24 Feb, 2020
မသိဘူးထွက်မယ်

စာရေးသူအနေနဲ့ Recruitment Services လုပ်ကိုင်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလအတွင်းမှာ အလုပ်လျှောက်သူ Candidates ပေါင်းများစွာကို အင်တာဗျူး‌ပေါင်း မြောက်များစွာ ပြုလုပ်ခဲ့ရပါတယ်။ ဒီလို...အင်တာဗျူး လုပ်တိုင်းလုပ်တိုင်းမှာ စာရေးသူအနေနဲ့ အလုပ်လျှောက်သူ Candidates တိုင်းကို စိတ်ဝင်တစား မေးမြန်းလေ့ရှိတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ 

ဘာလဲဆိုတော့..."သင့်အနေနဲ့ လက်ရှိအလုပ် (သို့မဟုတ်) နောက်ဆုံးအလုပ်က ဘာကြောင့်ထွက်ချင်တာလဲ၊ ထွက်ခဲ့ရတာလဲ"ဆိုတဲ့ မေးခွန်း‌လေးပဲ ဖြစ်ပါတယ်။ ဒီလိုမေးဖြစ်တဲ့အခါတိုင်းမှာ အင်တာဗျူးလာ‌ဖြေကြတဲ့ အလုပ်လျှောက်သူတွေဆီကနေ အများဆုံး ပြန်ကြားရတဲ့ "အလုပ်ထွက်ရခြင်း အကြောင်းတရား" အများစုဟာ ထူးဆန်းစွာနဲ့ပဲ တိုက်ဆိုင်နေတတ်တာကို တွေ့ရပါတယ်။ ဒီနေ့ခေါင်းစဉ်အောက်မှာတော့ အလုပ်လျှောက်သူ အများစု ဖြေကြားကြတဲ့ အလုပ်ထွက်ရခြင်းအကြောင်းတရားများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ 

မိတ်ဆွေဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် (သို့မဟုတ်) HR တာဝန်ရှိသူ တစ်ယောက်ဆိုရင် မိမိရဲ့ လုပ်ငန်းမှာ ဒီလို အကြောင်းတရားတွေ ရှိနေပြီဆိုရင်တော့ ဒီအချက်တွေကို သတိထား ပြင်ဆင်ခြင်းအားဖြင့် မိမိလုပ်ငန်းရဲ့ Turnover Rate ကို လျှော့ချဖို့ အကူအညီတစ်ရပ် ဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ထို့အတူပဲ မိတ်ဆွေဟာ ကုမ္ပဏီတစ်ခုခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ယောက် ဆိုရင်လည်း မိမိရဲ့အလုပ်မှာ ဒီလို အ‌ကြောင်းတရားတွေနဲ့ တွေ့ကြုံနေရပြီ ဆိုရင်တော့ မိမိရဲ့ အချိန်တွေကို လက်ရှိအလုပ်မှာ ရေရှည်မြှုပ်နှံသင့်၊ မမြှုပ်နှံသင့် စဉ်းစားဆုံးဖြတ်သင့်ပြီလို့ အကြုံပြုတင်ပြချင်ပါတယ်။ 

အောက်ပါ အချက်ငါးချက်ကတော့ အလုပ်လျှောက်သူအများစု ‌ဖြေကြားထားတဲ့ အလုပ်ထွက်ရခြင်း အကြောင်းတရားငါးပါး (သို့မဟုတ်) ဒီအချက်တွေ ရှိနေပြီဆိုရင်တော့ မသိဘူးအလုပ်ထွက်မယ်ဆိုတဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။ 

ဒီအချက်ငါးချက်ကတော့....

☑️#နံပါတ်(၁) ။ ။ Poor Salary (လစာနည်းလွန်းတာ)
မှန်ပါတယ်။ ဒါကတော့ သိပ်မထူးဆန်းပါဘူး။ လစာတစ်ခုတည်းကြောင့် အလုပ်လုပ်တာမဟုတ်ဘူးလို့ ဘယ်လိုပဲပြောပြော သင့်လုပ်ငန်းရဲ့ လစာ (Pay Scale)ဟာ လက်ရှိ Market Price ထက် အလွန်အမင်း လျော့နည်းလွန်းနေတယ် ဆိုရင်တော့ သေချာပါတယ်...သင့်ဝန်ထမ်းတွေကို သင့်ရဲ့အလုပ်မှာ ကြာကြာလုပ်ဖို့ ဘယ်လိုမှ ရေရှည်ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေအနေနဲ့ မိမိတို့မျှော်လင့်နေတဲ့ အခြားအလုပ် တစ်ခုခု မရခင်အချိန်ထိ သင့်လုပ်ငန်းမှာ ခဏတာ နားခိုပြီး ဝင်လုပ်နေကြပေမယ့် သူတို့မျှော်လင့်ထားတဲ့ တခြားလစာပိုကောင်းတဲ့ အလုပ်တစ်ခုခု တွေ့တာနဲ့ မသိဘူးထွက်မယ်ဆိုပြီး ၎င်းအလုပ်သစ်ကို ပြောင်းသွားကြမယ်ဆိုတာ မြေကြီးလက်ခပ် မလွဲပါဘူး။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ (သို့မဟုတ်) HR တာဝန်ရှိသူတွေ အနေနဲ့ မိမိတို့ ကုမ္ပဏီရဲ့ လစာ Pay Scale ကို Market Price ထက် မနည်းလွန်း၊ မများလွန်း စနစ်တကျ ပြင်ဆင်သတ်မှတ်သင့်ပါကြောင်း အကြုံပြုတင်ပြအပ်ပါတယ်။ 


☑️#နံပါတ်(၂) ။ ။ Lack of career development (တိုးတက်မှုမရှိတာ)
Don't find the job find your career ဆိုတဲ့စကားလေးကို ကြားဖူးကြမယ်ထင်ပါတယ်။ အလုပ်မရှာပါနဲ့ သင့်ရဲ့ Career ကိုသာ ရှာဖွေပါဆိုတဲ့ စကားအတိုင်းပဲ မည်သည့်ဝန်ထမ်းမဆို မိမိတို့ရဲ့ Career Development ကို မျှော်လင့်တောင်းတကြသူချည်းပဲ မဟုတ်ပါလား။ ဒီနေ့မှာဒီရာထူး၊ ဒီတာဝန်၊ ဒီလစာ..နှောင်သုံးနှစ်မှာလည်း ဒီရာထူး၊ ဒီတာဝန်၊ ဒီလစာမျိုးနဲ့ ဘာတိုးတက်မှုမှ မရှိတဲ့ လုပ်ငန်းမျိုးမှာ ဘယ်သူမှ ရေရှည်လုပ်ကိုင်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မသိဘူးထွက်မယ်ဆိုတဲ့ အကြောင်းတရား တွေထဲမှာ မိမိရဲ့လက်ရှိအလုပ်ဟာ မိမိအတွက် Career Development အားနည်းခြင်းကလည်း သတိထားစရာ အချက်တစ်ခုအနေနဲ့ ပါဝင်နေရတာပဲ ဖြစ်ပါတယ်။ 

☑️#နံပါတ်(၃) ။ ။ Unclear Job Description and Feel overloaded (အလုပ်တာဝန် တိတိကျကျ မရှိခြင်းနှင့် မနိုင်ဝန်ထမ်းရခြင်း)
တစ်ချို့အလုပ်တွေရှိတတ်ပါတယ်။ အင်တာဗျူးတုန်းက ပြောထားတဲ့၊ သဘောတူထားတဲ့ Job Scope ကတစ်မျိုး ဖြစ်‌နေတတ်ပြီး၊ တကယ်တမ်းအလုပ်ဝင်လို့ နည်းနည်းကြာလာတဲ့အခါ ကိုယ့်ရဲ့ တာဝန်ဟာ တိတိကျကျ မရှိတော့ဘဲ ကိုယ့်ရဲ့ Boss အနေနဲ့ ဟိုဟာလည်းခိုင်းချင်၊ ဒီဟာလည်းခိုင်းချင်နဲ့ ကြာတော့...မိမိရဲ့ JD ‌ပျောက်ပြီး မနိုင်ဝန်ထမ်းရတဲ့ အဖြစ်ကို ရောက်ကြရပေတော့တယ်။ ဒါ့ကြောင့် အလုပ်တာဝန် တိတိကျကျ ရှင်းရှင်းလင်းမရှိဘဲ ခိုင်းချင်တာ ခိုင်းခြင်းဟာလည်း ဝန်ထမ်းတွေကို စိတ်ပျက်စေပြီး မနိုင်ဝန် ထမ်းနေရတယ်လို့ ခံစားရတဲ့နေ့ဟာ ၎င်းဝန်ထမ်း‌တွေအတွက် မသိဘူးထွက်မယ် ဆိုတဲ့နေ့ပဲ ဖြစ်တယ်ဆိုတာ သတိထားစရာအနေနဲ့ တင်ပြလိုက်ရပါတယ်။ 

☑️#နံပါတ်(၄) ။ ။ Lack of recognition (အသိအမှတ်ပြု မခံရတာ)
အရည်အချင်းပြည့်ဝပြီး Performanceကောင်းတဲ့ ဝန်ထမ်းတွေကို ချီးမြှောက်ကြတဲ့အခါ ကုမ္ပဏီတွေအနေနဲ့ Financial Reward ဆိုတဲ့ Salary တွေ၊ Bonus တွေ၊ Incentive တွေနဲ့ အသိအမှတ်ပြု ချီးမြှောက်ကြရသလို၊ နောက်ထပ် Non-financial Reward ဆိုတဲ့ သင်တန်းတွေပေးတာ၊ Vacation တွေ စီစဉ်ပေးတာ၊ လုပ်ပိုင်ခွင့် Empowerment တွေပေးတာ ဒါတွေနဲ့ ချီးမြှင့်တတ်ကြပါတယ်။ ဒီလိုချီးမြှင့်ကြတဲ့အခါ လုပ်ငန်းရှင်တွေ (သို့မဟုတ်) မန်နေဂျာတွေ မေ့နေကြတဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ မိမိဝန်ထမ်းတွေ၊ လက်အောက် ငယ်သားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေ၊ ကြိုးစားမှု ရလဒ်တွေကို နှုတ်အားဖြင့် အသိအမှတ်ပြု ချီးမြှောက်စကား ပြောကြားဖို့ မေ့နေတတ်ကြတာပါ။ မှန်ပါတယ်...လောကလူသားတိုင်းဟာ မိမိတို့ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ၊ ကြိုးစားအားထုတ်မှုတွေအတွက် အထက်လူကြီးတွေရဲ့ အသိအမှတ်ပြုခြင်းကို လိုလားတောင်းတတတ်ကြတာ သဘာဝပါ။ ဒီလို အသိအမှတ်ပြုတဲ့အခါ ငွေကြေးနဲ့ ချီးမြှင့်တာထက် "အရမ်းတော်တယ်၊ အရမ်းကောင်းတယ်ဆို"တဲ့ အသိအမှတ်ပြု စကားလေးတစ်ခွန်းဟာ လည်း မိမိဝန်ထမ်းရဲ့ Motivation နဲ့ Engagement ကို ကောင်းစေရုံတင်မကဘဲ ဒီလိုအသိအမှတ်ပြု ပြောကြားပေးလိုက်ခြင်းကြောင့် ဘာငွေကုန် ကြေးကျမှလည်း သုံးစွဲစရာ မလိုအပ်ပါဘူး။ ဒီလိုမှ မဟုတ်ဘဲ မိမိရဲ့လုပ်ငန်းခွင်မှာ အထက်လူကြီးအနေနဲ့မိမိရဲ့ လက်အောက်ငယ်သားတွေအပေါ်မှာ ဘာလုပ်လုပ် အကောင်းမမြင်ပေးတာ၊ အသိအမှတ် မပြုပေးတာတွေဟာ ဝန်ထမ်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး အခန့်မသင့်ရင် မသိဘူးထွက်မယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်သွားနိုင်‌စေတယ်ဆိုတာ သတိထားစရာ နောက်ထပ် အချက်တစ်ချက်အနေနဲ့ တင်ပြလိုက်ရပါတယ်။ 

☑️#နံပါတ်(၅) ။ ။ Inequity workplace (ခွဲခြားဆက်ဆံတာ)
မသိဘူးထွက်မယ်ဆိုတဲ့ အကြောင်းတရားတွေထဲမှာ အလုပ်လျှောက်သူအများစု ‌ဖြေကြားကြတဲ့ နောက်ဆုံး အချက်ကတော့ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခြင်းခံရတာပါ။ ဟုတ်ပါတယ်။ တစ်ချို့ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေထဲမှာ မကြာခင်ကမှ ဝင်ရောက်လုပ်ကိုင်ကြတဲ့ ဝန်ထမ်းအသစ်တွေ၊ ဝန်ထမ်းအဟောင်းတွေ၊ လူကြီးနဲ့ ဆွေမျိုးမကင်းတဲ့ ဝန်ထမ်းတွေ၊ နှစ်ရှည်လများ တာဝန်ထမ်းဆောင်နေကြတဲ့ သစ္စာရှင် ဝန်ထမ်းတွေ၊ အလုပ်ရှင် (သို့မဟုတ်) မန်နေဂျာရဲ့ လူယုံဝန်ထမ်းတွေ အစရှိသဖြင့် ဝန်ထမ်းပေါင်းများစွာဟာ ပုံစုံမျိုးစုံနဲ့ ဝင်ရောက်လုပ်ကိုင် နေတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်ရှင် (သို့မဟုတ်) မန်နေဂျာတွေဟာ ဝန်ထမ်းတွေထဲမှာမှ မိမိရဲ့လူယုံ‌ပြောမှ၊ မိမိရဲ့ ဆွေမျိုးမကင်းတဲ့ ဝန်ထမ်းပြောမှ ယုံကြည်တတ်တာ၊ ဝန်ထမ်းဟောင်းတွေကို မျက်နှာသာပေးတတ်တာ၊ မိမိရဲ့အလိုကို အကြိုက်ဆောင်ပြီး မိမိနဲ့ ပနံသင့်တဲ့ ဝန်ထမ်းမျိုးကိုသာ ဦးစား‌ပေးတတ်တာ၊ နေရာပေးတတ်တာ အစရှိသဖြင့် နည်းမျိုးစုံနဲ့ မသိမသာ ခွဲခြားဆက်ဆံတတ်ကြပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါ တစ်ချို့ဝန်ထမ်းတွေဟာ ၎င်းသစ္စာရှင်ဝန်ထမ်းတွေ၊ လူယုံဝန်ထမ်းတွေရဲ့ အသနားခံ စောင့်ကြည့် သတ္တဝါတွေအဖြစ် မသိမသာ ရောက်ရှိလာကြရပြီး သည်းမခံနိုင်တဲ့အဆုံး မသိဘူးထွက်မယ်အဖြစ်ကို ရောက်ခြင်းမလှ ရောက်ကြရပေတော့တယ်။ ဒါ့ကြောင့် မိမိရဲ့လုပ်ငန်းခွင်မှာ ဒီလိုမျိုးအဖြစ်ပျက်မျိုးတွေနဲ့ ကြုံတွေနေရပြီဆိုရင်တော့ အလျင်အမြန် ပြုပြင်နိုင်မှသာ ဝန်ထမ်းကောင်းတွေကို ရေရှည်ဆွဲဆောင်ထားနိုင်မှာဖြစ်ပြီး၊ Turnover Rate ကို လျှော့ချနိုင်မှာ ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပေတော့သည်။ ။


ကဲ....မိတ်ဆွေတို့ရေ ခုဆိုရင်တော့ စာရေးသူရဲ့ အင်တာဗျူး အတွေ့အကြုံတွေကနေ ရရှိလာတဲ့ ဝန်ထမ်းအများစုရဲ့ မသိဘူးထွက်မယ်ဆိုတဲ့ အလုပ်ထွက်ရခြင်း အကြောင်းတရားများကို ဝေမျှပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် (သို့မဟုတ်) HR တာဝန်ရှိသူ တစ်ယောက်ဆိုရင် မိမိရဲ့ လုပ်ငန်းမှာ ဒီလိုအကြောင်းတရားတွေ ရှိနေပြီဆိုရင်တော့ ဒီအချက်တွေကို သတိထား ပြင်ဆင်ခြင်းအားဖြင့် မိမိလုပ်ငန်းရဲ့ Turnover Rate ကို လျှော့ချဖို့ အကူအညီ ဖြစ်စေနိုင်မယ့် အကျိုးတစ်စုံတစ်ရာ ရရှိစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ထို့အတူပဲ မိတ်ဆွေဟာ ကုမ္ပဏီတစ်ခုခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ယောက် ဆိုရင်လည်း မိမိရဲ့အလုပ်မှာ ဒီလို အ‌ကြောင်းတရားတွေနဲ့ တွေ့ကြုံနေရပြီဆိုရင်တော့ မိမိရဲ့အချိန်တွေကို လက်ရှိအလုပ်မှာ ရေရှည်မြှုပ်နှံသင့်၊ မမြှုပ်နှံသင့် စဉ်းစားဆုံးဖြတ်နိုင်ဖို့ အကျိုးတစ်စုံတစ်ရာ ရရှိစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အလုပ်ထွက်ရခြင်းရဲ့ အကြောင်းတရားများနဲ့ ပတ်သတ်ပြီး မိတ်ဆွေတို့ရဲ့အမြင် (သို့မဟုတ်) အတွေ့အကြုံ အကြောင်းတရားလေး တွေရှိတယ်ဆိုရင်လည်း ဝေမျှသွားကြပါအုံးဗျာ။ ။

လေးစားစွာဖြင့်
Aung Phyo Latt (RIGHT & JUSTICE)
+++++++++++++++++++++++++++++++++++++++++++++++

""မသိဘူးထြက္မယ္"

စာေရးသူအေနနဲ႔ Recruitment Services လုပ္ကိုင္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ကာလအတြင္းမွာ အလုပ္ေလွ်ာက္သူ Candidates ေပါင္းမ်ားစြာကို အင္တာဗ်ဴး‌ေပါင္း ေျမာက္မ်ားစြာ ျပဳလုပ္ခဲ့ရပါတယ္။ ဒီလို...အင္တာဗ်ဴး လုပ္တိုင္းလုပ္တိုင္းမွာ စာေရးသူအေနနဲ႔ အလုပ္ေလွ်ာက္သူ Candidates တိုင္းကို စိတ္ဝင္တစား ေမးျမန္းေလ့ရွိတဲ့ ေမးခြန္းေလးတစ္ခု ရွိပါတယ္။ 

ဘာလဲဆိုေတာ့..."သင့္အေနနဲ႔ လက္ရွိအလုပ္ (သို႔မဟုတ္) ေနာက္ဆုံးအလုပ္က ဘာေၾကာင့္ထြက္ခ်င္တာလဲ၊ ထြက္ခဲ့ရတာလဲ?"ဆိုတဲ့ ေမးခြန္း‌ေလးပဲ ျဖစ္ပါတယ္။ ဒီလိုေမးျဖစ္တဲ့အခါတိုင္းမွာ အင္တာဗ်ဴးလာ‌ေျဖၾကတဲ့ အလုပ္ေလွ်ာက္သူေတြဆီကေန အမ်ားဆုံး ျပန္ၾကားရတဲ့ "အလုပ္ထြက္ရျခင္း အေၾကာင္းတရား" အမ်ားစုဟာ ထူးဆန္းစြာနဲ႔ပဲ တိုက္ဆိုင္ေနတတ္တာကို ေတြ႕ရပါတယ္။ ဒီေန႔ေခါင္းစဥ္ေအာက္မွာေတာ့ အလုပ္ေလွ်ာက္သူ အမ်ားစု ေျဖၾကားၾကတဲ့ အလုပ္ထြက္ရျခင္းအေၾကာင္းတရားမ်ားကို ေဝမွ်ေပးသြားမွာ ျဖစ္ပါတယ္။ 

မိတ္ေဆြဟာ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ (သို႔မဟုတ္) HR တာဝန္ရွိသူ တစ္ေယာက္ဆိုရင္ မိမိရဲ႕ လုပ္ငန္းမွာ ဒီလို အေၾကာင္းတရားေတြ ရွိေနၿပီဆိုရင္ေတာ့ ဒီအခ်က္ေတြကို သတိထား ျပင္ဆင္ျခင္းအားျဖင့္ မိမိလုပ္ငန္းရဲ႕ Turnover Rate ကို ေလွ်ာ့ခ်ဖို႔ အကူအညီတစ္ရပ္ ျဖစ္ေစႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ထို႔အတူပဲ မိတ္ေဆြဟာ ကုမၸဏီတစ္ခုခုမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းတစ္ေယာက္ ဆိုရင္လည္း မိမိရဲ႕အလုပ္မွာ ဒီလို အ‌ေၾကာင္းတရားေတြနဲ႔ ေတြ႕ႀကဳံေနရၿပီ ဆိုရင္ေတာ့ မိမိရဲ႕ အခ်ိန္ေတြကို လက္ရွိအလုပ္မွာ ေရရွည္ျမႇဳပ္ႏွံသင့္၊ မျမႇဳပ္ႏွံသင့္ စဥ္းစားဆုံးျဖတ္သင့္ၿပီလို႔ အႀကဳံျပဳတင္ျပခ်င္ပါတယ္။ 

ေအာက္ပါ အခ်က္ငါးခ်က္ကေတာ့ အလုပ္ေလွ်ာက္သူအမ်ားစု ‌ေျဖၾကားထားတဲ့ အလုပ္ထြက္ရျခင္း အေၾကာင္းတရားငါးပါး (သို႔မဟုတ္) ဒီအခ်က္ေတြ ရွိေနၿပီဆိုရင္ေတာ့ မသိဘူးအလုပ္ထြက္မယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြပဲ ျဖစ္ပါတယ္။ 

ဒီအခ်က္ငါးခ်က္ကေတာ့....

☑️#နံပါတ္(၁) ။ ။ Poor Salary (လစာနည္းလြန္းတာ)
မွန္ပါတယ္။ ဒါကေတာ့ သိပ္မထူးဆန္းပါဘူး။ လစာတစ္ခုတည္းေၾကာင့္ အလုပ္လုပ္တာမဟုတ္ဘူးလို႔ ဘယ္လိုပဲေျပာေျပာ သင့္လုပ္ငန္းရဲ႕ လစာ (Pay Scale)ဟာ လက္ရွိ Market Price ထက္ အလြန္အမင္း ေလ်ာ့နည္းလြန္းေနတယ္ ဆိုရင္ေတာ့ ေသခ်ာပါတယ္...သင့္ဝန္ထမ္းေတြကို သင့္ရဲ႕အလုပ္မွာ ၾကာၾကာလုပ္ဖို႔ ဘယ္လိုမွ ေရရွည္ထိန္းထားႏိုင္မွာ မဟုတ္ပါဘူး။ ဝန္ထမ္းေတြအေနနဲ႔ မိမိတို႔ေမွ်ာ္လင့္ေနတဲ့ အျခားအလုပ္ တစ္ခုခု မရခင္အခ်ိန္ထိ သင့္လုပ္ငန္းမွာ ခဏတာ နားခိုၿပီး ဝင္လုပ္ေနၾကေပမယ့္ သူတို႔ေမွ်ာ္လင့္ထားတဲ့ တျခားလစာပိုေကာင္းတဲ့ အလုပ္တစ္ခုခု ေတြ႕တာနဲ႔ မသိဘူးထြက္မယ္ဆိုၿပီး ၎အလုပ္သစ္ကို ေျပာင္းသြားၾကမယ္ဆိုတာ ေျမႀကီးလက္ခပ္ မလြဲပါဘူး။ ဒါ့ေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္ေတြ (သို႔မဟုတ္) HR တာဝန္ရွိသူေတြ အေနနဲ႔ မိမိတို႔ ကုမၸဏီရဲ႕ လစာ Pay Scale ကို Market Price ထက္ မနည္းလြန္း၊ မမ်ားလြန္း စနစ္တက် ျပင္ဆင္သတ္မွတ္သင့္ပါေၾကာင္း အႀကဳံျပဳတင္ျပအပ္ပါတယ္။ 


☑️#နံပါတ္(၂) ။ ။ Lack of career development (တိုးတက္မႈမရွိတာ)
Don't find the job find your career ဆိုတဲ့စကားေလးကို ၾကားဖူးၾကမယ္ထင္ပါတယ္။ အလုပ္မရွာပါနဲ႔ သင့္ရဲ႕ Career ကိုသာ ရွာေဖြပါဆိုတဲ့ စကားအတိုင္းပဲ မည္သည့္ဝန္ထမ္းမဆို မိမိတို႔ရဲ႕ Career Development ကို ေမွ်ာ္လင့္ေတာင္းတၾကသူခ်ည္းပဲ မဟုတ္ပါလား။ ဒီေန႔မွာဒီရာထူး၊ ဒီတာဝန္၊ ဒီလစာ..ေႏွာင္သုံးႏွစ္မွာလည္း ဒီရာထူး၊ ဒီတာဝန္၊ ဒီလစာမ်ိဳးနဲ႔ ဘာတိုးတက္မႈမွ မရွိတဲ့ လုပ္ငန္းမ်ိဳးမွာ ဘယ္သူမွ ေရရွည္လုပ္ကိုင္ခ်င္ၾကမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ မသိဘူးထြက္မယ္ဆိုတဲ့ အေၾကာင္းတရား ေတြထဲမွာ မိမိရဲ႕လက္ရွိအလုပ္ဟာ မိမိအတြက္ Career Development အားနည္းျခင္းကလည္း သတိထားစရာ အခ်က္တစ္ခုအေနနဲ႔ ပါဝင္ေနရတာပဲ ျဖစ္ပါတယ္။ 

☑️#နံပါတ္(၃) ။ ။ Unclear Job Description and Feel overloaded (အလုပ္တာဝန္ တိတိက်က် မရွိျခင္းႏွင့္ မႏိုင္ဝန္ထမ္းရျခင္း)
တစ္ခ်ိဳ႕အလုပ္ေတြရွိတတ္ပါတယ္။ အင္တာဗ်ဴးတုန္းက ေျပာထားတဲ့၊ သေဘာတူထားတဲ့ Job Scope ကတစ္မ်ိဳး ျဖစ္‌ေနတတ္ၿပီး၊ တကယ္တမ္းအလုပ္ဝင္လို႔ နည္းနည္းၾကာလာတဲ့အခါ ကိုယ့္ရဲ႕ တာဝန္ဟာ တိတိက်က် မရွိေတာ့ဘဲ ကိုယ့္ရဲ႕ Boss အေနနဲ႔ ဟိုဟာလည္းခိုင္းခ်င္၊ ဒီဟာလည္းခိုင္းခ်င္နဲ႔ ၾကာေတာ့...မိမိရဲ႕ JD ‌ေပ်ာက္ၿပီး မႏိုင္ဝန္ထမ္းရတဲ့ အျဖစ္ကို ေရာက္ၾကရေပေတာ့တယ္။ ဒါ့ေၾကာင့္ အလုပ္တာဝန္ တိတိက်က် ရွင္းရွင္းလင္းမရွိဘဲ ခိုင္းခ်င္တာ ခိုင္းျခင္းဟာလည္း ဝန္ထမ္းေတြကို စိတ္ပ်က္ေစၿပီး မႏိုင္ဝန္ ထမ္းေနရတယ္လို႔ ခံစားရတဲ့ေန႔ဟာ ၎ဝန္ထမ္း‌ေတြအတြက္ မသိဘူးထြက္မယ္ ဆိုတဲ့ေန႔ပဲ ျဖစ္တယ္ဆိုတာ သတိထားစရာအေနနဲ႔ တင္ျပလိုက္ရပါတယ္။ 

☑️#နံပါတ္(၄) ။ ။ Lack of recognition (အသိအမွတ္ျပဳ မခံရတာ)
အရည္အခ်င္းျပည့္ဝၿပီး Performanceေကာင္းတဲ့ ဝန္ထမ္းေတြကို ခ်ီးေျမႇာက္ၾကတဲ့အခါ ကုမၸဏီေတြအေနနဲ႔ Financial Reward ဆိုတဲ့ Salary ေတြ၊ Bonus ေတြ၊ Incentive ေတြနဲ႔ အသိအမွတ္ျပဳ ခ်ီးေျမႇာက္ၾကရသလို၊ ေနာက္ထပ္ Non-financial Reward ဆိုတဲ့ သင္တန္းေတြေပးတာ၊ Vacation ေတြ စီစဥ္ေပးတာ၊ လုပ္ပိုင္ခြင့္ Empowerment ေတြေပးတာ ဒါေတြနဲ႔ ခ်ီးျမႇင့္တတ္ၾကပါတယ္။ ဒီလိုခ်ီးျမႇင့္ၾကတဲ့အခါ လုပ္ငန္းရွင္ေတြ (သို႔မဟုတ္) မန္ေနဂ်ာေတြ ေမ့ေနၾကတဲ့ အရာတစ္ခုရွိပါတယ္။ ဒါကေတာ့ မိမိဝန္ထမ္းေတြ၊ လက္ေအာက္ ငယ္သားေတြရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြ၊ ႀကိဳးစားမႈ ရလဒ္ေတြကို ႏႈတ္အားျဖင့္ အသိအမွတ္ျပဳ ခ်ီးေျမႇာက္စကား ေျပာၾကားဖို႔ ေမ့ေနတတ္ၾကတာပါ။ မွန္ပါတယ္...ေလာကလူသားတိုင္းဟာ မိမိတို႔ရဲ႕ ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြ၊ ႀကိဳးစားအားထုတ္မႈေတြအတြက္ အထက္လူႀကီးေတြရဲ႕ အသိအမွတ္ျပဳျခင္းကို လိုလားေတာင္းတတတ္ၾကတာ သဘာဝပါ။ ဒီလို အသိအမွတ္ျပဳတဲ့အခါ ေငြေၾကးနဲ႔ ခ်ီးျမႇင့္တာထက္ "အရမ္းေတာ္တယ္၊ အရမ္းေကာင္းတယ္ဆို"တဲ့ အသိအမွတ္ျပဳ စကားေလးတစ္ခြန္းဟာ လည္း မိမိဝန္ထမ္းရဲ႕ Motivation နဲ႔ Engagement ကို ေကာင္းေစ႐ုံတင္မကဘဲ ဒီလိုအသိအမွတ္ျပဳ ေျပာၾကားေပးလိုက္ျခင္းေၾကာင့္ ဘာေငြကုန္ ေၾကးက်မွလည္း သုံးစြဲစရာ မလိုအပ္ပါဘူး။ ဒီလိုမွ မဟုတ္ဘဲ မိမိရဲ႕လုပ္ငန္းခြင္မွာ အထက္လူႀကီးအေနနဲ႔မိမိရဲ႕ လက္ေအာက္ငယ္သားေတြအေပၚမွာ ဘာလုပ္လုပ္ အေကာင္းမျမင္ေပးတာ၊ အသိအမွတ္ မျပဳေပးတာေတြဟာ ဝန္ထမ္းရဲ႕ စြမ္းေဆာင္ရည္ကို က်ဆင္းေစၿပီး အခန႔္မသင့္ရင္ မသိဘူးထြက္မယ္ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခု ျဖစ္သြားႏိုင္‌ေစတယ္ဆိုတာ သတိထားစရာ ေနာက္ထပ္ အခ်က္တစ္ခ်က္အေနနဲ႔ တင္ျပလိုက္ရပါတယ္။ 

☑️#နံပါတ္(၅) ။ ။ Inequity workplace (ခြဲျခားဆက္ဆံတာ)
မသိဘူးထြက္မယ္ဆိုတဲ့ အေၾကာင္းတရားေတြထဲမွာ အလုပ္ေလွ်ာက္သူအမ်ားစု ‌ေျဖၾကားၾကတဲ့ ေနာက္ဆုံး အခ်က္ကေတာ့ မိမိတို႔ရဲ႕ လုပ္ငန္းခြင္မွာ ခြဲျခားဆက္ဆံျခင္းခံရတာပါ။ ဟုတ္ပါတယ္။ တစ္ခ်ိဳ႕ကုမၸဏီေတြရဲ႕ ဝန္ထမ္းေတြထဲမွာ မၾကာခင္ကမွ ဝင္ေရာက္လုပ္ကိုင္ၾကတဲ့ ဝန္ထမ္းအသစ္ေတြ၊ ဝန္ထမ္းအေဟာင္းေတြ၊ လူႀကီးနဲ႔ ေဆြမ်ိဳးမကင္းတဲ့ ဝန္ထမ္းေတြ၊ ႏွစ္ရွည္လမ်ား တာဝန္ထမ္းေဆာင္ေနၾကတဲ့ သစၥာရွင္ ဝန္ထမ္းေတြ၊ အလုပ္ရွင္ (သို႔မဟုတ္) မန္ေနဂ်ာရဲ႕ လူယုံဝန္ထမ္းေတြ အစရွိသျဖင့္ ဝန္ထမ္းေပါင္းမ်ားစြာဟာ ပုံစုံမ်ိဳးစုံနဲ႔ ဝင္ေရာက္လုပ္ကိုင္ ေနတတ္ၾကပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အလုပ္ရွင္ (သို႔မဟုတ္) မန္ေနဂ်ာေတြဟာ ဝန္ထမ္းေတြထဲမွာမွ မိမိရဲ႕လူယုံ‌ေျပာမွ၊ မိမိရဲ႕ ေဆြမ်ိဳးမကင္းတဲ့ ဝန္ထမ္းေျပာမွ ယုံၾကည္တတ္တာ၊ ဝန္ထမ္းေဟာင္းေတြကို မ်က္ႏွာသာေပးတတ္တာ၊ မိမိရဲ႕အလိုကို အႀကိဳက္ေဆာင္ၿပီး မိမိနဲ႔ ပနံသင့္တဲ့ ဝန္ထမ္းမ်ိဳးကိုသာ ဦးစား‌ေပးတတ္တာ၊ ေနရာေပးတတ္တာ အစရွိသျဖင့္ နည္းမ်ိဳးစုံနဲ႔ မသိမသာ ခြဲျခားဆက္ဆံတတ္ၾကပါတယ္။ ဒီလိုနဲ႔ ၾကာလာတဲ့အခါ တစ္ခ်ိဳ႕ဝန္ထမ္းေတြဟာ ၎သစၥာရွင္ဝန္ထမ္းေတြ၊ လူယုံဝန္ထမ္းေတြရဲ႕ အသနားခံ ေစာင့္ၾကည့္ သတၱဝါေတြအျဖစ္ မသိမသာ ေရာက္ရွိလာၾကရၿပီး သည္းမခံႏိုင္တဲ့အဆုံး မသိဘူးထြက္မယ္အျဖစ္ကို ေရာက္ျခင္းမလွ ေရာက္ၾကရေပေတာ့တယ္။ ဒါ့ေၾကာင့္ မိမိရဲ႕လုပ္ငန္းခြင္မွာ ဒီလိုမ်ိဳးအျဖစ္ပ်က္မ်ိဳးေတြနဲ႔ ႀကဳံေတြေနရၿပီဆိုရင္ေတာ့ အလ်င္အျမန္ ျပဳျပင္ႏိုင္မွသာ ဝန္ထမ္းေကာင္းေတြကို ေရရွည္ဆြဲေဆာင္ထားႏိုင္မွာျဖစ္ၿပီး၊ Turnover Rate ကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါေၾကာင္း အႀကံျပဳတင္ျပလိုက္ရေပေတာ့သည္။ ။


ကဲ....မိတ္ေဆြတို႔ေရ ခုဆိုရင္ေတာ့ စာေရးသူရဲ႕ အင္တာဗ်ဴး အေတြ႕အႀကဳံေတြကေန ရရွိလာတဲ့ ဝန္ထမ္းအမ်ားစုရဲ႕ မသိဘူးထြက္မယ္ဆိုတဲ့ အလုပ္ထြက္ရျခင္း အေၾကာင္းတရားမ်ားကို ေဝမွ်ေပးသြားခဲ့တာပဲ ျဖစ္ပါတယ္။ မိတ္ေဆြဟာ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ (သို႔မဟုတ္) HR တာဝန္ရွိသူ တစ္ေယာက္ဆိုရင္ မိမိရဲ႕ လုပ္ငန္းမွာ ဒီလိုအေၾကာင္းတရားေတြ ရွိေနၿပီဆိုရင္ေတာ့ ဒီအခ်က္ေတြကို သတိထား ျပင္ဆင္ျခင္းအားျဖင့္ မိမိလုပ္ငန္းရဲ႕ Turnover Rate ကို ေလွ်ာ့ခ်ဖို႔ အကူအညီ ျဖစ္ေစႏိုင္မယ့္ အက်ိဳးတစ္စုံတစ္ရာ ရရွိေစႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ထို႔အတူပဲ မိတ္ေဆြဟာ ကုမၸဏီတစ္ခုခုမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းတစ္ေယာက္ ဆိုရင္လည္း မိမိရဲ႕အလုပ္မွာ ဒီလို အ‌ေၾကာင္းတရားေတြနဲ႔ ေတြ႕ႀကဳံေနရၿပီဆိုရင္ေတာ့ မိမိရဲ႕အခ်ိန္ေတြကို လက္ရွိအလုပ္မွာ ေရရွည္ျမႇဳပ္ႏွံသင့္၊ မျမႇဳပ္ႏွံသင့္ စဥ္းစားဆုံးျဖတ္ႏိုင္ဖို႔ အက်ိဳးတစ္စုံတစ္ရာ ရရွိေစႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ တကယ္လို႔ အလုပ္ထြက္ရျခင္းရဲ႕ အေၾကာင္းတရားမ်ားနဲ႔ ပတ္သတ္ၿပီး မိတ္ေဆြတို႔ရဲ႕အျမင္ (သို႔မဟုတ္) အေတြ႕အႀကဳံ အေၾကာင္းတရားေလး ေတြရွိတယ္ဆိုရင္လည္း ေဝမွ်သြားၾကပါအုံးဗ်ာ။ ။

ေလးစားစြာျဖင့္
Aung Phyo Latt (RIGHT & JUSTICE)
 

Previous Next