစာေတြ အေရးႀကီးေနဆဲေပမဲ့ လူမႈေရး၊ ပတ္ဝန္းက်င္နဲ႔ကိုယ္က်င့္တရားအ ေၾကာင္းေတြ ထည့္သြင္းေနရတယ္။
    ရွယ္ယာရွင္ေတြသာမက အက်ိဳးစီးပြားခ်င္း ဆက္ႏႊယ္သူေတြသာ အက်ိဳးရွိေစရမယ္ဆိုတာက ႏိုင္ငံေရးဆန္လာသလိုလိုရွိတယ္။ ေက်ာင္းသား ေတြကို ေ႐ြးခ်ယ္စရာေတြ စဥ္းစားစရာေတြခ်ျပေပး ရမယ္။ မတူညီတဲ့ေလာကထဲက ဘံုရည္ရြယ္ခ်က္တို႔ လို၊ ကုမၸဏီေတြရဲ႕တာဝန္ယူမႈလို အေၾကာင္းအရာ ေတြကို ပထမႏွစ္မွာၾကားလာၾကရတယ္။ ဂ်ပန္ အစိုးရ ပင္စင္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပံုေငြအဖြဲ႕ကေငြေၾကး ကိုေက်ာ္ၾကည့္တတ္တဲ့ သီလလိုခ်ိန္ဆတဲ့နမူနာ ေတြကို ေလ့လာၾကရတယ္။


    သင္႐ိုးၫႊန္းတမ္းေတြက ျဖည္းျဖည္းခ်င္း ေျပာင္းလဲလာေနတယ္၊ အလုပ္ရွင္ေတြကလည္း နည္းပညာဆိုင္ရာ ကြၽမ္းက်င္မႈေတြရေအာင္လို႔ သူတို႔ရဲ႕အရာရွိေတြ ေက်ာင္းတက္ခိုင္းတာကိုက တစ္ႏွစ္ကို ေဒၚလာ သန္း ၁၀ဝ ကေန ၁၅၀ ေလာက္အထိ တကၠသိုလ္ေတြကရၾကတယ္။ အလုပ္ ရွင္ကလိုခ်င္တဲ့စာရင္းအင္း၊ စိစစ္သံုးသပ္မႈ၊ ပ႐ိုဂရမ္၊ ေရးဆြဲတာေတြကို ထည့္သြင္းေပးရတယ္။ ေျြကးၿမီ ေဈးကြက္အေၾကာင္းကိုလည္း လူႀကိဳက္မ်ားတယ္။ ကိုယ္ကနည္းပညာေတြမတတ္ရင္ေတာင္ နည္း ပညာတတ္တဲ့သူေတြကို စီမံခန္႔ခြဲႏိုင္ဖို႔ ျပင္ဆင္ထား ရတယ္။ တခ်ိဳ႕လုပ္ငန္းေတြကဆို ကြန္ပ်ဴတာသမား၊ အမ္ဘီေအေတြကို သိပ္သေဘာက်ပါသတဲ့။


    အနာဂတ္မွာေတာ့ ဘဝတစ္သက္လံုး ပညာ သင္ၾက၊ ပညာေပးေဝၾကလုပ္ရမွာပါ။ ေက်ာင္းသား ေဟာင္းေတြ သင္ခ်င္တာေတြကိုလည္း မြမ္းမံသင္ တန္းေတြ၊ အခမဲ့သင္တန္းေတြကို ဝန္ေဆာင္မႈ တစ္ခုအေနနဲ႔ လုပ္ေပးရမယ္။ ဒါေပမဲ့ တစ္ဖက္ ကလည္း သင္ၾကားရာမွာ အေျခခံသတ္မွတ္ခ်က္ ေတြ၊ စံခ်ိန္စံၫႊန္းေတြထားရွိၿပီး လူအမ်ားလက္ခံ အသံုးခ်လို႔ တစ္ကမာၻလံုး အသိအမွတ္ျပဳႏိုင္ေအာင္ လုပ္ေပးရပါမယ္။


    သမား႐ိုးက်အမ္ဘီေအေဈးကြက္က က်ံဳ႕လာ ေနၿပီ။ စီးပြားေရးအခက္ႀကံဳခ်ိန္မ်ိဳးဆို ေက်ာင္းလခ လြတ္ၿငိမ္းခြင့္ေတာင္ေပးၾကတယ္။ ဟိုတုန္းက သိတာရယ္၊ လုပ္တာရယ္၊ ျဖစ္တာရယ္ ခြဲထားၾက သတဲ့။ ခုေတာ့ သိတာေရာ၊ လုပ္တာေရာ၊ ျဖစ္တာ ေရာ ေပါင္းစည္းလာမယ္။ အဲသလိုဆို စီမံခန္႔ခြဲေရး ပညာအတြက္ပိုေကာင္းလာမယ္တဲ့။
ၫႊန္း-" The next business revolution "in The Economist Nov 2nd, 2019လ ၂ညိယ ၂၀၁၉

 

ခင္ေမာင္ညိဳ(ေဘာဂေဗဒ)

Previous Next