10 Feb, 2020
အလုပ်ရှာနေတဲ့သူတွေအတွက် အသုံးဝင်စေမယ့် နည်းဗျူဟာများ

အလုပ်တစ်ခုရှာရတာက အင်းနဲ့အားနဲ့ လုပ်ရ တဲ့ကိစ္စဆိုတာကို ဘယ်သူမှငြင်းမယ် မထင်ပါဘူး။ အလုပ်လျှောက်လွှာကစပြီး အလုပ်အေဂျင်စီ တွေနဲ့ မိတ်ဆက်ပြီး အလုပ်ရှာရတာကလည်း အရေးကြီး တဲ့ကိစ္စပါပဲ။ ကုမ္ပဏီတွေက အကောင်းဆုံး ဝန်ထမ်း တွေကို အမြဲတမ်းရှာဖွေနေတာပါ။ ကောင်းတဲ့ကုမ္ပဏီ မှာ အလုပ်လျှောက်ရဖို့၊ အသိမိတ်ဆွေနဲ့ ချိတ်ဆက်ပြီး အလုပ်ရှာဖို့အတွက် သေချာစီစဉ်ပြီး လုပ်ဆောင်ရ ပါတယ်။ ဒါပေမဲ့ အလုပ်တစ်ခုရရုံနဲ့တင် မလုံလောက် ပါဘူး။ သင်အလုပ်လုပ်တဲ့နေရာနဲ့ သင့်အလုပ်က သင့်တင့်လျောက်ပတ်မှုလည်း ရှိရပါတယ်။ အလုပ် တစ်ခုရှာတဲ့နေရာမှာ နည်းဗျူဟာတွေရှိပါတယ်။ ဒါကြောင့် အလုပ်ရှာဖွေနေတဲ့သူတွေအတွက် အသုံးဝင်စေမယ့် နည်းဗျူဟာတွေကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

အလုပ်အကိုင်ပြပွဲတွေကို တက်ရောက်ပါ
    အလုပ်ရှာတဲ့အခါ အလုပ်အကိုင်ပြပွဲတွေ ကျင်းပတိုင်း တက်ရောက်သင့်ပါတယ်။ အဲဒီပွဲတွေမှာ အလုပ်အကိုင်အခွင့်အလမ်းများစွာရှိပြီး ကုမ္ပဏီ အသီးသီးမှ အရေးကြီးပုဂ္ဂိုလ်တွေ၊ စီးပွားရေးနယ်ပယ် အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်တွေလည်း တက်ရောက် ကြပါတယ်။ အလုပ်အကိုင်ပြပွဲမှာ ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုနဲ့တွေ့ပြီး ကံကောင်းရင် အလုပ်ရသွားနိုင် ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်နဲ့နေပြီး အလုပ်အကိုင်အချိတ်အဆက်ရှိနိုင်မယ့် လူအများစုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့လိုပါတယ်။

လူမှုကွန်ရက်ပေါ်က အလုပ်အခွင့်အလမ်း Group တွေထဲဝင်ပါ
    ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်အကောင့်မှာ အလုပ်ခေါ်စာတွေ တင်ပေးတဲ့ Group အမျိုးမျိုး ရှိတယ်ဆိုတာ သိကြမှာပါ။ အဲဒီလိုGroup ‌တွေက အလုပ်ရှာနေတဲ့သူတွေအတွက် အရမ်းအကူအညီ ဖြစ်ပါတယ်။ အလုပ်အကိုင် Group‌တွေထဲ ဝင်ထား တာက အလုပ်ရနိုင်မယ့်နည်းလမ်းတွေ၊ အလုပ်အကိုင် များစွာကို သိရှိရနိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့ မိသားစုက ကူညီပေးပါလိမ့်မယ်
    အလုပ်ရဖို့အတွက် တစ်ယောက်ယောက်ရဲ့ အာမခံပေးတာကလည်း ထိရောက်မှုရှိပါတယ်။ သူငယ်ချင်းတွေနဲ့မိသားစုကို သူတို့ရဲ့ကုမ္ပဏီမှာ အလုပ်ခေါ်ရင်ပြောဖို့နဲ့ သူဌေးကို သင့်အကြောင်း ပြောပေးဖို့ တောင်းဆိုထားလို့ရပါတယ်။ တချို့ကုမ္ပဏီ တွေက အယုံကြည်ရဆုံး ဝန်ထမ်းတွေထဲက အသိ မိတ်ဆွေတွေကိုလည်း ခန့်အပ်ချင်ကြပါတယ်။ မိသားစုနဲ့သူငယ်ချင်းတွေရဲ့ ထောက်ခံပေးမှုကလည်း အလုပ်ရနိုင်မယ့် အခွင့်အရေးတွေ တိုးလာနိုင်ပါတယ်။

အလုပ်သင်အနေနဲ့ လျှောက်ကြည့်ပါ
    အလုပ်သင်အလုပ်နဲ့ အချိန်ပြည့်အလုပ်က ကွာခြားချင်ကွာခြားနိုင်ပေမဲ့ အလုပ်သင်အနေနဲ့ လုပ်ကိုင်တာက အကျိုးကျေးဇူးတွေရှိပါတယ်။ အတွေ့အကြုံတွေရရုံသာမက လူတွေနဲ့ ချိတ်ဆက်ဖို့ အတွက်လည်း လမ်းဖွင့်ပေးထားပါတယ်။ သင့် အတွက်ဘယ်အလုပ်က ကိုက်ညီလဲဆိုတာ မဆုံးဖြတ် ခင် အလားလာကောင်းတဲ့ကုမ္ပဏီမှာ အလုပ်သင် အနေနဲ့ တစ်လလောက်အလုပ်လုပ်ကြည့်ပါ။ သင် စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနိုင်မှာဖြစ်သလို ကံကောင်းရင် အလုပ်ကမ်းလှမ်းချင်သူတွေပါရပြီး အလုပ်ရသွားနိုင်ပါတယ်။

သင့်ရဲ့အချိတ်အဆက်က သင့်ရဲ့အသားတင် ဝင်ငွေပါ
    အလုပ်ရှာတယ်ဆိုတာက သူငယ်ချင်းမိတ်ဆွေ အသစ်ဖွဲ့ဖို့လိုအပ်တယ်လို့ ဆိုလိုတာပါ။ သင် စိတ်ဝင်စားတဲ့အလုပ်နယ်ပယ်က လူတွေကို သိအောင် လုပ်ပြီး သူတို့နဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့။ သူတို့က အလုပ်ခေါ်တဲ့အခါ အကူအညီပေးနိုင်မှာပါ။ လူတွေနဲ့ အချိတ်အဆက်ရှိတာက သင်လျှောက်မယ့် အလုပ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေသိနိုင်ပြီး အလုပ်တစ်ခုရဖို့အတွက် အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

လုပ်ငန်းကျွမ်းကျင်အတတ်ပညာရှင်တွေစုဝေးရာ လူမှုကွန်ရက်အကောင့်ကိုဖွင့်ပါ
    အခုနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်ရှာနေတဲ့သူတွေ အသုံးများလာတာက Linkedinပါပဲ။ စီးပွားရေးအသိုင်းအဝိုင်းက လူတွေ အားလုံးက Linkedinမှာ စုဝေးကြပြီး ကျွမ်းကျင် အတတ်ပညာရှင်တွေနဲ့ အချိတ်အဆက်လုပ်ကြ ပါတယ်။ ကုမ္ပဏီမျိုးစုံက လူတွေနဲ့ ဆက်သွယ်နိုင်ပြီး သူတို့နဲ့ အပြန်အလှန်ပြောဆိုဆက်ဆံလို့ရပါတယ်။ သင်လုပ်ချင်တဲ့ကုမ္ပဏီအတွက် notification ကိုလည်း ဖွင့်ထားလို့ရပါတယ်။

ဝန်းလဲ့လဲ့ဇော်


+++++++++++++++++++++++++++++++++++++++++++

အလုပ္ရွာေနတဲ့သူေတြအတြက္ အသံုးဝင္ေစမယ့္ နည္းဗ်ဴဟာမ်ား

    အလုပ္တစ္ခုရွာရတာက အင္းနဲ႔အားနဲ႔ လုပ္ရ တဲ့ကိစၥဆိုတာကို ဘယ္သူမွျငင္းမယ္ မထင္ပါဘူး။ အလုပ္ေလွ်ာက္လႊာကစၿပီး အလုပ္ေအဂ်င္စီ ေတြနဲ႔ မိတ္ဆက္ၿပီး အလုပ္ရွာရတာကလည္း အေရးႀကီး တဲ့ကိစၥပါပဲ။ ကုမၸဏီေတြက အေကာင္းဆံုး ဝန္ထမ္း ေတြကို အၿမဲတမ္းရွာေဖြေနတာပါ။ ေကာင္းတဲ့ကုမၸဏီ မွာ အလုပ္ေလွ်ာက္ရဖို႔၊ အသိမိတ္ေဆြနဲ႔ ခ်ိတ္ဆက္ၿပီး အလုပ္ရွာဖို႔အတြက္ ေသခ်ာစီစဥ္ၿပီး လုပ္ေဆာင္ရ ပါတယ္။ ဒါေပမဲ့ အလုပ္တစ္ခုရ႐ံုနဲ႔တင္ မလံုေလာက္ ပါဘူး။ သင္အလုပ္လုပ္တဲ့ေနရာနဲ႔ သင့္အလုပ္က သင့္တင့္ေလ်ာက္ပတ္မႈလည္း ရွိရပါတယ္။ အလုပ္ တစ္ခုရွာတဲ့ေနရာမွာ နည္းဗ်ဴဟာေတြရွိပါတယ္။ ဒါေၾကာင့္ အလုပ္ရွာေဖြေနတဲ့သူေတြအတြက္ အသံုးဝင္ေစမယ့္ နည္းဗ်ဴဟာေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ရပါတယ္။

အလုပ္အကိုင္ျပပြဲေတြကို တက္ေရာက္ပါ
    အလုပ္ရွာတဲ့အခါ အလုပ္အကိုင္ျပပြဲေတြ က်င္းပတိုင္း တက္ေရာက္သင့္ပါတယ္။ အဲဒီပြဲေတြမွာ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာရွိၿပီး ကုမၸဏီ အသီးသီးမွ အေရးႀကီးပုဂၢိဳလ္ေတြ၊ စီးပြားေရးနယ္ပယ္ အသီးသီးမွ တာဝန္ရွိပုဂၢိဳလ္ေတြလည္း တက္ေရာက္ ၾကပါတယ္။ အလုပ္အကိုင္ျပပြဲမွာ ကုမၸဏီတစ္ခုရဲ႕ စီအီးအိုနဲ႔ေတြ႕ၿပီး ကံေကာင္းရင္ အလုပ္ရသြားႏိုင္ ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ခ်က္အျပည့္နဲ႔ေနၿပီး အလုပ္အကိုင္အခ်ိတ္အဆက္ရွိႏိုင္မယ့္ လူအမ်ားစုနဲ႔ ခိုင္မာတဲ့ဆက္ဆံေရးကို တည္ေဆာက္ဖို႔လိုပါတယ္။

လူမႈကြန္ရက္ေပၚက အလုပ္အခြင့္အလမ္း Group ေတြထဲဝင္ပါ
    ေဖ့စ္ဘြတ္ခ္လို လူမႈကြန္ရက္အေကာင့္မွာ အလုပ္ေခၚစာေတြ တင္ေပးတဲ့ Group အမ်ိဳးမ်ိဳး ရွိတယ္ဆိုတာ သိၾကမွာပါ။ အဲဒီလိုGroup ‌ေတြက အလုပ္ရွာေနတဲ့သူေတြအတြက္ အရမ္းအကူအညီ ျဖစ္ပါတယ္။ အလုပ္အကိုင္ Group‌ေတြထဲ ဝင္ထား တာက အလုပ္ရႏိုင္မယ့္နည္းလမ္းေတြ၊ အလုပ္အကိုင္ မ်ားစြာကို သိရွိရႏိုင္ပါတယ္။

သူငယ္ခ်င္းေတြနဲ႔ မိသားစုက ကူညီေပးပါလိမ့္မယ္
    အလုပ္ရဖို႔အတြက္ တစ္ေယာက္ေယာက္ရဲ႕ အာမခံေပးတာကလည္း ထိေရာက္မႈရွိပါတယ္။ သူငယ္ခ်င္းေတြနဲ႔မိသားစုကို သူတို႔ရဲ႕ကုမၸဏီမွာ အလုပ္ေခၚရင္ေျပာဖို႔နဲ႔ သူေဌးကို သင့္အေၾကာင္း ေျပာေပးဖို႔ ေတာင္းဆိုထားလို႔ရပါတယ္။ တခ်ိဳ႕ကုမၸဏီ ေတြက အယံုၾကည္ရဆံုး ဝန္ထမ္းေတြထဲက အသိ မိတ္ေဆြေတြကိုလည္း ခန္႔အပ္ခ်င္ၾကပါတယ္။ မိသားစုနဲ႔သူငယ္ခ်င္းေတြရဲ႕ ေထာက္ခံေပးမႈကလည္း အလုပ္ရႏိုင္မယ့္ အခြင့္အေရးေတြ တိုးလာႏိုင္ပါတယ္။

အလုပ္သင္အေနနဲ႔ ေလွ်ာက္ၾကည့္ပါ
    အလုပ္သင္အလုပ္နဲ႔ အခ်ိန္ျပည့္အလုပ္က ကြာျခားခ်င္ကြာျခားႏိုင္ေပမဲ့ အလုပ္သင္အေနနဲ႔ လုပ္ကိုင္တာက အက်ိဳးေက်းဇူးေတြရွိပါတယ္။ အေတြ႕အႀကံဳေတြရ႐ံုသာမက လူေတြနဲ႔ ခ်ိတ္ဆက္ဖို႔ အတြက္လည္း လမ္းဖြင့္ေပးထားပါတယ္။ သင့္ အတြက္ဘယ္အလုပ္က ကိုက္ညီလဲဆိုတာ မဆံုးျဖတ္ ခင္ အလားလာေကာင္းတဲ့ကုမၸဏီမွာ အလုပ္သင္ အေနနဲ႔ တစ္လေလာက္အလုပ္လုပ္ၾကည့္ပါ။ သင္ စိတ္ဝင္စားတဲ့အလုပ္ကို ရွာေဖြႏိုင္မွာျဖစ္သလို ကံေကာင္းရင္ အလုပ္ကမ္းလွမ္းခ်င္သူေတြပါရၿပီး အလုပ္ရသြားႏိုင္ပါတယ္။

သင့္ရဲ႕အခ်ိတ္အဆက္က သင့္ရဲ႕အသားတင္ ဝင္ေငြပါ
    အလုပ္ရွာတယ္ဆိုတာက သူငယ္ခ်င္းမိတ္ေဆြ အသစ္ဖြဲ႕ဖို႔လိုအပ္တယ္လို႔ ဆိုလိုတာပါ။ သင္ စိတ္ဝင္စားတဲ့အလုပ္နယ္ပယ္က လူေတြကို သိေအာင္ လုပ္ၿပီး သူတို႔နဲ႔ အဆက္အသြယ္မျပတ္ပါေစနဲ႔။ သူတို႔က အလုပ္ေခၚတဲ့အခါ အကူအညီေပးႏိုင္မွာပါ။ လူေတြနဲ႔ အခ်ိတ္အဆက္ရွိတာက သင္ေလွ်ာက္မယ့္ အလုပ္နဲ႔ ပတ္သက္ၿပီး အခ်က္အလက္ေတြသိႏိုင္ၿပီး အလုပ္တစ္ခုရဖို႔အတြက္ အကူအညီျဖစ္ေစမွာ ျဖစ္ပါတယ္။

လုပ္ငန္းကြၽမ္းက်င္အတတ္ပညာရွင္ေတြစုေဝးရာ လူမႈကြန္ရက္အေကာင့္ကိုဖြင့္ပါ
    အခုေနာက္ပိုင္းမွာ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ အလုပ္ရွာေနတဲ့သူေတြ အသံုးမ်ားလာတာက Linkedinပါပဲ။ စီးပြားေရးအသိုင္းအဝိုင္းက လူေတြ အားလံုးက Linkedinမွာ စုေဝးၾကၿပီး ကြၽမ္းက်င္ အတတ္ပညာရွင္ေတြနဲ႔ အခ်ိတ္အဆက္လုပ္ၾက ပါတယ္။ ကုမၸဏီမ်ိဳးစံုက လူေတြနဲ႔ ဆက္သြယ္ႏိုင္ၿပီး သူတို႔နဲ႔ အျပန္အလွန္ေျပာဆိုဆက္ဆံလို႔ရပါတယ္။ သင္လုပ္ခ်င္တဲ့ကုမၸဏီအတြက္ notification ကိုလည္း ဖြင့္ထားလို႔ရပါတယ္။


ဝန္းလဲ့လဲ့ေဇာ္
 

Previous Next