03 Feb, 2020
ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့ 

ကျွန်တော်တို့အားလုံး အပြောင်းအလဲ (Change) ဆိုတဲ့ စကားလုံးနဲ့ သိပ်မစိမ်းကြပါဘူး။ အပြောင်းအလဲကို မျှော်လင့်ကြတယ်။ လိုချင်ကြတယ်။ စိတ်လှုပ်ရှားကြတယ်။ အဲ့လိုပဲ ကိုယ့်မှာ ရှိတဲ့ အားနည်းချက်တွေကိုလည်း ပြောင်းလဲချင်ကြတယ်။
တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခြင်း၊ ကိုယ့်အပြုအမူတွေကို ပြောင်းလဲခြင်းဟာ အရာအားလုံးအတွက် အရေးကြီးပါတယ်။ ကျန်းမာရေးအတွက်ဖြစ်ဖြစ်၊ ဝိတ်ချချင်တာဖြစ်ဖြစ်၊ ဘဝတိုးတက်ရေးအတွက် ကြိုးစားချင်တာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာ ပိုပြီးကောင်းချင်တာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ သိရုံနဲ့တင် မလုံလောက်ပါဘူး။ 
ဆေးလိပ်သောက်နေတဲ့သူတွေဟာ ဆေးလိပ်ရဲ့ ဆိုးကျိုးကို မသိလို့ သောက်နေတာ မဟုတ်ပါဘူး။ သိသိကြီးနဲ့ မဖြတ်နိုင်လို့ သောက်နေတာပါ။ အလုပ်ကြိုးစားရင်၊ ပညာကြိုးစားရင် တိုးတက်မယ်၊ အောင်မြင်မယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ လက်တွေ့မှာ ကြိုးစားနေကြတာ မဟုတ်ပါဘူး။ ဝိတ်ချချင်ရင် လေ့ကျင့်ခန်း လုပ်ရမယ်။ အစားအသောက် ထိန်းရမယ် ဆိုတာ သိပါတယ်။ တကယ်တမ်း ရေရှည် မလုပ်နိုင်ကြပါဘူး။ ဒါကို Know-Do gap လို့ လေးစားရတဲ့ ဆရာကြီးတစ်ယောက်က လှလှပပလေး သုံးနှုန်းဖူးပါတယ်။ အဲ့လိုသိခြင်းနဲ့ လုပ်ခြင်းကြားက အဟ ကြီးနေရင် ဘယ်လောက်ပဲ သိတာတွေ များနေပါစေ ကျွန်တော်တို့အတွက် ဘာမှထူးခြားမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ 
ဒါဆို ကိုယ်သိထားတဲ့အတိုင်း လက်တွေ့ လုပ်နိုင်ဖို့အတွက် ဘာတွေလိုမလဲ။
အရင်ဆုံးအနေနဲ့ ပြောင်းလဲချင်စိတ် လိုပါတယ်။ မပြောင်းလဲချင်တဲ့သူကို ပြောင်းလဲလာအောင် ဘယ်သူကမှ လုပ်ပေးလို့ မရပါဘူး။ ပြောင်းလဲချင်တဲ့သူကိုပဲ တကယ်ပြောင်းလဲနိုင်အောင် ကူညီပေးလို့ ရတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့တဲ့ အရာတွေအားလုံးဟာ ကျွန်တော်တို့ကိုယ်တိုင် စိတ်ဆန္ဒပြင်းပြစွာ လုပ်ခဲ့ကြတာပါ။ ဘယ်သူ တိုက်တွန်းလို့မှ မဟုတ်သလို နှစ်တစ်နှစ် ပြောင်းသွားလို့ ထလုပ်ခဲ့တာလည်း မဟုတ်ဘူး။ တခုခုကို တကယ်ပြောင်းလဲချင်တဲ့သူဟာလည်း နှစ်သစ်တစ်ခုအစကို ထိုင်စောင့်မနေပါဘူး။ ချက်ချင်းကို ပြောင်းလဲလိုက်တာပါပဲ။ အဲ့လို ဘယ်တော့လုပ်မယ် ဆိုပြီး စောင့်နေတယ် ဆိုကတည်းကိုက ဒါဟာ ကိုယ်တကယ်ပြောင်းလဲချင်တာ မဟုတ်သေးလို့ပဲ။ ဒါကြောင့် နှစ်သစ်ကူးမှ စိတ်ကူးထပေါက်ပြီး လုပ်လိုက်တဲ့ New Year Resolution တွေက ပထမလလောက်မှာတင် အကုန်ပျက်ကုန်တော့တ ဖြစ်ပါတယ်။
အဲ့လိုပြောင်းလဲချင်စိတ် ဖြစ်ဖို့ကတော့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးမယ့်အရာ တစ်ခုခု လိုပါတယ်။ ဥပမာ သွားနဲ့ ခံတွင်း သန့်ရှင်းဖို့ ဘယ်လောက်ပြောပြော လိုက်မလုပ်ဘူး။ ဒါပေမဲ့ ချစ်သူရှိလာပြီဆိုမှ ခံတွင်းနံ့ မနံချင်လို့ သန့်ရှင်းရေးကို အသည်းအသန် ဂရုစိုက်တာမျိုး။ တစ်သက်လုံး ဖြစ်သလို နေလာပြီး အိမ်ထောင်ကျသွားမှ၊ ကလေးရသွားမှ အလုပ်တွေ ကြိုးစားလာတာမျိုး၊ အဲ့ဒီလို လှုံ့ဆော်မှုတခုခု လိုပါတယ်။ အဲဒါမှပဲ ပြောင်းလဲချင်စိတ်က ရှိလာမှာပါ။ အကြမ်းအားဖြင့်တော့ ကြောက်စိတ်လား၊ ဖြစ်ချင်စိတ်လား၊ နှစ်မျိုးထဲက တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘာမှလည်း မဖြစ်ချင်ဘူး၊ ဘာကိုမှလည်း မကြောက်တတ်ဘူး ဆိုတဲ့သူတွေကတော့ ဘဝကို ခပ်အေးအေးပဲ ဖြတ်သန်းမယ်။ ပြောင်းလဲချင်စိတ်လည်း မရှိကြပါဘူး။
ဒုတိယတစ်ချက်ကတော့ ခံယူချက်ပါ။ ကျွန်တော်တို့ ဆေးပညာမှာ KAP လို့ ခေါ်ပါတယ်။ Knowledge (အသိ)၊ Attitude (ခံယူချက်) နဲ့ Practice (လက်တွေ့ လုပ်ဆောင်မှု) ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ ဒီ ၃ ချက် ပြည့်စုံဖို့ လိုပါတယ်။ ဆေးပညာကျင့်ဝတ်တွေ ဘယ်လောက်သင်ထားသင်ထား၊ ခံယူချက် မမှန်ရင် လက်တွေ့လုပ်ဆောင်မှုလည်း မှန်မှာမဟုတ်ဘူး။ ဒါဆို ဘယ်လောက်ပဲ ဆေးပညာ တော်ပါစေ၊ ကျင့်ဝတ်တွေကို အလွတ်ရနေပါစေ၊ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတဲ့နေရာမှာလည်း အဲ့ဒီခံယူချက် (Attitude) ကလည်း သိပ်အရေးကြီးပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ပဲ ဆိုပါတော့။ ဒီအစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွှတ်တာ သိတယ်။ ဒါပေမဲ့ သူက တွေးတယ်၊ ငါက ငယ်သေးတာပဲ၊ ဒီလောက်လေး စားလို့ ဘာမှ မဖြစ်ပါဘူး၊ ဒါမှမဟုတ်လည်း စားနိုင်သောက်နိုင်တုန်း အရွယ်မှာ ကောင်းကောင်းစားရမယ်၊ စားလည်း ရောဂါက ဖြစ်မှာပဲ၊ မစားလည်း ရောဂါက ဖြစ်မှာပဲ စသဖြင့် တွေးနေမယ်ဆိုရင် ဒီလိုအစားအသောက်တွေကို ရှောင်ခြင်းဆိုတဲ့ လက်တွေ့လုပ်ဆောင်မှုကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ 
ဘဝတိုးတက်ရေးနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ။ ကြိုးစားရင် တိုးတက်မယ်၊ မြင့်မားမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ငါ့မိဘကမှ မချမ်းသာတာ၊ ငါလည်း ဒီလောက်ပဲ ဖြစ်မှာပေါ့၊ အမေတို့ကမှ ငါ့ကို ကျောင်းကောင်းကောင်း မထားပေးခဲ့တာကိုး စသဖြင့် တွေးနေမယ့်သူ၊ ကိုယ့်ဘဝရဲ့ မအောင်မြင်မှုတွေဟာ ကံတရားကြောင့် ဖြစ်နေတာလို့ ပုံချမယ့်သူ၊ ကိုယ်ကြုံနေရသမျှ အခက်အခဲ ပြဿနာတွေဟာ မပြည့်စုံတဲ့ မိဘကြောင့်လို့ တွေးနေတဲ့သူတွေကတော့ ဘယ်တော့မှ လက်တွေ့ ကြိုးစားလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတစ်ယောက် အပြုအမူ ပြောင်းလဲဖို့၊ တစ်နည်းအားဖြင့် Know-Do gap ကျဉ်းသွားဖို့မှာ ခံယူချက် မှန်ဖို့ဟာလည်း လိုအပ်တယ်။ မဟုတ်ရင်တော့ အသိတွေက အသိအဆင့်မှာပဲ ရပ်နေပါလိမ့်မယ်။
နောက်ဆုံးတစ်ချက် ဝေမျှချင်တာကတော့ ပတ်ဝန်းကျင်ပါ။ လေ့ကျင့်ခန်း လုပ်ချင်တယ်၊ လုပ်စရာ နေရာ မရှိဘူး။ ဆေးလိပ်မသောက်တော့ဘူး၊ အရက်မသောက်တော့ဘူး။ ဒါပေမဲ့ အဲ့ဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ပေါပေါများများ ရှိနေတယ်၊ အဲ့လိုသောက်တတ်သူတွေနဲ့ ကိုယ်က ပေါင်းနေမယ်ဆို ဖြတ်ဖို့ရာ မလွယ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းကိုလည်း စနစ်တကျ တည်ဆောက်တတ်ဖို့ လိုမယ်။ 
ကောင်းတဲ့အရာတွေဆို ပိုလုပ်ဖြစ်အောင်၊ လွယ်အောင် လုပ်ထား။ မကောင်းတဲ့အရာတွေဆို မလုပ်မိအောင်၊ လုပ်ရခက်အောင် လုပ်ထား။ ဒါဆို အပြောင်းအလဲ လုပ်ရတာ လွယ်လိမ့်မယ်။
ပညာတစ်ခုကို လေ့လာမယ်ဆို တွဲလေ့လာမယ့်သူ ရှာထား။ ဒါဆို ကိုယ်က ကျောင်းပြေးချင်ရင်တောင် သူက ကျောင်းတက်ဖို့၊ စာလုပ်ဖို့ တိုက်တွန်းလိမ့်မယ်။ ကိုယ် ဘယ်လိုအချိန်၊ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမျိုးမှာ အလုပ်လုပ်ရ၊ စာလေ့လာရတာ ကောင်းသလဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်။ အဲဒီအတိုင်း ဖန်တီး။ ညဘက် အစားလျှော့စားချင်တယ်ဆို ဘယ်ဆိုင်မှ သွားမထိုင်နဲ့။ အိမ်မှာလည်း မုန့်ပဲသွားရည်စာတွေ ဝယ်မထားနဲ့။ အင်တာနက် အသုံးများနေတယ်ဆို ဖုန်းကို မမြင်ကွယ်ရာမှာ ထားထား။ ဖုန်းကို မြင်တာနဲ့ ကိုင်ကိုင်မိတတ်လို့။ Social media တွေကို Log out လုပ်ထား။ ဒါမှ တစ်ခါတစ်ခါ password ရိုက်နေရတာ ကြာတော့ တော်ရုံနဲ့ ပြန်မဝင်ဖြစ်တော့ဘူး။ ဒီလိုမျိုး ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်မှပဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး စနစ်တကျ ပြောင်းလဲနိုင်ပါလိမ့်မယ်။ သိပ်ကိုမှ စိတ်ခိုင်တယ်၊ ဘယ်လောက်အခြေအနေမျိုးဖြစ်ဖြစ် ဒါကို လုံးဝမလုပ်ဘူး၊ ဒါမှမဟုတ် လုပ်ကိုလုပ်မယ် ဆိုတဲ့သူတွေကတော့ တစ်မျိုးပေါ့။ အများစုအတွက်ကတော့ ကိုယ့်ကို ပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်ကောင်းရှိဖို့က လိုအပ်ပါလိမ့်မယ်။
တကယ်တော့ လူတစ်ယောက် ပြောင်းလဲဖို့ဟာ သိပ်ခက်ပါတယ်။ သိတော့သိတယ်၊ မလုပ်နိုင်ကြဘူး။ တချို့လည်း စမ်းလုပ်ကြည့်ပြီးမှ ရေရှည် ဆက်မလုပ်ဖြစ်တော့တာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိထားတာတွေကို ဘယ်လောက်ထိ ပြောင်းလဲနိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ ဘဝတွေက ကွာခြားကုန်ကြတာပါ။ ဒါကြောင့် အဲ့လိုအပြောင်းအလဲ လုပ်ဖို့မှာ အသုံးဝင်နိုင်တဲ့ အချက် ၃ ချက်ကို ဝေမျှလိုက်ပါတယ်။ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ


++++++++++++++++++++++++++++++++++++++

ကုိယ့္ကုိယ္ကုိယ္ ေျပာင္းလဲႏုိင္ဖုိ႕ - ေဒါက္တာ ျဖိဳးသီဟ

ကၽြန္ေတာ္တုိ႕အားလံုး အေျပာင္းအလဲ (Change) ဆုိတဲ့ စကားလံုးနဲ႕ သိပ္မစိမ္းၾကပါဘူး။ အေျပာင္းအလဲကို ေမွ်ာ္လင့္ၾကတယ္။ လိုခ်င္ၾကတယ္။ စိတ္လႈပ္ရွားၾကတယ္။ အဲ့လုိပဲ ကုိယ့္မွာ ရွိတဲ့ အားနည္းခ်က္ေတြကိုလည္း ေျပာင္းလဲခ်င္ၾကတယ္။

တကယ္ေတာ့ ကုိယ့္ကုိယ္ကုိယ္ ေျပာင္းလဲျခင္း၊ ကိုယ့္အျပဳအမူေတြကို ေျပာင္းလဲျခင္းဟာ အရာအားလံုးအတြက္ အေရးၾကီးပါတယ္။ က်န္းမာေရးအတြက္ျဖစ္ျဖစ္၊ ၀ိတ္ခ်ခ်င္တာျဖစ္ျဖစ္၊ ဘ၀တုိးတက္ေရးအတြက္ ၾကိဳးစားခ်င္တာျဖစ္ျဖစ္၊ လူမႈဆက္ဆံေရးမွာ ပုိျပီးေကာင္းခ်င္တာျဖစ္ျဖစ္ ကိုယ့္ကုိယ္ကုိယ္ ေျပာင္းလဲႏုိင္ဖို႕ လိုပါတယ္။ သိရံုနဲ႕တင္ မလံုေလာက္ပါဘူး။

ေဆးလိပ္ေသာက္ေနတဲ့သူေတြဟာ ေဆးလိပ္ရဲ႕ ဆိုးက်ိဳးကို မသိလုိ႕ ေသာက္ေနတာ မဟုတ္ပါဘူး။ သိသိၾကီးနဲ႕ မျဖတ္ႏုိင္လုိ႕ ေသာက္ေနတာပါ။ အလုပ္ၾကိဳးစားရင္၊ ပညာၾကိဳးစားရင္ တုိးတက္မယ္၊ ေအာင္ျမင္မယ္ ဆုိတာ လူတုိင္းသိပါတယ္။ ဒါေပမဲ့ လူတုိင္းကေတာ့ လက္ေတြ႕မွာ ၾကိဳးစားေနၾကတာ မဟုတ္ပါဘူး။ ၀ိတ္ခ်ခ်င္ရင္ ေလ့က်င့္ခန္း လုပ္ရမယ္။ အစားအေသာက္ ထိန္းရမယ္ ဆုိတာ သိပါတယ္။ တကယ္တမ္း ေရရွည္ မလုပ္ႏုိင္ၾကပါဘူး။ ဒါကုိ Know-Do gap လို႕ ေလးစားရတဲ့ ဆရာၾကီးတစ္ေယာက္က လွလွပပေလး သံုးႏႈန္းဖူးပါတယ္။ အဲ့လိုသိျခင္းနဲ႕ လုပ္ျခင္းၾကားက အဟ ၾကီးေနရင္ ဘယ္ေလာက္ပဲ သိတာေတြ မ်ားေနပါေစ ကၽြန္ေတာ္တုိ႕အတြက္ ဘာမွထူးျခားမႈ ျဖစ္လာမွာ မဟုတ္ပါဘူး။

ဒါဆုိ ကုိယ္သိထားတဲ့အတုိင္း လက္ေတြ႕ လုပ္ႏုိင္ဖုိ႕အတြက္ ဘာေတြလိုမလဲ။

အရင္ဆံုးအေနနဲ႕ ေျပာင္းလဲခ်င္စိတ္ လိုပါတယ္။ မေျပာင္းလဲခ်င္တဲ့သူကုိ ေျပာင္းလဲလာေအာင္ ဘယ္သူကမွ လုပ္ေပးလို႕ မရပါဘူး။ ေျပာင္းလဲခ်င္တဲ့သူကုိပဲ တကယ္ေျပာင္းလဲႏုိင္ေအာင္ ကူညီေပးလို႕ ရတာပါ။ ကုိယ့္ကုိယ္ကုိယ္လည္း ျပန္စဥ္းစားၾကည္႕ပါ။ ကၽြန္ေတာ္တုိ႕ ေျပာင္းလဲႏုိင္ခဲ့တဲ့ အရာေတြအားလံုးဟာ ကၽြန္ေတာ္တုိ႕ကိုယ္တုိင္ စိတ္ဆႏၵျပင္းျပစြာ လုပ္ခဲ့ၾကတာပါ။ ဘယ္သူ တုိက္တြန္းလို႕မွ မဟုတ္သလို ႏွစ္တစ္ႏွစ္ ေျပာင္းသြားလို႕ ထလုပ္ခဲ့တာလည္း မဟုတ္ဘူး။ တခုခုကုိ တကယ္ေျပာင္းလဲခ်င္တဲ့သူဟာလည္း ႏွစ္သစ္တစ္ခုအစကို ထုိင္ေစာင့္မေနပါဘူး။ ခ်က္ခ်င္းကုိ ေျပာင္းလဲလိုက္တာပါပဲ။ အဲ့လို ဘယ္ေတာ့လုပ္မယ္ ဆုိျပီး ေစာင့္ေနတယ္ ဆုိကတည္းကုိက ဒါဟာ ကုိယ္တကယ္ေျပာင္းလဲခ်င္တာ မဟုတ္ေသးလုိ႕ပဲ။ ဒါေၾကာင့္ ႏွစ္သစ္ကူးမွ စိတ္ကူးထေပါက္ျပီး လုပ္လိုက္တဲ့ New Year Resolution ေတြက ပထမလေလာက္မွာတင္ အကုန္ပ်က္ကုန္ေတာ့တ ျဖစ္ပါတယ္။

အဲ့လိုေျပာင္းလဲခ်င္စိတ္ ျဖစ္ဖို႕ကေတာ့ ကၽြန္ေတာ္တုိ႕ကို လံႈ႕ေဆာ္ေပးမယ့္အရာ တစ္ခုခု လိုပါတယ္။ ဥပမာ သြားနဲ႕ ခံတြင္း သန္႕ရွင္းဖုိ႕ ဘယ္ေလာက္ေျပာေျပာ လိုက္မလုပ္ဘူး။ ဒါေပမဲ့ ခ်စ္သူရွိလာျပီဆုိမွ ခံတြင္းနံ႕ မနံခ်င္လို႕ သန္႕ရွင္းေရးကုိ အသည္းအသန္ ဂရုစိုက္တာမ်ိဳး။ တစ္သက္လံုး ျဖစ္သလို ေနလာျပီး အိမ္ေထာင္က်သြားမွ၊ ကေလးရသြားမွ အလုပ္ေတြ ၾကိဳးစားလာတာမ်ိဳး၊ အဲ့ဒီလို လံႈ႕ေဆာ္မႈတခုခု လိုပါတယ္။ အဲဒါမွပဲ ေျပာင္းလဲခ်င္စိတ္က ရွိလာမွာပါ။ အၾကမ္းအားျဖင့္ေတာ့ ေၾကာက္စိတ္လား၊ ျဖစ္ခ်င္စိတ္လား၊ ႏွစ္မ်ိဳးထဲက တစ္မ်ိဳးမ်ိဳး ျဖစ္ႏုိင္ပါတယ္။ ဘာမွလည္း မျဖစ္ခ်င္ဘူး၊ ဘာကိုမွလည္း မေၾကာက္တတ္ဘူး ဆိုတဲ့သူေတြကေတာ့ ဘ၀ကို ခပ္ေအးေအးပဲ ျဖတ္သန္းမယ္။ ေျပာင္းလဲခ်င္စိတ္လည္း မရွိၾကပါဘူး။

ဒုတိယတစ္ခ်က္ကေတာ့ ခံယူခ်က္ပါ။ ကၽြန္ေတာ္တုိ႕ ေဆးပညာမွာ KAP လို႕ ေခၚပါတယ္။ Knowledge (အသိ)၊ Attitude (ခံယူခ်က္) နဲ႕ Practice (လက္ေတြ႕ လုပ္ေဆာင္မႈ) ျဖစ္ပါတယ္။ ဆရာ၀န္တစ္ေယာက္အေနနဲ႕ ဒီ ၃ ခ်က္ ျပည္႕စံုဖုိ႕ လုိပါတယ္။ ေဆးပညာက်င့္၀တ္ေတြ ဘယ္ေလာက္သင္ထားသင္ထား၊ ခံယူခ်က္ မမွန္ရင္ လက္ေတြ႕လုပ္ေဆာင္မႈလည္း မွန္မွာမဟုတ္ဘူး။ ဒါဆုိ ဘယ္ေလာက္ပဲ ေဆးပညာ ေတာ္ပါေစ၊ က်င့္၀တ္ေတြကုိ အလြတ္ရေနပါေစ၊ ဆရာ၀န္ေကာင္းတစ္ေယာက္ ျဖစ္လာမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ ကိုယ့္ကုိယ္ကုိယ္ ေျပာင္းလဲတဲ့ေနရာမွာလည္း အဲ့ဒီခံယူခ်က္ (Attitude) ကလည္း သိပ္အေရးၾကီးပါတယ္။ ဥပမာ က်န္းမာေရးနဲ႕ပဲ ဆုိပါေတာ့။ ဒီအစားအေသာက္ေတြက က်န္းမာေရးနဲ႕ မညီညႊတ္တာ သိတယ္။ ဒါေပမဲ့ သူက ေတြးတယ္၊ ငါက ငယ္ေသးတာပဲ၊ ဒီေလာက္ေလး စားလို႕ ဘာမွ မျဖစ္ပါဘူး၊ ဒါမွမဟုတ္လည္း စားႏုိ္င္ေသာက္ႏုိင္တုန္း အရြယ္မွာ ေကာင္းေကာင္းစားရမယ္၊ စားလည္း ေရာဂါက ျဖစ္မွာပဲ၊ မစားလည္း ေရာဂါက ျဖစ္မွာပဲ စသျဖင့္ ေတြးေနမယ္ဆိုရင္ ဒီလိုအစားအေသာက္ေတြကို ေရွာင္ျခင္းဆုိတဲ့ လက္ေတြ႕လုပ္ေဆာင္မႈကုိ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ပါဘူး။

ဘ၀တုိးတက္ေရးနဲ႕ ပတ္သက္ရင္လည္း ဒီလိုပဲ။ ၾကိဳးစားရင္ တုိးတက္မယ္၊ ျမင့္မားမယ္ဆုိတာ သိတယ္။ ဒါေပမဲ့ ငါ့မိဘကမွ မခ်မ္းသာတာ၊ ငါလည္း ဒီေလာက္ပဲ ျဖစ္မွာေပါ့၊ အေမတို႕ကမွ ငါ့ကို ေက်ာင္းေကာင္းေကာင္း မထားေပးခဲ့တာကိုး စသျဖင့္ ေတြးေနမယ့္သူ၊ ကုိယ့္ဘ၀ရဲ႕ မေအာင္ျမင္မႈေတြဟာ ကံတရားေၾကာင့္ ျဖစ္ေနတာလို႕ ပံုခ်မယ့္သူ၊ ကုိယ္ၾကံဳေနရသမွ် အခက္အခဲ ျပႆနာေတြဟာ မျပည္႕စံုတဲ့ မိဘေၾကာင့္လုိ႕ ေတြးေနတဲ့သူေတြကေတာ့ ဘယ္ေတာ့မွ လက္ေတြ႕ ၾကိဳးစားလာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ လူတစ္ေယာက္ အျပဳအမူ ေျပာင္းလဲဖုိ႕၊ တစ္နည္းအားျဖင့္ Know-Do gap က်ဥ္းသြားဖို႕မွာ ခံယူခ်က္ မွန္ဖုိ႕ဟာလည္း လိုအပ္တယ္။ မဟုတ္ရင္ေတာ့ အသိေတြက အသိအဆင့္မွာပဲ ရပ္ေနပါလိမ့္မယ္။

ေနာက္ဆံုးတစ္ခ်က္ ေ၀မွ်ခ်င္တာကေတာ့ ပတ္၀န္းက်င္ပါ။ ေလ့က်င့္ခန္း လုပ္ခ်င္တယ္၊ လုပ္စရာ ေနရာ မရွိဘူး။ ေဆးလိပ္မေသာက္ေတာ့ဘူး၊ အရက္မေသာက္ေတာ့ဘူး။ ဒါေပမဲ့ အဲ့ဒါေတြက ကုိယ့္ပတ္၀န္းက်င္မွာ ေပါေပါမ်ားမ်ား ရွိေနတယ္၊ အဲ့လိုေသာက္တတ္သူေတြနဲ႕ ကုိယ္က ေပါင္းေနမယ္ဆုိ ျဖတ္ဖို႕ရာ မလြယ္ဘူး။ ဒါေၾကာင့္ ကုိယ့္ကုိယ္ကုိယ္ ေျပာင္းလဲႏုိင္ဖုိ႕အတြက္ ပတ္၀န္းက်င္ေကာင္းကိုလည္း စနစ္တက် တည္ေဆာက္တတ္ဖို႕ လိုမယ္။

ေကာင္းတဲ့အရာေတြဆုိ ပုိလုပ္ျဖစ္ေအာင္၊ လြယ္ေအာင္ လုပ္ထား။ မေကာင္းတဲ့အရာေတြဆုိ မလုပ္မိေအာင္၊ လုပ္ရခက္ေအာင္ လုပ္ထား။ ဒါဆို အေျပာင္းအလဲ လုပ္ရတာ လြယ္လိမ့္မယ္။

ပညာတစ္ခုကို ေလ့လာမယ္ဆုိ တြဲေလ့လာမယ့္သူ ရွာထား။ ဒါဆုိ ကုိယ္က ေက်ာင္းေျပးခ်င္ရင္ေတာင္ သူက ေက်ာင္းတက္ဖုိ႕၊ စာလုပ္ဖို႕ တိုက္တြန္းလိမ့္မယ္။ ကုိယ္ ဘယ္လိုအခ်ိန္၊ ဘယ္လိုေနရာ၊ ဘယ္လိုအေျခအေနမ်ိဳးမွာ အလုပ္လုပ္ရ၊ စာေလ့လာရတာ ေကာင္းသလဲ ကုိယ့္ကုိယ္ကုိယ္ ဆန္းစစ္။ အဲဒီအတိုင္း ဖန္တီး။ ညဘက္ အစားေလွ်ာ႕စားခ်င္တယ္ဆုိ ဘယ္ဆုိင္မွ သြားမထုိင္နဲ႕။ အိမ္မွာလည္း မုန္႕ပဲသြားရည္စာေတြ ၀ယ္မထားနဲ႕။ အင္တာနက္ အသံုးမ်ားေနတယ္ဆုိ ဖုန္းကုိ မျမင္ကြယ္ရာမွာ ထားထား။ ဖုန္းကုိ ျမင္တာနဲ႕ ကုိင္ကုိင္မိတတ္လုိ႕။ Social media ေတြကို Log out လုပ္ထား။ ဒါမွ တစ္ခါတစ္ခါ password ရုိက္ေနရတာ ၾကာေတာ့ ေတာ္ရံုနဲ႕ ျပန္မ၀င္ျဖစ္ေတာ့ဘူး။ ဒီလိုမ်ိဳး ကုိယ့္ပတ္၀န္းက်င္ကို ေျပာင္းလဲႏုိင္မွပဲ ကုိယ့္ကုိယ္ကုိယ္ ပုိျပီး စနစ္တက် ေျပာင္းလဲႏုိင္ပါလိမ့္မယ္။ သိပ္ကိုမွ စိတ္ခိုင္တယ္၊ ဘယ္ေလာက္အေျခအေနမ်ိဳးျဖစ္ျဖစ္ ဒါကို လံုး၀မလုပ္ဘူး၊ ဒါမွမဟုတ္ လုပ္ကုိလုပ္မယ္ ဆုိတဲ့သူေတြကေတာ့ တစ္မ်ိဳးေပါ့။ အမ်ားစုအတြက္ကေတာ့ ကုိယ့္ကို ပံ့ပုိးေပးမယ့္ ပတ္၀န္းက်င္ေကာင္းရွိဖုိ႕က လိုအပ္ပါလိမ့္မယ္။

တကယ္ေတာ့ လူတစ္ေယာက္ ေျပာင္းလဲဖုိ႕ဟာ သိပ္ခက္ပါတယ္။ သိေတာ့သိတယ္၊ မလုပ္ႏုိင္ၾကဘူး။ တခ်ိဳ႕လည္း စမ္းလုပ္ၾကည္႕ျပီးမွ ေရရွည္ ဆက္မလုပ္ျဖစ္ေတာ့တာေတြလည္း ရွိတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ကုိယ္သိထားတာေတြကို ဘယ္ေလာက္ထိ ေျပာင္းလဲႏုိင္သလဲ ဆုိတဲ့အေပၚ မူတည္ျပီးပဲ ဘ၀ေတြက ကြာျခားကုန္ၾကတာပါ။ ဒါေၾကာင့္ အဲ့လုိအေျပာင္းအလဲ လုပ္ဖုိ႕မွာ အသံုး၀င္ႏုိင္တဲ့ အခ်က္ ၃ ခ်က္ကုိ ေ၀မွ်လုိက္ပါတယ္။ တစ္စံုတစ္ရာ အက်ိဳးရွိမယ္လုိ႕လည္း ေမွ်ာ္လင့္ပါတယ္။

Previous Next