13 Jan, 2020
၂၀၂၀မှာ ကြုံလာမယ့် လုပ်ငန်းခွင်အခြေအနေခန့်မှန်းချက်

    အခုနှစ်သစ် ၂၀၂၀မှာ လုပ်ငန်းခွင် အခြေအနေ တွေဘယ်လိုရှိမလဲ။ ဖို့စ်မဂ္ဂဇင်းကနေ ၂၀၂၀အတွက် ဖြစ်လာနိုင်တဲ့လုပ်ငန်းခွင်အခြေအနေတွေကို ကြိုတင် ခန့်မှန်းထားတာတွေရှိပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီအချက်တွေထဲကနေ မြန်မာပြည်ကလုပ်ငန်းခွင်နဲ့ ကိုက်ညီမှုရှိတဲ့အချက်တွေကို ပြန်လည်မျှဝေချင်ပါ တယ်။ 
ကောင်းမွန်တဲ့ခေါင်းဆောင်မှု
    ကောင်းမွန်တဲ့ခေါင်းဆောင်မှုရှိတဲ့လုပ်ငန်းခွင် မှာဆိုရင်တော့ တော်တဲ့သူတွေ၊ ထူးချွန်ထက်မြတ်သူ တွေ၊ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို ကမ်းလှမ်းစရာ မလိုဘဲ ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုရောက်လာမှာပဲဖြစ်ပါ တယ်။ အလုပ်ရှင်တစ်ယောက်က ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်မယ်ဆိုရင် သူ့ဆီမှာ အရည် အချင်းရှိတဲ့သူတွေ၊ တော်တဲ့သူတွေရှိနေမှာဖြစ်ပါ တယ်။ ဒီလိုမှမဟုတ်ဘဲ ခေါင်းဆောင်တစ်ယောက်က ကောင်းမွန်တဲ့ခေါင်းဆောင်မှုအရည်အချင်းမရှိဘူး ဆိုရင်တော့ ကိုယ့်ရဲ့နောက်မှာထူးချွန်တဲ့ဝန်ထမ်းတွေ၊ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေ ရှိလာမှာမဟုတ်ပါဘူး။ ဒါက ၂၀၂၀မှာ အလုပ်ရှင်တွေကြုံလာရနိုင်တဲ့ အချက် တစ်ခုဖြစ်ပါတယ်။
မှားယွင်းတဲ့အလုပ်ခန့်ထားမှု
    နောက်တစ်ချက်ကတော့ ကုမ္ပဏီမှာ ဝန်ထမ်း ခန့်ထားစရိတ်တွေ အလဟဿဖြုန်းတီးမိတာပါပဲ။ ဘာကြောင့်လဲဆိုရင် အလုပ်မခန့်သင့်တဲ့သူတွေ၊ အလုပ်မလုပ်ချင်တဲ့သူတွေ၊ သူတို့ကိုယ်တိုင်ဝန်ထမ်း မဖြစ်ချင်တဲ့သူတွေကို ငှားရမ်းမိလို့ ဝန်ထမ်းခန့်ထား စရိတ်တွေဆုံးရှုံးရမယ့်နှစ်တစ်နှစ်ပါ။ မှားယွင်းတဲ့အ လုပ်ခန့်ထားမှုက ကုမ္ပဏီအတွက် ငွေကြေးဆုံးရှုံးနစ် နာမှုတွေဖြစ်စေပါတယ်။
ဝန်ထမ်းတွေက အခွင့်အလမ်းတွေပိုရှာဖွေလာတယ်
    လုပ်ငန်းခွင်မှာ အကြီးအကဲနဲ့ဝန်ထမ်းဆက်သွယ် ပြောဆိုမှုသိပ်မရှိတဲ့အခါ၊ ဆက်ဆံရေးအဆင်မပြေတဲ့ အခါမျိုးတွေမှာ ဝန်ထမ်းတွေက အလုပ်ကနေ တခြား အခွင့်အလမ်းတွေရှာဖွေဖို့အတွက် ထွက်ကြပါတယ်။ တကယ်တော့ဝန်ထမ်းတွေက ကားတစ်စီးမှာဆိုရင် ဒရိုင်ဘာနေရာကနေ နေရတာပါ။ ဝန်ထမ်းတွေက အဓိကမောင်းနှင်အားပါပဲ။ ဒါကိုနားလည်သဘော ပေါက်သွားတဲ့ ဝန်ထမ်းတွေက သူတို့အခွင့်အရေး အတွက် မျက်စိပွင့်၊ နားစွင့်ပြီး အခွင့်အလမ်းတွေကို ပိုမိုရှာဖွေလာကြပါတယ်။
အလုပ်ထွက်နှုန်းများတာ
    ၂၀၂၀မှာ အလုပ်ရှင်တွေအံ့အားသင့်ရမယ့်အ ချက်ကတော့ ဝန်ထမ်းတွေအလုပ်ထွက်နှုန်းများတာလို့ ဖို့စ်မှာရေးသားထားပါတယ်။ ဘာကြောင့်ထွက်ကြသ လဲဆိုရင် ပိုမိုကောင်းမွန်တဲ့ လစာရဖို့အတွက် လက်ရှိ အလုပ်ကိုစွန့်ခွာကြတာပါ။ ရာထူးနဲ့လုပ်ရတဲ့အလုပ် တာဝန်တူပေမဲ့ ကုမ္ပဏီမတူတာကြောင့် ရတဲ့လစာ အနည်းအများကွာကြတာတွေရှိပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေက လက်ရှိလက်စာထက်ပိုကောင်းတဲ့ နေရာတွေကိုပြောင်းရွေ့လာကြပါတယ်။
အလုပ်ရှာသူများ
    အလုပ်ရှာသူတွေတော်တော်များများက လူချင်းမမြင်ရတဲ့ လူမှုကွန်ရက်တွေမှာအချိန်ကုန်နေ တာတွေက အလုပ်မရနိုင်ဘူးဆိုတာကို နောက်ဆုံးမှာ သိမြင်လာကြပါတယ်။ ဒါကြောင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်တဲ့ ဆက်သွယ်ပြောဆိုမှုတွေကို အားထုတ် လာကြပါတယ်။ ဥပမာ ပွဲတွေ၊ အခမ်းအနားတွေ တက်ရောက်ပြီး ဆက်သွယ်မှုကွန်ရက်တိုးပွားစေဖို့ လုပ်ဆောင်တာမျိုး၊ အပြင်မှာအချင်းချင်းချိတ်ဆက်ပြီး အလုပ်ရဖို့ကြိုးစားတာမျိုးတွေလုပ်ဆောင်လာကြပါတယ်။ 
အိမ်ကနေ အလုပ်လုပ်တာ
    အခုနောက်ပိုင်းမှာ အိမ်ကနေ ရုံးအလုပ်လုပ်တွေ လုပ်ဖို့ခွင့်ပြုတဲ့အလုပ်တွေအများအပြားရှိလာပါပြီ။ အခုနှစ်မှာတော့ ဝန်ထမ်းတွေကို အိမ်ကနေအလုပ် လုပ်ဖို့ ခွင့်မပြုတဲ့ကုမ္ပဏီတွေရဲ့ လုပ်ငန်းခွင်က နောက် ပိုင်းမှာ တောကြီးမြက်မဲထဲက လူသူအရောက်အ ပေါက်နည်းတဲ့ ဂူတွေလိုဖြစ်သွားလိမ့်မယ်လို့ ဖော်ပြ ထားပါတယ်။ နည်းပညာတိုးတက်နေတဲ့ခေတ်ကြီး မှာ လိုအပ်ရင် အိမ်ကနေအလုပ်လုပ်ဖို့ ခွင့်ပြုပေးလာ ကြပါတယ်။ ဒီအချက်ကိုငြင်းဆန်ပြီးနေတဲ့ကုမ္ပဏီတွေ လည်းရှိပါသေးတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ဒီလို ကုမ္ပဏီတွေကနေ ဝန်ထမ်းတွေစွန့်ခွာသွားပါလိမ့်မယ်။
ဝန်ထမ်းတွေအတွက် ရင်းနှီးမြှုပ်နှံတာ
    အဖွဲ့အစည်းတွေနားလည် လက်ခံလာကြတာက ခေါင်းဆောင်မှုဆိုတာက ခရီးပန်းတိုင်မဟုတ်ဘဲ ခရီးရှည်တစ်ခုဆိုတာကိုပါ။ ဒါကြောင့်ကိုယ့်ဆီမှာရှိတဲ့ ဝန်ထမ်းတွေကို ခေါင်းဆောင်တွေဖြစ်ဖို့ ရင်းနှီးမြှုပ်နှံ လာကြတာပါ။ ဝန်ထမ်းတွေကိုရင်းနှီးမြှုပ်နှံမှုမရှိတဲ့ ုလုပ်ငန်းခွင်နဲ့ ဝန်ထမ်းတွေကိုရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်း ခွင် ဒီနှစ်ခုမှာ အောင်မြင်မှုရတာချင်းမတူနိုင်ပါဘူး။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်လိမ္မာမှုလည်း မတူနိုင်ပါဘူး။ ဒါကြောင့် အဖွဲ့အစည်းတွေက ကိုယ့်ရဲ့ဝန်ထမ်းတွေကို ခေါင်း ဆောင်တွေဖြစ်အောင် ရင်းနှီးမြှုပ်နှံကြတာပဲဖြစ်ပါ တယ်။ ကိုယ့်ရဲ့ဝန်ထမ်းကိုရင်းနှီးမြှုပ်နှံတာက ကိုယ့်ရဲ့ ကုမ္ပဏီအဖွဲ့အစည်းအတွက် ရင်းနှီးမြှုပ်နှံတာပဲဆိုတာ ကို အလုပ်ရှင်တွေကိုယ်တိုင်နားလည်သဘောပေါက် လာကြပါတယ်။
ပိုက်ဆံဖြုန်းတီးတဲ့အစီအစဉ်တွေကိုရပ်နားတာ
    ကုမ္ပဏီအများစုမှာ ပိုက်ဆံအများကြီးအကုန်ခံ လုပ်နေတဲ့ဝန်ထမ်းများနဲ့ ချိတ်ဆက်ထိတွေ့တဲ့အစီအ စဉ်တွေက အလုပ်မဖြစ်တဲ့အကြောင်းသိလာပြီးတဲ့ နောက် အဲဒီအစီအစဉ်တွေအစား အကြောင်းအရာ ပေါ်မှာအခြေခံတဲ့ အချက်တွေကိုပဲအာရုံစိုက်တာမျိုး ပါ။ ခေါင်းဆောင်များရဲ့စွမ်းဆောင်ရည်နဲ့ လူတွေရဲ့ စိတ်နှလုံးကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့်ကိစ္စရပ်တွေ အပေါ်မှာ အာရုံစိုက်လာကြတာပါ။ အလဟဿငွေ ဖြုန်းတီးနေတဲ့ အစီအစဉ်တွေကို ရပ်နားလိုက်ပြီး တကယ့်လက်တွေ့ထိရောက်တဲ့နည်းလမ်းတွေကို အသုံးပြုလာကြတာပါ။
လုပ်ငန်းခွင်တွေမှာ ကျား၊ မ ခွဲခြားမှုတွေရှိနေ သေးတာ
    အရာအားလုံးပြောင်းလဲတိုးတက်လာပေမဲ့ လုပ်ငန်းခွင်မှာ ကျား၊ မ ခွဲခြားမှုတွေကတော့ ရှိနေ တုန်းပါ။ အမျိုးသမီးတွေက လိုအပ်တဲ့အရည်အချင်း တွေ၊ စံချိန်စံနှုန်းတွေပြည့်မီပေမဲ့ ရာထူးတိုးဖို့ စောင့်ဆိုင်းနေရပါတယ်။ တချို့အမျိုးသားတွေက တော့ အရည်အချင်းမပြည့်မီပေမဲ့ မျက်နှာပြောင် ပြောင်နဲ့ပဲ ရာထူးအဆင့်ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးသွားကြပါတယ်။ ဒါက ၂၀၂၀လုပ်ငန်းခွင်မှာလည်း ဒီလိုအဖြစ်အပျက်မျိုး ရှိနေနိုင်သေးတယ်လို့  ဖို့စ် မဂ္ဂဇင်းမှာဖော်ပြထားပါတယ်။ 
    ဒါက ဖို့စ်မဂ္ဂဇင်းက ဆောင်းပါးရှင် ျွသဘနမအေ ြအေကျသည ရဲ့ ၂၀၂၀ အမြင်ပဲဖြစ်ပါတယ်။ ဆောင်း ပါးရှင်ရဲ့ လုပ်ငန်းခွင်ကြိုတင်ခန့်မှန်းချက်တွေထဲက တချို့ကိုထုတ်နုတ်ပြီး ပြန်လည်မျှဝေထားတာဖြစ်ပါ တယ်။ လုပ်ငန်းခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘော သဘာဝတွေ၊ ကြုံလာရနိုင်တဲ့အခြေအနေတွေကို ကြို တင်ခန့်မှန်းထားတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်း ခွင်ကရော ဘယ်လိုအခြေအနေဖြစ်မလဲဆိုတာ သုံးသပ်အဖြေရှာကြည့်လို့ရပါတယ်။ 

ကျော့ကေခိုင်


________________________________________

    အခုႏွစ္သစ္ ၂၀၂၀မွာ လုပ္ငန္းခြင္ အေျခအေန ေတြဘယ္လိုရွိမလဲ။ ဖို႔စ္မဂၢဇင္းကေန ၂၀၂၀အတြက္ ျဖစ္လာႏိုင္တဲ့လုပ္ငန္းခြင္အေျခအေနေတြကို ႀကိဳတင္ ခန္႔မွန္းထားတာေတြရွိပါတယ္။ ဒီတစ္ပတ္မွာေတာ့ အဲဒီအခ်က္ေတြထဲကေန ျမန္မာျပည္ကလုပ္ငန္းခြင္နဲ႔ ကိုက္ညီမႈရွိတဲ့အခ်က္ေတြကို ျပန္လည္မွ်ေဝခ်င္ပါ တယ္။ 
ေကာင္းမြန္တဲ့ေခါင္းေဆာင္မႈ
    ေကာင္းမြန္တဲ့ေခါင္းေဆာင္မႈရွိတဲ့လုပ္ငန္းခြင္ မွာဆိုရင္ေတာ့ ေတာ္တဲ့သူေတြ၊ ထူးခြ်န္ထက္ျမတ္သူ ေတြ၊ အရည္အခ်င္းရွိတဲ့ဝန္ထမ္းေတြကို ကမ္းလွမ္းစရာ မလိုဘဲ ကိုယ့္ရဲ႕လုပ္ငန္းခြင္ကိုေရာက္လာမွာပဲျဖစ္ပါ တယ္။ အလုပ္ရွင္တစ္ေယာက္က ေခါင္းေဆာင္ ေကာင္းတစ္ေယာက္ျဖစ္မယ္ဆိုရင္ သူ႔ဆီမွာ အရည္ အခ်င္းရွိတဲ့သူေတြ၊ ေတာ္တဲ့သူေတြရွိေနမွာျဖစ္ပါ တယ္။ ဒီလိုမွမဟုတ္ဘဲ ေခါင္းေဆာင္တစ္ေယာက္က ေကာင္းမြန္တဲ့ေခါင္းေဆာင္မႈအရည္အခ်င္းမရွိဘူး ဆိုရင္ေတာ့ ကိုယ့္ရဲ႕ေနာက္မွာထူးခြ်န္တဲ့ဝန္ထမ္းေတြ၊ အရည္အခ်င္းရွိတဲ့ဝန္ထမ္းေတြ ရွိလာမွာမဟုတ္ပါဘူး။ ဒါက ၂၀၂၀မွာ အလုပ္ရွင္ေတြႀကံဳလာရႏိုင္တဲ့ အခ်က္ တစ္ခုျဖစ္ပါတယ္။
မွားယြင္းတဲ့အလုပ္ခန္႔ထားမႈ
    ေနာက္တစ္ခ်က္ကေတာ့ ကုမၸဏီမွာ ဝန္ထမ္း ခန္႔ထားစရိတ္ေတြ အလဟႆျဖဳန္းတီးမိတာပါပဲ။ ဘာေၾကာင့္လဲဆိုရင္ အလုပ္မခန္႔သင့္တဲ့သူေတြ၊ အလုပ္မလုပ္ခ်င္တဲ့သူေတြ၊ သူတို႔ကိုယ္တိုင္ဝန္ထမ္း မျဖစ္ခ်င္တဲ့သူေတြကို ငွားရမ္းမိလို႔ ဝန္ထမ္းခန္႔ထား စရိတ္ေတြဆံုး႐ံႈးရမယ့္ႏွစ္တစ္ႏွစ္ပါ။ မွားယြင္းတဲ့အ လုပ္ခန္႔ထားမႈက ကုမၸဏီအတြက္ ေငြေၾကးဆံုး႐ံႈးနစ္ နာမႈေတြျဖစ္ေစပါတယ္။
ဝန္ထမ္းေတြက အခြင့္အလမ္းေတြပိုရွာေဖြလာတယ္
    လုပ္ငန္းခြင္မွာ အႀကီးအကဲနဲ႔ဝန္ထမ္းဆက္သြယ္ ေျပာဆိုမႈသိပ္မရွိတဲ့အခါ၊ ဆက္ဆံေရးအဆင္မေျပတဲ့ အခါမ်ိဳးေတြမွာ ဝန္ထမ္းေတြက အလုပ္ကေန တျခား အခြင့္အလမ္းေတြရွာေဖြဖို႔အတြက္ ထြက္ၾကပါတယ္။ တကယ္ေတာ့ဝန္ထမ္းေတြက ကားတစ္စီးမွာဆိုရင္ ဒ႐ိုင္ဘာေနရာကေန ေနရတာပါ။ ဝန္ထမ္းေတြက အဓိကေမာင္းႏွင္အားပါပဲ။ ဒါကိုနားလည္သေဘာ ေပါက္သြားတဲ့ ဝန္ထမ္းေတြက သူတို႔အခြင့္အေရး အတြက္ မ်က္စိပြင့္၊ နားစြင့္ၿပီး အခြင့္အလမ္းေတြကို ပိုမိုရွာေဖြလာၾကပါတယ္။
အလုပ္ထြက္ႏႈန္းမ်ားတာ
    ၂၀၂၀မွာ အလုပ္ရွင္ေတြအံ့အားသင့္ရမယ့္အ ခ်က္ကေတာ့ ဝန္ထမ္းေတြအလုပ္ထြက္ႏႈန္းမ်ားတာလို႔ ဖို႔စ္မွာေရးသားထားပါတယ္။ ဘာေၾကာင့္ထြက္ၾကသ လဲဆိုရင္ ပိုမိုေကာင္းမြန္တဲ့ လစာရဖို႔အတြက္ လက္ရွိ အလုပ္ကိုစြန္႔ခြာၾကတာပါ။ ရာထူးနဲ႔လုပ္ရတဲ့အလုပ္ တာဝန္တူေပမဲ့ ကုမၸဏီမတူတာေၾကာင့္ ရတဲ့လစာ အနည္းအမ်ားကြာၾကတာေတြရွိပါတယ္။ ဒါေၾကာင့္ ဝန္ထမ္းေတြက လက္ရွိလက္စာထက္ပိုေကာင္းတဲ့ ေနရာေတြကိုေျပာင္းေရြ႕လာၾကပါတယ္။
အလုပ္ရွာသူမ်ား
    အလုပ္ရွာသူေတြေတာ္ေတာ္မ်ားမ်ားက လူခ်င္းမျမင္ရတဲ့ လူမႈကြန္ရက္ေတြမွာအခ်ိန္ကုန္ေန တာေတြက အလုပ္မရႏိုင္ဘူးဆိုတာကို ေနာက္ဆံုးမွာ သိျမင္လာၾကပါတယ္။ ဒါေၾကာင့္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆံုႏိုင္တဲ့ ဆက္သြယ္ေျပာဆိုမႈေတြကို အားထုတ္ လာၾကပါတယ္။ ဥပမာ ပြဲေတြ၊ အခမ္းအနားေတြ တက္ေရာက္ၿပီး ဆက္သြယ္မႈကြန္ရက္တိုးပြားေစဖို႔ လုပ္ေဆာင္တာမ်ိဳး၊ အျပင္မွာအခ်င္းခ်င္းခ်ိတ္ဆက္ၿပီး အလုပ္ရဖို႔ႀကိဳးစားတာမ်ိဳးေတြလုပ္ေဆာင္လာၾကပါတယ္။ 
အိမ္ကေန အလုပ္လုပ္တာ
    အခုေနာက္ပိုင္းမွာ အိမ္ကေန ႐ံုးအလုပ္လုပ္ေတြ လုပ္ဖို႔ခြင့္ျပဳတဲ့အလုပ္ေတြအမ်ားအျပားရွိလာပါၿပီ။ အခုႏွစ္မွာေတာ့ ဝန္ထမ္းေတြကို အိမ္ကေနအလုပ္ လုပ္ဖို႔ ခြင့္မျပဳတဲ့ကုမၸဏီေတြရဲ႕ လုပ္ငန္းခြင္က ေနာက္ ပိုင္းမွာ ေတာႀကီးျမက္မဲထဲက လူသူအေရာက္အ ေပါက္နည္းတဲ့ ဂူေတြလိုျဖစ္သြားလိမ့္မယ္လို႔ ေဖာ္ျပ ထားပါတယ္။ နည္းပညာတိုးတက္ေနတဲ့ေခတ္ႀကီး မွာ လိုအပ္ရင္ အိမ္ကေနအလုပ္လုပ္ဖို႔ ခြင့္ျပဳေပးလာ ၾကပါတယ္။ ဒီအခ်က္ကိုျငင္းဆန္ၿပီးေနတဲ့ကုမၸဏီေတြ လည္းရွိပါေသးတယ္။ ဒါေပမဲ့ေနာက္ပိုင္းမွာေတာ့ ဒီလို ကုမၸဏီေတြကေန ဝန္ထမ္းေတြစြန္႔ခြာသြားပါလိမ့္မယ္။
ဝန္ထမ္းေတြအတြက္ ရင္းႏွီးျမႇဳပ္ႏွံတာ
    အဖြဲ႔အစည္းေတြနားလည္ လက္ခံလာၾကတာက ေခါင္းေဆာင္မႈဆိုတာက ခရီးပန္းတိုုင္မဟုတ္ဘဲ ခရီးရွည္တစ္ခုဆိုတာကိုပါ။ ဒါေၾကာင့္ကိုယ့္ဆီမွာရွိတဲ့ ဝန္ထမ္းေတြကို ေခါင္းေဆာင္ေတြျဖစ္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံ လာၾကတာပါ။ ဝန္ထမ္းေတြကိုရင္းႏွီးျမႇဳပ္ႏွံမႈမရွိတဲ့ ုလုပ္ငန္းခြင္နဲ႔ ဝန္ထမ္းေတြကိုရင္းႏွီးျမႇဳပ္ႏွံတဲ့လုပ္ငန္း ခြင္ ဒီႏွစ္ခုမွာ ေအာင္ျမင္မႈရတာခ်င္းမတူႏိုင္ပါဘူး။ ဝန္ထမ္းတစ္ဦးခ်င္းစီရဲ႕ သက္ဆိုင္ရာနယ္ပယ္အလိုက္ ကြ်မ္းက်င္လိမၼာမႈလည္း မတူႏိုင္ပါဘူး။ ဒါေၾကာင့္ အဖြဲ႔အစည္းေတြက ကိုယ့္ရဲ႕ဝန္ထမ္းေတြကို ေခါင္း ေဆာင္ေတြျဖစ္ေအာင္ ရင္းႏွီးျမႇဳပ္ႏွံၾကတာပဲျဖစ္ပါ တယ္။ ကိုယ့္ရဲ႕ဝန္ထမ္းကိုရင္းႏွီးျမႇဳပ္ႏွံတာက ကိုယ့္ရဲ႕ ကုမၸဏီအဖြဲ႔အစည္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံတာပဲဆိုတာ ကို အလုပ္ရွင္ေတြကိုယ္တိုင္နားလည္သေဘာေပါက္ လာၾကပါတယ္။
ပိုက္ဆံျဖဳန္းတီးတဲ့အစီအစဥ္ေတြကိုရပ္နားတာ
    ကုမၸဏီအမ်ားစုမွာ ပိုက္ဆံအမ်ားႀကီးအကုန္ခံ လုပ္ေနတဲ့ဝန္ထမ္းမ်ားနဲ႔ ခ်ိတ္ဆက္ထိေတြ႕တဲ့အစီအ စဥ္ေတြက အလုပ္မျဖစ္တဲ့အေၾကာင္းသိလာၿပီးတဲ့ ေနာက္ အဲဒီအစီအစဥ္ေတြအစား အေၾကာင္းအရာ ေပၚမွာအေျခခံတဲ့ အခ်က္ေတြကိုပဲအာ႐ံုစိုက္တာမ်ိဳး ပါ။ ေခါင္းေဆာင္မ်ားရဲ႕စြမ္းေဆာင္ရည္နဲ႔ လူေတြရဲ႕ စိတ္ႏွလံုးကို တိုက္႐ိုက္ဆက္သြယ္ႏိုင္မယ့္ကိစၥရပ္ေတြ အေပၚမွာ အာ႐ံုစိုက္လာၾကတာပါ။ အလဟႆေငြ ျဖဳန္းတီးေနတဲ့ အစီအစဥ္ေတြကို ရပ္နားလိုက္ၿပီး တကယ့္လက္ေတြ႕ထိေရာက္တဲ့နည္းလမ္းေတြကို အသံုးျပဳလာၾကတာပါ။
လုပ္ငန္းခြင္ေတြမွာ က်ား၊ မ ခြဲျခားမႈေတြရွိေန ေသးတာ
    အရာအားလံုးေျပာင္းလဲတိုးတက္လာေပမဲ့ လုပ္ငန္းခြင္မွာ က်ား၊ မ ခြဲျခားမႈေတြကေတာ့ ရွိေန တုန္းပါ။ အမ်ိဳးသမီးေတြက လိုအပ္တဲ့အရည္အခ်င္း ေတြ၊ စံခ်ိန္စံႏႈန္းေတြျပည့္မီေပမဲ့ ရာထူးတိုးဖို႔ ေစာင့္ဆိုင္းေနရပါတယ္။ တခ်ိဳ႕အမ်ိဳးသားေတြက ေတာ့ အရည္အခ်င္းမျပည့္မီေပမဲ့ မ်က္ႏွာေျပာင္ ေျပာင္နဲ႔ပဲ ရာထူးအဆင့္ဆင့္ကို တစ္ဆင့္ၿပီးတစ္ဆင့္ တိုးသြားၾကပါတယ္။ ဒါက ၂၀၂၀လုပ္ငန္းခြင္မွာလည္း ဒီလိုအျဖစ္အပ်က္မ်ိဳး ရွိေနႏိုင္ေသးတယ္လို႔  ဖို႔စ္ မဂၢဇင္းမွာေဖာ္ျပထားပါတယ္။ 
    ဒါက ဖို႔စ္မဂၢဇင္းက ေဆာင္းပါးရွင္ ြ်သဘနမအေ ၾေအက်သည ရဲ႕ ၂၀၂၀ အျမင္ပဲျဖစ္ပါတယ္။ ေဆာင္း ပါးရွင္ရဲ႕ လုပ္ငန္းခြင္ႀကိဳတင္ခန္႔မွန္းခ်က္ေတြထဲက တခ်ိဳ႕ကိုထုတ္ႏုတ္ၿပီး ျပန္လည္မွ်ေဝထားတာျဖစ္ပါ တယ္။ လုပ္ငန္းခြင္မွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ သေဘာ သဘာဝေတြ၊ ႀကံဳလာရႏိုင္တဲ့အေျခအေနေတြကို ႀကိဳ တင္ခန္႔မွန္းထားတာပဲျဖစ္ပါတယ္။ ကိုယ့္ရဲ႕လုပ္ငန္း ခြင္ကေရာ ဘယ္လိုအေျခအေနျဖစ္မလဲဆိုတာ သံုးသပ္အေျဖရွာၾကည့္လို႔ရပါတယ္။ 


ေက်ာ့ေကခိုင္

Previous Next