07 Nov, 2019
နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မယ်

    လူတစ်ယောက်ဟာ နောက်လိုက်ကောင်း တစ်ယောက်အနေနဲ့နေပြီး ခေါင်းဆောင်ကောင်း တစ်ယောက်နဲ့ပက်သက်တဲ့အကြောင်းအရာတွေကို အများကြီးသင်ယူလို့ရပါတယ်ဆိုပြီး  Harvard တက္ကသိုလ်မှ Barbara Kellerman (Leadership Lecturer)  က ပြောခဲ့ပါတယ်။ နောက်လိုက် ကောင်းတွေဆိုတာ အဖွဲ့အစည်းတစ်ခုအတွင်းမှာ စိတ်အားထက်သန်စွာအားထုတ်တတ်ပြီး လေးလေး နက်နက်ပါဝင်လုပ်ဆောင်တတ်သူတွေကို ခေါ်ပါ တယ်။ သူတို့ဟာ ခေါင်းဆောင်ကောင်းတစ် ယောက်ကို တက်တက်ြွကြွကပံ့ပိုးကူညီတတ်ကြပါ တယ်။ ဒီနေရာမှာ ခေါင်းဆောင်ကောင်းဆိုတာက အလုပ်လုပ်ရာမှာ ထိရောက်မှုရှိပြီး ဖြောင့်မတ် တဲ့သူကိုခေါ်တာပါ။ ခပ်ညံ့ညံ့နောက်လိုက်တွေ ကတော့ အဖွဲ့အစည်းအတွက်ဘာမှအားထုတ် ကြိုးပမ်းမှုမရှိတဲ့သူတွေပဲဖြစ်ကြပါတယ်။

    နောက်လိုက်ကောင်းတွေဟာ သူတို့ရဲ့လုပ်ဖော် ကိုင်ဖက်တွေ၊ အလုပ်သမားတွေ၊ ဖောက်သည်တွေနဲ့ အခြားသူတွေကို အကဲဖြတ်နိုင်ဖို့သင်ယူကြပါတယ်။ သူတို့ကို ဘာတွေက စိတ်အားတက်ြွကစေပြီးတော့ ဘာတွေကတော့ စိတ်ဆိုးစေတယ်ဆိုတာကို နောက် လိုက်ကောင်းတွေက နားလည်ကြပါတယ်။ ဒီလိုနား လည်တဲ့နောက်လိုက်ကောင်းတွေ ခေါင်းဆောင် နေရာကို ရောက်လာတဲ့အခါ သူတို့သင်ယူခဲ့တဲ့ လူတွေကိုနားလည်တဲ့အရည်အချင်းတွေက အသုံး ကျလာပါတော့တယ်။ ဒါ့အပြင် နောက်လိုက် ကောင်းတွေဟာ မတူညီတာတွေကိုဘေးဖယ်ပြီး အလုပ်ကိုသာအာရုံစူးစိုက်လုပ်ကိုင်တာမျိုးလို လူမှုဆက်ဆံရေးနဲ့ပက်သက်လို့ကျွမ်းကျင်မှုရှိအောင် လည်းသင်ယူကြပါတယ်။ ဥပမာ - နိုင်ငံရေးယုံကြည် ချက်မတူညီတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ တွဲဖက်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်တာမျိုးဖြစ်ပါတယ်။ နောက် လိုက်ကောင်းတွေဟာ သတ္တိရှိဖို့ကိုလည်း သင်ယူဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်လိုက် ကောင်းတွေဟာ သူတို့ရဲ့ခေါင်းဆောင်က မှန်တာကို လုပ်နေတဲ့အချိန်မှာ ကူညီပေးနေရုံနဲ့ မလုံလောက်ပါ ဘူး။ သူတို့ရဲ့ခေါင်းဆောင်က မှားယွင်းတဲ့အရာ တစ်ခုခုလုပ်နေတဲ့အချိန်မှာလည်း မတ်တပ်ရပ်ကန့် ကွက်ရဲတဲ့သတ္တိရှိဖို့ လိုအပ်ပါတယ်။ (Moran, 2014)

    နောက်လိုက်ကောင်းတွေဟာ သူတို့ခေါင်း ဆောင်ဖြစ်လာချိန်မှာအသုံးတည့်မယ့် ပူးတွဲဆောင်ရွက် မှုအရည်အချင်းကိုလည်း သင်ယူကြပါတယ်။ ကိုယ့်ရဲ့နောက်လိုက်တွေဟာ လုပ်ငန်းရဲ့အရည်အ သွေးနဲ့ပြီးမြောက်မှုအပေါ်မှာလွှမ်းမိုးမှုရှိပြီး ခေါင်း ဆောင်တစ်ယောက်ကို တည်ဆောက်ပေးနိုင် ဒါမှမဟုတ် ဖျက်ဆီးပစ်နိုင်တဲ့သူတွေဖြစ်ကြတယ် ဆိုတဲ့အချက်ကို ခေါင်းဆောင်ကောင်းတွေရော၊ နောက်လိုက်ကောင်းတွေကပါ နားလည်ထားကြပါ တယ်။ နောက်လိုက်ကောင်းတွေဟာ ခေါင်းဆောင် တစ် ယောက်က ချမှတ်ပေးထားတဲ့အလုပ်ရည်မှန်း ချက်တွေပြီးမြောက်အောင် အားထုတ်ပေးကြမယ့်သူ တွေဖြစ်ပါတယ်။ ခပ်ညံ့ညံ့နောက်လိုက်တွေကတော့ အလုပ်ရည်မှန်းချက်တွေကို ဖျက်လိုဖျက်ဆီးလုပ်ကြ မယ့်သူတွေပဲဖြစ်ပါတယ်။ နောက်လိုက်ကောင်းတွေ ဟာ သူတို့အတွက်လည်း စဉ်းစားရင်းသင်ယူနေကြ သလို သူတို့ရဲ့ခေါင်းဆောင်က ဦးတည်ချက်လွဲနေ ပြီလို့ ယူဆလာရင်လည်း တင်ပြကန့်ကွက်တတ်ကြ သူတွေပဲဖြစ်ပါတယ်။ 

    နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်ခြင်းဟာ ခေါင်းဆောင်တစ်ယောက်ဖြစ် လာတဲ့အချိန်မှာလည်း ရပ်တန့်မသွားပါဘူး။ နောက်လိုက်ကောင်းတစ်ယောက်ရဲ့ ဘဝကနေ နေရာရလာတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ကောင်းမွန်တဲ့နောက်လိုက်တစ်ယောက်ရဲ့ အလေ့ အထတွေကို ဆက်လက်ကျင့်သုံးဖို့လိုအပ်ပါတယ်။ ဒီလိုကျင့်သုံးတဲ့သူတွေဟာ နောက်လိုက်ကောင်း တွေကို လွှမ်းမိုးမှုရှိတဲ့ခေါင်းဆောင်တွေ ဖြစ်လာ ကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်လို့ HP ရဲ့ အမှု ဆောင်ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ Vyomesh Joshi  က ]ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခြင်းရဲ့ သော့ချက်ဟာ နောက်လိုက်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားခြင်းပါ}လို့ပြော ခဲ့ပါတယ်။ တစ်နည်းအားဖြင့် နောက်လိုက်ကောင်း တွေဖြစ်ခဲ့ဖူးတဲ့ ခေါင်းဆောင်တွေနဲ့ နောက်လိုက် ကောင်းတစ်ယောက်ရဲ့အလေ့အကျင့်တွေကိုကျင့် သုံးတတ်တဲ့ခေါင်းဆောင်တွေဟာ လူတွေနဲ့ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာကို ကောင်းကောင်းနား လည်တဲ့သူတွေဖြစ်ပြီးတော့ လူတွေဆီကနေ အကောင်းဆုံးအရည်အသွေးတွေရရှိဖို့ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာကို နားလည်တဲ့သူတွေပဲ ဖြစ်ကြပါတယ်။
 

   နောက်လိုက်ကောင်းများမှသည် ခေါင်းဆောင် ကောင်းများ ဖြစ်လာနိုင်ကြပါစေ။
မှီငြမ်း - “To Be a Good Leader, First Be a Good Follower” Posted by UNC Executive Development

 

နေသစ်(MDY)

++++++++++++++++++++++++++++++

ေနာက္လိုက္ေကာင္းျဖစ္မွ ေခါင္းေဆာင္ေကာင္းျဖစ္မယ္

    လူတစ္ေယာက္ဟာ ေနာက္လိုက္ေကာင္း တစ္ေယာက္အေနနဲ႔ေနၿပီး ေခါင္းေဆာင္ေကာင္း တစ္ေယာက္နဲ႔ပက္သက္တဲ့အေၾကာင္းအရာေတြကို အမ်ားႀကီးသင္ယူလို႔ရပါတယ္ဆိုၿပီး  Harvard တကၠသိုလ္မွ Barbara Kellerman (Leadership Lecturer)  က ေျပာခဲ့ပါတယ္။ ေနာက္လိုက္ ေကာင္းေတြဆိုတာ အဖြဲ႕အစည္းတစ္ခုအတြင္းမွာ စိတ္အားထက္သန္စြာအားထုတ္တတ္ၿပီး ေလးေလး နက္နက္ပါဝင္လုပ္ေဆာင္တတ္သူေတြကို ေခၚပါ တယ္။ သူတို႔ဟာ ေခါင္းေဆာင္ေကာင္းတစ္ ေယာက္ကို တက္တက္ျြကျြကပံ့ပိုးကူညီတတ္ၾကပါ တယ္။ ဒီေနရာမွာ ေခါင္းေဆာင္ေကာင္းဆိုတာက အလုပ္လုပ္ရာမွာ ထိေရာက္မႈရွိၿပီး ေျဖာင့္မတ္ တဲ့သူကိုေခၚတာပါ။ ခပ္ညံ့ညံ့ေနာက္လိုက္ေတြ ကေတာ့ အဖြဲ႕အစည္းအတြက္ဘာမွအားထုတ္ ႀကိဳးပမ္းမႈမရွိတဲ့သူေတြပဲျဖစ္ၾကပါတယ္။
    ေနာက္လိုက္ေကာင္းေတြဟာ သူတို႔ရဲ႕လုပ္ေဖာ္ ကိုင္ဖက္ေတြ၊ အလုပ္သမားေတြ၊ ေဖာက္သည္ေတြနဲ႔ အျခားသူေတြကို အကဲျဖတ္ႏိုင္ဖို႔သင္ယူၾကပါတယ္။ သူတို႔ကို ဘာေတြက စိတ္အားတက္ျြကေစၿပီးေတာ့ ဘာေတြကေတာ့ စိတ္ဆိုးေစတယ္ဆိုတာကို ေနာက္ လိုက္ေကာင္းေတြက နားလည္ၾကပါတယ္။ ဒီလိုနား လည္တဲ့ေနာက္လိုက္ေကာင္းေတြ ေခါင္းေဆာင္ ေနရာကို ေရာက္လာတဲ့အခါ သူတို႔သင္ယူခဲ့တဲ့ လူေတြကိုနားလည္တဲ့အရည္အခ်င္းေတြက အသံုး က်လာပါေတာ့တယ္။ ဒါ့အျပင္ ေနာက္လိုက္ ေကာင္းေတြဟာ မတူညီတာေတြကိုေဘးဖယ္ၿပီး အလုပ္ကိုသာအာ႐ံုစူးစိုက္လုပ္ကိုင္တာမ်ိဳးလို လူမႈဆက္ဆံေရးနဲ႔ပက္သက္လို႔ကြၽမ္းက်င္မႈရွိေအာင္ လည္းသင္ယူၾကပါတယ္။ ဥပမာ - ႏိုင္ငံေရးယံုၾကည္ ခ်က္မတူညီတဲ့လုပ္ေဖာ္ကိုင္ဖက္နဲ႔ တြဲဖက္ၿပီး လုပ္ငန္းလုပ္ကိုင္ႏိုင္တာမ်ိဳးျဖစ္ပါတယ္။ ေနာက္ လိုက္ေကာင္းေတြဟာ သတၲိရွိဖို႔ကိုလည္း သင္ယူဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေနာက္လိုက္ ေကာင္းေတြဟာ သူတို႔ရဲ႕ေခါင္းေဆာင္က မွန္တာကို လုပ္ေနတဲ့အခ်ိန္မွာ ကူညီေပးေန႐ံုနဲ႔ မလံုေလာက္ပါ ဘူး။ သူတို႔ရဲ႕ေခါင္းေဆာင္က မွားယြင္းတဲ့အရာ တစ္ခုခုလုပ္ေနတဲ့အခ်ိန္မွာလည္း မတ္တပ္ရပ္ကန္႔ ကြက္ရဲတဲ့သတၲိရွိဖို႔ လိုအပ္ပါတယ္။ (Moran, 2014)
    ေနာက္လိုက္ေကာင္းေတြဟာ သူတို႔ေခါင္း ေဆာင္ျဖစ္လာခ်ိန္မွာအသံုးတည့္မယ့္ ပူးတြဲေဆာင္ရြက္ မႈအရည္အခ်င္းကိုလည္း သင္ယူၾကပါတယ္။ ကိုယ့္ရဲ႕ေနာက္လိုက္ေတြဟာ လုပ္ငန္းရဲ႕အရည္အ ေသြးနဲ႔ၿပီးေျမာက္မႈအေပၚမွာလႊမ္းမိုးမႈရွိၿပီး ေခါင္း ေဆာင္တစ္ေယာက္ကို တည္ေဆာက္ေပးႏိုင္ ဒါမွမဟုတ္ ဖ်က္ဆီးပစ္ႏိုင္တဲ့သူေတြျဖစ္ၾကတယ္ ဆိုတဲ့အခ်က္ကို ေခါင္းေဆာင္ေကာင္းေတြေရာ၊ ေနာက္လိုက္ေကာင္းေတြကပါ နားလည္ထားၾကပါ တယ္။ ေနာက္လိုက္ေကာင္းေတြဟာ ေခါင္းေဆာင္ တစ္ ေယာက္က ခ်မွတ္ေပးထားတဲ့အလုပ္ရည္မွန္း ခ်က္ေတြၿပီးေျမာက္ေအာင္ အားထုတ္ေပးၾကမယ့္သူ ေတြျဖစ္ပါတယ္။ ခပ္ညံ့ညံ့ေနာက္လိုက္ေတြကေတာ့ အလုပ္ရည္မွန္းခ်က္ေတြကို ဖ်က္လိုဖ်က္ဆီးလုပ္ၾက မယ့္သူေတြပဲျဖစ္ပါတယ္။ ေနာက္လိုက္ေကာင္းေတြ ဟာ သူတို႔အတြက္လည္း စဥ္းစားရင္းသင္ယူေနၾက သလို သူတို႔ရဲ႕ေခါင္းေဆာင္က ဦးတည္ခ်က္လြဲေန ၿပီလို႔ ယူဆလာရင္လည္း တင္ျပကန္႔ကြက္တတ္ၾက သူေတြပဲျဖစ္ပါတယ္။ 
    ေနာက္လိုက္ေကာင္းတစ္ေယာက္အေနနဲ႔ ရပ္တည္ျခင္းဟာ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ လာတဲ့အခ်ိန္မွာလည္း ရပ္တန္႔မသြားပါဘူး။ ေနာက္လိုက္ေကာင္းတစ္ေယာက္ရဲ႕ ဘဝကေန ေနရာရလာတဲ့ ေခါင္းေဆာင္တစ္ေယာက္ဟာ ေကာင္းမြန္တဲ့ေနာက္လိုက္တစ္ေယာက္ရဲ႕ အေလ့ အထေတြကို ဆက္လက္က်င့္သံုးဖို႔လိုအပ္ပါတယ္။ ဒီလိုက်င့္သံုးတဲ့သူေတြဟာ ေနာက္လိုက္ေကာင္း ေတြကို လႊမ္းမိုးမႈရွိတဲ့ေခါင္းေဆာင္ေတြ ျဖစ္လာ ၾကပါတယ္။ ဒီအေၾကာင္းနဲ႔ပက္သက္လို႔ HP ရဲ႕ အမႈ ေဆာင္ဥကၠ႒ေဟာင္းျဖစ္တဲ့ Vyomesh Joshi  က ]ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ျခင္းရဲ႕ ေသာ့ခ်က္ဟာ ေနာက္လိုက္ေကာင္းတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားျခင္းပါ}လို႔ေျပာ ခဲ့ပါတယ္။ တစ္နည္းအားျဖင့္ ေနာက္လိုက္ေကာင္း ေတြျဖစ္ခဲ့ဖူးတဲ့ ေခါင္းေဆာင္ေတြနဲ႔ ေနာက္လိုက္ ေကာင္းတစ္ေယာက္ရဲ႕အေလ့အက်င့္ေတြကိုက်င့္ သံုးတတ္တဲ့ေခါင္းေဆာင္ေတြဟာ လူေတြနဲ႔ဘယ္လို အလုပ္လုပ္ရမယ္ဆိုတာကို ေကာင္းေကာင္းနား လည္တဲ့သူေတြျဖစ္ၿပီးေတာ့ လူေတြဆီကေန အေကာင္းဆံုးအရည္အေသြးေတြရရွိဖို႔ ဘယ္လို လုပ္ေဆာင္ရမယ္ဆိုတာကို နားလည္တဲ့သူေတြပဲ ျဖစ္ၾကပါတယ္။
    ေနာက္လိုက္ေကာင္းမ်ားမွသည္ ေခါင္းေဆာင္ ေကာင္းမ်ား ျဖစ္လာႏိုင္ၾကပါေစ။
မွီျငမ္း - “To Be a Good Leader, First Be a Good Follower” Posted by UNC Executive Development

 

ေနသစ္(MDY)

Previous Next