07 Nov, 2019
အစမ်းခန့်ကာလမှာ ဘာတွေသိထားသင့်သလဲ

    အစမ်းခန့်ကာလနဲ့ပတ်သက်ပြီး ဝန် ထမ်းတွေဘက်က သိထားသင့်တဲ့အချက် တွေကိုဒီတစ်ပတ်မှာဖော်ပြပေးချင်ပါတယ်။ ဝန်ထမ်းတွေက ကိုယ့်ရဲ့အခြေခံရပိုင်ခွင့် တွေ၊ ခွင့်ရက်ဥပဒေတွေ၊ ခံစားခွင့်တွေကို သိထားမှသာ ကိုယ့်ရဲ့ရပိုင်ခွင့်ကိုမဆုံးရှုံး မှာဖြစ်ပါတယ်။ ကုမ္ပဏီတချို့က စည်းမျဉ်း ဥပဒေတွေအတိုင်းသွားကြပေမဲ့ တချို့ အလုပ်သမားဥပဒေကိုချိုးဖောက်နေကြတဲ့ ကုမ္ပဏီတွေလည်း မနည်းပါဘူး။ ဝန်ထမ်း တစ်ယောက်က ကိုယ့်ရဲ့ အခြေခံရပိုင်ခွင့် ပိတ်ရက်တွေကိုတောင် သေသေချာချာ မသိထားဘူးဆိုရင် ကိုယ့်ရဲ့အခွင့်အရေး တွေခေါင်းပုံအဖြတ်ခံရနေဦးမှာပါ။ 
    တစ်လလုံးမှာ နှစ်ရက်ပဲအလုပ်ပိတ် တဲ့အလုပ်မှာ လုပ်နေကြသူတွေ၊ အလုပ် ချိန် တစ်နေ့ကို ၁၂နာရီအထိရှိကြတဲ့သူ တွေ၊ အများပြည်သူရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းရပေမဲ့ လုပ်ခလစာမရကြသူ တွေအများကြီးပါ။ ဒါပေမဲ့ဝန်ထမ်းအများ စုက သူတို့အခွင့်အရေးတွေချိုးဖောက်ခံ နေရတယ်ဆိုတာ မသိကြပါဘူး။ ဒါက ဘာကြောင့်လဲဆိုရင် ဝန်ထမ်းတွေ သိသင့် သိထိုက်တဲ့အလုပ်သမားဥပဒေတွေကို မသိကြတာတွေကြောင့်ပါ။ အခုတစ်ပတ် မှာတော့ အစမ်းခန့်ကာလနဲ့ပတ်သက်ပြီး  ဝန်ထမ်းတွေဘက်က သိသင့်သိထိုက်တဲ့ အချက်အလက်တွေကိုဖော်ပြပေးသွားပါ မယ်။ 
အစမ်းခန့်မှာ အလုပ်ထုတ်လို့ရသလား
    ဒီနေရာမှာဝန်ထမ်းအများစု မှားယွင်း သိရှိနေကြတဲ့အချက်က အစမ်းခန့်ကာလ မှာအလုပ် ထုတ်လို့မရဘူးဆိုတဲ့အချက်ကို အရင်ဆုံးပြောချင်ပါတယ်။ အစမ်းခန့် ကာလမှာ အလုပ်ရှင်ဘက်ကဖြစ်စေ၊ အလုပ်သမား ဘက်ကဖြစ်စေ မကြိုက်ရင် အလုပ်ထုတ်ခွင့်ရှိသလို၊ ဝန်ထမ်းဘက်က လည်း ဒီကုမ္ပဏီကိုမကြိုက်ရင် အလုပ် ထွက်ခွင့်ရှိပါတယ်။ ဒီနေရာမှာ တချို့ ဝန် ထမ်းတွေကအစမ်းခန့်ဆိုရင် တရားဝင် အလုပ်သမားဖြစ်ပြီ၊ အလုပ်ထုတ်ချင်တိုင်း ထုတ်လို့မရတော့ဘူးလို့ထင်ကြပါတယ်။ ဒါပေမဲ့အဲဒါကမှားယွင်းနေပါတယ်။  အစမ်းခန့်မှာ  အလုပ်ရှင်ဘက်က မကြိုက် ရင် အစမ်းခန့်သုံးလအတွင်း အလုပ်ဖြုတ် လို့ရပါတယ်။ ဝန်ထမ်းတွေအနေနဲ့ကိုယ့်ရဲ့ အခွင့်အရေးနဲ့ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေကို မှန်မှန်ကန်ကန်သိ မှသာ ကိုယ့်ရဲ့အခွင့်အရေးတွေ မဆုံးရှုံးမှာ ဖြစ်ပါတယ်။ 
အစမ်းခန့်ကာလမှာ အလုပ်ထုတ်ရင် အလုပ်ရှင်ဘက်က ဘာတွေလုပ်ရမလဲ
    အစိုးရကတရားဝင် ထုတ်ပြန်ထားတဲ့ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ် မှာပါတဲ့အချက်အလက်တွေအရ အစမ်း ခန့်ကာလအတွင်းမှာ အလုပ်ရှင်အနေနဲ့ အလုပ်သမားကို အလုပ်ရပ်စဲမယ်၊ ထုတ် ပယ်မယ်ဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက် နဲ့ အနည်းဆုံးတစ်လအသိပေးအ ကြောင်းကြားစာပေးပြီး အလုပ်ကရပ်စဲနိုင် ပါတယ်။ တကယ်လို့အလုပ်ရှင်ဘက်က တစ်လကြိုတင်အသိမပေးဘူး၊ ဒါမှမဟုတ် အကြောင်းကြားဖို့ အချိန်တစ်လမကျန် တော့ဘူးဆိုရင်တော့ အစမ်းခန့်ကာလမှာ သတ်မှတ်ထားတဲ့ လုပ်ခလစာတစ်လပေး ပြီး အလုပ်ကရပ်စဲရပါမယ်။ ဒီအချက်တွေ ကအရေးကြီးပါတယ်။ ဒီနေရာမှာ အစမ်း ခန့်ကာလက တချို့ကုမ္ပဏီတွေမှာ ၃လ ဖြစ်ပြီး တချို့ကုမ္ပဏီတွေက ၆လသတ်မှတ် ပါတယ်။ ဒါပေမဲ့အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်မှာတော့ အစမ်းခန့်ကာ လကို သုံးလထက်မပိုတဲ့ကာလတစ်ခုကို သတ်မှတ်ရမယ်လို့ဆိုထားပါတယ်။ဒီလ တွေအတွင်းမှာ ကိုယ့်ကို အကြောင်းမကြား ဘဲ အလုပ်ရှင်ဘက်က အလုပ်ထုတ်ပယ် လိုက်မယ်ဆိုရင်တော့ အစမ်းခန့်ကာလမှာ သတ်မှတ်ထားတဲ့ လုပ်ခလစာတစ်လကို ပေးအပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီ ဘက်က ကိုယ့်ကိုတစ်လကြိုတင်အ ကြောင်းကြားထားပြီးသား ဆိုရင်တော့ နစ်နာကြေးမရနိုင်ပါဘူး။ ဒီ အချက်နှစ်ခုကို ကွဲကွဲပြားပြားသိထားဖို့ လိုပါတယ်။
ဝန်ထမ်းဘက်က အစမ်းခန့်ကာလမှာ အလုပ်ထွက်ရင် ဘာတွေလုပ်ရမလဲ
    တကယ်လို့အလုပ်သမားက အစမ်း ခန့်ကာလအတွင်းမှာ ဒီကုမ္ပဏီကိုမကြိုက် လို့၊ မလုပ်ချင်တော့လို့အလုပ်ကထွက်ချင် တယ်ဆိုရင်တော့ နုတ်ထွက်စာကို အလုပ်ရှင်၊ မန်နေဂျာ၊ စီမံအုပ်ချုပ်သူဆီကို အနည်းဆုံး ၇ရက်ကြိုတင်ပေးပို့အကြောင်း ကြားရပါမယ်။ ဒါမှသာအလုပ်ထွက်မယ့် နေ့မှာ လုပ်ခကျန်ငွေကို အလုပ်ရှင်မှ ထုတ် ပေးမှာဖြစ်ပါတယ်။ ၇ရက်ကြိုတင်အ ကြောင်းမကြားဘူးဆိုရင်၊ ကိုယ့်ဘက်က အကြောင်းကြားဖို့ပျက်ကွက်ရင်တော့ အ လုပ်ကနုတ်ထွက်တဲ့နေ့ရက်ရဲ့ နောက်နေ့ အလုပ်ဖွင့်ရက်မှသာ လုပ်ခကျန်ငွေကို ထုတ်ပေးမှာဖြစ်တယ်လို့ အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ်မှာဖော်ပြထား ပါတယ်။
အစမ်းခန့်ကာလမှာ လုပ်ခလစာအနေနဲ့ ဘယ်လောက်ရသင့်သလဲ
    အစမ်းခန့်ကာလအတွင်းမှာအလုပ် လုပ်နေကြတဲ့ ဝန်ထမ်းတိုင်းဒီအချက်တွေ ကိုမဖြစ်မနေသိထားသင့်ပါတယ်။ အစမ်း ခန့်ကာလမှာ အလုပ်ရှင်ဘက်က ဝန်ထမ်း ကို အခြေခံလုပ်ခလစာရဲ့ ၇၅ရာခိုင်နှုန်း ထက်မနည်းတဲ့လစာကိုပေးရမှာဖြစ်ပါ တယ်။ ဒီနေရာမှာတော့အလုပ်ရာထူး နေရာနဲ့အလိုက် လစာကအနည်းနဲ့အများ ရှိနိုင်ပါတယ်။ ဒီအထဲမှာဖော်ပြထားတဲ့ အခြေခံလုပ်ခလစာဆိုတာ အစိုးရကတ ရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံးအခြေခံ လုပ်ခလစာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ရာထူး နေရာအလိုက်၊ တာဝန်ယူရမှုအပိုင်းပေါ် မှာမူတည်ပြီး လစာပမာဏကကွာခြား သွားမှာဖြစ်ပါတယ်။ 
    ဒီနေရာမှာ အစမ်းခန့်နဲ့အလုပ်သင် ရဲ့ ကွာခြားချက်ကိုပြောချင်ပါတယ်။ အလုပ် သင်ကတော့ အတွေ့အကြုံမရှိသူကို သင်တန်းပေးပြီး အလုပ်သမားအသစ်အ ဖြစ်ခန့်အပ်တာပဲဖြစ်ပါတယ်။ အလုပ်သင် အတွက် လုပ်ခလစာကိုတော့ ၅၀ရာခိုင် နှုန်းထက်မနည်းပေးရမယ်လို့ ဖော်ပြထား ပါတယ်။ 
    အနှစ်ချုပ်ဆိုရရင် အစမ်းခန့်ကာလ နဲ့ပတ်သက်ပြီး ဝန်ထမ်းတွေဘက်က သိ သင့်သိထိုက်တဲ့အချက်အလက်တွေကို မှန်မှန်ကန်ကန်သိထားမှသာ ကိုယ့်ရဲ့ ရပိုင် ခွင့်နဲ့ လိုက်နာရမယ့်အချက်တွေကို နား လည်သဘောပေါက်ပြီး ကိုယ့်ရဲ့အခွင့်အ ရေးကိုရယူနိုင်မှာဖြစ်ပါတယ်။ အစမ်းခန့် ကာလမှာအလုပ်ရှင်ကအလုပ်သမားကို အလုပ်ထုတ်နိုင်သလို၊ အလုပ်ခန့်နိုင်တဲ့ အခွင့်အရေးအပြည့်အဝရှိပါတယ်။ ဝန်ထမ်းဘက်ကလည်း အလုပ်ထွက်မယ် ဆိုရင် ၇ရက်ကြိုတင်အကြောင်းကြားပြီး အလုပ်ထွက်နိုင်ပါတယ်။ အစမ်းခန့်ကာလ တွေမှာ အထက်မှာဖော်ပြခဲ့တဲ့ရပိုင်ခွင့် တွေ၊ အခွင့်အရေးတွေမရဘဲ အလုပ်ထုတ် ခံရင် နီးစပ်ရာအလုပ်သမားရုံးတွေမှာ ကိုယ့်ရဲ့ဆုံးရှုံးနစ်နာမှုတွေအတွက် တိုင် တန်းနိုင်ပါတယ်။ ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ်တိုင်သိရှိနားလည်ထားမှသာ ဒီအခွင့် အရေးကိုရယူနိုင်မှာဖြစ်ပါတယ်။ 


ကျော့ကေခိုင်

+++++++++++++++++++++++++++++++++++++++++++++++++

အစမ္းခန္႔ကာလမွာ ဘာေတြသိထားသင့္သလဲ

    အစမ္းခန္႔ကာလနဲ႔ပတ္သက္ၿပီး ဝန္ ထမ္းေတြဘက္က သိထားသင့္တဲ့အခ်က္ ေတြကိုဒီတစ္ပတ္မွာေဖာ္ျပေပးခ်င္ပါတယ္။ ဝန္ထမ္းေတြက ကိုယ့္ရဲ႕အေျခခံရပိုင္ခြင့္ ေတြ၊ ခြင့္ရက္ဥပေဒေတြ၊ ခံစားခြင့္ေတြကို သိထားမွသာ ကိုယ့္ရဲ႕ရပိုင္ခြင့္ကိုမဆံုး႐ံႈး မွာျဖစ္ပါတယ္။ ကုမၸဏီတခ်ိဳ႕က စည္းမ်ဥ္း ဥပေဒေတြအတိုင္းသြားၾကေပမဲ့ တခ်ိဳ႕ အလုပ္သမားဥပေဒကိုခ်ိဳးေဖာက္ေနၾကတဲ့ ကုမၸဏီေတြလည္း မနည္းပါဘူး။ ဝန္ထမ္း တစ္ေယာက္က ကိုယ့္ရဲ႕ အေျခခံရပိုင္ခြင့္ ပိတ္ရက္ေတြကိုေတာင္ ေသေသခ်ာခ်ာ မသိထားဘူးဆိုရင္ ကိုယ့္ရဲ႕အခြင့္အေရး ေတြေခါင္းပံုအျဖတ္ခံရေနဦးမွာပါ။ 
    တစ္လလံုးမွာ ႏွစ္ရက္ပဲအလုပ္ပိတ္ တဲ့အလုပ္မွာ လုပ္ေနၾကသူေတြ၊ အလုပ္ ခ်ိန္ တစ္ေန႔ကို ၁၂နာရီအထိရွိၾကတဲ့သူ ေတြ၊ အမ်ားျပည္သူ႐ံုးပိတ္ရက္ေတြမွာ အလုပ္ဆင္းရေပမဲ့ လုပ္ခလစာမရၾကသူ ေတြအမ်ားႀကီးပါ။ ဒါေပမဲ့ဝန္ထမ္းအမ်ား စုက သူတို႔အခြင့္အေရးေတြခ်ိဳးေဖာက္ခံ ေနရတယ္ဆိုတာ မသိၾကပါဘူး။ ဒါက ဘာေၾကာင့္လဲဆိုရင္ ဝန္ထမ္းေတြ သိသင့္ သိထိုက္တဲ့အလုပ္သမားဥပေဒေတြကို မသိၾကတာေတြေၾကာင့္ပါ။ အခုတစ္ပတ္ မွာေတာ့ အစမ္းခန္႔ကာလနဲ႔ပတ္သက္ၿပီး  ဝန္ထမ္းေတြဘက္က သိသင့္သိထိုက္တဲ့ အခ်က္အလက္ေတြကိုေဖာ္ျပေပးသြားပါ မယ္။ 
အစမ္းခန္႔မွာ အလုပ္ထုတ္လို႔ရသလား
    ဒီေနရာမွာဝန္ထမ္းအမ်ားစု မွားယြင္း သိရွိေနၾကတဲ့အခ်က္က အစမ္းခန္႔ကာလ မွာအလုပ္ ထုတ္လို႔မရဘူးဆိုတဲ့အခ်က္ကို အရင္ဆံုးေျပာခ်င္ပါတယ္။ အစမ္းခန္႔ ကာလမွာ အလုပ္ရွင္ဘက္ကျဖစ္ေစ၊ အလုပ္သမား ဘက္ကျဖစ္ေစ မႀကိဳက္ရင္ အလုပ္ထုတ္ခြင့္ရွိသလို၊ ဝန္ထမ္းဘက္က လည္း ဒီကုမၸဏီကိုမႀကိဳက္ရင္ အလုပ္ ထြက္ခြင့္ရွိပါတယ္။ ဒီေနရာမွာ တခ်ိဳ႕ ဝန္ ထမ္းေတြကအစမ္းခန္႔ဆိုရင္ တရားဝင္ အလုပ္သမားျဖစ္ၿပီ၊ အလုပ္ထုတ္ခ်င္တိုင္း ထုတ္လို႔မရေတာ့ဘူးလို႔ထင္ၾကပါတယ္။ ဒါေပမဲ့အဲဒါကမွားယြင္းေနပါတယ္။  အစမ္းခန္႔မွာ  အလုပ္ရွင္ဘက္က မႀကိဳက္ ရင္ အစမ္းခန္႔သံုးလအတြင္း အလုပ္ျဖဳတ္ လို႔ရပါတယ္။ ဝန္ထမ္းေတြအေနနဲ႔ကိုယ့္ရဲ႕ အခြင့္အေရးနဲ႔ သိသင့္သိထိုက္တဲ့ သတင္း အခ်က္အလက္ေတြကို မွန္မွန္ကန္ကန္သိ မွသာ ကိုယ့္ရဲ႕အခြင့္အေရးေတြ မဆံုး႐ံႈးမွာ ျဖစ္ပါတယ္။ 
အစမ္းခန္႔ကာလမွာ အလုပ္ထုတ္ရင္ အလုပ္ရွင္ဘက္က ဘာေတြလုပ္ရမလဲ
    အစိုးရကတရားဝင္ ထုတ္ျပန္ထားတဲ့ အလုပ္ရွင္အလုပ္သမားသေဘာတူစာခ်ဳပ္ မွာပါတဲ့အခ်က္အလက္ေတြအရ အစမ္း ခန္႔ကာလအတြင္းမွာ အလုပ္ရွင္အေနနဲ႔ အလုပ္သမားကို အလုပ္ရပ္စဲမယ္၊ ထုတ္ ပယ္မယ္ဆိုရင္ ခိုင္လံုတဲ့အေၾကာင္းျပခ်က္ နဲ႔ အနည္းဆံုးတစ္လအသိေပးအ ေၾကာင္းၾကားစာေပးၿပီး အလုပ္ကရပ္စဲႏိုင္ ပါတယ္။ တကယ္လို႔အလုပ္ရွင္ဘက္က တစ္လႀကိဳတင္အသိမေပးဘူး၊ ဒါမွမဟုတ္ အေၾကာင္းၾကားဖို႔ အခ်ိန္တစ္လမက်န္ ေတာ့ဘူးဆိုရင္ေတာ့ အစမ္းခန္႔ကာလမွာ သတ္မွတ္ထားတဲ့ လုပ္ခလစာတစ္လေပး ၿပီး အလုပ္ကရပ္စဲရပါမယ္။ ဒီအခ်က္ေတြ ကအေရးႀကီးပါတယ္။ ဒီေနရာမွာ အစမ္း ခန္႔ကာလက တခ်ိဳ႕ကုမၸဏီေတြမွာ ၃လ ျဖစ္ၿပီး တခ်ိဳ႕ကုမၸဏီေတြက ၆လသတ္မွတ္ ပါတယ္။ ဒါေပမဲ့အလုပ္ခန္႔ထားမႈဆိုင္ရာ သေဘာတူစာခ်ဳပ္မွာေတာ့ အစမ္းခန္႔ကာ လကို သံုးလထက္မပိုတဲ့ကာလတစ္ခုကို သတ္မွတ္ရမယ္လို႔ဆိုထားပါတယ္။ဒီလ ေတြအတြင္းမွာ ကိုယ့္ကို အေၾကာင္းမၾကား ဘဲ အလုပ္ရွင္ဘက္က အလုပ္ထုတ္ပယ္ လိုက္မယ္ဆိုရင္ေတာ့ အစမ္းခန္႔ကာလမွာ သတ္မွတ္ထားတဲ့ လုပ္ခလစာတစ္လကို ေပးအပ္ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ကုမၸဏီ ဘက္က ကိုယ့္ကိုတစ္လႀကိဳတင္အ ေၾကာင္းၾကားထားၿပီးသား ဆိုရင္ေတာ့ နစ္နာေၾကးမရႏိုင္ပါဘူး။ ဒီ အခ်က္ႏွစ္ခုကို ကြဲကြဲျပားျပားသိထားဖို႔ လိုပါတယ္။
ဝန္ထမ္းဘက္က အစမ္းခန္႔ကာလမွာ အလုပ္ထြက္ရင္ ဘာေတြလုပ္ရမလဲ
    တကယ္လို႔အလုပ္သမားက အစမ္း ခန္႔ကာလအတြင္းမွာ ဒီကုမၸဏီကိုမႀကိဳက္ လို႔၊ မလုပ္ခ်င္ေတာ့လို႔အလုပ္ကထြက္ခ်င္ တယ္ဆိုရင္ေတာ့ ႏုတ္ထြက္စာကို အလုပ္ရွင္၊ မန္ေနဂ်ာ၊ စီမံအုပ္ခ်ဳပ္သူဆီကို အနည္းဆံုး ၇ရက္ႀကိဳတင္ေပးပို႔အေၾကာင္း ၾကားရပါမယ္။ ဒါမွသာအလုပ္ထြက္မယ့္ ေန႔မွာ လုပ္ခက်န္ေငြကို အလုပ္ရွင္မွ ထုတ္ ေပးမွာျဖစ္ပါတယ္။ ၇ရက္ႀကိဳတင္အ ေၾကာင္းမၾကားဘူးဆိုရင္၊ ကိုယ့္ဘက္က အေၾကာင္းၾကားဖို႔ပ်က္ကြက္ရင္ေတာ့ အ လုပ္ကႏုတ္ထြက္တဲ့ေန႔ရက္ရဲ႕ ေနာက္ေန႔ အလုပ္ဖြင့္ရက္မွသာ လုပ္ခက်န္ေငြကို ထုတ္ေပးမွာျဖစ္တယ္လို႔ အလုပ္ခန္႔ထားမႈ ဆိုင္ရာသေဘာတူစာခ်ဳပ္မွာေဖာ္ျပထား ပါတယ္။
အစမ္းခန္႔ကာလမွာ လုပ္ခလစာအေနနဲ႔ ဘယ္ေလာက္ရသင့္သလဲ
    အစမ္းခန္႔ကာလအတြင္းမွာအလုပ္ လုပ္ေနၾကတဲ့ ဝန္ထမ္းတိုင္းဒီအခ်က္ေတြ ကိုမျဖစ္မေနသိထားသင့္ပါတယ္။ အစမ္း ခန္႔ကာလမွာ အလုပ္ရွင္ဘက္က ဝန္ထမ္း ကို အေျခခံလုပ္ခလစာရဲ႕ ၇၅ရာခိုင္ႏႈန္း ထက္မနည္းတဲ့လစာကိုေပးရမွာျဖစ္ပါ တယ္။ ဒီေနရာမွာေတာ့အလုပ္ရာထူး ေနရာနဲ႔အလိုက္ လစာကအနည္းနဲ႔အမ်ား ရွိနိုင္ပါတယ္။ ဒီအထဲမွာေဖာ္ျပထားတဲ့ အေျခခံလုပ္ခလစာဆိုတာ အစိုးရကတ ရားဝင္သတ္မွတ္ထားတဲ့ အနိမ့္ဆံုးအေျခခံ လုပ္ခလစာပဲျဖစ္ပါတယ္။ ကိုယ့္ရဲ႕ရာထူး ေနရာအလိုက္၊ တာဝန္ယူရမႈအပိုင္းေပၚ မွာမူတည္ၿပီး လစာပမာဏကကြာျခား သြားမွာျဖစ္ပါတယ္။ 
    ဒီေနရာမွာ အစမ္းခန္႔နဲ႔အလုပ္သင္ ရဲ႕ ကြာျခားခ်က္ကိုေျပာခ်င္ပါတယ္။ အလုပ္ သင္ကေတာ့ အေတြ႕အႀကံဳမရွိသူကို သင္တန္းေပးၿပီး အလုပ္သမားအသစ္အ ျဖစ္ခန္႔အပ္တာပဲျဖစ္ပါတယ္။ အလုပ္သင္ အတြက္ လုပ္ခလစာကိုေတာ့ ၅၀ရာခိုင္ ႏႈန္းထက္မနည္းေပးရမယ္လို႔ ေဖာ္ျပထား ပါတယ္။ 
    အႏွစ္ခ်ဳပ္ဆိုရရင္ အစမ္းခန္႔ကာလ နဲ႔ပတ္သက္ၿပီး ဝန္ထမ္းေတြဘက္က သိ သင့္သိထိုက္တဲ့အခ်က္အလက္ေတြကို မွန္မွန္ကန္ကန္သိထားမွသာ ကိုယ့္ရဲ႕ ရပိုင္ ခြင့္နဲ႔ လိုက္နာရမယ့္အခ်က္ေတြကို နား လည္သေဘာေပါက္ၿပီး ကိုယ့္ရဲ႕အခြင့္အ ေရးကိုရယူႏိုင္မွာျဖစ္ပါတယ္။ အစမ္းခန္႔ ကာလမွာအလုပ္ရွင္ကအလုပ္သမားကို အလုပ္ထုတ္ႏိုင္သလို၊ အလုပ္ခန္႔ႏိုင္တဲ့ အခြင့္အေရးအျပည့္အဝရွိပါတယ္။ ဝန္ထမ္းဘက္ကလည္း အလုပ္ထြက္မယ္ ဆိုရင္ ၇ရက္ႀကိဳတင္အေၾကာင္းၾကားၿပီး အလုပ္ထြက္ႏိုင္ပါတယ္။ အစမ္းခန္႔ကာလ ေတြမွာ အထက္မွာေဖာ္ျပခဲ့တဲ့ရပိုင္ခြင့္ ေတြ၊ အခြင့္အေရးေတြမရဘဲ အလုပ္ထုတ္ ခံရင္ နီးစပ္ရာအလုပ္သမား႐ံုးေတြမွာ ကိုယ့္ရဲ႕ဆံုး႐ံႈးနစ္နာမႈေတြအတြက္ တိုင္ တန္းႏိုင္ပါတယ္။ ကိုယ့္ရဲ႕အခြင့္အေရးကို ကိုယ္တိုင္သိရွိနားလည္ထားမွသာ ဒီအခြင့္ အေရးကိုရယူႏိုင္မွာျဖစ္ပါတယ္။ 


ေက်ာ့ေကခိုင္

Previous Next