10 Feb, 2020
ဝန်ထမ်းမှသည် လုပ်ငန်းရှင်သို့ 

လုပ်ငန်းခွင်တစ်ခုမှာ နည်းစနစ်တွေ၊ စက်ကိရိယာတွေနဲ့ လုပ်သားအင်အားတွေကို မျှတစွာအသုံးချမှ လုပ်ငန်းတိုးတက်အောင်မြင် မှာပါ။ လုပ်ငန်းတိုးတက်အောင်မြင်ဖို့ သင့်တော်တဲ့ စီမံခန့်ခွဲမှုတွေကို ပြုလုပ်နိုင်ရမယ်။ လုပ်သား အင်အား စီမံခန့်ခွဲတဲ့အခါ ကိုယ်ချင်းစာမှု၊ လေးစား မှု၊ တန်းတူအခွင့်အရေးပေးမှုနဲ့ တရားမျှတမှု ရှိဖို့ စတာတွေက အခြေခံအကျဆုံးပါ။
လုပ်ငန်းရှင်အစ ဝန်ထမ်းက
    လုပ်ငန်းရှင်တိုင်းက ဝန်ထမ်းဘဝက စခဲ့တာ မဟုတ်ပေမဲ့ တချို့တွေက ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်လာတာမို့ စာနာနားလည် မှု ပိုရှိနိုင်ပါတယ်။ စာနာနားလည်မှုက ပြောတော့ သာလွယ်တယ်ထင်ရတာ ကိုယ်တိုင်မခံစားရ သေးတဲ့ကိစ္စတွေ၊ အတွေ့အကြုံတွေအတွက်  ခံစားပေးဖို့ မလွယ်ပါဘူး။ ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင် ဖြစ်လာတဲ့သူတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက် အခက်အခဲတွေကို တော်တော် များများ ပိုသိနိုင်ပါတယ်။ ဝန်ထမ်းဘက်ကရော လုပ်ငန်းရှင်ဘက်က အနေအထားနှစ်ခုလုံးကို တွေ့ကြုံပြီးသားဖြစ်တဲ့အတွက် လုပ်ငန်းရဲ့ လိုအပ်ချက်တွေအတွက် နည်းလမ်းမှန်တွေကို အကောင်းဆုံးချမှတ်နိုင်ပါတယ်။

မန်နေဂျာနှင့်လက်အောက်ဝန်ထမ်း ယုံကြည်မှု တည်ဆောက်ခြင်း
    လုပ်ငန်းရှင်တစ်ယောက်က မန်နေဂျာမှ စပြီး အောက်ခြေဝန်ထမ်းထိ လူမှန်နေရာမှန် တာဝန် ခွဲဝေပေးနိုင်ရပါမယ်။ အလုပ်စဝင်ကတည်းက ရာထူးအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ရှင်းလင်းအောင် ပြောပြထားသင့်ပါတယ်။ လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲဖို့ မန်နေဂျာကို တာဝန်ပေးထားတယ်ဆိုပါစို့။ မန်နေဂျာကောင်း တစ်ယောက်ရရှိဖို့ လုပ်ငန်းရှင်ဘက်က ယုံကြည်မှု ရှိစွာ လုပ်ပိုင်ခွင့်ကို အပြည့်အဝပေးထားရပါမယ်။ 

    မန်နေဂျာကောင်းတစ်ယောက်သည် လုပ်ပိုင် ခွင့်အာဏာကို အသုံးပြုရာတွင် စည်းကမ်းတကျ အသုံးချဖို့ လိုပါတယ်။ မန်နေဂျာတစ်ယောက်က လက်အောက်ဝန်ထမ်းတွေအပေါ် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ခွဲဝေပေးရာတွင် ဘက်လိုက် မှုမရှိဘဲ မျှတတဲ့တာဝန်ပေးရမယ်။ ဝန်ထမ်း ပြဿနာကို ဖြေရှင်းရာမှာလည်း တစ်ဖက်တည်းက စကားကို နားမထောင်ဘဲ နှစ်ဖက်မျှစွာ နားထောင် ပြီး တရားသဖြင့် အဆုံးအဖြတ်ပေးရပါမယ်။ ဝန်ထမ်းတွေ တစ်ဦးနဲ့တစ်ဦး လေးစားတန်ဖိုးထား မှုရှိပြီး လုပ်ငန်းတိုးတက်မှု ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်အောင် လမ်းညွှန်မှုတွေ ပေးနိုင် ရပါမယ်။ လုပ်ငန်းရှင်ထံ ဝန်ထမ်းတွေရဲ့ အခြေ အနေကိုတင်ပြရာမှာလည်း ဝေဖန်ပိုင်းခြား သုံးသပ်ပြီး ကိုယ့်မှာရှိတဲ့ အချက်အလက်တွေကို အပိုအလိုမရှိ အသေးစိတ် ရှင်းလင်းတင်ပြ ရပါ မယ်။ ဒီလိုအခြေခံအချက်လေးတွေကို လိုက်နာ ကျင့်သုံးတဲ့ မန်နေဂျာတစ်ယောက် အတွက် ဝန်ထမ်းတွေဆီက အားကိုးယုံကြည်မှုကိုရစေမှာ သေချာပါတယ်။

အောင်မြင်မှုရလဒ်ကောင်းရဖို့ ဝန်ထမ်းကို ဘယ်လိုစည်းရုံးမလဲ
    လုပ်ငန်းခွင်ထဲရောက်နေတဲ့ ဝန်ထမ်းတွေ အားလုံးရင်ထဲမှာ စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှု တွေ ရှိပါတယ်။ သူတို့ကို တာဝန်တွေနဲ့ ကိုယ်ရေး ကိုယ်တာမရောထွေးစေဘဲ လုပ်ငန်းခွင်ထဲမှာ  ပျော်ရွှင်တက်ြွကအောင် အရင်စည်းရုံးသင့်ပါ တယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု စည်းရုံးတဲ့ နည်းလမ်း တွေ မတူနိုင်ပါဘူး။
ဥပမာ - နည်းပညာ ကုမ္ပဏီတစ်ခုဆိုပါစို့။ ဝန်ထမ်းတွေကို အလုပ်ချိန် အတိအကျ သတ်မှတ် တာထက် သူတို့ရဲ့ပရောဂျက်အလိုက် အလုပ်ချိန် သတ်မှတ်ပေးတာမျိုး၊ ပရောဂျက်လုပ်ပြီဆို ကတည်းက ွှနောတသမု အင်အားနဲ့ လုပ်ရတာ ကြောင့်သတ်မှတ်ထားတဲ့အတိုင်း ပရောဂျက် အောင်မြင်စွာ ပြီးဆုံးသွားတဲ့အခါ ဏမသနြခအ ွှနော ကို ခရီးတိုတစ်ခုပေးထွက်ပြီး အနားယူစေ တာမျိုးစသဖြင့် တခြားမတူညီတဲ့ နည်းလမ်း ကောင်းတွေနဲ့လည်း ဝန်ထမ်းတွေကို စည်းရုံးနိုင် ပါတယ်။ အောင်မြင်မှုရလဒ်ကောင်းတွေ ပိုင်ဆိုင် ချင်တဲ့အခါ ဝန်ထမ်းအင်အားကို မေ့ထားလို့မရပါ ဘူး။ ဝန်ထမ်းတွေဘက်ကလည်း မိမိရရှိတဲ့ အခွင့် အရေးကောင်း တွေကို လက်လွတ်မခံဘဲတာဝန် ယူမှုအပြည့်နဲ့ စံနှုန်းမှီတဲ့ ဝန်ထမ်းကောင်းတွေ အဖြစ် လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်တက်ြွကစွာ နေသင့်ပါတယ်။

ဝန်ထမ်းမှသည် လုပ်ငန်းရှင်သို့
    အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ စီမံခန့်ခွဲမှု၊ တရားမျှတတဲ့အုပ်ချုပ်မှု၊ လေးစားတန်ဖိုးထားမှု၊ စာနာနားလည်မှုစတဲ့ အခြေခံအကျဆုံး အချက်တွေကို လိုက်နာ ကျင့်သုံးသင့်ပါတယ်။ သင့်ကုမ္ပဏီမှာ ဝန်ထမ်း အဖြစ်ရောက်လာတဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေကို ဝန်ထမ်းကောင်းဖြစ်အောင် အရင်ပြုစု ပျိုးထောင် ပြီး ဝန်ထမ်းကောင်းမှသည် လုပ်ငန်းရှင် ကောင်း တွေဖြစ်လာဖို့ လမ်းညွှန်ပြသပေးနိုင်တဲ့သူများ ဖြစ်နိုင်ကြပါစေ။

    ကျနော်တို့ကမ္ဘာကြီး အတ္တမာနာတွေ ကင်းပြီး အနာဂတ်ဘဝတွေ ပိုမိုလှပလာစေဖို့ လုပ်ငန်းတစ်ခုချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်။ နေရာတိုင်းမှာ ကိုယ်ချင်းစာမှု၊ လေးစားတန်ဖိုး ထားမှု၊ စာနာနားလည်မှုတွေနဲ့ အလှပဆုံး ပုံဖော် ဖန်တီးကြမယ်ဆိုရင် ပိုမိုလှပတဲ့ အနာဂတ် ဘဝကို ပိုင်ဆိုင်ဖို့ အလှမ်းမဝေးတော့ဘူးဆိုတာ ကျနော် သေချာပြောရဲပါတယ်။


အဖြူရောင်

++++++++++++++++++++++++++++++++++++++

ဝန်ထမ်းမှသည် လုပ်ငန်းရှင်သို့

    လုပ္ငန္းခြင္တစ္ခုမွာ နည္းစနစ္ေတြ၊ စက္ကိရိယာေတြနဲ႔ လုပ္သားအင္အားေတြကို မွ်တစြာအသံုးခ်မွ လုပ္ငန္းတိုးတက္ေအာင္ျမင္ မွာပါ။ လုပ္ငန္းတိုးတက္ေအာင္ျမင္ဖို႔ သင့္ေတာ္တဲ့ စီမံခန္႔ခြဲမႈေတြကို ျပဳလုပ္ႏိုင္ရမယ္။ လုပ္သား အင္အား စီမံခန္႔ခြဲတဲ့အခါ ကိုယ္ခ်င္းစာမႈ၊ ေလးစား မႈ၊ တန္းတူအခြင့္အေရးေပးမႈနဲ႔ တရားမွ်တမႈ ရွိဖို႔ စတာေတြက အေျခခံအက်ဆံုးပါ။

လုပ္ငန္းရွင္အစ ဝန္ထမ္းက
    လုပ္ငန္းရွင္တိုင္းက ဝန္ထမ္းဘဝက စခဲ့တာ မဟုတ္ေပမဲ့ တခ်ိဳ႕ေတြက ဝန္ထမ္းဘဝကေန ကို္ယ္ပိုင္လုပ္ငန္းရွင္ျဖစ္လာတာမို႔ စာနာနားလည္ မႈ ပိုရွိႏိုင္ပါတယ္။ စာနာနားလည္မႈက ေျပာေတာ့ သာလြယ္တယ္ထင္ရတာ ကိုယ္တိုင္မခံစားရ ေသးတဲ့ကိစၥေတြ၊ အေတြ႕အႀကံဳေတြအတြက္  ခံစားေပးဖို႔ မလြယ္ပါဘူး။ ဝန္ထမ္းဘဝကေန လုပ္ငန္းရွင္ ျဖစ္လာတဲ့သူတစ္ေယာက္အေနနဲ႔ ဝန္ထမ္းေတြရဲ႕ လိုအပ္ခ်က္၊ အားသာခ်က္၊ အားနည္းခ်က္ အခက္အခဲေတြကို ေတာ္ေတာ္ မ်ားမ်ား ပိုသိႏိုင္ပါတယ္။ ဝန္ထမ္းဘက္ကေရာ လုပ္ငန္းရွင္ဘက္က အေနအထားႏွစ္ခုလံုးကို ေတြ႕ႀကံဳၿပီးသားျဖစ္တဲ့အတြက္ လုပ္ငန္းရဲ႕ လိုအပ္ခ်က္ေတြအတြက္ နည္းလမ္းမွန္ေတြကို အေကာင္းဆံုးခ်မွတ္ႏိုင္ပါတယ္။

မန္ေနဂ်ာႏွင့္လက္ေအာက္ဝန္ထမ္း ယံုၾကည္မႈ တည္ေဆာက္ျခင္း
    လုပ္ငန္းရွင္တစ္ေယာက္က မန္ေနဂ်ာမွ စၿပီး ေအာက္ေျခဝန္ထမ္းထိ လူမွန္ေနရာမွန္ တာဝန္ ခြဲေဝေပးႏိုင္ရပါမယ္။ အလုပ္စဝင္ကတည္းက ရာထူးအလိုက္ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြကို ရွင္းလင္းေအာင္ ေျပာျပထားသင့္ပါတယ္။ လုပ္ငန္းခြင္အတြင္း စီမံခန္႔ခြဲဖို႔ မန္ေနဂ်ာကို တာဝန္ေပးထားတယ္ဆိုပါစို႔။ မန္ေနဂ်ာေကာင္း တစ္ေယာက္ရရွိဖို႔ လုပ္ငန္းရွင္ဘက္က ယံုၾကည္မႈ ရွိစြာ လုပ္ပိုင္ခြင့္ကို အျပည့္အဝေပးထားရပါမယ္။ 

    မန္ေနဂ်ာေကာင္းတစ္ေယာက္သည္ လုပ္ပိုင္ ခြင့္အာဏာကို အသံုးျပဳရာတြင္ စည္းကမ္းတက် အသံုးခ်ဖို႔ လိုပါတယ္။ မန္ေနဂ်ာတစ္ေယာက္က လက္ေအာက္ဝန္ထမ္းေတြအေပၚ သက္ဆိုင္ရာ ဌာနအလိုက္ တာဝန္ခြဲေဝေပးရာတြင္ ဘက္လိုက္ မႈမရွိဘဲ မွ်တတဲ့တာဝန္ေပးရမယ္။ ဝန္ထမ္း ျပႆနာကို ေျဖရွင္းရာမွာလည္း တစ္ဖက္တည္းက စကားကို နားမေထာင္ဘဲ ႏွစ္ဖက္မွ်စြာ နားေထာင္ ၿပီး တရားသျဖင့္ အဆံုးအျဖတ္ေပးရပါမယ္။ ဝန္ထမ္းေတြ တစ္ဦးနဲ႔တစ္ဦး ေလးစားတန္ဖိုးထား မႈရွိၿပီး လုပ္ငန္းတိုးတက္မႈ ရလဒ္ေကာင္းေတြ ေဖာ္ေဆာင္ႏိုင္ေအာင္ လမ္းၫႊန္မႈေတြ ေပးႏိုင္ ရပါမယ္။ လုပ္ငန္းရွင္ထံ ဝန္ထမ္းေတြရဲ႕ အေျခ အေနကိုတင္ျပရာမွာလည္း ေဝဖန္ပိုင္းျခား သံုးသပ္ၿပီး ကိုယ့္မွာရွိတဲ့ အခ်က္အလက္ေတြကို အပိုအလိုမရွိ အေသးစိတ္ ရွင္းလင္းတင္ျပ ရပါ မယ္။ ဒီလိုအေျခခံအခ်က္ေလးေတြကို လိုက္နာ က်င့္သံုးတဲ့ မန္ေနဂ်ာတစ္ေယာက္ အတြက္ ဝန္ထမ္းေတြဆီက အားကိုးယံုၾကည္မႈကိုရေစမွာ ေသခ်ာပါတယ္။

ေအာင္ျမင္မႈရလဒ္ေကာင္းရဖို႔ ဝန္ထမ္းကို ဘယ္လိုစည္း႐ံုးမလဲ
    လုပ္ငန္းခြင္ထဲေရာက္ေနတဲ့ ဝန္ထမ္းေတြ အားလံုးရင္ထဲမွာ စိတ္ဖိစီးမႈေတြ၊ အဆင္မေျပမႈ ေတြ ရွိပါတယ္။ သူတို႔ကို တာဝန္ေတြနဲ႔ ကိုယ္ေရး ကိုယ္တာမေရာေထြးေစဘဲ လုပ္ငန္းခြင္ထဲမွာ  ေပ်ာ္ရႊင္တက္ျြကေအာင္ အရင္စည္း႐ံုးသင့္ပါ တယ္။ ကုမၸဏီတစ္ခုနဲ႔တစ္ခု စည္း႐ံုးတဲ့ နည္းလမ္း ေတြ မတူႏိုင္ပါဘူး။
ဥပမာ - နည္းပညာ ကုမၸဏီတစ္ခုဆိုပါစို႔။ ဝန္ထမ္းေတြကို အလုပ္ခ်ိန္ အတိအက် သတ္မွတ္ တာထက္ သူတို႔ရဲ႕ပေရာဂ်က္အလိုက္ အလုပ္ခ်ိန္ သတ္မွတ္ေပးတာမ်ိဳး၊ ပေရာဂ်က္လုပ္ၿပီဆို ကတည္းက ႊနောတသမု အင္အားနဲ႔ လုပ္ရတာ ေၾကာင့္သတ္မွတ္ထားတဲ့အတိုင္း ပေရာဂ်က္ ေအာင္ျမင္စြာ ၿပီးဆံုးသြားတဲ့အခါ ဏမသျနခအ ႊနော ကို ခရီးတိုတစ္ခုေပးထြက္ၿပီး အနားယူေစ တာမ်ိဳးစသျဖင့္ တျခားမတူညီတဲ့ နည္းလမ္း ေကာင္းေတြနဲ႔လည္း ဝန္ထမ္းေတြကို စည္း႐ံုးႏိုင္ ပါတယ္။ ေအာင္ျမင္မႈရလဒ္ေကာင္းေတြ ပိုင္ဆိုင္ ခ်င္တဲ့အခါ ဝန္ထမ္းအင္အားကို ေမ့ထားလို႔မရပါ ဘူး။ ဝန္ထမ္းေတြဘက္ကလည္း မိမိရရွိတဲ့ အခြင့္ အေရးေကာင္း ေတြကို လက္လြတ္မခံဘဲတာဝန္ ယူမႈအျပည့္နဲ႔ စံႏႈန္းမွီတဲ့ ဝန္ထမ္းေကာင္းေတြ အျဖစ္ လုပ္ငန္းခြင္ထဲမွာ ေပ်ာ္ရႊင္တက္ျြကစြာ ေနသင့္ပါတယ္။

ဝန္ထမ္းမွသည္ လုပ္ငန္းရွင္သို႔
    ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လာဖို႔ စီမံခန္႔ခြဲမႈ၊ တရားမွ်တတဲ့အုပ္ခ်ဳပ္မႈ၊ ေလးစားတန္ဖိုးထားမႈ၊ စာနာနားလည္မႈစတဲ့ အေျခခံအက်ဆံုး အခ်က္ေတြကို လိုက္နာ က်င့္သံုးသင့္ပါတယ္။ သင့္ကုမၸဏီမွာ ဝန္ထမ္း အျဖစ္ေရာက္လာတဲ့ ကိုယ့္ရဲ႕ဝန္ထမ္းေတြကို ဝန္ထမ္းေကာင္းျဖစ္ေအာင္ အရင္ျပဳစု ပ်ိဳးေထာင္ ၿပီး ဝန္ထမ္းေကာင္းမွသည္ လုပ္ငန္းရွင္ ေကာင္း ေတြျဖစ္လာဖို႔ လမ္းၫႊန္ျပသေပးႏိုင္တဲ့သူမ်ား ျဖစ္ႏိုင္ၾကပါေစ။

    က်ေနာ္တို႔ကမၻာႀကီး အတၲမာနာေတြ ကင္းၿပီး အနာဂတ္ဘဝေတြ ပိုမိုလွပလာေစဖို႔ လုပ္ငန္းတစ္ခုခ်င္းစီတိုင္းမွာ တာဝန္ရွိပါတယ္။ ေနရာတိုင္းမွာ ကိုယ္ခ်င္းစာမႈ၊ ေလးစားတန္ဖိုး ထားမႈ၊ စာနာနားလည္မႈေတြနဲ႔ အလွပဆံုး ပံုေဖာ္ ဖန္တီးၾကမယ္ဆိုရင္ ပိုမိုလွပတဲ့ အနာဂတ္ ဘဝကို ပိုင္ဆိုင္ဖို႔ အလွမ္းမေဝးေတာ့ဘူးဆိုတာ က်ေနာ္ ေသခ်ာေျပာရဲပါတယ္။


အျဖဴေရာင္

Previous Next