03 Feb, 2020
လစာများပေမဲ့ မပျော်ရွှင်ရတဲ့အလုပ်ကနေ ထွက်လိုက်သင့်လား

    အလုပ်မှာလစာလည်းကောင်းတယ်၊ ထိုက်သင့် တဲ့ရာထူးတစ်ခုလည်းရှိနေပေမဲ့ အလုပ်မှာမပျော်ရွှင် တာမျိုးဖြစ်သလား။ ဒါကသင်တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ လူတချို့ကတော့ ဒီလို ခံစားချက်မျိုးခံစားနေကြရပါတယ်။ မြန်မာနိုင်ငံမှာက အလုပ်တစ်ခုရဖို့အတွက် ဝါသနာပါတာ၊ မပါတာ နောက်ထားပြီး ရရာအလုပ်ဝင်လုပ်ကြရတာများပါ တယ်။ အဲဒီလိုဝင်လုပ်ရင်းနဲ့မှ တချို့က အဲဒီအလုပ် အပေါ်တကယ်စိတ်ပါဝင်စားသွားသူရှိသလို၊ အဲဒီ အလုပ်လုပ်နေရရင် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေစုပ်ယူသလို ခံစားနေရသူတွေလည်း မနည်းပါဘူး။ 
    အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အရွယ်ရောက် ပြီးသူ ၈၅ရာခိုင်နှုန်းလောက်က သူတို့ရဲ့အလုပ်ကိုမုန်း တီးနေကြပြီး မပျော်ရွှင်ကြဘူးလို့ ၂၀၁၇စစ်တမ်းတွေ အရသိရပါတယ်။ လူနည်းစု ၃၀ရာခိုင်နှုန်းလောက်က သာ ကိုယ့်ရဲ့အလုပ်ကို စိတ်ကျေနပ်မှုရရှိပြီး ပျော်ရွှင် ကြတယ်လို့သိရပါတယ်။ စစ်တမ်းတွေအရကြည့်လိုက် ရင် အလုပ်တစ်ခုမှာ ပျော်ရွှင်မှုအတွက်လစာက အဓိ ကမကျတာကို တွေ့ရပါတယ်။ 
မပျော်တဲ့အလုပ်မှာ ဘာကြောင့်နေကြတာလဲ
    အကြောင်းပြချက်ကတော့ အမျိုးမျိုးဖြစ်နေနိုင်ပါ တယ်။ ဒီအလုပ်က ကျောင်းပြီးတယ်ဆို ပထမဆုံး စလုပ်တဲ့အလုပ်လည်းဖြစ်နေနိုင်ပါတယ်။ ကိုယ့်အ တွက်ရွေးချယ်ခွင့်သိပ်မရှိလို့လုပ်လိုက်ရတဲ့အလုပ်တစ် ခုလည်းဖြစ်နေနိုင်ပါတယ်။ နောက်တစ်ခုကတော့ လစာများများပေးလို့ ဒီအလုပ်မှာဆက်လုပ်နေရတာမျိုး လည်းဖြစ်နေနိုင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်က ဒီလောက်လစာမများလို့ လက်ရှိအလုပ်ကိုမစွန့်ခွာနိုင် တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 
    နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့နောက်မှာမှီခို နေသူတွေကြောင့် အလုပ်ကမထွက်ဖြစ်တာပါ။ ဥပမာ ကိုယ့်ရဲ့မိသားစု၊ မောင်နှမသားချင်းစတာတွေက ကိုယ့် အပေါ်မှီခိုနေတာတွေကြောင့် အလုပ်မှာမပျော်ပေမဲ့ အလုပ်ကမထွက်နိုင်ဖြစ်နေတတ်ပါတယ်။ နောက်တစ် ချက်ကတော့ လက်ရှိအလုပ်ကနေထွက်ပြီးနောက်အလုပ် တစ်ခုကိုစဖို့မဝံ့မရဲဖြစ်နေတာမျိုးပါ။ နောက်အလုပ်သစ် မှာအဆင်ပြေပါ့မလား၊ နောက်အလုပ်ရဲ့အလုပ်ပတ်ဝန်း ကျင်ကဘယ်လိုဖြစ်မလဲ၊ အဲဒီကအသစ်ပေါင်းရမယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့အဆင်ပြေပါ့မလားစတဲ့အတွေး တွေနဲ့နောက်အလုပ်သစ်တစ်ခုလုပ်ဖို့ တွေဝေနေတတ်ပါ တယ်။ 
အလုပ်မှာမပျော်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ဒီမေးခွန်း တွေ မေးကြည့်ပါ
    အလုပ်မှာလည်းမပျော်ဘူး၊ ဒါပေမဲ့လစာကလည်း ကိုယ့်အတွက်အဆင်ပြေနေတဲ့ ပမာဏဖြစ်နေတယ်ဆိုရင် ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးသင့်နေပါပြီ။ ပထမဆုံးအချက်ကတော့ မပျော်ရွှင်ရတဲ့အဓိကအချက် ကဘာလဲဆိုတာကို သေချာသိအောင်လုပ်ပါ။ ဘာ ကြောင့်လဲ။ ဒီအလုပ်မှာမပျော်ရွှင်ရတဲ့အဓိကအချက်က  အလုပ်ကြောင့်လား၊ သွားလာရေးခက်ခဲလို့လား၊ ကိုယ့်ရဲ့ အထက်လူကြီးကြောင့်လား၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ကြောင့်လားစတာတွေကို သေချာသုံးသပ်ကြည့်ပါ။ ကိုယ့်ရဲ့ဘယ်အချက်တွေက မပျော်မရွှင်ဖြစ်စေတာလဲ။  ဥပမာအနေနဲ့ ကိုယ့်ရဲ့အထက်လူကြီးနဲ့အဆင်မပြေတာ မဟုတ်ဘဲ အလုပ်ကိုသဘောမကျတာဆိုရင်တော့ ဒီ အချက်ကိုအထက်လူကြီးနဲ့ဆွေးနွေးညှိနှိုင်းပါ။ သူက ကိုယ့်အတွက် သင့်တော်တဲ့အလုပ်နေရာ၊ ကိုယ် နဲ့အံဝင် ခွင်ကျမယ့်နေရာတစ်ခုကိုစီစဉ်ပေးတာမျိုးလုပ် ပေးနိုင်ပါတယ်။  နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတာမျိုးပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်က အကောင်းမြင်တတ်တဲ့သူမဟုတ် ဘူး၊ သူနဲ့ပေါင်းသင်းရတာခက်ခဲတယ်ဆိုရင် အဖွဲ့ ပြောင်းတာမျိုး၊ အခန်းပြောင်း တာမျိုးပဲဖြစ်ဖြစ်ကြိုးစား ကြည့်သင့်ပါတယ်။ ရုတ်တရက် အကြောင်းပြချက်မရှိ ဘဲနဲ့ အလုပ်ကနေထွက်ဖို့အလျင် စလိုဆုံးဖြတ်ချက် မချစေချင်ပါဘူး။ ဒီနေရာ၊ ဒီရာထူး၊ ဒီလစာတွေက ကိုယ့်ရဲ့အချိန်တွေ၊ အင်အားတွေကိုပေးဆပ်ပြီးမှ ရလာတဲ့နေရာတစ်ခုဖြစ်လို့ အဆင်မပြေမှု သေးသေး လေးတွေကြောင့် အလုပ်ကထွက်ပစ်လိုက်ဖို့ မဆုံး ဖြတ်သင့်ပါဘူး။
ဒီရာထူး၊ ဒီလစာမျိုး နောက်အလုပ်မှာရဖို့ ပြင်ဆင်ပြီး ပြီလား
    ကိုယ်က ဒီအလုပ်မှာ လစာများပေမဲ့မပျော်မရွှင် ဖြစ်ပြီး အလုပ်ထွက်ဖို့စဉ်းစားတယ်ဆိုပါစို့။ ဒီလိုမထွက် ခင်မှာ နောက်ကုမ္ပဏီတစ်ခုမှာ ဒီရာထူး၊ ဒီလစာမျိုး ရဖို့ကြိုးစားကြည့်ပြီးပြီလားဆိုတာပါပဲ။ ဒီအချက်က အရေးကြီးပါတယ်။ ကိုယ်ကပျော်ရွှင်မှုကိုပဲဦးစာပေး ရွေးချယ်ပြီး နောက်အလုပ်တစ်ခုက ဒီလစာ၊ ဒီရာ ထူးမရနိုင်ရင်လည်း အဆင်ပြေနိုင်မလား။ ဒါကကိုယ့် ကိုယ်ကိုယ်ပြန်မေးရမယ့်မေးခွန်းပါ။ ဒီအလုပ်က လစာ များပေမဲ့ ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်ဆိုရင်လည်း ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဦးစားပေး သင့်ပါတယ်။ ဒါမှမဟုတ်ရင် ကိုယ်ကဒီအလုပ်မှာပဲ ရာထူးတိုးဖို့၊ ကိုယ့်အတွက်အရည်အချင်းပိုမိုတောက် ပြောင်အောင်သင်ယူဖို့လိုအပ်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ခဏမေ့ထားရပါလိမ့်မယ်။ လူ တစ်ယောက်က တစ်ပြိုင်နက်ထဲမှာ နှစ်ခုလုံးမရနိုင်ပါ ဘူး။ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရမှာပါ။ တစ်ပြိုင်နက်ထဲမှာ နှစ်ခုစလုံးရတဲ့သူတွေကတော့ ကံ ကောင်းသူအနည်းစုပေါ့လေ။     
အစီအစဉ်ရှိသလား
    အစီအစဉ်ဆိုတာလက်ရှိအလုပ်မှာမပျော်တော့ လို့အလုပ်ထွက်မယ်ဆိုရင် နောက်အလုပ်တစ်ခု အဆင် သင့်ရှိနေပြီလား၊ မရှိသေးဘူးဆိုရင် ဝင်ငွေမရှိဘဲနဲ့ ဘယ်နှလလောက်ရပ်တည်နိုင်မလဲ။ အလုပ်ကနေ နားပြီး သင်ယူလေ့လာစရာတွေထပ်လေ့လာချင်သေး တာပဲဖြစ်ဖြစ်၊ ကိုယ့်မှာတခြားအစီအစဉ်တွေရှိရင်ပဲ ဖြစ်ဖြစ် ခိုင်မာတဲ့အစီအစဉ်တွေရှိမှ အလုပ်ထွက်စာ တင်ပါ။ ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါပဲ။ တကယ်လို့ လစာများနေပေမဲ့ ဒီအလုပ်မှာလုပ်ဖို့ ဆက်ပြီးသည်းမခံနိုင်တော့ဘူးဆိုရင်တော့ ဒီနောက်ဆုံး အဆင့်ကိုရွေးပါ။ အလုပ်ကနေအဆင်မပြေလို့ အလုပ် ထွက်လိုက်တိုင်းလည်း အဖြေမဟုတ်သေးပါဘူး။ ဒီတော့အလုပ်မထွက်ခင်မှာကိုယ့်မှာအစီအစဉ်ကောင်း ကောင်းတစ်ခုရှိနေပါစေ။
    အနှစ်ချုပ်ဆိုရရင် လစာကလည်းကိုယ့်ရဲ့ပျော် ရွှင်မှု၊ စိတ်ကျေနပ်မှု၊ အလုပ်အပေါ်တန်ဖိုးထားမှုစ တာတွေကို မဖန်တီးပေးနိုင်ပါဘူး။ အလုပ်တစ်ခုမှာ ပျော်ရွှင်ဖို့ဆိုရင် ကိုယ့်ရဲ့အလုပ်အပေါ်မှာတန်ဖိုးထား၊ ချစ်ခင်စိတ်ရှိဖို့ရယ်၊ ကိုယ့်ရဲ့အရည်အချင်းကိုတန်ဖိုး ထားအသိအမှတ်ပြုတဲ့လုပ်ငန်းခွင်ဖြစ်ဖို့လည်းလိုပါတယ်။ ကိုယ်ကတော်နေပေမဲ့ ကိုယ့်ကိုအသိအမှတ်ပြုမှုမရှိ တဲ့လုပ်ငန်းခွင်မှာလည်း ပျော်ရွှင်မှုမရနိုင်ပါဘူး။ ကိုယ်ကအလုပ်မှာတကယ်မပျော်ရွှင်တော့ဘူးဆိုရင် ဒီအချက်တွေကိုဖတ်ပြီး အဖြေတစ်ခု၊ အတွေးတစ်ခု ရရှိမယ်ဆိုရင် ကျေနပ်မိမှာပါ။ 
    
ကျော့ကေခိုင်

++++++++++++++++++++++++++++++++++++++++++++

လစာမ်ားေပမဲ့ မေပ်ာ္ရႊင္ရတဲ့အလုပ္ကေန ထြက္လိုက္သင့္လား

    အလုပ္မွာလစာလည္းေကာင္းတယ္၊ ထိုက္သင့္ တဲ့ရာထူးတစ္ခုလည္းရွိေနေပမဲ့ အလုပ္မွာမေပ်ာ္ရႊင္ တာမ်ိဳးျဖစ္သလား။ ဒါကသင္တစ္ေယာက္ထဲေတာ့ မဟုတ္ပါဘူး။ လုပ္ငန္းခြင္မွာ လူတခ်ိဳ႕ကေတာ့ ဒီလို ခံစားခ်က္မ်ိဳးခံစားေနၾကရပါတယ္။ ျမန္မာႏိုင္ငံမွာက အလုပ္တစ္ခုရဖို႔အတြက္ ဝါသနာပါတာ၊ မပါတာ ေနာက္ထားၿပီး ရရာအလုပ္ဝင္လုပ္ၾကရတာမ်ားပါ တယ္။ အဲဒီလိုဝင္လုပ္ရင္းနဲ႔မွ တခ်ိဳ႕က အဲဒီအလုပ္ အေပၚတကယ္စိတ္ပါဝင္စားသြားသူရွိသလို၊ အဲဒီ အလုပ္လုပ္ေနရရင္ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈေတြစုပ္ယူသလို ခံစားေနရသူေတြလည္း မနည္းပါဘူး။ 
    အေမရိကန္လိုႏိုင္ငံမ်ိဳးမွာေတာင္ အရြယ္ေရာက္ ၿပီးသူ ၈၅ရာခိုင္ႏႈန္းေလာက္က သူတို႔ရဲ႕အလုပ္ကိုမုန္း တီးေနၾကၿပီး မေပ်ာ္ရႊင္ၾကဘူးလို႔ ၂၀၁၇စစ္တမ္းေတြ အရသိရပါတယ္။ လူနည္းစု ၃၀ရာခိုင္ႏႈန္းေလာက္က သာ ကိုယ့္ရဲ႕အလုပ္ကို စိတ္ေက်နပ္မႈရရွိၿပီး ေပ်ာ္ရႊင္ ၾကတယ္လို႔သိရပါတယ္။ စစ္တမ္းေတြအရၾကည့္လိုက္ ရင္ အလုပ္တစ္ခုမွာ ေပ်ာ္ရႊင္မႈအတြက္လစာက အဓိ ကမက်တာကို ေတြ႔ရပါတယ္။ 
မေပ်ာ္တဲ့အလုပ္မွာ ဘာေၾကာင့္ေနၾကတာလဲ
    အေၾကာင္းျပခ်က္ကေတာ့ အမ်ိဳးမ်ိဳးျဖစ္ေနႏိုင္ပါ တယ္။ ဒီအလုပ္က ေက်ာင္းၿပီးတယ္ဆို ပထမဆံုး စလုပ္တဲ့အလုပ္လည္းျဖစ္ေနႏိုင္ပါတယ္။ ကိုယ့္အ တြက္ေရြးခ်ယ္ခြင့္သိပ္မရွိလို႔လုပ္လိုက္ရတဲ့အလုပ္တစ္ ခုလည္းျဖစ္ေနႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ လစာမ်ားမ်ားေပးလို႔ ဒီအလုပ္မွာဆက္လုပ္ေနရတာမ်ိဳး လည္းျဖစ္ေနႏိုင္ပါတယ္။ ကိုယ္ဝါသနာပါတဲ့အလုပ္က ဒီေလာက္လစာမမ်ားလို႔ လက္ရွိအလုပ္ကိုမစြန္႔ခြာႏိုင္ တာလည္းျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ 
    ေနာက္တစ္ခ်က္ကေတာ့ ကိုယ့္ရဲ႕ေနာက္မွာမွီခို ေနသူေတြေၾကာင့္ အလုပ္ကမထြက္ျဖစ္တာပါ။ ဥပမာ ကိုယ့္ရဲ႕မိသားစု၊ ေမာင္ႏွမသားခ်င္းစတာေတြက ကိုယ့္ အေပၚမွီခိုေနတာေတြေၾကာင့္ အလုပ္မွာမေပ်ာ္ေပမဲ့ အလုပ္ကမထြက္ႏိုင္ျဖစ္ေနတတ္ပါတယ္။ ေနာက္တစ္ ခ်က္ကေတာ့ လက္ရွိအလုပ္ကေနထြက္ၿပီးေနာက္အလုပ္ တစ္ခုကိုစဖို႔မဝံ့မရဲျဖစ္ေနတာမ်ိဳးပါ။ ေနာက္အလုပ္သစ္ မွာအဆင္ေျပပါ့မလား၊ ေနာက္အလုပ္ရဲ႕အလုပ္ပတ္ဝန္း က်င္ကဘယ္လိုျဖစ္မလဲ၊ အဲဒီကအသစ္ေပါင္းရမယ့္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အဆင္ေျပပါ့မလားစတဲ့အေတြး ေတြနဲ႔ေနာက္အလုပ္သစ္တစ္ခုလုပ္ဖို႔ ေတြေဝေနတတ္ပါ တယ္။ 
အလုပ္မွာမေပ်ာ္ဘူးဆိုရင္ ကိုယ့္ကိုယ္ကိုယ္ဒီေမးခြန္း ေတြ ေမးၾကည့္ပါ
    အလုပ္မွာလည္းမေပ်ာ္ဘူး၊ ဒါေပမဲ့လစာကလည္း ကိုယ့္အတြက္အဆင္ေျပေနတဲ့ ပမာဏျဖစ္ေနတယ္ဆိုရင္ ဒီေမးခြန္းေတြကို ကိုယ့္ကိုယ္ကိုယ္ျပန္ေမးသင့္ေနပါၿပီ။ ပထမဆံုးအခ်က္ကေတာ့ မေပ်ာ္ရႊင္ရတဲ့အဓိကအခ်က္ ကဘာလဲဆိုတာကို ေသခ်ာသိေအာင္လုပ္ပါ။ ဘာ ေၾကာင့္လဲ။ ဒီအလုပ္မွာမေပ်ာ္ရႊင္ရတဲ့အဓိကအခ်က္က  အလုပ္ေၾကာင့္လား၊ သြားလာေရးခက္ခဲလို႔လား၊ ကိုယ့္ရဲ႕ အထက္လူႀကီးေၾကာင့္လား၊ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ေၾကာင့္လားစတာေတြကို ေသခ်ာသံုးသပ္ၾကည့္ပါ။ ကိုယ့္ရဲ႕ဘယ္အခ်က္ေတြက မေပ်ာ္မရႊင္ျဖစ္ေစတာလဲ။  ဥပမာအေနနဲ႔ ကိုယ့္ရဲ႕အထက္လူႀကီးနဲ႔အဆင္မေျပတာ မဟုတ္ဘဲ အလုပ္ကိုသေဘာမက်တာဆိုရင္ေတာ့ ဒီ အခ်က္ကိုအထက္လူႀကီးနဲ႔ေဆြးေႏြးညႇိႏိႈင္းပါ။ သူက ကိုယ့္အတြက္ သင့္ေတာ္တဲ့အလုပ္ေနရာ၊ ကိုယ္ နဲ႔အံဝင္ ခြင္က်မယ့္ေနရာတစ္ခုကိုစီစဥ္ေပးတာမ်ိဳးလုပ္ ေပးႏိုင္ပါတယ္။  ေနာက္တစ္ခ်က္ကေတာ့ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္နဲ႔ အဆင္မေျပတာမ်ိဳးပါ။ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္က အေကာင္းျမင္တတ္တဲ့သူမဟုတ္ ဘူး၊ သူနဲ႔ေပါင္းသင္းရတာခက္ခဲတယ္ဆိုရင္ အဖြဲ႔ ေျပာင္းတာမ်ိဳး၊ အခန္းေျပာင္း တာမ်ိဳးပဲျဖစ္ျဖစ္ႀကိဳးစား ၾကည့္သင့္ပါတယ္။ ႐ုတ္တရက္ အေၾကာင္းျပခ်က္မရွိ ဘဲနဲ႔ အလုပ္ကေနထြက္ဖို႔အလ်င္ စလိုဆံုးျဖတ္ခ်က္ မခ်ေစခ်င္ပါဘူး။ ဒီေနရာ၊ ဒီရာထူး၊ ဒီလစာေတြက ကိုယ့္ရဲ႕အခ်ိန္ေတြ၊ အင္အားေတြကိုေပးဆပ္ၿပီးမွ ရလာတဲ့ေနရာတစ္ခုျဖစ္လို႔ အဆင္မေျပမႈ ေသးေသး ေလးေတြေၾကာင့္ အလုပ္ကထြက္ပစ္လိုက္ဖို႔ မဆံုး ျဖတ္သင့္ပါဘူး။
ဒီရာထူး၊ ဒီလစာမ်ိဳး ေနာက္အလုပ္မွာရဖို႔ ျပင္ဆင္ၿပီး ၿပီလား
    ကိုယ္က ဒီအလုပ္မွာ လစာမ်ားေပမဲ့မေပ်ာ္မရႊင္ ျဖစ္ၿပီး အလုပ္ထြက္ဖို႔စဥ္းစားတယ္ဆိုပါစို႔။ ဒီလိုမထြက္ ခင္မွာ ေနာက္ကုမၸဏီတစ္ခုမွာ ဒီရာထူး၊ ဒီလစာမ်ိဳး ရဖို႔ႀကိဳးစားၾကည့္ၿပီးၿပီလားဆိုတာပါပဲ။ ဒီအခ်က္က အေရးႀကီးပါတယ္။ ကိုယ္ကေပ်ာ္ရႊင္မႈကိုပဲဦးစာေပး ေရြးခ်ယ္ၿပီး ေနာက္အလုပ္တစ္ခုက ဒီလစာ၊ ဒီရာ ထူးမရႏိုင္ရင္လည္း အဆင္ေျပႏိုင္မလား။ ဒါကကိုယ့္ ကိုယ္ကိုယ္ျပန္ေမးရမယ့္ေမးခြန္းပါ။ ဒီအလုပ္က လစာ မ်ားေပမဲ့ ကိုယ့္အတြက္အဆိပ္အေတာက္ျဖစ္ေစတဲ့ လုပ္ငန္းခြင္ဆိုရင္လည္း ကို္ယ့္ရဲ႕ေပ်ာ္ရႊင္မႈကိုဦးစားေပး သင့္ပါတယ္။ ဒါမွမဟုတ္ရင္ ကိုယ္ကဒီအလုပ္မွာပဲ ရာထူးတိုးဖို႔၊ ကိုယ့္အတြက္အရည္အခ်င္းပိုမိုေတာက္ ေျပာင္ေအာင္သင္ယူဖို႔လိုအပ္တယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈကို ခဏေမ့ထားရပါလိမ့္မယ္။ လူ တစ္ေယာက္က တစ္ၿပိဳင္နက္ထဲမွာ ႏွစ္ခုလံုးမရႏိုင္ပါ ဘူး။ တစ္ခုကိုလိုခ်င္ရင္ တစ္ခုကိုေပးဆပ္ရမွာပါ။ တစ္ၿပိဳင္နက္ထဲမွာ ႏွစ္ခုစလံုးရတဲ့သူေတြကေတာ့ ကံ ေကာင္းသူအနည္းစုေပါ့ေလ။     
အစီအစဥ္ရွိသလား
    အစီအစဥ္ဆိုတာလက္ရွိအလုပ္မွာမေပ်ာ္ေတာ့ လို႔အလုပ္ထြက္မယ္ဆိုရင္ ေနာက္အလုပ္တစ္ခု အဆင္ သင့္ရွိေနၿပီလား၊ မရွိေသးဘူးဆိုရင္ ဝင္ေငြမရွိဘဲနဲ႔ ဘယ္ႏွလေလာက္ရပ္တည္ႏိုင္မလဲ။ အလုပ္ကေန နားၿပီး သင္ယူေလ့လာစရာေတြထပ္ေလ့လာခ်င္ေသး တာပဲျဖစ္ျဖစ္၊ ကိုယ့္မွာတျခားအစီအစဥ္ေတြရွိရင္ပဲ ျဖစ္ျဖစ္ ခိုင္မာတဲ့အစီအစဥ္ေတြရွိမွ အလုပ္ထြက္စာ တင္ပါ။ ဒီအဆင့္ကေတာ့ ေနာက္ဆံုးအဆင့္ပါပဲ။ တကယ္လို႔ လစာမ်ားေနေပမဲ့ ဒီအလုပ္မွာလုပ္ဖို႔ ဆက္ၿပီးသည္းမခံႏိုင္ေတာ့ဘူးဆိုရင္ေတာ့ ဒီေနာက္ဆံုး အဆင့္ကိုေရြးပါ။ အလုပ္ကေနအဆင္မေျပလို႔ အလုပ္ ထြက္လိုက္တိုင္းလည္း အေျဖမဟုတ္ေသးပါဘူး။ ဒီေတာ့အလုပ္မထြက္ခင္မွာကိုယ့္မွာအစီအစဥ္ေကာင္း ေကာင္းတစ္ခုရွိေနပါေစ။
    အႏွစ္ခ်ဳပ္ဆိုရရင္ လစာကလည္းကိုယ့္ရဲ႕ေပ်ာ္ ရႊင္မႈ၊ စိတ္ေက်နပ္မႈ၊ အလုပ္အေပၚတန္ဖိုးထားမႈစ တာေတြကို မဖန္တီးေပးႏိုင္ပါဘူး။ အလုပ္တစ္ခုမွာ ေပ်ာ္ရႊင္ဖို႔ဆိုရင္ ကိုယ့္ရဲ႕အလုပ္အေပၚမွာတန္ဖိုးထား၊ ခ်စ္ခင္စိတ္ရွိဖို႔ရယ္၊ ကိုယ့္ရဲ႕အရည္အခ်င္းကိုတန္ဖိုး ထားအသိအမွတ္ျပဳတဲ့လုပ္ငန္းခြင္ျဖစ္ဖို႔လည္းလိုပါတယ္။ ကိုယ္ကေတာ္ေနေပမဲ့ ကိုယ့္ကိုအသိအမွတ္ျပဳမႈမရွိ တဲ့လုပ္ငန္းခြင္မွာလည္း ေပ်ာ္ရႊင္မႈမရႏိုင္ပါဘူး။ ကိုယ္ကအလုပ္မွာတကယ္မေပ်ာ္ရႊင္ေတာ့ဘူးဆိုရင္ ဒီအခ်က္ေတြကိုဖတ္ၿပီး အေျဖတစ္ခု၊ အေတြးတစ္ခု ရရွိမယ္ဆိုရင္ ေက်နပ္မိမွာပါ။ 
    
ေက်ာ့ေကခိုင္

Previous Next