07 Nov, 2019
ကုမ္ပဏီတချို့မှာရှိတတ်တဲ့ အူကြောင်ကြောင်စည်းမျဉ်းတွေကဘာတွေလဲ

ကုမ္ပဏီတိုင်းမှာစည်းမျဉ်းစည်းကမ်းတွေရှိကြပါတယ်။ ဒါပေမဲ့တချို့ကုမ္ပဏီတွေကတော့ အခုလို အူကြောင်ကြောင်စည်းမျဉ်းစည်းကမ်းတွေရှိနေတာပါ။ ကြားလိုက်ရတဲ့လူအဖို့ ဒီလိုစည်းကမ်းတွေလည်းရှိတာ ပဲလားဆိုတဲ့ အံ့ဩမင်သက်တဲ့လေသံတွေနဲ့ပြောကြမှာပါ။ တကယ်လည်း ဒီလိုစည်းကမ်းတွေရှိနေပါတယ်။ 

နေ့လယ်စာအတူတူစားရတာ  

 တစ်ရုံးလုံး နေ့လယ်စာစားချိန်ဆို စုပြီးအတူစားရတဲ့စည်းကမ်းထုတ်ထားတဲ့ ကုမ္ပဏီလည်းရှိ ပါတယ်။ ဝန်ထမ်းတွေက နေ့လယ်စာစားချိန် တစ်နာရီရကြပါတယ်။ သူဌေးအပါအဝင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တွေအားလုံးနဲ့ အတူတူစားရပါတယ်။ တချို့ဝန်ထမ်းတွေဆိုရင် နေ့လယ်စာစားချိန်ကို မစားကြတော့ဘဲ အိမ်ရောက်မှပဲ နေ့လယ်စာနဲ့ညစာကို အေးအေးဆေးဆေးပေါင်းစားကြတာမျိုးတွေတောင်ရှိပါတယ်။ စဉ်းစား ကြည့်လိုက်ရင် ကိုယ့်ထက်အကြီးအကဲတွေနဲ့ ထမင်းအတူစားရတာက သက်သောင့်သက်သာရှိမနေနိုင်ပါဘူး။ သတိအနေအထားနဲ့ထမင်းစားရတာ ဘယ်လိုစားဝင်နိုင်မှာလဲ။ ဒါကြောင့်လည်း တချို့ဝန်ထမ်းတွေက နေ့ လယ်စာ မစားကြဘဲ နေကြတာဖြစ်ပါတယ်။ 

တစ်နေ့ကို ငါးမိနစ် ကရတာ
    စိတ်ဖိစီးမှုတွေ၊ အလုပ်ဖိအားတွေ၊ စိတ်ဓာတ်တက်ြွကမှုတွေအတွက် အကက ကောင်းတယ်ဆိုပေမဲ့ ရုံးအတွင်းမှာ သီးသီးသန့်သန့်စည်းမျဉ်းစည်းကမ်းကြီးထုတ်ထားတာကတော့ အူကြောင်ကြောင်နိုင်လှပါတယ်။ သီချင်းဖွင့်ပြီး တစ်နေ့ကို ငါးမိနစ်ကရတာက တချို့ဝန်ထမ်းတွေအတွက်တော့ စိတ်ရှုပ်စရာလို့ထင်ကြပါတယ်။ အေးအေးဆေးဆေးနေတတ်သူတွေ၊ အနေအေးသူတွေအတွက်တော့ ဒီလိုမျိုးကရတာက အိပ်မက်ဆိုးပါပဲ။

အလုပ်ချိန်ထဲမှာ ရေချိုးချိန်ပေးထားတာ
    နော်ဝေက ကုမ္ပဏီတစ်ခုမှာ ဒီလိုစည်းကမ်းချက်မျိုးရှိပါတယ်တဲ့။ တစ်နေ့ကို ရေချိုးချိန် ရှစ်မိနစ်ပေး ပါတယ်။ မန်နေဂျာတွေ၊ ဝန်ထမ်းတွေက အချက်ပေးသံမြည်တာနဲ့ ရေချိုးခန်းထဲကို သွားကြရပါတယ်။ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေပိုပြီးတက်ြွကအောင်၊ ပိုပြီးလန်းဆန်းနေအောင်လို့ဖြစ်ပါတယ် လို့ဆိုထားပါတယ်။

ဓာတ်လှေကားစီးတဲ့အခါ အနည်းဆုံး ၄ယောက်ရှိမှစီးရတာ
    ဒီစည်းကမ်းချက်ကြီးကဘယ်လောက်တောင် အူကြောင်ကြောင်နိုင်လိုက်ပါသလဲ။ ဓာတ်လှေကားစီးဖို့ အတွက် လူစောင့်ပြီးမှစီးရတဲ့အချက်ကတော့ အင်မတန်ကိုအူကြောင်ကြောင်နိုင်လှပါတယ်။ ဓာတ်လှေ ကားကို အုပ်စုလိုက်ဖြစ်စေ၊ ဒါမှမဟုတ်အနည်းဆုံး ၄ယောက်ရှိမှစီးရမယ့် စည်းမျဉ်းဥပဒေတစ်ခုကို ကုမ္ပဏီ တစ်ခုမှထုတ်ထားပါတယ်။ 

နောက်ကျတဲ့အတွက် မုန့်စားရတာ
    တကယ်လို့ဝန်ထမ်းက ရုံးကို နာရီဝက်၊ တစ်နာရီလောက်နောက်ကျပြီးမှရောက်ရင် အဲဒီကသူဌေးက မုန့်ကျွေးပါတယ်။ ဒီလိုအလုပ်ရှင်မျိုး တကယ်ရှိပါတယ်။ ဘယ်လောက်ဇောက်ထိဇောက်ထိုးစည်းကမ်းချက် လဲဆိုတာ။ စောရောက်တဲ့ဝန်ထမ်းတွေအတွက်တော့ မပါပါဘူး။ မြန်မာပြည်မှာ ဒီလိုကုမ္ပဏီမျိုးရှိရင်တော့ ဘယ်လိုဖြစ်မယ်ထင်ပါသလဲ။ 

ညနေပိုင်းမှာ ကော်ဖီမသောက်ရတာ
    ညနေ သုံးနာရီကစပြီး ရုံးဆင်းချိန်အထိ ကော်ဖီစက်ကို ပိတ်ထားတတ်တဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ ဒီကုမ္ပဏီကတော့ ယူကေမှာရှိပါတယ်။ ဘာကြောင့်ဒီလိုထုတ်ပြန်ချက်မျိုးထားရသလဲဆိုရင် ဝန်ထမ်းတွေ အလုပ်ကိုကြိုးကြိုးစားစားမလုပ်မှာစိုးလို့ပါတဲ့။ ကော်ဖီသောက်နေရင် အလုပ်အတွက်လစ်ဟင်းမှုတွေရှိနေမှာ စိုးလို့လို့ဖော်ပြထားပါတယ်။

ရုံးအတွင်းမှာ မွေးနေ့မကျင်းပရတာ
    ရုံးအတွင်းမှာ မွေးနေ့မကျင်းပရဘူးလို့စည်းကမ်းထုတ်ပြန်ထားတဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ ဝန်ထမ်းတွေမွေးနေ့ရှိတဲ့အခါ ရုံးကနေအကုန်အကျခံပြီး မွေးနေ့ကိတ်တွေလုပ်ပေးလေ့ရှိပါတယ်။ ဒါက ကုမ္ပဏီဘက်ကနေ ဝန်ထမ်းတွေအပေါ် ကြင်နာနွေးထွေးမှုကိုပြသတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကုမ္ပဏီတွေကတော့ ဝန်ထမ်းတွေကိုဒီလိုလုပ်ခွင့်ပေးမထားပါဘူး။ 

အလုပ်မှာ မထိုင်ရတာ
    ဒါကတော့ ဂျပန်မှာရှိတဲ့ ပလတ်စတစ်ထုတ်ကုန်တွေထုတ်တဲ့ ကုမ္ပဏီတစ်ခုရဲ့စည်းမျဉ်းစည်းကမ်းပါ။  ဝန်ထမ်းတွေကိုထိုင်ခွင့်မပေးပါဘူး။ ဘယ်လောက်ထိအောင်လဲဆိုရင် ကွန်ပျူတာအသုံးပြုပြီးလုပ်ရတဲ့ ဝန်ထမ်း တွေကိုတောင် မတ်တတ်ရပ်ပြီးအလုပ်လုပ်ရပါတယ်။ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုရင် ဝန်ထမ်းတွေလုပ်ငန်း စွမ်းဆောင်ရည်ပိုမိုတိုးတက်အောင်လို့ဆိုပါတယ်။ ဒါပေမဲ့တကယ်ရော ဝန်ထမ်းတွေလုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ပါသလား။ ဒါကိုတော့ ဒီကုမ္ပဏီက တာဝန်ရှိသူတွေပဲသိပါလိမ့်မယ်။ 

Photos & Source - rd.com
တိုးတက်မေ

++++++++++++++++++++++++++++++++++++
 

ကုမၸဏီတခ်ိဳ႕မွာရွိတတ္တဲ့ အူေၾကာင္ေၾကာင္စည္းမ်ဥ္းေတြကဘာေတြလဲ


    ကုမၸဏီတိုင္းမွာစည္းမ်ဥ္းစည္းကမ္းေတြရွိၾကပါတယ္။ ဒါေပမဲ့တခ်ိဳ႕ကုမၸဏီေတြကေတာ့ အခုလို အူေၾကာင္ေၾကာင္စည္းမ်ဥ္းစည္းကမ္းေတြရွိေနတာပါ။ ၾကားလိုက္ရတဲ့လူအဖို႔ ဒီလိုစည္းကမ္းေတြလည္းရွိတာ ပဲလားဆိုတဲ့ အံ့ဩမင္သက္တဲ့ေလသံေတြနဲ႔ေျပာၾကမွာပါ။ တကယ္လည္း ဒီလိုစည္းကမ္းေတြရွိေနပါတယ္။ 

ေန႔လယ္စာအတူတူစားရတာ
    တစ္႐ံုးလံုး ေန႔လယ္စာစားခ်ိန္ဆို စုၿပီးအတူစားရတဲ့စည္းကမ္းထုတ္ထားတဲ့ ကုမၸဏီလည္းရွိ ပါတယ္။ ဝန္ထမ္းေတြက ေန႔လယ္စာစားခ်ိန္ တစ္နာရီရၾကပါတယ္။ သူေဌးအပါအဝင္ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ေတြအားလံုးနဲ႔ အတူတူစားရပါတယ္။ တခ်ိဳ႕ဝန္ထမ္းေတြဆိုရင္ ေန႔လယ္စာစားခ်ိန္ကို မစားၾကေတာ့ဘဲ အိမ္ေရာက္မွပဲ ေန႔လယ္စာနဲ႔ညစာကို ေအးေအးေဆးေဆးေပါင္းစားၾကတာမ်ိဳးေတြေတာင္ရွိပါတယ္။ စဥ္းစား ၾကည့္လိုက္ရင္ ကိုယ့္ထက္အႀကီးအကဲေတြနဲ႔ ထမင္းအတူစားရတာက သက္ေသာင့္သက္သာရွိမေနႏိုင္ပါဘူး။ သတိအေနအထားနဲ႔ထမင္းစားရတာ ဘယ္လိုစားဝင္ႏိုင္မွာလဲ။ ဒါေၾကာင့္လည္း တခ်ိဳ႕ဝန္ထမ္းေတြက ေန႔ လယ္စာ မစားၾကဘဲ ေနၾကတာျဖစ္ပါတယ္။ 

တစ္ေန႔ကို ငါးမိနစ္ ကရတာ
    စိတ္ဖိစီးမႈေတြ၊ အလုပ္ဖိအားေတြ၊ စိတ္ဓာတ္တက္ျြကမႈေတြအတြက္ အကက ေကာင္းတယ္ဆိုေပမဲ့ ႐ံုးအတြင္းမွာ သီးသီးသန္႔သန္႔စည္းမ်ဥ္းစည္းကမ္းႀကီးထုတ္ထားတာကေတာ့ အူေၾကာင္ေၾကာင္ႏိုင္လွပါတယ္။ သီခ်င္းဖြင့္ၿပီး တစ္ေန႔ကို ငါးမိနစ္ကရတာက တခ်ိဳ႕ဝန္ထမ္းေတြအတြက္ေတာ့ စိတ္႐ႈပ္စရာလို႔ထင္ၾကပါတယ္။ ေအးေအးေဆးေဆးေနတတ္သူေတြ၊ အေနေအးသူေတြအတြက္ေတာ့ ဒီလိုမ်ိဳးကရတာက အိပ္မက္ဆိုးပါပဲ။

အလုပ္ခ်ိန္ထဲမွာ ေရခ်ိဳးခ်ိန္ေပးထားတာ
    ေနာ္ေဝက ကုမၸဏီတစ္ခုမွာ ဒီလိုစည္းကမ္းခ်က္မ်ိဳးရွိပါတယ္တဲ့။ တစ္ေန႔ကို ေရခ်ိဳးခ်ိန္ ရွစ္မိနစ္ေပး ပါတယ္။ မန္ေနဂ်ာေတြ၊ ဝန္ထမ္းေတြက အခ်က္ေပးသံျမည္တာနဲ႔ ေရခ်ိဳးခန္းထဲကို သြားၾကရပါတယ္။ ဒီလိုလုပ္ရတဲ့ရည္ရြယ္ခ်က္ကေတာ့ ဝန္ထမ္းေတြပိုၿပီးတက္ျြကေအာင္၊ ပိုၿပီးလန္းဆန္းေနေအာင္လို႔ျဖစ္ပါတယ္ လို႔ဆိုထားပါတယ္။

ဓာတ္ေလွကားစီးတဲ့အခါ အနည္းဆံုး ၄ေယာက္ရွိမွစီးရတာ
    ဒီစည္းကမ္းခ်က္ႀကီးကဘယ္ေလာက္ေတာင္ အူေၾကာင္ေၾကာင္ႏိုင္လိုက္ပါသလဲ။ ဓာတ္ေလွကားစီးဖို႔ အတြက္ လူေစာင့္ၿပီးမွစီးရတဲ့အခ်က္ကေတာ့ အင္မတန္ကိုအူေၾကာင္ေၾကာင္ႏိုင္လွပါတယ္။ ဓာတ္ေလွ ကားကို အုပ္စုလိုက္ျဖစ္ေစ၊ ဒါမွမဟုတ္အနည္းဆံုး ၄ေယာက္ရွိမွစီးရမယ့္ စည္းမ်ဥ္းဥပေဒတစ္ခုကို ကုမၸဏီ တစ္ခုမွထုတ္ထားပါတယ္။ 

ေနာက္က်တဲ့အတြက္ မုန္႔စားရတာ
    တကယ္လို႔ဝန္ထမ္းက ႐ံုးကို နာရီဝက္၊ တစ္နာရီေလာက္ေနာက္က်ၿပီးမွေရာက္ရင္ အဲဒီကသူေဌးက မုန္႔ေကြ်းပါတယ္။ ဒီလိုအလုပ္ရွင္မ်ိဳး တကယ္ရွိပါတယ္။ ဘယ္ေလာက္ေဇာက္ထိေဇာက္ထိုးစည္းကမ္းခ်က္ လဲဆိုတာ။ ေစာေရာက္တဲ့ဝန္ထမ္းေတြအတြက္ေတာ့ မပါပါဘူး။ ျမန္မာျပည္မွာ ဒီလိုကုမၸဏီမ်ိဳးရွိရင္ေတာ့ ဘယ္လိုျဖစ္မယ္ထင္ပါသလဲ။ 

ညေနပိုင္းမွာ ေကာ္ဖီမေသာက္ရတာ
    ညေန သံုးနာရီကစၿပီး ႐ံုးဆင္းခ်ိန္အထိ ေကာ္ဖီစက္ကို ပိတ္ထားတတ္တဲ့ ကုမၸဏီေတြလည္းရွိပါတယ္။ ဒီကုမၸဏီကေတာ့ ယူေကမွာရွိပါတယ္။ ဘာေၾကာင့္ဒီလိုထုတ္ျပန္ခ်က္မ်ိဳးထားရသလဲဆိုရင္ ဝန္ထမ္းေတြ အလုပ္ကိုႀကိဳးႀကိဳးစားစားမလုပ္မွာစိုးလို႔ပါတဲ့။ ေကာ္ဖီေသာက္ေနရင္ အလုပ္အတြက္လစ္ဟင္းမႈေတြရွိေနမွာ စိုးလို႔လို႔ေဖာ္ျပထားပါတယ္။

႐ံုးအတြင္းမွာ ေမြးေန႔မက်င္းပရတာ
    ႐ံုးအတြင္းမွာ ေမြးေန႔မက်င္းပရဘူးလို႔စည္းကမ္းထုတ္ျပန္ထားတဲ့ ကုမၸဏီေတြလည္းရွိပါတယ္။ ဝန္ထမ္းေတြေမြးေန႔ရွိတဲ့အခါ ႐ံုးကေနအကုန္အက်ခံၿပီး ေမြးေန႔ကိတ္ေတြလုပ္ေပးေလ့ရွိပါတယ္။ ဒါက ကုမၸဏီဘက္ကေန ဝန္ထမ္းေတြအေပၚ ၾကင္နာေႏြးေထြးမႈကိုျပသတဲ့အခ်က္တစ္ခုလည္းျဖစ္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ကုမၸဏီေတြကေတာ့ ဝန္ထမ္းေတြကိုဒီလိုလုပ္ခြင့္ေပးမထားပါဘူး။ 
အလုပ္မွာ မထိုင္ရတာ

    ဒါကေတာ့ ဂ်ပန္မွာရွိတဲ့ ပလတ္စတစ္ထုတ္ကုန္ေတြထုတ္တဲ့ ကုမၸဏီတစ္ခုရဲ႕စည္းမ်ဥ္းစည္းကမ္းပါ။  ဝန္ထမ္းေတြကိုထိုင္ခြင့္မေပးပါဘူး။ ဘယ္ေလာက္ထိေအာင္လဲဆိုရင္ ကြန္ပ်ဴတာအသံုးျပဳၿပီးလုပ္ရတဲ့ ဝန္ထမ္း ေတြကိုေတာင္ မတ္တတ္ရပ္ၿပီးအလုပ္လုပ္ရပါတယ္။ ဘာေၾကာင့္ဒီလိုလုပ္ရသလဲဆိုရင္ ဝန္ထမ္းေတြလုပ္ငန္း စြမ္းေဆာင္ရည္ပိုမိုတိုးတက္ေအာင္လို႔ဆိုပါတယ္။ ဒါေပမဲ့တကယ္ေရာ ဝန္ထမ္းေတြလုပ္ငန္းစြမ္းေဆာင္ရည္ တိုးတက္ပါသလား။ ဒါကိုေတာ့ ဒီကုမၸဏီက တာဝန္ရွိသူေတြပဲသိပါလိမ့္မယ္။ 


Photos & Source - rd.com
တိုးတက္ေမ

Previous Next