13 Jan, 2020
၂၀၂၀ မှာ ရေပန်းစားလာမယ့် အလုပ်အကိုင်များ

ယခုနောက်ပိုင်းမှာ အလုပ်အကိုင်ဈေးကွက်ဟာ နည်းပညာပိုင်းကိုပိုမိုတောင်းဆိုလာကြပါတယ်။အထူးသဖြင့် အိုင်တီကဏ္ဍဟာ ရှေ့တန်းကိုရောက်ရှိလာခဲ့ပြီး အိုင်တီနဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေလည်း များစွာရေပန်းစားလာပါ တယ်။ဒါပေမယ် အလုပ်အကိုင်ရာထူးတွေခေါ်ယူရာမှာတော့ လုပ်ငန်းအတွေ့အကြုံဆိုတဲ့အရာကတော့ တွေ့မြင်နေရဆဲ ဖြစ်ပြီး ဘွဲ့ရကျောင်းဆင်းလူငယ်မောင်မယ်တွေအတွက် ကြီးမားတဲ့အတားအဆီးတစ်ခုအဖြစ်နဲ့တည်ရှိနေဆဲပါပဲ။
    ကမ္ဘာ့စီးပွားရေးဖိုရမ်ကကောက်ယူထားတဲ့စစ်တမ်းအရ နည်းပညာနဲ့ဆိုင်တဲ့အလုပ်တွေဟာ သန်းငါးထောင်သော အလုပ်အကိုင်တွေရဲ့ရှေ့မှာဦးဆောင်နေလိမ့်မယ်လို့သိရပါတယ်။အဲဒီစစ်တမ်းအရ အောက်ပါအလုပ်အကိုင်တွေဟာ ၂၀၂၀ ခုနှစ်မှာ ထိပ်ဆုံးကနေရေပန်းစားလာလိမ့်မယ်လို့ဆိုပါတယ်။

(၁) အချက်အလက်စိစစ်မှု (Data Analysts)
    စစ်တမ်းအရ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာပေါ်က စီးပွားရေးနယ်ပယ်အသီးသီးအတွက် အရေးပါအရာရောက်ပြီး လိုအပ် လာမယ့်အလုပ်အကိုင်တစ်ခုအဖြစ် Data Analyst ကိုညွှန်းဆိုထားပါတယ်။ 

(၂) ကွန်ပျူတာနဲ့သင်္ချာပိုင်းဆိုင်ရာအလုပ်အကိုင်များ (Computer & Mathematical Jobs)
    ကွန်ပျူတာအသုံးပြုလုပ်ကိုင်ရတဲ့အလုပ်အကိုင်တွေကလည်း လျင်မြန်စွာနဲ့ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။
    အထူးသဖြင့် ပရိုဂရမ်ရေးဆွဲသူတွေ(Programmers)၊ ဝက်ဘ်ဆိုဒ်နည်းပညာရှင်တွေ(Web Developer)တွေနဲ့ ဆော့ဖ်ဝဲလ်ပညာရှင်တွေ(Software Developer) စတဲ့အလုပ်အကိုင်တွေဟာ ရှေ့တန်းကိုရောက်ရှိလာပြီး ၂၀၂၀ ခုနှစ် မှာလည်း ရေပန်းစားတဲ့အလုပ်အကိုင်တွေအဖြစ်ရှိနေဦးမယ်လို့သိရပါတယ်။

(၃) ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာအလုပ်အကိုင်များ (Architects & Engineering Jobs)
    လာမယ့်လေးနှစ်အတွင်းမှာ ဗိသုကာနဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာအလုပ်အကိုင်တွေဟာ လိုအပ်ချက်မြင့်မားနေဦး မယ်လို့လည်းသိရပါတယ်။
    ဂျပန်လိုမျိုးနိုင်ငံတွေမှာဆိုရင် စက်ရုပ်နဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေ လိုအပ်လာဦးမှာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် အခြေခံအဆောက်အအုံလိုအပ်ချက်တွေများစွာရှိနေဆဲဖြစ်ပြီး သဘာဝဘေးဒဏ်တွေခံစားရ တဲ့နိုင်ငံတွေမှာဆိုရင်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ရတာမို့ ဆောက်လုပ်ရေးဆိုင်ရာအင်ဂျင်နီယာ လိုအပ်ချက်လည်း များစွာရှိနေဦးမှာဖြစ်ပါတယ်။ဒါ့အပြင် လျှပ်စစ်၊ စက်မှု၊ အီလက်ထရောနစ်နဲ့ အိုင်တီအင်ဂျင်နီယာ အလုပ်အကိုင်တွေလည်း ပိုမိုရေပန်းစားလာဦးမှာဖြစ်ပြီး အိုင်တီကဏ္ဍက ရှေ့ဆုံးကနေရေပန်းစားနေမှာဖြစ်ပါတယ်။
(၄) အရောင်းပိုင်း (Sale) 
    ဘယ်လိုစီးပွားရေးအလုပ်အကိုင်မျိုးပဲဖြစ်ဖြစ် အရောင်းဌာနကတော့ မရှိမဖြစ်ပါဝင်ဖွဲ့စည်းထားရတဲ့ဌာနဖြစ်ပါ တယ်။ဈေးကွက်တူစီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ဈေးကွက်ဝေစုကို သူ့ထက်ငါအပြိုင်အဆိုင်ရရှိဖို့အတွက် အလုအယက်ကြိုးစားရတာမို့ ကျွမ်းကျင်ပြီးပါးနပ်တဲ့အရောင်းဝန်ထမ်းတွေလိုအပ်ပါတယ်။
    ယခုနောက်ပိုင်းရေပန်းစားလာတဲ့အလုပ်အကိုင်တွေထဲမှာ အရောင်းပိုင်းအလုပ်ကလည်း တစ်ခုအဖြစ်ပါဝင်လာခဲ့ ပြီး လာမယ့် ၂၀၂၀ ခုနှစ်အပြင် နောင်လာမယ့်နှစ်တွေမှာလည်း ရေပန်းစားပြီးလိုအပ်ချက်မြင့်မားနေဦးမယ့်အလုပ်အကိုင် တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။

(၅) မန်နေဂျာများ (Managers)
    မန်နေဂျာတွေရယ်လို့ဆိုရာမှာ ကျနော်တို့ပုံမှန်တွေ့နေ၊ မြင်နေကျနေရာတွေမှာသာမက သတင်းမီဒီယာအလုပ် အကိုင်တွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ သတင်းအချက်အလက်ရှာဖွေစုဆောင်းရေးအလုပ်မျိုးတွေမှာ မန်နေဂျာအလုပ် တွေလိုအပ်လာမှာဖြစ်ပါတယ်။

(၆) ထုတ်ကုန်ဒီဇိုင်နာများ (Product Designers)
    ၂၀၂၀ ခုနှစ်မှာမှမဟုတ်ပါဘူး။နောက်ပိုင်းမှာတော့ ဆန်းသစ်တီထွင်မှုတွေကို လူတွေကပိုမိုနှစ်သက်သဘောကျ လာကြပြီး ဒီဇိုင်းဆန်းတယ်ဆိုရင် ထုတ်ကုန်အသစ်ဖြစ်ပေမယ့် စမ်းသပ်အသုံးပြုကြဖို့စိတ်ဝင်စားလာကြပါတယ်။
    အထူးသဖြင့် ဖက်ရှင်ဒီဇိုင်နာတွေ၊ အလှအပရေးရာဒီဇိုင်နာတွေအတွက်တော့ အလုပ်တွေများနေဦးမှာဖြစ်ပါ တယ်။

(၇) HR 
    ဝန်ထမ်းရေးရာတွေကိုစီမံခန့်ခွဲမှုတွေကောင်းမွန်စွာပြုလုပ်နိုင်ဖို့အတွက် HR ဌာနရဲ့ထက်မြက်မှုအပေါ်မှာ များစွာ တည်မှီနေပါတယ်။များသောအားဖြင့် ဘက်လိုက်တဲ့စည်းမျဉ်းတွေရေးဆွဲပြီး အလုပ်ရှင်ဖက်ကိုပဲကြည့်တယ်ဆိုပြီး ဝန်ထမ်းတွေက အမြင်စောင်းနေကြပေမယ့် HR အလုပ်ကတော့ ၂၀၂၀ ခုနှစ်မှာ ရေပန်းစားနေဦးမယ့်အလုပ်အကိုင် တစ်ခုအဖြစ်ရှိနေဦးမှာဖြစ်ပါတယ်။

    အထက်မှာဖော်ပြပေးခဲ့တာတွေကတော့ ၂၀၂၀ ခုနှစ်ရဲ့အလုပ်အကိုင်ဈေးကွက်မှာ ထိပ်ဆုံးကနေရေပန်းစားနေ ဦးမယ့် အလုပ်အကိုင်ရာထူးနေရာတွေပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ ဝမ်းစာပြည့်သည်ဖြစ်စေ၊ မပြည့်သေးသည် ဖြစ်စေ- ခေတ်ကာလနဲ့လျော်ညီမယ့်ပညာရပ်တွေထပ်မံဆည်းပူးခြင်းဖြင့် မိမိရဲ့ရပ်တည်မှုကိုပိုမိုခိုင်မာအောင်ကြိုးစားကြဖို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

ရာသက်ပန် (သစ္စာပန်းတို့ လန်းရာမြေ)


+++++++++++++++++++++++++++++





(၄) အရောင်းပိုင်း (Sale) 



(၇) HR 


 

Previous Next