25 Nov, 2019
အလုပ်သင်ဆင်းတဲ့အခါ ဘာတွေသိထားသင့်သလဲ

 

ကျောင်းကနေအလုပ်အတွေ့အကြုံ ရအောင် အလုပ်သင်ဆင်းတာပဲဖြစ်ဖြစ်၊ ကုမ္ပဏီဘက်ကနေအလုပ်သင်ခေါ်နေလို့ အလုပ်အတွေ့အကြုံရအောင်ဆင်းတာပဲ ဖြစ်ဖြစ် ရည်ရွယ်ချက်ကတော့ အလုပ် အတွေ့အကြုံရအောင်ချင်းတူညီကြပါတယ်။  ဒီလိုအလုပ်သင်အဖြစ်ဆင်းရတဲ့အခါ ကိုယ့်ဘက်ကဘာတွေလုပ်ရမလဲ၊ ဘာတွေ သိထားသင့်သလဲဆိုတာ ဒီတစ်ပတ်မှာ ဖော်ပြပေးချင်ပါတယ်။ 
    နိုင်ငံတကာမှာတော့အလုပ်သင် ဆင်းတာကမထူးဆန်းတော့ပေမဲ့ ဒီမှာက တော့ အလုပ်သင်ဆင်းဖို့ခေါ်တဲ့ကုမ္ပဏီ တွေအများကြီးမရှိသေးပါဘူး။ အလုပ်သင် ဆိုရင် လစာမပေးဘဲ အတွေ့အကြုံချည်း ပဲသက်သက်ရဖို့ဆင်းရတဲ့အလုပ်သင်နဲ့၊ လစာထိုက်သင့်သလောက်ပေးတဲ့ အလုပ် သင်နှစ်မျိုးရှိပါတယ်။ ကိုယ်ကအလုပ်သင် တစ်ယောက်ဖြစ်လာပြီဆိုရင် ဘာတွေသိ ထားသင့်ပြီး ဘာတွေလုပ်သင့်သလဲဆိုတာ  မျှဝေပေးသွားချင်ပါတယ်။
ရည်မှန်းချက်ထားပါ
    အလုပ်သင်ကာလအတွင်းမှာ ကိုယ့် မှာခိုင်မာတဲ့ရည်မှန်းချက်ထားသင့်ပါတယ်။ ဒီအလုပ်ကနေကိုယ့်ရဲ့အရည်အချင်းတွေ ကိုမြှင့်တင်သွားမယ်၊ ဒါပြီးတာနဲ့အလုပ်ရ အောင်ကြိုးစားသွားမယ်၊ အလုပ်သင်ကာ လမှာ အလုပ်ကမ်းလှမ်းချက်တွေရအောင်၊ အလုပ်ကိုအောင်မြင်အောင်လုပ်မယ်ဆိုတာ မျိုး ရည်မှန်းချက်တစ်ခုခုထားသင့်ပါတယ်။ အလုပ်သင်ကာလ၃လအတွင်းမှာ အလုပ် ကိုကြိုးကြိုးစားစားလုပ်ပြီး ကိုယ့်ကိုယ့်ကိုယ် တိုးတက်အောင်လုပ်ဖို့အခွင့်အရေးရှိပါတယ်။
မေးခွန်းများများမေးပါ
    အလုပ်သင်ကာလမှာ အဓိကအချက် တစ်ခုကတော့ မေးခွန်းများများမေးဖို့ပါပဲ။ တစ်ခါတလေမှာ စာတွေ့နဲ့လက်တွေ့ ကွာ ခြားချက်တွေအများကြီးရှိနိုင်ပါတယ်။ ဒီ တော့လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ကိုယ် သိချင်တဲ့လုပ်ငန်းဆောင်တာတွေကို မေး မြန်းဖို့အခွင့်အရေးရှိမှာဖြစ်ပါတယ်။ မေးခွန်းမေးဖို့ဆိုတာကလည်း ကိုယ်ကိုယ် တိုင်အလုပ်လုပ်ကြည့်မှ အလုပ်မှာတွေ့တဲ့ အခက်အခဲတွေကိုမေးမြန်းတတ်မှာဖြစ်ပါ တယ်။ ဒါကြောင့် အလုပ်သင်ကာလမှာ မေးခွန်းမေးဖို့ကလည်းအရေးကြီးပါတယ်။
အလုပ်တာဝန်တွေပိုတောင်းဆိုတာ
    အလုပ်တာဝန်ပိုပြီးပေးခံရတာက ကိုယ့်အတွက်အခွင့်အလမ်းကောင်းပါပဲ။ ဒါကြောင့်အလုပ်သင်ကာလမှာ သင်ယူ စရာရှိတာတွေသင်ယူလေ့လာဖို့အတွက် အလုပ်တာဝန်များများအပေးခံရဖို့လိုပါတယ်။ ဒီလိုဖြစ်ဖို့လည်း ကိုယ့်ဘက်ကတောင်းဆို ရပါမယ်။ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်မှာလိုအပ်တဲ့ပညာရပ်မှန်သမျှကို အချိန်တိုအတွင်းအတန်အသင့်သိရှိအောင်၊ နားလည်နိုင်အောင်ကြိုးစားရပါမယ်။ အလုပ်သင်ကာလမှာ အလုပ်သိပ်မလုပ်ရ တာကကိုယ့်အချိန်တွေကိုဖြုန်းတီးတာနဲ့ အတူတူပါပဲ။ အလုပ်သင်ရဲ့ အဓိကရည် ရွယ်ချက်ကကိုယ့်ရဲ့အသက်မွေးဝမ်း ကျောင်းအလုပ်ကို ပိုမိုနားလည်အောင်၊ တတ်ကျွမ်းအောင်တစ်ဆင့်လှမ်းတက်ရတဲ့ လှေကားထစ်တွေပါပဲ။ ဒီလှေကားကတစ် ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေဆီကို တက်လှမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သင်ကာလမှာ အလုပ်များများလုပ် တာက ကိုယ့်အတွက်အကျိုးရှိစေပါတယ်။
မှတ်စုရေးထားပါ
    အလုပ်တာဝန်တွေ၊ လုပ်ရမယ့်လုပ် ငန်းစဉ်တွေကို အချိန်တိုင်းမှတ်သားထား ပါ။ ဒီအချက်ကြောင့်ကိုယ့်ရဲ့ကြီးကြပ်သူက အထင်ကြီးစေပါတယ်။ သူပြောသမျှကို တလေးတစားနဲ့လိုက်မှတ်တတ်တဲ့သူကို ဘယ်သူမဆိုအထင်ကြီးလေးစားကြမှာပါပဲ။ ဒါကြောင့် ကိုယ့်အတွက်လိုအပ်တဲ့အချက် တွေ၊ သိသင့်သိထိုက်တဲ့အချက်တွေကို တစ်လေးတစားလေ့လာသင်ယူပြီးမှတ်သား ထားပါ။ နောက်တစ်ချက်ကတော့ အစည်း အဝေးကအကြောင်းအရာတွေ၊ အရေး ကြီးပုဂ္ဂိုလ်တွေရဲ့ဖုန်းနံပါတ်တွေကိုလည်း မှတ်သားထားပါ။ 
လူများများနဲ့တွေ့နိုင်သမျှတွေ့ပါ
    နောက်တစ်ခုကတော့ အလုပ်ထဲမှာ ကွန်ရက်တည်ဆောက်ဖို့ပါ။ အသိမိတ်ဆွေ တွေများတာက အလုပ်အတွက်အထောက် အကူဖြစ်စေပါတယ်။ အလုပ်ထဲကဘယ် သူနဲ့မဆို ကွန်ရက်တည်ဆောက်ပါ။ အသိ မိတ်ဆွေများများရှိပါစေ။ အလုပ်အပေါ် မှာ ကိုယ်ဘယ်လောက်တန်ဖိုးထား ကြောင်း သူတို့မြင်ပါစေ။ ကိုယ်နဲ့သင့်တော် တဲ့အလုပ်ရှိရင်အချိန်မရွေးလှမ်းအကြောင်း ကြားပေးဖို့ သူတို့ကိုအကူအညီတောင်း ထားပါ။ အဆက်အသွယ်ကနေရာတိုင်း အတွက်အရေးကြီးပါတယ်။ 
ပညာရပ်ဆိုင်ရာမှာကျွမ်းကျင်မှုရှိပါ
    ကိုယ်လုပ်ရတဲ့ အလုပ်နေရာအတွက် ပညာရပ်ဆိုင်ရာမှာကျွမ်းကျင်နေဖို့လိုပါ တယ်။ အလုပ်အတွေ့အကြုံကိုဆိုလိုတာ မဟုတ်ပါဘူး။ အလုပ်အတွေ့အကြုံက တော့အလုပ်သင်ကာလမှာ သင်ယူရမယ့် အတွေ့အကြုံဖြစ်ပါတယ်။ ကျောင်းမှာ အိမ်စာကိုပိုင်ပိုင်နိုင်နိုင်လုပ်မထားဘူး၊ စာ မကျေဘူးဆိုရင်တော့ ပညာရပ်ဆိုင်ရာမှာ အားနည်းချက်ရှိမှာပါ။ နောက်တစ်ချက်က တော့ အလုပ်သင်ကာလမှာရှိနေစဉ်မှာ ကိုယ့်ရဲ့ဖုန်းကိုပိတ်ထားပါ။ ဆိုရှယ်မီဒီယာ လည်းမသုံးပါနဲ့။ ဒီကာလကကိုယ့်အတွက် အရေးကြီးတဲ့ကာလဖြစ်လို့ အထူးသတိ ထားဖို့လိုပါတယ်။
ကိုယ့်ရဲ့အမှတ်တံဆိပ်ကိုတည်ဆောက်ပါ
    အလုပ်သင်ကာလအတွင်းမှာကိုယ့် ရဲ့နာမည်ဂုဏ်သတင်း၊ လုပ်ရည်ကိုင်ရည်၊ ကျွမ်းကျင်မှု၊ ကြိုးစားမှု၊ စိတ်အားထက်သန် မှုစတာတွေ တည်ဆောက်လို့ရပါတယ်။ ဒီအမှတ်တံဆိပ်တွေက အနာဂတ်အလုပ် အကိုင်အတွက်အများကြီးအသုံးဝင်ပါတယ်။ ဒီအလုပ်အကိုင်နဲ့ကိုယ်နဲ့ဘယ်လောက် တောင်ကိုက်ညီမှုရှိသလဲဆိုတာသိနိုင်မယ့် အခွင့်အရေးပါပဲ။ တခြားသူတွေကိုလည်း ဒီအချက်ကိုမြင်အောင်ပြတတ်ဖို့လိုပါ တယ်။
ကျေးဇူးတင်ကြောင်းပြောပါ
    အလုပ်သင်ကာလမှာကိုယ့်ရဲ့ကြီး ကြပ်သူအပါအဝင် ကိုယ့်ကိုကူညီသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့ပါနဲ့။ အလုပ်သင်ကာလတိုအတွင်းမှာ ကိုယ့်ကိုမှတ်မိနေစေအောင်နေထိုင်ဖို့လို ပါတယ်။ ဒီအချက်ကသင့်ရဲ့အလုပ်အကိုင် အခွင့်အလမ်းအတွက် အထောက်အကူ ပြုပါတယ်။ သူတို့ကိုယ့်ကိုဘယ်လိုလူအ ဖြစ်မှတ်မိနေမလဲဆိုတာ ကိုယ့်ရဲ့လုပ်ကိုင်ပုံ၊ ပြောဆိုပုံတွေကသတ်မှတ်ပေးသွားပါလိမ့် မယ်။ လူတိုင်းအပေါ်လေးစားပါ။ ကျေးဇူး တင်ထိုက်သူကိုကျေးဇူးတင်ဖို့ဝန်မလေးပါ နဲ့။ 
    အနှစ်ချုပ်ဆိုရရင် အလုပ်သင်ကာလ ကကိုယ့်အတွက်နောက်အလုပ်တစ်ခုရဖို့ အရေးကြီးတဲ့အချိန်ကာလတစ်ခုဖြစ်ပါ တယ်။ လစာရတဲ့အလုပ်သင်ပဲဖြစ်ဖြစ်၊ လစာမရတဲ့အလုပ်သင်ပဲဖြစ်ဖြစ် ဒီကာလ မှာကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကအရေးပါ ပါတယ်။ အလုပ်သင်ကာလပြီးတဲ့အခါ ကိုယ့်ရဲ့ပုံရိပ်တစ်ခုကိုကောင်းမွန်စွာတည် ဆောက်နိုင်ဖို့လိုပါတယ်။ ဒီအချက်က နောက်အလုပ်အတွက်ဝင်ခွင့်လက်မှတ် တစ်စောင်လည်းဖြစ်ပါတယ်။ ဒီကာလအ တွင်းမှာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ ကျွမ်းကျင်မှု၊ အလုပ်အပေါ်စိတ်ပါဝင်စားမှု တွေကိုပြသဖို့အခွင့်အရေးဖြစ်ပါတယ်။


ကျော့ကေခိုင်

+++++++++++++++++++++++++++++

 

အလုပ္သင္ဆင္းတဲ့အခါ ဘာေတြသိထားသင့္သလဲ

    ေက်ာင္းကေနအလုပ္အေတြ႕အႀကံဳ ရေအာင္ အလုပ္သင္ဆင္းတာပဲျဖစ္ျဖစ္၊ ကုမၸဏီဘက္ကေနအလုပ္သင္ေခၚေနလို႔ အလုပ္အေတြ႕အႀကံဳရေအာင္ဆင္းတာပဲ ျဖစ္ျဖစ္ ရည္ရြယ္ခ်က္ကေတာ့ အလုပ္ အေတြ႕အႀကံဳရေအာင္ခ်င္းတူညီၾကပါတယ္။  ဒီလိုအလုပ္သင္အျဖစ္ဆင္းရတဲ့အခါ ကိုယ့္ဘက္ကဘာေတြလုပ္ရမလဲ၊ ဘာေတြ သိထားသင့္သလဲဆိုတာ ဒီတစ္ပတ္မွာ ေဖာ္ျပေပးခ်င္ပါတယ္။ 
    ႏိုင္ငံတကာမွာေတာ့အလုပ္သင္ ဆင္းတာကမထူးဆန္းေတာ့ေပမဲ့ ဒီမွာက ေတာ့ အလုပ္သင္ဆင္းဖို႔ေခၚတဲ့ကုမၸဏီ ေတြအမ်ားႀကီးမရွိေသးပါဘူး။ အလုပ္သင္ ဆိုရင္ လစာမေပးဘဲ အေတြ႕အႀကံဳခ်ည္း ပဲသက္သက္ရဖို႔ဆင္းရတဲ့အလုပ္သင္နဲ႔၊ လစာထိုက္သင့္သေလာက္ေပးတဲ့ အလုပ္ သင္ႏွစ္မ်ိဳးရွိပါတယ္။ ကိုယ္ကအလုပ္သင္ တစ္ေယာက္ျဖစ္လာၿပီဆိုရင္ ဘာေတြသိ ထားသင့္ၿပီး ဘာေတြလုပ္သင့္သလဲဆိုတာ  မွ်ေဝေပးသြားခ်င္ပါတယ္။
ရည္မွန္းခ်က္ထားပါ
    အလုပ္သင္ကာလအတြင္းမွာ ကိုယ့္ မွာခိုင္မာတဲ့ရည္မွန္းခ်က္ထားသင့္ပါတယ္။ ဒီအလုပ္ကေနကိုယ့္ရဲ႕အရည္အခ်င္းေတြ ကိုျမႇင့္တင္သြားမယ္၊ ဒါၿပီးတာနဲ႔အလုပ္ရ ေအာင္ႀကိဳးစားသြားမယ္၊ အလုပ္သင္ကာ လမွာ အလုပ္ကမ္းလွမ္းခ်က္ေတြရေအာင္၊ အလုပ္ကိုေအာင္ျမင္ေအာင္လုပ္မယ္ဆိုတာ မ်ိဳး ရည္မွန္းခ်က္တစ္ခုခုထားသင့္ပါတယ္။ အလုပ္သင္ကာလ၃လအတြင္းမွာ အလုပ္ ကိုႀကိဳးႀကိဳးစားစားလုပ္ၿပီး ကိုယ့္ကိုယ့္ကိုယ္ တိုးတက္ေအာင္လုပ္ဖို႔အခြင့္အေရးရွိပါတယ္။
ေမးခြန္းမ်ားမ်ားေမးပါ
    အလုပ္သင္ကာလမွာ အဓိကအခ်က္ တစ္ခုကေတာ့ ေမးခြန္းမ်ားမ်ားေမးဖို႔ပါပဲ။ တစ္ခါတေလမွာ စာေတြ႕နဲ႔လက္ေတြ႕ ကြာ ျခားခ်က္ေတြအမ်ားႀကီးရွိႏိုင္ပါတယ္။ ဒီ ေတာ့လုပ္ငန္းခြင္ထဲေရာက္တဲ့အခါ ကိုယ္ သိခ်င္တဲ့လုပ္ငန္းေဆာင္တာေတြကို ေမး ျမန္းဖို႔အခြင့္အေရးရွိမွာျဖစ္ပါတယ္။ ေမးခြန္းေမးဖို႔ဆိုတာကလည္း ကိုယ္ကိုယ္ တိုင္အလုပ္လုပ္ၾကည့္မွ အလုပ္မွာေတြ႕တဲ့ အခက္အခဲေတြကိုေမးျမန္းတတ္မွာျဖစ္ပါ တယ္။ ဒါေၾကာင့္ အလုပ္သင္ကာလမွာ ေမးခြန္းေမးဖို႔ကလည္းအေရးႀကီးပါတယ္။
အလုပ္တာဝန္ေတြပိုေတာင္းဆိုတာ
    အလုပ္တာဝန္ပိုၿပီးေပးခံရတာက ကိုယ့္အတြက္အခြင့္အလမ္းေကာင္းပါပဲ။ ဒါေၾကာင့္အလုပ္သင္ကာလမွာ သင္ယူ စရာရွိတာေတြသင္ယူေလ့လာဖို႔အတြက္ အလုပ္တာဝန္မ်ားမ်ားအေပးခံရဖို႔လိုပါတယ္။ ဒီလိုျဖစ္ဖို႔လည္း ကိုယ့္ဘက္ကေတာင္းဆို ရပါမယ္။ ကိုယ့္ရဲ႕အသက္ေမြးဝမ္းေက်ာင္း အလုပ္မွာလိုအပ္တဲ့ပညာရပ္မွန္သမွ်ကို အခ်ိန္တိုအတြင္းအတန္အသင့္သိရွိေအာင္၊ နားလည္ႏိုင္ေအာင္ႀကိဳးစားရပါမယ္။ အလုပ္သင္ကာလမွာ အလုပ္သိပ္မလုပ္ရ တာကကိုယ့္အခ်ိန္ေတြကိုျဖဳန္းတီးတာနဲ႔ အတူတူပါပဲ။ အလုပ္သင္ရဲ႕ အဓိကရည္ ရြယ္ခ်က္ကကိုယ့္ရဲ႕အသက္ေမြးဝမ္း ေက်ာင္းအလုပ္ကို ပိုမိုနားလည္ေအာင္၊ တတ္ကြ်မ္းေအာင္တစ္ဆင့္လွမ္းတက္ရတဲ့ ေလွကားထစ္ေတြပါပဲ။ ဒီေလွကားကတစ္ ဆင့္ အလုပ္အကိုင္အခြင့္အလမ္းေတြဆီကို တက္လွမ္းရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အလုပ္သင္ကာလမွာ အလုပ္မ်ားမ်ားလုပ္ တာက ကိုယ့္အတြက္အက်ိဳးရွိေစပါတယ္။
မွတ္စုေရးထားပါ
    အလုပ္တာဝန္ေတြ၊ လုပ္ရမယ့္လုပ္ ငန္းစဥ္ေတြကို အခ်ိန္တိုင္းမွတ္သားထား ပါ။ ဒီအခ်က္ေၾကာင့္ကိုယ့္ရဲ႕ႀကီးၾကပ္သူက အထင္ႀကီးေစပါတယ္။ သူေျပာသမွ်ကို တေလးတစားနဲ႔လိုက္မွတ္တတ္တဲ့သူကို ဘယ္သူမဆိုအထင္ႀကီးေလးစားၾကမွာပါပဲ။ ဒါေၾကာင့္ ကိုယ့္အတြက္လိုအပ္တဲ့အခ်က္ ေတြ၊ သိသင့္သိထိုက္တဲ့အခ်က္ေတြကို တစ္ေလးတစားေလ့လာသင္ယူၿပီးမွတ္သား ထားပါ။ ေနာက္တစ္ခ်က္ကေတာ့ အစည္း အေဝးကအေၾကာင္းအရာေတြ၊ အေရး ႀကီးပုဂၢိဳလ္ေတြရဲ႕ဖုန္းနံပါတ္ေတြကိုလည္း မွတ္သားထားပါ။ 
လူမ်ားမ်ားနဲ႔ေတြ႕ႏိုင္သမွ်ေတြ႔ပါ
    ေနာက္တစ္ခုကေတာ့ အလုပ္ထဲမွာ ကြန္ရက္တည္ေဆာက္ဖို႔ပါ။ အသိမိတ္ေဆြ ေတြမ်ားတာက အလုပ္အတြက္အေထာက္ အကူျဖစ္ေစပါတယ္။ အလုပ္ထဲကဘယ္ သူနဲ႔မဆို ကြန္ရက္တည္ေဆာက္ပါ။ အသိ မိတ္ေဆြမ်ားမ်ားရွိပါေစ။ အလုပ္အေပၚ မွာ ကိုယ္ဘယ္ေလာက္တန္ဖိုးထား ေၾကာင္း သူတို႔ျမင္ပါေစ။ ကိုယ္နဲ႔သင့္ေတာ္ တဲ့အလုပ္ရွိရင္အခ်ိန္မေရြးလွမ္းအေၾကာင္း ၾကားေပးဖို႔ သူတို႔ကိုအကူအညီေတာင္း ထားပါ။ အဆက္အသြယ္ကေနရာတိုင္း အတြက္အေရးႀကီးပါတယ္။ 
ပညာရပ္ဆိုင္ရာမွာကြ်မ္းက်င္မႈရွိပါ
    ကိုယ္လုပ္ရတဲ့ အလုပ္ေနရာအတြက္ ပညာရပ္ဆိုင္ရာမွာကြ်မ္းက်င္ေနဖို႔လိုပါ တယ္။ အလုပ္အေတြ႕အႀကံဳကိုဆိုလိုတာ မဟုတ္ပါဘူး။ အလုပ္အေတြ႕အႀကံဳက ေတာ့အလုပ္သင္ကာလမွာ သင္ယူရမယ့္ အေတြ႕အႀကံဳျဖစ္ပါတယ္။ ေက်ာင္းမွာ အိမ္စာကိုပိုင္ပိုင္ႏိုင္ႏိုင္လုပ္မထားဘူး၊ စာ မေက်ဘူးဆိုရင္ေတာ့ ပညာရပ္ဆိုင္ရာမွာ အားနည္းခ်က္ရွိမွာပါ။ ေနာက္တစ္ခ်က္က ေတာ့ အလုပ္သင္ကာလမွာရွိေနစဥ္မွာ ကိုယ့္ရဲ႕ဖုန္းကိုပိတ္ထားပါ။ ဆိုရွယ္မီဒီယာ လည္းမသံုးပါနဲ႔။ ဒီကာလကကိုယ့္အတြက္ အေရးႀကီးတဲ့ကာလျဖစ္လို႔ အထူးသတိ ထားဖို႔လိုပါတယ္။
ကိုယ့္ရဲ႕အမွတ္တံဆိပ္ကိုတည္ေဆာက္ပါ
    အလုပ္သင္ကာလအတြင္းမွာကိုယ့္ ရဲ႕နာမည္ဂုဏ္သတင္း၊ လုပ္ရည္ကိုင္ရည္၊ ကြ်မ္းက်င္မႈ၊ ႀကိဳးစားမႈ၊ စိတ္အားထက္သန္ မႈစတာေတြ တည္ေဆာက္လို႔ရပါတယ္။ ဒီအမွတ္တံဆိပ္ေတြက အနာဂတ္အလုပ္ အကိုင္အတြက္အမ်ားႀကီးအသံုးဝင္ပါတယ္။ ဒီအလုပ္အကိုင္နဲ႔ကိုယ္နဲ႔ဘယ္ေလာက္ ေတာင္ကိုက္ညီမႈရွိသလဲဆိုတာသိႏိုင္မယ့္ အခြင့္အေရးပါပဲ။ တျခားသူေတြကိုလည္း ဒီအခ်က္ကိုျမင္ေအာင္ျပတတ္ဖို႔လိုပါ တယ္။
ေက်းဇူးတင္ေၾကာင္းေျပာပါ
    အလုပ္သင္ကာလမွာကိုယ့္ရဲ႕ႀကီး ၾကပ္သူအပါအဝင္ ကိုယ့္ကိုကူညီသူေတြ အားလံုးကို ေက်းဇူးတင္ေၾကာင္းေျပာဖို႔ မေမ့ပါနဲ႔။ အလုပ္သင္ကာလတိုအတြင္းမွာ ကိုယ့္ကိုမွတ္မိေနေစေအာင္ေနထိုင္ဖို႔လို ပါတယ္။ ဒီအခ်က္ကသင့္ရဲ႕အလုပ္အကိုင္ အခြင့္အလမ္းအတြက္ အေထာက္အကူ ျပဳပါတယ္။ သူတို႔ကိုယ့္ကိုဘယ္လိုလူအ ျဖစ္မွတ္မိေနမလဲဆိုတာ ကိုယ့္ရဲ႕လုပ္ကိုင္ပံု၊ ေျပာဆိုပံုေတြကသတ္မွတ္ေပးသြားပါလိမ့္ မယ္။ လူတိုင္းအေပၚေလးစားပါ။ ေက်းဇူး တင္ထိုက္သူကိုေက်းဇူးတင္ဖို႔ဝန္မေလးပါ နဲ႔။ 
    အႏွစ္ခ်ဳပ္ဆိုရရင္ အလုပ္သင္ကာလ ကကိုယ့္အတြက္ေနာက္အလုပ္တစ္ခုရဖို႔ အေရးႀကီးတဲ့အခ်ိန္ကာလတစ္ခုျဖစ္ပါ တယ္။ လစာရတဲ့အလုပ္သင္ပဲျဖစ္ျဖစ္၊ လစာမရတဲ့အလုပ္သင္ပဲျဖစ္ျဖစ္ ဒီကာလ မွာကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈကအေရးပါ ပါတယ္။ အလုပ္သင္ကာလၿပီးတဲ့အခါ ကိုယ့္ရဲ႕ပံုရိပ္တစ္ခုကိုေကာင္းမြန္စြာတည္ ေဆာက္ႏိုင္ဖို႔လိုပါတယ္။ ဒီအခ်က္က ေနာက္အလုပ္အတြက္ဝင္ခြင့္လက္မွတ္ တစ္ေစာင္လည္းျဖစ္ပါတယ္။ ဒီကာလအ တြင္းမွာ ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈ၊ ကြ်မ္းက်င္မႈ၊ အလုပ္အေပၚစိတ္ပါဝင္စားမႈ ေတြကိုျပသဖို႔အခြင့္အေရးျဖစ္ပါတယ္။


ေက်ာ့ေကခိုင္

Previous Next