13 Jan, 2020
အသိပညာနှင့်အတတ်ပညာ

    ကျနော်ငယ်ငယ် ၅တန်း၊ ၆တန်း ကျောင်းသား ဘဝက အတန်းတင်စာမေးပွဲကြီး ဖြေဆိုပြီးလို့ ကျောင်းပိတ်ရက်တွေမှာ ကျနော့်အဖေက သူ့ရဲ့စာအုပ်ဗီရိုထဲက စာအုပ်တချို့ကို ထုတ်ပေး ပါတယ်။ ကျောင်းပိတ်ရက်အတွင်း ကျနော်ဖတ်ဖို့ ပေါ့။ တစ်ခါမှာတော့ ကျနော့်ကို "ဟိတော ပဒေသ" ဆိုတဲ့ စာအုပ်တစ်အုပ် ထုတ်ပေးပါတယ်။ စာဖတ်နာ သူတွေသိပါတယ်။ ပုံပြင်စာအုပ်ပါ။ "ဟိတော ပဒေသ  ပုံပြင်များ" ဆိုပြီး ဘာသာပြန်ထား သူတွေ လည်းရှိတယ်။ ကျနော်ဖတ်မိတဲ့ စာအုပ်ကတော့ ၁၉၆၃ခုနှစ် မေလက အမျိုးသား စာပုံနှိပ် တိုက်က ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။  အိန္ဒိယ သက္ကတမူရင်းကနေ တိုက်ရိုက်ဘာသာပြန် ဆိုထားတဲ့ ပုံပြင်တွေဖြစ်တယ်။ "ဦးတင်ဦးနှင့် ဦးအုန်းရွှေပြန်ဆို၍ ဦးလှဒင်ပြင်ဆင် ရေးသားသည်" ဆိုပြီး စာအုပ် အစမှာ ရေးသားထားတာကိုလည်း တွေ့ရတယ်။
    ဟိတောပဒေသဆိုတာ ပုံပြင်စာအုပ်ပါ။ ဒါပေမဲ့ အဲ့ဒီပုံပြင်တွေဖြစ်ပေါ်လာပုံကတော့ ထူးခြားတယ်လို့ ဆိုရမှာဖြစ်တယ်။ ရှေးအခါက မဇ္ဈိမဒေသ အိန္ဒိယ နိုင်ငံ (ယခုအခေါ် ဗီဟာ ပြည်နယ်အပါအဝင် ဂင်္ဂါ မြစ်ကမ်းအနီး ပတ္တနားလို့ခေါ်တဲ့အရပ်)မှာ ပါဋလိပုတ်ပြည်ကြီး တည်ရှိခဲ့သတဲ့၊ အဲ့ဒီပါဋလိပုတ် ပြည်ကြီးမှာ သုဒဿနအမည်ရှိတဲ့  ဘုရင်မင်းမြတ် စိုးစံတော်မူသတဲ့၊ အဲ့ဒီ ရှင်ဘုရင်မှ ထီးမွေနန်းမွေ ဆက်ခံမယ့် သားတော်တွေ ရှိပေမဲ့လည်း သူ့ရဲ့ သားတော်တွေဟာ အတတ်ပညာကို မသင်ကြားဘဲ အပျော်အပါးနဲ့သာ အချိန်ကုန်နေကြပါတယ်။ အဲ့ဒီအတွက် ရှင်ဘုရင်ကြီးခမျာ စိတ်မချမ်းမသာ ဖြစ်နေရတယ်။ တစ်နေ့တော့ လူတစ်ယောက်က နန်းရင်ပြင်မှာ ဂါထာနှစ်ပုဒ်ဆိုတဲ့အသံကို ကြားမိ တယ်။ အဲ့ဒီ ဂါထာနှစ်ပုဒ်ရဲ့ အဓိပ္ပာယ်ကတော့ အောက်ပါအတိုင်း ဖြစ်တယ်။
(၁) စာပေကျမ်းဂန်မည်သည် ယုံမှားသံသယ အမြာက်အမြားကို ပယ်ဖြတ်ပေးနိုင်၏။ မိမိ၏ မျက်ကွယ်၌ ဖြစ်ခဲ့သော အကြောင်းတရားကိုပင် မျက်မှောက်တွင် မြင်ရသကဲ့သို့ ထင်ရှားစွာ ဖော်ပြ တတ်၏။ လူခပ်သိမ်း၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ထို့ကြောင့် စာပေကျမ်းဂန်မတတ်သူသည်ကား မျက်စိကန်းသူသာတည်း။
(၂) ဥစ္စာစည်းစိမ်ပြည့်စုံခြင်းမှကင်းခဲ့သော်လည်း ကောင်း သက်ရွယ်ပျိုနုခြင်းမှ ကျော်လွန်ခဲ့လျှင် လည်းကောင်း၊ ကိုယ်စိုးကိုယ်ပိုင် လွတ်လပ်စွာ နေနိုင်ခြင်းမှကင်းမဲ့ခဲ့သော်လည်း ကောင်း၊ မစူးစမ်း မဆင်ခြင်ခြင်းသည် လည်းကောင်းအကျိုးမဲ့ပျက်စီး နိုင်ကုန်၏။ ထိုလေးပါးတို့ ချို့ယွင်းနေလျှင်မူကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
    ရှင်ဘုရင်ကြီးလည်း အဲ့ဒီဂါထာနှစ်ပုဒ်ကို ကြားလိုက်ရတဲ့အခါ သူ့သားတော်တွေအတွက် ရတက်မအေးဖြစ်မိသတဲ့။
    အဲ့ဒီနောက် ညီလာခံတစ်ခုမှာ သူ့ရဲ့မှူးမတ် တွေကို မေးမြန်းပါတယ်။ အဲ့ဒါကတော့သူ့ရဲ့ သားတော်တွေကို ပညာသင်ကြားပေးနိုင်မယ့် သူ ရှိမလား ဆိုတာပဲဖြစ်တယ်။ ဝိဏ္ခုသမ္မအမည်ရှိတဲ့ ပညာရှိအမတ်ကြီးက ရှင်ဘုရင်ကြီးကို အခုလို လျှောက်ထားပါတယ်။
    "အရှင့်သားတော်များကို နီတိကျမ်းနှင့် သွေးဆောင်၍ ခြောက်လအတွင်း ယဉ်ကျေးအောင် သင်ပြပါအံ့"
    ရှင်ဘုရင်ကြီးလည်း သူ့ရဲ့သားတော်တွေကို အမတ်ကြီးထံ အပ်နှံလိုက်ပါတယ်။ ဝိဏ္ခုသမ္မပညာရှိ အမတ်ကြီးဟာ မင်းသားတွေဆီသွားရောက်ပြီး အခုလိုလျှောက်ထားပါတယ်။ 
    "အိုမင်းသားတို့၊ နားဆင်ကြပါကုန်၊ ပညာရှိတို့ မည်သည် ကဗျာကျမ်းဂန်သင်အံဖတ်ရွတ်၍သာ အပြင်းဖြေလျက် အချိန်ကိုကုန်လွန်စေကြ၏။ လူမိုက်တို့မူကား ဖဲရိုက်၊ ကြက်တိုက်စသော ပျက်စီး ကြောင်း ကစားမျိုးဖြင့်ဖြစ်စေ၊ အိပ်ပျော် မိန်းမောခြင်းဖြင့်ဖြစ်စေ၊ ခိုက်ရန်ငြင်းခုံခြင်းဖြင့် ဖြစ်စေ အချိန်ကုန်လွန်ကြ၏။    
    ထို့ကြောင့် အရှင့်သားတို့ အပျင်းပြေစေခြင်းငှာ၊ ကျီး-လိပ်-သမင်-ြွကက်တည်းဟူသော သတ္တဝါ လေးဦးတို့ အကြောင်းကို ပုံပြောဆိုပါအံ့"။
    အဲ့ဒီလိုနဲ့ ပုံပြင်တွေတစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြ ခဲ့တယ်။ ပုံပြင်တွေထဲမှာ နီတိကျမ်းနဲ့ ပတ်သက်တဲ့ သိမှတ်စရာတွေ၊ သင်ခန်းစာတွေ၊ စစ်ချီစစ်တိုက်တဲ့ ကိစ္စရပ်နဲ့ ပတ်သက်တာ တွေကိုလည်း ထည့်သွင်း ပြောပြသင်ကြား ပေးခဲ့တယ်။
    ဟိတောပဒေသ ကျမ်းရဲ့ ကျမ်းဦးပဏာမမှာ အောက်ပါအတိုင်း ထည့်သွင်းရေးသားထားတာကို လည်း ဖတ်ရှုရပါတယ်။
    "လောကီလောကုတ္တရာ ဥစ္စာမျိုးစုံတို့တွင် အတတ်ပညာတည်းဟူသော ဥစ္စာကိုသာလျှင် အမြတ်ဆုံးဟု ပညာရှိတို့ ဆိုကြကုန်၏။ အကြောင်း မူကား ထိုအတတ်ပညာတည်းဟူသော ဥစ္စာသည် ခိုးသူတို့ခိုးယူခြင်းမပြုနိုင်၍ အတိုင်းမသိ တန်ဖိုးရှိ လျက်မည်သည့်အချိန်အခါတွင်မဆို သုံးစွဲ၍ မကုန်နိုင်သောအကြောင်းတည်း။"
    "လက်မှုအတတ်နှင့် စာပေကျမ်းဂန်အတတ် ဟူသော ပညာရပ်နှစ်မျိုးလုံးပင် အခြံအရံ အကျော် အစောကို ရစေနိုင်ကြောင်းများ ဖြစ်ကုန်၏။ သို့ရာတွင် လက်မှုအတတ်မျိုးမည်သည် အိုမင်း ကြီးရင့်လာသောအခါ ရယ်စရာမျှသာ ဖြစ်၍ စာပေကျမ်းဂန်အတတ်မျိုးသာလျှင် ကြီးငယ်မဟူ အခါမရွေး အလေးအမြတ်ပြုခြင်း ခံရ၏။ 
    အထက်ပါစာပိုဒ်ကို ဖတ်ပြီး ဝေါဟာရနှစ်ခုကို သတိထားလိုက်မိပါတယ်။ အဲ့ဒီဝေါဟာရတွေ ကတော့ "လက်မှုအတတ်"နဲ့ "စာပေကျမ်းဂန် အတတ်" ဆိုတဲ့ဝေါဟာရတွေပဲ ဖြစ်တယ်။ အဲ့ဒီဝေါဟာရနှစ်ခုကို ဒီနေ့ဒီခေတ် အခြေအနေနဲ့ ဆီလျော်အောင်ခေါ်ဆိုရမယ်ဆိုရင် "သိပ္ပံ" နဲ့ "ဝိဇ္ဇာ"ပညာရပ်တွေလို့ ခေါ်ဆိုရလိမ့်မယ် ထင်ပါတယ်။
    "သိပ္ပံ" ပညာရပ်ရော "ဝိဇ္ဇာ" ပညာရပ်ပါ အသုံးဝင်တဲ့ ဘာသာရပ်တွေဖြစ်တယ်။ လူ့လောက အတွက် အကျိုးရှိတဲ့ ဘာသာရပ်တွေပဲ ဖြစ်တယ်။ "သိပ္ပံ" ပညာရပ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုကို တိုးတက်မြင့်မားအောင် လုပ်ဆောင်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာအရ အများကြီးအကျိုးပြုပါတယ်။ "ဝိဇ္ဇာ"ပညာရပ် တွေကတော့ အဲ့ဒီလူ့အဖွဲ့အစည်းကို ထိန်းကျောင်းတဲ့ နေရာမှာ စိတ်ပိုင်းဆိုင်ရာအရ အကျိုးပြုတယ်။
    နိုင်ငံတစ်နိုင်ငံကို ရုပ်ပိုင်းဆိုင်ရာအရ တိုးတက် မြင့်မားအောင် ပြုလုပ်မယ်ဆိုရင် အတတ်ပညာရပ် တွေကို မျက်ခြည်ပြတ်လို့မရပါဘူး၊ ဒီနေ့ဒီအချိန် ကျနော်တို့နိုင်ငံ ခေတ်နောက်ကျ နေရတဲ့ အကြောင်းရင်းများစွာ အထဲမှာ အတတ် ပညာအရ ချို့တဲ့ အားနည်းတဲ့အပိုင်းကလည်း အများကြီး ပါဝင်နေပါတယ်။ အထူးသဖြင့် လူငယ်လူရွယ် တွေဟာ နိုင်ငံတည်ဆောက်ရေးမှာ တစ်တပ်တစ် အားပါဝင်ဆောင်ရွက်ချင်တယ်ဆိုရင် အတတ်ပညာ ရပ်တွေကို ဦးစားပေးလေ့လာ ဆည်းပူးသင့်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် သိပ္ပံပညာရပ်တွေကို ဆည်းပူးလေ့လာသင့်ပါတယ်။
    ဆရာကြီးတက်တိုးက "ဘီအေနှင့်ဆိတ်သားကင်" ဆိုတဲ့ ဆောင်းပါးထဲမှာ အောက်ပါအတိုင်း ရေးသား ခဲ့ပါတယ်။ 
    "နှလုံးရည်အတွက်ဟု ဆိုကြပါစို့။ ဝိဇ္ဇာအတတ် များကို သင်ကြားပေါက်မြောက်သော ပုဂ္ဂိုလ်များ လည်း အတော်ပင်လိုပါ၏။ သို့သော် များလှစွာ သော တိုင်းသူပြည်သားတို့မှာ လက်တွေ့ပညာ ရပ်များ၊ အတတ်ပညာများ(ွှနခ့ညငခေူ နိကခအေငသည) ကိုဖိ၍ သင်ကြားအပ်ပေသည်။
    အားလုံးလိုလိုသိရှိနားလည်ကြပါတယ်။ နိုင်ငံ တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်မြင့်မား စေချင်တယ်ဆိုရင် အဲ့ဒီနိုင်ငံ၊ အဲ့ဒီလူ့အဖွဲ့အစည်းကို ပညာရေးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ် ပေးရမှာဖြစ်တယ်။ ပညာရေးဆိုတဲ့ နေရာမှာ အတတ်ပညာ၊ အသိပညာအားလုံး အကျုံးဝင် ပါတယ်။ အတတ်ပညာဘက်မှာ ထူးချွန်လွန်းပြီး အသိပညာဘက်မှာ ချို့တဲ့အားနည်းတယ်ဆိုရင် ရုပ်ဝတ္ထုတွေနောက်လိုက်ပြီး အမှားတွေ့ရတတ် တယ်။ သိတော့သိပါရဲ့၊ ဒါပေမဲ့ ဘာမှမတတ်လို့ ဘာမှမလုပ်နိုင်ဘူးဆိုရင်လည်း သူများလုပ်ထား တာတွေပဲ ဝယ်ယူသုံးစွဲရင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသွားတတ်ပါတယ်။ လောကကြီးမှာ ဘယ်လို ကိစ္စမျိုးမဆို မဟုတ်မမှန် စဉ်းစားဆင်ခြင်လုပ်ကိုင်မှ အကျိုးရှိမှာဖြစ်ပါတယ်။ နှစ်ဘက်စလုံးကို တွေးတော ပြီး နှလုံးသွင်းရမှာဖြစ်တယ်။
    အမြော်အမြင်ကြီးမားသူတစ်ဦးဟာ ကိုယ့်ရဲ့ နောင်ရေး ကိုယ့်နိုင်ငံနောင်ရေး၊ ကမ္ဘာကြီးတစ်ခုလုံး ရဲ့ နောင်ရေးကို တွေးတောကြည့်ရှုတတ်ကြတယ်။ အဲ့ဒီကိစ္စရပ်တွေကလည်း တစ်ခုနဲ့တစ်ခု ခွဲခြားမရဘဲ  ဆက်စပ်တည်ရှိနေပါတယ်။ ကိုယ့်ရဲ့ ကြီးပွားတိုး တက်မှု၊ ကိုယ့်နိုင်ငံရဲ့ စည်ပင်ဝပြောမှုတွေကိုလည်း ဂရုပြုရမှာ ဖြစ်သလို ကမ္ဘာကြီးနဲ့ ပတ်သက်တာ တွေကိုလည်း မျက်ခြည်ပြတ်လို့မဖြစ်ပါဘူး။
    လူဆိုတာ ကိုယ်နဲ့စိတ်နှစ်ခုပေါင်းထားတာပါ။ ကိုယ်ကိုအစာကျွေးပြီး စိတ်ကို အစာမကျွေးဘဲ ထားရင် အကျိုးနည်းတတ်ပါတယ်။ ကိုယ်ခန္ခာကြီး အတွက် ထမင်းဟင်းတွေကို နေ့စဉ်စားသောက်ဖို့ လိုအပ်သလို စိတ်အတွက်လည်း ဖတ်ရှုလေ့လာ သင့်တာတွေကို  လေ့လာနေဖို့ လိုအပ်တယ်။
    ဟိတောပဒေသကျမ်းရဲ့ ကျမ်းဦးပဏာမမှာ လက်မှုအတတ်သည် အိုမင်းရင့်ရော်လာတဲ့အခါ အသုံးမဝင်ဘဲ စာပေကျမ်းဂန်အတတ်မျိုးကတော့ ကြီးငယ်မရွေး အသုံးဝင်တဲ့ သဘောမျိုးရေးသား ထားတာလို့ ကျနော့်အနေနဲ့ထင်မြင်မိပါတယ်။
    လူ့အဖွဲ့အစည်းတစ်ရပ်အတွက်တော့ အသိ ပညာရော အတတ်ပညာပါလိုအပ်တယ်လို့ ဆိုပါရစေ ။    ။


သူရထိုက်

 

++++++++++++++++++++++++

    က်ေနာ္ငယ္ငယ္ ၅တန္း၊ ၆တန္း ေက်ာင္းသား ဘဝက အတန္းတင္စာေမးပြဲႀကီး ေျဖဆိုၿပီးလို႔ ေက်ာင္းပိတ္ရက္ေတြမွာ က်ေနာ့္အေဖက သူ႕ရဲ႕စာအုပ္ဗီ႐ိုထဲက စာအုပ္တခ်ိဳ႕ကို ထုတ္ေပး ပါတယ္။ ေက်ာင္းပိတ္ရက္အတြင္း က်ေနာ္ဖတ္ဖို႔ ေပါ့။ တစ္ခါမွာေတာ့ က်ေနာ့္ကို "ဟိေတာ ပေဒသ" ဆိုတဲ့ စာအုပ္တစ္အုပ္ ထုတ္ေပးပါတယ္။ စာဖတ္နာ သူေတြသိပါတယ္။ ပံုျပင္စာအုပ္ပါ။ "ဟိေတာ ပေဒသ  ပံုျပင္မ်ား" ဆိုၿပီး ဘာသာျပန္ထား သူေတြ လည္းရွိတယ္။ က်ေနာ္ဖတ္မိတဲ့ စာအုပ္ကေတာ့ ၁၉၆၃ခုႏွစ္ ေမလက အမ်ိဳးသား စာပံုႏွိပ္ တိုက္က ထုတ္ေဝခဲ့တဲ့ စာအုပ္ျဖစ္ပါတယ္။  အိႏၵိယ သကၠတမူရင္းကေန တိုက္႐ိုက္ဘာသာျပန္ ဆိုထားတဲ့ ပံုျပင္ေတြျဖစ္တယ္။ "ဦးတင္ဦးႏွင့္ ဦးအုန္းေရႊျပန္ဆို၍ ဦးလွဒင္ျပင္ဆင္ ေရးသားသည္" ဆိုၿပီး စာအုပ္ အစမွာ ေရးသားထားတာကိုလည္း ေတြ႕ရတယ္။
    ဟိေတာပေဒသဆိုတာ ပံုျပင္စာအုပ္ပါ။ ဒါေပမဲ့ အဲ့ဒီပံုျပင္ေတြျဖစ္ေပၚလာပံုကေတာ့ ထူးျခားတယ္လို႔ ဆိုရမွာျဖစ္တယ္။ ေရွးအခါက မဇၩိမေဒသ အိႏၵိယ ႏိုင္ငံ (ယခုအေခၚ ဗီဟာ ျပည္နယ္အပါအဝင္ ဂဂၤါ ျမစ္ကမ္းအနီး ပတၲနားလို႔ေခၚတဲ့အရပ္)မွာ ပါဋလိပုတ္ျပည္ႀကီး တည္ရွိခဲ့သတဲ့၊ အဲ့ဒီပါဋလိပုတ္ ျပည္ႀကီးမွာ သုဒႆနအမည္ရွိတဲ့  ဘုရင္မင္းျမတ္ စိုးစံေတာ္မူသတဲ့၊ အဲ့ဒီ ရွင္ဘုရင္မွ ထီးေမြနန္းေမြ ဆက္ခံမယ့္ သားေတာ္ေတြ ရွိေပမဲ့လည္း သူ႕ရဲ႕ သားေတာ္ေတြဟာ အတတ္ပညာကို မသင္ၾကားဘဲ အေပ်ာ္အပါးနဲ႔သာ အခ်ိန္ကုန္ေနၾကပါတယ္။ အဲ့ဒီအတြက္ ရွင္ဘုရင္ႀကီးခမ်ာ စိတ္မခ်မ္းမသာ ျဖစ္ေနရတယ္။ တစ္ေန႔ေတာ့ လူတစ္ေယာက္က နန္းရင္ျပင္မွာ ဂါထာႏွစ္ပုဒ္ဆိုတဲ့အသံကို ၾကားမိ တယ္။ အဲ့ဒီ ဂါထာႏွစ္ပုဒ္ရဲ႕ အဓိပၸာယ္ကေတာ့ ေအာက္ပါအတိုင္း ျဖစ္တယ္။
(၁) စာေပက်မ္းဂန္မည္သည္ ယံုမွားသံသယ အျမာက္အျမားကို ပယ္ျဖတ္ေပးႏိုင္၏။ မိမိ၏ မ်က္ကြယ္၌ ျဖစ္ခဲ့ေသာ အေၾကာင္းတရားကိုပင္ မ်က္ေမွာက္တြင္ ျမင္ရသကဲ့သို႔ ထင္ရွားစြာ ေဖာ္ျပ တတ္၏။ လူခပ္သိမ္း၏ မ်က္စိသဖြယ္လည္း ျဖစ္၏။ ထို႔ေၾကာင့္ စာေပက်မ္းဂန္မတတ္သူသည္ကား မ်က္စိကန္းသူသာတည္း။
(၂) ဥစၥာစည္းစိမ္ျပည့္စံုျခင္းမွကင္းခဲ့ေသာ္လည္း ေကာင္း သက္ရြယ္ပ်ိဳႏုျခင္းမွ ေက်ာ္လြန္ခဲ့လွ်င္ လည္းေကာင္း၊ ကိုယ္စိုးကိုယ္ပိုင္ လြတ္လပ္စြာ ေနႏိုင္ျခင္းမွကင္းမဲ့ခဲ့ေသာ္လည္း ေကာင္း၊ မစူးစမ္း မဆင္ျခင္ျခင္းသည္ လည္းေကာင္းအက်ိဳးမဲ့ပ်က္စီး ႏိုင္ကုန္၏။ ထိုေလးပါးတို႔ ခ်ိဳ႕ယြင္းေနလွ်င္မူကား အဘယ္ဆိုဖြယ္ရာ ရွိပါေတာ့အံ့နည္း။
    ရွင္ဘုရင္ႀကီးလည္း အဲ့ဒီဂါထာႏွစ္ပုဒ္ကို ၾကားလိုက္ရတဲ့အခါ သူ႔သားေတာ္ေတြအတြက္ ရတက္မေအးျဖစ္မိသတဲ့။
    အဲ့ဒီေနာက္ ညီလာခံတစ္ခုမွာ သူ႕ရဲ႕မွဴးမတ္ ေတြကို ေမးျမန္းပါတယ္။ အဲ့ဒါကေတာ့သူ႕ရဲ႕ သားေတာ္ေတြကို ပညာသင္ၾကားေပးႏိုင္မယ့္ သူ ရွိမလား ဆိုတာပဲျဖစ္တယ္။ ဝိဏၡဳသမၼအမည္ရွိတဲ့ ပညာရွိအမတ္ႀကီးက ရွင္ဘုရင္ႀကီးကို အခုလို ေလွ်ာက္ထားပါတယ္။
    "အရွင့္သားေတာ္မ်ားကို နီတိက်မ္းႏွင့္ ေသြးေဆာင္၍ ေျခာက္လအတြင္း ယဥ္ေက်းေအာင္ သင္ျပပါအံ့"
    ရွင္ဘုရင္ႀကီးလည္း သူ႕ရဲ႕သားေတာ္ေတြကို အမတ္ႀကီးထံ အပ္ႏွံလိုက္ပါတယ္။ ဝိဏၡဳသမၼပညာရွိ အမတ္ႀကီးဟာ မင္းသားေတြဆီသြားေရာက္ၿပီး အခုလိုေလွ်ာက္ထားပါတယ္။ 
    "အိုမင္းသားတို႔၊ နားဆင္ၾကပါကုန္၊ ပညာရွိတို႔ မည္သည္ ကဗ်ာက်မ္းဂန္သင္အံဖတ္ရြတ္၍သာ အျပင္းေျဖလ်က္ အခ်ိန္ကိုကုန္လြန္ေစၾက၏။ လူမိုက္တို႔မူကား ဖဲ႐ိုက္၊ ၾကက္တိုက္စေသာ ပ်က္စီး ေၾကာင္း ကစားမ်ိဳးျဖင့္ျဖစ္ေစ၊ အိပ္ေပ်ာ္ မိန္းေမာျခင္းျဖင့္ျဖစ္ေစ၊ ခိုက္ရန္ျငင္းခံုျခင္းျဖင့္ ျဖစ္ေစ အခ်ိန္ကုန္လြန္ၾက၏။    
    ထို႔ေၾကာင့္ အရွင့္သားတို႔ အပ်င္းေျပေစျခင္းငွာ၊ က်ီး-လိပ္-သမင္-ျြကက္တည္းဟူေသာ သတၲဝါ ေလးဦးတို႔ အေၾကာင္းကို ပံုေျပာဆိုပါအံ့"။
    အဲ့ဒီလိုနဲ႔ ပံုျပင္ေတြတစ္ပုဒ္ၿပီးတစ္ပုဒ္ ေျပာျပ ခဲ့တယ္။ ပံုျပင္ေတြထဲမွာ နီတိက်မ္းနဲ႔ ပတ္သက္တဲ့ သိမွတ္စရာေတြ၊ သင္ခန္းစာေတြ၊ စစ္ခ်ီစစ္တိုက္တဲ့ ကိစၥရပ္နဲ႔ ပတ္သက္တာ ေတြကိုလည္း ထည့္သြင္း ေျပာျပသင္ၾကား ေပးခဲ့တယ္။
    ဟိေတာပေဒသ က်မ္းရဲ႕ က်မ္းဦးပဏာမမွာ ေအာက္ပါအတိုင္း ထည့္သြင္းေရးသားထားတာကို လည္း ဖတ္႐ႈရပါတယ္။
    "ေလာကီေလာကုတၲရာ ဥစၥာမ်ိဳးစံုတို႔တြင္ အတတ္ပညာတည္းဟူေသာ ဥစၥာကိုသာလွ်င္ အျမတ္ဆံုးဟု ပညာရွိတို႔ ဆိုၾကကုန္၏။ အေၾကာင္း မူကား ထိုအတတ္ပညာတည္းဟူေသာ ဥစၥာသည္ ခိုးသူတို႔ခိုးယူျခင္းမျပဳႏိုင္၍ အတိုင္းမသိ တန္ဖိုးရွိ လ်က္မည္သည့္အခ်ိန္အခါတြင္မဆို သံုးစြဲ၍ မကုန္ႏိုင္ေသာအေၾကာင္းတည္း။"
    "လက္မႈအတတ္ႏွင့္ စာေပက်မ္းဂန္အတတ္ ဟူေသာ ပညာရပ္ႏွစ္မ်ိဳးလံုးပင္ အၿခံအရံ အေက်ာ္ အေစာကို ရေစႏိုင္ေၾကာင္းမ်ား ျဖစ္ကုန္၏။ သို႔ရာတြင္ လက္မႈအတတ္မ်ိဳးမည္သည္ အိုမင္း ႀကီးရင့္လာေသာအခါ ရယ္စရာမွ်သာ ျဖစ္၍ စာေပက်မ္းဂန္အတတ္မ်ိဳးသာလွ်င္ ႀကီးငယ္မဟူ အခါမေရြး အေလးအျမတ္ျပဳျခင္း ခံရ၏။ 
    အထက္ပါစာပိုဒ္ကို ဖတ္ၿပီး ေဝါဟာရႏွစ္ခုကို သတိထားလိုက္မိပါတယ္။ အဲ့ဒီေဝါဟာရေတြ ကေတာ့ "လက္မႈအတတ္"နဲ႔ "စာေပက်မ္းဂန္ အတတ္" ဆိုတဲ့ေဝါဟာရေတြပဲ ျဖစ္တယ္။ အဲ့ဒီေဝါဟာရႏွစ္ခုကို ဒီေန႔ဒီေခတ္ အေျခအေနနဲ႔ ဆီေလ်ာ္ေအာင္ေခၚဆိုရမယ္ဆိုရင္ "သိပၸံ" နဲ႔ "ဝိဇၨာ"ပညာရပ္ေတြလို႔ ေခၚဆိုရလိမ့္မယ္ ထင္ပါတယ္။
    "သိပၸံ" ပညာရပ္ေရာ "ဝိဇၨာ" ပညာရပ္ပါ အသံုးဝင္တဲ့ ဘာသာရပ္ေတြျဖစ္တယ္။ လူ႔ေလာက အတြက္ အက်ိဳးရွိတဲ့ ဘာသာရပ္ေတြပဲ ျဖစ္တယ္။ "သိပၸံ" ပညာရပ္ေတြဟာ လူ႔အဖြဲ႕အစည္းတစ္ခုကို တိုးတက္ျမင့္မားေအာင္ လုပ္ေဆာင္တဲ့ေနရာမွာ ႐ုပ္ပိုင္းဆိုင္ရာအရ အမ်ားႀကီးအက်ိဳးျပဳပါတယ္။ "ဝိဇၨာ"ပညာရပ္ ေတြကေတာ့ အဲ့ဒီလူ႔အဖြဲ႕အစည္းကို ထိန္းေက်ာင္းတဲ့ ေနရာမွာ စိတ္ပိုင္းဆိုင္ရာအရ အက်ိဳးျပဳတယ္။
    ႏိုင္ငံတစ္ႏိုင္ငံကို ႐ုပ္ပိုင္းဆိုင္ရာအရ တိုးတက္ ျမင့္မားေအာင္ ျပဳလုပ္မယ္ဆိုရင္ အတတ္ပညာရပ္ ေတြကို မ်က္ျခည္ျပတ္လို႔မရပါဘူး၊ ဒီေန႔ဒီအခ်ိန္ က်ေနာ္တို႔ႏိုင္ငံ ေခတ္ေနာက္က် ေနရတဲ့ အေၾကာင္းရင္းမ်ားစြာ အထဲမွာ အတတ္ ပညာအရ ခ်ိဳ႕တဲ့ အားနည္းတဲ့အပိုင္းကလည္း အမ်ားႀကီး ပါဝင္ေနပါတယ္။ အထူးသျဖင့္ လူငယ္လူရြယ္ ေတြဟာ ႏိုင္ငံတည္ေဆာက္ေရးမွာ တစ္တပ္တစ္ အားပါဝင္ေဆာင္ရြက္ခ်င္တယ္ဆိုရင္ အတတ္ပညာ ရပ္ေတြကို ဦးစားေပးေလ့လာ ဆည္းပူးသင့္ပါတယ္။ တစ္နည္းအားျဖင့္ဆိုရရင္ သိပၸံပညာရပ္ေတြကို ဆည္းပူးေလ့လာသင့္ပါတယ္။
    ဆရာႀကီးတက္တိုးက "ဘီေအႏွင့္ဆိတ္သားကင္" ဆိုတဲ့ ေဆာင္းပါးထဲမွာ ေအာက္ပါအတိုင္း ေရးသား ခဲ့ပါတယ္။ 
    "ႏွလံုးရည္အတြက္ဟု ဆိုၾကပါစို႔။ ဝိဇၨာအတတ္ မ်ားကို သင္ၾကားေပါက္ေျမာက္ေသာ ပုဂၢိဳလ္မ်ား လည္း အေတာ္ပင္လိုပါ၏။ သို႔ေသာ္ မ်ားလွစြာ ေသာ တိုင္းသူျပည္သားတို႔မွာ လက္ေတြ႕ပညာ ရပ္မ်ား၊ အတတ္ပညာမ်ား(ႊနခ့ညငခေူ ႏိကခေအငသည) ကိုဖိ၍ သင္ၾကားအပ္ေပသည္။
    အားလံုးလိုလိုသိရွိနားလည္ၾကပါတယ္။ ႏိုင္ငံ တစ္ခု၊ လူ႔အဖြဲ႕အစည္းတစ္ခု တိုးတက္ျမင့္မား ေစခ်င္တယ္ဆိုရင္ အဲ့ဒီႏိုင္ငံ၊ အဲ့ဒီလူ႔အဖြဲ႕အစည္းကို ပညာေရးနဲ႔ပတ္သက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ ေပးရမွာျဖစ္တယ္။ ပညာေရးဆိုတဲ့ ေနရာမွာ အတတ္ပညာ၊ အသိပညာအားလံုး အက်ံဳးဝင္ ပါတယ္။ အတတ္ပညာဘက္မွာ ထူးခြ်န္လြန္းၿပီး အသိပညာဘက္မွာ ခ်ိဳ႕တဲ့အားနည္းတယ္ဆိုရင္ ႐ုပ္ဝတၳဳေတြေနာက္လိုက္ၿပီး အမွားေတြ႕ရတတ္ တယ္။ သိေတာ့သိပါရဲ႕၊ ဒါေပမဲ့ ဘာမွမတတ္လို႔ ဘာမွမလုပ္ႏိုင္ဘူးဆိုရင္လည္း သူမ်ားလုပ္ထား တာေတြပဲ ဝယ္ယူသံုးစြဲရင္းနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ နိမ့္က်သြားတတ္ပါတယ္။ ေလာကႀကီးမွာ ဘယ္လို ကိစၥမ်ိဳးမဆို မဟုတ္မမွန္ စဥ္းစားဆင္ျခင္လုပ္ကိုင္မွ အက်ိဳးရွိမွာျဖစ္ပါတယ္။ ႏွစ္ဘက္စလံုးကို ေတြးေတာ ၿပီး ႏွလံုးသြင္းရမွာျဖစ္တယ္။
    အေျမာ္အျမင္ႀကီးမားသူတစ္ဦးဟာ ကိုယ့္ရဲ႕ ေနာင္ေရး ကိုယ့္ႏိုင္ငံေနာင္ေရး၊ ကမၻာႀကီးတစ္ခုလံုး ရဲ႕ ေနာင္ေရးကို ေတြးေတာၾကည့္႐ႈတတ္ၾကတယ္။ အဲ့ဒီကိစၥရပ္ေတြကလည္း တစ္ခုနဲ႔တစ္ခု ခြဲျခားမရဘဲ  ဆက္စပ္တည္ရွိေနပါတယ္။ ကိုယ့္ရဲ႕ ႀကီးပြားတိုး တက္မႈ၊ ကိုယ့္ႏိုင္ငံရဲ႕ စည္ပင္ဝေျပာမႈေတြကိုလည္း ဂ႐ုျပဳရမွာ ျဖစ္သလို ကမၻာႀကီးနဲ႔ ပတ္သက္တာ ေတြကိုလည္း မ်က္ျခည္ျပတ္လို႔မျဖစ္ပါဘူး။
    လူဆိုတာ ကိုယ္နဲ႔စိတ္ႏွစ္ခုေပါင္းထားတာပါ။ ကိုယ္ကိုအစာေကြ်းၿပီး စိတ္ကို အစာမေကြ်းဘဲ ထားရင္ အက်ိဳးနည္းတတ္ပါတယ္။ ကိုယ္ခႏၡာႀကီး အတြက္ ထမင္းဟင္းေတြကို ေန႔စဥ္စားေသာက္ဖို႔ လိုအပ္သလို စိတ္အတြက္လည္း ဖတ္႐ႈေလ့လာ သင့္တာေတြကို  ေလ့လာေနဖို႔ လိုအပ္တယ္။
    ဟိေတာပေဒသက်မ္းရဲ႕ က်မ္းဦးပဏာမမွာ လက္မႈအတတ္သည္ အိုမင္းရင့္ေရာ္လာတဲ့အခါ အသံုးမဝင္ဘဲ စာေပက်မ္းဂန္အတတ္မ်ိဳးကေတာ့ ႀကီးငယ္မေရြး အသံုးဝင္တဲ့ သေဘာမ်ိဳးေရးသား ထားတာလို႔ က်ေနာ့္အေနနဲ႔ထင္ျမင္မိပါတယ္။
    လူ႔အဖြဲ႕အစည္းတစ္ရပ္အတြက္ေတာ့ အသိ ပညာေရာ အတတ္ပညာပါလိုအပ္တယ္လို႔ ဆိုပါရေစ ။    ။

အသိပညာႏွင့္အတတ္ပညာ
သူရထိုက္

Previous Next