07 Nov, 2019
အလုပ်အတွက် အချိန်ကိုအကျိုးရှိရှိစီမံခန့်ခွဲရအောင်

    နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာသင့်အနေနဲ့အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်စွမ်းရှိပါရဲ့လား။ လုပ်ရတဲ့အလုပ်နဲ့ ရရှိတဲ့အချိန်တွေလုံလောက်ပါရဲ့လား။ ဒီအချက်တွေ နဲ့အဆင်မပြေဖြစ်နေတယ် ဆိုရင်တော့ သင့်အနေနဲ့ အချိန်ကိုစနစ်တကျစီမံခန့်ခွဲဖို့လိုအပ်နေပါပြီ။
    ယနေ့ကမ္ဘာကြီးဟာနည်းပညာတွေ တစ်နေ့ တခြားအံ့မခန်းတိုးတက်လာသလို ပြိုင်ဆိုင်မှုတွေ လည်းပြင်းထန်လာကြပါတယ်။ ဒီတော့ အချိန်ကို သင့်တော်မှန်ကန်စွာအသုံးချနိုင်သူတွေကရှေ့တန်း ကိုရောက်သွားမှာ ဖြစ်သလို အနာဂတ်အတွက် ပြင်ဆင်ချိန်တွေပိုမိုရရှိကြမှာဖြစ်ပါတယ်။
    ကျနော်တို့ရော အလုပ်နဲ့မိသားစုဘဝနှစ်ခုမှာ အချိန်ကိုသမမျှတစွာအသုံးပြုနိုင်ဖို့အတွက်အချိန်ကို စနစ်တကျစီမံခန့်ခွဲဖို့အတွက် လိုအပ်လာပါပြီ။
    ဒီအတွက် ကျနော်တို့ ဘာတွေလိုက်နာဖို့ လိုအပ်မလဲ။ အနှစ်ချုပ်အချက်တွေကတော့ ---
(၁) အလုပ်ခွင်မှာအသုံးပြုရတဲ့အချိန်တွေထဲက ၂၀ ရာခိုင်နှုန်းသောအချိန်တွေကိုအရေးကြီးတဲ့၊ သေရေး ရှင်ရေးတမျှအရေးပါတဲ့အရာတွေအတွက်မဖြစ်မနေ အသုံးပြုဖို့လိုအပ်ပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်း  သောအချိန်တွေကိုတော့ သာမန်ကာလျှံကာကိစ္စ ရပ်တွေမှာအသုံးပြုဖို့အတွက်ပဲစီမံသင့်ပါတယ်။
(၂) လူတိုင်းလူတိုင်းအတွက် (၈) မိနစ်တိုင်းမှာ စိတ် ဒါမှမဟုတ် အလုပ်နဲ့ပတ်သက်ပြီး အနှောင့်အယှက် ဖြစ်စရာဖြစ်ရပ်တစ်ကြိမ်တော့ကြုံတွေ့ရတတ်ပါတယ်။ ဒီတော့ တစ်နေ့တာအလုပ်ချိန် (၈) နာရီမှာတော့ ဒီလိုမျိုးအဖြစ် အပျက်တွေအကြိမ် (၅၀) ကနေ (၆၀) အထိကြုံတွေ့ရနိုင်တယ်လို့ယူဆရပါတယ်။ ဒီကိစ္စ တွေအတွက်အကြောင်းအရာတစ်ခုကိုပြေလည် အောင်ဖြေရှင်းဖို့အတွက်အချိန် (၃) မိနစ်ကနေ (၅) မိနစ်လောက်ကုန်တယ်လို့ပဲ ယူဆရရင် တစ်နေ့တာ မှာကြုံတွေ့ရတဲ့ ဒီလိုဖြစ်ရပ်မျိုးများစွာအတွက် အနည်းဆုံးအချိန် (၂) နာရီခန့်ကုန်သွားပါတယ်။ ဒီတော့ တစ်နေ့တာအလုပ်ချိန်ရဲ့ (၂၅ ရာခိုင်နှုန်း) ခန့်ဟာ အလေအလွင့်ဖြစ်လို့နေပါတယ်။
(၃) တစ်ယောက်ယောက်က မိမိကိုအစည်းအဝေး တက်ဖို့ဖိတ်ကြားတယ်ဆိုရင်လည်းအစည်းအဝေး တစ်ခုရဲ့ကြာချိန်ဟာအနည်းဆုံး (၁) နာရီခန့်ရှိနေ တတ်ပါတယ်။ ဒီလိုနေ့မျိုးမှာဆိုရင် မိမိအလုပ်ချိန်ရဲ့ (၁၀ ရာခိုင်နှုန်း)ခန့်ကိုအစည်းအဝေးမှာအသုံးပြု လိုက်ရပါ တယ်။
(၄) နောက်ဆုံးအနှစ် (၂၀) မှာလေ့လာကောက်ယူ တဲ့စစ်တမ်းတွေအရ အလုပ်ချိန်ဟာ အရင်ကထက် (၁၅ ရာခိုင်နှုန်း) ခန့်ပိုမိုတိုးတက်လုပ်ဆောင်လာရပြီး အနား ယူချိန်၊အားလပ်ချိန်ကတော့ (၃၃ ရာခိုင်နှုန်း) ခန့်ဆုတ်ယုတ် သွားတယ်လို့သိရပါတယ်။
(၅) ဒီတော့ ကျနော်တို့အနေနဲ့တစ်နေ့တာမှာအလေ အလွင့်ဖြစ်သွားတဲ့အချိန်တွေထဲကနေအလုပ် အတွက်အကျိုးရှိတဲ့အချိန်တွေအဖြစ်ပြန်လည် ပြောင်းလဲယူဖို့အတွက်ရနိုင်သမျှကြိုးစားယူရမှာဖြစ် ပါတယ်။
    အခုဆက်လက်ပြီး အလုပ်အတွက်အချိန်ကို ရင်းနှီးမြှုပ်နှံပုံစနစ်တွေကိုဆက်လက်တင်ပြပေးသွား ပါမယ်။
(၁) မိမိရဲ့အချိန်တွေကို ဘယ်လိုအသုံးပြုရမလဲ သိရှိအောင်ပြုလုပ်ပါ
    ဒီအတွက် လိုအပ်တဲ့အခြေခံအချက်အလက် တစ်ခုကတော့လုပ်ရမယ့်အလုပ်တွေအတွက်စာရင်း ပြုစုခြင်းပါပဲ။ ဥပမာအားဖြင့် တစ်နေ့တာလုပ်စရာ ရှိတဲ့အလုပ် (၁၀) ခုအတွက်မိမိမှန်းဆထားတဲ့ကုန် မယ့်အချိန်နဲ့ တကယ်ကုန်သွားတဲ့အချိန်ကိုပြန်လည် ဆန်းစစ်ကြည့်ရပါမယ်။ ဆန်းစစ်ရာမှာလည်းအလုပ် တစ်ခုပြီးဆုံးသွားချိန်တိုင်းမှာ ဆန်းစစ်ရမှာဖြစ်ပြီး ဒါမှသာဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေ အတွက်အချိန်ကိုမှန်းဆနိုင်မှာဖြစ်ပါတယ်။
    ကိစ္စတစ်ခုမှာ မိမိမှန်းဆထားတဲ့အချိန်ထက် ပိုမိုကုန်ကျသွားတယ်ဆိုရင် နောက်ကိစ္စတစ်ခုမှာပိုမို ကုန်ကျသွားတဲ့အချိန်အတွက် ပြန်လည်လုယူရမှာ ဖြစ်ပါတယ်။ ကိစ္စတိုင်းမှာသာ မှန်းဆထားတဲ့အချိန် ထက်ပိုမိုကုန်ဆုံး နေတယ်ဆိုရင်တော့ သင့်အနေနဲ့ အချိန်ကိုစီမံခန့်ခွဲတာညံ့ဖျင်းလွန်းလို့ပါပဲ။
    ဒါကြောင့် နောက်ရက်မှာလုပ်ဆောင်ရမယ့် လုပ်စရာအကြောင်းအရာတွေကိုဒီနေ့မှာကတည်း ကမှတ်စုစာအုပ်ထဲမှာချရေးထားပြီးအချိန်ကိုဘယ်လို မျိုးအသုံးပြုရမလဲဆိုတာစီမံခန့်ခွဲရမှာဖြစ်ပါတယ်။
(၂) ဦးစားပေးဆောင်ရွက်စရာတွေကို မှတ်တမ်း ပြုစုပါ
    အချိန်ကိုစီမံခန့်ခွဲခြင်းဟာပန်းတိုင်ဆီကို အရောက်သွားပြီး အောင်မြင်မှုရရှိဖို့အတွက်အခြေခံ အုတ်မြစ် တစ်ခုပါပဲ။
    အချိန်ကိုစနစ်တကျစီမံခန့်ခွဲဖို့အတွက်ဦးစား ပေးဆောင်ရွက်စရာတွေနဲ့ဦးစားပေးဖို့မလိုတဲ့အရာ တွေကိုခွဲခြမ်းစိတ်ဖြာတတ်ဖို့ပါပဲ။ ဒါဟာအချိန် မဖြုန်းတီးသူတို့သွားရာလမ်းပါပဲ။
    ဒီအတွက် အောက်ပါမေးခွန်းတွေနဲ့ ပြန်လည် တိုက်ဆိုင်ဆန်းစစ်ကြည့်ဖို့ပါပဲ။
- အရေးပေါ်ဆောင်ရွက်စရာနဲ့အရေးကြီးဆောင် ရွက်ရမှာတွေ (အရေးပေါ်ကိုတော့ပိုပြီးဦးစားပေးရ မှာပါပဲ)
- မိမိရဲ့အရည်အသွေးကဘာလဲ။မိမိမျှော်မှန်းထားတဲ့ အတိုင်းမလုပ်နိုင်ဘူးလား။ လုပ်နိုင်ရဲ့လား။
- မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။ လက်ရှိ ဖြစ်နေတဲ့ပုံစံနဲ့ပန်းတိုင်ဆီအချိန်မီရောက်ရှိနိုင်ပါ့ မလား။
- လုပ်ဆောင်ချက်တစ်ခုစီတိုင်းအတွက်အကျိုး ရလဒ်ကဘာတဲ့လဲ။
အထက်ပါအချက်တွေနဲ့ဆန်းစစ်ပြီး အချိန်ကိုစနစ် တကျစီမံခန့်ခွဲမှုပြုလုပ်ကာအောင်မြင်မှုဆီလျှောက် လှမ်းချီတက်ကြရအောင်ပါ။
(၃) နေ့စဉ် မှတ်စုရေးပါ
    နောက်ရက်ပြုလုပ်စရာတွေကို ယနေ့ကတည်း ကမှတ်စုစာအုပ်ထဲမှာအစီအစဉ်တကျချရေးထား သင့်ပါတယ်။ ဒါမှသာ နောက်ရက်မှာ ဘာတွေလုပ် ဆောင်စရာရှိလဲဆိုတာရှင်းရှင်းလင်းလင်းသိရှိနေမှာ ဖြစ်ပြီးဆောင်ရွက်တဲ့အခါမှာမြန်ဆန်ချောမွေ့မှုရှိမှာ ဖြစ်ပါတယ်။
    နေ့စဉ်မှတ်တမ်းရေးသားရာမှာအရေးတကြီး နဲ့ ကြီးကြီးမားမားဆောင်ရွက်စရာတွေအပြင် အသေး အဖွဲဆောင်ရွက်စရာတွေကိုလည်းထည့်သွင်းရေး သားထားသင့်ပါတယ်။
(၄) စိတ်ရှုပ်ထွေးစရာတွေကနေအမြန်ဆုံး ရုန်းထွက်ပါ
    အချိန်ကိုစနစ်တကျစီမံခန့်ခွဲပြီးအောင်မြင်မှု တွေရရှိဖို့ဆိုတာစိတ်ရှုပ်ထွေးစရာတွေကနေမိမိ ကိုယ်မိမိတွန်းအားပေးပြီးရုန်းထွက်နိုင်ဖို့အတွက် အဓိကကျပါတယ်။
    တကယ်တော့ဒီလိုမျိုးလုပ်နိုင်ဖို့ဆိုတာ လွယ်ကူ လှတာတော့မဟုတ်ပါဘူး။ ဒါကြောင့်လည်းတချို့ တွေအနေနဲ့အချစ်ရေးအဆင်မပြေတာ၊ မိသားစု ပြဿနာတွေကြောင့်အဆင်မပြေမှုတွေကြားမှာ နပန်းလုံးနေရတာတွေကိုအလုပ်ထဲအထိယူလာ တတ်ပြီးရောထွေးတတ်ကြပါတယ်။ ဒီတော့ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းသွားပြီးမူလ တုန်းကထက် ပိုမိုရုန်းကန်ကြရပါတော့တယ်။
    ဒါကြောင့် စိတ်ရှုပ်ထွေးစရာတွေကြုံတွေ့လာ ရရင်ဘယ်လိုပုံစံမျိုးနဲ့ အမြန်ဆုံးရုန်းထွက်နိုင်မလဲ ဆိုတဲ့နည်းလမ်းကိုရှာဖွေဖို့ အကြံပြုလိုပါတယ်။
(၅) အီလွန်မက်စ်က်ရဲ့နည်းလမ်း
    အီလွန်မက်စ်က်ဆိုတာဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံးသောပုဂ္ဂိုလ်လို့တောင်ပြောလို့ရပါ တယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကတော့အချိန်ကိုစနစ် တကျစီမံခန့်ခွဲနိုင်စွမ်းကောင်းမွန်တာပါပဲ။ သူ့ရဲ့ နည်းလမ်းကတော့ အချိန်ကိုကန့်သတ်ပိတ်ဆို့ထား တဲ့ နည်းလမ်းပါပဲ။
    အချိန်ကိုကန့်သတ်ပိတ်ဆို့ထားတဲ့နည်းလမ်း ဆိုတာကိစ္စတစ်ခုအတွက် အချိန်ပေးနေစဉ်မှာအခြား သောကိစ္စရပ်တွေအတွက် ခေါင်းထဲထည့်မစဉ်းစား ထားဘဲအဲဒီအခြားသောကိစ္စရပ်တွေအတွက်အချိန် မပေးတဲ့သဘောပါပဲ။
    ဒီလိုပြုလုပ်ခြင်းအားဖြင့်ကိစ္စရပ်တွေအများ ကြီးကို ဆောင်ရွက်လာနိုင်တယ်လို့သိရပါတယ်။ ကိစ္စတစ်ခုကိုအချိန်ပေးဆောင်ရွက်တဲ့အခါမှာအမြန် အဆုံးသတ်နိုင်လေလေနောက်ထပ်ကိစ္စအတွက် အချိန်ပိုရလေလေပါပဲ။ လုပ်ရင်းလုပ်ရင်းနဲ့ပဲအလုပ် ကိစ္စတွေကို အမြန်အဆုံးသတ်နိုင်ဖို့အတွက် အတွေ့ အကြုံကောင်းတွေရရှိလာတယ်လို့ဆိုပါတယ်။
    ဒီအကြောင်းကို ကီဗင်ခရုစ်ရဲ့ အောင်မြင်တဲ့သူ တွေသိရှိနားလည်ထားတဲ့ အချိန်ကိုစီမံခန့်ခွဲခြင်း လျှို့ဝှက်ချက် (၁၅) ခုဆိုတဲ့စာအုပ်မှာ ရေးသားထား ပါတယ်။ ဒီအကြောင်းကိုတော့နောက်အလျဉ်းသင့် ရင်ပြန်လည်မျှဝေ ပေးသွားဖို့ရည်ရွယ်ထားပါတယ်။
(၆)ဆုံးဖြတ်ချက်ချမှတ်ခြင်း
    သင့်အနေနဲ့ တစ်ထိုင်တည်းအလုပ်တွေအများ ကြီးမလုပ်နိုင်သလို စိတ်ကူးထားတာမရှိဘဲ အစီအစဉ် မရှိဘဲနဲ့ အလုပ်တစ်ခုစတင်ဖို့အဆင်မပြေပါဘူး။
    အောက်ပါအချက်တွေလိုမျိုးစဉ်းစားစရာ အများကြီးရှိပါတယ်။
- ဘယ်အပိုင်းကို အဓိကဦးစားပေးလုပ်ဆောင်သင့် သလဲ
- ဘယ်အချိန်မှာ ဘယ်လုပ်ငန်းတွေပြီးစီးဖို့လိုမလဲ
- ဆောင်ရွက်ရမယ့်လုပ်ငန်းကိစ္စတွေအတွက် လိုအပ်တဲ့ရင်းမြစ်တွေကို ဘယ်ကနေရရှိမလဲ
- လုပ်ငန်းဆောင်ရွက်အောင်မြင်ဖို့အတွက် ဘယ်သူ တွေကိုဘယ်အပိုင်းမှာတာဝန်ပေးရမလဲစသဖြင့်ဖြစ် ပါတယ်။
    ဒီလိုမျိုးအစီအမံတွေကြိုတင်ရေးဆွဲထားခြင်း အားဖြင့်လုပ်ငန်းဆောင်ရွက်ရာမှာအထစ်အငေါ့ တွေ လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။
(၇) တွန်နီရော်ဘင်ရဲ့လျင်မြန်စွာအစီအစဉ် ချမှတ်ဆောင်ရွက်ခြင်းနည်းစနစ်
    အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ တွန်နီရော်ဘင်ကလျင်မြန်စွာအစီအစဉ်ဆောင်ရွက် ခြင်းနည်းစနစ်ဟာရလဒ်ကိုအမြန်ရောက်ရှိဖို့ အတွက်မျက်နှာမူထားတဲ့၊ ရည်ရွယ်ချက်တွေ အစီအစဉ်တွေအတိုင်းထိန်းသိမ်းမောင်းနှင်ရတဲ့၊ အားတိုက်အင်တိုက်ဆောင်ရွက်ရတဲ့နည်းစနစ်တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။
    သူပြောလိုတာကတော့ အစီအစဉ်ချမှတ်ပြီး တဲ့အခါတတ်နိုင်သလောက်အချိန်မဆွဲဘဲဆောင်ရွက် ဖို့၊ အားတိုက်အင်တိုက်နဲ့မြန်မြန်ဆန်ဆန်ဆောင် ရွက်ဖို့ဆိုလိုရင်းဖြစ်ပါတယ်။
(၈) သင့်ရဲ့နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်ကိုမှတ်တမ်း ပြုစုထားပါ
    အချိန်ကိုစိမံခန့်ခွဲခြင်းမဟာဗျူဟာဆိုတာ သင့်ရဲ့တစ်နေ့တာဆောင်ရွက်သမျှတွေကိုခြုံငုံ သုံးသပ်ပြီး လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းတွေနဲ့ကုန်ဆုံးခဲ့ ရတဲ့အချိန်တွေဟာ အမှန်တကယ်ထိုက်တန်မှုရှိရဲ့ လားဆိုတာ ပြန်လည်သုံးသပ်မှုပြုလုပ်တာပါပဲ။
    အချိန်တွေကုန်ဆုံးခဲ့တာအကျိုးမဲ့ဖြစ်သွားခဲ့ ရင်တော့သင့်အနေနဲ့ သင့်ရဲ့လုပ်ရပ်တွေကို ပြန်လည် ပြီး ဆင်ခြင်သုံးသပ်ဖို့လိုအပ်လာပါပြီ။
    ဒီလိုမျိုးပြန်လည်သုံးသပ်မှုတွေပြုလုပ်ခြင်း ဖြင့် သင့်အနေနဲ့ ဘယ်အရာတွေမှာ ဘယ်လောက်အထိ ဝါယမစိုက်ထုတ်မှုကို အခုထက်ပိုပြီးလုပ်ဆောင်သင့် သလဲဆိုတာကို မြင်လာနိုင်မှာဖြစ်ပါတယ်။
(၉) လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဖြစ်နိုင်လျှင် လူအစား စက်ပစ္စည်းကိုအစားထိုးအသုံးပြုပါ
    လူစွမ်းအားနေရာမှာစက်ပစ္စည်းတွေ၊ နည်း ပညာရပ်တွေကို အစားထိုးအသုံးပြုခြင်းဖြင့်အချိန် ကုန်ဆုံးမှု ပိုမိုသက်သာစေနိုင်ခြင်း၊ တိကျမြန်ဆန်မှု ရှိခြင်း၊ လှပသေသပ်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိ စေနိုင်ပါတယ်။
    ဥပမာအားဖြင့်အဆောက်အဦတစ်ခုရဲ့ ခေါင်မိုး လုပ်ငန်းတစ်ခုမှာ ခေါင်အချိုးဘယ်လောက်ထားရ မလဲဆိုတာကိုသင်္ချာတွက်နည်းအသုံးပြုပြီးလက်နဲ့ ချတွက်တာထက် ကေအသခေိ ဆော့ဖ်ဝဲလ်လိုမျိုးနည်း ပညာတစ်ခုကိုအသုံးပြုပြီးတွက်ချက်ရေးဆွဲကြည့် တာကအချိန်ကုန်ပိုမိုသက်သာစေသလိုတိကျမှု လည်းပိုရှိလာပါတယ်။
    ရှေးယခင်က ကုန်ပစ္စည်းတစ်ခုထုတ်ပိုးရာမှာ လူအင်အားကိုအသုံးပြုပြီးသမားရိုးကျနည်းတွေအသုံး ပြုတာထက် ယနေ့လိုမျိုး စက်ပစ္စည်းတွေအသုံးပြုပြီး ထုပ်ပိုးတာဟာလူ့စွမ်းအားအသုံးပြုရမှုကိုပိုမိုလျော့ နည်းစေသလို ထွက်ရှိလာတဲ့ကုန်ပစ္စည်းတွေဟာပိုမို သပ်ရပ်ပြီးတူညီတဲ့အချိန်အတွင်းမှာ ရှေးယခင်တုန်း ကထက်အရေအတွက်များများပိုမိုထွက်ရှိလာပါတယ်။
    စာရွက်တစ်ရွက်ကိုလိုက်ကူးနေတာထက် မိတ္တူ ဆွဲလိုက်တာကပိုပြီးသပ်ရပ်လှပသလိုအချိန်ကုန် လည်း ပိုမိုသက်သာစေသလိုပါပဲ။
    ဒါကြောင့် အချိန်ကိုပိုမိုအကျိုးရှိရှိအသုံးပြုနိုင် ဖို့အတွက်ဖြစ်နိုင်လျှင်လူ့စွမ်းအားထက်စက်ပစ္စည်း ကိုပိုမိုအစားထိုးအသုံးပြုဖို့အကြံပြုလိုပါတယ်။
(၁၀) မနက်ပိုင်းအချိန်တွေကို ပိုပြီးအရေးတကြီး ဆောင်ရွက်စရာတွေနဲ့ကုန်ဆုံးပါ
    သင့်ရဲ့အချိန်တွေကို အမှန်တကယ်အကျိုးရှိရှိနဲ့ ကုန်ဆုံးလိုပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့နေ့စဉ် မှတ်တမ်းမှာပါရှိတဲ့လုပ်ဆောင်စရာကိစ္စရပ်တွေထဲ ကနေအရေးတကြီးဆောင်ရွက်စရာတွေကိုမနက် ပိုင်းအချိန်တွေမှာစတင်လုပ်ဆောင်ဖို့ပါပဲ။ မနက်ပိုင်း အချိန်တွေဟာစိတ်လက်ကြည်လင်နေမှုအရ အတွေးအခေါ်ကောင်းတွေ၊ ကြံဆမှုတွေများစွာရရှိ စေနိုင်သလိုဆောင်ရွက်ရတဲ့အခါမှာလည်းပိုမိုမြန် ဆန်ချောမွေ့မှုတွေရှိပါတယ်။
    မနက်ပိုင်းမှာတော့သင့်ရဲ့စွမ်းအင်တွေ၊ လုပ် ဆောင်နိုင်မှုတွေကို အိတ်သွန်ဖာမှောက်အသုံးပြုပြီး အရေးကြီးတဲ့ကိစ္စရပ်တွေအတွက်အသုံးပြုသင့်တာ ဖြစ်ပါတယ်။
(၁၁) တူညီတဲ့အကြောင်းကိစ္စတွေအတွက် အချိန် ကုန်ဆုံးရမှုကိုပေါင်းစည်းပေးပါ
    မတူကွဲပြားတဲ့အကြောင်းအရာတွေအတွက် အချိန်တွေကိုခဏခဏဖဲ့ပေးနေရတယ်ဆိုရင်အကြောင်း အရာတူ၊ ခေါင်းစဉ်တူတဲ့ကိစ္စရပ်တွေအတွက်ဆုံးဖြတ် ချက်ကိုတစ်ပေါင်းတည်းချမှတ်တာဒါမှမဟုတ် အရေးမကြီးသေးဘူးဆိုရင်ခေတ္တဆိုင်းငံ့ထားတာမျိုး လုပ်သင့်ပါတယ်။
    ဥပမာ သံကူကွန်ကရစ်အဆောက်အဦ တစ်ခုမှာ လောင်းစရာတိုင်ပေါင်း(၃၀)ရှိတယ်ဆိုရင် အဲဒီတိုင်တွေအတွက် ကျောက်ပုံးကျောက်ခွက်ကို ဘယ်နှစ်ကြိမ်အသုံးပြုပြီးဘယ်နှစ်ရက်အတွင်းပြီးစီး အောင်ဆောင်ရွက်မှာလဲ။ အဲဒီအတွက် လူအင်အား တစ်ရက်ကိုအနည်းဆုံးဘယ်လောက်လိုအပ်မလဲဆိုတာ ကိုတစ်ပေါင်းတည်းဆုံးဖြတ်ချက်ချမှတ်လို့ရပါတယ်။
(၁၂) အရေးသိပ်မပါတာတွေအတွက် အချိန်ကုန် မခံပါနဲ့
    သင့်အနေနဲ့ဒီလုပ်ငန်းတစ်ခုဟာ အရေးတကြီး ဆောင်ရွက်ဖို့လိုအပ်သလားလို့ပြန်လည်ဆန်းစစ်ပြီး မလိုအပ်ဘူးလို့အဖြေထွက်တယ်ဆိုရင် ဒီအတွက် စိတ်အနှောင့်အယှက်ဖြစ်နေတာ၊ အချိန်ကုန်ခံပြီး ခေါင်းစားနေတာမျိုးမလုပ်သင့်ပါဘူး။
    ဥပမာ အသေးအဖွဲဆောင်ရွက်စရာတွေနဲ့ လုပ်ငန်းပြီးစီးမှုအတွက်ပိုမိုအကျိုးရှိစေမယ့်ကိစ္စ တွေဆိုရင်သင့်တော်တဲ့အမြင်ရှိဖို့နဲ့ ဆုံးဖြတ်ချက်ချ နိုင်ဖို့လိုပါတယ်။ ဒါမှသာအချိန်ကုန်သက်သာမှုတွေ ရရှိစေနိုင်မှာဖြစ်ပါတယ်။
(၁၃) ၈၀-၂၀ နည်းစနစ်ကို လေ့လာပါ
    အခုချိန်မှာဆိုရင်စီးပွားရေးလုပ်ငန်းရှင် အတော်များများဟာ ၈၀-၂၀ နည်းစနစ်ကိုသိရှိ နေကြပါပြီ။
    ၈၀-၂၀ နည်းစနစ်ရဲ့အနှစ်ချုပ်ကတော့ ၈၀ ရာခိုင်နှုန်းသောရလဒ်တွေဟာ ၂၀ ရာခိုင်နှုန်းသော လုပ်ဆောင် ချက်တွေကနေမြစ်ဖျားခံစီးဆင်းလာ တယ်ဆိုတာပါပဲ။
    ဒါကြောင့် သင့်အနေနဲ့ ဘာလုပ်ရမလဲ။ဘာကို အဓိကထားပြီး ဦးစားပေးလုပ်ဆောင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိနားလည်အောင်လုပ်ခြင်းဖြင့် ပန်းတိုင်ကိုရောက်ရှိချိန်ပိုမိုတိုတောင်းလာစေမှာ ဖြစ်ပါတယ်။
(၁၄) မလိုလားအပ်တဲ့ကိစ္စရပ်တွေကနေ ရုန်းထွက်ပါ
    အချို့ကငွေဖြုန်းကြတယ်။ အချို့အချိန်ဖြုန်း ကြတယ်။ လုပ်ငန်းရှင်တွေ၊ သူဌေးတွေကသူတို့ရဲ့ အချိန်၊ သူတို့ရဲ့ငွေကြေးကိုသူတို့အတွက်အကျိုး အမြတ်ဖြစ်ထွန်းစေမယ့်ကိစ္စမျိုးတွေအတွက်ပဲအသုံး ပြုလေ့ရှိပါတယ်။
    သင့်အနေနဲ့ဒီအချက်ကိုသိရှိနားလည်ထား ဖို့လိုအပ်ပါတယ်။
    အထက်မှာတင်ပြပေးခဲ့တာတွေကတော့ အချိန်ကို အကျိုးရှိရှိအသုံးပြုပြီးလုပ်ငန်းစွမ်းဆောင် ရည်တွေကိုသင့်တော်စွာအသုံးပြုနိုင်စေမယ့် နည်းလမ်းတွေပါပဲ။ သင့်အနေနဲ့ အချိန်ကိုအကျိုးရှိ စွာအသုံးချပြီးအောင်မြင်မှုပန်းတိုင်ဆီအရောက်သွား ချင် တယ်ဆိုရင်တော့
- တာဝန်ခွဲဝေပေးမှုတွေကိုဆန်းစစ်ပါ။ လူမှန်၊ နေရာမှန်ဖြစ်မှ ကုန်ထုတ်စွမ်းအားတွေကသင့်တော် မှန်ကန်ပြီး အချိန်မီပြီးစီးနိုင်မှာပါ။
- အသေးအဖွဲကိစ္စတွေကို လိုက်ပြီးမေးနေတာမျိုး အမြဲတမ်းမလုပ်ပါနဲ့။ဒီအတွက်ကုန်ရတဲ့အချိန်ကို အခြားတစ်နေရာမှာအကျိုးရှိရှိအသုံးပြုလိုက်ပါ။
- သင့်ရဲ့အချိန်စီမံခန့်ခွဲခြင်းနည်းစနစ်ကို အပတ်စဉ်၊ လစဉ်ပြန်လည်ဆန်းစစ်ပါ။ဒါမှသာ လိုအပ်တဲ့ ကွက်လပ်တွေကိုဖြည့်ဆည်းပေးနိုင်မှာပါ။
- ပြက္ခဒိန်ရက်တိုင်းမှာအကျိုးရှိတဲ့ကိစ္စတွေပြု လုပ်ရင်းနဲ့ ကုန်ဆုံးပါ။
- စောင့်ဆိုင်းခြင်းဖြင့် အချိန်ကိုမဖြုန်းပါနဲ့။ အချိန် အကြာကြီးစောင့်ဆိုင်းရမှုအတွက်သဘောတူညီ ချက်ရယူပြီးတစ်ခြားသောကိစ္စအတွက်အသုံးပြု လိုက် ပါလို့အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။


ရာသက်ပန် (သစ္စာပန်းတို့ လန်းရာမြေ)

++++++++++++++++++++++++++++++++++++++++++++++++

 

အလုပ္အတြက္ အခ်ိန္ကိုအက်ိဳးရွိရွိစီမံခန္႔ခြဲရေအာင္


    ေန႔စဥ္လုပ္ငန္းေဆာင္တာကိစၥရပ္ေတြ ေဆာင္ရြက္ရာမွာသင့္အေနနဲ႔အခ်ိန္နဲ႔တစ္ေျပးညီ ေဆာင္ရြက္ႏိုင္စြမ္းရွိပါရဲ႕လား။ လုပ္ရတဲ့အလုပ္နဲ႔ ရရွိတဲ့အခ်ိန္ေတြလံုေလာက္ပါရဲ႕လား။ ဒီအခ်က္ေတြ နဲ႔အဆင္မေျပျဖစ္ေနတယ္ ဆိုရင္ေတာ့ သင့္အေနနဲ႔ အခ်ိန္ကိုစနစ္တက်စီမံခန္႔ခြဲဖို႔လိုအပ္ေနပါၿပီ။
    ယေန႔ကမၻာႀကီးဟာနည္းပညာေတြ တစ္ေန႔ တျခားအံ့မခန္းတိုးတက္လာသလို ၿပိဳင္ဆိုင္မႈေတြ လည္းျပင္းထန္လာၾကပါတယ္။ ဒီေတာ့ အခ်ိန္ကို သင့္ေတာ္မွန္ကန္စြာအသံုးခ်ႏိုင္သူေတြကေရွ႕တန္း ကိုေရာက္သြားမွာ ျဖစ္သလို အနာဂတ္အတြက္ ျပင္ဆင္ခ်ိန္ေတြပိုမိုရရွိၾကမွာျဖစ္ပါတယ္။
    က်ေနာ္တို႔ေရာ အလုပ္နဲ႔မိသားစုဘဝႏွစ္ခုမွာ အခ်ိန္ကိုသမမွ်တစြာအသံုးျပဳႏိုင္ဖို႔အတြက္အခ်ိန္ကို စနစ္တက်စီမံခန္႔ခြဲဖို႔အတြက္ လိုအပ္လာပါၿပီ။
    ဒီအတြက္ က်ေနာ္တို႔ ဘာေတြလိုက္နာဖို႔ လိုအပ္မလဲ။ အႏွစ္ခ်ဳပ္အခ်က္ေတြကေတာ့ ---
(၁) အလုပ္ခြင္မွာအသံုးျပဳရတဲ့အခ်ိန္ေတြထဲက ၂၀ ရာခိုင္ႏႈန္းေသာအခ်ိန္ေတြကိုအေရးႀကီးတဲ့၊ ေသေရး ရွင္ေရးတမွ်အေရးပါတဲ့အရာေတြအတြက္မျဖစ္မေန အသံုးျပဳဖို႔လိုအပ္ပါတယ္။ က်န္တဲ့ ၈၀ ရာခိုင္ႏႈန္း  ေသာအခ်ိန္ေတြကိုေတာ့ သာမန္ကာလွ်ံကာကိစၥ ရပ္ေတြမွာအသံုးျပဳဖို႔အတြက္ပဲစီမံသင့္ပါတယ္။
(၂) လူတိုင္းလူတိုင္းအတြက္ (၈) မိနစ္တိုင္းမွာ စိတ္ ဒါမွမဟုတ္ အလုပ္နဲ႔ပတ္သက္ၿပီး အေႏွာင့္အယွက္ ျဖစ္စရာျဖစ္ရပ္တစ္ႀကိမ္ေတာ့ႀကံဳေတြ႕ရတတ္ပါတယ္။ ဒီေတာ့ တစ္ေန႔တာအလုပ္ခ်ိန္ (၈) နာရီမွာေတာ့ ဒီလိုမ်ိဳးအျဖစ္ အပ်က္ေတြအႀကိမ္ (၅၀) ကေန (၆၀) အထိႀကံဳေတြ႕ရႏိုင္တယ္လို႔ယူဆရပါတယ္။ ဒီကိစၥ ေတြအတြက္အေၾကာင္းအရာတစ္ခုကိုေျပလည္ ေအာင္ေျဖရွင္းဖို႔အတြက္အခ်ိန္ (၃) မိနစ္ကေန (၅) မိနစ္ေလာက္ကုန္တယ္လို႔ပဲ ယူဆရရင္ တစ္ေန႔တာ မွာႀကံဳေတြ႕ရတဲ့ ဒီလိုျဖစ္ရပ္မ်ိဳးမ်ားစြာအတြက္ အနည္းဆံုးအခ်ိန္ (၂) နာရီခန္႔ကုန္သြားပါတယ္။ ဒီေတာ့ တစ္ေန႔တာအလုပ္ခ်ိန္ရဲ႕ (၂၅ ရာခိုင္ႏႈန္း) ခန္႔ဟာ အေလအလြင့္ျဖစ္လို႔ေနပါတယ္။
(၃) တစ္ေယာက္ေယာက္က မိမိကိုအစည္းအေဝး တက္ဖို႔ဖိတ္ၾကားတယ္ဆိုရင္လည္းအစည္းအေဝး တစ္ခုရဲ႕ၾကာခ်ိန္ဟာအနည္းဆံုး (၁) နာရီခန္႔ရွိေန တတ္ပါတယ္။ ဒီလိုေန႔မ်ိဳးမွာဆိုရင္ မိမိအလုပ္ခ်ိန္ရဲ႕ (၁၀ ရာခိုင္ႏႈန္း)ခန္႔ကိုအစည္းအေဝးမွာအသံုးျပဳ လိုက္ရပါ တယ္။
(၄) ေနာက္ဆံုးအႏွစ္ (၂၀) မွာေလ့လာေကာက္ယူ တဲ့စစ္တမ္းေတြအရ အလုပ္ခ်ိန္ဟာ အရင္ကထက္ (၁၅ ရာခိုင္ႏႈန္း) ခန္႔ပိုမိုတိုးတက္လုပ္ေဆာင္လာရၿပီး အနား ယူခ်ိန္၊အားလပ္ခ်ိန္ကေတာ့ (၃၃ ရာခိုင္ႏႈန္း) ခန္႔ဆုတ္ယုတ္ သြားတယ္လို႔သိရပါတယ္။
(၅) ဒီေတာ့ က်ေနာ္တို႔အေနနဲ႔တစ္ေန႔တာမွာအေလ အလြင့္ျဖစ္သြားတဲ့အခ်ိန္ေတြထဲကေနအလုပ္ အတြက္အက်ိဳးရွိတဲ့အခ်ိန္ေတြအျဖစ္ျပန္လည္ ေျပာင္းလဲယူဖို႔အတြက္ရႏိုင္သမွ်ႀကိဳးစားယူရမွာျဖစ္ ပါတယ္။
    အခုဆက္လက္ၿပီး အလုပ္အတြက္အခ်ိန္ကို ရင္းႏွီးျမွဳပ္ႏွံပံုစနစ္ေတြကိုဆက္လက္တင္ျပေပးသြား ပါမယ္။
(၁) မိမိရဲ႕အခ်ိန္ေတြကို ဘယ္လိုအသံုးျပဳရမလဲ သိရွိေအာင္ျပဳလုပ္ပါ
    ဒီအတြက္ လိုအပ္တဲ့အေျခခံအခ်က္အလက္ တစ္ခုကေတာ့လုပ္ရမယ့္အလုပ္ေတြအတြက္စာရင္း ျပဳစုျခင္းပါပဲ။ ဥပမာအားျဖင့္ တစ္ေန႔တာလုပ္စရာ ရွိတဲ့အလုပ္ (၁၀) ခုအတြက္မိမိမွန္းဆထားတဲ့ကုန္ မယ့္အခ်ိန္နဲ႔ တကယ္ကုန္သြားတဲ့အခ်ိန္ကိုျပန္လည္ ဆန္းစစ္ၾကည့္ရပါမယ္။ ဆန္းစစ္ရာမွာလည္းအလုပ္ တစ္ခုၿပီးဆံုးသြားခ်ိန္တိုင္းမွာ ဆန္းစစ္ရမွာျဖစ္ၿပီး ဒါမွသာဆက္လက္ေဆာင္ရြက္ရမယ့္ကိစၥေတြ အတြက္အခ်ိန္ကိုမွန္းဆႏိုင္မွာျဖစ္ပါတယ္။
    ကိစၥတစ္ခုမွာ မိမိမွန္းဆထားတဲ့အခ်ိန္ထက္ ပိုမိုကုန္က်သြားတယ္ဆိုရင္ ေနာက္ကိစၥတစ္ခုမွာပိုမို ကုန္က်သြားတဲ့အခ်ိန္အတြက္ ျပန္လည္လုယူရမွာ ျဖစ္ပါတယ္။ ကိစၥတိုင္းမွာသာ မွန္းဆထားတဲ့အခ်ိန္ ထက္ပိုမိုကုန္ဆံုး ေနတယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ အခ်ိန္ကိုစီမံခန္႔ခြဲတာညံ့ဖ်င္းလြန္းလို႔ပါပဲ။
    ဒါေၾကာင့္ ေနာက္ရက္မွာလုပ္ေဆာင္ရမယ့္ လုပ္စရာအေၾကာင္းအရာေတြကိုဒီေန႔မွာကတည္း ကမွတ္စုစာအုပ္ထဲမွာခ်ေရးထားၿပီးအခ်ိန္ကိုဘယ္လို မ်ိဳးအသံုးျပဳရမလဲဆိုတာစီမံခန္႔ခြဲရမွာျဖစ္ပါတယ္။
(၂) ဦးစားေပးေဆာင္ရြက္စရာေတြကို မွတ္တမ္း ျပဳစုပါ
    အခ်ိန္ကိုစီမံခန္႔ခြဲျခင္းဟာပန္းတိုင္ဆီကို အေရာက္သြားၿပီး ေအာင္ျမင္မႈရရွိဖို႔အတြက္အေျခခံ အုတ္ျမစ္ တစ္ခုပါပဲ။
    အခ်ိန္ကိုစနစ္တက်စီမံခန္႔ခြဲဖို႔အတြက္ဦးစား ေပးေဆာင္ရြက္စရာေတြနဲ႔ဦးစားေပးဖို႔မလိုတဲ့အရာ ေတြကိုခြဲျခမ္းစိတ္ျဖာတတ္ဖို႔ပါပဲ။ ဒါဟာအခ်ိန္ မျဖဳန္းတီးသူတို႔သြားရာလမ္းပါပဲ။
    ဒီအတြက္ ေအာက္ပါေမးခြန္းေတြနဲ႔ ျပန္လည္ တိုက္ဆိုင္ဆန္းစစ္ၾကည့္ဖို႔ပါပဲ။
- အေရးေပၚေဆာင္ရြက္စရာနဲ႔အေရးႀကီးေဆာင္ ရြက္ရမွာေတြ (အေရးေပၚကိုေတာ့ပိုၿပီးဦးစားေပးရ မွာပါပဲ)
- မိမိရဲ႕အရည္အေသြးကဘာလဲ။မိမိေမွ်ာ္မွန္းထားတဲ့ အတိုင္းမလုပ္ႏိုင္ဘူးလား။ လုပ္ႏိုင္ရဲ႕လား။
- မိမိရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကဘာလဲ။ လက္ရွိ ျဖစ္ေနတဲ့ပံုစံနဲ႔ပန္းတိုင္ဆီအခ်ိန္မီေရာက္ရွိႏိုင္ပါ့ မလား။
- လုပ္ေဆာင္ခ်က္တစ္ခုစီတိုင္းအတြက္အက်ိဳး ရလဒ္ကဘာတဲ့လဲ။
အထက္ပါအခ်က္ေတြနဲ႔ဆန္းစစ္ၿပီး အခ်ိန္ကိုစနစ္ တက်စီမံခန္႔ခြဲမႈျပဳလုပ္ကာေအာင္ျမင္မႈဆီေလွ်ာက္ လွမ္းခ်ီတက္ၾကရေအာင္ပါ။
(၃) ေန႔စဥ္ မွတ္စုေရးပါ
    ေနာက္ရက္ျပဳလုပ္စရာေတြကို ယေန႔ကတည္း ကမွတ္စုစာအုပ္ထဲမွာအစီအစဥ္တက်ခ်ေရးထား သင့္ပါတယ္။ ဒါမွသာ ေနာက္ရက္မွာ ဘာေတြလုပ္ ေဆာင္စရာရွိလဲဆိုတာရွင္းရွင္းလင္းလင္းသိရွိေနမွာ ျဖစ္ၿပီးေဆာင္ရြက္တဲ့အခါမွာျမန္ဆန္ေခ်ာေမြ႕မႈရွိမွာ ျဖစ္ပါတယ္။
    ေန႔စဥ္မွတ္တမ္းေရးသားရာမွာအေရးတႀကီး နဲ႔ ႀကီးႀကီးမားမားေဆာင္ရြက္စရာေတြအျပင္ အေသး အဖြဲေဆာင္ရြက္စရာေတြကိုလည္းထည့္သြင္းေရး သားထားသင့္ပါတယ္။
(၄) စိတ္႐ႈပ္ေထြးစရာေတြကေနအျမန္ဆံုး ႐ုန္းထြက္ပါ
    အခ်ိန္ကိုစနစ္တက်စီမံခန္႔ခြဲၿပီးေအာင္ျမင္မႈ ေတြရရွိဖို႔ဆိုတာစိတ္႐ႈပ္ေထြးစရာေတြကေနမိမိ ကိုယ္မိမိတြန္းအားေပးၿပီး႐ုန္းထြက္ႏိုင္ဖို႔အတြက္ အဓိကက်ပါတယ္။
    တကယ္ေတာ့ဒီလိုမ်ိဳးလုပ္ႏိုင္ဖို႔ဆိုတာ လြယ္ကူ လွတာေတာ့မဟုတ္ပါဘူး။ ဒါေၾကာင့္လည္းတခ်ိဳ႕ ေတြအေနနဲ႔အခ်စ္ေရးအဆင္မေျပတာ၊ မိသားစု ျပႆနာေတြေၾကာင့္အဆင္မေျပမႈေတြၾကားမွာ နပန္းလံုးေနရတာေတြကိုအလုပ္ထဲအထိယူလာ တတ္ၿပီးေရာေထြးတတ္ၾကပါတယ္။ ဒီေတာ့ လုပ္ငန္းစြမ္းေဆာင္ရည္ေတြက်ဆင္းသြားၿပီးမူလ တုန္းကထက္ ပိုမို႐ုန္းကန္ၾကရပါေတာ့တယ္။
    ဒါေၾကာင့္ စိတ္႐ႈပ္ေထြးစရာေတြႀကံဳေတြ႕လာ ရရင္ဘယ္လိုပံုစံမ်ိဳးနဲ႔ အျမန္ဆံုး႐ုန္းထြက္ႏိုင္မလဲ ဆိုတဲ့နည္းလမ္းကိုရွာေဖြဖို႔ အႀကံျပဳလိုပါတယ္။
(၅) အီလြန္မက္စ္က္ရဲ႕နည္းလမ္း
    အီလြန္မက္စ္က္ဆိုတာဟာ ကမၻာေပၚမွာ အလုပ္အမ်ားဆံုးေသာပုဂၢိဳလ္လို႔ေတာင္ေျပာလို႔ရပါ တယ္။ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့အခ်ိန္ကိုစနစ္ တက်စီမံခန္႔ခြဲႏိုင္စြမ္းေကာင္းမြန္တာပါပဲ။ သူ႔ရဲ႕ နည္းလမ္းကေတာ့ အခ်ိန္ကိုကန္႔သတ္ပိတ္ဆို႔ထား တဲ့ နည္းလမ္းပါပဲ။
    အခ်ိန္ကိုကန္႔သတ္ပိတ္ဆို႔ထားတဲ့နည္းလမ္း ဆိုတာကိစၥတစ္ခုအတြက္ အခ်ိန္ေပးေနစဥ္မွာအျခား ေသာကိစၥရပ္ေတြအတြက္ ေခါင္းထဲထည့္မစဥ္းစား ထားဘဲအဲဒီအျခားေသာကိစၥရပ္ေတြအတြက္အခ်ိန္ မေပးတဲ့သေဘာပါပဲ။
    ဒီလိုျပဳလုပ္ျခင္းအားျဖင့္ကိစၥရပ္ေတြအမ်ား ႀကီးကို ေဆာင္ရြက္လာႏိုင္တယ္လို႔သိရပါတယ္။ ကိစၥတစ္ခုကိုအခ်ိန္ေပးေဆာင္ရြက္တဲ့အခါမွာအျမန္ အဆံုးသတ္ႏိုင္ေလေလေနာက္ထပ္ကိစၥအတြက္ အခ်ိန္ပိုရေလေလပါပဲ။ လုပ္ရင္းလုပ္ရင္းနဲ႔ပဲအလုပ္ ကိစၥေတြကို အျမန္အဆံုးသတ္ႏိုင္ဖို႔အတြက္ အေတြ႕ အႀကံဳေကာင္းေတြရရွိလာတယ္လို႔ဆိုပါတယ္။
    ဒီအေၾကာင္းကို ကီဗင္ခ႐ုစ္ရဲ႕ ေအာင္ျမင္တဲ့သူ ေတြသိရွိနားလည္ထားတဲ့ အခ်ိန္ကိုစီမံခန္႔ခြဲျခင္း လွ်ိဳ႕ဝွက္ခ်က္ (၁၅) ခုဆိုတဲ့စာအုပ္မွာ ေရးသားထား ပါတယ္။ ဒီအေၾကာင္းကိုေတာ့ေနာက္အလ်ဥ္းသင့္ ရင္ျပန္လည္မွ်ေဝ ေပးသြားဖို႔ရည္ရြယ္ထားပါတယ္။
(၆)ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္း
    သင့္အေနနဲ႔ တစ္ထိုင္တည္းအလုပ္ေတြအမ်ား ႀကီးမလုပ္ႏိုင္သလို စိတ္ကူးထားတာမရွိဘဲ အစီအစဥ္ မရွိဘဲနဲ႔ အလုပ္တစ္ခုစတင္ဖို႔အဆင္မေျပပါဘူး။
    ေအာက္ပါအခ်က္ေတြလိုမ်ိဳးစဥ္းစားစရာ အမ်ားႀကီးရွိပါတယ္။
- ဘယ္အပိုင္းကို အဓိကဦးစားေပးလုပ္ေဆာင္သင့္ သလဲ
- ဘယ္အခ်ိန္မွာ ဘယ္လုပ္ငန္းေတြၿပီးစီးဖို႔လိုမလဲ
- ေဆာင္ရြက္ရမယ့္လုပ္ငန္းကိစၥေတြအတြက္ လိုအပ္တဲ့ရင္းျမစ္ေတြကို ဘယ္ကေနရရွိမလဲ
- လုပ္ငန္းေဆာင္ရြက္ေအာင္ျမင္ဖို႔အတြက္ ဘယ္သူ ေတြကိုဘယ္အပိုင္းမွာတာဝန္ေပးရမလဲစသျဖင့္ျဖစ္ ပါတယ္။
    ဒီလိုမ်ိဳးအစီအမံေတြႀကိဳတင္ေရးဆြဲထားျခင္း အားျဖင့္လုပ္ငန္းေဆာင္ရြက္ရာမွာအထစ္အေငါ့ ေတြ ေလ်ာ့ပါးသက္သာေစမွာျဖစ္ပါတယ္။
(၇) တြန္နီေရာ္ဘင္ရဲ႕လ်င္ျမန္စြာအစီအစဥ္ ခ်မွတ္ေဆာင္ရြက္ျခင္းနည္းစနစ္
    အစီအစဥ္တင္ဆက္သူတစ္ေယာက္ျဖစ္တဲ့ တြန္နီေရာ္ဘင္ကလ်င္ျမန္စြာအစီအစဥ္ေဆာင္ရြက္ ျခင္းနည္းစနစ္ဟာရလဒ္ကိုအျမန္ေရာက္ရွိဖို႔ အတြက္မ်က္ႏွာမူထားတဲ့၊ ရည္ရြယ္ခ်က္ေတြ အစီအစဥ္ေတြအတိုင္းထိန္းသိမ္းေမာင္းႏွင္ရတဲ့၊ အားတိုက္အင္တိုက္ေဆာင္ရြက္ရတဲ့နည္းစနစ္တစ္ခု ျဖစ္တယ္လို႔ဆိုပါတယ္။
    သူေျပာလိုတာကေတာ့ အစီအစဥ္ခ်မွတ္ၿပီး တဲ့အခါတတ္ႏိုင္သေလာက္အခ်ိန္မဆြဲဘဲေဆာင္ရြက္ ဖို႔၊ အားတိုက္အင္တိုက္နဲ႔ျမန္ျမန္ဆန္ဆန္ေဆာင္ ရြက္ဖို႔ဆိုလိုရင္းျဖစ္ပါတယ္။
(၈) သင့္ရဲ႕ေန႔စဥ္ပံုမွန္လုပ္႐ိုးလုပ္စဥ္ကိုမွတ္တမ္း ျပဳစုထားပါ
    အခ်ိန္ကိုစိမံခန္႔ခြဲျခင္းမဟာဗ်ဴဟာဆိုတာ သင့္ရဲ႕တစ္ေန႔တာေဆာင္ရြက္သမွ်ေတြကိုၿခံဳငံု သံုးသပ္ၿပီး လုပ္ေဆာင္ခဲ့တဲ့လုပ္ငန္းေတြနဲ႔ကုန္ဆံုးခဲ့ ရတဲ့အခ်ိန္ေတြဟာ အမွန္တကယ္ထိုက္တန္မႈရွိရဲ႕ လားဆိုတာ ျပန္လည္သံုးသပ္မႈျပဳလုပ္တာပါပဲ။
    အခ်ိန္ေတြကုန္ဆံုးခဲ့တာအက်ိဳးမဲ့ျဖစ္သြားခဲ့ ရင္ေတာ့သင့္အေနနဲ႔ သင့္ရဲ႕လုပ္ရပ္ေတြကို ျပန္လည္ ၿပီး ဆင္ျခင္သံုးသပ္ဖို႔လိုအပ္လာပါၿပီ။
    ဒီလိုမ်ိဳးျပန္လည္သံုးသပ္မႈေတြျပဳလုပ္ျခင္း ျဖင့္ သင့္အေနနဲ႔ ဘယ္အရာေတြမွာ ဘယ္ေလာက္အထိ ဝါယမစိုက္ထုတ္မႈကို အခုထက္ပိုၿပီးလုပ္ေဆာင္သင့္ သလဲဆိုတာကို ျမင္လာႏိုင္မွာျဖစ္ပါတယ္။
(၉) လုပ္ငန္းေဆာင္ရြက္ခ်က္ေတြမွာ ျဖစ္ႏိုင္လွ်င္ လူအစား စက္ပစၥည္းကိုအစားထိုးအသံုးျပဳပါ
    လူစြမ္းအားေနရာမွာစက္ပစၥည္းေတြ၊ နည္း ပညာရပ္ေတြကို အစားထိုးအသံုးျပဳျခင္းျဖင့္အခ်ိန္ ကုန္ဆံုးမႈ ပိုမိုသက္သာေစႏိုင္ျခင္း၊ တိက်ျမန္ဆန္မႈ ရွိျခင္း၊ လွပေသသပ္ျခင္းစတဲ့အက်ိဳးေက်းဇူးေတြရရွိ ေစႏိုင္ပါတယ္။
    ဥပမာအားျဖင့္အေဆာက္အဦတစ္ခုရဲ႕ ေခါင္မိုး လုပ္ငန္းတစ္ခုမွာ ေခါင္အခ်ိဳးဘယ္ေလာက္ထားရ မလဲဆိုတာကိုသခ်ၤာတြက္နည္းအသံုးျပဳၿပီးလက္နဲ႔ ခ်တြက္တာထက္ ေကအသခေိ ေဆာ့ဖ္ဝဲလ္လိုမ်ိဳးနည္း ပညာတစ္ခုကိုအသံုးျပဳၿပီးတြက္ခ်က္ေရးဆြဲၾကည့္ တာကအခ်ိန္ကုန္ပိုမိုသက္သာေစသလိုတိက်မႈ လည္းပိုရွိလာပါတယ္။
    ေရွးယခင္က ကုန္ပစၥည္းတစ္ခုထုတ္ပိုးရာမွာ လူအင္အားကိုအသံုးျပဳၿပီးသမား႐ိုးက်နည္းေတြအသံုး ျပဳတာထက္ ယေန႔လိုမ်ိဳး စက္ပစၥည္းေတြအသံုးျပဳၿပီး ထုပ္ပိုးတာဟာလူ႔စြမ္းအားအသံုးျပဳရမႈကိုပိုမိုေလ်ာ့ နည္းေစသလို ထြက္ရွိလာတဲ့ကုန္ပစၥည္းေတြဟာပိုမို သပ္ရပ္ၿပီးတူညီတဲ့အခ်ိန္အတြင္းမွာ ေရွးယခင္တုန္း ကထက္အေရအတြက္မ်ားမ်ားပိုမိုထြက္ရွိလာပါတယ္။
    စာရြက္တစ္ရြက္ကိုလိုက္ကူးေနတာထက္ မိတၲဴ ဆြဲလိုက္တာကပိုၿပီးသပ္ရပ္လွပသလိုအခ်ိန္ကုန္ လည္း ပိုမိုသက္သာေစသလိုပါပဲ။
    ဒါေၾကာင့္ အခ်ိန္ကိုပိုမိုအက်ိဳးရွိရွိအသံုးျပဳႏိုင္ ဖို႔အတြက္ျဖစ္ႏိုင္လွ်င္လူ႕စြမ္းအားထက္စက္ပစၥည္း ကိုပိုမိုအစားထိုးအသံုးျပဳဖို႔အႀကံျပဳလိုပါတယ္။
(၁၀) မနက္ပိုင္းအခ်ိန္ေတြကို ပိုၿပီးအေရးတႀကီး ေဆာင္ရြက္စရာေတြနဲ႔ကုန္ဆံုးပါ
    သင့္ရဲ႕အခ်ိန္ေတြကို အမွန္တကယ္အက်ိဳးရွိရွိနဲ႔ ကုန္ဆံုးလိုပါသလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ေန႔စဥ္ မွတ္တမ္းမွာပါရွိတဲ့လုပ္ေဆာင္စရာကိစၥရပ္ေတြထဲ ကေနအေရးတႀကီးေဆာင္ရြက္စရာေတြကိုမနက္ ပိုင္းအခ်ိန္ေတြမွာစတင္လုပ္ေဆာင္ဖို႔ပါပဲ။ မနက္ပိုင္း အခ်ိန္ေတြဟာစိတ္လက္ၾကည္လင္ေနမႈအရ အေတြးအေခၚေကာင္းေတြ၊ ႀကံဆမႈေတြမ်ားစြာရရွိ ေစႏိုင္သလိုေဆာင္ရြက္ရတဲ့အခါမွာလည္းပိုမိုျမန္ ဆန္ေခ်ာေမြ႕မႈေတြရွိပါတယ္။
    မနက္ပိုင္းမွာေတာ့သင့္ရဲ႕စြမ္းအင္ေတြ၊ လုပ္ ေဆာင္ႏိုင္မႈေတြကို အိတ္သြန္ဖာေမွာက္အသံုးျပဳၿပီး အေရးႀကီးတဲ့ကိစၥရပ္ေတြအတြက္အသံုးျပဳသင့္တာ ျဖစ္ပါတယ္။
(၁၁) တူညီတဲ့အေၾကာင္းကိစၥေတြအတြက္ အခ်ိန္ ကုန္ဆံုးရမႈကိုေပါင္းစည္းေပးပါ
    မတူကြဲျပားတဲ့အေၾကာင္းအရာေတြအတြက္ အခ်ိန္ေတြကိုခဏခဏဖဲ့ေပးေနရတယ္ဆိုရင္အေၾကာင္း အရာတူ၊ ေခါင္းစဥ္တူတဲ့ကိစၥရပ္ေတြအတြက္ဆံုးျဖတ္ ခ်က္ကိုတစ္ေပါင္းတည္းခ်မွတ္တာဒါမွမဟုတ္ အေရးမႀကီးေသးဘူးဆိုရင္ေခတၲဆိုင္းငံ့ထားတာမ်ိဳး လုပ္သင့္ပါတယ္။
    ဥပမာ သံကူကြန္ကရစ္အေဆာက္အဦ တစ္ခုမွာ ေလာင္းစရာတိုင္ေပါင္း(၃၀)ရွိတယ္ဆိုရင္ အဲဒီတိုင္ေတြအတြက္ ေက်ာက္ပံုးေက်ာက္ခြက္ကို ဘယ္ႏွစ္ႀကိမ္အသံုးျပဳၿပီးဘယ္ႏွစ္ရက္အတြင္းၿပီးစီး ေအာင္ေဆာင္ရြက္မွာလဲ။ အဲဒီအတြက္ လူအင္အား တစ္ရက္ကိုအနည္းဆံုးဘယ္ေလာက္လိုအပ္မလဲဆိုတာ ကိုတစ္ေပါင္းတည္းဆံုးျဖတ္ခ်က္ခ်မွတ္လို႔ရပါတယ္။
(၁၂) အေရးသိပ္မပါတာေတြအတြက္ အခ်ိန္ကုန္ မခံပါနဲ႔
    သင့္အေနနဲ႔ဒီလုပ္ငန္းတစ္ခုဟာ အေရးတႀကီး ေဆာင္ရြက္ဖို႔လိုအပ္သလားလို႔ျပန္လည္ဆန္းစစ္ၿပီး မလိုအပ္ဘူးလို႔အေျဖထြက္တယ္ဆိုရင္ ဒီအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေနတာ၊ အခ်ိန္ကုန္ခံၿပီး ေခါင္းစားေနတာမ်ိဳးမလုပ္သင့္ပါဘူး။
    ဥပမာ အေသးအဖြဲေဆာင္ရြက္စရာေတြနဲ႔ လုပ္ငန္းၿပီးစီးမႈအတြက္ပိုမိုအက်ိဳးရွိေစမယ့္ကိစၥ ေတြဆိုရင္သင့္ေတာ္တဲ့အျမင္ရွိဖို႔နဲ႔ ဆံုးျဖတ္ခ်က္ခ် ႏိုင္ဖို႔လိုပါတယ္။ ဒါမွသာအခ်ိန္ကုန္သက္သာမႈေတြ ရရွိေစႏိုင္မွာျဖစ္ပါတယ္။
(၁၃) ၈၀-၂၀ နည္းစနစ္ကို ေလ့လာပါ
    အခုခ်ိန္မွာဆိုရင္စီးပြားေရးလုပ္ငန္းရွင္ အေတာ္မ်ားမ်ားဟာ ၈၀-၂၀ နည္းစနစ္ကိုသိရွိ ေနၾကပါၿပီ။
    ၈၀-၂၀ နည္းစနစ္ရဲ႕အႏွစ္ခ်ဳပ္ကေတာ့ ၈၀ ရာခိုင္ႏႈန္းေသာရလဒ္ေတြဟာ ၂၀ ရာခိုင္ႏႈန္းေသာ လုပ္ေဆာင္ ခ်က္ေတြကေနျမစ္ဖ်ားခံစီးဆင္းလာ တယ္ဆိုတာပါပဲ။
    ဒါေၾကာင့္ သင့္အေနနဲ႔ ဘာလုပ္ရမလဲ။ဘာကို အဓိကထားၿပီး ဦးစားေပးလုပ္ေဆာင္ရမလဲဆိုတာကို ရွင္းရွင္းလင္းလင္းသိရွိနားလည္ေအာင္လုပ္ျခင္းျဖင့္ ပန္းတိုင္ကိုေရာက္ရွိခ်ိန္ပိုမိုတိုေတာင္းလာေစမွာ ျဖစ္ပါတယ္။
(၁၄) မလိုလားအပ္တဲ့ကိစၥရပ္ေတြကေန ႐ုန္းထြက္ပါ
    အခ်ိဳ႕ကေငြျဖဳန္းၾကတယ္။ အခ်ိဳ႕အခ်ိန္ျဖဳန္း ၾကတယ္။ လုပ္ငန္းရွင္ေတြ၊ သူေဌးေတြကသူတို႔ရဲ႕ အခ်ိန္၊ သူတို႔ရဲ႕ေငြေၾကးကိုသူတို႔အတြက္အက်ိဳး အျမတ္ျဖစ္ထြန္းေစမယ့္ကိစၥမ်ိဳးေတြအတြက္ပဲအသံုး ျပဳေလ့ရွိပါတယ္။
    သင့္အေနနဲ႔ဒီအခ်က္ကိုသိရွိနားလည္ထား ဖို႔လိုအပ္ပါတယ္။
    အထက္မွာတင္ျပေပးခဲ့တာေတြကေတာ့ အခ်ိန္ကို အက်ိဳးရွိရွိအသံုးျပဳၿပီးလုပ္ငန္းစြမ္းေဆာင္ ရည္ေတြကိုသင့္ေတာ္စြာအသံုးျပဳႏိုင္ေစမယ့္ နည္းလမ္းေတြပါပဲ။ သင့္အေနနဲ႔ အခ်ိန္ကိုအက်ိဳးရွိ စြာအသံုးခ်ၿပီးေအာင္ျမင္မႈပန္းတိုင္ဆီအေရာက္သြား ခ်င္ တယ္ဆိုရင္ေတာ့
- တာဝန္ခြဲေဝေပးမႈေတြကိုဆန္းစစ္ပါ။ လူမွန္၊ ေနရာမွန္ျဖစ္မွ ကုန္ထုတ္စြမ္းအားေတြကသင့္ေတာ္ မွန္ကန္ၿပီး အခ်ိန္မီၿပီးစီးႏိုင္မွာပါ။
- အေသးအဖြဲကိစၥေတြကို လိုက္ၿပီးေမးေနတာမ်ိဳး အၿမဲတမ္းမလုပ္ပါနဲ႔။ဒီအတြက္ကုန္ရတဲ့အခ်ိန္ကို အျခားတစ္ေနရာမွာအက်ိဳးရွိရွိအသံုးျပဳလိုက္ပါ။
- သင့္ရဲ႕အခ်ိန္စီမံခန္႔ခြဲျခင္းနည္းစနစ္ကို အပတ္စဥ္၊ လစဥ္ျပန္လည္ဆန္းစစ္ပါ။ဒါမွသာ လိုအပ္တဲ့ ကြက္လပ္ေတြကိုျဖည့္ဆည္းေပးႏိုင္မွာပါ။
- ျပကၡဒိန္ရက္တိုင္းမွာအက်ိဳးရွိတဲ့ကိစၥေတြျပဳ လုပ္ရင္းနဲ႔ ကုန္ဆံုးပါ။
- ေစာင့္ဆိုင္းျခင္းျဖင့္ အခ်ိန္ကိုမျဖဳန္းပါနဲ႔။ အခ်ိန္ အၾကာႀကီးေစာင့္ဆိုင္းရမႈအတြက္သေဘာတူညီ ခ်က္ရယူၿပီးတစ္ျခားေသာကိစၥအတြက္အသံုးျပဳ လိုက္ ပါလို႔အႀကံျပဳရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္။


ရာသက္ပန္ (သစၥာပန္းတို႔ လန္းရာေျမ)

Previous Next