02 Dec, 2019
အလုပ်ကနေ စမတ်ကျကျထွက်ကြရအောင်

   ဝန်ထမ်းတွေရဲ့ဘဝမှာအလုပ်ကနေထွက်ကြ ရတဲ့အခိုက်အတန့်တွေ တစ်ချိန်မဟုတ်ရင်တစ် ချိန်ကြုံတွေ့ကြရတာပါပဲ။ အချို့က ကိုယ်ရေးကိုယ် တာကိစ္စကြောင့် အလုပ်ကနေထွက်ကြရသလို အချို့ကတော့ အထက်လူကြီးကြောင့် ဒါမှမဟုတ် အဆိပ်အတောက်လိုမျိုးအလုပ်နေရာကြောင့် အလုပ်ကနေထွက်ကြတာလည်းရှိပါတယ်။
   ဘယ်လိုအကြောင်းကြောင့်ပဲ အလုပ်ကနေ ထွက်ထွက်ကောင်းသောခွဲခွာခြင်းနဲ့နှုတ်ဆက် နိုင်ဖို့လိုပါတယ်။ ဒီတော့အလုပ်ကနေထွက်တဲ့ အခါမှာ ဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုအချက် တွေ ကိုရှောင်ကြဉ်သင့်သလဲဆိုတာကိုဆွေးနွေး ပြောပြပေးသွားချင်ပါတယ်။
(က) ရှောင်ကြဉ်သင့်သောအချက်များ
(၁) အချိန်ကာလတစ်ခုကြိုမပြောတာ
   အချို့က အလုပ်ထွက်တော့မယ်ဆိုတာကို ကြိုမပြောဘဲအချိန်ကပ်ပြီးပြောတတ်ကြပါတယ်။ဒါဟာ အလုပ်ရှင်ဘက်ကိုအကြပ်ရိုက်စေပါတယ်။ဘာကြောင့်အလုပ်ထွက်ရတာလဲဆိုတာကိုမေးမယ်၊ ပြီးရင်အခွင့်အရေးတွေကိုညှိနှိုင်းမယ်၊ အလုပ်မ ထွက်ဖို့တားတယ်၊ တားလို့မရတဲ့အဆုံးမှာ မိမိ နေရာကိုအစားထိုးဖို့အတွက် လူထပ်ရှာဖို့လုပ်ရပါ မယ်။
     ရာထူးတူတဲ့သူရှိရင်တော့ အလွှဲအပြောင်းလုပ် ဖို့အတွက်ပိုမြန်နိုင်ပေမယ့် ဒီလိုလူမျိုးမရှိရင်လူ ထပ်ရှာရမှာဖြစ်ပြီး အသစ်ခန့်လိုက်တဲ့သူကို လုပ်ငန်း တာဝန်တွေအလွှဲအပြောင်းလုပ်ပေးရမှာမို့ အချိန် ကာလတစ်ခုတော့ကြာမြင့်ပါတယ်။
    တချို့က ဒီအချက်တွေကိုထည့်မတွေးဘဲ အလုပ် ထွက်ဖို့ကပ်ပြောပြီး အလွယ်ပဲသဘောထားတတ်ကြ ပါတယ်။ အချို့ဆိုရင်လကုန်လို့လစာထုတ်ပြီးတာနဲ့ အလုပ်မလာကြတော့ပဲ ဖုန်းလည်းပိတ်ထားတတ် ကြပါတယ်။
   ဒီလိုပုံစံမျိုးဟာ မိမိတို့ရဲ့ပုံရိပ်ကိုနိမ့်ကျစေပါ တယ်။
(၂) ညှိနှိုင်းမှုမရှိတာ
    ဒီအချက်က သင့်ရဲ့လုပ်ငန်းခွင်ဘဝတစ် လျှောက်လုံးနဲ့သက်ဆိုင်ပါတယ်။ အလုပ်ကနေထွက် မယ်ဆိုရင် ဘယ်လိုအကြောင်းမျိုးကြောင့်ထွက်ဖို့ ဆုံးဖြတ်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသဘော ပေါက်ထားဖို့လိုပြီး အလုပ်ရှင်ဖက်က ဒါနဲ့ပတ်သက် ပြီးမေးမြန်းလာတဲ့အခါမှာ တင်ပြမှုတွေပြုလုပ်ရပါ မယ်။ ညှိနှိုင်းမှုတွေပြုလုပ်ပေးရင်လည်း မိမိဖက်က လက်ခံ နိုင်မယ်ဆိုရင် သဘောတူညီပြီး ဆက်လုပ်ဖို့၊ မလုပ်ဖို့ဆုံးဖြတ်ရပါမယ်။
    အချို့က ညှိနှိုင်းမှုတွေပြုလုပ်ခြင်းမရှိဘဲ အလုပ်က နေထွက်ခွာသွားတတ်ကြပါတယ်။ ဒီလို ပုံစံမျိုးဟာ ကိစ္စတစ်ခုကိုအရှုံးပေးပြီးရှောင်ထွက် သွားတဲ့ပုံစံမျိုးဖြစ်ပါတယ်။
(၃) စိတ်လိုက်မာန်ပါပြုလုပ်တာ
     အပိုစကားတွေပြောကြားခြင်း၊ ဖရုဿဝါစာ စကားလုံးတွေအသုံးပြုခြင်း၊ ကိုယ်အမူအရာနဲ့မိမိ ရဲ့စိတ်မကျေနပ်မှုကိုပြသခြင်း၊ တံခါးကိုဆောင့် ပိတ်ခြင်း၊ စားပွဲကိုလက်နဲ့ထုခြင်း ဒါမှမဟုတ် ပစ္စည်း တွေကိုပစ်ချခြင်း စတာတွေကိုစိတ်လိုက်မာန်ပါ မလုပ်သင့်ပါဘူး။ လူလိမ္မာသား ယဉ်ပါးတဲ့ပုံစံမျိုးနဲ့ သဘောထားကြီးကြီးနဲ့ပဲ တုံ့ပြန်မှုတွေပြုလုပ်သင့် ပါတယ်။ 
(၄) အကောင်းမြင်စိတ်နဲ့ကြည့်ပေးပါ
    အလုပ်ရှင် ဒါမှမဟုတ် အထက်လူကြီး ဒါမှမ ဟုတ် လုပ်ဖော်ကိုင်ဖက်တွေကြောင့်သာယာတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ရှိမနေရင်လည်း အလုပ်က နေထွက်ကာနီးအချိန်မှာ သူတို့အားလုံးကိုအ ကောင်းမြင်စိတ်၊ ချစ်သောမျက်စိနဲ့ကြည့်ပေးပြီး ကောင်းမွန်စွာဆက်ဆံတာမျိုးပဲပြုလုပ်သင့်ပါတယ်။
(၅) ကုန်ထုတ်စွမ်းအားတွေကို မလျှော့ပစ်ပါနဲ့
    အလုပ်ကနေထွက်ကာနီးမို့ အရင်ကထက် အလုပ်တွေကိုကြိုးစားအားထုတ်ပြီးမလုပ်တော့တာ မျိုးကိုလည်းမလုပ်သင့်ပါဘူး။ အလုပ်ကနေမထွက် ခင်နောက်ဆုံးမိနစ်အထိ မိမိရဲ့တာဝန်တွေကို ကျေပွန်အောင်အစွမ်းကုန်ကြိုးစားအားထုတ်သင့်  ပါတယ်။ ဒါမှသာ ပရော်ဖက်ရှင်နယ်ပီသတဲ့စိတ် ဓာတ်မျိုးဖြစ်ပြီးမိမိရဲ့စိတ်ဓာတ်ကို သူတို့အနေနဲ့ နောင်လည်း အမြဲတမ်းအမှတ်ရနေမှာဖြစ်ပါတယ်။
(ခ) လိုက်နာသင့်သောအချက်များ
(၁) အလုပ်ကနေထွက်ဖို့အတွက် ကြိုတင်သတိ ပေးပြောကြားထားပါ
     ဒီအချက်က သင့်အတွက်ဘာမှ မဟုတ်ပေ မဲ့အလုပ်ရှင်အတွက် သိပ်ကိုအရေးကြီးပါတယ်။သူ့အနေနဲ့ သင်အလုပ်ကနေထွက်သွားတဲ့အခါသင့် နေရာကိုလူစားထိုးဖို့၊ သင့်ရဲ့တာဝန်တွေကိုဘယ် သူ့ကိုထမ်းဆောင်စေမလဲ၊ အသစ်ခန့်ရမယ့်ဝန် ထမ်းဆိုရင်လည်း ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်း တွေနဲ့၊ ကုမ္ပဏီကလူတွေနဲ့အသားကျအောင်ပျိုး ထောင်ပေးရမယ့်အချိန်ကာလစသဖြင့် အများကြီး တွေးတောစဉ်းစားရပါတယ်။
    ဒါကြောင့် ဖြစ်နိုင်ရင်စီမံကိန်းတစ်ခုပြီးဆုံးတဲ့ အထိလုပ်ဖပးဖို့နဲ့ ပြီးဆုံးတဲ့အထိမလုပ်နိုင်ရင်လည်း အနည်းဆုံး တစ်လလောက်ကြိုတင်ပြောကြားထားဖို့ အကြံပြုလိုပါတယ်။
(၂) လုပ်ဖော်ကိုင်ဖက်တွေကို ကောင်းမွန်စွာ နဲ့ပဲဆက်ဆံပါ
     တစ်ခါမှမပြုလုပ်ဖူးရင်တောင် အလုပ်ကထွက် ကာနီးမှာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတာ၊ နွေးနွေးထွေးထွေးပြောဆိုတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
   အချိန်တွေဟာ သိပ်ကိုအကုန်မြန်လွန်းခဲ့  ကြောင်း၊ သူတို့နဲ့အတူလက်တွဲလုပ်ကိုင်ခဲ့ရတာ တွေကနေ မိမိအတွက် အတွေ့အကြုံကောင်းတွေ၊ အသိအမြင်ကောင်းတွေများစွာရရှိစေခဲ့ကြောင်းနဲ့ ဒီအတွက်ထာဝရအမှတ်ရနေမှာဖြစ်ကြောင်းပြော ကြားတာမျိုးတွေပြုလုပ်သင့်ပါတယ်။
     ဖြစ်နိုင်ရင်တော့ အလုပ်ကမထွက်ခင်မှာလုပ် ဖော်ကိုင်ဖက်တွေနဲ့ ပါတီပွဲငယ်လေးတစ်ခုလောက် ပြုလုပ်ပြီးရင်းနှီးမှုတွေကိုအမှတ်တရဖြစ်အောင် လုပ်ခဲ့သင့်ပါတယ်။
(၃) ကုမ္ပဏီပိုင်ပစ္စည်းတွေကို စာရင်းဇယားနဲ့ပြန် လည်ပေးအပ်ပါ
     မိမိကိုအသုံးပြုဖို့ပေးထားတဲ့ ကုမ္ပဏီပိုင်ပစ္စည်း တွေဖြစ်တဲ့ လက်ပ်တော့ပ်ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ အခြားသော ကုမ္ပဏီနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်း တွေကိုသက်ဆိုင်ရာပုဂ္ဂိုလ်ဆီမှာ စာရင်းဇယားနဲ့ အတိအကျ ပြန်လည်အပ်နှံမှုတွေပြုလုပ်ရပါမယ်။
   ဘာပစ္စည်းတွေပြန်လည်အပ်နှံခဲ့ကြောင်း စာရင်းဇယားစာရွက်ကို မိမိဆီမှာလည်းလက်ခံရ ယူထားဖို့လိုပါလိမ့်မယ်။
(၄) exit interview ကို မငြင်းပယ်ပါနဲ့
     အလုပ်ကထွက်တော့မယ်လို့ အကြောင်းကြား လိုက်တာနဲ့ ဘာကြောင့်အလုပ်ကနေထွက်ရတာလဲ ဆိုတာနဲ့ အဆင်ပြေအောင်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ အခွင့်အရေးပေးလာပါလိမ့်မယ်။ သင်နဲ့ညှိနှိုင်းတွေ့ ဆုံဖို့အတွက်သက်ဆိုင်ရာ အကြီးအကဲတွေ၊ အဲဒီက နေတစ်ဆင့်နောက်ဆုံးမှာအလုပ်ရှင်က ဖိတ်ခေါ် လာပါလိမ့်မယ်။
    ဒီဖိတ်ခေါ်မှုတွေကိုမငြင်းပယ်ပဲနဲ့ ရင်းနှီးတဲ့ အနေအထားမျိုးနဲ့ပဲ တွေ့ဆုံပြောကြားမှုတွေပြုလုပ် သင့်ပါတယ်။ ဒီတွေ့ဆုံမှုမှာ ညှိနှိုင်းမှုတွေပါလာ မှာဖြစ်ပြီးသင်ဘယ်လိုလူစားမျိုးလဲ ဆိုတာကိုသိ အောင်ပြသဖို့နဲ့သင့်အတွက် ပျောက်ဆုံးနေတယ် လို့ခံစားရတဲ့အခွင့်အရေးတွေကိုတင်ပြဖို့ပြုလုပ်ရ မှာဖြစ်ပါတယ်။
(၅) ပြန်လည်သုံးသပ်မှုတွေပြုလုပ်ပါ
     exit interview ကနေသိရှိလာတဲ့အချက်အ လက်တွေပေါ်မူတည်ပြီး ယခင်နဲ့ယခုဘာတွေကွာ ခြားသွားမလဲဆိုတာကိုတွေးတောစဉ်းစားရမှာဖြစ်   ပါတယ်။ အခြေအနေတွေက အလုပ်ကနေမထွက်ဘဲ ဆက်နေဖို့အတွက် တွန်းအားပေးလာပြီလားဆိုတာ ကို အကဲဖြတ်ရမှာဖြစ်ပါတယ်။
    ဒီနေရာမှာတော့ ညှိနှိုင်းမှုတွေကိုမိမိဖက် ကကျေနပ်လက်ခံနိုင်တယ်ဆိုရင် ဆက်နေသင့်ရင် နေဖို့ဆုံးဖြတ်သင့်ပါတယ်။ ထွက်ဖို့ပြောထားပြီး သားဆိုတဲ့ စိတ်နဲ့တင်းခံနေရင် ဒီတလွဲမာနကြောင့်ပဲ အမှန်တရားတွေဟာ ပျောက်ဆုံးနေတတ်ပါတယ်။
    အခုပြောပြပေးခဲ့တာတွေကတော့အလုပ် ကနေထွက်တဲ့အခါသတိထားဖို့၊ ရှောင်ကြဉ်ဖို့လိုအပ် တဲ့အချက်တွေပဲဖြစ်ပါတယ်။ ရှောင်ကြဉ်သင့်တာ တွေကိုရှောင်ကြဉ်နိုင်ရင်၊ လိုက်နာသင့်တာကို လိုက်နာနိုင်မယ်ဆိုရင် နေ့ရက်တိုင်းကလှပနေမှာ သေချာပါတယ်။


ရာသက်ပန် (သစ္စာပန်းတို့ လန်းရာမြေ)


++++++++++++++++++++++++++++++++

အလုပ္ကေန စမတ္က်က်ထြက္ၾကရေအာင္

   ဝန္ထမ္းေတြရဲ႕ဘဝမွာအလုပ္ကေနထြက္ၾက ရတဲ့အခိုက္အတန္႔ေတြ တစ္ခ်ိန္မဟုတ္ရင္တစ္ ခ်ိန္ႀကံဳေတြ႕ၾကရတာပါပဲ။ အခ်ိဳ႕က ကိုယ္ေရးကိုယ္ တာကိစၥေၾကာင့္ အလုပ္ကေနထြက္ၾကရသလို အခ်ိဳ႕ကေတာ့ အထက္လူႀကီးေၾကာင့္ ဒါမွမဟုတ္ အဆိပ္အေတာက္လိုမ်ိဳးအလုပ္ေနရာေၾကာင့္ အလုပ္ကေနထြက္ၾကတာလည္းရွိပါတယ္။
   ဘယ္လိုအေၾကာင္းေၾကာင့္ပဲ အလုပ္ကေန ထြက္ထြက္ေကာင္းေသာခြဲခြာျခင္းနဲ႔ႏႈတ္ဆက္ ႏိုင္ဖို႔လိုပါတယ္။ ဒီေတာ့အလုပ္ကေနထြက္တဲ့ အခါမွာ ဘာေတြလုပ္သင့္သလဲ၊ ဘယ္လိုအခ်က္ ေတြ ကိုေရွာင္ၾကဥ္သင့္သလဲဆိုတာကိုေဆြးေႏြး ေျပာျပေပးသြားခ်င္ပါတယ္။
(က) ေရွာင္ၾကဥ္သင့္ေသာအခ်က္မ်ား
(၁) အခ်ိန္ကာလတစ္ခုႀကိဳမေျပာတာ
   အခ်ိဳ႕က အလုပ္ထြက္ေတာ့မယ္ဆိုတာကို ႀကိဳမေျပာဘဲအခ်ိန္ကပ္ၿပီးေျပာတတ္ၾကပါတယ္။ဒါဟာ အလုပ္ရွင္ဘက္ကိုအၾကပ္႐ိုက္ေစပါတယ္။ဘာေၾကာင့္အလုပ္ထြက္ရတာလဲဆိုတာကိုေမးမယ္၊ ၿပီးရင္အခြင့္အေရးေတြကိုညႇိႏိႈင္းမယ္၊ အလုပ္မ ထြက္ဖို႔တားတယ္၊ တားလို႔မရတဲ့အဆံုးမွာ မိမိ ေနရာကိုအစားထိုးဖို႔အတြက္ လူထပ္ရွာဖို႔လုပ္ရပါ မယ္။
     ရာထူးတူတဲ့သူရွိရင္ေတာ့ အလႊဲအေျပာင္းလုပ္ ဖို႔အတြက္ပိုျမန္ႏိုင္ေပမယ့္ ဒီလိုလူမ်ိဳးမရွိရင္လူ ထပ္ရွာရမွာျဖစ္ၿပီး အသစ္ခန္႔လိုက္တဲ့သူကို လုပ္ငန္း တာဝန္ေတြအလႊဲအေျပာင္းလုပ္ေပးရမွာမို႔ အခ်ိန္ ကာလတစ္ခုေတာ့ၾကာျမင့္ပါတယ္။
    တခ်ိဳ႕က ဒီအခ်က္ေတြကိုထည့္မေတြးဘဲ အလုပ္ ထြက္ဖို႔ကပ္ေျပာၿပီး အလြယ္ပဲသေဘာထားတတ္ၾက ပါတယ္။ အခ်ိဳ႕ဆိုရင္လကုန္လို႔လစာထုတ္ၿပီးတာနဲ႔ အလုပ္မလာၾကေတာ့ပဲ ဖုန္းလည္းပိတ္ထားတတ္ ၾကပါတယ္။
   ဒီလိုပံုစံမ်ိဳးဟာ မိမိတို႔ရဲ႕ပံုရိပ္ကိုနိမ့္က်ေစပါ တယ္။
(၂) ညွိႏိႈင္းမႈမရွိတာ
    ဒီအခ်က္က သင့္ရဲ႕လုပ္ငန္းခြင္ဘဝတစ္ ေလွ်ာက္လံုးနဲ႔သက္ဆိုင္ပါတယ္။ အလုပ္ကေနထြက္ မယ္ဆိုရင္ ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္ထြက္ဖို႔ ဆံုးျဖတ္တာလဲဆိုတာကိုရွင္းရွင္းလင္းလင္းသေဘာ ေပါက္ထားဖို႔လိုၿပီး အလုပ္ရွင္ဖက္က ဒါနဲ႔ပတ္သက္ ၿပီးေမးျမန္းလာတဲ့အခါမွာ တင္ျပမႈေတြျပဳလုပ္ရပါ မယ္။ ညွိႏိႈင္းမႈေတြျပဳလုပ္ေပးရင္လည္း မိမိဖက္က လက္ခံ ႏိုင္မယ္ဆိုရင္ သေဘာတူညီၿပီး ဆက္လုပ္ဖို႔၊ မလုပ္ဖို႔ဆံုးျဖတ္ရပါမယ္။
    အခ်ိဳ႕က ညႇိႏိႈင္းမႈေတြျပဳလုပ္ျခင္းမရွိဘဲ အလုပ္က ေနထြက္ခြာသြားတတ္ၾကပါတယ္။ ဒီလို ပံုစံမ်ိဳးဟာ ကိစၥတစ္ခုကိုအ႐ံႈးေပးၿပီးေရွာင္ထြက္ သြားတဲ့ပံုစံမ်ိဳးျဖစ္ပါတယ္။
(၃) စိတ္လိုက္မာန္ပါျပဳလုပ္တာ
     အပိုစကားေတြေျပာၾကားျခင္း၊ ဖ႐ုႆဝါစာ စကားလံုးေတြအသံုးျပဳျခင္း၊ ကိုယ္အမူအရာနဲ႔မိမိ ရဲ႕စိတ္မေက်နပ္မႈကိုျပသျခင္း၊ တံခါးကိုေဆာင့္ ပိတ္ျခင္း၊ စားပြဲကိုလက္နဲ႔ထုျခင္း ဒါမွမဟုတ္ ပစၥည္း ေတြကိုပစ္ခ်ျခင္း စတာေတြကိုစိတ္လိုက္မာန္ပါ မလုပ္သင့္ပါဘူး။ လူလိမၼာသား ယဥ္ပါးတဲ့ပံုစံမ်ိဳးနဲ႔ သေဘာထားႀကီးႀကီးနဲ႔ပဲ တံု႔ျပန္မႈေတြျပဳလုပ္သင့္ ပါတယ္။ 
(၄) အေကာင္းျမင္စိတ္နဲ႔ၾကည့္ေပးပါ
    အလုပ္ရွင္ ဒါမွမဟုတ္ အထက္လူႀကီး ဒါမွမ ဟုတ္ လုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္သာယာတဲ့ လုပ္ငန္းခြင္တစ္ခုမွာ ရွိမေနရင္လည္း အလုပ္က ေနထြက္ကာနီးအခ်ိန္မွာ သူတို႔အားလံုးကိုအ ေကာင္းျမင္စိတ္၊ ခ်စ္ေသာမ်က္စိနဲ႔ၾကည့္ေပးၿပီး ေကာင္းမြန္စြာဆက္ဆံတာမ်ိဳးပဲျပဳလုပ္သင့္ပါတယ္။
(၅) ကုန္ထုတ္စြမ္းအားေတြကို မေလွ်ာ့ပစ္ပါနဲ႔
    အလုပ္ကေနထြက္ကာနီးမို႔ အရင္ကထက္ အလုပ္ေတြကိုႀကိဳးစားအားထုတ္ၿပီးမလုပ္ေတာ့တာ မ်ိဳးကိုလည္းမလုပ္သင့္ပါဘူး။ အလုပ္ကေနမထြက္ ခင္ေနာက္ဆံုးမိနစ္အထိ မိမိရဲ႕တာဝန္ေတြကို ေက်ပြန္ေအာင္အစြမ္းကုန္ႀကိဳးစားအားထုတ္သင့္  ပါတယ္။ ဒါမွသာ ပေရာ္ဖက္ရွင္နယ္ပီသတဲ့စိတ္ ဓာတ္မ်ိဳးျဖစ္ၿပီးမိမိရဲ႕စိတ္ဓာတ္ကို သူတို႔အေနနဲ႔ ေနာင္လည္း အၿမဲတမ္းအမွတ္ရေနမွာျဖစ္ပါတယ္။
(ခ) လိုက္နာသင့္ေသာအခ်က္မ်ား
(၁) အလုပ္ကေနထြက္ဖို႔အတြက္ ႀကိဳတင္သတိ ေပးေျပာၾကားထားပါ
     ဒီအခ်က္က သင့္အတြက္ဘာမွ မဟုတ္ေပ မဲ့အလုပ္ရွင္အတြက္ သိပ္ကိုအေရးႀကီးပါတယ္။သူ႔အေနနဲ႔ သင္အလုပ္ကေနထြက္သြားတဲ့အခါသင့္ ေနရာကိုလူစားထိုးဖို႔၊ သင့္ရဲ႕တာဝန္ေတြကိုဘယ္ သူ႔ကိုထမ္းေဆာင္ေစမလဲ၊ အသစ္ခန္႔ရမယ့္ဝန္ ထမ္းဆိုရင္လည္း ကုမၸဏီရဲ႕စည္းမ်ဥ္းစည္းကမ္း ေတြနဲ႔၊ ကုမၸဏီကလူေတြနဲ႔အသားက်ေအာင္ပ်ိဳး ေထာင္ေပးရမယ့္အခ်ိန္ကာလစသျဖင့္ အမ်ားႀကီး ေတြးေတာစဥ္းစားရပါတယ္။
    ဒါေၾကာင့္ ျဖစ္ႏိုင္ရင္စီမံကိန္းတစ္ခုၿပီးဆံုးတဲ့ အထိလုပ္ဖပးဖို႔နဲ႔ ၿပီးဆံုးတဲ့အထိမလုပ္ႏိုင္ရင္လည္း အနည္းဆံုး တစ္လေလာက္ႀကိဳတင္ေျပာၾကားထားဖို႔ အႀကံျပဳလိုပါတယ္။
(၂) လုပ္ေဖာ္ကိုင္ဖက္ေတြကို ေကာင္းမြန္စြာ နဲ႔ပဲဆက္ဆံပါ
     တစ္ခါမွမျပဳလုပ္ဖူးရင္ေတာင္ အလုပ္ကထြက္ ကာနီးမွာလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ရင္းရင္းႏွီးႏွီး ဆက္ဆံတာ၊ ေႏြးေႏြးေထြးေထြးေျပာဆိုတာမ်ိဳးေတြ ျပဳလုပ္သင့္ပါတယ္။
   အခ်ိန္ေတြဟာ သိပ္ကိုအကုန္ျမန္လြန္းခဲ့  ေၾကာင္း၊ သူတို႔နဲ႔အတူလက္တြဲလုပ္ကိုင္ခဲ့ရတာ ေတြကေန မိမိအတြက္ အေတြ႕အႀကံဳေကာင္းေတြ၊ အသိအျမင္ေကာင္းေတြမ်ားစြာရရွိေစခဲ့ေၾကာင္းနဲ႔ ဒီအတြက္ထာဝရအမွတ္ရေနမွာျဖစ္ေၾကာင္းေျပာ ၾကားတာမ်ိဳးေတြျပဳလုပ္သင့္ပါတယ္။
     ျဖစ္ႏိုင္ရင္ေတာ့ အလုပ္ကမထြက္ခင္မွာလုပ္ ေဖာ္ကိုင္ဖက္ေတြနဲ႔ ပါတီပြဲငယ္ေလးတစ္ခုေလာက္ ျပဳလုပ္ၿပီးရင္းႏွီးမႈေတြကိုအမွတ္တရျဖစ္ေအာင္ လုပ္ခဲ့သင့္ပါတယ္။
(၃) ကုမၸဏီပိုင္ပစၥည္းေတြကို စာရင္းဇယားနဲ႔ျပန္ လည္ေပးအပ္ပါ
     မိမိကိုအသံုးျပဳဖို႔ေပးထားတဲ့ ကုမၸဏီပိုင္ပစၥည္း ေတြျဖစ္တဲ့ လက္ပ္ေတာ့ပ္ကြန္ပ်ဴတာေတြ၊ ဖုန္းေတြနဲ႔ အျခားေသာ ကုမၸဏီနဲ႔သက္ဆိုင္တဲ့စာရြက္စာတမ္း ေတြကိုသက္ဆိုင္ရာပုဂၢိဳလ္ဆီမွာ စာရင္းဇယားနဲ႔ အတိအက် ျပန္လည္အပ္ႏွံမႈေတြျပဳလုပ္ရပါမယ္။
   ဘာပစၥည္းေတြျပန္လည္အပ္ႏွံခဲ့ေၾကာင္း စာရင္းဇယားစာရြက္ကို မိမိဆီမွာလည္းလက္ခံရ ယူထားဖို႔လိုပါလိမ့္မယ္။
(၄) exit interview ကို မျငင္းပယ္ပါနဲ႔
     အလုပ္ကထြက္ေတာ့မယ္လို႔ အေၾကာင္းၾကား လိုက္တာနဲ႔ ဘာေၾကာင့္အလုပ္ကေနထြက္ရတာလဲ ဆိုတာနဲ႔ အဆင္ေျပေအာင္ညႇိႏိႈင္းမႈေတြျပဳလုပ္ဖို႔ အခြင့္အေရးေပးလာပါလိမ့္မယ္။ သင္နဲ႔ညႇိႏိႈင္းေတြ႕ ဆံုဖို႔အတြက္သက္ဆိုင္ရာ အႀကီးအကဲေတြ၊ အဲဒီက ေနတစ္ဆင့္ေနာက္ဆံုးမွာအလုပ္ရွင္က ဖိတ္ေခၚ လာပါလိမ့္မယ္။
    ဒီဖိတ္ေခၚမႈေတြကိုမျငင္းပယ္ပဲနဲ႔ ရင္းႏွီးတဲ့ အေနအထားမ်ိဳးနဲ႔ပဲ ေတြ႕ဆံုေျပာၾကားမႈေတြျပဳလုပ္ သင့္ပါတယ္။ ဒီေတြ႕ဆံုမႈမွာ ညႇိႏိႈင္းမႈေတြပါလာ မွာျဖစ္ၿပီးသင္ဘယ္လိုလူစားမ်ိဳးလဲ ဆိုတာကိုသိ ေအာင္ျပသဖို႔နဲ႔သင့္အတြက္ ေပ်ာက္ဆံုးေနတယ္ လို႔ခံစားရတဲ့အခြင့္အေရးေတြကိုတင္ျပဖို႔ျပဳလုပ္ရ မွာျဖစ္ပါတယ္။
(၅) ျပန္လည္သံုးသပ္မႈေတြျပဳလုပ္ပါ
     exit interview ကေနသိရွိလာတဲ့အခ်က္အ လက္ေတြေပၚမူတည္ၿပီး ယခင္နဲ႔ယခုဘာေတြကြာ ျခားသြားမလဲဆိုတာကိုေတြးေတာစဥ္းစားရမွာျဖစ္   ပါတယ္။ အေျခအေနေတြက အလုပ္ကေနမထြက္ဘဲ ဆက္ေနဖို႔အတြက္ တြန္းအားေပးလာၿပီလားဆိုတာ ကို အကဲျဖတ္ရမွာျဖစ္ပါတယ္။
    ဒီေနရာမွာေတာ့ ညႇိႏိႈင္းမႈေတြကိုမိမိဖက္ ကေက်နပ္လက္ခံႏိုင္တယ္ဆိုရင္ ဆက္ေနသင့္ရင္ ေနဖို႔ဆံုးျဖတ္သင့္ပါတယ္။ ထြက္ဖို႔ေျပာထားၿပီး သားဆိုတဲ့ စိတ္နဲ႔တင္းခံေနရင္ ဒီတလြဲမာနေၾကာင့္ပဲ အမွန္တရားေတြဟာ ေပ်ာက္ဆံုးေနတတ္ပါတယ္။
    အခုေျပာျပေပးခဲ့တာေတြကေတာ့အလုပ္ ကေနထြက္တဲ့အခါသတိထားဖို႔၊ ေရွာင္ၾကဥ္ဖို႔လိုအပ္ တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ ေရွာင္ၾကဥ္သင့္တာ ေတြကိုေရွာင္ၾကဥ္ႏိုင္ရင္၊ လိုက္နာသင့္တာကို လိုက္နာႏိုင္မယ္ဆိုရင္ ေန႔ရက္တိုင္းကလွပေနမွာ ေသခ်ာပါတယ္။


ရာသက္ပန္ (သစၥာပန္းတို႔ လန္းရာေျမ)

Previous Next