10 Feb, 2020
အလုပ်တစ်ခုမှာ နှစ်ကြာသွားရင် အလုပ်ပြောင်းဖို့ ဘာကြောင့်ခက်သလဲ

အလုပ်တစ်ခုမှာ နှစ်တွေကြာသွားတဲ့အခါ ကိုယ့် ကိုယ်ကိုယ်ရုံးက ပရိဘောဂပစ္စည်းကြီးလို ခံစားနေမိ သလား။ တစ်ခါတလေ ရုံးကပရိဘောဂပစ္စည်းတွေက တောင် ကိုယ့်ထက်ဂျူနီယာဖြစ်နေသေးတာတွေ ရှိတတ်ပါတယ်။ ဒါကအလုပ်တစ်ခုမှာ နှစ်ကြာတဲ့သူ တိုင်း ဒီလိုခံစားမိကြတာပါ။ အလုပ်တစ်ခုမှာ နှစ် ကြာပြီး အလုပ်ပြောင်းမယ်လို့စဉ်းစားလိုက်ကြတဲ့အခါ မှာ ဒီလိုအချက်တွေကြောင့် အလုပ်ပြောင်းဖို့ခက်ခဲကြ ပါတယ်။

    ပထမအချက်ကတော့ လက်ရှိအလုပ်မှာ ရောက် တဲ့နေရာမှာပဲ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ရောင့်ရဲနေတာ ကြောင့်ပါ။ ဘယ်လောက်ပဲနှစ်တွေကြာကြာ ရာထူး တိုးဖို့အပြိုင်အဆိုင်လည်းမရှိဘူး၊ ရာထူးတိုးဖို့မတိုးဖို့ ကိုလည်းစိတ်ပူစရာမလိုဘူး၊ ရာထူးတိုးဖို့အတွက်လည်း နေရာမရှိတာမျိုးပါ။ ဒီလိုအပြိုင်အဆိုင်တွေ၊ စိန်ခေါ် မှုတွေမရှိတဲ့နေရာမှာ နှစ်တွေအကြာကြီးကိုယ့်ကိုယ် ကိုယ်မြှုပ်နှံထားပြီး အပြင်မှာဘာတွေဖြစ်နေပြီလဲ၊ ဘာ တွေပြောင်းလဲနေပြီလဲဆိုတာ မလေ့လာ၊ မပြင်ဆင် ဘဲနေတာမျိုးပါ။ ဒီလိုလူမျိုးတွေက လက်ရှိအလုပ်မှာ သူ့အတွက်နေရာလေးတစ်ခုရှိပေမဲ့ နောက်ထပ်အလုပ် ပြောင်းချင်လာတဲ့အခါ၊ အလုပ်သစ်ရှာလာတဲ့အခါမှာ အခက်အခဲတွေအများကြီးရှိလာနိုင်ပါတယ်။ 

    ပထမဆုံးဘယ်ရာထူးနဲ့အလုပ်လျှောက်သင့်သ လဲ၊ ကိုယ်ဘာကျွမ်းကျင်သလဲဆိုတာတောင်မသိတော့ ဘဲလမ်းပျောက်နေတာမျိုးဖြစ်လာနိုင်ပါတယ်။ အရင် အလုပ်မှာတော့ မိသားစုပုံစံမျိုးနဲ့ ရာထူး၊ အလုပ်တာ ဝန်သေသေချာချာသတ်သတ်မှတ်မှတ်မရှိဘဲ ကြုံတဲ့သူ က အဆင်ပြေသလိုဝင်လုပ်နေတဲ့အလုပ်တွေရှိနိုင်ပါ တယ်။ တကယ်တမ်းအလုပ်တစ်ခုကိုကျွမ်းကျင်တာမျိုး၊ ထူးချွန်တာမျိုးမဟုတ်ဘဲ အလုပ်မှာဟိုဟာနည်းနည်း တတ်တယ်၊ ဒီဟာနည်းနည်းသိတယ်ဆိုတာမျိုးနဲ့ လက်ရှိအလုပ်မှာလုပ်ခဲ့သမျှတွေက နောက်အလုပ် ပြောင်းတဲ့အခါ အခက်တွေ့တော့တာပါပဲ။

    နောက်တစ်ချက်က ဘာသင်တန်းမှမတက်ထား တာမျိုးပါ။ အခုနောက်ပိုင်းအလုပ်တွေတော်တော်များ များက ကျွမ်းကျင်တာ၊ မကျွမ်းကျင်တာထက် လက် မှတ်တွေကိုဦးစားပေးခေါ်ယူနေကြတာများပါတယ်။ အလုပ်တစ်ခုမှာနှစ်တွေကြာနေတဲ့အခါ အသစ်အသစ် တွေထပ်မံလေ့လာဖို့လည်း ကိုယ့်ကိုယ်ကိုယ်တွန်းအား မပေး၊ အလုပ်အတွက်လည်းမလိုအပ်တဲ့အခါမှာ နောက်ဆုံးကျတော့ ကျွမ်းကျင်တတ်မြောက်မှုလက် မှတ်တွေမရှိတဲ့အခါ တခြားအလုပ်ကိုကူးပြောင်းဖို့ ခက်ခဲနေတတ်ပါတယ်။ အဓိကကတော့ ဘာအလုပ်ပဲ လုပ်လုပ် လေ့လာသင်ယူမှုမရပ်တန့်သွားဖို့ပါပဲ။ လေ့ လာသင်ယူမှုမရပ်တန့်တဲ့သူတွေက အလုပ်ကူးပြောင်း ဖို့လည်း မခက်ပါဘူး။ 

    ဒုတိယအချက်ကတော့ ကိုယ့်ရဲ့အလုပ်ပတ်ဝန်း ကျင်က ကိုယ့်အလုပ်၊ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်း ကိုဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အရေးမရှိတာကို မေ့လျော့ ထားတာပါ။ နောက် ၃နှစ်မှာ ကိုယ်ကဒီနေရာက ဒီနေရာပဲ၊ လစာကလည်း မှန်းကြည့်လို့ရတဲ့အခြေအ နေမျိုးမှာရှိနေတယ်၊ ရာထူးတိုးတက်ဖို့အခွင့်အလမ်း မမြင်ရတဲ့နေရာမျိုးကိုရောက်နေတယ်ဆိုတာ မေ့ လျော့ထားတာက ကိုယ့်အတွက်ကြီးမားတဲ့အခက်အခဲ ကိုဖြစ်စေပါတယ်။ ကိုယ့်ရဲ့အနာဂတ်ကိုမမြင်ရတဲ့အ လုပ်မျိုးကို ခေတ္တခဏသာနားခိုတဲ့နေရာအဖြစ်ထား သင့်ပါတယ်။ ဒီလိုနေရာမျိုးမှာ ကိုယ့်ရဲ့အချိန်တွေ၊ လုပ်အားတွေကို မဖြုန်းတီးပစ်လိုက်ပါနဲ့။ 

    တစ်ခုသတိထားရမှာက ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေက ဒီအလုပ်အတွက်သာ အဆင်ပြေတာကိုပါ။ နောက်အလုပ်တစ်ခုပြောင်းသွား တဲ့အခါ ကိုယ့်မှာပါလာမယ့် ကျွမ်းကျင်မှုတွေကဘာ တွေလဲ။ ကိုယ်ကနောက်အလုပ်ပြောင်းတဲ့အခါ ဘာရာ ထူး၊ ဘယ်အသက်မွေးဝမ်းကျောင်းနဲ့အလုပ်ရှာရမလဲ။ ဒါတွေကိုစဉ်းစားကြည့်ပါ။ ဒီလိုလုပ်ဖို့အတွက်ကိုယ့်မှာ အသိပညာအတတ်ပညာအနေနဲ့ရော၊ သက်သေအ ဖြစ်ပြသနိုင်မယ့်ကျွမ်းကျင်မှုလက်မှတ်တွေရောရှိနေပြီ လားဆိုတာ ကိုယ့်ကိုယ်ကိုယ်ဝေဖန်သုံးသပ်ပါ။

    တတိယအချက်ကတော့ ဃသည်သမအ ဇသညန ထဲမှာ ပျော်မွေ့နေတာပါ။ ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ လ စာ၊ ခံစားခွင့်လေးအပေါ်မှာပဲ သာယာနေပြီး ကိုယ့် ကိုယ်ကိုယ်ဖြည့်ဖို့မေ့နေတာမျိုးပါ။ တစ်ခုမှတ်ထားရ မှာက ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေက ဒီအလုပ်မှာအဆင်ပြေနေပေမဲ့ နောက်ထပ်အလုပ် တစ်ခုမှာတော့ အားနည်းချက်တွေ၊ လိုအပ်ချက် တွေအများကြီးရှိနေနိုင်တယ်ဆိုတာကိုပါ။ ဒါကြောင့်   သင်ယူပါ၊ လေ့လာပါ၊ ကိုယ့်ရဲ့စွမ်းရည်ကိုဖြည့်ပါ။ သက်သောင့်သက်သာရှိစေတဲ့လုပ်ငန်းခွင်ကကိုယ့်ကို မတိုးတက်စေပါဘူး။ စိန်ခေါ်မှုမရှိတဲ့လုပ်ငန်းခွင်က ကိုယ့်ကိုအောင်မြင်မှုမရစေပါဘူး။ ပြိုင်ဆိုင်မှုမရှိတဲ့ လုပ်ငန်းခွင်ကကိုယ့်ကိုကျရှုံးစေပါတယ်။

    သက်သောင့်သက်သာရှိစေတဲ့လုပ်ငန်းခွင်က ကိုယ့်အတွက်ရေရှည်မှာထိခိုက်စေနိုင်တယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။ ဒီအထဲမှာအချိန်အတိုင်းအတာ တစ်ခုအထိသာယာနေပြီး အဆင်မပြေဖြစ်တဲ့အချိန် ကျမှ နောက်ထပ်အလုပ်ပြောင်းဖို့ဆိုတာ အခက်အခဲ တွေအများကြီးရှိနိုင်ပါတယ်။ ဒါကြောင့်သက်သောင့် သက်သာဖြစ်တယ်ဆိုတဲ့ အလုပ်တွေမှာ အချိန်တွေ အကြာကြီးမကုန်ဆုံးသင့်ပါဘူး။ ကိုယ့်အတွက်တက် လမ်းတွေ၊ စိန်ခေါ်မှုတွေ၊ အနာဂတ်တွေမြင်ရတဲ့အ လုပ်တွေမှာသာ အချိန်ကုန်သင့်ပါတယ်။ 

    နောက်ဆုံးအချက်ကတော့ စိန်ခေါ်မှုတွေကို ရင်မဆိုင်နိုင်တာပါ။ နောက်အလုပ်အသစ်က အဆင် ပြေပါ့မလား၊ ဒီအလုပ်မှာလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်လို့အဆင်ပြေပါ့မလား၊ အကြီးအကဲနဲ့ အဆင်ပြေနိုင်ပါ့မလား၊ သွားရလာရတာအဆင်ပြေပါ့ မလားစတဲ့တွေဝေမှုတွေနဲ့ မပြောင်းလဲချင်ကြတာပါ။ ပြောင်းလဲဖို့ကြောက်ကြပါတယ်။ မစွန့်စားလိုကြပါဘူး။ အလုပ်တစ်ခုမှာနှစ်တွေကြာတာကိစ္စမရှိပေမဲ့ သင်ယူ လိုစိတ်၊ လေ့လာလိုစိတ်၊ ပညာတွေဖြည့်ဆည်းလိုစိတ် မရှိရင်တော့ ပြဿနာပါ။ မျက်စိပွင့်၊ နားစွင့်ပါ။ အပြင် က အလုပ်အကိုင်ဈေးကွက်တွေမှာဘယ်လိုတွေရှိနေ ပြီလဲ၊ ဘယ်လိုအရည်အချင်းတွေကလိုအပ်ချက်ဖြစ်နေ သလဲ၊ ဘယ်လိုအလုပ်အကိုင်တွေက ခေါ်ယူမှုများနေ သလဲ၊ ဘယ်အလုပ်အကိုင်တွေက ပျောက်ကွယ်တော့ မယ့်အလုပ်အကိုင်တွေလဲစတာတွေကို လေ့လာပါ။ 

    နည်းပညာအပြောင်းအလဲကြီးမှာ ပျောက်ကွယ် တော့မယ့်အလုပ်အကိုင်တွေလည်းမနည်းပါဘူး။ ဒီ အတိုင်းပဲ အသစ်ပေါ်လာတဲ့ အလုပ်အကိုင်တွေလည်း မနည်းပါဘူး။ ဒီတော့ကိုယ့်ရဲ့အလုပ်အကိုင်ကဈေး ကွက်လိုအပ်ချက်အရ ခေါ်ယူမှုများနေတုန်းလား၊ ဒါမှ မဟုတ်တဖြည်းဖြည်းနဲ့ပျောက်ကွယ်တော့မယ့်အလုပ် အကိုင်လားဆိုတာကို လေ့လာပါ။ ကိုယ့်မှာရှိတဲ့ ဒီ အလုပ်ကနေ တခြားအလုပ်ကိုယူသွားလို့ရတဲ့ ကျွမ်း ကျင်မှုတွေကဘာတွေလဲဆိုတာ စဉ်းစားပါ။ လွှဲပြောင်း ယူလို့ရတဲ့ကျွမ်းကျင်မှုလို့ခေါ်ပါတယ်။ အဲဒီကျွမ်းကျင် မှုတွေက ဥပမာပြောရရင် ကွန်ပျူတာကျွမ်းကျင်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ ခေါင်းဆောင်နိုင်မှု၊ အချိန်စီမံ ခန့်ခွဲနိုင်မှု၊ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်ကျင့်ဝတ် စတာတွေပဲဖြစ်ပါတယ်။ ကိုယ့်မှာဘယ်လိုစွမ်းရည်တွေ ရှိသလဲ၊ နောက်အလုပ်တစ်ခုကိုပြောင်းတဲ့အခါ ဘယ် လိုကျွမ်းကျင်မှုတွေယူသွားနိုင်မလဲဆိုတာသုံးသပ်ပါ။ အနာဂတ်မမြင်ရတဲ့အလုပ်မှာ အချိန်အကြာကြီး မလုပ်မိပါစေနဲ့။

ကျော့ကေခိုင် 

++++++++++++++++++++++++++++++++++++++++

Previous Next