02 Dec, 2019
ခေါင်းဆောင်ဖြစ်ထိုက်၊ မဖြစ်ထိုက်

    မင်းသိင်္ခရဲ့ဝတ္တုတွေဖတ်ခဲ့တဲ့အချိန်တုန်းက သတိရမိတာလေးတစ်ခုရှိရဲ့၊ ဆရာကြီးမင်းသိင်္ခရဲ့ ဝတ္တုတွေထဲမှာအတတ်ပညာပိုင်းနဲ့ပတ်သက်တာတချို့ ကိုထည့်သွင်းရေးသားခဲ့တာတွေရှိတယ်။ ဥပမာဆို ရင်လူတစ်ယောက်ရဲ့ခြေရာကိုတိုင်းပြီး အဲဒီလူရဲ့အ ရပ်အမြင့်ကိုခန်းမှန်းတာမျိုးပေါ့။ တစ်ခါတော့ဝတ္တု တစ်အုပ်မှာ အဲဒီလိုနည်းတစ်ခုနဲ့ပတ်သက်ပြီးမေး မြန်းတော့ ဝတ္တုထဲကအဓိကဇာတ်ကောင်တစ်ဦးက အခုလိုပြောခဲ့တာကိုသတိရမိတယ်။
    ' မင်းတို့ကအင်္ဂလိပ်လိုရေးမှအထင်ကြီးတာကိုး၊ အဲဒီနည်းက ငါတို့ရဲ့ရှေးဟောင်းကျမ်းဂန်တွေမှာရှိပြီး သားတွေကွ '..တဲ့အခုလည်းခေါင်းဆောင်မှုဆိုတဲ့ Leadership နဲ့ပတ်သက်ပြီးရေးသားကြ၊ ပြောဆို ဟောကြလာတွေတွေ့ရတဲ့အခါ လောကနီတိပျို့ ထဲကအောက်ပါလင်္ကာကိုသတိရမိပါတယ်။
         စိတ်ထားရှည်စွာ၊ မြွကားဝါခြင်း
         မပြင်းဒေါသ၊ မာနမတူ
        ကျေးဇူးသိမြင်၊ ဂုဏ်အင်မပြိုင်
        ပြည်လှိုင်တင့်နိုး၊ ကိုယ်ကျိုးကိုသာ
        မရှာပေတတ်၊ သူ့အပြစ်ကို
        မှတ်တင်မထား၊ သူတစ်ပါးကို
        စော်ကားပြစ်တင်၊ မဆိုကြဉ်ရှောင်
        မကောင်းမှု၌၊ မကြိုက်မရွှင်
        ကောင်းမှုပြင်သူ၊ ကြည်လင်ဝမ်းသာ
        သည်းခံမှာလည်း၊ များစွာရှိသော်
        ခေါင်းဆောင်ကျော်။
    အဲဒီအလင်္ကာကိုဖတ်ရင်းခေါင်းဆောင် ကောင်းတစ်ယောက်ရဲ့အင်္ဂါရပ်တွေကိုတွေ့လိုက်ရ တယ်။ အဲဒါတွေကတော့အောက်ပါအတိုင်းဖြစ်ပါ တယ်။
    (၁) စိတ်ရှည်ခြင်း
    (၂) ြွကားဝါမှုမရှိခြင်း
    (၃) အမျက်ဒေါသပြင်းထန်မှုမရှိခြင်း
    (၄) မာန်မာနမရှိခြင်း
    (၅) သူတစ်ပါး၏ကျေးဇူးကိုသိခြင်း
    (၆) ဂုဏ်ပကာသနပြိုင်ဆိုင်မှုမရှိခြင်း
    (၇) ကိုယ်ကျိုးကိုမကြည့်ခြင်း
    (၈) သူတစ်ပါးအပြစ်ကိုအမှတ်အတေးမထားခြင်း
    (၉) သူတစ်ပါးကိုစော်ကားမှုမရှိခြင်း
    (၁၀) မကောင်းမှုကိုမနှစ်သက်ခြင်း
    (၁၁) အမှားသိ၍အမှန်ပြင်သူကိုဝမ်းမြောက် ဝမ်းသာရှိခြင်း
    (၁၂) သည်းခံမှုရှိခြင်း
    နာယကဂုဏ်ခြောက်ပါးကိုလည်းဖတ်ဖူး၊ မှတ်ဖူး၊ အမှတ်ကျက်ခဲ့ဖူးကြမှာပါ။ အဲဒါလည်းခေါင်း ဆောင်တွေနဲ့သက်ဆိုင်တဲ့အရည်အချင်းတွေဖြစ်ပါ တယ်။
    ထြွက၊ နိုးကြား
    သနား၊ သည်းခံ
    ဝေဖန်၊ ထောက်ရှု
    ဤခြောက်ခုကြီးသူကျင့်ဝတ်တာ။
    ခေါင်းဆောင်တစ်ဦးအနေနဲ့ထြွကခြင်းဆိုတဲ့ ဝီရိယရှိရပါမည်။ တစ်နည်းအားဖြင့်ဆိုရရင်အား ထုတ်မှုပေါ့။ နိုးကြားခြင်းဆိုတဲ့ သတိတစ်နည်းအား ဖြင့်ဆိုရရင်ကောင်းသောအရာမှာအမှတ်ရခြင်းရှိရ ပါမည်။ သနားခြင်းဆိုတဲ့ကရုဏာရှိရပါမယ်။ သည်းခံ ခြင်းဆိုတဲ့ အဒေါသထားရှိရပါမည်။ တစ်နည်းအား ဖြင့်ဆိုရရင်မခက်ထန်မှု၊ မကြမ်းတမ်းမှုပေါ့၊ ဝေဖန် ခြင၁်းဆိုတဲ့ဝိစာရသုံးသပ်မှုရှိရမှာဖြစ်တယ်။ ကြည့်ရှု ခြင်းဆိုတဲ့ပညာသဘောအမှန်ကိုထိုးထွင်းသိမှုရှိရပါ မယ်။
    အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်းကလည်းအခုလိုပြောကြားခဲ့ဖူးတယ်။
    ' ကျနော်တို့နိုင်ငံရေးလုပ်ကြတဲ့နေရာမှာ အထူးသဖြင့်ခေါင်းဆောင်လုပ်တဲ့သူဟာ နောက် လိုက်လူတွေထက်ပိုပြီးအမြင်ကျယ်ရမယ်။ စစ်တိုက် တဲ့နေရာမှာစစ်သားတွေနေရာတကာပြုလုပ်ပေမဲ့ စစ်ဗိုလ်ကစစ်သားလုပ်တိုင်းမဖြစ်ဘူး။ ခေါင်းဆောင် ဟာဟိုလူပြောဟုတ်နိုးနိုး၊ ဒီလူပြောဟုတ်နိုးနိုး ယောင်ချာချာလုပ်ရင်ခေါင်းဆောင်မဟုတ်ဘူး။'
    ခေါင်းဆောင်မှုနဲ့ပတ်သတ်ပြီးအဆင့် (၄) ဆင့် ရှိတယ်လို့လည်းမှတ်သားဖူးတယ်။ အဲဒါတွေကတော့ 
    (၁)အမိန့်နာခံတတ်ခြင်း
    (၂) မိမိကိုယ်ကိုပိုယုံကြည်မှုရှိအောင်ပျိုးထောင်  ခြင်း
    (၃) ကြောက်စိတ်ကိုချိုးနှိမ်နိုင်ခြင်း စိတ်ဖိစီးမှုများကိုထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း
    (၄) ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံအောင်ပျိုး ထောင်ခြင်း
    အမိန့်နားခံတတ်ခြင်းဆိုတာက နောက်လိုက် ကောင်းတစ်ယောက်ရဲ့အရည်အချင်းတစ်ခုဖြစ် တယ်။ နောက်လိုက်ကောင်းဖြစ်မှလည်းခေါင်း ဆောင်ကောင်းဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိအောင်လည်းပျိုးထောင်ဖို့လိုအပ် တယ်။ အလုပ်လုပ်တဲ့လူတိုင်းစိတ်ဖိစိးမှုကိုလည်း  ထိန်းသိမ်းဆောင်ရွက်နိုင်ရပါမယ်။ ကိုယ့်ကျင့်သိက္ခာ နဲ့ပြည့်စုံအောင်လည်းမိမိကိုယ်ကိုမိမိတည်ဆောက်ဖို့ လိုအပ်တယ်။
    ခေါင်းဆောင်ဆိုတာ ခန့်အပ်လို့မရပါဘူး။ ရာထူးအဆင့်အတန်းတစ်ခုကိုခန့်အပ်နိုင်တာဖြစ် တယ်။ အဲဒါကြောင့်ရာထူးအဆင့်အတန်းအရအကြီး အကဲဖြစ်လာသူဟာခေါင်းဆောင်ပီသအောင်ကြိုး စားဆောင်ရွက်နေရာမှာဖြစ်တယ်။ ကွပ်ကဲမှုဆိုတာ  ညွှန်ကြားရုံနဲ့ပြီးပြည့်စုံသွားတာမဟုတ်ပါဘူး။ အောက်ခြေအဆင့်ဆင့်မှာရှိတဲ့သူတွေ၊ ဝန်ထမ်းတွေ ကလိုက်နာအကောင်အထည်ဖော်မှပဲပြီးပြည့်စုံမှာ ဖြစ်တယ်။ အဲဒါကြောင့်အောက်ခြေကိုဆင်းကြည့် ဖို့လည်းလိုအပ်လိမ့်မယ်။
    ခေါင်းဆောင်တစ်ဦးအနေနဲ့ပြဿနာတွေကို ဖြေရှင်းဖို့ကြောက်ရွံထိတ်လန့်နေမယ်ဆိုရင်အခက် အခဲတွေမြောက်မြားစွာတွေ့လာနိုင်ပါတယ်။ ဖြစ်လာသမျှပြဿနာမှန်သမျှကိုဖြေရှင်းနိုင်တဲ့သူဆို တာကလည်းတစ်ဦးတစ်ယောက်မှမရှိပါဘူး။ အဲဒါကိုသတိပြုသင့်ပါတယ်။ ခေါင်းဆောင်တစ်ဦး အနေနဲ့ပြဿနာကိုရဲရဲရင့်ရင့်ရင်ဆိုင်ဖြေရှင်းဖို့ပဲလို  ပါတယ်။ ခေါင်းရှောင်နေ့ဖို့မဟုတ်ပါဘူး၊ သမိုင်းနဲ့ ယှဉ်ပြီးကြည့်ရင်ဘယ်သူမှအစဉ်အမြဲခေါင်းဆောင် ဖြစ်တာမဟုတ်ပါဘူး။ အဲဒီလိုပါပဲ၊ အမြဲတမ်းနောက် လိုက်ဖြစ်နေရမယ်လို့လည်းမဆိုလိုပါဘူး။ ခေါင်း ဆောင်မှုတာဝန်ကိုလက်ဆင့်ကမ်းယူနိုင်ဖို့ပဲလိုအပ် ပါတယ်။
    ခေါင်းဆောင်တစ်ဦးအနေနဲ့ဉာဏ်ပညာရှိဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ စာနာတတ်ရပါမယ်။ ရဲစွမ်းသတ္တိရှိဖို့လိုအပ်သလို စည်းကမ်းကိုလိုက်နာစောင့်ထိန်းတတ်ရပါမယ်။ အမှားထဲကနေ သင်ခန်းစာမယူတတ်တဲ့ခေါင်း ဆောင်တစ်ဦးအနေနဲ့ကျဆုံးမှုကိုရင်ဆိုင်ရတတ် တယ်။ ဆက်ဆံရေးမကောင်းမွန်ရင်လည်းခေါင်း ဆောင်မှုကျဆုံးတတ်တယ်။ အကြံသစ်၊ ဉာဏ်သစ်  တွေကိုလက်မခံနိုင်ရင်လည်းခေါင်းဆောင်ကောင်း မပီသပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသူဟာ ခေါင်းဆောင်မပီသပါဘူး။ တီထွင်ကြံဆပြီးမလုပ် ဆောင်တတ်ရင်လည်းခေါင်းဆောင်မပီသဘူး၊ ဝက်စ် ပွိုင့်စစ်တက္ကသိုလ်ကပညာရှင်တစ်ဦးဖြစ်တဲ့လင်ကွန်း အင်ဒရူးကယခုလိုဆိုဖူးပါတယ်။
    ' ခေါင်းဆောင်တွေဟာ သူ့နောက်လိုက်ငယ် သားတွေပြောတဲ့စကားကိုနားထောင်ဖို့အချိန်ပေးရ မယ်။ မိမိမှာအလုပ်များနေသယောင်ဟန်ဆောင်ပြီး ' အဲဒီအတွက်အချိန်မရဘူး' လို့ပြောရတာဟာ လွယ် ကူပါတယ်။ ဒါပေမဲ့ခေါင်းဆောင်ဟာ အဲဒီလို တစ်ကြိမ်လုပ်တိုင်းသူချစ်ခင်မြတ်နိုးရမယ့် သူတွေရဲ့ အသင်းအဖွဲ့ စိတ်ဓာတ်ကိုမြေမြှုပ်သဂြိုလ်မယ့်ခေါင်း တလားကို သံမှိုတစ်ချက်ရိုက်သွင်းသလိုဖြစ်ကြောင်း သတိပြုသင့်ပါတယ်။
    လူတိုင်းလူတိုင်းဟာ သူတို့ပတ်ဝန်းကျင်က လေးစားလာ၊ ဂရုပြုလာ၊ အသိအမှတ်ပြုလာတာကို ခံယူချင်ကြတယ်။ အဲဒါကိုခေါင်းဆောင်တစ်ဦးအ နေနဲ့သတိထားသင့်ပါတယ်။ အမေရိကန်ဗိုလ်ချုပ် ကြီးမာရှယ်ကဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်ဝါကို အခုလိုမေးဖူးတယ်။
    ' ခင်ဗျားရဲ့လက်အောက်ခံကတပ်မှူးအဖြစ် တာဝန်ပေးမယ့်အရာရှိတွေကိုဘယ်လိုအရည်အချင်း တွေအဓိကထားပြီးရွေးချယ်ပါသလဲ '
    ဗိုလ်ချုပ်ပြီးအိုက်ဆင်ဟောင်ဝါကအခုလို ပြောတယ်။
    ' ကိုယ်ကျိုးမငဲ့မှုကိုကြည့်ပြီးရွေးပါတယ် ' 
    ခေါင်းဆောင်တစ်ယောက်ဟာကိုယ့်လက် အောက်ကလူတွေရဲ့ပင်ကိုအရည်အသွေးကို လေ့လာဖို့လိုအပ်ပါတယ်။ ကိုယ့်လက်အောက်က ခေါင်းဆောင်ငယ်တွေကိုငယ်သားတွေထဲကနေရွေး ချယ်နိုင်ရပါမယ်။ အကြောင်းကတော့ထိပ်ဆုံးက ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ကိုယ့်လုပ်ငန်းခွင်ထဲက အသေးအမွှားပြဿနာတွေထဲမှာနစ်မြုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ်ကြီးကြပ်ကွပ်ကဲရတဲ့အဖွဲ့အစည်းအတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကိုအမြဲတမ်းသတိထား  ကြည့်ရှုနေဖို့လိုအပ်ပါတယ်။ ပြဿနာတစ်ခုကိုအ မှိုက်ကစပြီးပြဿဒ်မီးလောင်တဲ့အဖြစ်မျိုးဖြစ်မလာ အောင်တားဆီးနိုင်စွမ်းရှိဖို့လိုအပ်တယ်။
    ခေါင်းဆောင်တစ်ယောက်ကတစ်စုံတစ်ခုကို ညွှန်ကြားပြီးတဲ့နောက်မှာလက်တွေ့လိုက်နာဆောင် ရွက်မှုရှိမရှိကိုစစ်ဆေးဖို့လိုအပ်သလိုကိုယ်စီမံထား  တဲ့အတိုင်းဖြစ်လာရဲ့လားဆိုတာကိုလည်းစိစစ်နေရ မယ်။ လွဲမှားသွားရင် ဒါမှမဟုတ် အခြေအနေ ပြောင်းလဲသွားတယ်ဆိုရင်ချက်ချင်းသတိပြုမိဖို့လို အပ်သလိုလက်ငင်းအခြေအနေနဲ့ကိုက်ညီတဲ့ညွန် ကြားချက်တွေကိုလည်းပြင်ဆင်ပြောင်းလဲဖို့လိုအပ် ပါတယ်။
    ဖီးလ်မာရှယ်ဆာဝီလျှံဆလင်းက ခေါင်းဆောင် မှုနဲ့စီမံခန့်ခွဲမှုအကြားကွဲပြားခြားနားမှုကိုယခုလိုဖော် ညွှန်းခဲ့တယ်။
    ' ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုအကြားကွဲပြား ခြားနားချက်ရှိပါသည်။ ခေါင်းဆောင်မှုဆိုတာ ဝိညာဉ်တစ်ခုပါ။ ကိုယ်ရည်ကိုယ်သွေးနဲ့အနာဂတ် အမြင်တို့ကိုစုပေါင်းထားပါတယ်။ သူ့ရဲ့လက်တွေ့ ဆောင်ရွက်မှုကအနုပညာဆန်ပါတယ်။ စီမံခန့်ခွဲမှု ဆိုတာကတော့စိတ်နဲ့ဆိုင်ပါတယ်။ တွက်ချက်ခြင်း၊ နည်းလမ်းများ၊ အချိန်ဇယားများလုပ်ရိုးလုပ်စဉ် ဇယားတွေနဲ့ပိုဆိုင်ပါတယ်။ သူ့ရဲ့လက်တွေ့ဆောင် ရွက်မှုကိုသိပ္ပံဆန်တယ်ပေါ့။ '
    ဒီဆောင်းပါးရဲ့အစမှာလောကနီတိပျို့ထဲက လင်္ကာတစ်ပုဒ်နဲ့စခဲ့တယ်။ မြန်မာမှုနယ်ပယ်ထဲက ခေါင်းဆောင်ရဲ့အရည်အချင်းပြဆိုချက်တစ်ခုပေါ့၊ ဒီအပြင်နာယကဂုဏ်ခြောက်ပါးကိုလည်းဖော်ပြခဲ့ ပါသေးတယ်။ နာယကမဖြစ်ထိုက်သူ ၆ ဦးလည်း ရှိပါတယ်။ အဲဒါကတော့အောက်ပါလင်္ကာအတိုင်း ပါပဲ။
        ' ကဏန်း၊ ပုတ်သင်
         ကိုင်းပင်၊ လိပ်မျိုး
         နွားသိုး၊ ခွေးအ
         ဤခြောက်ဝ နာယကမဖြစ်ထိုက်။
    ကဏန်းလိုကန့်လန့်တိုက်သူတွေဟာခေါင်း  ဆောင်မဖြစ်ထိုက်ပါဘူး။ ပုတ်သင်လိုအရောင် ပြောင်းတတ်သူတွေဟာခေါင်းဆောင်မဖြစ်သင့်ပါ ဘူး။ ကိုင်းပင်လိုလေယူရာယိမ်းတတ်သူတွေဟာ ခေါင်းဆောင်မဖြစ်ထိုက်ပါဘူး။ လိပ်တွေလိုကိုယ့် ဘက်ကိုယ်ယက်တတ်သူတွေအနေနဲ့လည်းခေါင်း ဆောင်မဖြစ်ထိုက်ပါဘူး။ နွားသိုးလိုရှုးရှုးဒိုင်းဒိုင်း လုပ်တတ်သူတွေအနေနဲ့လည်းခေါင်းဆောင်မဖြစ် သင့်ပါဘူး၊ ခွေးအလိုကောက်ကျစ်ယုတ်မာသူတွေ အနေနဲ့လည်းခေါင်းဆောင်မဖြစ်သင့်ဘူး။
    ဟုတ်ကဲ့... ခေါင်းဆောင်ဖြစ်ထိုက်၊ မဖြစ် ထိုက်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ရော၊ တခြားသူ အပေါ်မှာပါဝေဖန်ဆန်းစစ်နိုင်ဖို့လိုပါတယ်။
အညွှန်း
- စစ်ဘက်ခေါင်းဆောင်မှုနှင့်စီးပွားစစ်သူကြီး
ရေးသူသန်းနိုင် (တေဇ ၇)


သူရထိုက်

+++++++++++++++++++++++++++++++++++++++++

ေခါင္းေဆာင္ျဖစ္ထိုက္၊ မျဖစ္ထိုက္

    မင္းသိခၤရဲ႕ဝတၱဳေတြဖတ္ခဲ့တဲ့အခ်ိန္တုန္းက သတိရမိတာေလးတစ္ခုရွိရဲ႕၊ ဆရာႀကီးမင္းသိခၤရဲ႕ ဝတၱဳေတြထဲမွာအတတ္ပညာပိုင္းနဲ႔ပတ္သက္တာတခ်ိဳ႕ ကိုထည့္သြင္းေရးသားခဲ့တာေတြရွိတယ္။ ဥပမာဆို ရင္လူတစ္ေယာက္ရဲ႕ေျခရာကိုတိုင္းၿပီး အဲဒီလူရဲ႕အ ရပ္အျမင့္ကိုခန္းမွန္းတာမ်ိဳးေပါ့။ တစ္ခါေတာ့ဝတၱဳ တစ္အုပ္မွာ အဲဒီလိုနည္းတစ္ခုနဲ႔ပတ္သက္ၿပီးေမး ျမန္းေတာ့ ဝတၱဳထဲကအဓိကဇာတ္ေကာင္တစ္ဦးက အခုလိုေျပာခဲ့တာကိုသတိရမိတယ္။
    ' မင္းတို႔ကအဂၤလိပ္လိုေရးမွအထင္ႀကီးတာကိုး၊ အဲဒီနည္းက ငါတို႔ရဲ႕ေရွးေဟာင္းက်မ္းဂန္ေတြမွာရွိၿပီး သားေတြကြ '..တဲ့အခုလည္းေခါင္းေဆာင္မႈဆိုတဲ့ Leadership နဲ႔ပတ္သက္ၿပီးေရးသားၾက၊ ေျပာဆို ေဟာၾကလာေတြေတြ႕ရတဲ့အခါ ေလာကနီတိပ်ိဳ႕ ထဲကေအာက္ပါလကၤာကိုသတိရမိပါတယ္။
         စိတ္ထားရွည္စြာ၊ ႁမြကားဝါျခင္း
         မျပင္းေဒါသ၊ မာနမတူ
        ေက်းဇူးသိျမင္၊ ဂုဏ္အင္မၿပိဳင္
        ျပည္လႈိင္တင့္ႏိုး၊ ကိုယ္က်ိဳးကိုသာ
        မရွာေပတတ္၊ သူ႔အျပစ္ကို
        မွတ္တင္မထား၊ သူတစ္ပါးကို
        ေစာ္ကားျပစ္တင္၊ မဆိုၾကဥ္ေရွာင္
        မေကာင္းမႈ၌၊ မႀကိဳက္မ႐ႊင္
        ေကာင္းမႈျပင္သူ၊ ၾကည္လင္ဝမ္းသာ
        သည္းခံမွာလည္း၊ မ်ားစြာရွိေသာ္
        ေခါင္းေဆာင္ေက်ာ္။
    အဲဒီအလကၤာကိုဖတ္ရင္းေခါင္းေဆာင္ ေကာင္းတစ္ေယာက္ရဲ႕အဂၤါရပ္ေတြကိုေတြ႕လိုက္ရ တယ္။ အဲဒါေတြကေတာ့ေအာက္ပါအတိုင္းျဖစ္ပါ တယ္။
    (၁) စိတ္ရွည္ျခင္း
    (၂) ျြကားဝါမႈမရွိျခင္း
    (၃) အမ်က္ေဒါသျပင္းထန္မႈမရွိျခင္း
    (၄) မာန္မာနမရွိျခင္း
    (၅) သူတစ္ပါး၏ေက်းဇူးကိုသိျခင္း
    (၆) ဂုဏ္ပကာသနၿပိဳင္ဆိုင္မႈမရွိျခင္း
    (၇) ကိုယ္က်ိဳးကိုမၾကည့္ျခင္း
    (၈) သူတစ္ပါးအျပစ္ကိုအမွတ္အေတးမထားျခင္း
    (၉) သူတစ္ပါးကိုေစာ္ကားမႈမရွိျခင္း
    (၁၀) မေကာင္းမႈကိုမႏွစ္သက္ျခင္း
    (၁၁) အမွားသိ၍အမွန္ျပင္သူကိုဝမ္းေျမာက္ ဝမ္းသာရွိျခင္း
    (၁၂) သည္းခံမႈရွိျခင္း
    နာယကဂုဏ္ေျခာက္ပါးကိုလည္းဖတ္ဖူး၊ မွတ္ဖူး၊ အမွတ္က်က္ခဲ့ဖူးၾကမွာပါ။ အဲဒါလည္းေခါင္း ေဆာင္ေတြနဲ႔သက္ဆိုင္တဲ့အရည္အခ်င္းေတြျဖစ္ပါ တယ္။
    ႂထြက၊ ႏိုးၾကား
    သနား၊ သည္းခံ
    ေဝဖန္၊ ေထာက္ရႈ
    ဤေျခာက္ခုႀကီးသူက်င့္ဝတ္တာ။
    ေခါင္းေဆာင္တစ္ဦးအေနနဲ႔ႂထြကျခင္းဆိုတဲ့ ဝီရိယရွိရပါမည္။ တစ္နည္းအားျဖင့္ဆိုရရင္အား ထုတ္မႈေပါ့။ ႏိုးၾကားျခင္းဆိုတဲ့ သတိတစ္နည္းအား ျဖင့္ဆိုရရင္ေကာင္းေသာအရာမွာအမွတ္ရျခင္းရွိရ ပါမည္။ သနားျခင္းဆိုတဲ့က႐ုဏာရွိရပါမယ္။ သည္းခံ ျခင္းဆိုတဲ့ အေဒါသထားရွိရပါမည္။ တစ္နည္းအား ျဖင့္ဆိုရရင္မခက္ထန္မႈ၊ မၾကမ္းတမ္းမႈေပါ့၊ ေဝဖန္ ျခင၁္းဆိုတဲ့ဝိစာရသုံးသပ္မႈရွိရမွာျဖစ္တယ္။ ၾကည့္ရႈ ျခင္းဆိုတဲ့ပညာသေဘာအမွန္ကိုထိုးထြင္းသိမႈရွိရပါ မယ္။
    အမ်ိဳးသားေခါင္းေဆာင္ႀကီးဗိုလ္ခ်ဳပ္ ေအာင္ဆန္းကလည္းအခုလိုေျပာၾကားခဲ့ဖူးတယ္။
    ' က်ေနာ္တို႔ႏိုင္ငံေရးလုပ္ၾကတဲ့ေနရာမွာ အထူးသျဖင့္ေခါင္းေဆာင္လုပ္တဲ့သူဟာ ေနာက္ လိုက္လူေတြထက္ပိုၿပီးအျမင္က်ယ္ရမယ္။ စစ္တိုက္ တဲ့ေနရာမွာစစ္သားေတြေနရာတကာျပဳလုပ္ေပမဲ့ စစ္ဗိုလ္ကစစ္သားလုပ္တိုင္းမျဖစ္ဘူး။ ေခါင္းေဆာင္ ဟာဟိုလူေျပာဟုတ္ႏိုးႏိုး၊ ဒီလူေျပာဟုတ္ႏိုးႏိုး ေယာင္ခ်ာခ်ာလုပ္ရင္ေခါင္းေဆာင္မဟုတ္ဘူး။'
    ေခါင္းေဆာင္မႈနဲ႔ပတ္သတ္ၿပီးအဆင့္ (၄) ဆင့္ ရွိတယ္လို႔လည္းမွတ္သားဖူးတယ္။ အဲဒါေတြကေတာ့ 
    (၁)အမိန႔္နာခံတတ္ျခင္း
    (၂) မိမိကိုယ္ကိုပိုယုံၾကည္မႈရွိေအာင္ပ်ိဳးေထာင္             ျခင္း
    (၃) ေၾကာက္စိတ္ကိုခ်ိဳးႏွိမ္ႏိုင္ျခင္း စိတ္ဖိစီးမႈ             မ်ားကိုထိန္းသိမ္းေဆာင္႐ြက္ႏိုင္ျခင္း
    (၄) ကိုယ္က်င့္သိကၡာႏွင့္ျပည့္စုံေအာင္ပ်ိဳး ေထာင္ျခင္း
    အမိန႔္နားခံတတ္ျခင္းဆိုတာက ေနာက္လိုက္ ေကာင္းတစ္ေယာက္ရဲ႕အရည္အခ်င္းတစ္ခုျဖစ္ တယ္။ ေနာက္လိုက္ေကာင္းျဖစ္မွလည္းေခါင္း ေဆာင္ေကာင္းျဖစ္ႏိုင္တယ္ေလ။ ဒါေပမဲ့ကိုယ့္ကိုယ္ ကိုယ္ယုံၾကည္မႈရွိေအာင္လည္းပ်ိဳးေထာင္ဖို႔လိုအပ္ တယ္။ အလုပ္လုပ္တဲ့လူတိုင္းစိတ္ဖိစိးမႈကိုလည္း  ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ရပါမယ္။ ကိုယ့္က်င့္သိကၡာ နဲ႔ျပည့္စုံေအာင္လည္းမိမိကိုယ္ကိုမိမိတည္ေဆာက္ဖို႔ လိုအပ္တယ္။
    ေခါင္းေဆာင္ဆိုတာ ခန႔္အပ္လို႔မရပါဘူး။ ရာထူးအဆင့္အတန္းတစ္ခုကိုခန႔္အပ္ႏိုင္တာျဖစ္ တယ္။ အဲဒါေၾကာင့္ရာထူးအဆင့္အတန္းအရအႀကီး အကဲျဖစ္လာသူဟာေခါင္းေဆာင္ပီသေအာင္ႀကိဳး စားေဆာင္႐ြက္ေနရာမွာျဖစ္တယ္။ ကြပ္ကဲမႈဆိုတာ  ၫႊန္ၾကား႐ုံနဲ႔ၿပီးျပည့္စုံသြားတာမဟုတ္ပါဘူး။ ေအာက္ေျခအဆင့္ဆင့္မွာရွိတဲ့သူေတြ၊ ဝန္ထမ္းေတြ ကလိုက္နာအေကာင္အထည္ေဖာ္မွပဲၿပီးျပည့္စုံမွာ ျဖစ္တယ္။ အဲဒါေၾကာင့္ေအာက္ေျခကိုဆင္းၾကည့္ ဖို႔လည္းလိုအပ္လိမ့္မယ္။
    ေခါင္းေဆာင္တစ္ဦးအေနနဲ႔ျပႆနာေတြကို ေျဖရွင္းဖို႔ေၾကာက္႐ြံထိတ္လန႔္ေနမယ္ဆိုရင္အခက္ အခဲေတြေျမာက္ျမားစြာေတြ႕လာႏိုင္ပါတယ္။ ျဖစ္လာသမွ်ျပႆနာမွန္သမွ်ကိုေျဖရွင္းႏိုင္တဲ့သူဆို တာကလည္းတစ္ဦးတစ္ေယာက္မွမရွိပါဘူး။ အဲဒါကိုသတိျပဳသင့္ပါတယ္။ ေခါင္းေဆာင္တစ္ဦး အေနနဲ႔ျပႆနာကိုရဲရဲရင့္ရင့္ရင္ဆိုင္ေျဖရွင္းဖို႔ပဲလို  ပါတယ္။ ေခါင္းေရွာင္ေန႔ဖို႔မဟုတ္ပါဘူး၊ သမိုင္းနဲ႔ ယွဥ္ၿပီးၾကည့္ရင္ဘယ္သူမွအစဥ္အၿမဲေခါင္းေဆာင္ ျဖစ္တာမဟုတ္ပါဘူး။ အဲဒီလိုပါပဲ၊ အၿမဲတမ္းေနာက္ လိုက္ျဖစ္ေနရမယ္လို႔လည္းမဆိုလိုပါဘူး။ ေခါင္း ေဆာင္မႈတာဝန္ကိုလက္ဆင့္ကမ္းယူႏိုင္ဖို႔ပဲလိုအပ္ ပါတယ္။
    ေခါင္းေဆာင္တစ္ဦးအေနနဲ႔ဉာဏ္ပညာရွိဖို႔ လိုအပ္ပါတယ္။ ယုံၾကည္မႈရွိဖို႔လိုအပ္ပါတယ္။ စာနာတတ္ရပါမယ္။ ရဲစြမ္းသတၱိရွိဖို႔လိုအပ္သလို စည္းကမ္းကိုလိုက္နာေစာင့္ထိန္းတတ္ရပါမယ္။ အမွားထဲကေန သင္ခန္းစာမယူတတ္တဲ့ေခါင္း ေဆာင္တစ္ဦးအေနနဲ႔က်ဆုံးမႈကိုရင္ဆိုင္ရတတ္ တယ္။ ဆက္ဆံေရးမေကာင္းမြန္ရင္လည္းေခါင္း ေဆာင္မႈက်ဆုံးတတ္တယ္။ အႀကံသစ္၊ ဉာဏ္သစ္  ေတြကိုလက္မခံႏိုင္ရင္လည္းေခါင္းေဆာင္ေကာင္း မပီသပါဘူး။ တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိသူဟာ ေခါင္းေဆာင္မပီသပါဘူး။ တီထြင္ႀကံဆၿပီးမလုပ္ ေဆာင္တတ္ရင္လည္းေခါင္းေဆာင္မပီသဘူး၊ ဝက္စ္ ပြိဳင့္စစ္တကၠသိုလ္ကပညာရွင္တစ္ဦးျဖစ္တဲ့လင္ကြန္း အင္ဒ႐ူးကယခုလိုဆိုဖူးပါတယ္။
    ' ေခါင္းေဆာင္ေတြဟာ သူ႔ေနာက္လိုက္ငယ္ သားေတြေျပာတဲ့စကားကိုနားေထာင္ဖို႔အခ်ိန္ေပးရ မယ္။ မိမိမွာအလုပ္မ်ားေနသေယာင္ဟန္ေဆာင္ၿပီး ' အဲဒီအတြက္အခ်ိန္မရဘူး' လို႔ေျပာရတာဟာ လြယ္ ကူပါတယ္။ ဒါေပမဲ့ေခါင္းေဆာင္ဟာ အဲဒီလို တစ္ႀကိမ္လုပ္တိုင္းသူခ်စ္ခင္ျမတ္ႏိုးရမယ့္ သူေတြရဲ႕ အသင္းအဖြဲ႕ စိတ္ဓာတ္ကိုေျမျမႇဳပ္သၿဂိဳလ္မယ့္ေခါင္း တလားကို သံမႈိတစ္ခ်က္႐ိုက္သြင္းသလိုျဖစ္ေၾကာင္း သတိျပဳသင့္ပါတယ္။
    လူတိုင္းလူတိုင္းဟာ သူတို႔ပတ္ဝန္းက်င္က ေလးစားလာ၊ ဂ႐ုျပဳလာ၊ အသိအမွတ္ျပဳလာတာကို ခံယူခ်င္ၾကတယ္။ အဲဒါကိုေခါင္းေဆာင္တစ္ဦးအ ေနနဲ႔သတိထားသင့္ပါတယ္။ အေမရိကန္ဗိုလ္ခ်ဳပ္ ႀကီးမာရွယ္ကဗိုလ္ခ်ဳပ္ႀကီးအိုက္ဆင္ေဟာင္ဝါကို အခုလိုေမးဖူးတယ္။
    ' ခင္ဗ်ားရဲ႕လက္ေအာက္ခံကတပ္မႉးအျဖစ္ တာဝန္ေပးမယ့္အရာရွိေတြကိုဘယ္လိုအရည္အခ်င္း ေတြအဓိကထားၿပီးေ႐ြးခ်ယ္ပါသလဲ '
    ဗိုလ္ခ်ဳပ္ၿပီးအိုက္ဆင္ေဟာင္ဝါကအခုလို ေျပာတယ္။
    ' ကိုယ္က်ိဳးမငဲ့မႈကိုၾကည့္ၿပီးေ႐ြးပါတယ္ ' 
    ေခါင္းေဆာင္တစ္ေယာက္ဟာကိုယ့္လက္ ေအာက္ကလူေတြရဲ႕ပင္ကိုအရည္အေသြးကို ေလ့လာဖို႔လိုအပ္ပါတယ္။ ကိုယ့္လက္ေအာက္က ေခါင္းေဆာင္ငယ္ေတြကိုငယ္သားေတြထဲကေနေ႐ြး ခ်ယ္ႏိုင္ရပါမယ္။ အေၾကာင္းကေတာ့ထိပ္ဆုံးက ပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ကိုယ့္လုပ္ငန္းခြင္ထဲက အေသးအမႊားျပႆနာေတြထဲမွာနစ္ျမဳပ္ေနတာမ်ိဳး မျဖစ္သင့္ပါဘူး။ ေခါင္းေဆာင္တစ္ေယာက္ဟာ ကိုယ္ႀကီးၾကပ္ကြပ္ကဲရတဲ့အဖြဲ႕အစည္းအတြင္းမွာ ဘာေတြျဖစ္ေနသလဲဆိုတာကိုအၿမဲတမ္းသတိထား  ၾကည့္ရႈေနဖို႔လိုအပ္ပါတယ္။ ျပႆနာတစ္ခုကိုအ မႈိက္ကစၿပီးျပႆဒ္မီးေလာင္တဲ့အျဖစ္မ်ိဳးျဖစ္မလာ ေအာင္တားဆီးႏိုင္စြမ္းရွိဖို႔လိုအပ္တယ္။
    ေခါင္းေဆာင္တစ္ေယာက္ကတစ္စုံတစ္ခုကို ၫႊန္ၾကားၿပီးတဲ့ေနာက္မွာလက္ေတြ႕လိုက္နာေဆာင္ ႐ြက္မႈရွိမရွိကိုစစ္ေဆးဖို႔လိုအပ္သလိုကိုယ္စီမံထား  တဲ့အတိုင္းျဖစ္လာရဲ႕လားဆိုတာကိုလည္းစိစစ္ေနရ မယ္။ လြဲမွားသြားရင္ ဒါမွမဟုတ္ အေျခအေန ေျပာင္းလဲသြားတယ္ဆိုရင္ခ်က္ခ်င္းသတိျပဳမိဖို႔လို အပ္သလိုလက္ငင္းအေျခအေနနဲ႔ကိုက္ညီတဲ့ၫြန္ ၾကားခ်က္ေတြကိုလည္းျပင္ဆင္ေျပာင္းလဲဖို႔လိုအပ္ ပါတယ္။
    ဖီးလ္မာရွယ္ဆာဝီလွ်ံဆလင္းက ေခါင္းေဆာင္ မႈနဲ႔စီမံခန႔္ခြဲမႈအၾကားကြဲျပားျခားနားမႈကိုယခုလိုေဖာ္ ၫႊန္းခဲ့တယ္။
    ' ေခါင္းေဆာင္မႈႏွင့္စီမံခန႔္ခြဲမႈအၾကားကြဲျပား ျခားနားခ်က္ရွိပါသည္။ ေခါင္းေဆာင္မႈဆိုတာ ဝိညာဥ္တစ္ခုပါ။ ကိုယ္ရည္ကိုယ္ေသြးနဲ႔အနာဂတ္ အျမင္တို႔ကိုစုေပါင္းထားပါတယ္။ သူ႔ရဲ႕လက္ေတြ႕ ေဆာင္႐ြက္မႈကအႏုပညာဆန္ပါတယ္။ စီမံခန႔္ခြဲမႈ ဆိုတာကေတာ့စိတ္နဲ႔ဆိုင္ပါတယ္။ တြက္ခ်က္ျခင္း၊ နည္းလမ္းမ်ား၊ အခ်ိန္ဇယားမ်ားလုပ္႐ိုးလုပ္စဥ္ ဇယားေတြနဲ႔ပိုဆိုင္ပါတယ္။ သူ႔ရဲ႕လက္ေတြ႕ေဆာင္ ႐ြက္မႈကိုသိပၸံဆန္တယ္ေပါ့။ '
    ဒီေဆာင္းပါးရဲ႕အစမွာေလာကနီတိပ်ိဳ႕ထဲက လကၤာတစ္ပုဒ္နဲ႔စခဲ့တယ္။ ျမန္မာမႈနယ္ပယ္ထဲက ေခါင္းေဆာင္ရဲ႕အရည္အခ်င္းျပဆိုခ်က္တစ္ခုေပါ့၊ ဒီအျပင္နာယကဂုဏ္ေျခာက္ပါးကိုလည္းေဖာ္ျပခဲ့ ပါေသးတယ္။ နာယကမျဖစ္ထိုက္သူ ၆ ဦးလည္း ရွိပါတယ္။ အဲဒါကေတာ့ေအာက္ပါလကၤာအတိုင္း ပါပဲ။
        ' ကဏန္း၊ ပုတ္သင္
         ကိုင္းပင္၊ လိပ္မ်ိဳး
         ႏြားသိုး၊ ေခြးအ
         ဤေျခာက္ဝ နာယကမျဖစ္ထိုက္။
    ကဏန္းလိုကန႔္လန႔္တိုက္သူေတြဟာေခါင္း  ေဆာင္မျဖစ္ထိုက္ပါဘူး။ ပုတ္သင္လိုအေရာင္ ေျပာင္းတတ္သူေတြဟာေခါင္းေဆာင္မျဖစ္သင့္ပါ ဘူး။ ကိုင္းပင္လိုေလယူရာယိမ္းတတ္သူေတြဟာ ေခါင္းေဆာင္မျဖစ္ထိုက္ပါဘူး။ လိပ္ေတြလိုကိုယ့္ ဘက္ကိုယ္ယက္တတ္သူေတြအေနနဲ႔လည္းေခါင္း ေဆာင္မျဖစ္ထိုက္ပါဘူး။ ႏြားသိုးလိုရႈးရႈးဒိုင္းဒိုင္း လုပ္တတ္သူေတြအေနနဲ႔လည္းေခါင္းေဆာင္မျဖစ္ သင့္ပါဘူး၊ ေခြးအလိုေကာက္က်စ္ယုတ္မာသူေတြ အေနနဲ႔လည္းေခါင္းေဆာင္မျဖစ္သင့္ဘူး။
    ဟုတ္ကဲ့... ေခါင္းေဆာင္ျဖစ္ထိုက္၊ မျဖစ္ ထိုက္ဆိုတာကို ကိုယ့္ကိုယ္ကိုယ္ေရာ၊ တျခားသူ အေပၚမွာပါေဝဖန္ဆန္းစစ္ႏိုင္ဖို႔လိုပါတယ္။
အၫႊန္း
- စစ္ဘက္ေခါင္းေဆာင္မႈႏွင့္စီးပြားစစ္သူႀကီး
ေရးသူသန္းႏိုင္ (ေတဇ ၇)


သူရထိုက္

Previous Next