07 Jan, 2020
အလုပ်မှာ မနိုင်ဝန် ထမ်းရတဲ့အခါ

    အလုပ်တွေအရမ်းများပြီး မနိုင်ဝန်ထမ်းလာရ ပြီဆိုရင် သင်ဆိုရင်ဘာလုပ်မလဲ။ ပထမဆုံးအ ကြိမ်တော့ အလုပ်မှာကိုယ့်ရဲ့အကြီးအကဲကိုပြော ကြမှာပါ။ အလုပ်တွေအရမ်းများလာတဲ့အကြောင်း နဲ့ ဝန်ထမ်းထပ်ခေါ်ပေးဖို့ပါ။ ဒါပေမဲ့ကိုယ့်ရဲ့အလုပ် ရှင်အကြီးအကဲတွေက ကိုယ်ပြောတာကို ဂရုမ စိုက်ဘူး၊ ဒီအခြေအနေအတိုင်းထားမယ်ဆိုရင် တော့ ဖြစ်နိုင်ခြေတွေအများကြီးဖြစ်လာပါတယ်။ အခုတစ်ပတ်မှာတော့ အလုပ်မှာမနိုင်ဝန်ထမ်းလာ ရပြီဆိုရင် ဖြစ်လာတဲ့အခြေအနေတွေကိုဖော်ပြ ပေးချင်ပါတယ်။
ဝန်ထမ်းအထွက်နှုန်းများလာတာ
    အလုပ်မှာ လူငါးယောက်လုပ်ရမယ့် အလုပ် ကို လူနှစ်ယောက်ထဲနဲ့လုပ်နေရပြီဆိုရင် အချိန် ကြာလာတာနဲ့အမျှ ထွက်နိုင်သမျှမြန်မြန်ထွက်နိုင် အောင်ကြိုးစားကြမှာပါပဲ။ အလုပ်မှာဝန်ထမ်း တစ်ယောက်က နှစ်ယောက်စာ၊ သုံးယောက်စာ လောက်အလုပ်တာဝန်တွေလုပ်နေရပြီး လစာကျ တော့ တိုးမလာဘူး၊ တခြားခံစားခွင့်တွေကလည်း ဘာမှမရှိဘူးဆိုရင်တော့ အလုပ်ကထွက်ဖို့ပဲ အချိန် တိုင်းစဉ်းစားမိကြမှာပါ။ ကိုယ့်ရဲ့အလုပ်မှာ ဝန် ထမ်းအထွက်နှုန်းများလာတာကို မပေါ့ဆသင့်ပါ ဘူး။ ဘာကြောင့်ဝန်ထမ်းတွေခဏခဏထွက်သ လဲ၊ ဘာကြောင့် ဝန်ထမ်းမမြဲသလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရင် ဝန်ပိုတွေထမ်းခိုင်းတာ ကြောင့်လည်း ဝန်ထမ်းတွေအလုပ်ကထွက်ကြပါ တယ်။
လုပ်ငန်းခွင်မှာ အချိန်တိုင်းပင်ပန်းနွမ်းနယ် နေတာ
    သူများထက်အလုပ်နှစ်ဆ၊ သုံးဆပိုလုပ်ရတဲ့ ဝန်ထမ်းတစ်ယောက်မှာ ကိုယ်ပိုင်အချိန်ဆိုတာ မရှိ တော့ပါဘူး။ နေ့လယ်စာထမင်းစားတာကိုတောင် အချိန်လုပြီးစားနေရတဲ့အချိန်တွေများလာတဲ့အခါ ကိုယ့်ရဲ့အလုပ်ကိုစိတ်ပျက်လာကြပါတယ်။ ပြီး တော့ အလုပ်မှာတကြွ်ကမှုလည်းမရှိသလို သူတို့ ကိုကြည့်လိုက်ရင် အချိန်တိုင်းပင်ပန်းနွမ်းနယ် နေတာကိုတွေ့ရမှာပါ။ နောက်ဆုံးအလုပ်ကိုသွား ရမှာကိုတောင် ကြောက်လာတာမျိုးတွေဖြစ်ပြီး စိတ်ဖိစီးမှုတွေဖြစ်လာပါတယ်။ ဒါကအလုပ်မှာ မနိုင်ဝန်တွေထမ်းရတဲ့အခါဖြစ်တတ်တဲ့အပြုအမူ တွေပါ။
အလုပ်ကကိုယ့်အတွက် Invest လုပ်ဖို့ အခွင့်အရေးမပေးတာ
    အလုပ်ဝန်တွေပိတဲ့အခါ တက်ရမယ့်သင် တန်းတွေ၊ တက်သင့်တဲ့အလုပ်ရုံဆွေးနွေးပွဲတွေ၊ Seminar တွေလည်းတက်ရောက်ခွင့်မရှိတော့ ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်က အလုပ် တစ်ခုထဲမှာပဲ နှစ်မြှုပ်ပြီး ကျန်တဲ့ကိုယ့်အတွက် သင်ယူလေ့လာစရာတွေ၊ အတွေ့အကြုံအသစ် တွေ၊ ပညာရပ်အသစ်တွေကိုလေ့လာဖို့အချိန်မ ပေးနိုင်တော့မျိုးဖြစ်လာပါတယ်။ ဒါကအလုပ်ဝန်ပိ လာတဲ့အခါ ကိုယ့်အတွက်တက်လမ်းတွေ၊ အခွင့် အလမ်းတွေလည်း ပိတ်ဆို့လာနိုင်ပါတယ်။ ကိုယ့် အတွက်တက်လမ်းတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ မရှိ တာကြောင့်လည်း အလုပ်ကနေထွက်ဖို့စဉ်းစားကြ ပါတယ်။ 
အရည်အသွေးတွေကျဆင်းလာမယ်
    ကိုယ့်ရဲ့ထူးချွန်တဲ့အလုပ်က ဘာမှန်း မသိတော့ဘဲ သူများအလုပ်တွေ၊ သူများတာဝန် တွေကိုပါယူလုပ်နေရတဲ့အခါ ကိုယ့်ရဲ့ကျွမ်းကျင်မှု တွေ၊ ထူးချွန်တွေမှုတွေက တဖြည်းဖြည်းပျောက် ဆုံးလာပါတယ်။ ဝန်ထမ်းတစ်ယောက်မှာ ကိုယ် တာဝန်ယူရတဲ့ အလုပ်တာဝန်တွေရှိပါတယ်။ ဘယ် ရာထူးဆိုရင် ဘာအလုပ်တာဝန်တွေရှိတယ်ဆိုတာ မျိုး အလုပ်စဝင်ကတည်းက လက်မှတ်ထိုးထားရ ပါတယ်။ ဒီအလုပ်တာဝန်တွေက ဒီဝန်ထမ်းအ တွက်အဆင်ပြေတဲ့၊ သင့်တော်တဲ့အလုပ်တာဝန် တွေပါ။ အဲဒီထက်ပိုများလာတာမျိုး၊ တခြားဝန် ထမ်းကအလုပ်ထွက်လို့ သူ့တာဝန်တွေကိုပါလုပ် ပေးရတာမျိုးက အချိန်ခဏလောက်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒီလိုမဟုတ်ဘဲ အချိန်ကြာလာ ပြီဆိုရင်တော့ ဒီဝန်ထမ်းရဲ့စွမ်းဆောင်ရည်တွေ၊ သူ့ ရဲ့ကျွမ်းကျင်မှုတွေအတွက် စိုးရိမ်စရာပါပဲ။ သူ့ရဲ့ အလုပ်တစ်ခုထဲကိုပဲ အာရုံမစိုက်နိုင်တဲ့အတွက် သူ့ရဲ့စွမ်းဆောင်ရည်က ကျဆင်းလာမှာအသေ အချာပါပဲ။
စိတ်ခံစားချက်ကိုမထိန်းနိုင်တာ
    အလုပ်ကမနိုင်မနင်းတွေဖြစ်လာတဲ့အခါ လူတွေရဲ့စိတ်ခံစားချက်အရ အနည်းနဲ့အများဒေါ သတွေထွက်လာတတ်တာထုံးစံပါပဲ။ ကိုယ့်ရဲ့ဒေါ သတွေကို ကိုယ့်ရဲ့မိသားစုဝင်တွေကိုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ချစ်သူ၊ ကိုယ့်ရဲ့သူငယ်ချင်း၊ ကိုယ့်ရဲ့လုပ် ဖော်ကိုင်ဖက်တွေကိုပဲဖြစ်ဖြစ် ပုံချလိုက်တာမျိုး တွေဖြစ်လာတတ်ပါတယ်။ အလုပ်ဝန်ပိလာတဲ့အ ခါ ဖြစ်လာတတ်တဲ့စိတ်အခြေအနေပါပဲ။ ကိုယ်က ဖောက်သည်တွေ၊ အလုပ်အပ်နှံသူတွေနဲ့တိုက်ရိုက် ဆက်သွယ်ရတဲ့အလုပ်ဆိုရင်လည်း သူတို့နဲ့အဆင် မပြေတာမျိုး၊ မချေမငံပြောဆိုမိတာတွေကြောင့် အလုပ်ထိခိုက်ရနိုင်ပါတယ်။ အလုပ်ရှင်တွေအနေ နဲ့ ကိုယ့်ရဲ့ဝန်ထမ်း အလုပ်ဝန်ပိနေတာမျိုးမဖြစ် အောင်သတိပြုဖို့လိုပါတယ်။
အလုပ်တွေအိမ်သယ်လုပ်ရတာ
    နောက်ဆုံးအချက်ကတော့ အလုပ်တွေ ရုံး မှာမပြီးလို့ အိမ်သယ်လုပ်ရတာပါပဲ။ တဖြည်းဖြည်း နဲ့အလုပ်ဝန်ပိတာက ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝ၊ ကိုယ် ပိုင်အချိန်တွေ ပျောက်ဆုံးမှန်းမသိပျောက်ဆုံးလာ တာပါ။ တစ်ခါတလေ အလုပ်တွေအိမ်သယ်လုပ် ရတာက ပြဿနာမဟုတ်ပေမဲ့ အမြဲလိုလိုဖြစ်လာ ပြီဆိုရင်တော့ ကိုယ့်ရဲ့အလုပ်ကိုပြန်လည်သုံးသပ် သင့်ပါပြီ။ ကိုယ့်ရဲ့အလုပ်ခွင်ပြင်ပမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်မပေးနိုင်တော့ ဘူးဆိုရင် ကိုယ်ရဲ့လူမှုဘဝကိုထိခိုက်လာနိုင်ပါ တယ်။ 
    အနှစ်ချုပ်ဆိုရရင် ဝန်ထမ်းတစ်ယောက်က တစ်ပတ်အလုပ်လုပ်ချိန် ၄၈နာရီပျမ်းမျှသတ်မှတ် ထားပါတယ်။ အဲဒါထက်ပိုပြီး တစ်ပတ်အလုပ်လုပ် ချိန် နာရီ ၅၀ကျော်သွားရင်တော့ သူ့ရဲ့လုပ်ငန်း စွမ်းဆောင်ရည်နဲ့ အရည်အချင်းတွေလျော့ကျလာ နိုင်ပါတယ်။ ဒါ့အပြင် အဲဒီဝန်ထမ်းရဲ့ကျန်းမာရေး ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဝန်ထမ်းတစ် ယောက်က အလုပ်တွေမနိုင်တော့ဘူး၊ ပိုများလာ တယ်ဆိုရင် ကိုယ့်ရဲ့အလုပ်ရှင်ကို ဝန်ထမ်းထပ် ခေါ်ပေးဖို့တောင်းဆိုနိုင်ပါတယ်။ ကိုယ့်ရဲ့တောင်း ဆိုချက်ကို မလိုက်လျောဘူးဆိုရင်တော့ နောက် ဆုံးအနေနဲ့ အလုပ်အသစ်ရှာဖို့ပဲရှိပါတော့တယ်။ ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါပဲ။ 


ကျော့ကေခိုင်

++++++++++++++++++++++++++++

အလုပ္မွာ မႏိုင္ဝန္ ထမ္းရတဲ့အခါ

 

    အလုပ္ေတြအရမ္းမ်ားၿပီး မႏိုင္ဝန္ထမ္းလာရ ၿပီဆိုရင္ သင္ဆိုရင္ဘာလုပ္မလဲ။ ပထမဆုံးအ ႀကိမ္ေတာ့ အလုပ္မွာကိုယ့္ရဲ႕အႀကီးအကဲကိုေျပာ ၾကမွာပါ။ အလုပ္ေတြအရမ္းမ်ားလာတဲ့အေၾကာင္း နဲ႔ ဝန္ထမ္းထပ္ေခၚေပးဖို႔ပါ။ ဒါေပမဲ့ကိုယ့္ရဲ႕အလုပ္ ရွင္အႀကီးအကဲေတြက ကိုယ္ေျပာတာကို ဂ႐ုမ စိုက္ဘူး၊ ဒီအေျခအေနအတိုင္းထားမယ္ဆိုရင္ ေတာ့ ျဖစ္ႏိုင္ေျခေတြအမ်ားႀကီးျဖစ္လာပါတယ္။ အခုတစ္ပတ္မွာေတာ့ အလုပ္မွာမႏိုင္ဝန္ထမ္းလာ ရၿပီဆိုရင္ ျဖစ္လာတဲ့အေျခအေနေတြကိုေဖာ္ျပ ေပးခ်င္ပါတယ္။
ဝန္ထမ္းအထြက္ႏႈန္းမ်ားလာတာ
    အလုပ္မွာ လူငါးေယာက္လုပ္ရမယ့္ အလုပ္ ကို လူႏွစ္ေယာက္ထဲနဲ႔လုပ္ေနရၿပီဆိုရင္ အခ်ိန္ ၾကာလာတာနဲ႔အမွ် ထြက္ႏိုင္သမွ်ျမန္ျမန္ထြက္ႏိုင္ ေအာင္ႀကိဳးစားၾကမွာပါပဲ။ အလုပ္မွာဝန္ထမ္း တစ္ေယာက္က ႏွစ္ေယာက္စာ၊ သုံးေယာက္စာ ေလာက္အလုပ္တာဝန္ေတြလုပ္ေနရၿပီး လစာက် ေတာ့ တိုးမလာဘူး၊ တျခားခံစားခြင့္ေတြကလည္း ဘာမွမရွိဘူးဆိုရင္ေတာ့ အလုပ္ကထြက္ဖို႔ပဲ အခ်ိန္ တိုင္းစဥ္းစားမိၾကမွာပါ။ ကိုယ့္ရဲ႕အလုပ္မွာ ဝန္ ထမ္းအထြက္ႏႈန္းမ်ားလာတာကို မေပါ့ဆသင့္ပါ ဘူး။ ဘာေၾကာင့္ဝန္ထမ္းေတြခဏခဏထြက္သ လဲ၊ ဘာေၾကာင့္ ဝန္ထမ္းမၿမဲသလဲဆိုတာကို ဆန္းစစ္ၾကည့္လိုက္ရင္ ဝန္ပိုေတြထမ္းခိုင္းတာ ေၾကာင့္လည္း ဝန္ထမ္းေတြအလုပ္ကထြက္ၾကပါ တယ္။
လုပ္ငန္းခြင္မွာ အခ်ိန္တိုင္းပင္ပန္းႏြမ္းနယ္ ေနတာ
    သူမ်ားထက္အလုပ္ႏွစ္ဆ၊ သုံးဆပိုလုပ္ရတဲ့ ဝန္ထမ္းတစ္ေယာက္မွာ ကိုယ္ပိုင္အခ်ိန္ဆိုတာ မရွိ ေတာ့ပါဘူး။ ေန႔လယ္စာထမင္းစားတာကိုေတာင္ အခ်ိန္လုၿပီးစားေနရတဲ့အခ်ိန္ေတြမ်ားလာတဲ့အခါ ကိုယ့္ရဲ႕အလုပ္ကိုစိတ္ပ်က္လာၾကပါတယ္။ ၿပီး ေတာ့ အလုပ္မွာတႂကြ္ကမႈလည္းမရွိသလို သူတို႔ ကိုၾကည့္လိုက္ရင္ အခ်ိန္တိုင္းပင္ပန္းႏြမ္းနယ္ ေနတာကိုေတြ႕ရမွာပါ။ ေနာက္ဆုံးအလုပ္ကိုသြား ရမွာကိုေတာင္ ေၾကာက္လာတာမ်ိဳးေတြျဖစ္ၿပီး စိတ္ဖိစီးမႈေတြျဖစ္လာပါတယ္။ ဒါကအလုပ္မွာ မႏိုင္ဝန္ေတြထမ္းရတဲ့အခါျဖစ္တတ္တဲ့အျပဳအမူ ေတြပါ။
အလုပ္ကကိုယ့္အတြက္ Invest လုပ္ဖို႔ အခြင့္အေရးမေပးတာ
    အလုပ္ဝန္ေတြပိတဲ့အခါ တက္ရမယ့္သင္ တန္းေတြ၊ တက္သင့္တဲ့အလုပ္႐ုံေဆြးေႏြးပြဲေတြ၊ Seminar ေတြလည္းတက္ေရာက္ခြင့္မရွိေတာ့ ပါဘူး။ အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ္က အလုပ္ တစ္ခုထဲမွာပဲ ႏွစ္ျမႇဳပ္ၿပီး က်န္တဲ့ကိုယ့္အတြက္ သင္ယူေလ့လာစရာေတြ၊ အေတြ႕အႀကဳံအသစ္ ေတြ၊ ပညာရပ္အသစ္ေတြကိုေလ့လာဖို႔အခ်ိန္မ ေပးႏိုင္ေတာ့မ်ိဳးျဖစ္လာပါတယ္။ ဒါကအလုပ္ဝန္ပိ လာတဲ့အခါ ကိုယ့္အတြက္တက္လမ္းေတြ၊ အခြင့္ အလမ္းေတြလည္း ပိတ္ဆို႔လာႏိုင္ပါတယ္။ ကိုယ့္ အတြက္တက္လမ္းေတြ၊ ဖြံ႕ၿဖိဳးတိုးတက္မႈေတြ မရွိ တာေၾကာင့္လည္း အလုပ္ကေနထြက္ဖို႔စဥ္းစားၾက ပါတယ္။ 
အရည္အေသြးေတြက်ဆင္းလာမယ္
    ကိုယ့္ရဲ႕ထူးခြၽန္တဲ့အလုပ္က ဘာမွန္း မသိေတာ့ဘဲ သူမ်ားအလုပ္ေတြ၊ သူမ်ားတာဝန္ ေတြကိုပါယူလုပ္ေနရတဲ့အခါ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈ ေတြ၊ ထူးခြၽန္ေတြမႈေတြက တျဖည္းျဖည္းေပ်ာက္ ဆုံးလာပါတယ္။ ဝန္ထမ္းတစ္ေယာက္မွာ ကိုယ္ တာဝန္ယူရတဲ့ အလုပ္တာဝန္ေတြရွိပါတယ္။ ဘယ္ ရာထူးဆိုရင္ ဘာအလုပ္တာဝန္ေတြရွိတယ္ဆိုတာ မ်ိဳး အလုပ္စဝင္ကတည္းက လက္မွတ္ထိုးထားရ ပါတယ္။ ဒီအလုပ္တာဝန္ေတြက ဒီဝန္ထမ္းအ တြက္အဆင္ေျပတဲ့၊ သင့္ေတာ္တဲ့အလုပ္တာဝန္ ေတြပါ။ အဲဒီထက္ပိုမ်ားလာတာမ်ိဳး၊ တျခားဝန္ ထမ္းကအလုပ္ထြက္လို႔ သူ႔တာဝန္ေတြကိုပါလုပ္ ေပးရတာမ်ိဳးက အခ်ိန္ခဏေလာက္ဆိုရင္ေတာ့ ျပႆနာမရွိပါဘူး။ ဒီလိုမဟုတ္ဘဲ အခ်ိန္ၾကာလာ ၿပီဆိုရင္ေတာ့ ဒီဝန္ထမ္းရဲ႕စြမ္းေဆာင္ရည္ေတြ၊ သူ႔ ရဲ႕ကြၽမ္းက်င္မႈေတြအတြက္ စိုးရိမ္စရာပါပဲ။ သူ႔ရဲ႕ အလုပ္တစ္ခုထဲကိုပဲ အာ႐ုံမစိုက္ႏိုင္တဲ့အတြက္ သူ႔ရဲ႕စြမ္းေဆာင္ရည္က က်ဆင္းလာမွာအေသ အခ်ာပါပဲ။
စိတ္ခံစားခ်က္ကိုမထိန္းႏိုင္တာ
    အလုပ္ကမႏိုင္မနင္းေတြျဖစ္လာတဲ့အခါ လူေတြရဲ႕စိတ္ခံစားခ်က္အရ အနည္းနဲ႔အမ်ားေဒါ သေတြထြက္လာတတ္တာထုံးစံပါပဲ။ ကိုယ့္ရဲ႕ေဒါ သေတြကို ကိုယ့္ရဲ႕မိသားစုဝင္ေတြကိုပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕ခ်စ္သူ၊ ကိုယ့္ရဲ႕သူငယ္ခ်င္း၊ ကိုယ့္ရဲ႕လုပ္ ေဖာ္ကိုင္ဖက္ေတြကိုပဲျဖစ္ျဖစ္ ပုံခ်လိုက္တာမ်ိဳး ေတြျဖစ္လာတတ္ပါတယ္။ အလုပ္ဝန္ပိလာတဲ့အ ခါ ျဖစ္လာတတ္တဲ့စိတ္အေျခအေနပါပဲ။ ကိုယ္က ေဖာက္သည္ေတြ၊ အလုပ္အပ္ႏွံသူေတြနဲ႔တိုက္႐ိုက္ ဆက္သြယ္ရတဲ့အလုပ္ဆိုရင္လည္း သူတို႔နဲ႔အဆင္ မေျပတာမ်ိဳး၊ မေခ်မငံေျပာဆိုမိတာေတြေၾကာင့္ အလုပ္ထိခိုက္ရႏိုင္ပါတယ္။ အလုပ္ရွင္ေတြအေန နဲ႔ ကိုယ့္ရဲ႕ဝန္ထမ္း အလုပ္ဝန္ပိေနတာမ်ိဳးမျဖစ္ ေအာင္သတိျပဳဖို႔လိုပါတယ္။
အလုပ္ေတြအိမ္သယ္လုပ္ရတာ
    ေနာက္ဆုံးအခ်က္ကေတာ့ အလုပ္ေတြ ႐ုံး မွာမၿပီးလို႔ အိမ္သယ္လုပ္ရတာပါပဲ။ တျဖည္းျဖည္း နဲ႔အလုပ္ဝန္ပိတာက ကိုယ့္ရဲ႕ကိုယ္ပိုင္ဘဝ၊ ကိုယ္ ပိုင္အခ်ိန္ေတြ ေပ်ာက္ဆုံးမွန္းမသိေပ်ာက္ဆုံးလာ တာပါ။ တစ္ခါတေလ အလုပ္ေတြအိမ္သယ္လုပ္ ရတာက ျပႆနာမဟုတ္ေပမဲ့ အၿမဲလိုလိုျဖစ္လာ ၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕အလုပ္ကိုျပန္လည္သုံးသပ္ သင့္ပါၿပီ။ ကိုယ့္ရဲ႕အလုပ္ခြင္ျပင္ပမွာ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြကို အခ်ိန္မေပးႏိုင္ေတာ့ ဘူးဆိုရင္ ကိုယ္ရဲ႕လူမႈဘဝကိုထိခိုက္လာႏိုင္ပါ တယ္။ 
    အႏွစ္ခ်ဳပ္ဆိုရရင္ ဝန္ထမ္းတစ္ေယာက္က တစ္ပတ္အလုပ္လုပ္ခ်ိန္ ၄၈နာရီပ်မ္းမွ်သတ္မွတ္ ထားပါတယ္။ အဲဒါထက္ပိုၿပီး တစ္ပတ္အလုပ္လုပ္ ခ်ိန္ နာရီ ၅၀ေက်ာ္သြားရင္ေတာ့ သူ႔ရဲ႕လုပ္ငန္း စြမ္းေဆာင္ရည္နဲ႔ အရည္အခ်င္းေတြေလ်ာ့က်လာ ႏိုင္ပါတယ္။ ဒါ့အျပင္ အဲဒီဝန္ထမ္းရဲ႕က်န္းမာေရး ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ ဝန္ထမ္းတစ္ ေယာက္က အလုပ္ေတြမႏိုင္ေတာ့ဘူး၊ ပိုမ်ားလာ တယ္ဆိုရင္ ကိုယ့္ရဲ႕အလုပ္ရွင္ကို ဝန္ထမ္းထပ္ ေခၚေပးဖို႔ေတာင္းဆိုႏိုင္ပါတယ္။ ကိုယ့္ရဲ႕ေတာင္း ဆိုခ်က္ကို မလိုက္ေလ်ာဘူးဆိုရင္ေတာ့ ေနာက္ ဆုံးအေနနဲ႔ အလုပ္အသစ္ရွာဖို႔ပဲရွိပါေတာ့တယ္။ ဒီအဆင့္ကေတာ့ ေနာက္ဆုံးအဆင့္ပါပဲ။ 


ေက်ာ့ေကခိုင္

Previous Next