02 Dec, 2019
ဘယ်လိုအခြေအနေတွေကြောင့် အကောင့်ဟက်ခ်ခံရနိုင်သလဲ

    ဆိုက်ဘာလုံခြုံရေးတွေက ဘယ်လို အခြေ အနေမှာ ကျိုးပေါက်နိုင်သလဲ။ ကိုယ့်ရဲ့ဘဏ် အကောင့်တွေ၊ အီးမေးလ်အကောင့်တွေ၊ လူမှုကွန် ရက်အကောင့်တွေက အကြောင်းအမျိုးမျိုးကြောင့် တိုက်ခိုက်ခံရနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုး တွေမှာ တစ်ဖက်လူကကိုယ့်အကောင့်တွေကို လွယ်လွယ်ကူကူဟက်ခ်နိုင်မလဲဆိုတာ ဖော်ပြပေး ချင်ပါတယ်။ ဒီအချက်တွေဖတ်ပြီး သတိထားနိုင် စေဖို့၊ ကိုယ့်ရဲ့အကောင့်တွေကိုလုံခြုံစွာအသုံးပြုနိုင် စေဖို့ ရည်ရွယ်ပါတယ်။


လင့်ခ်တွေပို့တာ
    ကိုယ်မသိတဲ့လင့်ခ်တွေ၊ အကြောင်းအရာ တွေကိုတွေ့တဲ့အခါ ဝင်မကြည့်မိစေဖို့လိုပါတယ်။ တစ်ခါတလေမှာ ကိုယ်စိတ်ဝင်စားတတ်တဲ့အရာနဲ့ မျှားတတ်ပါတယ်။ ဥပမာကိုယ်ကကြောင်ကလေး တွေချစ်တတ်သူဆိုရင် ကြောင်ပုံလေးပါတဲ့လင့်ခ် ကိုပို့ပြီး အဲဒီလင့်ခ်ကို မနှိပ်မိနှိပ်မိအောင် ကြိုးစား ပြီး ဟက်ခ်ဖို့ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့လင့်ခ်တွေပို့ပြီး ဒါတွေကိုနှိပ်ပါ၊ ကံစမ်း မဲပေါက်လို့ ဒီလင့်ခ်ကိုနှိပ်ပြီးရယူနိုင်ပါတယ်ဆိုတာ မျိုးတွေကိုသတိထားပါ။ ဒါတွေက သင့်ရဲ့အ ကောင့်ကိုရယူဖို့ကြိုးစားနည်းတစ်မျိုးပါပဲ။ 


မသင်္ကာဖွယ်အီးမေးလ်တွေ၊ ဖုန်းကောလ်တွေနဲ့ ဆက်သွယ်လာတာ
    ကနေ့ခေတ်ဟက်ခ်ကာတွေအသုံးပြုတဲ့ နည်းလမ်းတစ်ခုကတော့ ဖုန်းခေါ်တာတွေ၊ အီး မေးလ်ပို့တာတွေပါဝင်ပါတယ်။ ဥပမာပြောရရင် ကိုယ်မသိတဲ့နံပါတ်တစ်ခုကနေ ဘဏ်ကနေဖုန်း ဆက်တာပါဆိုပြီး ကိုယ့်ရဲ့အချက်အလက်တွေ၊ အကောင့်နံပါတ်တွေမေးမြန်းတာမျိုးတွေပါ။ သူတို့ ကတော့ လုံခြုံရေးအဆင့်မြှင့်တင်ဖို့အတွက် တောင်းတာပါဆိုပြီး အကြောင်းပြချက်အမျိုးမျိုး ပြလေ့ရှိကြပါတယ်။ နောက်တစ်ချက်ကတော့ အီးမေးလ်ကနေ ကိုယ့်ငွေစုနေကျဘဏ်ရဲ့လင့်ခ် တွေပေးပို့ပြီး လျှို့ဝှက်နံပါတ်တွေ၊ အသုံးပြုတဲ့နာ မည်တွေတောင်းတာမျိုးပါ။ တကယ်တော့ သင် အသုံးပြုနေတဲ့ ဘဏ်ရဲ့ဝက်ဘ်ဆိုက်အစစ်မဟုတ် ပါဘူး။ ဒါတွေကိုသတိထားဖို့လိုပါတယ်။


လျှို့ဝှက်နံပါတ်တစ်ခုကိုပဲ အကောင့်အားလုံးမှာ အသုံးပြုတာ
    ဒါကအင်မတန်အန္တရာယ်ကြီးတဲ့ လုပ်ဆောင် ချက်ပါ။ ကိုယ့်ရဲ့ဘဏ်ကတ်တွေ၊ ဈေးဝယ်ကတ် တွေနဲ့ အီးမေးလ်၊ လူမှုကွန်ရက်အကောင့်တွေမှာ တူညီတဲ့လျှို့ဝှက်နံပါတ်တွေပေးတာမျိုးမလုပ်သင့် ပါဘူး။ ဒါက ဟက်ခ်ကာတွေအတွက် အားသာ ချက်ဖြစ်စေပါတယ်။ ဒါကြောင့် လျှို့ဝှက်နံပါတ် အသုံးပြုမယ်ဆိုရင် တစ်ခုနဲ့တစ်ခုတူညီစွာမထား ဖို့လိုပါတယ်။ ဒီအချက်က ကိုယ့်ရဲ့ဆိုက်ဘာလုံခြုံ မှုကို အလွယ်တကူချိုးပေါက်စေနိုင်ပါတယ်။ 


မသင်္ကာစရာကောင်းတဲ့အီးမေးလ်တွေကို ျွနစူပ ပြန်တာ
    တစ်ခါတလေမှာ ဒီလိုအီးမေးလ်တွေက ကိုယ့်ရဲ့အရင်းအနှီးဆုံးလူတွေရဲ့အီးမေးလ်လိပ် စာနဲ့လာတတ်ပါတယ်။ ဒီလိုအီးမေးလ်တွေကို ပြန်ဖြေတာမျိုးက အလွန်ပဲအန္တရာယ်များပါတယ်။ နောက်တစ်ချက်က ဘဏ်ကပါဆိုပြီးအီးမေးလ် တွေဝင်လာပြီး သင့်ရဲ့အကောင့်လုံခြုံရေးအတွက် လျှို့ဝှက်နံပါတ်တွေ အခုပါလာတဲ့လင့်ခ်မှာ ပြန်နှိပ် ပေးပါဆိုတာမျိုးတွေကို မလုပ်မိစေဖို့လိုပါတယ်။ ဒါတွေက ကိုယ့်ရဲ့အကောင့်ကိုဟက်ခ်တာမျိုး အများဆုံးဖြစ်နိုင်ချေရှိပါတယ်။ 


ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်က အားနည်းတာ
    လျှို့ဝှက်နံပါတ်ပေးတဲ့အခါ စာသားချည်းပဲ မဟုတ်ဘဲ ဂဏန်းတွေ၊ သင်္ကေတတွေပါဝင်သင့်ပါ တယ်။ နောက်တစ်ချက်ကတော့ လျှို့ဝှက်နံပါတ် ကိုတိုတိုလေး မပေးသင့်ပါဘူး။ ၁၂၃၄၅၅ဆိုတဲ့ ယေဘုယျဆန်တာမျိုး၊ ခန့်မှန်းလွယ်တဲ့ မွေးနေ့ မှတ်ပုံတင်နံပါတ်၊ ကျောင်းသားကတ်နံပါတ်၊ အိမ်နံပါတ်၊ ကားနံပါတ်စတာတွေလည်း မပေး သင့်ပါဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေ တစ်ခုမှမပါလေ၊ သင့်ရဲ့လျှို့ဝှက်နံပါတ်က လုံခြုံ လေပါပဲ။ လျှို့ဝှက်နံပါတ်ပေးတဲ့အခါ အများစု ခန့်မှန်းလို့လွယ်တာမျိုး၊ လျှို့ဝှက်နံပါတ်ကတိုလွန်း တာမျိုးမပေးသင့်ပါဘူး။ 


ဆော့ဝဲလ်တွေ၊ လုပ်ဆောင်တဲ့စနစ်တွေကို Update မလုပ်တာ
    ဆော့ဝဲလ်တွေ၊ ဖုန်းတွေ၊ ကွန်ပျူတာကလုပ် ဆောင်ချက်စနစ်တွေကို Update မလုပ်တာက လည်း အလွယ်တကူဟက်ခ်နိုင်တဲ့အခွင့်အရေးဖြစ် ပါတယ်။ အဆင့်မြှင့်ထားတဲ့ version မဟုတ်ရင် လည်း ဟက်ခ်ကာသမားတွေရဲ့တိုက်ခိုက်ရဖို့ အခွင့်အလမ်းများပါတယ်။ 


ကော်ဖီဆိုင်တွေမှာ ကွန်ပျူတာသုံးနေရင်းနဲ့ ထားခဲ့ပြီး ဟိုနားဒီနားသွားတာ
    ကော်ဖီဆိုင်တွေမှာ အေးအေးဆေးဆေး ကွန်ပျူတာတစ်လုံးနဲ့အလုပ်လုပ်ရတာကအဆင် ပြေပါတယ်။ အဆင်မပြေတာက အပေါ့အပါး သွားတဲ့အခါပဲဖြစ်ဖြစ်၊ ဖုန်းထွက်ပြောတဲ့အခါပဲ ဖြစ်ဖြစ် ဟိုနားဒီနားထသွားတဲ့အခါ ကိုယ့်ရဲ့အ ကောင့်တွေကို log out လုပ်ခဲ့ဖို့ပါပဲ။ ဒါမှမဟုတ် ရင်လည်း ကိုယ့်ရဲ့ကွန်ပျူတာကို လော့ခ်ချခဲ့ဖို့ မမေ့ပါနဲ့။ တစ်ခါတလေမှာ အရေးတကြီးကိစ္စ တစ်ခုကြောင့် ဖုန်းထွက်ပြောပြီး ကွန်ပျူတာနား မှာအရေးကြီးစာရွက်စာတမ်းတွေ၊ အချက်အလက် တွေမှတ်ထားတဲ့ မှတ်စုစာအုပ်တွေစတာမျိုးတွေ လည်း မချန်ခဲ့ဖို့လိုပါတယ်။ 


မိုဘိုင်းဘဏ်စနစ်လိုဟာမျိုးကို အများပြည်သူ သုံး ဝိုင်ဖိုင်မှာအသုံးပြုတာမျိုး
    ဒါတွေကမလုပ်သင့်ပါဘူးနော်။ အများပြည် သူသုံးဝိုင်ဖိုင်ကိုအသုံးပြုတဲ့အခါသတိထားရမယ့် အချက်တွေက ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်တွေ၊ အရေး ကြီးတဲ့အဆက်အသွယ်တွေ၊ ဘဏ်အကောင့်နံ ပါတ်နဲ့ပတ်စ်ဝက်ဒ်တွေကို အသုံးမပြုမိဖို့လိုပါ တယ်။ အများပြည်သူသုံးဝိုင်ဖိုင်က ဟက်ခ်ဖို့ အတွက်အကောင်းဆုံးကွန်ရက်တစ်ခုဖြစ်တာကို သတိချပ်စေချင်ပါတယ်။


သတိပေးချက်တွေကိုအလေးမထားတာ
    သင့်ရဲ့အကောင့်ကိုတော့ တခြားတစ် ယောက်က ဘယ်ကွန်ပျူတာ၊ ဖုန်းစတာတွေကို အသုံးပြုပြီး ဘယ်နှနာရီမှာဝင်သွားပါတယ်။ ဒါမှ မဟုတ်သင့်ရဲ့လျှို့ဝှက်နံပါတ်ကို အသစ်ပြန်လည် သတ်မှတ်ဖို့တောင်းဆိုထားပါတယ်၊ အဲဒါသင် ဟုတ်ပါသလား၊ မဟုတ်ဘူးဆိုရင်တော့ သင့်ရဲ့ အကောင့်ကိုပိုမိုလုံခြုံမှုရှိစေဖို့ လုပ်ဆောင်ပါဆို တာမျိုးပို့တဲ့မက်ဆေ့တွေကို အလေးအနက်ထား သင့်ပါတယ်။ 
Photos & Source - rd.com


တိုးတက်မေ

+++++++++++++++++++++++++++++++++++++++++++\

ဘယ္လိုအေျခအေနေတြေၾကာင့္ အေကာင့္ဟက္ခ္ခံရႏိုင္သလဲ

 

    ဆိုက္ဘာလံုၿခံဳေရးေတြက ဘယ္လို အေျခ အေနမွာ က်ိဳးေပါက္ႏိုင္သလဲ။ ကိုယ့္ရဲ႕ဘဏ္ အေကာင့္ေတြ၊ အီးေမးလ္အေကာင့္ေတြ၊ လူမႈကြန္ ရက္အေကာင့္ေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တိုက္ခိုက္ခံရႏိုင္ပါတယ္။ ဘယ္လိုအေျခအေနမ်ိဳး ေတြမွာ တစ္ဖက္လူကကိုယ့္အေကာင့္ေတြကို လြယ္လြယ္ကူကူဟက္ခ္ႏိုင္မလဲဆိုတာ ေဖာ္ျပေပး ခ်င္ပါတယ္။ ဒီအခ်က္ေတြဖတ္ၿပီး သတိထားႏိုင္ ေစဖို႔၊ ကိုယ့္ရဲ႕အေကာင့္ေတြကိုလံုၿခံဳစြာအသံုးျပဳႏိုင္ ေစဖို႔ ရည္ရြယ္ပါတယ္။


လင့္ခ္ေတြပို႔တာ
    ကိုယ္မသိတဲ့လင့္ခ္ေတြ၊ အေၾကာင္းအရာ ေတြကိုေတြ႔တဲ့အခါ ဝင္မၾကည့္မိေစဖို႔လိုပါတယ္။ တစ္ခါတေလမွာ ကိုယ္စိတ္ဝင္စားတတ္တဲ့အရာနဲ႔ မွ်ားတတ္ပါတယ္။ ဥပမာကိုယ္ကေၾကာင္ကေလး ေတြခ်စ္တတ္သူဆိုရင္ ေၾကာင္ပံုေလးပါတဲ့လင့္ခ္ ကိုပို႔ၿပီး အဲဒီလင့္ခ္ကို မႏွိပ္မိႏွိပ္မိေအာင္ ႀကိဳးစား ၿပီး ဟက္ခ္ဖို႔ႀကိဳးစားတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္မသိတဲ့လင့္ခ္ေတြပို႔ၿပီး ဒါေတြကိုႏွိပ္ပါ၊ ကံစမ္း မဲေပါက္လို႔ ဒီလင့္ခ္ကိုႏွိပ္ၿပီးရယူႏိုင္ပါတယ္ဆိုတာ မ်ိဳးေတြကိုသတိထားပါ။ ဒါေတြက သင့္ရဲ႕အ ေကာင့္ကိုရယူဖို႔ႀကိဳးစားနည္းတစ္မ်ိဳးပါပဲ။ 


မသကၤာဖြယ္အီးေမးလ္ေတြ၊ ဖုန္းေကာလ္ေတြနဲ႔ ဆက္သြယ္လာတာ
    ကေန႔ေခတ္ဟက္ခ္ကာေတြအသံုးျပဳတဲ့ နည္းလမ္းတစ္ခုကေတာ့ ဖုန္းေခၚတာေတြ၊ အီး ေမးလ္ပို႔တာေတြပါဝင္ပါတယ္။ ဥပမာေျပာရရင္ ကိုယ္မသိတဲ့နံပါတ္တစ္ခုကေန ဘဏ္ကေနဖုန္း ဆက္တာပါဆိုၿပီး ကိုယ့္ရဲ႕အခ်က္အလက္ေတြ၊ အေကာင့္နံပါတ္ေတြေမးျမန္းတာမ်ိဳးေတြပါ။ သူတို႔ ကေတာ့ လံုၿခံဳေရးအဆင့္ျမႇင့္တင္ဖို႔အတြက္ ေတာင္းတာပါဆိုၿပီး အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳး ျပေလ့ရွိၾကပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အီးေမးလ္ကေန ကိုယ့္ေငြစုေနက်ဘဏ္ရဲ႕လင့္ခ္ ေတြေပးပို႔ၿပီး လွ်ိဳ႕ဝွက္နံပါတ္ေတြ၊ အသံုးျပဳတဲ့နာ မည္ေတြေတာင္းတာမ်ိဳးပါ။ တကယ္ေတာ့ သင္ အသံုးျပဳေနတဲ့ ဘဏ္ရဲ႕ဝက္ဘ္ဆိုက္အစစ္မဟုတ္ ပါဘူး။ ဒါေတြကိုသတိထားဖို႔လိုပါတယ္။


လွ်ိဳ႕ဝွက္နံပါတ္တစ္ခုကိုပဲ အေကာင့္အားလံုးမွာ အသံုးျပဳတာ
    ဒါကအင္မတန္အႏၱရာယ္ႀကီးတဲ့ လုပ္ေဆာင္ ခ်က္ပါ။ ကိုယ့္ရဲ႕ဘဏ္ကတ္ေတြ၊ ေဈးဝယ္ကတ္ ေတြနဲ႔ အီးေမးလ္၊ လူမႈကြန္ရက္အေကာင့္ေတြမွာ တူညီတဲ့လွ်ိဳ႕ဝွက္နံပါတ္ေတြေပးတာမ်ိဳးမလုပ္သင့္ ပါဘူး။ ဒါက ဟက္ခ္ကာေတြအတြက္ အားသာ ခ်က္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ လွ်ိဳ႕ဝွက္နံပါတ္ အသံုးျပဳမယ္ဆိုရင္ တစ္ခုနဲ႔တစ္ခုတူညီစြာမထား ဖို႔လိုပါတယ္။ ဒီအခ်က္က ကိုယ့္ရဲ႕ဆိုက္ဘာလံုၿခံဳ မႈကို အလြယ္တကူခ်ိဳးေပါက္ေစႏိုင္ပါတယ္။ 


မသကၤာစရာေကာင္းတဲ့အီးေမးလ္ေတြကို ြ်နစူပ ျပန္တာ
    တစ္ခါတေလမွာ ဒီလိုအီးေမးလ္ေတြက ကိုယ့္ရဲ႕အရင္းအႏွီးဆံုးလူေတြရဲ႕အီးေမးလ္လိပ္ စာနဲ႔လာတတ္ပါတယ္။ ဒီလိုအီးေမးလ္ေတြကို ျပန္ေျဖတာမ်ိဳးက အလြန္ပဲအႏၱရာယ္မ်ားပါတယ္။ ေနာက္တစ္ခ်က္က ဘဏ္ကပါဆိုၿပီးအီးေမးလ္ ေတြဝင္လာၿပီး သင့္ရဲ႕အေကာင့္လံုၿခံဳေရးအတြက္ လွ်ိဳ႕ဝွက္နံပါတ္ေတြ အခုပါလာတဲ့လင့္ခ္မွာ ျပန္ႏွိပ္ ေပးပါဆိုတာမ်ိဳးေတြကို မလုပ္မိေစဖို႔လိုပါတယ္။ ဒါေတြက ကိုယ့္ရဲ႕အေကာင့္ကိုဟက္ခ္တာမ်ိဳး အမ်ားဆံုးျဖစ္ႏိုင္ေခ်ရွိပါတယ္။ 


ကိုယ့္ရဲ႕လွ်ိဳ႕ဝွက္နံပါတ္က အားနည္းတာ
    လွ်ိဳ႕ဝွက္နံပါတ္ေပးတဲ့အခါ စာသားခ်ည္းပဲ မဟုတ္ဘဲ ဂဏန္းေတြ၊ သေကၤတေတြပါဝင္သင့္ပါ တယ္။ ေနာက္တစ္ခ်က္ကေတာ့ လွ်ိဳ႕ဝွက္နံပါတ္ ကိုတိုတိုေလး မေပးသင့္ပါဘူး။ ၁၂၃၄၅၅ဆိုတဲ့ ေယဘုယ်ဆန္တာမ်ိဳး၊ ခန္႔မွန္းလြယ္တဲ့ ေမြးေန႔ မွတ္ပံုတင္နံပါတ္၊ ေက်ာင္းသားကတ္နံပါတ္၊ အိမ္နံပါတ္၊ ကားနံပါတ္စတာေတြလည္း မေပး သင့္ပါဘူး။ ကိုယ့္ရဲ႕ကိုယ္ပိုင္အခ်က္အလက္ေတြ တစ္ခုမွမပါေလ၊ သင့္ရဲ႕လွ်ိဳ႕ဝွက္နံပါတ္က လံုၿခံဳ ေလပါပဲ။ လွ်ိဳ႕ဝွက္နံပါတ္ေပးတဲ့အခါ အမ်ားစု ခန္႔မွန္းလို႔လြယ္တာမ်ိဳး၊ လွ်ိဳ႕ဝွက္နံပါတ္ကတိုလြန္း တာမ်ိဳးမေပးသင့္ပါဘူး။ 


ေဆာ့ဝဲလ္ေတြ၊ လုပ္ေဆာင္တဲ့စနစ္ေတြကို Update မလုပ္တာ
    ေဆာ့ဝဲလ္ေတြ၊ ဖုန္းေတြ၊ ကြန္ပ်ဴတာကလုပ္ ေဆာင္ခ်က္စနစ္ေတြကို Update မလုပ္တာက လည္း အလြယ္တကူဟက္ခ္ႏိုင္တဲ့အခြင့္အေရးျဖစ္ ပါတယ္။ အဆင့္ျမႇင့္ထားတဲ့ version မဟုတ္ရင္ လည္း ဟက္ခ္ကာသမားေတြရဲ႕တိုက္ခိုက္ရဖို႔ အခြင့္အလမ္းမ်ားပါတယ္။ 


ေကာ္ဖီဆိုင္ေတြမွာ ကြန္ပ်ဴတာသံုးေနရင္းနဲ႔ ထားခဲ့ၿပီး ဟိုနားဒီနားသြားတာ
    ေကာ္ဖီဆိုင္ေတြမွာ ေအးေအးေဆးေဆး ကြန္ပ်ဴတာတစ္လံုးနဲ႔အလုပ္လုပ္ရတာကအဆင္ ေျပပါတယ္။ အဆင္မေျပတာက အေပါ့အပါး သြားတဲ့အခါပဲျဖစ္ျဖစ္၊ ဖုန္းထြက္ေျပာတဲ့အခါပဲ ျဖစ္ျဖစ္ ဟိုနားဒီနားထသြားတဲ့အခါ ကိုယ့္ရဲ႕အ ေကာင့္ေတြကို log out လုပ္ခဲ့ဖို႔ပါပဲ။ ဒါမွမဟုတ္ ရင္လည္း ကိုယ့္ရဲ႕ကြန္ပ်ဴတာကို ေလာ့ခ္ခ်ခဲ့ဖို႔ မေမ့ပါနဲ႔။ တစ္ခါတေလမွာ အေရးတႀကီးကိစၥ တစ္ခုေၾကာင့္ ဖုန္းထြက္ေျပာၿပီး ကြန္ပ်ဴတာနား မွာအေရးႀကီးစာရြက္စာတမ္းေတြ၊ အခ်က္အလက္ ေတြမွတ္ထားတဲ့ မွတ္စုစာအုပ္ေတြစတာမ်ိဳးေတြ လည္း မခ်န္ခဲ့ဖို႔လိုပါတယ္။ 


မိုဘိုင္းဘဏ္စနစ္လိုဟာမ်ိဳးကို အမ်ားျပည္သူ သံုး ဝိုင္ဖိုင္မွာအသံုးျပဳတာမ်ိဳး
    ဒါေတြကမလုပ္သင့္ပါဘူးေနာ္။ အမ်ားျပည္ သူသံုးဝိုင္ဖိုင္ကိုအသံုးျပဳတဲ့အခါသတိထားရမယ့္ အခ်က္ေတြက ကိုယ့္ရဲ႕လွ်ိဳ႕ဝွက္နံပါတ္ေတြ၊ အေရး ႀကီးတဲ့အဆက္အသြယ္ေတြ၊ ဘဏ္အေကာင့္နံ ပါတ္နဲ႔ပတ္စ္ဝက္ဒ္ေတြကို အသံုးမျပဳမိဖို႔လိုပါ တယ္။ အမ်ားျပည္သူသံုးဝိုင္ဖိုင္က ဟက္ခ္ဖို႔ အတြက္အေကာင္းဆံုးကြန္ရက္တစ္ခုျဖစ္တာကို သတိခ်ပ္ေစခ်င္ပါတယ္။


သတိေပးခ်က္ေတြကိုအေလးမထားတာ
    သင့္ရဲ႕အေကာင့္ကိုေတာ့ တျခားတစ္ ေယာက္က ဘယ္ကြန္ပ်ဴတာ၊ ဖုန္းစတာေတြကို အသံုးျပဳၿပီး ဘယ္ႏွနာရီမွာဝင္သြားပါတယ္။ ဒါမွ မဟုတ္သင့္ရဲ႕လွ်ိဳ႕ဝွက္နံပါတ္ကို အသစ္ျပန္လည္ သတ္မွတ္ဖို႔ေတာင္းဆိုထားပါတယ္၊ အဲဒါသင္ ဟုတ္ပါသလား၊ မဟုတ္ဘူးဆိုရင္ေတာ့ သင့္ရဲ႕ အေကာင့္ကိုပိုမိုလံုၿခံဳမႈရွိေစဖို႔ လုပ္ေဆာင္ပါဆို တာမ်ိဳးပို႔တဲ့မက္ေဆ့ေတြကို အေလးအနက္ထား သင့္ပါတယ္။ 


Photos & Source - rd.com
တိုးတက္ေမ

Previous Next