13 Jan, 2020
အောင်မြင်ခြင်း၏အထောက်အပံ့

    နေ့စဉ်လှုပ်ရှားသွားလာနေသော လူတစ် ယောက်သည် (၃)မျိုးသောအလုပ်ကို လုပ်ကြရသည်။ ကာယကံဟုဆိုသော ကိုယ်လက်ဖြင့် ပြုလုပ်သော အလုပ်၊ ဝစီကံဟုဆိုသော နှုတ်ဖြင့်ပြောဆိုသော အလုပ်၊ မနောကံဟုဆိုသော စိတ်အကြံဖြင့် ပြုလုပ် သောအလုပ်တို့ဖြစ်ကြသည်။ ထို(၃)မျိုးသော အလုပ်တို့တွင် အလျင်မြန်ဆုံးမှာ စိတ်အကြံဖြင့် ပြုလုပ်သောအလုပ်ဖြစ်သည်။ ထို့အပြင် အလုပ် (၃)ခုတို့၏ ခေါင်းဆောင်ဟုဆိုလျှင်လည်း မှားနိုင်မည် မဟုတ်ပေ။ စိတ်၏စေစားရာသို့ ကိုယ်နှင့် နှုတ်တို့က လိုက်ကြရပေသည်။ သို့ဆိုလျှင်စိတ်သည် မည်မျှ အရေးကြီးကြောင်းထင်ရှားပါသည်။ ကိုယ်နှုတ် တို့ဖြင့် မကောင်းမှု ပြုလုပ်သောအခါ ခိုင်းစေသူမှာစိတ်ပင် ဖြစ်သည်။ ကောင်းမှုပြုလုပ်သောအခါတွင်လည်း ထို့အတူပင်ဖြစ်ပါသည်။  
    လောကကြီးတွင် အားအကြီးဆုံးအရာကြီး ၃ မျိုးရှိသည်ဟု မှတ်သားဖူးပါသည်။ နံပါတ်(၁) တောင်ကြီးများ၊ (၂)ပင်လယ်သမုဒ္ဒရာကြီးများ၊ (၃) စိတ်ကိုစေစားနေသောသူတို့ဖြစ်ကြသည်။ တောင်ကြီး များနှင့် သမုဒ္ဒရာကြီးများသည် ကမ္ဘာပေါ်တွင် အလွန်အားကြီးသော အရာများဖြစ်ကြပါသည်။ ဆူနာမီဆိုသော လှိုင်းများဖြင့်ဖျက်ဆီးနိုင်သည်။ တောင်ကြီးများသည်လည်း ထို့အတူပင် ကြီးမားသည့် အလျောက် မီးတောင်များဖြင့်လည်းလူတို့ကိုဖျက်ဆီး နိုင်သည်။ သို့သော် တွေးတောကြံဆလျက်စိတ်ကို စေစားနေသော လူတို့သည် တောင်ကြီးများကို ဖောက်ခွဲဖျက်ဆီးပစ်နိုင်သော စွမ်းအားရှိကြသည်။ သမုဒ္ဒရာကြီးများကိုလည်း ဟန့်တားလျက် ဖျောက်ဖျက်နိုင်သော စွမ်းအားများရှိကြသည်။ 
    နာဆာမှ အာကာသသိပ္ပံပညာရှင်များက နေအဖွဲ့အစည်းတွင် မည်သည့်အတွက်ကြောင့် ဥက္ကာခဲများစုပုံနေသနည်းဟူသော မေးခွန်းကိုသုံးသပ် ကြသောအခါ ထိုဥက္ကာခဲများသည်လည်း ပြီးခဲ့သော အချိန်အတိုင်းအတာ တစ်ခုတွင် ကမ္ဘာမြေ ကဲ့သို့သော ကမ္ဘာများအဖြစ် ရှိခဲ့ကြလိမ့်မည်။ ထို့နောက် အချင်း ချင်းစစ်မက်ဖြစ်ပွားရာမှ အစိတ်စိတ်အမွှာမွှာ ကွဲကြေလျက် ဥက္ကာခဲများဘဝသို့ရောက်သွားခြင်း ဖြစ်လိမ့်မည်ဟုဆင်ခြင်မိကြသည်။ စိတ်ကိုစေစား လျက် တွေးတောကြံဆကာ တီထွင်မှုပြုလုပ်သော ရူပဗေဒပညာရှင်ကြီး တစ်ဦးရှိခဲ့ဖူးသည်။ ထိုသူက အိုင်းစတိုင်းပင်ဖြစ်ပါသည်။  e=mc2 ဟူသော ဖော်မြူလာကို ရရှိရန် အပတ်တကုတ် အားထုတ်လျက် အောင်မြင်ခဲ့သည်။ ထိုဖော်မြူလာမှာ ကမ္ဘာကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော နျူကလီးယား လက်နက်၏ အခြေခံဖြစ်လေသည်။ စိတ်ကိုစေစား ခြင်း၏ ရလဒ်မှာ ကြီးမားလွန်းလှသည်။ 
    ထိုမျှစွမ်းအားကြီးသော စိတ်သည် ကျွန်တော်တို့ အလိုရှိသော အောင်မြင်မှု ပန်းတိုင်သို့လည်း ရောက် အောင်ပို့ပေးနိုင်ပါသည်။ နပိုလီယံဟီးလ်က ''စိတ်ထဲ တွင်ပေါ်လာသော မည်သည့်အတွေးပင် ဖြစ်စေ ဖြစ်ကိုဖြစ်ရမယ်ဟူ၍ ယုံကြည်ချက်ရှိလျှင် အမှန် တကယ် ဖြစ်နိုင်ပါသည်'' ဟုဆိုသည်။ သို့သော် ကျွန်တော်တို့ လူငယ်များသည် မိမိကိုယ်ကို ယုံကြည်မှု အားနည်းကြသည်။ ချစ်၍ ဖြစ်စေ၊ မုန်း၍ဖြစ်စေ ယုံကြည်မှု မပေးတတ်သော ပတ်ဝန်းကျင်တွင် ရှင်သန်ကြီးပြင်းခဲ့ရခြင်းဖြစ်သောကြောင့် မိမိကိုယ်ကို မယုံကြည်ရဲသည်မှာဆန်းလှသည် မဟုတ်ပေ။ သို့သော်လည်း မည်သူမျှ မပေးသော ယုံကြည်မှုအား မိမိကိုယ်မိမိပေးရမည်ဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၏ အားသာချက်သည် မိမိ၏ အားနည်းချက်များကို ဖုံးလွှမ်းလျက် ကြံစည် ရည်ရွယ် ထားသော မိမိ၏ရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်ရှိ နိုင်မည်ဖြစ်ပါသည်။
    Chicken Soup for the Soul စာအုပ်ကို ရေးသားခဲ့သော ဂျက်ကန်ဖီး (Jack Canfield)က အောင်မြင်ခဲ့သည့်သူများကို အင်တာဗျူးမေးမြန်း ခဲ့သည့်အခါ အားလုံးနီးပါးသည် ''ကျနော်ဟာ ကျနော့် နယ်ပယ်မှာ ပင်ကိုစွမ်းရည်နဲ့ ပါရမီပါသူတစ် ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်လုပ်နေတဲ့ အလုပ်ဟာ အောင်မြင်မယ်။ ကျနော်လိုချင်တာ ရကိုရမယ်လို့ ယုံကြည်နေခဲ့တယ်။ အဲဒီယုံကြည်မှုကို ကြိုးစားမှု၊ ဇွဲ၊ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကျနော်အခုလို အောင်မြင် ခဲ့တာပါ''ဟု ဖြေဆိုခဲ့ကြသည်ဟူ၏။ 
    မိမိကိုယ်ကို ယုံကြည်မှုမရှိသောသူသည် မည်သည့်အလုပ်မျှ မလုပ်ဘဲနေသည်ကသာ၍ ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ကြိုးစား အားထုတ်နေဆဲတွင် မည်မျှကြိုးစားပါစေ အောင်မြင် လိမ့်မည် မဟုတ်ဟု ယုံကြည်နေသောကြောင့်ဖြစ်ပါ သည်။ စိတ်၏သဘောသည် တစ်ချိန်တွင်တစ်စိတ် သာထား၍ရသည်။ မိမိကိုယ်ကို မယုံကြည်သော စိတ်က အတွေးထဲသို့ဝင်ရောက်လာသောအခါ မဖြစ်နိုင်ပါဟူသော အတွေးများကနေရာယူလျက် ငါလုပ်နိုင်သည်၊ ဖြစ်ကိုဖြစ်ရမည် ဟူသော အောင်စိတ် များက ပျောက်ပျက်သွားတတ်သည်။ ထိုအခါ ရာနှုန်းပြည့်အောင်မြင်ရမည့် အခြေအနေမျိုးတွင် အနည်းငယ်သာအောင်မြင်၊ အများအားဖြင့် ကျရှုံး ကြသည်ကများပေသည်။ ထို့ကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုဟူသော အောင်စိတ်သည် အောင်မြင်မှု သို့ သွားရာလမ်းကို များစွာအထောက်အပံ့ပေးကြောင်း ထင်ရှားပါသည်။
    မိမိကိုယ်ကို ယုံကြည်မှုဟုဆိုသော အောင်စိတ် သည် များစွာအကျိုးများကြောင်းကိုဖြင့် နားလည် သဘောပေါက်ပါသည်။ သို့ဆိုလျှင် မိမိကိုယ်ကို ယုံကြည်မှု သို့မဟုတ် အောင်စိတ်ကို မည်သို့ မွေးမြူ ရမည်နည်း ဟူသော မေးခွန်းသည်ရှိ၏။ ယုံကြည်မှု ဟူသည် တည်ဆောက်ယူရသော သဘောရှိပါသည်။ တစ်ပါးသူသည် မိမိအားယုံကြည်ကိုးစားစေရန် အချိန်ယူ၍ တည်ဆောက်ရသည်။ ထို့အတူ မိမိကိုယ် မိမိယုံကြည်နိုင်ရန် တည်ဆောက်ရသည်။ မိမိ၏ စိတ်က မိမိကိုယုံကြည်လာစေရန် တည်ဆောက် ရသည်။ သိပ္ပံပညာရှင်များ၏ အဆိုပြုချက်မှာ မိမိကိုယ်ကို အကောင်းမြင်စကားများ ပြောပေး ခြင်းဖြင့် စတင်ရမည်ဟူ၏။ 
    ဥပမာဆိုပါမည်။ ခရီးတစ်ခုကို သွားကြသော လူသုံးဦးရှိသည်တွင် တစ်ယောက်သောသူမှာ ထိုခရီး လမ်းကို တစ်ကိုယ်တည်းအရောက်သွားနိုင်သော စွမ်းအားရှိသည်။ ကျန်သော နှစ်ဦးသည်ထိုခရီးသို့ လိုက်ပါနိုင်ရန်ထိုသူကို ခေါင်းဆောင်တင်ထား ကြရသည်။ သစ္စာခံသောအနေဖြင့် ခေါင်းဆောင်ကြီး ယုံကြည်စေရန် ကြိုးစားကြရမည်။ တစ်ဦးမှာမိမိတတ် မြောက်သော စကားပြောအတတ်ပညာဖြင့် ကြိုးစား ရမည်။ ကျန်တစ်ဦးမှာ ကြီးမားသော ခွန်အားဗလနှင့် ခေါင်းဆောင်နှင့် စကားပြောသူကို ထမ်းပိုးလျက် မိမိမှာ ခွန်အားကြီးမားကြောင်းသက်သေပြ၍ ကြိုးစား ရမည်ဖြစ်သည်။ သို့မှသာလျှင် ခေါင်းဆောင်၏ စွမ်းအားကိုအသုံးပြု၍ လိုရာခရီးကို ရောက်နိုင်မည် ဖြစ်သည်။ ကိုယ်၊ နှုတ်၊ စိတ် ၃မျိုးတွင်လည်း စိတ်သည်ခေါင်းဆောင်ဖြစ်လျက် စိတ်၏ ယုံကြည်မှုကို ရရှိရန် နှုတ်ဖြင့် မိမိကိုယ်မိမိ အကောင်းမြင်စကားများ ပြောကြားသင့်သည်။ ကိုယ်မှလည်း သေးငယ်သော ပန်းတိုင်များကို အရောက်သွား၍ အောင်မြင်မှုများကို ရယူခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်သင့်သည်။ သို့မှသာ စိတ်၏လမ်းပြမှုဖြင့် ကြီးမားသောအောင်မြင် မှုရရှိနိုင်မည်ဖြစ်သည်။ 
    မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း မရှိသောသူသည် စိတ်၏ စွမ်းအားကို အသုံးချခွင့် မရဘဲ တွေဝေမိန်းမောကာ လမ်းပျောက်တတ်သည်ကို သတိပြုရပါမည်။ ထိုသို့လမ်းပျောက်သောအခါ အောင်မြင်မှုသို့ သွားရာလမ်းခရီးတွင် လူအများ ကြုံတွေ့ရသော စိတ်ဓာတ်ကျခြင်းသည် ဖြစ်ပေါ်လာရ တော့သည်။ စစ်ပွဲတစ်ပွဲတွင် ခေါင်းဆောင်ကျဆုံး သောအခါ လက်အောက်ငယ်သားတို့သည် အကွဲကွဲ အပြားပြားနှင့် ဆောက်တည်ရာမရအောင် ပြေးလွှား ကြသကဲ့သို့ စိတ်ဓာတ်ကျဆုံးသော အခါတွင်လည်း ကိုယ်လက်များသည် မသယ်ချင်လောက်အောင်ပင် လေးကန်လျက် စကားများပင်နှုတ်ဆိတ်သွားတတ် ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် စိတ်ဓာတ်ကျခြင်းကြောင့် မိမိ ကိုယ်ကိုသတ်သေသူများသည် တစ်နှစ်လျှင် တစ်သန်း ခန့် ရှိနေသည်ဟူ၏။ 
    မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးလျက် လမ်းပျောက်နေသူအများအပြားရှိသည့်အနက်တွင် စာရေးသူ၏ သူငယ်ချင်းတစ်ဦးသည်လည်း အပါ အဝင်ဖြစ်ခဲ့ဖူးပါသည်။ သူနှင့်စကားစပ်မိ၍ မေးမြန်း ကြည့်သောအခါ အမှန်ပင်စိတ်ဓာတ်ကျခဲ့ကြောင်းနှင့် ပြန်လည်ပြုပြင်နိုင်ခဲ့ပုံများကိုပြောပြပါသည်။ သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ကြီးမားလွန်းသည့်အတွက် လျှောက်လှမ်းရင်းနှင့်ပင် မိမိကိုယ်ကိုယုံကြည်မှုများ ပျောက်ဆုံးလျက် စိတ်ဓာတ်ကျကာ အိပ်ရာထဲသို့ လဲခဲ့ရသည်။ သူ၏ ရည်ရွယ်ချက်ပန်းတိုင်ကို တစ်ပါးသူ များသို့ပြောပြသောအခါတွင် စိတ်ကူးယဉ်သော သူဟူ၍ ကဲ့ရဲ့ခံရသည်။ ပတ်ဝန်းကျင်၏ပြစ်တင် ပြောစကားများကိုနားဝင်လာသောအခါ ယုံကြည် ချက်ဟူသော အောင်စိတ်သည် မဖြစ်နိုင်လောက် ပါဘူး ဟူသော အားလျော့ခြင်းသို့ရောက်ခဲ့ပြီး ညစဉ် ရက်ဆက်အိပ်သော်လည်း အိပ်၍မပျော်သော အဖြစ်သို့ ရောက်ခဲ့သည်။ ထိုကဲ့သို့ စိတ်ဓာတ်ကျ၍ နေသော်လည်း စာဖတ်ဝါသနာ အခံရှိသောကြောင့် အိပ်ရာထဲတွင် ကောင်းနိုးရာရာစာအုပ်များကို ဖတ်ဖြစ်သည် ဟူ၏။ 
    တစ်နေ့သော် ဆရာကြီးရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ်ဟူသော စာအုပ် ကလေးကို ဖတ်မိသည်။ ထိုစာအုပ်သည် စိတ်၏ သဘောသဘာဝကို လက်တွေ့ကျကျရေးပြထားသော ဝိပဿနာတရား အားထုတ်နည်းစာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် စိတ်၏သဘောသဘာဝကို ''စိတ်သည် လက်ရှိအချိန်တည့်တည့်တွင် မနေဘဲ ရှေ့အကြောင်း၊ နောက်အကြောင်းများကိုစဉ်းစားလျက် အချိန်ကုန် တတ်သည်''ဟူ၍ ဥပမာ သာဓကများဖြင့် ရေးသား ထားသည်ကိုဖတ်ရသည်။ ထိုအခါ စိတ်ဓာတ်ကျလျက် အိပ်မပျော်ခဲ့သောညများကို ဝေဖန်ဆန်းစစ်မိသည်။ အမှန်တကယ်ပင် ရှေ့အကြောင်းနောက်အကြောင်း များကို တွေးတောလျက် စိတ်ဓာတ်ကျပြီးရင်း ကျရင်း ဖြစ်နေရသည့် ဘဝကိုဆင်ခြင်မိတော့သည်ဟူ၏။ 
    ထိုမှအစပြုကာ ''လက်ရှိအချိန်ထက်ကောင်း သောအချိန်သည်မရှိ'' ဟူသော မင်းကွန်းဆရာတော် ကြီး၏ သြဝါဒကိုလည်းကောင်း၊ သွားရင် သွားတယ် မှတ် စားရင်စားတယ်မှတ်ဟူသောစိတ်ကို လက်ရှိ အချိန်တွင်ထားခိုင်းသော သြဝါဒကိုလည်းကောင်း၊ ပစ္စုပ္ပန်တည့်တည့်ကိုပဲရှု ဟူသော ဆရာတော်များ၏ သြဝါဒကိုလည်းကောင်း ကြားယောင်ကာ အိပ်ခါနီး အချိန်တိုင်းတွင် ၅မိနစ်မျှ တရားထိုင်သည်။ စိတ်ကို လည်း အတိတ်နှင့်အနာဂတ်သို့ မရောက်စေရန် သတိဖြင့် ထိန်းကျောင်းရသည်။ ထို့နောက်မှသာ ကောင်းစွာအိပ်ပျော်၍ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာသည် ဟူ၏။ 
    ယခုအခါ ထိုသူငယ်ချင်းမှာ သူ၏ မူလရည်ရွယ် ချက်ပန်းတိုင်များသို့ မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် အားနှင့်မာန်နှင့်ချီတက်နေပြီဖြစ်သည်။ စိတ်ဆောင် လျှင် အောင်သည်ဟူသော စကားအတိုင်းအပင် အောင်စိတ်ကိုမွေးခြင်းသည် အောင်မြင်ခြင်း၏ အထောက်အပံ့ကောင်းဖြစ်ပေသည်။ စိတ်ဓာတ် တကြွ်ကလျက် မိမိကိုယ်ကို ယုံကြည်မှုရှိသော လူတစ် ယောက်သည် ကောင်းကင်ကကြယ်ကိုသော်လည်း ကောင်း၊ မိမိ၏ရည်မှန်းချက်များကိုသော်လည်း ကောင်း ဆွတ်ချူယူငင်၍ အကောင်အထည်ဖော် နိုင်စွမ်းရှိသည်။ ရည်ရွယ်ထားသောလုပ်ငန်းများကို ယခုပင် လုပ်ဆောင်ပါ။ အစီအစဉ်များချမှတ်ပါ။ မည်သည့်အခက်အခဲများကိုမဆို ကျော်လွှား၍ လုပ်ဆောင်နိုင်သည်ကို သင့်ကိုယ်သင်ယုံကြည်ပါ။ အောင်မြင်ခြင်းက သင့်လက်ထဲမှာပါ။ 


တေဇာဘုန်းမြင့်

××××××××××××××××××××××××××××××××

ေအာင္ျမင္ျခင္း၏အေထာက္အပံ့
    ေန႔စဥ္လႈပ္ရွားသြားလာေနေသာ လူတစ္ ေယာက္သည္ (၃)မ်ိဳးေသာအလုပ္ကို လုပ္ၾကရသည္။ ကာယကံဟုဆိုေသာ ကိုယ္လက္ျဖင့္ ျပဳလုပ္ေသာ အလုပ္၊ ဝစီကံဟုဆိုေသာ ႏႈတ္ျဖင့္ေျပာဆိုေသာ အလုပ္၊ မေနာကံဟုဆိုေသာ စိတ္အႀကံျဖင့္ ျပဳလုပ္ ေသာအလုပ္တို႔ျဖစ္ၾကသည္။ ထို(၃)မ်ိဳးေသာ အလုပ္တို႔တြင္ အလ်င္ျမန္ဆုံးမွာ စိတ္အႀကံျဖင့္ ျပဳလုပ္ေသာအလုပ္ျဖစ္သည္။ ထို႔အျပင္ အလုပ္ (၃)ခုတို႔၏ ေခါင္းေဆာင္ဟုဆိုလွ်င္လည္း မွားႏိုင္မည္ မဟုတ္ေပ။ စိတ္၏ေစစားရာသို႔ ကိုယ္ႏွင့္ ႏႈတ္တို႔က လိုက္ၾကရေပသည္။ သို႔ဆိုလွ်င္စိတ္သည္ မည္မွ် အေရးႀကီးေၾကာင္းထင္ရွားပါသည္။ ကိုယ္ႏႈတ္ တို႔ျဖင့္ မေကာင္းမႈ ျပဳလုပ္ေသာအခါ ခိုင္းေစသူမွာစိတ္ပင္ ျဖစ္သည္။ ေကာင္းမႈျပဳလုပ္ေသာအခါတြင္လည္း ထို႔အတူပင္ျဖစ္ပါသည္။  
    ေလာကႀကီးတြင္ အားအႀကီးဆုံးအရာႀကီး ၃ မ်ိဳးရွိသည္ဟု မွတ္သားဖူးပါသည္။ နံပါတ္(၁) ေတာင္ႀကီးမ်ား၊ (၂)ပင္လယ္သမုဒၵရာႀကီးမ်ား၊ (၃) စိတ္ကိုေစစားေနေသာသူတို႔ျဖစ္ၾကသည္။ ေတာင္ႀကီး မ်ားႏွင့္ သမုဒၵရာႀကီးမ်ားသည္ ကမာၻေပၚတြင္ အလြန္အားႀကီးေသာ အရာမ်ားျဖစ္ၾကပါသည္။ ဆူနာမီဆိုေသာ လႈိင္းမ်ားျဖင့္ဖ်က္ဆီးႏိုင္သည္။ ေတာင္ႀကီးမ်ားသည္လည္း ထို႔အတူပင္ ႀကီးမားသည့္ အေလ်ာက္ မီးေတာင္မ်ားျဖင့္လည္းလူတို႔ကိုဖ်က္ဆီး ႏိုင္သည္။ သို႔ေသာ္ ေတြးေတာႀကံဆလ်က္စိတ္ကို ေစစားေနေသာ လူတို႔သည္ ေတာင္ႀကီးမ်ားကို ေဖာက္ခြဲဖ်က္ဆီးပစ္ႏိုင္ေသာ စြမ္းအားရွိၾကသည္။ သမုဒၵရာႀကီးမ်ားကိုလည္း ဟန္႔တားလ်က္ ေဖ်ာက္ဖ်က္ႏိုင္ေသာ စြမ္းအားမ်ားရွိၾကသည္။ 
    နာဆာမွ အာကာသသိပၸံပညာရွင္မ်ားက ေနအဖြဲ႕အစည္းတြင္ မည္သည့္အတြက္ေၾကာင့္ ဥကၠာခဲမ်ားစုပုံေနသနည္းဟူေသာ ေမးခြန္းကိုသုံးသပ္ ၾကေသာအခါ ထိုဥကၠာခဲမ်ားသည္လည္း ၿပီးခဲ့ေသာ အခ်ိန္အတိုင္းအတာ တစ္ခုတြင္ ကမာၻေျမ ကဲ့သို႔ေသာ ကမာၻမ်ားအျဖစ္ ရွိခဲ့ၾကလိမ့္မည္။ ထို႔ေနာက္ အခ်င္း ခ်င္းစစ္မက္ျဖစ္ပြားရာမွ အစိတ္စိတ္အမႊာမႊာ ကြဲေၾကလ်က္ ဥကၠာခဲမ်ားဘဝသို႔ေရာက္သြားျခင္း ျဖစ္လိမ့္မည္ဟုဆင္ျခင္မိၾကသည္။ စိတ္ကိုေစစား လ်က္ ေတြးေတာႀကံဆကာ တီထြင္မႈျပဳလုပ္ေသာ ႐ူပေဗဒပညာရွင္ႀကီး တစ္ဦးရွိခဲ့ဖူးသည္။ ထိုသူက အိုင္းစတိုင္းပင္ျဖစ္ပါသည္။  e=mc2 ဟူေသာ ေဖာ္ျမဴလာကို ရရွိရန္ အပတ္တကုတ္ အားထုတ္လ်က္ ေအာင္ျမင္ခဲ့သည္။ ထိုေဖာ္ျမဴလာမွာ ကမာၻကို အလြယ္တကူ ဖ်က္ဆီးပစ္ႏိုင္ေသာ န်ဴကလီးယား လက္နက္၏ အေျခခံျဖစ္ေလသည္။ စိတ္ကိုေစစား ျခင္း၏ ရလဒ္မွာ ႀကီးမားလြန္းလွသည္။ 
    ထိုမွ်စြမ္းအားႀကီးေသာ စိတ္သည္ ကြၽန္ေတာ္တို႔ အလိုရွိေသာ ေအာင္ျမင္မႈ ပန္းတိုင္သို႔လည္း ေရာက္ ေအာင္ပို႔ေပးႏိုင္ပါသည္။ နပိုလီယံဟီးလ္က ''စိတ္ထဲ တြင္ေပၚလာေသာ မည္သည့္အေတြးပင္ ျဖစ္ေစ ျဖစ္ကိုျဖစ္ရမယ္ဟူ၍ ယုံၾကည္ခ်က္ရွိလွ်င္ အမွန္ တကယ္ ျဖစ္ႏိုင္ပါသည္'' ဟုဆိုသည္။ သို႔ေသာ္ ကြၽန္ေတာ္တို႔ လူငယ္မ်ားသည္ မိမိကိုယ္ကို ယုံၾကည္မႈ အားနည္းၾကသည္။ ခ်စ္၍ ျဖစ္ေစ၊ မုန္း၍ျဖစ္ေစ ယုံၾကည္မႈ မေပးတတ္ေသာ ပတ္ဝန္းက်င္တြင္ ရွင္သန္ႀကီးျပင္းခဲ့ရျခင္းျဖစ္ေသာေၾကာင့္ မိမိကိုယ္ကို မယုံၾကည္ရဲသည္မွာဆန္းလွသည္ မဟုတ္ေပ။ သို႔ေသာ္လည္း မည္သူမွ် မေပးေသာ ယုံၾကည္မႈအား မိမိကိုယ္မိမိေပးရမည္ျဖစ္သည္။ မိမိကိုယ္ကို ယုံၾကည္မႈရွိျခင္း၏ အားသာခ်က္သည္ မိမိ၏ အားနည္းခ်က္မ်ားကို ဖုံးလႊမ္းလ်က္ ႀကံစည္ ရည္႐ြယ္ ထားေသာ မိမိ၏ရည္႐ြယ္ခ်က္ပန္းတိုင္သို႔ ေရာက္ရွိ ႏိုင္မည္ျဖစ္ပါသည္။
    Chicken Soup for the Soul စာအုပ္ကို ေရးသားခဲ့ေသာ ဂ်က္ကန္ဖီး (Jack Canfield)က ေအာင္ျမင္ခဲ့သည့္သူမ်ားကို အင္တာဗ်ဴးေမးျမန္း ခဲ့သည့္အခါ အားလုံးနီးပါးသည္ ''က်ေနာ္ဟာ က်ေနာ့္ နယ္ပယ္မွာ ပင္ကိုစြမ္းရည္နဲ႔ ပါရမီပါသူတစ္ ေယာက္မဟုတ္ပါဘူး။ ဒါေပမဲ့ က်ေနာ္လုပ္ေနတဲ့ အလုပ္ဟာ ေအာင္ျမင္မယ္။ က်ေနာ္လိုခ်င္တာ ရကိုရမယ္လို႔ ယုံၾကည္ေနခဲ့တယ္။ အဲဒီယုံၾကည္မႈကို ႀကိဳးစားမႈ၊ ဇြဲ၊ အရႈံးမေပးတဲ့ စိတ္ဓာတ္ေတြနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ က်ေနာ္အခုလို ေအာင္ျမင္ ခဲ့တာပါ''ဟု ေျဖဆိုခဲ့ၾကသည္ဟူ၏။ 
    မိမိကိုယ္ကို ယုံၾကည္မႈမရွိေသာသူသည္ မည္သည့္အလုပ္မွ် မလုပ္ဘဲေနသည္ကသာ၍ ေကာင္းပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ႀကိဳးစား အားထုတ္ေနဆဲတြင္ မည္မွ်ႀကိဳးစားပါေစ ေအာင္ျမင္ လိမ့္မည္ မဟုတ္ဟု ယုံၾကည္ေနေသာေၾကာင့္ျဖစ္ပါ သည္။ စိတ္၏သေဘာသည္ တစ္ခ်ိန္တြင္တစ္စိတ္ သာထား၍ရသည္။ မိမိကိုယ္ကို မယုံၾကည္ေသာ စိတ္က အေတြးထဲသို႔ဝင္ေရာက္လာေသာအခါ မျဖစ္ႏိုင္ပါဟူေသာ အေတြးမ်ားကေနရာယူလ်က္ ငါလုပ္ႏိုင္သည္၊ ျဖစ္ကိုျဖစ္ရမည္ ဟူေသာ ေအာင္စိတ္ မ်ားက ေပ်ာက္ပ်က္သြားတတ္သည္။ ထိုအခါ ရာႏႈန္းျပည့္ေအာင္ျမင္ရမည့္ အေျခအေနမ်ိဳးတြင္ အနည္းငယ္သာေအာင္ျမင္၊ အမ်ားအားျဖင့္ က်ရႈံး ၾကသည္ကမ်ားေပသည္။ ထို႔ေၾကာင့္ မိမိကိုယ္မိမိ ယုံၾကည္မႈဟူေသာ ေအာင္စိတ္သည္ ေအာင္ျမင္မႈ သို႔ သြားရာလမ္းကို မ်ားစြာအေထာက္အပံ့ေပးေၾကာင္း ထင္ရွားပါသည္။
    မိမိကိုယ္ကို ယုံၾကည္မႈဟုဆိုေသာ ေအာင္စိတ္ သည္ မ်ားစြာအက်ိဳးမ်ားေၾကာင္းကိုျဖင့္ နားလည္ သေဘာေပါက္ပါသည္။ သို႔ဆိုလွ်င္ မိမိကိုယ္ကို ယုံၾကည္မႈ သို႔မဟုတ္ ေအာင္စိတ္ကို မည္သို႔ ေမြးျမဴ ရမည္နည္း ဟူေသာ ေမးခြန္းသည္ရွိ၏။ ယုံၾကည္မႈ ဟူသည္ တည္ေဆာက္ယူရေသာ သေဘာရွိပါသည္။ တစ္ပါးသူသည္ မိမိအားယုံၾကည္ကိုးစားေစရန္ အခ်ိန္ယူ၍ တည္ေဆာက္ရသည္။ ထို႔အတူ မိမိကိုယ္ မိမိယုံၾကည္ႏိုင္ရန္ တည္ေဆာက္ရသည္။ မိမိ၏ စိတ္က မိမိကိုယုံၾကည္လာေစရန္ တည္ေဆာက္ ရသည္။ သိပၸံပညာရွင္မ်ား၏ အဆိုျပဳခ်က္မွာ မိမိကိုယ္ကို အေကာင္းျမင္စကားမ်ား ေျပာေပး ျခင္းျဖင့္ စတင္ရမည္ဟူ၏။ 
    ဥပမာဆိုပါမည္။ ခရီးတစ္ခုကို သြားၾကေသာ လူသုံးဦးရွိသည္တြင္ တစ္ေယာက္ေသာသူမွာ ထိုခရီး လမ္းကို တစ္ကိုယ္တည္းအေရာက္သြားႏိုင္ေသာ စြမ္းအားရွိသည္။ က်န္ေသာ ႏွစ္ဦးသည္ထိုခရီးသို႔ လိုက္ပါႏိုင္ရန္ထိုသူကို ေခါင္းေဆာင္တင္ထား ၾကရသည္။ သစၥာခံေသာအေနျဖင့္ ေခါင္းေဆာင္ႀကီး ယုံၾကည္ေစရန္ ႀကိဳးစားၾကရမည္။ တစ္ဦးမွာမိမိတတ္ ေျမာက္ေသာ စကားေျပာအတတ္ပညာျဖင့္ ႀကိဳးစား ရမည္။ က်န္တစ္ဦးမွာ ႀကီးမားေသာ ခြန္အားဗလႏွင့္ ေခါင္းေဆာင္ႏွင့္ စကားေျပာသူကို ထမ္းပိုးလ်က္ မိမိမွာ ခြန္အားႀကီးမားေၾကာင္းသက္ေသျပ၍ ႀကိဳးစား ရမည္ျဖစ္သည္။ သို႔မွသာလွ်င္ ေခါင္းေဆာင္၏ စြမ္းအားကိုအသုံးျပဳ၍ လိုရာခရီးကို ေရာက္ႏိုင္မည္ ျဖစ္သည္။ ကိုယ္၊ ႏႈတ္၊ စိတ္ ၃မ်ိဳးတြင္လည္း စိတ္သည္ေခါင္းေဆာင္ျဖစ္လ်က္ စိတ္၏ ယုံၾကည္မႈကို ရရွိရန္ ႏႈတ္ျဖင့္ မိမိကိုယ္မိမိ အေကာင္းျမင္စကားမ်ား ေျပာၾကားသင့္သည္။ ကိုယ္မွလည္း ေသးငယ္ေသာ ပန္းတိုင္မ်ားကို အေရာက္သြား၍ ေအာင္ျမင္မႈမ်ားကို ရယူျခင္းျဖင့္ ယုံၾကည္မႈကို တည္ေဆာက္သင့္သည္။ သို႔မွသာ စိတ္၏လမ္းျပမႈျဖင့္ ႀကီးမားေသာေအာင္ျမင္ မႈရရွိႏိုင္မည္ျဖစ္သည္။ 
    မိမိကိုယ္ကို ယုံၾကည္မႈတည္ေဆာက္ျခင္း မရွိေသာသူသည္ စိတ္၏ စြမ္းအားကို အသုံးခ်ခြင့္ မရဘဲ ေတြေဝမိန္းေမာကာ လမ္းေပ်ာက္တတ္သည္ကို သတိျပဳရပါမည္။ ထိုသို႔လမ္းေပ်ာက္ေသာအခါ ေအာင္ျမင္မႈသို႔ သြားရာလမ္းခရီးတြင္ လူအမ်ား ႀကဳံေတြ႕ရေသာ စိတ္ဓာတ္က်ျခင္းသည္ ျဖစ္ေပၚလာရ ေတာ့သည္။ စစ္ပြဲတစ္ပြဲတြင္ ေခါင္းေဆာင္က်ဆုံး ေသာအခါ လက္ေအာက္ငယ္သားတို႔သည္ အကြဲကြဲ အျပားျပားႏွင့္ ေဆာက္တည္ရာမရေအာင္ ေျပးလႊား ၾကသကဲ့သို႔ စိတ္ဓာတ္က်ဆုံးေသာ အခါတြင္လည္း ကိုယ္လက္မ်ားသည္ မသယ္ခ်င္ေလာက္ေအာင္ပင္ ေလးကန္လ်က္ စကားမ်ားပင္ႏႈတ္ဆိတ္သြားတတ္ ပါသည္။ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ စစ္တမ္းမ်ားအရ ကမာၻေပၚတြင္ စိတ္ဓာတ္က်ျခင္းေၾကာင့္ မိမိ ကိုယ္ကိုသတ္ေသသူမ်ားသည္ တစ္ႏွစ္လွ်င္ တစ္သန္း ခန္႔ ရွိေနသည္ဟူ၏။ 
    မိမိကိုယ္ကို ယုံၾကည္မႈေပ်ာက္ဆုံးလ်က္ လမ္းေပ်ာက္ေနသူအမ်ားအျပားရွိသည့္အနက္တြင္ စာေရးသူ၏ သူငယ္ခ်င္းတစ္ဦးသည္လည္း အပါ အဝင္ျဖစ္ခဲ့ဖူးပါသည္။ သူႏွင့္စကားစပ္မိ၍ ေမးျမန္း ၾကည့္ေသာအခါ အမွန္ပင္စိတ္ဓာတ္က်ခဲ့ေၾကာင္းႏွင့္ ျပန္လည္ျပဳျပင္ႏိုင္ခဲ့ပုံမ်ားကိုေျပာျပပါသည္။ သူ၏ ရည္႐ြယ္ခ်က္ပန္းတိုင္မွာ ႀကီးမားလြန္းသည့္အတြက္ ေလွ်ာက္လွမ္းရင္းႏွင့္ပင္ မိမိကိုယ္ကိုယုံၾကည္မႈမ်ား ေပ်ာက္ဆုံးလ်က္ စိတ္ဓာတ္က်ကာ အိပ္ရာထဲသို႔ လဲခဲ့ရသည္။ သူ၏ ရည္႐ြယ္ခ်က္ပန္းတိုင္ကို တစ္ပါးသူ မ်ားသို႔ေျပာျပေသာအခါတြင္ စိတ္ကူးယဥ္ေသာ သူဟူ၍ ကဲ့ရဲ႕ခံရသည္။ ပတ္ဝန္းက်င္၏ျပစ္တင္ ေျပာစကားမ်ားကိုနားဝင္လာေသာအခါ ယုံၾကည္ ခ်က္ဟူေသာ ေအာင္စိတ္သည္ မျဖစ္ႏိုင္ေလာက္ ပါဘူး ဟူေသာ အားေလ်ာ့ျခင္းသို႔ေရာက္ခဲ့ၿပီး ညစဥ္ ရက္ဆက္အိပ္ေသာ္လည္း အိပ္၍မေပ်ာ္ေသာ အျဖစ္သို႔ ေရာက္ခဲ့သည္။ ထိုကဲ့သို႔ စိတ္ဓာတ္က်၍ ေနေသာ္လည္း စာဖတ္ဝါသနာ အခံရွိေသာေၾကာင့္ အိပ္ရာထဲတြင္ ေကာင္းႏိုးရာရာစာအုပ္မ်ားကို ဖတ္ျဖစ္သည္ ဟူ၏။ 
    တစ္ေန႔ေသာ္ ဆရာႀကီးေ႐ႊဥေဒါင္း၏ ဒိေ႒ဒိ႒မတၱံ လက္ေတြ႕က်င့္စဥ္ဟူေသာ စာအုပ္ ကေလးကို ဖတ္မိသည္။ ထိုစာအုပ္သည္ စိတ္၏ သေဘာသဘာဝကို လက္ေတြ႕က်က်ေရးျပထားေသာ ဝိပႆနာတရား အားထုတ္နည္းစာအုပ္ျဖစ္သည္။ ထိုစာအုပ္တြင္ စိတ္၏သေဘာသဘာဝကို ''စိတ္သည္ လက္ရွိအခ်ိန္တည့္တည့္တြင္ မေနဘဲ ေရွ႕အေၾကာင္း၊ ေနာက္အေၾကာင္းမ်ားကိုစဥ္းစားလ်က္ အခ်ိန္ကုန္ တတ္သည္''ဟူ၍ ဥပမာ သာဓကမ်ားျဖင့္ ေရးသား ထားသည္ကိုဖတ္ရသည္။ ထိုအခါ စိတ္ဓာတ္က်လ်က္ အိပ္မေပ်ာ္ခဲ့ေသာညမ်ားကို ေဝဖန္ဆန္းစစ္မိသည္။ အမွန္တကယ္ပင္ ေရွ႕အေၾကာင္းေနာက္အေၾကာင္း မ်ားကို ေတြးေတာလ်က္ စိတ္ဓာတ္က်ၿပီးရင္း က်ရင္း ျဖစ္ေနရသည့္ ဘဝကိုဆင္ျခင္မိေတာ့သည္ဟူ၏။ 
    ထိုမွအစျပဳကာ ''လက္ရွိအခ်ိန္ထက္ေကာင္း ေသာအခ်ိန္သည္မရွိ'' ဟူေသာ မင္းကြန္းဆရာေတာ္ ႀကီး၏ ၾသဝါဒကိုလည္းေကာင္း၊ သြားရင္ သြားတယ္ မွတ္ စားရင္စားတယ္မွတ္ဟူေသာစိတ္ကို လက္ရွိ အခ်ိန္တြင္ထားခိုင္းေသာ ၾသဝါဒကိုလည္းေကာင္း၊ ပစၥဳပၸန္တည့္တည့္ကိုပဲရႈ ဟူေသာ ဆရာေတာ္မ်ား၏ ၾသဝါဒကိုလည္းေကာင္း ၾကားေယာင္ကာ အိပ္ခါနီး အခ်ိန္တိုင္းတြင္ ၅မိနစ္မွ် တရားထိုင္သည္။ စိတ္ကို လည္း အတိတ္ႏွင့္အနာဂတ္သို႔ မေရာက္ေစရန္ သတိျဖင့္ ထိန္းေက်ာင္းရသည္။ ထို႔ေနာက္မွသာ ေကာင္းစြာအိပ္ေပ်ာ္၍ စိတ္ဓာတ္မ်ား ျပန္လည္ ႏိုးၾကားလာသည္ ဟူ၏။ 
    ယခုအခါ ထိုသူငယ္ခ်င္းမွာ သူ၏ မူလရည္႐ြယ္ ခ်က္ပန္းတိုင္မ်ားသို႔ မေလွ်ာ့ေသာဇြဲ၊ လုံ႔လတို႔ျဖင့္ အားႏွင့္မာန္ႏွင့္ခ်ီတက္ေနၿပီျဖစ္သည္။ စိတ္ေဆာင္ လွ်င္ ေအာင္သည္ဟူေသာ စကားအတိုင္းအပင္ ေအာင္စိတ္ကိုေမြးျခင္းသည္ ေအာင္ျမင္ျခင္း၏ အေထာက္အပံ့ေကာင္းျဖစ္ေပသည္။ စိတ္ဓာတ္ တႂကြ္ကလ်က္ မိမိကိုယ္ကို ယုံၾကည္မႈရွိေသာ လူတစ္ ေယာက္သည္ ေကာင္းကင္ကၾကယ္ကိုေသာ္လည္း ေကာင္း၊ မိမိ၏ရည္မွန္းခ်က္မ်ားကိုေသာ္လည္း ေကာင္း ဆြတ္ခ်ဴယူငင္၍ အေကာင္အထည္ေဖာ္ ႏိုင္စြမ္းရွိသည္။ ရည္႐ြယ္ထားေသာလုပ္ငန္းမ်ားကို ယခုပင္ လုပ္ေဆာင္ပါ။ အစီအစဥ္မ်ားခ်မွတ္ပါ။ မည္သည့္အခက္အခဲမ်ားကိုမဆို ေက်ာ္လႊား၍ လုပ္ေဆာင္ႏိုင္သည္ကို သင့္ကိုယ္သင္ယုံၾကည္ပါ။ ေအာင္ျမင္ျခင္းက သင့္လက္ထဲမွာပါ။ 


ေတဇာဘုန္းျမင့္

Previous Next