02 Dec, 2019
ဉာဏ်ရည်တုတွေက အလုပ်အကိုင်တွေကိုခြိမ်းခြောက်လာပြီလား

    အခုနောက်ပိုင်း AIဆိုတဲ့ ဉာဏ်ရည်တုက လုပ်ငန်းခွင်တွေမှာတော်တော်များများနေရာယူလာ ကြပါတယ်။ AIက (Artificial Intelligence)  ကိုဆိုလိုတာပဲဖြစ်ပါတယ်။ သဘာဝမှတ်ဉာဏ်မ ဟုတ်ဘဲ လူတွေဖန်တီးတီထွင်ထားတဲ့ ဉာဏ်ရည် တုပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ လူသားတွေ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေထဲမှာ ဒီဉာဏ် ရည်တုတွေက တဖြည်းဖြည်းဝင်ရောက်လာနေပါ တယ်။ ဒီဉာဏ်ရည်တုတွေက အလုပ်အကိုင်အခွင့် အလမ်းတွေရဲ့အခန်းကဏ္ဍကိုဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်မလဲ။ ဉာဏ် ရည်တုတွေက လူသားဝန်ထမ်းတွေအတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာ စောင့် ကြည့်ရမှာပါ။
ဘယ်လုပ်ငန်းတွေမှာ အသုံးပြုနေပြီလဲ
    AI ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Kai-Fu Lee  ကတော့ နောက် ၁၅နှစ်အတွင်းမှာ ဉာဏ် ရည်တုတွေက အလုပ်အကိုင်တွေရဲ့ ၄၀ရာခိုင်နှုန်း ကို ရယူနိုင်သွားနိုင်တယ်လို့ပြောဆိုထားပါတယ်။ စိတ်ဝင်စားစရာလည်းကောင်းသလို၊ လူသားဝန် ထမ်းတွေအတွက်လည်း စိုးရိမ်ပူပန်စရာပါပဲ။ ကိုယ့် ရဲ့အလုပ်အကိုင်က ဒီဉာဏ်ရည်တုတွေအစားထိုး လုပ်ကိုင်နိုင်တဲ့အလုပ်အကိုင်ဖြစ်မလား၊ ကိုယ် ဘယ်နေ့အလုပ်ပြုတ်မလဲဆိုတာက စဉ်းစားစရာ ကိစ္စဖြစ်လာပါတယ်။ 
    ဉာဏ်ရည်တုတွေက ဘဏ္ဍာရေးနဲ့ ငွေစာရင်း လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ မားကက်တင်း လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ၊ ကျန်းမာရေး လုပ်ငန်းတွေ၊ နည်းပညာလုပ်ငန်းတွေ၊ ပညာရေး လုပ်ငန်းတွေ၊HR ဌာနတွေစတဲ့လုပ်ငန်းတွေအထိ ဉာဏ်ရည်တုတွေနဲ့ အစားထိုးစပ်းသပ်လုပ်ဆောင် နေကြပြီဖြစ်ပါတယ်။HR ဌာနဆိုရင်လည်း လစာ တွက်တာကအစ၊ လစာတိုးတာအဆုံး AIှသ်အတမေန တွေအသုံးပြုပြီးလုပ်ဆောင်လာကြပါ တယ်။ အရင်က ဝန်ထမ်း ၁၀ယောက်ခန့်ရမယ့် နေရာမှာ ဝန်ထမ်း ငါးယောက်လောက်ပဲခန့်ထား လာကြပါတယ်။ ဒါက ဉာဏ်ရည်တုတွေပေါ်လာ တာကြောင့်လည်းဖြစ်ပါတယ်။ ဉာဏ်ရည်တုတွေ အသုံးပြုတာက လူသားဝန်ထမ်းတွေထက် အလုပ် ပိုပြီးတာကြောင့်လည်း ပါပါတယ်။ 
အကျိုးသက်ရောက်မှု
    ဒီတော့လူတွေနေရာမှာ ဉာဏ်ရည်တုတွေ ဖြစ်တဲ့ ဆော့ဝဲလ်တွေ၊ စက်ရုပ်တွေနဲ့တဖြည်းဖြည်း အစားထိုးလာတဲ့အတွက် လူသားဝန်ထမ်းတွေ အတွက်တော့ သူတို့ရဲ့အလုပ်အကိုင်တွေကိုဆုံးရှုံး ရနိုင်ပါတယ်။ အခုနောက်ပိုင်းစာရိုက်ရင်တောင်မှ စာလုံးပေါင်းမှားနေရင် မျဉ်းအနီနဲ့သတိပေးတာက AIနည်းပညာပါပဲ။ ဒီအချက်ကဘာကိုပြောနေ သလဲဆိုရင် နောက်ပိုင်းကျရင် စာလုံးပေါင်းသတ်ပုံ စစ်ရတဲ့သူတွေအလုပ်အကိုင်ဆုံးရှုံးလာနိုင်ပါတယ်။
    ခုနောက်ပိုင်း လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ် ဘွတ်ခ်မှာတောင်မှ မက်ဆင်ဂျာကနေ မေးခွန်း တွေကို ၂၄နာရီပတ်လုံး အချိန်မရွေး အလိုအ လျောက်ပြန်ဖြေပေးနေတာက ဒီဉာဏ်ရည်တုတွေ ပါပဲ။ လုပ်ငန်းရှင်တွေက စားသုံးသူတွေ၊ အလုပ် အပ်နှံသူတွေရဲ့မေးခွန်းတွေကို ပြန်လည်ဖြေဆိုဖို့ လူသားဝန်ထမ်းကို နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး အလုပ် သမားနှစ်ဆခန့်စရာမလိုတော့ပါဘူး။ ဒါကဉာဏ် ရည်တုတွေရဲ့အကျိုးကျေးဇူးပါ။ ဒါပေမဲ့တစ်ဖက် ကဝန်ထမ်းအနေနဲ့ကြည့်ရင်လည်း သူ့အတွက် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးရတာပါ။ 
    နောက်တစ်ချက်က အချက်အလက်တွေ ကိုစစ်တမ်းကောက်ယူတဲ့နေရာမှာ အရင်လိုဝန် ထမ်းတွေ အများကြီးခန့်ပြီး ကောက်ယူစရာမလို တော့ပါဘူး။ အွန်လိုင်းကနေပဲ AI နည်းပညာတွေ သုံးပြီး အသက်အရွယ်၊ ကျား၊မ အမျိုးအစားနဲ့ သူတို့စိတ်ဝင်စားတဲ့အရာတွေကို အလွယ်တကူပဲ သိနိုင်နေပါပြီ။ ကိုယ်ကအွန်လိုင်းကနေ ရွှေဆိုင် တစ်ဆိုင် ရှာကြည့်တယ်ဆိုပါစို့။ နောက်နေ့တွေမှာ ကိုယ့်ရဲ့ News Feed  မှာရွှေဆိုင်တွေအကြောင်း တွေပဲတက်လာတာမျိုး၊ အဝတ်အစားရှာတယ် ဆိုရင်လည်း အဝတ်အစားဆိုင်တွေအများအပြား တက်လာတာမျိုးကအစ ဒါတွေအားလုံးက ဉာဏ်ရည်တုတွေကိုအသုံးပြုပြီး လုပ်ဆောင်နေ တာပါ။ 
    အဓိကအချက်ကတော့လူတွေရဲ့အလုပ် အကိုင်တွေနေရာမှာ ဉာဏ်ရည်တုတွေကအစား ထိုးဝင်ရောက်လာတာကို လျစ်လျူရှုနေလို့မရ တော့ပါဘူး။ ကိုယ့်ရဲ့အလုပ်အကိုင်ကို ခြိမ်းခြောက် မှုတွေရှိနေပြီလားဆိုတာကို လေ့လာရတော့မယ့် အချိန်ပါပဲ၊ အွန်လိုင်းမှာ ဉာဏ်ရည်တုတွေက အစားထိုးဝင်ရောက်လုပ်ကိုင်မယ့် အလုပ်အကိုင် တွေလို့ရှာကြည့်လိုက်ရင်တွေ့နိုင်ပါတယ်။ နှစ် ပေါင်း နှစ်ဆယ်အတွင်း၊ နှစ်ပေါင်း ငါးဆယ်အ တွင်း ဘယ်အလုပ်အကိုင်တွေကို လူသားတွေ လက်ထဲကနေ ဉာဏ်ရည်တုတွေလက်ထဲရောက် ရှိသွားမလဲဆိုတာကို ရေးသားဖော်ပြလာကြပါ တယ်။
ဉာဏ်ရည်တုတွေ မလုပ်နိုင်တဲ့အရာကဘာလဲ
    ကံကောင်းတာတစ်ခုက ဉာဏ်ရည်တုတွေ မှာတစ်ခုအားနည်းချက်ရှိတာပါပဲ။ အရာအားလုံး ကိုလူသားတွေနည်းတူလုပ်နိုင်ပေမဲ့ လူသားတွေနဲ့ မတူတာ၊ လူသားတွေနည်းတူမလုပ်နိုင်တာတစ်ခု  တော့ရှိပါတယ်။ အဲဒါကတော့ Soft Skills လို့ ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေ၊ ကိုယ်ချင်းစာတရားတွေ၊ တီထွင်ဆန်းသစ်မှုတွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တွေ၊ ပြဿနာကိုဖြေရှင်းနိုင်မှုတွေ၊ နည်းဗျူဟာ ဖော်ဆောင်နိုင်မှုတွေစတဲ့ကျွမ်းကျင်မှုတွေကိုတော့ ဉာဏ်ရည်တုတွေက မလုပ်ဆောင်နိုင်ပါဘူး။ ပြော ရရင် လူသားဆန်မှုတွေ၊ စိတ်ခံစားချက်ကိုအသုံး ပြုပြီးလုပ်ဆောင်ရတာတွေမှာ ဉာဏ်ရည်တုတွေ ကမစွမ်းဆောင်နိုင်သေးဘူးဆိုတာပါပဲ။ 
    ဉာဏ်ရည်တုတွေရဲ့လျင်မြန်စွာတိုးတက် ပြောင်းလဲလာတဲ့အပေါ်မှာ လူသားမျိုးဆက်တွေ ကိုဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိမယ် ဆိုတာဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ ဉာဏ်ရည်တု တွေကိုဆန့်ကျင်နေကြသူတွေလည်းရှိပါတယ်။ နောက်မျိုးဆက်တွေအတွက် ဉာဏ်ရည်တုတွေရဲ့ အနာဂတ်ဘယ်လိုရှိမလဲဆိုတာမသိနိုင်သေးပေမဲ့ လည်း လူသားတွေက အရည်အသွေးရှိအောင် ပိုမိုသင်ယူရင်း၊ လိုက်လျောညီထွေရှိအောင် ပြင် ဆင်ရင်း၊ စွမ်းရည်မြင့်မားအောင်ကြိုးစားရင်းနဲ့ ကိုယ့်ရဲ့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။


ကျော့ကေခိုင်

 

+++++++++++++++++++++++++++++++++++++++++

ဉာဏ္ရည္တုေတြက အလုပ္အကိုင္ေတြကိုၿခိမ္းေျခာက္လာၿပီလား

 

    အခုေနာက္ပိုင္း AIဆိုတဲ့ ဉာဏ္ရည္တုက လုပ္ငန္းခြင္ေတြမွာေတာ္ေတာ္မ်ားမ်ားေနရာယူလာ ၾကပါတယ္။ AIက (Artificial Intelligence)  ကိုဆိုလိုတာပဲျဖစ္ပါတယ္။ သဘာဝမွတ္ဉာဏ္မ ဟုတ္ဘဲ လူေတြဖန္တီးတီထြင္ထားတဲ့ ဉာဏ္ရည္ တုပဲျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ လူသားေတြ လုပ္ကိုင္ေနတဲ့ အလုပ္အကိုင္ေတြထဲမွာ ဒီဉာဏ္ ရည္တုေတြက တျဖည္းျဖည္းဝင္ေရာက္လာေနပါ တယ္။ ဒီဉာဏ္ရည္တုေတြက အလုပ္အကိုင္အခြင့္ အလမ္းေတြရဲ႕အခန္းက႑ကိုဘယ္ေလာက္အထိ အက်ိဳးသက္ေရာက္မႈေတြျဖစ္ေစႏိုင္မလဲ။ ဉာဏ္ ရည္တုေတြက လူသားဝန္ထမ္းေတြအတြက္ ဘယ္လိုသက္ေရာက္မႈေတြရွိႏိုင္မလဲဆိုတာ ေစာင့္ ၾကည့္ရမွာပါ။
ဘယ္လုပ္ငန္းေတြမွာ အသုံးျပဳေနၿပီလဲ
    AI ကြၽမ္းက်င္ပညာရွင္တစ္ဦးျဖစ္တဲ့ Kai-Fu Lee  ကေတာ့ ေနာက္ ၁၅ႏွစ္အတြင္းမွာ ဉာဏ္ ရည္တုေတြက အလုပ္အကိုင္ေတြရဲ႕ ၄၀ရာခိုင္ႏႈန္း ကို ရယူႏိုင္သြားႏိုင္တယ္လို႔ေျပာဆိုထားပါတယ္။ စိတ္ဝင္စားစရာလည္းေကာင္းသလို၊ လူသားဝန္ ထမ္းေတြအတြက္လည္း စိုးရိမ္ပူပန္စရာပါပဲ။ ကိုယ့္ ရဲ႕အလုပ္အကိုင္က ဒီဉာဏ္ရည္တုေတြအစားထိုး လုပ္ကိုင္ႏိုင္တဲ့အလုပ္အကိုင္ျဖစ္မလား၊ ကိုယ္ ဘယ္ေန႔အလုပ္ျပဳတ္မလဲဆိုတာက စဥ္းစားစရာ ကိစၥျဖစ္လာပါတယ္။ 
    ဉာဏ္ရည္တုေတြက ဘ႑ာေရးနဲ႔ ေငြစာရင္း လုပ္ငန္းေတြ၊ ဘဏ္လုပ္ငန္းေတြ၊ မားကက္တင္း လုပ္ငန္းေတြ၊ ဟိုတယ္လုပ္ငန္းေတြ၊ က်န္းမာေရး လုပ္ငန္းေတြ၊ နည္းပညာလုပ္ငန္းေတြ၊ ပညာေရး လုပ္ငန္းေတြ၊HR ဌာနေတြစတဲ့လုပ္ငန္းေတြအထိ ဉာဏ္ရည္တုေတြနဲ႔ အစားထိုးစပ္းသပ္လုပ္ေဆာင္ ေနၾကၿပီျဖစ္ပါတယ္။HR ဌာနဆိုရင္လည္း လစာ တြက္တာကအစ၊ လစာတိုးတာအဆုံး AIွသ္အတေမန ေတြအသုံးျပဳၿပီးလုပ္ေဆာင္လာၾကပါ တယ္။ အရင္က ဝန္ထမ္း ၁၀ေယာက္ခန႔္ရမယ့္ ေနရာမွာ ဝန္ထမ္း ငါးေယာက္ေလာက္ပဲခန႔္ထား လာၾကပါတယ္။ ဒါက ဉာဏ္ရည္တုေတြေပၚလာ တာေၾကာင့္လည္းျဖစ္ပါတယ္။ ဉာဏ္ရည္တုေတြ အသုံးျပဳတာက လူသားဝန္ထမ္းေတြထက္ အလုပ္ ပိုၿပီးတာေၾကာင့္လည္း ပါပါတယ္။ 
အက်ိဳးသက္ေရာက္မႈ
    ဒီေတာ့လူေတြေနရာမွာ ဉာဏ္ရည္တုေတြ ျဖစ္တဲ့ ေဆာ့ဝဲလ္ေတြ၊ စက္႐ုပ္ေတြနဲ႔တျဖည္းျဖည္း အစားထိုးလာတဲ့အတြက္ လူသားဝန္ထမ္းေတြ အတြက္ေတာ့ သူတို႔ရဲ႕အလုပ္အကိုင္ေတြကိုဆုံးရႈံး ရႏိုင္ပါတယ္။ အခုေနာက္ပိုင္းစာ႐ိုက္ရင္ေတာင္မွ စာလုံးေပါင္းမွားေနရင္ မ်ဥ္းအနီနဲ႔သတိေပးတာက AIနည္းပညာပါပဲ။ ဒီအခ်က္ကဘာကိုေျပာေန သလဲဆိုရင္ ေနာက္ပိုင္းက်ရင္ စာလုံးေပါင္းသတ္ပုံ စစ္ရတဲ့သူေတြအလုပ္အကိုင္ဆုံးရႈံးလာႏိုင္ပါတယ္။
    ခုေနာက္ပိုင္း လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ ေဖ့စ္ ဘြတ္ခ္မွာေတာင္မွ မက္ဆင္ဂ်ာကေန ေမးခြန္း ေတြကို ၂၄နာရီပတ္လုံး အခ်ိန္မေ႐ြး အလိုအ ေလ်ာက္ျပန္ေျဖေပးေနတာက ဒီဉာဏ္ရည္တုေတြ ပါပဲ။ လုပ္ငန္းရွင္ေတြက စားသုံးသူေတြ၊ အလုပ္ အပ္ႏွံသူေတြရဲ႕ေမးခြန္းေတြကို ျပန္လည္ေျဖဆိုဖို႔ လူသားဝန္ထမ္းကို ေန႔ဆိုင္း၊ ညဆိုင္းခြဲၿပီး အလုပ္ သမားႏွစ္ဆခန႔္စရာမလိုေတာ့ပါဘူး။ ဒါကဉာဏ္ ရည္တုေတြရဲ႕အက်ိဳးေက်းဇူးပါ။ ဒါေပမဲ့တစ္ဖက္ ကဝန္ထမ္းအေနနဲ႔ၾကည့္ရင္လည္း သူ႔အတြက္ အလုပ္အကိုင္အခြင့္အလမ္းဆုံးရႈံးရတာပါ။ 
    ေနာက္တစ္ခ်က္က အခ်က္အလက္ေတြ ကိုစစ္တမ္းေကာက္ယူတဲ့ေနရာမွာ အရင္လိုဝန္ ထမ္းေတြ အမ်ားႀကီးခန႔္ၿပီး ေကာက္ယူစရာမလို ေတာ့ပါဘူး။ အြန္လိုင္းကေနပဲ AI နည္းပညာေတြ သုံးၿပီး အသက္အ႐ြယ္၊ က်ား၊မ အမ်ိဳးအစားနဲ႔ သူတို႔စိတ္ဝင္စားတဲ့အရာေတြကို အလြယ္တကူပဲ သိႏိုင္ေနပါၿပီ။ ကိုယ္ကအြန္လိုင္းကေန ေ႐ႊဆိုင္ တစ္ဆိုင္ ရွာၾကည့္တယ္ဆိုပါစို႔။ ေနာက္ေန႔ေတြမွာ ကိုယ့္ရဲ႕ News Feed  မွာေ႐ႊဆိုင္ေတြအေၾကာင္း ေတြပဲတက္လာတာမ်ိဳး၊ အဝတ္အစားရွာတယ္ ဆိုရင္လည္း အဝတ္အစားဆိုင္ေတြအမ်ားအျပား တက္လာတာမ်ိဳးကအစ ဒါေတြအားလုံးက ဉာဏ္ရည္တုေတြကိုအသုံးျပဳၿပီး လုပ္ေဆာင္ေန တာပါ။ 
    အဓိကအခ်က္ကေတာ့လူေတြရဲ႕အလုပ္ အကိုင္ေတြေနရာမွာ ဉာဏ္ရည္တုေတြကအစား ထိုးဝင္ေရာက္လာတာကို လ်စ္လ်ဴရႈေနလို႔မရ ေတာ့ပါဘူး။ ကိုယ့္ရဲ႕အလုပ္အကိုင္ကို ၿခိမ္းေျခာက္ မႈေတြရွိေနၿပီလားဆိုတာကို ေလ့လာရေတာ့မယ့္ အခ်ိန္ပါပဲ၊ အြန္လိုင္းမွာ ဉာဏ္ရည္တုေတြက အစားထိုးဝင္ေရာက္လုပ္ကိုင္မယ့္ အလုပ္အကိုင္ ေတြလို႔ရွာၾကည့္လိုက္ရင္ေတြ႕ႏိုင္ပါတယ္။ ႏွစ္ ေပါင္း ႏွစ္ဆယ္အတြင္း၊ ႏွစ္ေပါင္း ငါးဆယ္အ တြင္း ဘယ္အလုပ္အကိုင္ေတြကို လူသားေတြ လက္ထဲကေန ဉာဏ္ရည္တုေတြလက္ထဲေရာက္ ရွိသြားမလဲဆိုတာကို ေရးသားေဖာ္ျပလာၾကပါ တယ္။
ဉာဏ္ရည္တုေတြ မလုပ္ႏိုင္တဲ့အရာကဘာလဲ
    ကံေကာင္းတာတစ္ခုက ဉာဏ္ရည္တုေတြ မွာတစ္ခုအားနည္းခ်က္ရွိတာပါပဲ။ အရာအားလုံး ကိုလူသားေတြနည္းတူလုပ္ႏိုင္ေပမဲ့ လူသားေတြနဲ႔ မတူတာ၊ လူသားေတြနည္းတူမလုပ္ႏိုင္တာတစ္ခု  ေတာ့ရွိပါတယ္။ အဲဒါကေတာ့ Soft Skills လို႔ ေခၚတဲ့ ေပါင္းသင္းဆက္ဆံေရးစြမ္းရည္ေတြ၊ ကိုယ္ခ်င္းစာတရားေတြ၊ တီထြင္ဆန္းသစ္မႈေတြ၊ စိတ္ကူးစိတ္သန္းေတြ၊ ေဝဖန္ပိုင္းျခားေတြးေခၚမႈ ေတြ၊ ျပႆနာကိုေျဖရွင္းႏိုင္မႈေတြ၊ နည္းဗ်ဴဟာ ေဖာ္ေဆာင္ႏိုင္မႈေတြစတဲ့ကြၽမ္းက်င္မႈေတြကိုေတာ့ ဉာဏ္ရည္တုေတြက မလုပ္ေဆာင္ႏိုင္ပါဘူး။ ေျပာ ရရင္ လူသားဆန္မႈေတြ၊ စိတ္ခံစားခ်က္ကိုအသုံး ျပဳၿပီးလုပ္ေဆာင္ရတာေတြမွာ ဉာဏ္ရည္တုေတြ ကမစြမ္းေဆာင္ႏိုင္ေသးဘူးဆိုတာပါပဲ။ 
    ဉာဏ္ရည္တုေတြရဲ႕လ်င္ျမန္စြာတိုးတက္ ေျပာင္းလဲလာတဲ့အေပၚမွာ လူသားမ်ိဳးဆက္ေတြ ကိုဘယ္ေလာက္အထိအက်ိဳးသက္ေရာက္မႈရွိမယ္ ဆိုတာဘယ္သူမွမခန႔္မွန္းႏိုင္ပါဘူး။ ဉာဏ္ရည္တု ေတြကိုဆန႔္က်င္ေနၾကသူေတြလည္းရွိပါတယ္။ ေနာက္မ်ိဳးဆက္ေတြအတြက္ ဉာဏ္ရည္တုေတြရဲ႕ အနာဂတ္ဘယ္လိုရွိမလဲဆိုတာမသိႏိုင္ေသးေပမဲ့ လည္း လူသားေတြက အရည္အေသြးရွိေအာင္ ပိုမိုသင္ယူရင္း၊ လိုက္ေလ်ာညီေထြရွိေအာင္ ျပင္ ဆင္ရင္း၊ စြမ္းရည္ျမင့္မားေအာင္ႀကိဳးစားရင္းနဲ႔ ကိုယ့္ရဲ႕အနာဂတ္အတြက္ႀကိဳတင္ျပင္ဆင္ရေတာ့မွာ ျဖစ္ပါတယ္။



ေက်ာ့ေကခိုင္

Previous Next