07 Jan, 2020
အားလပ်ရက်တွေကြောင့်Holiday Blues ဖြစ်မသွားအောင် ဘယ်လိုကာကွယ်မလဲ

      အားလပ်ရက်ပိတ်ရက်များကြောင့် အလုပ် ပြန်လုပ်ရတာစိတ်မပါတော့တာ၊ အလုပ်ကိုငြီးငွေ့ လာတာကိုHoliday Bluesလို့ခေါ်ပါတယ်။ ပွဲ တော်တွေပြီးဆုံးသွားတဲ့အခါ၊ အားလပ်ရက်ရှည် ပျော်ပွဲရွှင်ပွဲတွေ ပြီးဆုံးသွားပြီး အလုပ်ကိုပြန်လာရ တဲ့အခါမှာ ဖြစ်တတ်တဲ့ လုပ်ငန်းခွင်ငြီးငွေ့မှုတွေ ကို ဘယ်လိုကာကွယ်မလဲဆိုတာ ဒီတစ်ပတ်မှာ ဖော်ပြပေးချင်ပါတယ်။ တစ်ခါတလေကျရင် ပျော် ပွဲရွှင်ပွဲအရှိန်ကမသေသေးဘဲ ကိုယ်ကပျော်ချင်နေ တုန်း၊ ကဲလို့ကောင်းနေတုန်း၊ လွတ်လွတ်လပ်လပ် နေလို့ကောင်းနေတုန်းမှာ ရုံးတက်ရတော့မယ်ဆို တာသိလိုက်ရတဲ့အချိန်မှာ၊ ရုံးတက်ရမယ့်ကိစ္စက စိတ်ထဲရောက်လာချိန်မှာ ရုတ်တရက် စိတ်ဖိစီး သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အလုပ်အ ကြောင်းမတွေးမိဘဲ လွတ်လွတ်လပ်လပ်ပျော်ပျော် ရွှင်ရွှင်နေရတာကျင့်သားရလာတော့ အလုပ်ပြန် တက်ရမယ့်ကိစ္စကြီးက တကယ့်ကိုအိပ်မက်ဆိုးလို ဖြစ်နေတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် ရိုးရှင်းတဲ့နည်းဗျူဟာတွေရှိပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
    ပျော်ပွဲရွှင်ပွဲတွေပြီးသွားတော့ ငူငူငေါင်ငေါင် ကြီးမဖြစ်ရလေအောင် အားကစားရုံကိုသွားပြီး လေ့ကျင့်ခန်းလုပ်ပါ။ ဒီလိုကိုယ်လက်လှုပ်ရှားမှုလုပ် တာက စိတ်ဓာတ်ကျခြင်းတွေ၊ လေးလံထိုင်းမှိုင်း ခြင်းတွေကို ပျောက်စေပါတယ်။ ရာသီဥတုသာ ယာမယ်ဆိုရင် လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပြေး တာပဲဖြစ်ဖြစ် လုပ်ပါ။ နှစ်သစ်ပျော်ပွဲရွှင်ပွဲတွေကိုက် ပြီး အခုချိန်အထိ စိတ်မကြည်သေးဘူးဆိုရင် ဒီ အချက်တွေက သင့်ကိုကူညီပါလိမ့်မယ်။
နှစ်သစ်မှာချမှတ်မယ့် လက်တွေ့ကျတဲ့ သံန္နိဋ္ဌာန် တွေကိုဖြစ်အောင်လုပ်ပါ
    လူတော်တော်များများက နှစ်တစ်နှစ်ကုန်ပြီ ဆိုရင် နှစ်သစ်မှာလုပ်ရမယ့်အရာတွေ၊ ပန်းတိုင် တွေကိုချမှတ်လေ့ရှိပါတယ်။ ဒါပေမဲ့ကိုယ်ရဲ့ပန်း တိုင်တွေက လက်တွေ့ကျဖို့တော့လိုပါတယ်။ လက်တွေ့မကျတဲ့ပန်းတိုင်တွေဆိုရင်လည်း လုပ် ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ်က အလုပ်သွားဖို့စိတ်မ ပါတာ၊ ပျင်းနေတာမျိုးဆိုရင် ကိုယ်ချမှတ်ခဲ့တဲ့ ပန်းတိုင်လေးတွေကို ပြန်ကြည့်စေချင်ပါတယ်။ အဲဒီမှာ ဒီနှစ်မှာလစာတိုးရမယ်၊ ရာထူးတိုးရမယ်၊ အလုပ်ပိုကြိုးစားရမယ်ဆိုတဲ့ လက်တွေ့ကျတဲ့ ပန်းတိုင်လေးတွေရှိနေမှာပါ။ ဒီလိုဆိုရင် ပိတ်ရက် တွေနဲ့အသားကျနေလို့ အလုပ်သွားဖို့စိတ်မပါတာ တွေဖြစ်မှာမဟုတ်တော့ပါဘူး။ အလုပ်ကိုလူသစ် စိတ်သစ်နဲ့ ရည်မှန်းချက်အသစ်တွေ၊ ပန်းတိုင်အ သစ်တွေနဲ့သွားဖို့အတွက်စိတ်အားထက်သန်နေမှာ ပါ။
ခရီးတိုလေးတွေသွားပါ
    အားလပ်ရက်ပိတ်ရက်တွေကြောင့်Holiday Bluesခံစားနေရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လန်းဆန်းတကြွ်ကဖို့၊ ပျော်ရွှင်စေဖို့အတွက် ရက်တို ခရီးလေးထွက်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ ခရီး ထွက်တာက စိတ်ဓာတ်ကျနေတာနဲ့ စိတ်ပင်ပန်း နွမ်းနယ်နေတာကို ပြေလျော့စေပါတယ်။ နေရာ ဒေသအသစ်၊ သဘာဝပတ်ဝန်းကျင်အသစ်က ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုလျော့ကျစေပါတယ်။ ဒါကြောင့် ခရီးတိုလေးထွက်တာက သင့်အတွက် ကောင်းစေပါတယ်။
သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပါ
    ကိုယ်ကအားလပ်ရက်တွေကြောင့်အလုပ် လုပ်ရတာစိတ်မပါတာ၊ စိတ်ညစ်ညူးတာတွေဖြစ် နေပြီဆိုရင်တော့ ကိုယ့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်း တွေနဲ့ပျော်ပျော်ရွှင်ရွှင်နေဖို့လိုပါတယ်။ ညစာထွက် စားတာပဲဖြစ်ဖြစ်၊ ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ် ဒီ အချက်တွေကလည်း သင့်ကိုပျော်ရွှင်တကြွ်ကစေ ပါတယ်။
ကောင်းတဲ့အရာလေးတွေကို ရေးမှတ်ထားပါ
    အခုအချိန်မှာ အာရုံစူးစိုက်ရမှာက ကောင်း တဲ့အမှတ်တရလေးတွေ၊ အခိုက်အတန့်လေးတွေ ကိုပါ။ ဒီလိုကောင်းမွန်တဲ့အရာလေးတွေက သင့်ကို ပျော်ရွှင်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကောင်း မွန်ပြီးပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေ၊ အတွေ့အကြုံတွေကို ရေးမှတ်ထားတာက စိတ်ဓာတ်ကျချင်နေတဲ့ သင့်ကိုအကူအညီဖြစ် စေပါတယ်။ 
စိတ်ပျော်ရွှင်စေမယ့် အစားအစာများများ စားပါ
    အစားအသောက်တွေထဲမှာ ကိုယ့်ကိုစိတ် တကြွ်ကစေတဲ့အစားအသောက်တွေရှိပါတယ်။ ဥပမာကင်ချီ၊ ဘာမှမပါတဲ့ဒိန်ချဉ်နဲ့ ကူဖီးလ် စတာတွေပဲဖြစ်ပါတယ်။ နောက်ပြီး အသား၊ နို့ထွက်ပစ္စည်းနဲ့ပဲတောင့်ရှည်တွေကလည်း ကိုယ့် ကိုစွမ်းအင်တွေပေးနိုင်ပါတယ်။ 
ဗီတာမင်ဒီမှီဝဲပါ
    ဗီတာမင်ဒီက ကိုယ်ခံအားစနစ်ကိုမြှင့်တင် ပေးပြီး နေ့စဉ်ခန္ဓာကိုယ်လည်ပတ်မှုအတွက် နေ့စဉ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေလည်း ရရှိနိုင်ပါတယ်။ ဖြည့်စွက်အစားအသောက်တွေကနေလည်းရရှိနိုင် ပါတယ်။ ဆေးဝါးအနေနဲ့လည်း မှီဝဲနိုင်ပါတယ်။
တရားထိုင်တာ
    စိတ်နဲ့ခန္ဓာကိုယ်တည်ငြိမ်အေးချမ်းစေဖို့ တရားထိုင်တာကလည်း ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ အားလပ်ရက်တွေအများကြီးနဲ့အ သားကျနေပြီး အလုပ်လုပ်ရတာစိတ်မပါသူတွေ အတွက်တော့ ဒီနည်းလမ်းကအသုံးဝင်ပါတယ်။ 
အလုပ်နေရာမှာ အလင်းရောင်ရပါစေ
    တချို့အလုပ်စားပွဲတွေက အလင်းရောင် သိပ်မရတာမျိုး၊ နည်းနည်းမှောင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အလုပ်စားပွဲ ကတော့ နေအလင်းရောင်ရတဲ့နေရာမှာရှိရင် ပို ကောင်းပါတယ်။ နေအလင်းရောင်က ကိုယ့်ရဲ့စိတ် ကိုရွှင်လန်းတကြွ်ကစေပါတယ်။ ပြီးတော့ကိုယ့်ရဲ့ စိတ်ကိုလေးလံထိုင်းမှိုင်းနေတာမျိုးမဖြစ်စေဘဲ ကြည်လင်နေစေပါတယ်။
Photos & Source - rd.com        

တိုးတက်မေ 

 

+++++++++++++++++++++++++++++++++++++++++

အားလပ္ရက္ေတြေၾကာင့္Holiday Blues ျဖစ္မသြားေအာင္ ဘယ္လိုကာကြယ္မလဲ

    အားလပ္ရက္ပိတ္ရက္မ်ားေၾကာင့္ အလုပ္ ျပန္လုပ္ရတာစိတ္မပါေတာ့တာ၊ အလုပ္ကိုၿငီးေငြ႕ လာတာကိုHoliday Bluesလို႔ေခၚပါတယ္။ ပြဲ ေတာ္ေတြၿပီးဆုံးသြားတဲ့အခါ၊ အားလပ္ရက္ရွည္ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ၿပီးဆုံးသြားၿပီး အလုပ္ကိုျပန္လာရ တဲ့အခါမွာ ျဖစ္တတ္တဲ့ လုပ္ငန္းခြင္ၿငီးေငြ႕မႈေတြ ကို ဘယ္လိုကာကြယ္မလဲဆိုတာ ဒီတစ္ပတ္မွာ ေဖာ္ျပေပးခ်င္ပါတယ္။ တစ္ခါတေလက်ရင္ ေပ်ာ္ ပြဲ႐ႊင္ပြဲအရွိန္ကမေသေသးဘဲ ကိုယ္ကေပ်ာ္ခ်င္ေန တုန္း၊ ကဲလို႔ေကာင္းေနတုန္း၊ လြတ္လြတ္လပ္လပ္ ေနလို႔ေကာင္းေနတုန္းမွာ ႐ုံးတက္ရေတာ့မယ္ဆို တာသိလိုက္ရတဲ့အခ်ိန္မွာ၊ ႐ုံးတက္ရမယ့္ကိစၥက စိတ္ထဲေရာက္လာခ်ိန္မွာ ႐ုတ္တရက္ စိတ္ဖိစီး သြားတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ အလုပ္အ ေၾကာင္းမေတြးမိဘဲ လြတ္လြတ္လပ္လပ္ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ေနရတာက်င့္သားရလာေတာ့ အလုပ္ျပန္ တက္ရမယ့္ကိစၥႀကီးက တကယ့္ကိုအိပ္မက္ဆိုးလို ျဖစ္ေနတတ္ပါတယ္။ ဒီလိုေတြမျဖစ္ရေအာင္ ႐ိုးရွင္းတဲ့နည္းဗ်ဴဟာေတြရွိပါတယ္။
ေလ့က်င့္ခန္းလုပ္ပါ
    ေပ်ာ္ပြဲ႐ႊင္ပြဲေတြၿပီးသြားေတာ့ ငူငူေငါင္ေငါင္ ႀကီးမျဖစ္ရေလေအာင္ အားကစား႐ုံကိုသြားၿပီး ေလ့က်င့္ခန္းလုပ္ပါ။ ဒီလိုကိုယ္လက္လႈပ္ရွားမႈလုပ္ တာက စိတ္ဓာတ္က်ျခင္းေတြ၊ ေလးလံထိုင္းမႈိင္း ျခင္းေတြကို ေပ်ာက္ေစပါတယ္။ ရာသီဥတုသာ ယာမယ္ဆိုရင္ လမ္းေလွ်ာက္တာပဲျဖစ္ျဖစ္၊ ေျပး တာပဲျဖစ္ျဖစ္ လုပ္ပါ။ ႏွစ္သစ္ေပ်ာ္ပြဲ႐ႊင္ပြဲေတြကိုက္ ၿပီး အခုခ်ိန္အထိ စိတ္မၾကည္ေသးဘူးဆိုရင္ ဒီ အခ်က္ေတြက သင့္ကိုကူညီပါလိမ့္မယ္။
ႏွစ္သစ္မွာခ်မွတ္မယ့္ လက္ေတြ႕က်တဲ့ သံႏၷိ႒ာန္ ေတြကိုျဖစ္ေအာင္လုပ္ပါ
    လူေတာ္ေတာ္မ်ားမ်ားက ႏွစ္တစ္ႏွစ္ကုန္ၿပီ ဆိုရင္ ႏွစ္သစ္မွာလုပ္ရမယ့္အရာေတြ၊ ပန္းတိုင္ ေတြကိုခ်မွတ္ေလ့ရွိပါတယ္။ ဒါေပမဲ့ကိုယ္ရဲ႕ပန္း တိုင္ေတြက လက္ေတြ႕က်ဖို႔ေတာ့လိုပါတယ္။ လက္ေတြ႕မက်တဲ့ပန္းတိုင္ေတြဆိုရင္လည္း လုပ္ ျဖစ္မွာမဟုတ္ပါဘူး။ ကိုယ္က အလုပ္သြားဖို႔စိတ္မ ပါတာ၊ ပ်င္းေနတာမ်ိဳးဆိုရင္ ကိုယ္ခ်မွတ္ခဲ့တဲ့ ပန္းတိုင္ေလးေတြကို ျပန္ၾကည့္ေစခ်င္ပါတယ္။ အဲဒီမွာ ဒီႏွစ္မွာလစာတိုးရမယ္၊ ရာထူးတိုးရမယ္၊ အလုပ္ပိုႀကိဳးစားရမယ္ဆိုတဲ့ လက္ေတြ႕က်တဲ့ ပန္းတိုင္ေလးေတြရွိေနမွာပါ။ ဒီလိုဆိုရင္ ပိတ္ရက္ ေတြနဲ႔အသားက်ေနလို႔ အလုပ္သြားဖို႔စိတ္မပါတာ ေတြျဖစ္မွာမဟုတ္ေတာ့ပါဘူး။ အလုပ္ကိုလူသစ္ စိတ္သစ္နဲ႔ ရည္မွန္းခ်က္အသစ္ေတြ၊ ပန္းတိုင္အ သစ္ေတြနဲ႔သြားဖို႔အတြက္စိတ္အားထက္သန္ေနမွာ ပါ။
ခရီးတိုေလးေတြသြားပါ
    အားလပ္ရက္ပိတ္ရက္ေတြေၾကာင့္Holiday Bluesခံစားေနရတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ လန္းဆန္းတႂကြ္ကဖို႔၊ ေပ်ာ္႐ႊင္ေစဖို႔အတြက္ ရက္တို ခရီးေလးထြက္တာပဲျဖစ္ျဖစ္လုပ္လို႔ရပါတယ္။ ခရီး ထြက္တာက စိတ္ဓာတ္က်ေနတာနဲ႔ စိတ္ပင္ပန္း ႏြမ္းနယ္ေနတာကို ေျပေလ်ာ့ေစပါတယ္။ ေနရာ ေဒသအသစ္၊ သဘာဝပတ္ဝန္းက်င္အသစ္က ကိုယ့္ရဲ႕စိတ္ဖိစီးမႈေတြကိုေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္ ခရီးတိုေလးထြက္တာက သင့္အတြက္ ေကာင္းေစပါတယ္။
သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ေနပါ
    ကိုယ္ကအားလပ္ရက္ေတြေၾကာင့္အလုပ္ လုပ္ရတာစိတ္မပါတာ၊ စိတ္ညစ္ညဴးတာေတြျဖစ္ ေနၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕မိတ္ေဆြ၊ သူငယ္ခ်င္း ေတြနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနဖို႔လိုပါတယ္။ ညစာထြက္ စားတာပဲျဖစ္ျဖစ္၊ ေဈးဝယ္ထြက္တာပဲျဖစ္ျဖစ္ ဒီ အခ်က္ေတြကလည္း သင့္ကိုေပ်ာ္႐ႊင္တႂကြ္ကေစ ပါတယ္။
ေကာင္းတဲ့အရာေလးေတြကို ေရးမွတ္ထားပါ
    အခုအခ်ိန္မွာ အာ႐ုံစူးစိုက္ရမွာက ေကာင္း တဲ့အမွတ္တရေလးေတြ၊ အခိုက္အတန္႔ေလးေတြ ကိုပါ။ ဒီလိုေကာင္းမြန္တဲ့အရာေလးေတြက သင့္ကို ေပ်ာ္႐ႊင္ေစပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ေကာင္း မြန္ၿပီးေပ်ာ္႐ႊင္စရာေကာင္းတဲ့အမွတ္တရေတြ၊ အေတြ႕အႀကဳံေတြကို ေရးမွတ္ထားတာက စိတ္ဓာတ္က်ခ်င္ေနတဲ့ သင့္ကိုအကူအညီျဖစ္ ေစပါတယ္။ 
စိတ္ေပ်ာ္႐ႊင္ေစမယ့္ အစားအစာမ်ားမ်ား စားပါ
    အစားအေသာက္ေတြထဲမွာ ကိုယ့္ကိုစိတ္ တႂကြ္ကေစတဲ့အစားအေသာက္ေတြရွိပါတယ္။ ဥပမာကင္ခ်ီ၊ ဘာမွမပါတဲ့ဒိန္ခ်ဥ္နဲ႔ ကူဖီးလ္ စတာေတြပဲျဖစ္ပါတယ္။ ေနာက္ၿပီး အသား၊ ႏို႔ထြက္ပစၥည္းနဲ႔ပဲေတာင့္ရွည္ေတြကလည္း ကိုယ့္ ကိုစြမ္းအင္ေတြေပးႏိုင္ပါတယ္။ 
ဗီတာမင္ဒီမွီဝဲပါ
    ဗီတာမင္ဒီက ကိုယ္ခံအားစနစ္ကိုျမႇင့္တင္ ေပးၿပီး ေန႔စဥ္ခႏၶာကိုယ္လည္ပတ္မႈအတြက္ ေန႔စဥ္လိုအပ္တဲ့အရာျဖစ္ပါတယ္။ ဗီတာမင္ဒီကို ေနေရာင္ျခည္ကေနလည္း ရရွိႏိုင္ပါတယ္။ ျဖည့္စြက္အစားအေသာက္ေတြကေနလည္းရရွိႏိုင္ ပါတယ္။ ေဆးဝါးအေနနဲ႔လည္း မွီဝဲႏိုင္ပါတယ္။
တရားထိုင္တာ
    စိတ္နဲ႔ခႏၶာကိုယ္တည္ၿငိမ္ေအးခ်မ္းေစဖို႔ တရားထိုင္တာကလည္း ထိေရာက္တဲ့နည္းလမ္း ျဖစ္ပါတယ္။ အားလပ္ရက္ေတြအမ်ားႀကီးနဲ႔အ သားက်ေနၿပီး အလုပ္လုပ္ရတာစိတ္မပါသူေတြ အတြက္ေတာ့ ဒီနည္းလမ္းကအသုံးဝင္ပါတယ္။ 
အလုပ္ေနရာမွာ အလင္းေရာင္ရပါေစ
    တခ်ိဳ႕အလုပ္စားပြဲေတြက အလင္းေရာင္ သိပ္မရတာမ်ိဳး၊ နည္းနည္းေမွာင္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ကိုယ့္ရဲ႕အလုပ္စားပြဲ ကေတာ့ ေနအလင္းေရာင္ရတဲ့ေနရာမွာရွိရင္ ပို ေကာင္းပါတယ္။ ေနအလင္းေရာင္က ကိုယ့္ရဲ႕စိတ္ ကို႐ႊင္လန္းတႂကြ္ကေစပါတယ္။ ၿပီးေတာ့ကိုယ့္ရဲ႕ စိတ္ကိုေလးလံထိုင္းမႈိင္းေနတာမ်ိဳးမျဖစ္ေစဘဲ ၾကည္လင္ေနေစပါတယ္။
Photos & Source - rd.com        


တိုးတက္ေမ

Previous Next