10 Feb, 2020
အလုပ်မှာအပြစ်ပြောခံရပြီဆိုရင်

လူတော်တော်များများဟာအလုပ်မှာအဝေဖန် ခံ ရပြီဆိုရင်ဝမ်းနည်းခံခက်မကျေမနပ်ဖြစ်တတ်ပါတယ်။ အလုပ်ခွင်တွေမှာများသောအားဖြင့်တစ်ဖက်လူရဲ့အ သံကိုနားထောင်တတ်တဲ့ Feedback Culture မရှိ တတ်သလိုအပြုသဘောဆောင်တဲ့ပုံစံနဲ့ဝေဖန်မှုလုပ် တာ ၊ လက်ခံတတ်တဲ့အလေ့အကျင့်မျိုးမရှိတာလည်း ပါပါတယ်။
     မကောင်းတဲ့တုံ့ပြန်မှုတစ်ခုကိုအပြုသဘောနဲ့ လက်ခံဖို့ ၊ ပြောဆိုဖို့အတွက်အလေ့အကျင့်အများကြီး လိုပါတယ်။ ဝေဖန်မှုတိုင်းဟာအဆိုးချည်းသက်သက် တော့မဟုတ်ပါဘူး။ ဝေဖန်ခံရခြင်းကနေကိုယ့်ရဲ့ပင် ကိုစွမ်းရည်ကိုမြှင့်တင်စရာလမ်းစပေါ်လာနိုင်ပါ တယ်။တကယ်လို့ဝေဖန်ခံရပြီဆိုရင်ဒီအချက်လေးတွေ လိုက်နာကြည့်မယ်ဆိုရင်အလုပ်ခွင်မှာပိုပြီးတိုးတက် အောင်မြင်သူဖြစ်လာမှာပါ။
(၁) ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ 
     ဝေဖန်သူမှာဝေဖန်စရာအချက်အလက်တွေ ရှိနေမှာသေချာပါတယ်။ ဒါတွေဟာတကယ်ပဲ ကိုယ့်ရဲ့ လိုအပ်ချက်တွေဖြစ်လာနိုင်သလိုဆီလိုရေလို အပေါက်ရှာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကနှစ်ခုစလုံးကိုအကောင်းအဖြစ်ပြန် ပြောင်းနိုင်တာပါပဲ။ 
    ကိုယ့်ကိုတိုက်ခိုက်ရုံ ၊ နှိမ့်ချရုံသက်သက် ဆိုရင်ဒါကိုယ့်အမှားမဟုတ်တာကြောင့်စိတ်ပူစရာ၊ စိတ်မကောင်းစရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့လိုအပ် ချက်တွေကိုထောက်ပြရင်တော့သူကကိုယ့်ကိုလမ်းပြ သွားတာပါ။ ဒီတော့ဘာပဲဖြစ်ဖြစ်ကောင်းကောင်း နားထောင်ပေးလိုက်ပါ။လိုအပ်ရင်သူ့ဝေဖန်မှုကို ကိုယ်ကောင်းကောင်းနားလည်သဘောပေါက် ကြောင်းသေချာစေဖို့မေးခွန်းတွေမေးသင့်ပါတယ်။
(၂) စေတနာကောင်းနဲ့ပြောတယ် မှတ်ပါ။
    တကယ်ကိုယ့်ကိုကောင်းစေချင်လို့စေတ နာထားပြီးထောက်ပြတာလည်းဖြစ်နိုင်ပါတယ်။ အမြဲတမ်းကိုယ်မှန်ကြောင်းသက်သေပြဖို့အတင်းမ ကြိုးစားပါနဲ့။ ကိုယ့်ကိုဝေဖန်သူကိုလည်းအမြင်တစ်မျိုး နဲ့မကြည့်ပါနဲ့။ အနည်းဆုံးသူ့အပေါ်အကောင်းမြင် စိတ်ထားပြီးစေတနာနဲ့ပြောတယ်တွေးပြီးအကောင်း ဆုံးလုပ်ပြလိုက်ပါ။
(၃) ပြိုင်မငြင်းဘဲ ဒီထက်ကောင်းတာတစ်ခု လုပ်လိုက်ပါ။
    ဝေဖန်သူတွေရဲ့ပြဿနာကသူတို့ကိုပြန် ဝေဖန်ခြင်းဟာသူတို့ကို တိုက်ခိုက်တယ်လို့ပဲယူဆတာ ဖြစ်ပါတယ်။ ဒီလိုလူတစ်ယောက်နဲ့ပြိုင်ငြင်းမယ့်အစား အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်ပါ။ သူပြောတဲ့ ထဲကနေဘာတွေသိလာပါတယ်။ အခုမတူတာလေး တွေလုပ်ပြပါ့မယ်လို့ပြောလိုက်ပါ။ ဒါဆိုသူလည်းစိတ် ပြေ၊ ကိုယ်လည်းအသစ်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 
(၄) ကိုယ်ရေးကိုယ်တာနဲ့မရောထွေးလိုက်ပါနဲ့။
    အထက်လူကြီးကကိုယ့်ကိုပုဂ္ဂိုလ်စွဲနဲ့ပြော တာမဟုတ်ဘဲကိုယ့်ရဲ့လုပ်ရပ်ကိုပဲဝေဖန်တယ်လို့မှတ် ပါ။ ကိုယ့်ကိုဝေဖန်တိုင်းကိုယ့်ကိုမကြိုက်လို့၊ မုန်းလို့ ပဲလို့မတွေးလိုက်ပါနဲ့။ ဒီအတွေးကကိုယ့်ကိုပိုပြီးစိတ် ပျက်စေသလိုမှန်ချင်မှလည်းမှန်မယ့်အတွေးမျိုးဖြစ် ပါတယ်။ 
(၅) ဝေဖန်ခံရခြင်းကိုအကူအညီတစ်ရပ်လိုသဘော ထားပါ။
    ဝေဖန်မှုတိုင်းမှာအကောင်းဘက်ကိုဦး လှည့်ပေးနိုင်တဲ့လျှို့ဝှက်ချက်တွေရှိပါတယ်။ ဝေ ဖန်တယ်ဆိုတာလူတွေကကိုယ့်ကိုပိုကောင်းအောင် လုပ်စေချင်တဲ့စေတနာလည်းဖြစ်နိုင်သလိုကိုယ့်အပေါ် မှာစိတ်ဝင်စားမှုရှိတဲ့လက္ခဏာလည်းဖြစ်ပါတယ်။ ကောင်းတာပဲဝေဖန်ဝေဖန် ၊ အဆိုးကိုပဲသုံးသပ်သုံး သပ်ကိုယ့်ဘက်မှာစိတ်ထားတတ်ရင်ဒါဟာတိုးတက်ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။ 
(၆) ကိုယ့်ကိုယ်ကိုယ် သိပ်စိတ်ပျက်မသွားပါနဲ့။
    လူတိုင်းမှားတတ်ပါတယ်။ ဒီအမှားတွေက နေပဲအမှန်ဆိုတာ ဖြူသလား ၊ မည်းသလားသိရတာ ဖြစ်ပါတယ်။စိတ်မပူပါနဲ့။ အမှားလုပ်မိလို့ဝေဖန်ခံရ တယ်ဆိုရင်တောင်နောက်တစ်ကြိမ်မှန်အောင်လုပ် မယ်ဆိုတဲ့စိတ်သွင်းပြီးဝေဖန်မှုကနေအဖြေရှာလိုက်ပါ။
(၇) ကျေးဇူးစကားဆိုပါ။
     ကိုယ့်ကိုဝေဖန်သူဟာတစ်ခါတလေအမုန်းခံပြီး ပညာသင်ပေးနေတဲ့ဆရာပါ။ သူ့ကိုကျေးဇူးတင်လိုက်ပါ။ 

Ref: https://positivesharing.com/2013/07/7-steps-to-handle-criticism-at-work

ဇီဝစိုး

+++++++++++++++++++++++++++++++++++++++

 

အလုပ္မွာအျပစ္ေျပာခံရၿပီဆိုရင္

    လူေတာ္ေတာ္မ်ားမ်ားဟာအလုပ္မွာအေဝဖန္ ခံ ရၿပီဆိုရင္ဝမ္းနည္းခံခက္မေက်မနပ္ျဖစ္တတ္ပါတယ္။ အလုပ္ခြင္ေတြမွာမ်ားေသာအားျဖင့္တစ္ဖက္လူရဲ႕အ သံကိုနားေထာင္တတ္တဲ့ Feedback Culture မရွိ တတ္သလိုအျပဳသေဘာေဆာင္တဲ့ပံုစံနဲ႔ေဝဖန္မႈလုပ္ တာ ၊ လက္ခံတတ္တဲ့အေလ့အက်င့္မ်ိဳးမရွိတာလည္း ပါပါတယ္။
     မေကာင္းတဲ့တံု႔ျပန္မႈတစ္ခုကိုအျပဳသေဘာနဲ႔ လက္ခံဖို႔ ၊ ေျပာဆိုဖို႔အတြက္အေလ့အက်င့္အမ်ားႀကီး လိုပါတယ္။ ေဝဖန္မႈတိုင္းဟာအဆိုးခ်ည္းသက္သက္ ေတာ့မဟုတ္ပါဘူး။ ေဝဖန္ခံရျခင္းကေနကိုယ့္ရဲ႕ပင္ ကိုစြမ္းရည္ကိုျမႇင့္တင္စရာလမ္းစေပၚလာႏိုင္ပါ တယ္။တကယ္လို႔ေဝဖန္ခံရၿပီဆိုရင္ဒီအခ်က္ေလးေတြ လိုက္နာၾကည့္မယ္ဆိုရင္အလုပ္ခြင္မွာပိုၿပီးတိုးတက္ ေအာင္ျမင္သူျဖစ္လာမွာပါ။
(၁) ဂ႐ုတစိုက္နားေထာင္ေပးလိုက္ပါ။ 
     ေဝဖန္သူမွာေဝဖန္စရာအခ်က္အလက္ေတြ ရွိေနမွာေသခ်ာပါတယ္။ ဒါေတြဟာတကယ္ပဲ ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြျဖစ္လာႏိုင္သလိုဆီလိုေရလို အေပါက္ရွာတာလည္းျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ေသခ်ာတာကႏွစ္ခုစလံုးကိုအေကာင္းအျဖစ္ျပန္ ေျပာင္းႏိုင္တာပါပဲ။ 
    ကိုယ့္ကိုတိုက္ခိုက္႐ံု ၊ ႏွိမ့္ခ်႐ံုသက္သက္ ဆိုရင္ဒါကိုယ့္အမွားမဟုတ္တာေၾကာင့္စိတ္ပူစရာ၊ စိတ္မေကာင္းစရာမဟုတ္ပါဘူး။ ကိုယ့္ရဲ႕လိုအပ္ ခ်က္ေတြကိုေထာက္ျပရင္ေတာ့သူကကိုယ့္ကိုလမ္းျပ သြားတာပါ။ ဒီေတာ့ဘာပဲျဖစ္ျဖစ္ေကာင္းေကာင္း နားေထာင္ေပးလိုက္ပါ။လိုအပ္ရင္သူ႔ေဝဖန္မႈကို ကိုယ္ေကာင္းေကာင္းနားလည္သေဘာေပါက္ ေၾကာင္းေသခ်ာေစဖို႔ေမးခြန္းေတြေမးသင့္ပါတယ္။
(၂) ေစတနာေကာင္းနဲ႔ေျပာတယ္ မွတ္ပါ။
    တကယ္ကိုယ့္ကိုေကာင္းေစခ်င္လို႔ေစတ နာထားၿပီးေထာက္ျပတာလည္းျဖစ္ႏိုင္ပါတယ္။ အၿမဲတမ္းကိုယ္မွန္ေၾကာင္းသက္ေသျပဖို႔အတင္းမ ႀကိဳးစားပါနဲ႔။ ကိုယ့္ကိုေဝဖန္သူကိုလည္းအျမင္တစ္မ်ိဳး နဲ႔မၾကည့္ပါနဲ႔။ အနည္းဆံုးသူ႔အေပၚအေကာင္းျမင္ စိတ္ထားၿပီးေစတနာနဲ႔ေျပာတယ္ေတြးၿပီးအေကာင္း ဆံုးလုပ္ျပလိုက္ပါ။
(၃) ၿပိဳင္မျငင္းဘဲ ဒီထက္ေကာင္းတာတစ္ခု လုပ္လိုက္ပါ။
    ေဝဖန္သူေတြရဲ႕ျပႆနာကသူတို႔ကိုျပန္ ေဝဖန္ျခင္းဟာသူတို႔ကို တိုက္ခိုက္တယ္လို႔ပဲယူဆတာ ျဖစ္ပါတယ္။ ဒီလိုလူတစ္ေယာက္နဲ႔ၿပိဳင္ျငင္းမယ့္အစား အက်ိဳးသင့္အေၾကာင္းသင့္ရွင္းျပလိုက္ပါ။ သူေျပာတဲ့ ထဲကေနဘာေတြသိလာပါတယ္။ အခုမတူတာေလး ေတြလုပ္ျပပါ့မယ္လို႔ေျပာလိုက္ပါ။ ဒါဆိုသူလည္းစိတ္ ေျပ၊ ကိုယ္လည္းအသစ္ဖန္တီးႏိုင္မွာျဖစ္ပါတယ္။ 
(၄) ကိုယ္ေရးကိုယ္တာနဲ႔မေရာေထြးလိုက္ပါနဲ႔။
    အထက္လူႀကီးကကိုယ့္ကိုပုဂၢိဳလ္စြဲနဲ႔ေျပာ တာမဟုတ္ဘဲကိုယ့္ရဲ႕လုပ္ရပ္ကိုပဲေဝဖန္တယ္လို႔မွတ္ ပါ။ ကိုယ့္ကိုေဝဖန္တိုင္းကိုယ့္ကိုမႀကိဳက္လို႔၊ မုန္းလို႔ ပဲလို႔မေတြးလိုက္ပါနဲ႔။ ဒီအေတြးကကိုယ့္ကိုပိုၿပီးစိတ္ ပ်က္ေစသလိုမွန္ခ်င္မွလည္းမွန္မယ့္အေတြးမ်ိဳးျဖစ္ ပါတယ္။ 
(၅) ေဝဖန္ခံရျခင္းကိုအကူအညီတစ္ရပ္လိုသေဘာ ထားပါ။
    ေဝဖန္မႈတိုင္းမွာအေကာင္းဘက္ကိုဦး လွည့္ေပးႏိုင္တဲ့လွ်ိဳ႕ဝွက္ခ်က္ေတြရွိပါတယ္။ ေဝ ဖန္တယ္ဆိုတာလူေတြကကိုယ့္ကိုပိုေကာင္းေအာင္ လုပ္ေစခ်င္တဲ့ေစတနာလည္းျဖစ္ႏိုင္သလိုကိုယ့္အေပၚ မွာစိတ္ဝင္စားမႈရွိတဲ့လကၡဏာလည္းျဖစ္ပါတယ္။ ေကာင္းတာပဲေဝဖန္ေဝဖန္ ၊ အဆိုးကိုပဲသံုးသပ္သံုး သပ္ကိုယ့္ဘက္မွာစိတ္ထားတတ္ရင္ဒါဟာတိုးတက္ဖို႔ အခြင့္အေရးလည္းျဖစ္ပါတယ္။ 
(၆) ကိုယ့္ကိုယ္ကိုယ္ သိပ္စိတ္ပ်က္မသြားပါနဲ႔။
    လူတိုင္းမွားတတ္ပါတယ္။ ဒီအမွားေတြက ေနပဲအမွန္ဆိုတာ ျဖဴသလား ၊ မည္းသလားသိရတာ ျဖစ္ပါတယ္။စိတ္မပူပါနဲ႔။ အမွားလုပ္မိလို႔ေဝဖန္ခံရ တယ္ဆိုရင္ေတာင္ေနာက္တစ္ႀကိမ္မွန္ေအာင္လုပ္ မယ္ဆိုတဲ့စိတ္သြင္းၿပီးေဝဖန္မႈကေနအေျဖရွာလိုက္ပါ။
(၇) ေက်းဇူးစကားဆိုပါ။
     ကိုယ့္ကိုေဝဖန္သူဟာတစ္ခါတေလအမုန္းခံၿပီး ပညာသင္ေပးေနတဲ့ဆရာပါ။ သူ႔ကိုေက်းဇူးတင္လိုက္ပါ။ 


Ref: https://positivesharing.com/2013/07/7-steps-to-handle-criticism-at-work

Previous Next