13 Jan, 2020
လူငယ်နှင့်စာနယ်ဇင်းအပြောင်းအလဲ 

ဒီတခေါက်ခရီးထွက်ကြတော့ လူကြီးပိုင်းတွေက အိုင်တီဘယ်သိပ်သုံးတတ်ကြမလဲ။ ပြောသာပြောရတာ၊ မနက်စောစောစီးစီး၊ အသက်အကြီးဆုံးပုဂ္ဂိုလ်က မြန်မာပြည်မှာကျန်ခဲ့တဲ့အဖွားနဲ့ Viber ကလား၊ မက်ဆင်ဂျာကလား စကားစပြောတာကို အရင်ဆုံးကြားရတယ်။ လူကြီးတွေဆိုတော့ နေကောင်းရဲ့လားဆိုတာနဲ့စကားစကြတယ်။ အီကိုကျောင်းသားဟောင်း ဇီးကုန်းရောက် မုံရွာသားကတော့ ရောက်လေရာအရပ် သူ့ဖာသာသူဆယ်လ်ဖီဆွဲတယ်။ အုပ်စိုလိုက်ဆယ်လ်ဖီဆွဲတတ်တာက ကိုယ်တစ်ယောက်ထဲပါတယ်။ ဒီကြားထဲ Lotus Temple သွားတော့ Selfie Stick တစ်ချောင်းက ဝယ်လာခဲ့သေးတယ်။ အဲဒီမှာပဲ ချက်ချင်းအသုံးချပေါ့။
အယ်လ်ဆာဗေဒိုသမ္မတက ကုလသမဂ္ဂအထွေထွေညီလာခံမှာစကားပြောတော့ ပြောလက်စစကားကို ခဏရပ်ပြီး၊ ဆယ်လ်ဖီဆွဲလိုက်တယ်။ အဲဒီပုံကိုတင်လိုက်ပြီးမှ သူ့မိန့်ခွန်းကိုနားထောင်ကြမှာ၊ သူရိုက်လိုက်တဲ့သူ့ဓါတ်ပုံလေး ကောင်းလောက်ပါရဲ့တဲ့။

အာဖရိကန်သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့သူတွေကလည်း အဲသလိုပဲ။ ဇူလိုင်လမှာ သူလုပ်ခဲ့တဲ့စကားရည်လုပွဲအခြေအနေ ဘယ်လိုနေသလဲလို့မေးတော့ လူမှုကွန်ရက်ပေါ်က မှတ်ချက်တွေကို ကြည့်ပြီးမှပြောနိုင်မယ်လို့ဖြေတယ်။ ယူကျူ့ (YouTube) မှာ လူ ၇ သန်းနီးပါး ပရိသတ်ရှိတဲ့ အင်တာနက်ဆယ်လီလူရွှင်တော်တစ်ယောက်နဲ့ အမတ်လောင်းတစ်ယောက် အင်တာနက်ဗျူးတာကို နှစ်ရက်အတွင်း လူတစ်သန်းလောက်ကြည့်ကြတယ်။ သူ့ရဲ့မဲဆွယ်ပွဲအခြေအနေကို အင်တာဗျူးမတိုင်မီနဲ့ အင်တာဗျူးဖြေအပြီးလို့ နှစ်ပိုင်းခွဲရမတဲ့။
ဒီနိုင်ငံရေးသမားလူငယ်တွေက ဆယ်ကျော်သက်တွေ၊ နှစ်ဆယ်ကျော်ကာစလေးတွေ၊ ကနေ့ခေတ်မှာ ဘယ်ကသတင်းရကြသလဲဆိုတာ သဘောပေါက်ကြတယ်။ အများအားဖြင့်တော့ လူမှုမီဒီယာပေါ့။ ရုပ်သံတွေပေါ့။ သမ္မတက ညီလာခံမှာ စကားပြောတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အနှစ်သာရထက် ဘယ်လိုတင်ပြတယ်ဆိုတဲ့ သတင်းကို တင်ပြပုံတင်ပြနည်းက ပိုပြီးအရေးကြီးတယ်။
သတင်းကလည်း ဟာသတွေမှတ်ချက်တွေနဲ့ဆို ပိုပြီးစိတ်ဝင်စားတယ်။ လူအများမသိပေမယ့်၊ လူငယ်တွေသိတဲ့သူတွေနဲ့တွဲမိရင် ပိုပြီးခရီးရောက်တယ်။

ဒါကလည်း ကမ္ဘာတစ်ခုလုံးမှာဖြစ်နေတာပါ။ အသေးစိတ်မှာသာ ခြားနားမှုရှိပါတယ်။ ၂၀၁၉ နဲ့ ၂၀၁၈ အတွင်းမှာ သတင်းစာဖတ်တယ်ဆိုတဲ့ ဆယ်ကျော်သက်တွေရဲ့ အချိုးအဆက ၆၀% ကနေ ၂၀% အထိ ကျဆင်းသွားပြီတဲ့။ ချမ်းသာတဲ့နိုင်ငံတွေက ၁၅ နှစ်၊ ၁၆ နှစ်အရွယ်ကျောင်းသားတွေကို မေးကြည့်တာပါ။ အိန္ဒိယက အကြီးဆုံးအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ သတင်းစာကိုစဖတ်တာ၊ လူငယ်တဝက်လောက်ပဲရှိသတဲ့။ သူတို့ဟာ ဗီဒီယိုတွေနဲ့ ဘောလီး၀ုဒ်သတင်းတွေကိုပဲ ပိုစိတ်ဝင်စားတယ်။ ဗြိတိန်မှာတော့ ဘီဘီစီကို ယူကျူ့ (YouTube) တို့ Netflix တို့လောက် လူငယ်တွေက မသိကြဘူး။

လူငယ်တွေနဲ့ထိတွေ့မှုမရှိရင်၊ စာနယ်ဇင်းတေွဆက်ရပ်တည်ဖို့ခက်နိုင်တယ်လို့ ပြောကုန်ကြပြီ။

အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြား၊ အာရပ်လူငယ် ၈၀% လောက်ဟာ သတင်းတွေကို လူမှုမီဒီယာကရတယ်။ ၂၀၁၅ တုန်းကဆို ၂၅% ပဲ သုံးကြတာ။ ဖေ့စ်ဘုတ်ကိုကြိုက်တာများတယ်။ ဆော်ဒီအာရေဗျတို့လို၊ ပင်လယ်ကွေ့နိုင်ငံတွေကကျတော့ Snapchat ကိုကြိုက်တယ်။ တောင်ကိုးရီးယားလူငယ်ဆယ်ကျော်သက်သုံးပုံနှစ်ပုံဟာ ကမ္ဘာမှာ ဘာဖြစ်သလဲဆိုတာသိဖို့ Naver ဆိုတဲ့ ဝက်ဘ်ပေါ်တယ်လ်နဲ့ Search Engine ကိုသုံးကြတယ်။ အမေရိကန်လူငယ် ၉၅% မှာ စမတ်ဖုန်းတွေရှိကြပြီး၊ ၄၅% ကအမြဲတမ်းအွန်လိုင်းဖြစ်နေကြတယ်။

အောက်စဖို့ဒ်မှာရှိတဲ့ ရိုက်တာစာနယ်ဇင်းသုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ၊ လူငယ်တွေစိတ်ဝင်စားတဲ့သတင်းဆိုတာက လူ့အဖွဲ့အစည်းကို ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာမျိုးမဟုတ်ဘူး။ လူတစ်ယောက်ချင်းကို ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာမျိုးဖြစ်ပါသတဲ့။

လူငယ်တွေ သတင်းယူတဲ့အလေ့အထကို ပစ်ပယ်ချင်ရင်လည်း ပစ်ပယ်ချင်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်အတော်များများက မဲပေးခွင့်မရကြသေးဘူး။ ပိုက်ဆံလည်း မသုံးနိုင်။ အယ်ဆာဗေဒိုလိုနိုင်ငံမျိုးကို မြေပုံပေါ်မှာ ဘယ်နားနေမှန်းတောင် မသိကြဘူး။

ဒါပေမယ့် လူငယ်တွေကို လျှော့တွက်လို့မရဘူး။ ကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံဟာ ၂၀ အောက်လူငယ်တွေ ဖြစ်ကြတယ်။ ကမ္ဘာ့လူဦးရေရဲ့တဝက်ကျော်ဟာ အင်တာနက်နဲ့ချိတ်ဆက်ထားကြတယ်။ လူငယ်တွေဟာ အနာဂတ်ကို ပိုင်စိုးတယ်။ စာနယ်ဇင်းလောကမှာဆို၊ လူငယ်တွေကြောင့် သန်းထောင်ချီတန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တွေကို ဖြစ်ပေါ်စေတယ်။ ၂၀၁၂ မှာ ဖေ့စ်ဘုတ်က Instargram ကို ယူလိုက်ရတယ်။ နောက်တစ်နှစ်မှာ Snapchat ကို ယူဖို့ကြိုးစားတာတော့ မအောင်မြင်ဘူး။

လူငယ်တွေဟာ နည်းပညာအကြောင်းကိုလည်း ပိုပြီးနားလည်ကြတယ်။ ဆွီဒင်က ဆယ်ကျော်သက်တက်ကြွလှုပ်ရှားသူ Greta Thunberg ရာသီဥတုအတွက် ကျောင်းတွေက ဆန္ဒပြကြဖို့ လှုံ့ဆော်တာဟာ အခုနိုင်ငံ ၁၅၀ ကိုပြန့်နှံ့သွားပြီ၊ အထက်တန်းကျောင်းသားလေးတွေအပါအဝင်၊ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေဟာ ဟောင်ကောင်ကနေ ချီလီအထိ တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားတယ်။

ဒါကြောင့် နိုင်ငံရေးသမားတွေ၊ မူဝါဒချမှတ်သူတွေ၊ စာနယ်ဇင်းတွေအနေနဲ့၊ ကနေ့လူငယ်တွေရယူဖြန့်ချင်နေတဲ့သတင်းတွေ ဘယ်လိုရေးကြတယ်ဆိုတာက အနာဂတ်မှာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတွေကိုဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာ စဉ်းစားသင့်တယ်။

အမေရိကန်အမတ်တစ်ယောက်ကို ၁၃ နှစ်သားကလေးတစ်ယောက်က ကျွန်တော်မဲပေးလို့တော့မရဘူး။ ဒါပေမယ့် ကျွန်တော်ခင်ဗျားကို Instagram ကနေ ထောက်ခံလို့ရတယ်လို့ ပြောပြတာပဲကြည့်လေ။

အနာဂတ်ကိုနားလည်ဖို့ အမေရိကန်ကိုကြည့်ပါ။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အားကောင်းမောင်းသန်အဖြစ်ဆုံး၊ သတင်းစနစ်ရှိနေတဲ့နိုင်ငံပါ။ Instagram တို့ WhatsApp တို့ ဖေ့စ်ဘုတ်နဲ့ ယူကျူ့တွေ စနက်ချက်တွေဆိုတဲ့ လူငယ်တွေသုံးနေတာ အားလုံးဟာ အမေရိကန်မြေကထွက်ပေါ်လာတာပါ။ (TikTok ကတော့ တရုတ်)

အမေရိကန်စာနယ်ဇင်းတွေက ကမ္ဘာကြီးတစ်ခုလုံးကို ဩဇာလွှမ်းမိုးတယ်။ နယူးယောက်တိုင်းက ကမ္ဘာအနှံ့ရောက်တယ်လို့ကြွားတယ်။ Buzzfeed လို ဝက်ဘ်ဆိုက်တွေကို နိုင်ငံတစ်ဒါဇင်လောက်က လိုက်လုပ်ကြတယ်။ အမေရိကန်ရဲ့နိုင်ငံရေးနဲ့ ယဉ်ကျေးမှုသုံးဝေါဟာရတွေက ကမ္ဘာကိုပြန့်တယ်။ အမေရိကန်ကစလိုက်တဲ့သတင်းစကားတစ်ခုဟာ တကမ္ဘာလုံးကို ပြန့်သွားစေတယ်။

၂၀၁၆ ခုနှစ်က အမေရိကန်ရွေးကောက်ပွဲတုန်းက ဖေ့စ်ဘုတ်ဟာ သတင်းဖြန့်ရာမှာ အရေးပါတဲ့အတွက် အတော်တင်းတင်းကြပ်ကြပ်စိစစ်ခံခဲ့ရတယ်။ ဒါပေမယ့် အနောက်နိုင်ငံက လူငယ်အတော်များများက ဖေ့စ်ဘုတ်ဟာ လူကြီးတွေအတွက်ပဲလို့မြင်ပြီး သိပ်စိတ်မဝင်စားကြပါဘူး။ Twitter ဆိုတာလည်း နိုင်ငံရေးသမားတွေ၊ သတင်းစာသမားတွေများလို့ဆိုပြီး၊ လူငယ်တွေက စိတ်မဝင်စားဘူး။ လူငယ်ကြိုက် Buzzfeed လိုမျိုးဖြစ်အောင် အချိန်မပေးကြဘူး။ ဆယ့်ခြောက်နှစ်ကလေးတစ်ယောက်ပြောသလို၊ လူငယ်တွေကို လူကြီးတွေပြောချင်တာပြောဖို့ ကြိုးစားနေကြတာလို့ မှတ်ချက်ချတယ်။ လူကြီးတွေ အသုံးများတဲ့ App တွေကို လူငယ်တွေက စိတ်မဝင်စားဘူး။
ဒါကြောင့် Instagram တို့၊ WhatsApp နဲ့ YouTube တို့ကို သုံးတဲ့သူက သန်းထောင်ချီပြီးရှိလာတယ်။ YouTube ကို အမေရိကန်လူငယ် ၈၅%၊ Instagram ကို ရ၀% တဲ့။ အမေရိကန်လူငယ် ၆၉% က နေ့တိုင်းအွန်လိုင်းဗီဒီယိုကြည့်တယ်။ အများစုက YouTube မှာတဲ့။ တစ်နေ့ကို ၇ နာရီခွဲလောက် အချိန်ကုန်ကြတယ်။
သတင်းသိချင်တဲ့သူတွေက Instagram နဲ့ အဆင်မပြေဘူး။ သုံးတဲ့သူတွေက သူတို့ပုံလှလှလေးတွေတင်ကြတာများတယ်။ ၂၀၁၆ ကျမှ ဇာတ်လမ်းတွေစတင်လို့ရတယ်။ ရုပ်ပုံနဲ့ဇာတ်လမ်းတွေ ဆင်လို့ရတယ်။ မျှဝေလို့ရလာတယ်။ အဲဒီအချိန်ကစပြီး၊ အသုံးတွင်လာတယ်။ ဇာတ်လမ်းတိုတွေကို လူသောင်းချီပြီးမျှဝေနိုင်တယ်။ သုံးတဲ့သူများလာတော့ ကြော်ငြာသမားတွေ၊ အရောင်းမြှင့်တင်ရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေ၊ လှုံ့ဆော်သူတွေရော၊ မသမာသူတွေပါမကျန်၊ Instagram ဘက်ကို စုပြုံရောက်လာကြတယ်။

ဩဂုတ်လလောက်တုန်းက Instagram သုံးတဲ့ ကမ္ဘာအရပ်ရပ်ကလူတွေဟာ ကမ္ဘာ့အောက်ဆီဂျင်ရဲ့ ၂၀% ထုတ်လုပ်ပေးနေတဲ့၊ အဆုတ်နဲ့တူတဲ့အမေဇုန်မိုးသစ်တောတွေ၊ မီးလောင်နေပြီလို့ ပြင်သစ်သမ္မတတင်လိုက်တော့ လူ ၂ သိန်းလောက်တွေ့သွားကြတယ်။ Instagram မှာ ပရိသတ် ၁၂၆ သန်းရှိတဲ့ လူကြိုက်များရာမှာ နံပါတ် ၁၁ ချိတ်တဲ့ National Geographic ကလည်း အဲဒီအကြောင်းတင်၊ အမေရိကန်မင်းသားလီယိုနာဒိုကက်ပီရို (ပရိသတ် ၁၂ သန်း)၊ ပရိသတ် ၃၂ သန်းရှိတဲ့ အင်ဒိုနီးရှားသရုပ်ဆောင်၊ ပရိသတ် ၁၀ သန်းရှိတဲ့ အိန္ဒိယစံပြမယ်တို့ကလည်း လိုက်တင်ကြတော့၊ နှစ်ရက်လည်းကြာရော၊ NASA က မနေသာတော့ဘဲ နောက်ဆုံးဂြိုလ်တုကရတဲ့ပုံတင်ပြီး သစ်တောမီးလောင်တဲ့ ပြဿနာကို ရှင်းယူရတယ်။
ဒီလိုပြဿနာမျိုးတွေက ဖြစ်တတ်ပါတယ်။ သတင်းဌာနကြီးတွေက ခုလိုကိစ္စမျိုးတွေကို ဥပေက္ခာပြုထားတယ်လို့ ဝေဖန်စွပ်စွဲတာလည်း ခံရတယ်။ လူငယ်တစ်ယောက်က ဝေမျှလိုက်ပြီဆို ကျန်တဲ့လူငယ်တွေကလည်း လက်ဆင့်ကမ်းကြတယ်။ ဒီအချိန်မှာ မသမာသူတွေကဝင်ပြီး အမြတ်ထုတ်၊ အလှူခံလိုခံ၊ Like တစ်ချက်ပေးရင်၊ သစ်ပင်တစ်ပင်စိုက်ရမယ်လို့ ကတိပြုခိုင်းလိုခိုင်း။

စာနယ်ဇင်းတွေက Instagram မှာ ကတိပြုခိုင်းလိုခိုင်း။ စာနယ်ဇင်းတွေက Instagram မှာရှိတဲ့ မသမာမှုတွေ အလိမ်အညာတွေအကြောင်း ဝိုင်းတော့ရေးသားကြပါရဲ့။ အမေဇုန်သစ်တောက ကမ္ဘာ့အောက်ဆီဂျင်ရဲ့ ၂၁% ထုတ်လုပ်နေတယ်ဆိုတာ၊ မဟုတ်တဲ့အကြောင်း၊ အတော်ရှင်းယူရတယ်။ ဒါပေမယ့်လည်း သတင်းဌာနကြီးတွေမှာ ကြားရခဲတဲ့သတင်းဖြစ်လေတော့ လူငယ်တွေက အထူးအဆန်းဖြစ်ပြီး အချင်းချင်းမျှဝေကုန်ကြတယ်။

ဒီလိုသတင်းမျိုးအကုန်လုံးကတော့ အလေးအနက်ထားစရာတွေမဟုတ်ဘူး။ ဟောင်ကောင်က ဆန္ဒပြပွဲတွေအကြောင်း တောက်လျောက်ဗီဒီယိုတင်နေတာတွေလည်းရှိတယ်။ အမေရိကန်အားကစားအကြောင်းလည်း လွှင့်တာက ပရိသတ် ၁၅ သန်းရှိလေတော့၊ သတင်းဌာနကြီးကပါ လာဝယ်ရတယ်။ Like တွေ၊ Comment တွေအများကြီးရပြီး၊ Instagram က ထိပ်ဆုံးဆယ်ခုထဲမှာပါသွားကြတာကိုး။ နာမည်ကြီးဆယ်လီတွေရဲ့ အတင်းပြောတာတွေဆိုရင်လည်း ပရိသတ်သန်းချီရှိတယ်။
အာရပ်မှာတော့ ကာတွန်းတွေ၊ ရုပ်ရှင်ကားဟောင်းတွေနဲ့တွဲပြီး သတင်းဗီဒီယိုတွေဖြန့်လေ့ရှိတယ်။ သတင်းထူးပြီဆိုရင် ထောက်ခံဖို့၊ ကန့်ကွက်ဖို့ ကိုယ့်ရဲ့ Profile ကို ပြောင်းလေ့ရှိတယ်။

ကိုယ့်ကိုလူသိများအောင်ဆိုရင် တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် ပေါက်အောင်လုပ်လို့ရတယ်။ စက္ကန့်ပိုင်းအတွင်း နာမည်ကျော်တွေ အိမ်ထောင်ပျက်တဲ့ကိစ္စ၊ ကမ္ဘာ့တစ်နေရာမှာ ဆန္ဒပြတဲ့ကိစ္စတွေက ပြန့်သွားတာပဲ။

လူမှုမီဒီယာတွေရဲ့ထူးခြားချက်ကတော့ နာမည်ကြီးတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးကိုရောမွှေထားတာပါ။ သာမန်လူတစ်ယောက်ရဲ့မှတ်ချက်ကလည်း သတင်းဖြစ်သွားနိုင်တယ်။ ပေါက်တတ်ကရဗီဒီယိုသမားလည်း ပေါက်သွားနိုင်တယ်။ ကိုယ့်ထက်သာတဲ့သူတွေလည်း နေ့ချင်းညချင်းပေါ်လာနိုင်တယ်။
၂၃.၁၂.၂၀၁၉
 

+++++++++++++++++++++++++++

 

လူငယ္ႏွင့္စာနယ္ဇင္းအေျပာင္းအလဲ 

ဒီတေခါက္ခရီးထြက္ၾကေတာ့ လူႀကီးပိုင္းေတြက အိုင္တီဘယ္သိပ္သုံးတတ္ၾကမလဲ။ ေျပာသာေျပာရတာ၊ မနက္ေစာေစာစီးစီး၊ အသက္အႀကီးဆုံးပုဂၢိဳလ္က ျမန္မာျပည္မွာက်န္ခဲ့တဲ့အဖြားနဲ႔ Viber ကလား၊ မက္ဆင္ဂ်ာကလား စကားစေျပာတာကို အရင္ဆုံးၾကားရတယ္။ လူႀကီးေတြဆိုေတာ့ ေနေကာင္းရဲ႕လားဆိုတာနဲ႔စကားစၾကတယ္။ အီကိုေက်ာင္းသားေဟာင္း ဇီးကုန္းေရာက္ မုံ႐ြာသားကေတာ့ ေရာက္ေလရာအရပ္ သူ႔ဖာသာသူဆယ္လ္ဖီဆြဲတယ္။ အုပ္စိုလိုက္ဆယ္လ္ဖီဆြဲတတ္တာက ကိုယ္တစ္ေယာက္ထဲပါတယ္။ ဒီၾကားထဲ Lotus Temple သြားေတာ့ Selfie Stick တစ္ေခ်ာင္းက ဝယ္လာခဲ့ေသးတယ္။ အဲဒီမွာပဲ ခ်က္ခ်င္းအသုံးခ်ေပါ့။
အယ္လ္ဆာေဗဒိုသမၼတက ကုလသမဂၢအေထြေထြညီလာခံမွာစကားေျပာေတာ့ ေျပာလက္စစကားကို ခဏရပ္ၿပီး၊ ဆယ္လ္ဖီဆြဲလိုက္တယ္။ အဲဒီပုံကိုတင္လိုက္ၿပီးမွ သူ႔မိန႔္ခြန္းကိုနားေထာင္ၾကမွာ၊ သူ႐ိုက္လိုက္တဲ့သူ႔ဓါတ္ပုံေလး ေကာင္းေလာက္ပါရဲ႕တဲ့။

အာဖရိကန္သမၼတေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေနတဲ့သူေတြကလည္း အဲသလိုပဲ။ ဇူလိုင္လမွာ သူလုပ္ခဲ့တဲ့စကားရည္လုပြဲအေျခအေန ဘယ္လိုေနသလဲလို႔ေမးေတာ့ လူမႈကြန္ရက္ေပၚက မွတ္ခ်က္ေတြကို ၾကည့္ၿပီးမွေျပာႏိုင္မယ္လို႔ေျဖတယ္။ ယူက်ဴ႕ (YouTube) မွာ လူ ၇ သန္းနီးပါး ပရိသတ္ရွိတဲ့ အင္တာနက္ဆယ္လီလူ႐ႊင္ေတာ္တစ္ေယာက္နဲ႔ အမတ္ေလာင္းတစ္ေယာက္ အင္တာနက္ဗ်ဴးတာကို ႏွစ္ရက္အတြင္း လူတစ္သန္းေလာက္ၾကည့္ၾကတယ္။ သူ႔ရဲ႕မဲဆြယ္ပြဲအေျခအေနကို အင္တာဗ်ဴးမတိုင္မီနဲ႔ အင္တာဗ်ဴးေျဖအၿပီးလို႔ ႏွစ္ပိုင္းခြဲရမတဲ့။
ဒီႏိုင္ငံေရးသမားလူငယ္ေတြက ဆယ္ေက်ာ္သက္ေတြ၊ ႏွစ္ဆယ္ေက်ာ္ကာစေလးေတြ၊ ကေန႔ေခတ္မွာ ဘယ္ကသတင္းရၾကသလဲဆိုတာ သေဘာေပါက္ၾကတယ္။ အမ်ားအားျဖင့္ေတာ့ လူမႈမီဒီယာေပါ့။ ႐ုပ္သံေတြေပါ့။ သမၼတက ညီလာခံမွာ စကားေျပာတယ္ဆိုတဲ့ ေခါင္းစဥ္နဲ႔ အႏွစ္သာရထက္ ဘယ္လိုတင္ျပတယ္ဆိုတဲ့ သတင္းကို တင္ျပပုံတင္ျပနည္းက ပိုၿပီးအေရးႀကီးတယ္။
သတင္းကလည္း ဟာသေတြမွတ္ခ်က္ေတြနဲ႔ဆို ပိုၿပီးစိတ္ဝင္စားတယ္။ လူအမ်ားမသိေပမယ့္၊ လူငယ္ေတြသိတဲ့သူေတြနဲ႔တြဲမိရင္ ပိုၿပီးခရီးေရာက္တယ္။

ဒါကလည္း ကမာၻတစ္ခုလုံးမွာျဖစ္ေနတာပါ။ အေသးစိတ္မွာသာ ျခားနားမႈရွိပါတယ္။ ၂၀၁၉ နဲ႔ ၂၀၁၈ အတြင္းမွာ သတင္းစာဖတ္တယ္ဆိုတဲ့ ဆယ္ေက်ာ္သက္ေတြရဲ႕ အခ်ိဳးအဆက ၆၀% ကေန ၂၀% အထိ က်ဆင္းသြားၿပီတဲ့။ ခ်မ္းသာတဲ့ႏိုင္ငံေတြက ၁၅ ႏွစ္၊ ၁၆ ႏွစ္အ႐ြယ္ေက်ာင္းသားေတြကို ေမးၾကည့္တာပါ။ အိႏၵိယက အႀကီးဆုံးအဂၤလိပ္ဘာသာနဲ႔ထုတ္ေဝတဲ့ သတင္းစာကိုစဖတ္တာ၊ လူငယ္တဝက္ေလာက္ပဲရွိသတဲ့။ သူတို႔ဟာ ဗီဒီယိုေတြနဲ႔ ေဘာလီး၀ုဒ္သတင္းေတြကိုပဲ ပိုစိတ္ဝင္စားတယ္။ ၿဗိတိန္မွာေတာ့ ဘီဘီစီကို ယူက်ဴ႕ (YouTube) တို႔ Netflix တို႔ေလာက္ လူငယ္ေတြက မသိၾကဘူး။

လူငယ္ေတြနဲ႔ထိေတြ႕မႈမရွိရင္၊ စာနယ္ဇင္းေတြဆက္ရပ္တည္ဖို႔ခက္ႏိုင္တယ္လို႔ ေျပာကုန္ၾကၿပီ။

အသက္ ၁၈ ႏွစ္နဲ႔ ၂၄ ႏွစ္ၾကား၊ အာရပ္လူငယ္ ၈၀% ေလာက္ဟာ သတင္းေတြကို လူမႈမီဒီယာကရတယ္။ ၂၀၁၅ တုန္းကဆို ၂၅% ပဲ သုံးၾကတာ။ ေဖ့စ္ဘုတ္ကိုႀကိဳက္တာမ်ားတယ္။ ေဆာ္ဒီအာေရဗ်တို႔လို၊ ပင္လယ္ေကြ႕ႏိုင္ငံေတြကက်ေတာ့ Snapchat ကိုႀကိဳက္တယ္။ ေတာင္ကိုးရီးယားလူငယ္ဆယ္ေက်ာ္သက္သုံးပုံႏွစ္ပုံဟာ ကမာၻမွာ ဘာျဖစ္သလဲဆိုတာသိဖို႔ Naver ဆိုတဲ့ ဝက္ဘ္ေပၚတယ္လ္နဲ႔ Search Engine ကိုသုံးၾကတယ္။ အေမရိကန္လူငယ္ ၉၅% မွာ စမတ္ဖုန္းေတြရွိၾကၿပီး၊ ၄၅% ကအၿမဲတမ္းအြန္လိုင္းျဖစ္ေနၾကတယ္။

ေအာက္စဖို႔ဒ္မွာရွိတဲ့ ႐ိုက္တာစာနယ္ဇင္းသုေတသနအဖြဲ႕ရဲ႕ ေလ့လာခ်က္အရ၊ လူငယ္ေတြစိတ္ဝင္စားတဲ့သတင္းဆိုတာက လူ႔အဖြဲ႕အစည္းကို ဘယ္လိုအက်ိဳးသက္ေရာက္သလဲဆိုတာမ်ိဳးမဟုတ္ဘူး။ လူတစ္ေယာက္ခ်င္းကို ဘယ္လိုလုပ္ေပးႏိုင္သလဲဆိုတာမ်ိဳးျဖစ္ပါသတဲ့။

လူငယ္ေတြ သတင္းယူတဲ့အေလ့အထကို ပစ္ပယ္ခ်င္ရင္လည္း ပစ္ပယ္ခ်င္စရာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ လူငယ္အေတာ္မ်ားမ်ားက မဲေပးခြင့္မရၾကေသးဘူး။ ပိုက္ဆံလည္း မသုံးႏိုင္။ အယ္ဆာေဗဒိုလိုႏိုင္ငံမ်ိဳးကို ေျမပုံေပၚမွာ ဘယ္နားေနမွန္းေတာင္ မသိၾကဘူး။

ဒါေပမယ့္ လူငယ္ေတြကို ေလွ်ာ့တြက္လို႔မရဘူး။ ကမာၻ႔လူဦးေရရဲ႕သုံးပုံတစ္ပုံဟာ ၂၀ ေအာက္လူငယ္ေတြ ျဖစ္ၾကတယ္။ ကမာၻ႔လူဦးေရရဲ႕တဝက္ေက်ာ္ဟာ အင္တာနက္နဲ႔ခ်ိတ္ဆက္ထားၾကတယ္။ လူငယ္ေတြဟာ အနာဂတ္ကို ပိုင္စိုးတယ္။ စာနယ္ဇင္းေလာကမွာဆို၊ လူငယ္ေတြေၾကာင့္ သန္းေထာင္ခ်ီတန္ဖိုးရွိတဲ့ ဆုံးျဖတ္ခ်က္ေတြကို ျဖစ္ေပၚေစတယ္။ ၂၀၁၂ မွာ ေဖ့စ္ဘုတ္က Instargram ကို ယူလိုက္ရတယ္။ ေနာက္တစ္ႏွစ္မွာ Snapchat ကို ယူဖို႔ႀကိဳးစားတာေတာ့ မေအာင္ျမင္ဘူး။

လူငယ္ေတြဟာ နည္းပညာအေၾကာင္းကိုလည္း ပိုၿပီးနားလည္ၾကတယ္။ ဆြီဒင္က ဆယ္ေက်ာ္သက္တက္ႂကြလႈပ္ရွားသူ Greta Thunberg ရာသီဥတုအတြက္ ေက်ာင္းေတြက ဆႏၵျပၾကဖို႔ လႈံ႕ေဆာ္တာဟာ အခုႏိုင္ငံ ၁၅၀ ကိုျပန႔္ႏွံ႔သြားၿပီ၊ အထက္တန္းေက်ာင္းသားေလးေတြအပါအဝင္၊ ေက်ာင္းသားေတြရဲ႕ ဆႏၵျပပြဲေတြဟာ ေဟာင္ေကာင္ကေန ခ်ီလီအထိ တစ္ကမာၻလုံးကို ျပန႔္ႏွံ႔သြားတယ္။

ဒါေၾကာင့္ ႏိုင္ငံေရးသမားေတြ၊ မူဝါဒခ်မွတ္သူေတြ၊ စာနယ္ဇင္းေတြအေနနဲ႔၊ ကေန႔လူငယ္ေတြရယူျဖန႔္ခ်င္ေနတဲ့သတင္းေတြ ဘယ္လိုေရးၾကတယ္ဆိုတာက အနာဂတ္မွာ သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းေတြနဲ႔ ႏိုင္ငံေတြကိုဘယ္လိုအက်ိဳးသက္ေရာက္မလဲဆိုတာ စဥ္းစားသင့္တယ္။

အေမရိကန္အမတ္တစ္ေယာက္ကို ၁၃ ႏွစ္သားကေလးတစ္ေယာက္က ကြၽန္ေတာ္မဲေပးလို႔ေတာ့မရဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ခင္ဗ်ားကို Instagram ကေန ေထာက္ခံလို႔ရတယ္လို႔ ေျပာျပတာပဲၾကည့္ေလ။

အနာဂတ္ကိုနားလည္ဖို႔ အေမရိကန္ကိုၾကည့္ပါ။ အေမရိကန္ဟာ ကမာၻေပၚမွာ အားေကာင္းေမာင္းသန္အျဖစ္ဆုံး၊ သတင္းစနစ္ရွိေနတဲ့ႏိုင္ငံပါ။ Instagram တို႔ WhatsApp တို႔ ေဖ့စ္ဘုတ္နဲ႔ ယူက်ဴ႕ေတြ စနက္ခ်က္ေတြဆိုတဲ့ လူငယ္ေတြသုံးေနတာ အားလုံးဟာ အေမရိကန္ေျမကထြက္ေပၚလာတာပါ။ (TikTok ကေတာ့ တ႐ုတ္)

အေမရိကန္စာနယ္ဇင္းေတြက ကမာၻႀကီးတစ္ခုလုံးကို ဩဇာလႊမ္းမိုးတယ္။ နယူးေယာက္တိုင္းက ကမာၻအႏွံ႔ေရာက္တယ္လို႔ႂကြားတယ္။ Buzzfeed လို ဝက္ဘ္ဆိုက္ေတြကို ႏိုင္ငံတစ္ဒါဇင္ေလာက္က လိုက္လုပ္ၾကတယ္။ အေမရိကန္ရဲ႕ႏိုင္ငံေရးနဲ႔ ယဥ္ေက်းမႈသုံးေဝါဟာရေတြက ကမာၻကိုျပန႔္တယ္။ အေမရိကန္ကစလိုက္တဲ့သတင္းစကားတစ္ခုဟာ တကမာၻလုံးကို ျပန႔္သြားေစတယ္။

၂၀၁၆ ခုႏွစ္က အေမရိကန္ေ႐ြးေကာက္ပြဲတုန္းက ေဖ့စ္ဘုတ္ဟာ သတင္းျဖန႔္ရာမွာ အေရးပါတဲ့အတြက္ အေတာ္တင္းတင္းၾကပ္ၾကပ္စိစစ္ခံခဲ့ရတယ္။ ဒါေပမယ့္ အေနာက္ႏိုင္ငံက လူငယ္အေတာ္မ်ားမ်ားက ေဖ့စ္ဘုတ္ဟာ လူႀကီးေတြအတြက္ပဲလို႔ျမင္ၿပီး သိပ္စိတ္မဝင္စားၾကပါဘူး။ Twitter ဆိုတာလည္း ႏိုင္ငံေရးသမားေတြ၊ သတင္းစာသမားေတြမ်ားလို႔ဆိုၿပီး၊ လူငယ္ေတြက စိတ္မဝင္စားဘူး။ လူငယ္ႀကိဳက္ Buzzfeed လိုမ်ိဳးျဖစ္ေအာင္ အခ်ိန္မေပးၾကဘူး။ ဆယ့္ေျခာက္ႏွစ္ကေလးတစ္ေယာက္ေျပာသလို၊ လူငယ္ေတြကို လူႀကီးေတြေျပာခ်င္တာေျပာဖို႔ ႀကိဳးစားေနၾကတာလို႔ မွတ္ခ်က္ခ်တယ္။ လူႀကီးေတြ အသုံးမ်ားတဲ့ App ေတြကို လူငယ္ေတြက စိတ္မဝင္စားဘူး။
ဒါေၾကာင့္ Instagram တို႔၊ WhatsApp နဲ႔ YouTube တို႔ကို သုံးတဲ့သူက သန္းေထာင္ခ်ီၿပီးရွိလာတယ္။ YouTube ကို အေမရိကန္လူငယ္ ၈၅%၊ Instagram ကို ရ၀% တဲ့။ အေမရိကန္လူငယ္ ၆၉% က ေန႔တိုင္းအြန္လိုင္းဗီဒီယိုၾကည့္တယ္။ အမ်ားစုက YouTube မွာတဲ့။ တစ္ေန႔ကို ၇ နာရီခြဲေလာက္ အခ်ိန္ကုန္ၾကတယ္။
သတင္းသိခ်င္တဲ့သူေတြက Instagram နဲ႔ အဆင္မေျပဘူး။ သုံးတဲ့သူေတြက သူတို႔ပုံလွလွေလးေတြတင္ၾကတာမ်ားတယ္။ ၂၀၁၆ က်မွ ဇာတ္လမ္းေတြစတင္လို႔ရတယ္။ ႐ုပ္ပုံနဲ႔ဇာတ္လမ္းေတြ ဆင္လို႔ရတယ္။ မွ်ေဝလို႔ရလာတယ္။ အဲဒီအခ်ိန္ကစၿပီး၊ အသုံးတြင္လာတယ္။ ဇာတ္လမ္းတိုေတြကို လူေသာင္းခ်ီၿပီးမွ်ေဝႏိုင္တယ္။ သုံးတဲ့သူမ်ားလာေတာ့ ေၾကာ္ျငာသမားေတြ၊ အေရာင္းျမႇင့္တင္ေရးသမားေတြနဲ႔ ႏိုင္ငံေရးသမားေတြ၊ လႈံ႕ေဆာ္သူေတြေရာ၊ မသမာသူေတြပါမက်န္၊ Instagram ဘက္ကို စုၿပဳံေရာက္လာၾကတယ္။

ဩဂုတ္လေလာက္တုန္းက Instagram သုံးတဲ့ ကမာၻအရပ္ရပ္ကလူေတြဟာ ကမာၻ႔ေအာက္ဆီဂ်င္ရဲ႕ ၂၀% ထုတ္လုပ္ေပးေနတဲ့၊ အဆုတ္နဲ႔တူတဲ့အေမဇုန္မိုးသစ္ေတာေတြ၊ မီးေလာင္ေနၿပီလို႔ ျပင္သစ္သမၼတတင္လိုက္ေတာ့ လူ ၂ သိန္းေလာက္ေတြ႕သြားၾကတယ္။ Instagram မွာ ပရိသတ္ ၁၂၆ သန္းရွိတဲ့ လူႀကိဳက္မ်ားရာမွာ နံပါတ္ ၁၁ ခ်ိတ္တဲ့ National Geographic ကလည္း အဲဒီအေၾကာင္းတင္၊ အေမရိကန္မင္းသားလီယိုနာဒိုကက္ပီ႐ို (ပရိသတ္ ၁၂ သန္း)၊ ပရိသတ္ ၃၂ သန္းရွိတဲ့ အင္ဒိုနီးရွားသ႐ုပ္ေဆာင္၊ ပရိသတ္ ၁၀ သန္းရွိတဲ့ အိႏၵိယစံျပမယ္တို႔ကလည္း လိုက္တင္ၾကေတာ့၊ ႏွစ္ရက္လည္းၾကာေရာ၊ NASA က မေနသာေတာ့ဘဲ ေနာက္ဆုံးၿဂိဳလ္တုကရတဲ့ပုံတင္ၿပီး သစ္ေတာမီးေလာင္တဲ့ ျပႆနာကို ရွင္းယူရတယ္။
ဒီလိုျပႆနာမ်ိဳးေတြက ျဖစ္တတ္ပါတယ္။ သတင္းဌာနႀကီးေတြက ခုလိုကိစၥမ်ိဳးေတြကို ဥေပကၡာျပဳထားတယ္လို႔ ေဝဖန္စြပ္စြဲတာလည္း ခံရတယ္။ လူငယ္တစ္ေယာက္က ေဝမွ်လိုက္ၿပီဆို က်န္တဲ့လူငယ္ေတြကလည္း လက္ဆင့္ကမ္းၾကတယ္။ ဒီအခ်ိန္မွာ မသမာသူေတြကဝင္ၿပီး အျမတ္ထုတ္၊ အလႉခံလိုခံ၊ Like တစ္ခ်က္ေပးရင္၊ သစ္ပင္တစ္ပင္စိုက္ရမယ္လို႔ ကတိျပဳခိုင္းလိုခိုင္း။

စာနယ္ဇင္းေတြက Instagram မွာ ကတိျပဳခိုင္းလိုခိုင္း။ စာနယ္ဇင္းေတြက Instagram မွာရွိတဲ့ မသမာမႈေတြ အလိမ္အညာေတြအေၾကာင္း ဝိုင္းေတာ့ေရးသားၾကပါရဲ႕။ အေမဇုန္သစ္ေတာက ကမာၻ႔ေအာက္ဆီဂ်င္ရဲ႕ ၂၁% ထုတ္လုပ္ေနတယ္ဆိုတာ၊ မဟုတ္တဲ့အေၾကာင္း၊ အေတာ္ရွင္းယူရတယ္။ ဒါေပမယ့္လည္း သတင္းဌာနႀကီးေတြမွာ ၾကားရခဲတဲ့သတင္းျဖစ္ေလေတာ့ လူငယ္ေတြက အထူးအဆန္းျဖစ္ၿပီး အခ်င္းခ်င္းမွ်ေဝကုန္ၾကတယ္။

ဒီလိုသတင္းမ်ိဳးအကုန္လုံးကေတာ့ အေလးအနက္ထားစရာေတြမဟုတ္ဘူး။ ေဟာင္ေကာင္က ဆႏၵျပပြဲေတြအေၾကာင္း ေတာက္ေလ်ာက္ဗီဒီယိုတင္ေနတာေတြလည္းရွိတယ္။ အေမရိကန္အားကစားအေၾကာင္းလည္း လႊင့္တာက ပရိသတ္ ၁၅ သန္းရွိေလေတာ့၊ သတင္းဌာနႀကီးကပါ လာဝယ္ရတယ္။ Like ေတြ၊ Comment ေတြအမ်ားႀကီးရၿပီး၊ Instagram က ထိပ္ဆုံးဆယ္ခုထဲမွာပါသြားၾကတာကိုး။ နာမည္ႀကီးဆယ္လီေတြရဲ႕ အတင္းေျပာတာေတြဆိုရင္လည္း ပရိသတ္သန္းခ်ီရွိတယ္။
အာရပ္မွာေတာ့ ကာတြန္းေတြ၊ ႐ုပ္ရွင္ကားေဟာင္းေတြနဲ႔တြဲၿပီး သတင္းဗီဒီယိုေတြျဖန႔္ေလ့ရွိတယ္။ သတင္းထူးၿပီဆိုရင္ ေထာက္ခံဖို႔၊ ကန႔္ကြက္ဖို႔ ကိုယ့္ရဲ႕ Profile ကို ေျပာင္းေလ့ရွိတယ္။

ကိုယ့္ကိုလူသိမ်ားေအာင္ဆိုရင္ တက္ႂကြလႈပ္ရွားသူတစ္ေယာက္အျဖစ္ ေပါက္ေအာင္လုပ္လို႔ရတယ္။ စကၠန႔္ပိုင္းအတြင္း နာမည္ေက်ာ္ေတြ အိမ္ေထာင္ပ်က္တဲ့ကိစၥ၊ ကမာၻ႔တစ္ေနရာမွာ ဆႏၵျပတဲ့ကိစၥေတြက ျပန႔္သြားတာပဲ။

လူမႈမီဒီယာေတြရဲ႕ထူးျခားခ်က္ကေတာ့ နာမည္ႀကီးေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ႏိုင္ငံေရးကိုေရာေမႊထားတာပါ။ သာမန္လူတစ္ေယာက္ရဲ႕မွတ္ခ်က္ကလည္း သတင္းျဖစ္သြားႏိုင္တယ္။ ေပါက္တတ္ကရဗီဒီယိုသမားလည္း ေပါက္သြားႏိုင္တယ္။ ကိုယ့္ထက္သာတဲ့သူေတြလည္း ေန႔ခ်င္းညခ်င္းေပၚလာႏိုင္တယ္။
၂၃.၁၂.၂၀၁၉
 

ခင္ေမာင္ညိဳ (ေဘာဂေဗဒ)

Previous Next