10 Feb, 2020
အလုပ်သစ်အင်တာဗျူူးအတွက် ကိုယ့်ဘက်ကနေ ဘာတွေပြင်ဆင်သွားမလဲ

လက်ရှိအလုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် နောက်အလုပ်တစ်ခုကိုပြောင်းဖို့စဉ်းစားနေပြီလား။တိုး တက်မှုလမ်းမမြင်တာ၊လစာမတိုးတာနဲ့ အခွင့်အလမ်း မရှိတာတွေကြောင့်ဝန်ထမ်းတွေအများဆုံး အလုပ် ပြောင်းပါတယ်။ တချို့ကလည်းအလုပ်ထွက်ပြီး မှပြောင်းကြတာမျိုးရှိသလို၊ အများစုကတော့ လက်ရှိ လုပ်နေတဲ့အလုပ်မထွက်ခင်မှာပဲနောက်အလုပ်တစ်ခု ကြိုရှာထားကြပါတယ်။ 

    ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တစ်ခုကိုဘယ် လိုရှာမလဲ။ နောက်အလုပ်ကိုပြောင်းပြီးမှကိုယ်နဲ့အ ဆင်မပြေဘူးဆိုရင်အခုကြုံနေရတာထက်ပိုခက် ခဲသွားသလိုနှစ်ခုစလုံးကိုလက်လွှတ်လိုက်ရမှာပါ။ဒီ လိုမျိုးတွေမဖြစ်ရအောင်ကိုယ့်ကိုလက်ခံမယ့်အလုပ်အ သစ်ကိုအခုလိုမျိုးစဉ်းစားသင့်ပါတယ်။

ကြိုပြင်ဆင်ပါ
     အလုပ်အသစ်အတွက်အင်တာဗျူးခေါ်တဲ့ အခါကိုယ့်ဘက်ကနေကြိုတင်ပြင်ဆင်ထားသင့်တာ တွေချရေးထားပါ။ အထူးသဖြင့် လစာ၊ အခွင့်အရေး၊ ပိတ်ရက်နဲ့အချိန်ပိုတွေအတွက်မေးခွန်းတွေပြင်ဆင် ထားသင့်ပါတယ်။ လစာနဲ့ပတ်သက်ပြီးကိုယ့်လိုချင်တဲ့ ပမာဏကိုအင်တာဗျူးမှာပွင့်ပွင့်လင်းလင်းပြောတာအ ကောင်းဆုံးပါ။ 
      အင်တာဗျူးပြီးတဲ့အခါချက်ချင်းလက်ခံဖို့မ လိုသေးပါဘူး။ ကမ်းလှမ်းချက်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက်အချိန်ယူပြီးစဉ်းစားပါ။ စဉ်းစားနေတဲ့အချိန်မှာ နားမလည်တာတွေရှိရင်ဖုန်းဆက်မေးပါ။ အကယ်လို့ ကိုယ်အင်တာဗျူးထားတာနှစ်ခုဆိုရင်ယှဉ်တွဲပြီးသေ သေချာချာဆုံးဖြတ်ပါ။

ခံစားခွင့်များ
   ဝန်ထမ်းတစ်ဦးရဲ့ခံစားခွင့်တွေကိုအင်တာဗျူး တဲ့အခါပွင့်ပွင့်လင်းလင်းမေးပါ။ တချို့ကတော့ဒီခံ စားခွင့်တွေကိုအလုပ်ဝင်မှမေးတာမျိုးပြုလုပ်ကြပါ တယ်။ ဒီလိုမျိုးအလုပ်ဝင်မှ မေးတာကကိုယ့်အတွက် နစ်နာမှုတွေရှိလာနိုင်ပါတယ်။ အထူးသဖြင့်ခွင့်ရက် တွေကိုပွင့်ပွင့်လင်းလင်းမေးပါ။ နောက်ပြီးအချိန် ပိုလုပ်တာနဲ့ပတ်သက်ပြီးလည်းအင်တာဗျူးကတည်း က မေးဖို့သတိရပေးပါ။
လစာ
     ဝန်ထမ်းတွေအတွက်အရေးကြီးဆုံးအရာပါ။ အလုပ်နဲ့လစာညီမျှမှုရှိရဲ့လား။ မညီမျှဘူးဆိုရင်အလုပ် အသစ်မှာကြာကြာလုပ်နိုင်မှာမဟုတ်ပါဘူး။ အချိန် ပိုဆင်းရတဲ့အခါအချိန်ပိုကြေးပေးတာဒါမှမဟုတ်အ စားထိုးနားရက်ပြန်ပေးတာလားဆိုတာကိုလည်းမေးဖို့ မမေ့ပါနဲ့။ လစာကို ၂၈ ၊ လကုန် ၃၀ ရက် ဒါမှမဟုတ် ၃၁ရက်ဒါမှမဟုတ်၅ရက်မှပေးတာလားဆိုတာကို လည်းတစ်ခါတည်းမေးခဲ့ပါ။နောက်ပြီးလက်ရှိလုပ်နေတဲ့ အလုပ်နဲ့ကမ်းလှမ်းလာတဲ့အလုပ်သစ်ကိုယှဉ်တွဲစဉ်း စားဖို့လည်းလိုပါတယ်။

အချိန်ပိုင်းအလုပ်
      ကိုယ့်ရဲ့အားလပ်ချိန်တွေမှာကိုယ်ပိုင်အလုပ်၊ အချိန်ပိုင်းအလုပ်တွေလုပ်ခွင့်ရှိ၊ မရှိအင်တာဗျူးမှာ တစ်ခါတည်းမေးဖို့အရေးကြီးပါတယ်။ 

ကိုယ်ပိုင်အချိန်
    ဝန်ထမ်းတွေမှာကိုယ်ပိုင်အချိန်သီးသန့်ရှိဖို့လို ပါတယ်။ ရုံးဆင်းချိန်၊ ရုံးတက်ချိန်၊ ထမင်းစားချိန်နဲ့ ပိတ်ရက်တွေအကြောင်းကိုလည်းအင်တာဗျူးမှာက တည်းကမေးလာခဲ့ပါ။

ယဉ်ကျေးစွာငြင်းပါ
    ကိုယ်မကြိုက်ဘူးဆိုရင်အင်တာဗျူးမှာကတည်း ကယဉ်ကျေးစွာငြင်းပါ။ အကြောင်းပြချက်ခိုင်ခိုင်လုံ လုံနဲ့ ငြင်းပယ်တာပိုကောင်းပါတယ်။ 

အလုပ်အစီအစဉ်တွေကို တောင်းကြည့်ပါ
      ဘာတွေလုပ်ရမယ်ဆိုတာသိဖို့လိုပါတယ်။ ဒါ ကြောင့်အင်တာဗျူးမှာကတည်းကဘာတွေလုပ် ရမှာလဲဆိုတာတစ်ခါတည်းမေးပါ။ ဒါမှသာကိုယ်လုပ် နိုင်လား၊ မလုပ်နိုင်ဘူးလားဆိုတာရှင်းရှင်းလင်းလင်း သိမှာပါ။


Offer Letter
    အင်တာဗျူးပြီးတဲ့အခါကိုယ်ကဒီအလုပ်ကိုကြိုက် တယ်ဆိုရင်ဘယ်နေ့အလုပ်စဆင်းရမယ်ဆိုတာမေးပါ။ နောက်ပြီးကိုယ့်ရဲ့ Email ထဲကိုအလုပ်ခန့်စာပို့ခိုင်းဖို့ မမေ့ပါနဲ့။ 
    အလုပ်အသစ်အတွက် အင်တာဗျူးတဲ့အခါကိုယ့် ဘက်ကနေသေသေချာချာပြင်ဆင်သွားဖို့အရေးကြီးပါ တယ်။သိချင်တာတွေကိုလည်းအင်တာဗျူးမှာက တည်းကတစ်ခါတည်းမေးပါ။ မေးရမယ့်အရာတွေ များနေတယ်ဆိုရင်စာအုပ်ထဲချရေးထားပြီးအင်တာ ဗျူးဖြေမယ့်အခန်းထဲကိုယူသွားနိုင်ပါတယ်။
Emily

++++++++++++++++++++++++++++++++++

အလုပ္သစ္အင္တာဗ်ူဴးအတြက္ ကိုယ့္ဘက္ကေန ဘာေတြျပင္ဆင္သြားမလဲ

    လက္ရွိအလုပ္ကေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနာက္အလုပ္တစ္ခုကိုေျပာင္းဖို႔စဥ္းစားေနၿပီလား။တိုး တက္မႈလမ္းမျမင္တာ၊လစာမတိုးတာနဲ႔ အခြင့္အလမ္း မရွိတာေတြေၾကာင့္ဝန္ထမ္းေတြအမ်ားဆံုး အလုပ္ ေျပာင္းပါတယ္။ တခ်ိဳ႕ကလည္းအလုပ္ထြက္ၿပီး မွေျပာင္းၾကတာမ်ိဳးရွိသလို၊ အမ်ားစုကေတာ့ လက္ရွိ လုပ္ေနတဲ့အလုပ္မထြက္ခင္မွာပဲေနာက္အလုပ္တစ္ခု ႀကိဳရွာထားၾကပါတယ္။ 

    ကိုယ္နဲ႔ကိုက္ညီမယ့္အလုပ္တစ္ခုကိုဘယ္ လိုရွာမလဲ။ ေနာက္အလုပ္ကိုေျပာင္းၿပီးမွကိုယ္နဲ႔အ ဆင္မေျပဘူးဆိုရင္အခုႀကံဳေနရတာထက္ပိုခက္ ခဲသြားသလိုႏွစ္ခုစလံုးကိုလက္လႊတ္လိုက္ရမွာပါ။ဒီ လိုမ်ိဳးေတြမျဖစ္ရေအာင္ကိုယ့္ကိုလက္ခံမယ့္အလုပ္အ သစ္ကိုအခုလိုမ်ိဳးစဥ္းစားသင့္ပါတယ္။

ႀကိဳျပင္ဆင္ပါ
     အလုပ္အသစ္အတြက္အင္တာဗ်ဴးေခၚတဲ့ အခါကိုယ့္ဘက္ကေနႀကိဳတင္ျပင္ဆင္ထားသင့္တာ ေတြခ်ေရးထားပါ။ အထူးသျဖင့္ လစာ၊ အခြင့္အေရး၊ ပိတ္ရက္နဲ႔အခ်ိန္ပိုေတြအတြက္ေမးခြန္းေတြျပင္ဆင္ ထားသင့္ပါတယ္။ လစာနဲ႔ပတ္သက္ၿပီးကိုယ့္လိုခ်င္တဲ့ ပမာဏကိုအင္တာဗ်ဴးမွာပြင့္ပြင့္လင္းလင္းေျပာတာအ ေကာင္းဆံုးပါ။ 
      အင္တာဗ်ဴးၿပီးတဲ့အခါခ်က္ခ်င္းလက္ခံဖို႔မ လိုေသးပါဘူး။ ကမ္းလွမ္းခ်က္ကို တစ္ရက္ ဒါမွမဟုတ္ ႏွစ္ရက္အခ်ိန္ယူၿပီးစဥ္းစားပါ။ စဥ္းစားေနတဲ့အခ်ိန္မွာ နားမလည္တာေတြရွိရင္ဖုန္းဆက္ေမးပါ။ အကယ္လို႔ ကိုယ္အင္တာဗ်ဴးထားတာႏွစ္ခုဆိုရင္ယွဥ္တြဲၿပီးေသ ေသခ်ာခ်ာဆံုးျဖတ္ပါ။

ခံစားခြင့္မ်ား
   ဝန္ထမ္းတစ္ဦးရဲ႕ခံစားခြင့္ေတြကိုအင္တာဗ်ဴး တဲ့အခါပြင့္ပြင့္လင္းလင္းေမးပါ။ တခ်ိဳ႕ကေတာ့ဒီခံ စားခြင့္ေတြကိုအလုပ္ဝင္မွေမးတာမ်ိဳးျပဳလုပ္ၾကပါ တယ္။ ဒီလိုမ်ိဳးအလုပ္ဝင္မွ ေမးတာကကိုယ့္အတြက္ နစ္နာမႈေတြရွိလာႏိုင္ပါတယ္။ အထူးသျဖင့္ခြင့္ရက္ ေတြကိုပြင့္ပြင့္လင္းလင္းေမးပါ။ ေနာက္ၿပီးအခ်ိန္ ပိုလုပ္တာနဲ႔ပတ္သက္ၿပီးလည္းအင္တာဗ်ဴးကတည္း က ေမးဖို႔သတိရေပးပါ။

လစာ
     ဝန္ထမ္းေတြအတြက္အေရးႀကီးဆံုးအရာပါ။ အလုပ္နဲ႔လစာညီမွ်မႈရွိရဲ႕လား။ မညီမွ်ဘူးဆိုရင္အလုပ္ အသစ္မွာၾကာၾကာလုပ္ႏိုင္မွာမဟုတ္ပါဘူး။ အခ်ိန္ ပိုဆင္းရတဲ့အခါအခ်ိန္ပိုေၾကးေပးတာဒါမွမဟုတ္အ စားထိုးနားရက္ျပန္ေပးတာလားဆိုတာကိုလည္းေမးဖို႔ မေမ့ပါနဲ႔။ လစာကို ၂၈ ၊ လကုန္ ၃၀ ရက္ ဒါမွမဟုတ္ ၃၁ရက္ဒါမွမဟုတ္၅ရက္မွေပးတာလားဆိုတာကို လည္းတစ္ခါတည္းေမးခဲ့ပါ။ေနာက္ၿပီးလက္ရွိလုပ္ေနတဲ့ အလုပ္နဲ႔ကမ္းလွမ္းလာတဲ့အလုပ္သစ္ကိုယွဥ္တြဲစဥ္း စားဖို႔လည္းလိုပါတယ္။

အခ်ိန္ပိုင္းအလုပ္
      ကိုယ့္ရဲ႕အားလပ္ခ်ိန္ေတြမွာကိုယ္ပိုင္အလုပ္၊ အခ်ိန္ပိုင္းအလုပ္ေတြလုပ္ခြင့္ရွိ၊ မရွိအင္တာဗ်ဴးမွာ တစ္ခါတည္းေမးဖို႔အေရးႀကီးပါတယ္။ 

ကိုယ္ပိုင္အခ်ိန္
    ဝန္ထမ္းေတြမွာကိုယ္ပိုင္အခ်ိန္သီးသန္႔ရွိဖို႔လို ပါတယ္။ ႐ံုးဆင္းခ်ိန္၊ ႐ံုးတက္ခ်ိန္၊ ထမင္းစားခ်ိန္နဲ႔ ပိတ္ရက္ေတြအေၾကာင္းကိုလည္းအင္တာဗ်ဴးမွာက တည္းကေမးလာခဲ့ပါ။

ယဥ္ေက်းစြာျငင္းပါ
    ကိုယ္မႀကိဳက္ဘူးဆိုရင္အင္တာဗ်ဴးမွာကတည္း ကယဥ္ေက်းစြာျငင္းပါ။ အေၾကာင္းျပခ်က္ခိုင္ခိုင္လံု လံုနဲ႔ ျငင္းပယ္တာပိုေကာင္းပါတယ္။ 

အလုပ္အစီအစဥ္ေတြကို ေတာင္းၾကည့္ပါ
      ဘာေတြလုပ္ရမယ္ဆိုတာသိဖို႔လိုပါတယ္။ ဒါ ေၾကာင့္အင္တာဗ်ဴးမွာကတည္းကဘာေတြလုပ္ ရမွာလဲဆိုတာတစ္ခါတည္းေမးပါ။ ဒါမွသာကိုယ္လုပ္ ႏိုင္လား၊ မလုပ္ႏိုင္ဘူးလားဆိုတာရွင္းရွင္းလင္းလင္း သိမွာပါ။

Offer Letter
    အင္တာဗ်ဴးၿပီးတဲ့အခါကိုယ္ကဒီအလုပ္ကိုႀကိဳက္ တယ္ဆိုရင္ဘယ္ေန႔အလုပ္စဆင္းရမယ္ဆိုတာေမးပါ။ ေနာက္ၿပီးကိုယ့္ရဲ႕ Email ထဲကိုအလုပ္ခန္႔စာပို႔ခိုင္းဖို႔ မေမ့ပါနဲ႔။ 
    အလုပ္အသစ္အတြက္ အင္တာဗ်ဴးတဲ့အခါကိုယ့္ ဘက္ကေနေသေသခ်ာခ်ာျပင္ဆင္သြားဖို႔အေရးႀကီးပါ တယ္။သိခ်င္တာေတြကိုလည္းအင္တာဗ်ဴးမွာက တည္းကတစ္ခါတည္းေမးပါ။ ေမးရမယ့္အရာေတြ မ်ားေနတယ္ဆိုရင္စာအုပ္ထဲခ်ေရးထားၿပီးအင္တာ ဗ်ဴးေျဖမယ့္အခန္းထဲကိုယူသြားႏိုင္ပါတယ္။

Emily

Previous Next