10 Feb, 2020
လှေနံဓားထစ် အဖြေရယ်လို့မရှိပါ

ဆုံးဖြတ်ချက်ချတယ်ဆိုတဲ့နေရာမှာ သတင်း အချက်အလက်က သိပ်အရေးကြီးတယ်။ များများ သိတဲ့သူကပိုပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်။ ဥပမာဆိုပါတော့။ ဆိုင်တစ်ဆိုင်ကိုသွားတယ်။ အဲဒီ ဆိုင်ရှေ့မှာ ကားရပ်စရာနေရာ ရှိသေးလား၊ မရှိတော့ ဘူးလားဆိုတာကိုကြိုသိရင် ကားယူလာခဲ့ရမလား၊ တက္ကဆီနဲ့လာရမလားဆိုတာကို ဆုံးဖြတ်ရလွယ်တယ် လေ။ မှန်ဖို့လည်းများတာပေါ့။
    ကျနော်တို့စာဖတ်တယ်၊ ဟောပြောပွဲနားထောင် တယ်။ ဒါမှမဟုတ် လူကြီးတွေ၊ ကိုယ့်ထက် ပညာ အားဖြင့်၊ အတွေ့အကြုံအားဖြင့် ကြီးတဲ့သူတွေကို မေးခွန်းမေးတယ်၊ ဆည်းကပ်တယ်ဆိုတာလည်း တကယ်တော့ ဒီသဘောပဲ။ ကိုယ့်ဟာနဲ့ကိုယ် ဒီလမ်း ကိုဖြတ်မယ့်အစား ရှေ့ကဖြတ်သွားနှင့်ပြီးသား လူတွေ ဆီကနေအတွေ့အကြုံကို မေးလိုက်တယ်။ ဒီအခါ ကိုယ့်အလှည့်ကျပိုပြီး လွယ်လွယ်ကူကူ အဆင်ပြေပြေ ဖြတ်နိုင်သွားတယ်။ ဒါကြောင့် စာဖတ်ကြ၊ ဟောပြော ပွဲတွေနားထောင်ကြ၊ လူကြီးသူမတွေဆီကနေဆို ဆုံးမ မှုခံယူကြဖို့လိုအပ်တယ်။
    သို့သော် ဒါနဲ့တင်လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ ထည့်စဉ်းစားရမှာလေးတွေ ရှိသေးတယ်။ ဥပမာ ဟိုးအရင် နှစ် ၃၀ လောက်က လူငယ်တစ်ယောက် ဖြတ်ရတဲ့လမ်းနဲ့ ဒီနေ့ခေတ် လူငယ်တစ်ယောက် ဖြတ်ရတဲ့လမ်းချင်းက မတူတော့ ဘူး။ ဒါကြောင့် ရှေ့ကလူရဲ့ အတွေ့အကြုံတစ်ခုတည်း ကိုပဲ နားထောင်နေလို့မရဘူး။ ဒီနေ့ခေတ်က ဘာတွေ တောင်းဆိုနေလဲ။ ခေတ်ရဲ့စိန်ခေါ်မှုတွေက ဘာရှိလဲ။ ဒါတွေကိုလည်း ထည့်စဉ်းစားရမယ်။ ကိုယ်ဖတ်တဲ့စာ၊ ကိုယ်မေးတဲ့ ဆရာသမားကသူ့ခေတ်သူ့အခါတင် မဟုတ်ဘဲ ဒီခေတ်ကိုလည်း တီးမိခေါက်မိရှိရမယ်။ ကျယ်ကျယ်ပြန့်ပြန့်အကြံပေးနိုင်တာမျိုး ဖြစ်သင့် တယ်။ သမိုင်းကိုမသိရင် အနေမှာဖြစ်သလို၊ ခေတ်ကို မျက်ခြည်ပြတ်သွားရင်လည်း နောက်မှာ ကျန် နေခဲ့လိမ့်မယ်။ ဒါကတစ်ချက်။
    နောက်တစ်ချက်ကတစ်ယောက်နဲ့တစ်ယောက် ရဲ့ ဘဝတွေကမတူကြဘူး။ ပေးလာတဲ့ ပေးထားချက် ချင်းလည်း မတူသလိုယှဉ်ပြိုင်ရတဲ့ ကစားကွင်းချင်း လည်းမတူဘူး။ နောက်ပြီး ကြိုမမြင်နိုင်တဲ့ ကံတရား ဆိုတာလည်းရှိသေးတယ်။ အောင်မြင်သူတစ်ယောက် ကိုတွေ့တဲ့အခါ သူဘယ်လိုကြိုးစားလို့၊ ဘယ်လို အချက်တွေကြောင့် အောင်မြင်တယ်ဆိုတာမျိုး ပြောကြတယ်။ ဒီအခါ ကျနော်တို့ကလည်း အတုယူ ချင်ကြတယ်။ ဒါပေမဲ့ ပြဿနာက သူနဲ့ကိုယ်နဲ့က အခြေအနေချင်း ထပ်တူကျမနေတာပဲ။ ၤသကညိအေငသည ချင်း မတူတာကိုမေ့ပြီး အထပ်မြင့်တာကိုပဲ တူအောင် လုပ်ဖို့ ကြိုးစားတဲ့အခါ အခြေမခိုင်ဖြစ်ပြီး ဒုက္ခတွေ ရောက်ရော။ 
    ဥပမာဆိုပါတော့။ ဘယ်သူကမှ အားမပေး၊ အတိုက်အခံတွေလုပ်တဲ့ကြားက ရူးရူးမိုက်မိုက်နဲ့ ကြိုးစားပြီး အောင်မြင်လာခဲ့သူတွေအကြောင်း ကျနော်တို့ ဖတ်ဖူးတယ်။ ဒီအခါ အားတက်တယ်။ ကိုယ့်ဘဝမှာလည်း အဲ့လိုပဲ ဘယ်သူဘာပြောပြော နောက်မဆုတ်စတမ်း ကြိုးစားလိုက်မယ်၊ မဖြစ်နိုင်ဘူး ပြောခဲ့တဲ့သူတွေကို အောင်မြင်မှုယူပြပြီး ပါးစပ်ပိတ် ပစ်မယ် စသဖြင့်ကြုံးဝါးကြတယ်။ တကယ်တမ်း ကျနော်တို့ မမြင်တာက ဘယ်လောက်ကြိုးစားကြိုးစား လည်း မဖြစ်နိုင်ခဲ့တဲ့၊ ကျရှုံးခဲ့တဲ့သူတွေ အများကြီး ရှိနေတာကိုပဲ။
    စိတ်ဓာတ်ကျသွားဖို့ပြောတာ မဟုတ်ဘူး။ သူများ စကားနားယောင်ဖို့လည်းမဟုတ်ဘူး။ အဲ့လို ရူးရူးမိုက် မိုက် မလုပ်ခင်မှာအဘက်ဘက်က တွက်ဆစေချင် တာ။ အနုပညာရှင်တစ်ယောက်တော့ ဖြစ်ချင်တာပဲ။ ကိုယ့်မှာက ပင်ကိုပါရမီ ပါမလာတဲ့အခါ၊ စန်းမရှိတဲ့ အခါ ဘယ်လိုလုပ်မလဲ။ စာရေးဆရာတစ်ယောက်ကို စာဘယ်လိုရေးလဲ မေးကြည့်၊ လိုက်ရေးကြည့်။ ဘယ်တော့မှ သူ့လိုမဖြစ်ဘူး။ ဘာလို့ဆိုတော့ ပါရမီ ကြောင့်။ အဆိုပြိုင်ပွဲမှာ ပထမရတိုင်းလည်း ပရိသတ် အားပေးတဲ့ အဆိုတော်ဖြစ်လာတာ မဟုတ်ဘူး။ ဒီလိုလေး မြင်စေချင်တာ။ 
    အဆိုတော်တစ်ယောက် ပထမတစ်ခွေထွက် တယ်။ မအောင်မြင်ဘူး။ ဒါပေမဲ့ သူက ဆက်ကြိုးစား တယ်။ လက်မလျှော့ဘူး။ အဲ့လိုနဲ့ နောက်တစ်ခွေ ထွက်တော့မှ လျှမ်းလျှမ်းတောက် ဖြစ်သွားတယ်။ ဒီတော့ သူကပြောတယ်၊ လဲကျတိုင်း ပြန်ထပါ။ အရှုံးမပေးပါနဲ့တဲ့။
    အဲ့လိုနဲ့ ကိုယ်က တစ်ခွေထုတ်တယ်။ မအောင် မြင်ဘူး။ နောက်တစ်ခွေ ထုတ်တယ်။ မအောင်မြင် ပြန်ဘူး။ အဲ့လိုနဲ့ နောက်တစ်ခွေ၊ နောက်တစ်ခွေ၊ နောက်တစ်ခွေ။ အောင်ကို မအောင်မြင်ဘူး။ ဘာလို့ ဆိုတော့ အဆိုတော်တစ်ယောက်ရဲ့ အောင်မြင်မှုက အခွေအရေအတွက်ပေါ်မူတည်တာ မဟုတ်သလို အရှုံးမပေးဘူးဆိုရုံနဲ့လည်းမပြီးဘူး။ သူ့ရဲ့ ဝမ်းစာ၊ အနုပညာပါရမီတွေနဲ့ဆိုင်တာ။ ဒါကိုလည်း ထည့်စဉ်း စားရမယ်။ 
    ပြောချင်တာက အောင်မြင်မှုအကြောင်း ပြော ကြတဲ့နေရာမှာ ကျနော်တို့ဟာ မျက်မမြင်ပုဏ္ဏား ၆ ယောက်လိုပဲ။ ကိုယ်စမ်းမိတာ ကိုယ်ပြောတာ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံပေါ် မူတည်ပြီးပဲ ပြောကြတာ။ ခေါင်းမာမာနဲ့ ဆက်လုပ်ရင်း အောင်မြင်သွားသူက လဲကျရင်ပြန်ထလို့ပြောမယ်။ အဲ့လိုဆက်လုပ်ရင်း ဒုက္ခရောက်သွားသူကတော့ သူ့လို မမှားဖို့ပြောမယ်။ ဘယ်သူ မှန်တယ်၊ မှားတယ် မရှိဘူး။ ကိုယ့်အတွေ့အကြုံပေါ် သုံးသပ်ပြီး ပြောတာ ပဲ။ နားထောင်တဲ့ လူငယ်တွေကတော့ အဘက်ဘက် က ချင့်ချိန်ပြီးနားထောင်ဖို့လိုမယ်။ ဒါမှသာ ကျယ်ပြန့် တဲ့ အမြင်တစ်ခုကိုရမယ်။ 
    ဒါကြောင့် ဘာမဆိုဖြစ်နိုင်တယ်အစား မဖြစ်နိုင် တာတွေလည်းရှိတယ်၊ လက်တွေ့ကျကျ စဉ်းစား တတ်ဖို့လိုမယ်လို့ နောက်ပိုင်းမှာ လူငယ်တွေကို ပိုပြောဖြစ်လာတယ်။ အဲ့တော့ မေးခွန်းတစ်ခု ထပ် ထွက်လာတယ်။ ဘယ်လိုသိနိုင်မလဲတဲ့။ လက်မလျှော့ ဘဲ ဆက်ကြိုးစားရမှာလား၊ ဒါမှမဟုတ် မဖြစ်နိုင် တော့ဘူးဆိုတာသေချာပြီမို့လို့ ရပ်ပစ်လိုက်ရမှာလား။ ဘယ်အချိန်လောက်ဆိုရပ်သင့်လဲ။ ဘယ်လောက် လောက်ထိဆက်လုပ်သင့်လဲတဲ့။ 
    ဒါနဲ့ပတ်သက်လို့တော့ တိတိကျကျ ပြောရတာ ခက်တယ်။ ဘယ်သူမှလည်း အတိအကျပြောနိုင် မယ်လို့မထင်ဘူး။ ဒါပေမဲ့ သေချာတာက အဲဒီ ၂ ခုကို လှလှပပလေး ဖြေဆိုနိုင်သူဟာ အောင်မြင်တဲ့ ဘဝတစ်ခုကိုရမယ်ဆိုတာပဲ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဘဝချင်း မတူကြဘူးဆိုတာ မကြိုးစားရုံ၊ ပညာမတတ်ရုံသက်သက်ကြောင့်တော့ မဟုတ်ဘူး။ ရွေးချယ်မှု အမှန်အမှားတွေနဲ့လည်း အများကြီးဆိုင် တယ်။ ပညာသင်တဲ့အရွယ်ကျ ဘယ်တက္ကသိုလ် တက်သင့်လဲ၊ ဒီတက္ကသိုလ်ကိုပဲ ပြီးအောင်တက်ရမ လား၊ ပြောင်းရမလား၊ ကျောင်းနားပြီးပဲ အလုပ်စလုပ်ရ မလား စဉ်းစားရတယ်။ နောက်အလုပ်လုပ်တဲ့အရွယ် ကျ တော့လည်း ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကိုပဲ လုပ်ရမှာလား။ အလုပ်ပြောင်းသင့်လား။ စီးပွားရေး စလုပ်မယ်ဆိုလည်း ဘယ်လုပ်ငန်းကို လုပ်သင့်လဲ။ အရှုံးပေါ်နေရင် ဆက်လုပ်သင့်လား။ ဒါမှမဟုတ် ရပ်လိုက်ပြီး လုပ်ငန်းသစ်တစ်ခုစမလား စသဖြင့် ရွေးချယ်နေရတယ်။ ဆုံးဖြတ်နေရတယ်။ ဒါတွေရဲ့ အမှန်အမှားပေါ်မူတည်ပြီး ဘဝတွေ ကွာခြားလာကြ တယ်။  
    ဒါကြောင့်ရွေးချယ်မှုတွေ မှန်ဖို့အတွက် များများ လေ့လာ။ များများသင်ယူ။ ကိုယ့်ထက် ပညာကြီး၊ အတွေ့အကြုံကြီးသူတွေဆီက အကြံÓဏ်ယူ။ ဒါဆို မှန်နိုင်ခြေများတယ်။ သို့သော် တစ်ဖက်ကလည်း ဘယ်တော့မှ သေချာပေါက် မှန်တယ်ဆိုတဲ့ လှေနံဓား ထစ် အဖြေမျိုးမမျှော်လင့်နဲ့။ ဆုံးဖြတ်ချက် အမှန်နဲ့ အမှားကြားက မျဉ်းကပါးပါးလေးပဲရှိတယ်။ ဒီလိုပဲ ရွေးချယ်ရင်း၊ မှားရင်း၊ အသစ်ပြန်စရင်း၊ မှန်သွားရင်း ထပ်ရွေးချယ်လိုက် မှန်လိုက် မှားလိုက်နဲ့ပဲ ဖြတ်သန်း ကြရတာကိုက ဘဝပဲ။ အရာအားလုံး ပြည့်စုံနေတဲ့ ဘဝမျိုးကို ဘယ်တော့မှ မမျှော်လင့်နဲ့။ ဘယ်သူကမှ လည်း ရမနေကြသလိုဖြစ်လည်းမဖြစ်နိုင်ဘူး။ 
    အဲဒါလေးကို အရှိအရှိအတိုင်းလက်ခံပြီး ရှေ့ဆက် ပါ။ အမှားနည်းနည်း၊ အမှန်များများနဲ့ ဘဝမျိုးကိုပဲ လိုချင်ကြပါ။ ပါဝင်သမျှ အစိတ်အပိုင်းအားလုံး လှပ ပြည့်စုံပြီး ဘာအမှားအယွင်းမှ မရှိရအောင်ဘဝဆို တာ ပန်းချီကားမဟုတ်ဘူး ဆိုတာလေးတော့သိစေ ချင်ပါတယ်။


ဒေါက်တာဖြိုးသီဟ

+++++++++++++++++++++++++++++++++++++++++

ေလွနံဓားထစ္ အေျဖရယ္လို႔မရွိပါ

    ဆံုးျဖတ္ခ်က္ခ်တယ္ဆိုတဲ့ေနရာမွာ သတင္း အခ်က္အလက္က သိပ္အေရးႀကီးတယ္။ မ်ားမ်ား သိတဲ့သူကပိုၿပီး မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ကိုခ်ႏိုင္တယ္။ ဥပမာဆိုပါေတာ့။ ဆိုင္တစ္ဆိုင္ကိုသြားတယ္။ အဲဒီ ဆိုင္ေရွ႕မွာ ကားရပ္စရာေနရာ ရွိေသးလား၊ မရွိေတာ့ ဘူးလားဆိုတာကိုႀကိဳသိရင္ ကားယူလာခဲ့ရမလား၊ တကၠဆီနဲ႔လာရမလားဆိုတာကို ဆံုးျဖတ္ရလြယ္တယ္ ေလ။ မွန္ဖို႕လည္းမ်ားတာေပါ့။
    က်ေနာ္တို႔စာဖတ္တယ္၊ ေဟာေျပာပြဲနားေထာင္ တယ္။ ဒါမွမဟုတ္ လူႀကီးေတြ၊ ကိုယ့္ထက္ ပညာ အားျဖင့္၊ အေတြ႕အႀကံဳအားျဖင့္ ႀကီးတဲ့သူေတြကို ေမးခြန္းေမးတယ္၊ ဆည္းကပ္တယ္ဆိုတာလည္း တကယ္ေတာ့ ဒီသေဘာပဲ။ ကိုယ့္ဟာနဲ႕ကိုယ္ ဒီလမ္း ကိုျဖတ္မယ့္အစား ေရွ႕ကျဖတ္သြားႏွင့္ၿပီးသား လူေတြ ဆီကေနအေတြ႕အႀကံဳကို ေမးလိုက္တယ္။ ဒီအခါ ကိုယ့္အလွည္႕က်ပိုၿပီး လြယ္လြယ္ကူကူ အဆင္ေျပေျပ ျဖတ္ႏိုင္သြားတယ္။ ဒါေၾကာင့္ စာဖတ္ၾက၊ ေဟာေျပာ ပြဲေတြနားေထာင္ၾက၊ လူႀကီးသူမေတြဆီကေနဆို ဆံုးမ မႈခံယူၾကဖို႔လိုအပ္တယ္။
    သို႕ေသာ္ ဒါနဲ႕တင္လံုေလာက္ၿပီလားဆိုေတာ့ မလံုေလာက္ေသးပါဘူး။ ထည္႕စဥ္းစားရမွာေလးေတြ ရွိေသးတယ္။ ဥပမာ ဟိုးအရင္ ႏွစ္ ၃၀ ေလာက္က လူငယ္တစ္ေယာက္ ျဖတ္ရတဲ့လမ္းနဲ႕ ဒီေန႕ေခတ္ လူငယ္တစ္ေယာက္ ျဖတ္ရတဲ့လမ္းခ်င္းက မတူေတာ့ ဘူး။ ဒါေၾကာင့္ ေရွ႕ကလူရဲ႕ အေတြ႕အႀကံဳတစ္ခုတည္း ကိုပဲ နားေထာင္ေနလို႔မရဘူး။ ဒီေန႔ေခတ္က ဘာေတြ ေတာင္းဆိုေနလဲ။ ေခတ္ရဲ႕စိန္ေခၚမႈေတြက ဘာရွိလဲ။ ဒါေတြကိုလည္း ထည့္စဥ္းစားရမယ္။ ကိုယ္ဖတ္တဲ့စာ၊ ကိုယ္ေမးတဲ့ ဆရာသမားကသူ႕ေခတ္သူ႕အခါတင္ မဟုတ္ဘဲ ဒီေခတ္ကိုလည္း တီးမိေခါက္မိရွိရမယ္။ က်ယ္က်ယ္ျပန္႔ျပန္႔အႀကံေပးႏိုင္တာမ်ိဳး ျဖစ္သင့္ တယ္။ သမိုင္းကိုမသိရင္ အေနမွာျဖစ္သလို၊ ေခတ္ကို မ်က္ျခည္ျပတ္သြားရင္လည္း ေနာက္မွာ က်န္ ေနခဲ့လိမ့္မယ္။ ဒါကတစ္ခ်က္။
    ေနာက္တစ္ခ်က္ကတစ္ေယာက္နဲ႔တစ္ေယာက္ ရဲ႕ ဘဝေတြကမတူၾကဘူး။ ေပးလာတဲ့ ေပးထားခ်က္ ခ်င္းလည္း မတူသလိုယွဥ္ၿပိဳင္ရတဲ့ ကစားကြင္းခ်င္း လည္းမတူဘူး။ ေနာက္ၿပီး ႀကိဳမျမင္ႏိုင္တဲ့ ကံတရား ဆိုတာလည္းရွိေသးတယ္။ ေအာင္ျမင္သူတစ္ေယာက္ ကိုေတြ႕တဲ့အခါ သူဘယ္လိုႀကိဳးစားလို႕၊ ဘယ္လို အခ်က္ေတြေၾကာင့္ ေအာင္ျမင္တယ္ဆိုတာမ်ိဳး ေျပာၾကတယ္။ ဒီအခါ က်ေနာ္တို႕ကလည္း အတုယူ ခ်င္ၾကတယ္။ ဒါေပမဲ့ ျပႆနာက သူနဲ႕ကိုယ္နဲ႕က အေျခအေနခ်င္း ထပ္တူက်မေနတာပဲ။ ၤသကညိေအငသည ခ်င္း မတူတာကိုေမ့ၿပီး အထပ္ျမင့္တာကိုပဲ တူေအာင္ လုပ္ဖို႕ ႀကိဳးစားတဲ့အခါ အေျခမခိုင္ျဖစ္ၿပီး ဒုကၡေတြ ေရာက္ေရာ။ 
    ဥပမာဆိုပါေတာ့။ ဘယ္သူကမွ အားမေပး၊ အတိုက္အခံေတြလုပ္တဲ့ၾကားက ႐ူး႐ူးမိုက္မိုက္နဲ႕ ႀကိဳးစားၿပီး ေအာင္ျမင္လာခဲ့သူေတြအေၾကာင္း က်ေနာ္တို႕ ဖတ္ဖူးတယ္။ ဒီအခါ အားတက္တယ္။ ကိုယ့္ဘဝမွာလည္း အဲ့လိုပဲ ဘယ္သူဘာေျပာေျပာ ေနာက္မဆုတ္စတမ္း ႀကိဳးစားလိုက္မယ္၊ မျဖစ္ႏိုင္ဘူး ေျပာခဲ့တဲ့သူေတြကို ေအာင္ျမင္မႈယူျပၿပီး ပါးစပ္ပိတ္ ပစ္မယ္ စသျဖင့္ၾကံဳးဝါးၾကတယ္။ တကယ္တမ္း က်ေနာ္တို႕ မျမင္တာက ဘယ္ေလာက္ႀကိဳးစားႀကိဳးစား လည္း မျဖစ္ႏိုင္ခဲ့တဲ့၊ က်႐ံႈးခဲ့တဲ့သူေတြ အမ်ားႀကီး ရွိေနတာကိုပဲ။
    စိတ္ဓာတ္က်သြားဖို႔ေျပာတာ မဟုတ္ဘူး။ သူမ်ား စကားနားေယာင္ဖို႔လည္းမဟုတ္ဘူး။ အဲ့လို ႐ူး႐ူးမိုက္ မိုက္ မလုပ္ခင္မွာအဘက္ဘက္က တြက္ဆေစခ်င္ တာ။ အႏုပညာရွင္တစ္ေယာက္ေတာ့ ျဖစ္ခ်င္တာပဲ။ ကိုယ့္မွာက ပင္ကိုပါရမီ ပါမလာတဲ့အခါ၊ စန္းမရွိတဲ့ အခါ ဘယ္လိုလုပ္မလဲ။ စာေရးဆရာတစ္ေယာက္ကို စာဘယ္လိုေရးလဲ ေမးၾကည့္၊ လိုက္ေရးၾကည့္။ ဘယ္ေတာ့မွ သူ႕လိုမျဖစ္ဘူး။ ဘာလို႕ဆိုေတာ့ ပါရမီ ေၾကာင့္။ အဆိုၿပိဳင္ပြဲမွာ ပထမရတိုင္းလည္း ပရိသတ္ အားေပးတဲ့ အဆိုေတာ္ျဖစ္လာတာ မဟုတ္ဘူး။ ဒီလိုေလး ျမင္ေစခ်င္တာ။ 
    အဆိုေတာ္တစ္ေယာက္ ပထမတစ္ေခြထြက္ တယ္။ မေအာင္ျမင္ဘူး။ ဒါေပမဲ့ သူက ဆက္ႀကိဳးစား တယ္။ လက္မေလွ်ာ့ဘူး။ အဲ့လိုနဲ႔ ေနာက္တစ္ေခြ ထြက္ေတာ့မွ လွ်မ္းလွ်မ္းေတာက္ ျဖစ္သြားတယ္။ ဒီေတာ့ သူကေျပာတယ္၊ လဲက်တိုင္း ျပန္ထပါ။ အ႐ံႈးမေပးပါနဲ႔တဲ့။
    အဲ့လိုနဲ႕ ကိုယ္က တစ္ေခြထုတ္တယ္။ မေအာင္ ျမင္ဘူး။ ေနာက္တစ္ေခြ ထုတ္တယ္။ မေအာင္ျမင္ ျပန္ဘူး။ အဲ့လိုနဲ႕ ေနာက္တစ္ေခြ၊ ေနာက္တစ္ေခြ၊ ေနာက္တစ္ေခြ။ ေအာင္ကို မေအာင္ျမင္ဘူး။ ဘာလို႔ ဆိုေတာ့ အဆိုေတာ္တစ္ေယာက္ရဲ႕ ေအာင္ျမင္မႈက အေခြအေရအတြက္ေပၚမူတည္တာ မဟုတ္သလို အ႐ံႈးမေပးဘူးဆို႐ံုနဲ႕လည္းမၿပီးဘူး။ သူ႔ရဲ႕ ဝမ္းစာ၊ အႏုပညာပါရမီေတြနဲ႔ဆိုင္တာ။ ဒါကိုလည္း ထည့္စဥ္း စားရမယ္။ 
    ေျပာခ်င္တာက ေအာင္ျမင္မႈအေၾကာင္း ေျပာ ၾကတဲ့ေနရာမွာ က်ေနာ္တို႕ဟာ မ်က္မျမင္ပုဏၰား ၆ ေယာက္လိုပဲ။ ကိုယ္စမ္းမိတာ ကိုယ္ေျပာတာ။ ကိုယ္ျဖတ္သန္းခဲ့ရတဲ့ အေတြ႕အႀကံဳေပၚ မူတည္ၿပီးပဲ ေျပာၾကတာ။ ေခါင္းမာမာနဲ႕ ဆက္လုပ္ရင္း ေအာင္ျမင္သြားသူက လဲက်ရင္ျပန္ထလို႕ေျပာမယ္။ အဲ့လိုဆက္လုပ္ရင္း ဒုကၡေရာက္သြားသူကေတာ့ သူ႕လို မမွားဖို႔ေျပာမယ္။ ဘယ္သူ မွန္တယ္၊ မွားတယ္ မရွိဘူး။ ကိုယ့္အေတြ႕အႀကံဳေပၚ သံုးသပ္ၿပီး ေျပာတာ ပဲ။ နားေထာင္တဲ့ လူငယ္ေတြကေတာ့ အဘက္ဘက္ က ခ်င့္ခ်ိန္ၿပီးနားေထာင္ဖို႕လိုမယ္။ ဒါမွသာ က်ယ္ျပန္႔ တဲ့ အျမင္တစ္ခုကိုရမယ္။ 
    ဒါေၾကာင့္ ဘာမဆိုျဖစ္ႏိုင္တယ္အစား မျဖစ္ႏိုင္ တာေတြလည္းရွိတယ္၊ လက္ေတြ႕က်က် စဥ္းစား တတ္ဖို႔လိုမယ္လို႔ ေနာက္ပိုင္းမွာ လူငယ္ေတြကို ပိုေျပာျဖစ္လာတယ္။ အဲ့ေတာ့ ေမးခြန္းတစ္ခု ထပ္ ထြက္လာတယ္။ ဘယ္လိုသိႏိုင္မလဲတဲ့။ လက္မေလွ်ာ့ ဘဲ ဆက္ႀကိဳးစားရမွာလား၊ ဒါမွမဟုတ္ မျဖစ္ႏိုင္ ေတာ့ဘူးဆိုတာေသခ်ာၿပီမို႔လို႔ ရပ္ပစ္လိုက္ရမွာလား။ ဘယ္အခ်ိန္ေလာက္ဆိုရပ္သင့္လဲ။ ဘယ္ေလာက္ ေလာက္ထိဆက္လုပ္သင့္လဲတဲ့။ 
    ဒါနဲ႔ပတ္သက္လို႔ေတာ့ တိတိက်က် ေျပာရတာ ခက္တယ္။ ဘယ္သူမွလည္း အတိအက်ေျပာႏိုင္ မယ္လို႔မထင္ဘူး။ ဒါေပမဲ့ ေသခ်ာတာက အဲဒီ ၂ ခုကို လွလွပပေလး ေျဖဆိုႏိုင္သူဟာ ေအာင္ျမင္တဲ့ ဘဝတစ္ခုကိုရမယ္ဆိုတာပဲ။ လူေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘဝခ်င္း မတူၾကဘူးဆိုတာ မႀကိဳးစား႐ံု၊ ပညာမတတ္႐ံုသက္သက္ေၾကာင့္ေတာ့ မဟုတ္ဘူး။ ေရြးခ်ယ္မႈ အမွန္အမွားေတြနဲ႕လည္း အမ်ားႀကီးဆိုင္ တယ္။ ပညာသင္တဲ့အရြယ္က် ဘယ္တကၠသိုလ္ တက္သင့္လဲ၊ ဒီတကၠသိုလ္ကိုပဲ ၿပီးေအာင္တက္ရမ လား၊ ေျပာင္းရမလား၊ ေက်ာင္းနားၿပီးပဲ အလုပ္စလုပ္ရ မလား စဥ္းစားရတယ္။ ေနာက္အလုပ္လုပ္တဲ့အရြယ္ က် ေတာ့လည္း ဒီအသက္ေမြးဝမ္းေက်ာင္းအလုပ္ကိုပဲ လုပ္ရမွာလား။ အလုပ္ေျပာင္းသင့္လား။ စီးပြားေရး စလုပ္မယ္ဆိုလည္း ဘယ္လုပ္ငန္းကို လုပ္သင့္လဲ။ အ႐ံႈးေပၚေနရင္ ဆက္လုပ္သင့္လား။ ဒါမွမဟုတ္ ရပ္လိုက္ၿပီး လုပ္ငန္းသစ္တစ္ခုစမလား စသျဖင့္ ေရြးခ်ယ္ေနရတယ္။ ဆံုးျဖတ္ေနရတယ္။ ဒါေတြရဲ႕ အမွန္အမွားေပၚမူတည္ၿပီး ဘဝေတြ ကြာျခားလာၾက တယ္။  
    ဒါေၾကာင့္ေရြးခ်ယ္မႈေတြ မွန္ဖို႕အတြက္ မ်ားမ်ား ေလ့လာ။ မ်ားမ်ားသင္ယူ။ ကိုယ့္ထက္ ပညာႀကီး၊ အေတြ႕အႀကံဳႀကီးသူေတြဆီက အႀကံÓဏ္ယူ။ ဒါဆို မွန္ႏိုင္ေျခမ်ားတယ္။ သို႕ေသာ္ တစ္ဖက္ကလည္း ဘယ္ေတာ့မွ ေသခ်ာေပါက္ မွန္တယ္ဆိုတဲ့ ေလွနံဓား ထစ္ အေျဖမ်ိဳးမေမွ်ာ္လင့္နဲ႕။ ဆံုးျဖတ္ခ်က္ အမွန္နဲ႕ အမွားၾကားက မ်ဥ္းကပါးပါးေလးပဲရွိတယ္။ ဒီလိုပဲ ေရြးခ်ယ္ရင္း၊ မွားရင္း၊ အသစ္ျပန္စရင္း၊ မွန္သြားရင္း ထပ္ေရြးခ်ယ္လိုက္ မွန္လိုက္ မွားလိုက္နဲ႕ပဲ ျဖတ္သန္း ၾကရတာကိုက ဘဝပဲ။ အရာအားလံုး ျပည္႕စံုေနတဲ့ ဘဝမ်ိဳးကို ဘယ္ေတာ့မွ မေမွ်ာ္လင့္နဲ႕။ ဘယ္သူကမွ လည္း ရမေနၾကသလိုျဖစ္လည္းမျဖစ္ႏိုင္ဘူး။ 
    အဲဒါေလးကို အရွိအရွိအတိုင္းလက္ခံၿပီး ေရွ႕ဆက္ ပါ။ အမွားနည္းနည္း၊ အမွန္မ်ားမ်ားနဲ႕ ဘဝမ်ိဳးကိုပဲ လိုခ်င္ၾကပါ။ ပါဝင္သမွ် အစိတ္အပိုင္းအားလံုး လွပ ျပည္႕စံုၿပီး ဘာအမွားအယြင္းမွ မရွိရေအာင္ဘဝဆို တာ ပန္းခ်ီကားမဟုတ္ဘူး ဆိုတာေလးေတာ့သိေစ ခ်င္ပါတယ္။


ေဒါက္တာၿဖိဳးသီဟ

Previous Next