07 Jan, 2020
၂၀၁၉ ကမ္ဘာ နောက်ကြောင်းပြန်

နိုင်ငံရေးနဲ့နည်းပညာတွေက စီးပွားရေးစနစ်ကို ဒုက္ခပေး

၂၀၁၉ ကို ပြန်သုံးသပ်ကြည့်တဲ့အခါ၊ အဓိကလွှမ်းမိုးနေတဲ့အကြောင်းအရာက ကုန်သွယ်ရေး- တိတိကျကျပြောရရင် ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတာကိုတွေ့ရတယ်။ တရုတ်နိုင်ငံအင်အားကြီးထွားလာတာ နည်းပညာဆိုင်ရာ တည်ထွင်ဆန်းသစ်မှုတွေဖြစ်ပေါ်လာတာနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးမှုတွေကြောင့် ကုမ္ပဏီတွေဟာ သူတို့ရဲ့အရောင်းစျေးကွက်တွေကို ပြန်လည်သုံးသပ်လာကြရပါတယ်။ အထူးသဖြင့် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ သုံးနိုင်ငံပါဝင်ပြီး၊ ၂၅ နှစ်လောက်ကြာအောင် ဖွဲ့စည်းထားတဲ့ မြောက်အမေရိကကုန်သွယ်ရေးဧရိယာ(NAFTA)အတွင်းမှာ ဖြစ်ပါတယ်။ ဒီသုံးနိုင်ငံဟာ တစ်ခုတည်းသောစျေးကွက် ဖြစ်လုလုနီးပါးအခြေအနေကို ရောက်နေပါပြီ။ နှစ်မကုန်မီလေးမှာပဲ NAFTA ကို အစားထိုးတဲ့ USMCA ဆိုတာရဖို့၊ လွှတ်တော်နဲ့ သူတို့တရားစွဲဖို့ကြိုးစားနေတဲ့ သမ္မတတို့အကြား၊ သဘောတူညီမှုရခဲ့ပါတယ်။
ဒီနှစ်အကုန်မှာ တရုတ်က တင်သွင်းမယ့်ကုန်တွေအပေါ် အမေရိကန်က အခွန်တိုးကောက်လေတော့၊ တရုတ်က ပို့ကုန်စျေးကွက်သစ်တွေကို အံ့ဩလောက်အောင်၊ ရှာဖွေနိုင်ခဲ့ပါတယ်။ အမေရိကန်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူတွေက အသည်းအသန်ကြိုးစားနေကြတဲ့အချိန်မှာ အမေရိကန်သမ္မတကတော့ အောင်ပွဲခံနေပါတယ်။ ဘာဖြစ်မယ်မသေချာမရေရာတာကြောင့်၊ ကမ္ဘာမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ခက်ခဲစေပြီး၊ ကမ္ဘာ့စီးပွားရေးကိုလည်း နှေးကွေးသွားစေပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကိုအခြေခံတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ဟာ ချောက်ကမ်းပါးစွန်းပေါ်ကို ရောက်နေခဲ့ပါတယ်။ အမေရိကန်မျက်စေ့ထဲကြည့်မရဖြစ်နေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ဟာ၊ ခေါင်းဆောင်ခန့်အပ်ဖို့၊ အမေရိကန်ကကန့်ကွက်နေတဲ့အတွက် ပုံမှန်အုပ်ချုပ်ရေးအဖွဲ့အစည်းမရှိပဲ ဖြစ်နေခဲ့တယ်။ အနာဂတ်မှာအငြင်းပွားမှုဖြစ်ရင် ဖြစ်ဖြစ်ချင်းကြားနာမှုတွေလုပ်မှာမှန်ပေမယ့်၊ ပြီးရင်တော့ နှစ်နိုင်ငံဆွေးနွေးမှုတွေပဲလုပ်ကြရပါမယ်။ ချက်ချင်းလက်ငင်း၊ ၀ုန်းခနဲဒိုင်းခနဲပြိုလဲသွားတာမျိုး မဖြစ်နိုင်သေးပေမယ့်၊ ကမ္ဘာကြီးက လူအများကြိုက်လုပ်တာ၊ ကိုယ်ကျိုးစီးပွားကာကွယ်တာတွေ များလာတဲ့အခါ၊ လွတ်လပ်တဲ့ ဒိုင်လူကြီးလိုအဖွဲ့အစည်းတစ်ခုမရှိတာဟာ ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွက် နောက်ထပ်ထိုးနက်ချက်တစ်ခုဖြစ်ပါတယ်။
ကုန်သွယ်ရေးစစ်ပွဲကြောင့်၊ ကမ္ဘာ့စျေးကွက်တွေကို တက်လိုက်ကျလိုက်ဖြစ်စေပါတယ်။ နှစ်စတုန်းကတော့ အမေရိကန်ဟာ တရုတ်နဲ့အဆင်ပြေကောင်းရဲ့လို့ တွက်ဆပြီး စျေးကွက်တွေ အရှိန်တက်ခဲ့ကြပါတယ်။ ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အခါ၊ ကမ္ဘာ့စီးပွားရေးကျဆင်းမယ့်အရေးကို သောကရောက်လာခဲ့ကြပြီး၊ ရင်းနှီးမြှုပ်နှံသူတွေဟာ စိတ်ချရတဲ့ ငွေချေးစာချုပ်တွေကိုပဲ အပြေးအလွှားဝယ်ယူကြပါတယ်။ ပုံမှန်အခြေအနေအသစ်တစ်ခုနဲ့ နေသားကျလာကြပြီး၊ ငွေချေးစာချုပ်တွေရဲ့အကျိုးအမြတ်(Yield)တွေဟာ အနှုတ်လက္ခဏာပြတာကို လက်ခံလာကြရပါတယ်။ နှစ်အကုန်မှာတော့ ကမ္ဘာ့ထုတ်လုပ်မှုတည်ငြိမ်စပြုလာပြီး၊ ရင်းနှီးမြှုတ်နှံသူတွေဟာ စွန့်စားချင်စိတ် ပြန်ပေါ်လာခဲ့ကြပြီး၊ ကုန်စည်နဲ့ထွန်းသစ်စနိုင်ငံတွေက ငွေကြေးတွေဘက်ကို ပြန်ပြီးဦးလှည့်လာခဲ့ကြပါတယ်။
ကမ္ဘာ့စီးပွားရေးအဆောက်အအုံနှေးကွေးလာတော့ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေ စချခဲ့ပါတယ်။ အမေရိကန်ဟာ စီးပွားရေးနှေးကွေးမယ့် ဆွဲအားတွေကို တွန်းလှန်နိုင်ခဲ့ပြီး၊ ထွန်းသစ်စနိုင်ငံတွေအနေနဲ့လည်း အခက်အခဲကြုံတဲ့ တချို့နှစ်တွေရှိခဲ့ပေမယ့် သက်သာရာရစေခဲ့ပါတယ်။
တရုတ်ကတော့ စီးပွားရေးအဆောက်အအုံထဲ၊ ငွေကြေးအလုံးအရင်းနဲ့ထည့်သွင်းဖို့ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဥရောပမှာတော့ ဗဟိုဘဏ်ကို ခရစ်စတင်းလာဂဒ်က အစားထိုးခေါင်းဆောင်ပြီး၊ နှေးကွေးနေတဲ့ ဥရောပရဲ့စီးပွားရေးနာလန်ထအောင်၊ ငွေကြေးမူဝါဒသုံးစွဲဖို့တာဝန်ကို အမွေဆက်ခံရခဲ့ပါတယ်။ ဂျာမနီရဲ့ စက်မှုလက်မှုကဏ္ဍဟာ နှစ်စကတည်းက အခြေအနေမကောင်းခဲ့တာနှစ်ဆုံးအထိပါပဲ၊ စီးပွားရေးနှေးကွေးမယ့်အန္တရာယ်က ပွတ်ကာသီကာ ရှောင်သွားနိုင်ခဲ့ပါတယ်။
တစ်နှစ်လုံးမှာ ဘဏ်တွေနဲ့နည်းပညာလုပ်ငန်းတွေရဲ့ပြိုင်ပွဲ အရှိန်တက်ခဲ့ပါတယ်။ သမားရိုးကျနယ်စပ်ဖြတ်ကျော်ငွေပို့တဲ့ လုပ်ငန်းတွေရဲ့ စျေးကွက်ဝေစုကို နောက်ပေါ်လုပ်ငန်းငယ်လေးတွေက လုယူနိုင်ခဲ့ကြပါတယ်။ အင်တာနက်သုံးရောင်းဝယ်မှုတွေနဲ့အဆက်အစပ်၊ အချိတ်အဆက်မရှိ ငွေပေးချေမှု လူကြိုက်များလာတာတွေကြောင့်၊ တချိန်က အင်အားကြီးနှေးကွေးလေးလံတဲ့လုပ်ငန်းတွေပေါင်းစည်းလာကြပြီး၊ ကမ္ဘာသစ်ဟာ ငွေမပါတဲ့ အနာဂတ်အတွက် အဆင်သင့်ဖြစ်မဖြစ်မေးခွန်းထုတ်လာကြပါတယ်။ နည်းပညာကိုကြောက်တဲ့ အာမခံလုပ်ငန်းတွေက အပျက်အစီးအဆုံးအရှုံးတွေ များလာကြတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ဆုံးရှုံးမှုတွေများလာတော့ တဆင့်အာမခံထားသူတွေဟာ ကြားလူတွေကို ဖယ်ရှားဖို့ ကြိုးစားလာကြပါတယ်။ ဒါပေမယ့် ပိုပြီးကြောက်ရတာက စမတ်ဖုန်းတွေပေါ်က Google, Apple, Facebook နဲ့ Amazon တို့ ဖြစ်ပြီး၊ ဘဏ္ဍာရေးလောကထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေကြတဲ့အတွက် ချန်ပီယံဟောင်းတွေကို ဆက်ထိုးနိုင်ဖွယ်ရှိပါတယ်။(The Economist, Dec 25th, 2019)

သဘာ၀နဲ့လူလုပ်တဲ့ဘေးတွေတွေ့တဲ့-အာရှဒေသ
၂၀၁၉ အတွင်းမှာ အာရှဒေသတစ်ခုလုံး အထိတ်တလန့်ဖြစ်စရာတွေအပြည့်နဲ့ပါ။ ကက်ရှ်မီးယားဒေသ အိန္ဒိဘက်ခြမ်းမှာ အိန္ဒိယပြည်သူ့စစ်တွေအများအပြား၊ အကြမ်းဖက်တိုက်ခံရလို့ သေဆုံးပြီးတဲ့နောက်၊ ပါကစ္စတန်နဲ့အိန္ဒိယဟာ၊ စစ်ဖြစ်လုနီးပါးကြုံတွေ့ခဲ့ရပါတယ်။ ဖိလစ်ပိုင်နဲ့သီရိလင်္ကာက ဘုရားကျောင်းတက်သူတွေကို ပစ်မှတ်န်ယထားဗုံးခွဲခဲ့ပြီး၊ နယူးဇီလန်က မူဆလင်အများအပြားကို သေနတ်သမားတစ်ယောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်နဲ့မြောက်ကိုးရီးယား အဆင်ပြေမလိုလိုနဲ့ မပြေခဲ့ပါဘူး။ တရုတ်ဟာ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အာရှဒေသမှာ ဝက်တုပ်ကွေးဖြစ်ခဲ့ပြီး၊ ပါကစ္စတန်မှာ ပိုလီယိုဖြစ်ပွားမှုနဲ့ ဆာမိုအာမှာ ဝက်သက်ရောဂါကူးစက်ပြန့်ပွားမှု အရေးပေါ်အခြေအနေတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ အရှေ့တောင်အာရှဒေသမှာ မီးခိုးတွေဖုံးလွှမ်းခဲ့သလို၊ အိန္ဒိယမှာလည်း လေထုညစ်ညမ်းမှုဆိုးဝါးခဲ့၊ ရေရှားခဲ့တာတွေ့ရပါတယ်။ အရှေ့တောင်အာရှဒေသနဲ့ပစိဖိတ်ဒေသမှာ သန္တာကျောက်တန်းတွေ သေဆုံးနေကြပါပြီ။ ဩစတြေးလျမှာတော့ မိုးခေါင်တာနဲ့ တောမီးလောင်တာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာလို့၊ မြေနိမ့်ဒေသက အာရှမြို့တော်တွေကို ခြိမ်းခြောက်နေပါတယ်။ အိန္ဒိယမြို့တော်တချို့မှာတွေ့ရတဲ့ မီးခိုးတိမ်တွေဟာ ဝင်ငွေအလယ်အလတ်ရှိတဲ့နိုင်ငံတွေမှာ တွေ့ရတာများပါတယ်။

တချို့ဒုက္ခတွေက လူတွေကြောင့် ဖြစ်ရတာပါ။ အိန္ဒိယဟာ ကက်ရှ်မီးယား၊ အာသံနဲ့တခြားဒေသက နိုင်ငံသားတွေကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ခွဲခြားတဲ့ နိုင်ငံသားဥပဒေသစ်ပြဋ္ဌာန်းကာ မူဆလင်တွေရဲ့ဒေါသကို ဆွပေးခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာတော့ မဲပေးပြီး သုံးလလောက်ကြာမှ သမ္မတရွေးကောက်ပွဲရဲ့ ရလာဒ်ကို ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ အကြမ်းဖက်ခေါင်းဆောင်ကို လွှတ်မယ်လုပ်ပြီးမှ စိတ်ပြောင်းခဲ့ပါတယ်။ ကာဂျက်စတန်က အကျင့်ပျက်အရာရှိတွေဟာ အကောက်ခွန်ရငွေထဲက ဒေါ်လာသန်းတစ်ထောင်ကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြပါတယ်။ ပါကစ္စတန်မှာ အပြစ်မဲ့တဲ့သူ အတော်များများကို ဒဏ်ရာရစေခဲ့၊ လုပ်ကြံခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ လူကြိုက်များတဲ့ နိုင်ငံရေးပါတီတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။ ဆိုးဆိုးဝါးဝါးမသမာမှုတွေရှိခဲ့ပေမယ့်၊ ရွေးကောက်ပွဲရှုံးခဲ့ပါတယ်။
အင်ဒိုနီးရှား၊ ကာဇက်ကစ္စတန်၊ မွန်ဂိုလီးယား၊ ပါကစ္စတန်နဲ့ တောင်ကိုးရီးယားတို့မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်လို့၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်ခဲ့ပါတယ်။ ဆော်လမွန်ကျွန်းမှာတော့ အဓိကရုန်းတွေဖြစ်နေတယ်။ ပါပူဘာနယူးဂီနိမှာ သက်တမ်းရင့်ဝန်ကြီးချုပ် ပြုတ်ကျသွားခဲ့ပါတယ်။ သူ့ရာထူးကို ဆက်ခံတဲ့သူဟာ ကျွန်းတစ်ကျွန်းခွဲထွက်ဖို့ ဆန္ဒမဲပေးတာနဲ့ ကြုံရတယ်။

ဩစတြေးလျလက်ရှိအစိုးရ-လစ်ဘရယ်အမျိုးသားညွန့်ပေါင်းအစိုးရဟာ လူတွေထင်ထားသလိုမဟုတ်ဘဲ၊ အာဏာကို ဆက်လက်ကိုင်စွဲထားနိုင်ပါတယ်။ အိန္ဒိယမှာ မိုဒီဟာ နိုင်ငံအနှံရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ပေမယ့်၊ သူ့ပါတီဘီဂျေပီဟာ မဟာသျှပ်တရာပြည်နယ်ကြီးမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အင်ဒိုနီးရှားမှာ ဂျိုကိုဝီဒိနိုပြန်လည် အရွေးခံခဲ့ရပါတယ်။ ကာဇက်ကစ္စတန်က နှစ်ပေါင်း ၃၀ ကြာ သမ္မတဟာ ဆင်းပေးခဲ့ရပြီးနောက်ကွယ်ကပဲ လှုပ်ရှားနေပါတယ်။ ဂျပန်မှာ ရှင်ဇိုအာဘေးဟာ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ဝန်ကြီးချုပ်မပြောင်းလဲပေမယ့်၊ ဂျပန်ဟာ ပြောင်းလဲနေပုံရပါတယ်။ နိုင်ငံသားတွေက ဘုရင်စနစ်ကို စိတ်ပါဝင်စားမှုနည်းပါတယ်။ နိုင်ငံထဲမှာကလေးတွေကိုခေါ်လာတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ ပိုများလာနေတယ်။ ကမ္ဘောဒီးယားရဲ့ လျင်မြန်တဲ့စီးပွားရေးအပြောင်းအလဲဟာ နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှုရှိလာပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေဟာ ပိုပြီးရှေးရိုးဆန်လာတယ်လို့လည်းသံုးသပ်ထားတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လင်ကွဲမယားကွဲကို ပိုပြီးလက်ခံလာရကြတယ်။ ဗီယက်နမ်ဟာ လူနည်းစုတွေအပေါ်ထားတဲ့ အဃတာတချို့လျော့သွားတယ်။ ဩစတြေးလျတချို့ဒေသတွေဟာ နိုင်ငံခြားသားလာရောက်အောင် ဆွဲဆောင်နေကြတယ်။ တောင်ကိုးရီးယားမှာ လူမှုရေးစံနှုန်းတွေ လျင်မြန်စွာပြောင်းလဲနေကြပြီး၊ အထက်တန်းလွှာတွေကို ပိုမိုဆန့်ကျင်လာကြတယ်။ မြောက်ကိုးရီးယားမှာ အထက်တန်းလွှာတွေရဲ့ကလေးတွေဟာ တရားမဝင်ပုဂ္ဂလိက ကျူရှင်တွေသင်နေကြတယ်။

သတင်းကောင်းတွေလည်း ရှိပါသေးတယ်။ ကမ္ဘောဒီးယားမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖိနှိပ်တာနည်းတော့မယ့်ပုံပေါက်တယ်။ ဥဇဘက်ကစ္စတန်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင်တချို့ပိတ်၊ စီးပွားရေးကို လွတ်လပ်ခွင့်ပေးပြီး၊ ရွေးကောက်ပွဲလိုလိုတွေလုပ်လာတော့ The Economist အတွက် Country of the year လို့ ဥဇဘက်ကစ္စတန်ကို သတ်မှတ်လိုက်ပါသတဲ့။

The Economist, Dec 23rd, 2019

+++++++++++++++++++++++++++++++

 

၂၀၁၉ ကမာၻ ေနာက္ေၾကာင္းျပန္

ႏိုင္ငံေရးနဲ႔နည္းပညာေတြက စီးပြားေရးစနစ္ကို ဒုကၡေပး

၂၀၁၉ ကို ျပန္သုံးသပ္ၾကည့္တဲ့အခါ၊ အဓိကလႊမ္းမိုးေနတဲ့အေၾကာင္းအရာက ကုန္သြယ္ေရး- တိတိက်က်ေျပာရရင္ ကုန္သြယ္ေရးစစ္ပြဲျဖစ္ေနတာကိုေတြ႕ရတယ္။ တ႐ုတ္ႏိုင္ငံအင္အားႀကီးထြားလာတာ နည္းပညာဆိုင္ရာ တည္ထြင္ဆန္းသစ္မႈေတြျဖစ္ေပၚလာတာနဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အေမရိကန္ကိုယ္က်ိဳးစီးပြားကာကြယ္ေရးဝါဒကို က်င့္သုံးမႈေတြေၾကာင့္ ကုမၸဏီေတြဟာ သူတို႔ရဲ႕အေရာင္းေစ်းကြက္ေတြကို ျပန္လည္သုံးသပ္လာၾကရပါတယ္။ အထူးသျဖင့္ အေမရိကန္၊ ကေနဒါနဲ႔ မကၠဆီကိုတို႔ သုံးႏိုင္ငံပါဝင္ၿပီး၊ ၂၅ ႏွစ္ေလာက္ၾကာေအာင္ ဖြဲ႕စည္းထားတဲ့ ေျမာက္အေမရိကကုန္သြယ္ေရးဧရိယာ(NAFTA)အတြင္းမွာ ျဖစ္ပါတယ္။ ဒီသုံးႏိုင္ငံဟာ တစ္ခုတည္းေသာေစ်းကြက္ ျဖစ္လုလုနီးပါးအေျခအေနကို ေရာက္ေနပါၿပီ။ ႏွစ္မကုန္မီေလးမွာပဲ NAFTA ကို အစားထိုးတဲ့ USMCA ဆိုတာရဖို႔၊ လႊတ္ေတာ္နဲ႔ သူတို႔တရားစြဲဖို႔ႀကိဳးစားေနတဲ့ သမၼတတို႔အၾကား၊ သေဘာတူညီမႈရခဲ့ပါတယ္။
ဒီႏွစ္အကုန္မွာ တ႐ုတ္က တင္သြင္းမယ့္ကုန္ေတြအေပၚ အေမရိကန္က အခြန္တိုးေကာက္ေလေတာ့၊ တ႐ုတ္က ပို႔ကုန္ေစ်းကြက္သစ္ေတြကို အံ့ဩေလာက္ေအာင္၊ ရွာေဖြႏိုင္ခဲ့ပါတယ္။ အေမရိကန္ကုန္သြယ္ေရး ေစ့စပ္ညႇိႏႈိင္းသူေတြက အသည္းအသန္ႀကိဳးစားေနၾကတဲ့အခ်ိန္မွာ အေမရိကန္သမၼတကေတာ့ ေအာင္ပြဲခံေနပါတယ္။ ဘာျဖစ္မယ္မေသခ်ာမေရရာတာေၾကာင့္၊ ကမာၻမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ဖို႔ ခက္ခဲေစၿပီး၊ ကမာၻ႔စီးပြားေရးကိုလည္း ေႏွးေကြးသြားေစပါတယ္။
စည္းမ်ဥ္းစည္းကမ္းေတြကိုအေျခခံတဲ့ ကမာၻ႔ကုန္သြယ္ေရးစနစ္ဟာ ေခ်ာက္ကမ္းပါးစြန္းေပၚကို ေရာက္ေနခဲ့ပါတယ္။ အေမရိကန္မ်က္ေစ့ထဲၾကည့္မရျဖစ္ေနတဲ့ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕(WTO)ဟာ၊ ေခါင္းေဆာင္ခန႔္အပ္ဖို႔၊ အေမရိကန္ကကန႔္ကြက္ေနတဲ့အတြက္ ပုံမွန္အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမရွိပဲ ျဖစ္ေနခဲ့တယ္။ အနာဂတ္မွာအျငင္းပြားမႈျဖစ္ရင္ ျဖစ္ျဖစ္ခ်င္းၾကားနာမႈေတြလုပ္မွာမွန္ေပမယ့္၊ ၿပီးရင္ေတာ့ ႏွစ္ႏိုင္ငံေဆြးေႏြးမႈေတြပဲလုပ္ၾကရပါမယ္။ ခ်က္ခ်င္းလက္ငင္း၊ ၀ုန္းခနဲဒိုင္းခနဲၿပိဳလဲသြားတာမ်ိဳး မျဖစ္ႏိုင္ေသးေပမယ့္၊ ကမာၻႀကီးက လူအမ်ားႀကိဳက္လုပ္တာ၊ ကိုယ္က်ိဳးစီးပြားကာကြယ္တာေတြ မ်ားလာတဲ့အခါ၊ လြတ္လပ္တဲ့ ဒိုင္လူႀကီးလိုအဖြဲ႕အစည္းတစ္ခုမရွိတာဟာ ကမာၻ႔ကုန္သြယ္ေရးစနစ္အတြက္ ေနာက္ထပ္ထိုးနက္ခ်က္တစ္ခုျဖစ္ပါတယ္။
ကုန္သြယ္ေရးစစ္ပြဲေၾကာင့္၊ ကမာၻ႔ေစ်းကြက္ေတြကို တက္လိုက္က်လိုက္ျဖစ္ေစပါတယ္။ ႏွစ္စတုန္းကေတာ့ အေမရိကန္ဟာ တ႐ုတ္နဲ႔အဆင္ေျပေကာင္းရဲ႕လို႔ တြက္ဆၿပီး ေစ်းကြက္ေတြ အရွိန္တက္ခဲ့ၾကပါတယ္။ ဒါေပမယ့္ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္တဲ့အခါ၊ ကမာၻ႔စီးပြားေရးက်ဆင္းမယ့္အေရးကို ေသာကေရာက္လာခဲ့ၾကၿပီး၊ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ စိတ္ခ်ရတဲ့ ေငြေခ်းစာခ်ဳပ္ေတြကိုပဲ အေျပးအလႊားဝယ္ယူၾကပါတယ္။ ပုံမွန္အေျခအေနအသစ္တစ္ခုနဲ႔ ေနသားက်လာၾကၿပီး၊ ေငြေခ်းစာခ်ဳပ္ေတြရဲ႕အက်ိဳးအျမတ္(Yield)ေတြဟာ အႏႈတ္လကၡဏာျပတာကို လက္ခံလာၾကရပါတယ္။ ႏွစ္အကုန္မွာေတာ့ ကမာၻ႔ထုတ္လုပ္မႈတည္ၿငိမ္စျပဳလာၿပီး၊ ရင္းႏွီးျမႇဳတ္ႏွံသူေတြဟာ စြန႔္စားခ်င္စိတ္ ျပန္ေပၚလာခဲ့ၾကၿပီး၊ ကုန္စည္နဲ႔ထြန္းသစ္စႏိုင္ငံေတြက ေငြေၾကးေတြဘက္ကို ျပန္ၿပီးဦးလွည့္လာခဲ့ၾကပါတယ္။
ကမာၻ႔စီးပြားေရးအေဆာက္အအုံေႏွးေကြးလာေတာ့ အေမရိကန္ဗဟိုဘဏ္က အတိုးႏႈန္းေတြ စခ်ခဲ့ပါတယ္။ အေမရိကန္ဟာ စီးပြားေရးေႏွးေကြးမယ့္ ဆြဲအားေတြကို တြန္းလွန္ႏိုင္ခဲ့ၿပီး၊ ထြန္းသစ္စႏိုင္ငံေတြအေနနဲ႔လည္း အခက္အခဲႀကဳံတဲ့ တခ်ိဳ႕ႏွစ္ေတြရွိခဲ့ေပမယ့္ သက္သာရာရေစခဲ့ပါတယ္။
တ႐ုတ္ကေတာ့ စီးပြားေရးအေဆာက္အအုံထဲ၊ ေငြေၾကးအလုံးအရင္းနဲ႔ထည့္သြင္းဖို႔ ေရွာင္ရွားႏိုင္ခဲ့ပါတယ္။ ဥေရာပမွာေတာ့ ဗဟိုဘဏ္ကို ခရစ္စတင္းလာဂဒ္က အစားထိုးေခါင္းေဆာင္ၿပီး၊ ေႏွးေကြးေနတဲ့ ဥေရာပရဲ႕စီးပြားေရးနာလန္ထေအာင္၊ ေငြေၾကးမူဝါဒသုံးစြဲဖို႔တာဝန္ကို အေမြဆက္ခံရခဲ့ပါတယ္။ ဂ်ာမနီရဲ႕ စက္မႈလက္မႈက႑ဟာ ႏွစ္စကတည္းက အေျခအေနမေကာင္းခဲ့တာႏွစ္ဆုံးအထိပါပဲ၊ စီးပြားေရးေႏွးေကြးမယ့္အႏၲရာယ္က ပြတ္ကာသီကာ ေရွာင္သြားႏိုင္ခဲ့ပါတယ္။
တစ္ႏွစ္လုံးမွာ ဘဏ္ေတြနဲ႔နည္းပညာလုပ္ငန္းေတြရဲ႕ၿပိဳင္ပြဲ အရွိန္တက္ခဲ့ပါတယ္။ သမား႐ိုးက်နယ္စပ္ျဖတ္ေက်ာ္ေငြပို႔တဲ့ လုပ္ငန္းေတြရဲ႕ ေစ်းကြက္ေဝစုကို ေနာက္ေပၚလုပ္ငန္းငယ္ေလးေတြက လုယူႏိုင္ခဲ့ၾကပါတယ္။ အင္တာနက္သုံးေရာင္းဝယ္မႈေတြနဲ႔အဆက္အစပ္၊ အခ်ိတ္အဆက္မရွိ ေငြေပးေခ်မႈ လူႀကိဳက္မ်ားလာတာေတြေၾကာင့္၊ တခ်ိန္က အင္အားႀကီးေႏွးေကြးေလးလံတဲ့လုပ္ငန္းေတြေပါင္းစည္းလာၾကၿပီး၊ ကမာၻသစ္ဟာ ေငြမပါတဲ့ အနာဂတ္အတြက္ အဆင္သင့္ျဖစ္မျဖစ္ေမးခြန္းထုတ္လာၾကပါတယ္။ နည္းပညာကိုေၾကာက္တဲ့ အာမခံလုပ္ငန္းေတြက အပ်က္အစီးအဆုံးအရႈံးေတြ မ်ားလာၾကတယ္။ ရာသီဥတုအေျပာင္းအလဲေၾကာင့္ ဆုံးရႈံးမႈေတြမ်ားလာေတာ့ တဆင့္အာမခံထားသူေတြဟာ ၾကားလူေတြကို ဖယ္ရွားဖို႔ ႀကိဳးစားလာၾကပါတယ္။ ဒါေပမယ့္ ပိုၿပီးေၾကာက္ရတာက စမတ္ဖုန္းေတြေပၚက Google, Apple, Facebook နဲ႔ Amazon တို႔ ျဖစ္ၿပီး၊ ဘ႑ာေရးေလာကထဲ ဝင္ေရာက္ဖို႔ ျပင္ဆင္ေနၾကတဲ့အတြက္ ခ်န္ပီယံေဟာင္းေတြကို ဆက္ထိုးႏိုင္ဖြယ္ရွိပါတယ္။(The Economist, Dec 25th, 2019)

သဘာ၀နဲ႔လူလုပ္တဲ့ေဘးေတြေတြ႕တဲ့-အာရွေဒသ
၂၀၁၉ အတြင္းမွာ အာရွေဒသတစ္ခုလုံး အထိတ္တလန႔္ျဖစ္စရာေတြအျပည့္နဲ႔ပါ။ ကက္ရွ္မီးယားေဒသ အိႏၵိဘက္ျခမ္းမွာ အိႏၵိယျပည္သူ႔စစ္ေတြအမ်ားအျပား၊ အၾကမ္းဖက္တိုက္ခံရလို႔ ေသဆုံးၿပီးတဲ့ေနာက္၊ ပါကစၥတန္နဲ႔အိႏၵိယဟာ၊ စစ္ျဖစ္လုနီးပါးႀကဳံေတြ႕ခဲ့ရပါတယ္။ ဖိလစ္ပိုင္နဲ႔သီရိလကၤာက ဘုရားေက်ာင္းတက္သူေတြကို ပစ္မွတ္န္ယထားဗုံးခြဲခဲ့ၿပီး၊ နယူးဇီလန္က မူဆလင္အမ်ားအျပားကို ေသနတ္သမားတစ္ေယာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ အေမရိကန္နဲ႔ေျမာက္ကိုးရီးယား အဆင္ေျပမလိုလိုနဲ႔ မေျပခဲ့ပါဘူး။ တ႐ုတ္ဟာ ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

အာရွေဒသမွာ ဝက္တုပ္ေကြးျဖစ္ခဲ့ၿပီး၊ ပါကစၥတန္မွာ ပိုလီယိုျဖစ္ပြားမႈနဲ႔ ဆာမိုအာမွာ ဝက္သက္ေရာဂါကူးစက္ျပန႔္ပြားမႈ အေရးေပၚအေျခအေနေတြကိုလည္း ႀကဳံေတြ႕ခဲ့ရပါတယ္။ အေရွ႕ေတာင္အာရွေဒသမွာ မီးခိုးေတြဖုံးလႊမ္းခဲ့သလို၊ အိႏၵိယမွာလည္း ေလထုညစ္ညမ္းမႈဆိုးဝါးခဲ့၊ ေရရွားခဲ့တာေတြ႕ရပါတယ္။ အေရွ႕ေတာင္အာရွေဒသနဲ႔ပစိဖိတ္ေဒသမွာ သႏၲာေက်ာက္တန္းေတြ ေသဆုံးေနၾကပါၿပီ။ ဩစေၾတးလ်မွာေတာ့ မိုးေခါင္တာနဲ႔ ေတာမီးေလာင္တာေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာလို႔၊ ေျမနိမ့္ေဒသက အာရွၿမိဳ႕ေတာ္ေတြကို ၿခိမ္းေျခာက္ေနပါတယ္။ အိႏၵိယၿမိဳ႕ေတာ္တခ်ိဳ႕မွာေတြ႕ရတဲ့ မီးခိုးတိမ္ေတြဟာ ဝင္ေငြအလယ္အလတ္ရွိတဲ့ႏိုင္ငံေတြမွာ ေတြ႕ရတာမ်ားပါတယ္။

တခ်ိဳ႕ဒုကၡေတြက လူေတြေၾကာင့္ ျဖစ္ရတာပါ။ အိႏၵိယဟာ ကက္ရွ္မီးယား၊ အာသံနဲ႔တျခားေဒသက ႏိုင္ငံသားေတြကို ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီး၊ ခြဲျခားတဲ့ ႏိုင္ငံသားဥပေဒသစ္ျပ႒ာန္းကာ မူဆလင္ေတြရဲ႕ေဒါသကို ဆြေပးခဲ့ပါတယ္။ အာဖဂန္နစၥတန္မွာေတာ့ မဲေပးၿပီး သုံးလေလာက္ၾကာမွ သမၼတေ႐ြးေကာက္ပြဲရဲ႕ ရလာဒ္ကို ထုတ္ျပန္ေၾကညာႏိုင္ခဲ့ပါတယ္။ အင္ဒိုနီးရွားမွာ အၾကမ္းဖက္ေခါင္းေဆာင္ကို လႊတ္မယ္လုပ္ၿပီးမွ စိတ္ေျပာင္းခဲ့ပါတယ္။ ကာဂ်က္စတန္က အက်င့္ပ်က္အရာရွိေတြဟာ အေကာက္ခြန္ရေငြထဲက ေဒၚလာသန္းတစ္ေထာင္ကို ကိုယ္က်ိဳးအတြက္ သုံးခဲ့ၾကပါတယ္။ ပါကစၥတန္မွာ အျပစ္မဲ့တဲ့သူ အေတာ္မ်ားမ်ားကို ဒဏ္ရာရေစခဲ့၊ လုပ္ႀကံခဲ့ပါတယ္။ ထိုင္းအာဏာပိုင္ေတြဟာ လူႀကိဳက္မ်ားတဲ့ ႏိုင္ငံေရးပါတီတစ္ခုကို တိုက္ခိုက္ခဲ့ပါတယ္။ ဆိုးဆိုးဝါးဝါးမသမာမႈေတြရွိခဲ့ေပမယ့္၊ ေ႐ြးေကာက္ပြဲရႈံးခဲ့ပါတယ္။
အင္ဒိုနီးရွား၊ ကာဇက္ကစၥတန္၊ မြန္ဂိုလီးယား၊ ပါကစၥတန္နဲ႔ ေတာင္ကိုးရီးယားတို႔မွာ အစိုးရကို ဆန႔္က်င္ဆႏၵျပမႈေတြျဖစ္လို႔၊ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္ခဲ့ပါတယ္။ ေဆာ္လမြန္ကြၽန္းမွာေတာ့ အဓိက႐ုန္းေတြျဖစ္ေနတယ္။ ပါပူဘာနယူးဂီနိမွာ သက္တမ္းရင့္ဝန္ႀကီးခ်ဳပ္ ျပဳတ္က်သြားခဲ့ပါတယ္။ သူ႔ရာထူးကို ဆက္ခံတဲ့သူဟာ ကြၽန္းတစ္ကြၽန္းခြဲထြက္ဖို႔ ဆႏၵမဲေပးတာနဲ႔ ႀကဳံရတယ္။

ဩစေၾတးလ်လက္ရွိအစိုးရ-လစ္ဘရယ္အမ်ိဳးသားၫြန႔္ေပါင္းအစိုးရဟာ လူေတြထင္ထားသလိုမဟုတ္ဘဲ၊ အာဏာကို ဆက္လက္ကိုင္စြဲထားႏိုင္ပါတယ္။ အိႏၵိယမွာ မိုဒီဟာ ႏိုင္ငံအႏွံေ႐ြးေကာက္ပြဲေတြမွာ အႏိုင္ရခဲ့ေပမယ့္၊ သူ႔ပါတီဘီေဂ်ပီဟာ မဟာသွ်ပ္တရာျပည္နယ္ႀကီးမွာ အရႈံးနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ အင္ဒိုနီးရွားမွာ ဂ်ိဳကိုဝီဒိႏိုျပန္လည္ အေ႐ြးခံခဲ့ရပါတယ္။ ကာဇက္ကစၥတန္က ႏွစ္ေပါင္း ၃၀ ၾကာ သမၼတဟာ ဆင္းေပးခဲ့ရၿပီးေနာက္ကြယ္ကပဲ လႈပ္ရွားေနပါတယ္။ ဂ်ပန္မွာ ရွင္ဇိုအာေဘးဟာ သက္တမ္းအရွည္ဆုံးဝန္ႀကီးခ်ဳပ္ျဖစ္လာပါတယ္။ ဝန္ႀကီးခ်ဳပ္မေျပာင္းလဲေပမယ့္၊ ဂ်ပန္ဟာ ေျပာင္းလဲေနပုံရပါတယ္။ ႏိုင္ငံသားေတြက ဘုရင္စနစ္ကို စိတ္ပါဝင္စားမႈနည္းပါတယ္။ ႏိုင္ငံထဲမွာကေလးေတြကိုေခၚလာတဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြ ပိုမ်ားလာေနတယ္။ ကေမာၻဒီးယားရဲ႕ လ်င္ျမန္တဲ့စီးပြားေရးအေျပာင္းအလဲဟာ ႏိုင္ငံေရးအေပၚ အက်ိဳးသက္ေရာက္မႈရွိလာပါတယ္။ ျမန္မာဗုဒၶဘာသာေတြဟာ ပိုၿပီးေရွး႐ိုးဆန္လာတယ္လို႔လည္းသံုးသပ္ထားတယ္။ ဘဂၤလားေဒ့ရွ္မွာ လင္ကြဲမယားကြဲကို ပိုၿပီးလက္ခံလာရၾကတယ္။ ဗီယက္နမ္ဟာ လူနည္းစုေတြအေပၚထားတဲ့ အဃတာတခ်ိဳ႕ေလ်ာ့သြားတယ္။ ဩစေၾတးလ်တခ်ိဳ႕ေဒသေတြဟာ ႏိုင္ငံျခားသားလာေရာက္ေအာင္ ဆြဲေဆာင္ေနၾကတယ္။ ေတာင္ကိုးရီးယားမွာ လူမႈေရးစံႏႈန္းေတြ လ်င္ျမန္စြာေျပာင္းလဲေနၾကၿပီး၊ အထက္တန္းလႊာေတြကို ပိုမိုဆန႔္က်င္လာၾကတယ္။ ေျမာက္ကိုးရီးယားမွာ အထက္တန္းလႊာေတြရဲ႕ကေလးေတြဟာ တရားမဝင္ပုဂၢလိက က်ဴရွင္ေတြသင္ေနၾကတယ္။

သတင္းေကာင္းေတြလည္း ရွိပါေသးတယ္။ ကေမာၻဒီးယားမွာ အတိုက္အခံႏိုင္ငံေရးသမားေတြကို ဖိႏွိပ္တာနည္းေတာ့မယ့္ပုံေပါက္တယ္။ ဥဇဘက္ကစၥတန္မွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ အက်ဥ္းေထာင္တခ်ိဳ႕ပိတ္၊ စီးပြားေရးကို လြတ္လပ္ခြင့္ေပးၿပီး၊ ေ႐ြးေကာက္ပြဲလိုလိုေတြလုပ္လာေတာ့ The Economist အတြက္ Country of the year လို႔ ဥဇဘက္ကစၥတန္ကို သတ္မွတ္လိုက္ပါသတဲ့။

The Economist, Dec 23rd, 2019

ခင္ေမာင္ညိဳ (ေဘာဂေဗဒ)

Previous Next