24 Feb, 2020
မနေ့ကဘွဲ့ရခဲ့တယ်ဆိုတဲ့သူတွေအတွက်ဖတ်စရာ 

ဂုဏ်ယူပါတယ်၊ သင်မနေ့ကဘွဲ့ရခဲ့ပါပြီ ။ ဘဝရဲ့ မှတ်တိုင်တစ်ခု စိုက်ထူ နိုင်ခဲ့ပါပြီ ။ဆယ်စုနှစ် တစ်ခုစာဖြတ်သန်းခဲ့ရတဲ့ကျောင်းသားဘဝပြီးဆုံးခဲ့တဲ့ အလျောက်မျှော်လင့်ချက်တွေနဲ့ပြည့်နေတယ်။ အ ပြောင်းအလဲမှာလူကသတ္တိတွေနဲ့အပြည့်။ ဘယ်လိုစိန် ခေါ်မှုမျိုးကိုမဆိုရင်ဆိုင်လိုက်ဖို့အသင့်ပါပဲ။ ဒီလိုစိတ် အားထက်သန်မှုတွေမပျက်ပြယ်ဖို့၊အကျိုးရှိရှိအသုံးချ နိုင်ပြီးမဝေးတော့တဲ့အနာဂတ်မှာအောင်မြင်မှုတွေနဲ့ အတူလမ်းမှန်ကိုရောက်ရှိနိုင်ဖို့အတွက်ပြင်ဆင်သင့်တဲ့ အချက်တွေကိုမျှဝေလိုက်ပါတယ်။ 
(၁)အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုလိုက်ပါ
    ကျတော်တို့မြန်မာနိုင်ငံမှာအသက် ၄ နှစ်ခွဲ ၅ နှစ်တာက စပြီး မူကြို ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့တက္ကသိုလ်ပညာရေးအဖြစ်ဆယ်စုနှစ် တစ်ခုစာအချိန်တွေရင်းခဲ့၊ လေ့လာခဲ့ပြီးမှဘွဲ့လက်မှတ် ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရရှိခဲ့တဲ့ဘဝမှတ် တိုင်တစ်ခုအဖြစ်ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလိုက်ပါ။လွယ် လွယ်ကူကူရခဲ့တာမဟုတ်ဘဲပေးဆပ်ခဲ့ရတဲ့အချိန်များ စွာအတွက်သင်ဟာဂုဏ်ပြုထိုက်သူတစ်ဦးပါ။
(၂)လက်တွေ့ဘဝမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။ 
    တကယ်တော့ကျွန်ုပ်တို့ကျောင်းသားတွေ ကလက်တွေ့ဘဝတစ်ခုနဲ့ မရင်းနှီးပါဘူး။ကျောင်းသား  တစ်ယောက် ကျောင်းတက်စဉ်ကာလမှာ ကြုံတွေ့ရတဲ့ လက်တွေ့အခက်အခဲဆိုတာစာမေးပွဲလောက်ပဲရှိခဲ့ တာပါ ။ ဒီနေ့ကစပြီးသင်ဖြေဆိုရမှာစာအုပ်ထဲကစာ တွေလုံးဝမဟုတ်တော့ပါဘူး ။ဘဝအတွက်လျှောက် လှမ်းရမယ့်ဘဝစာမျက်နှာတွေပေါ်ကစာမေးပွဲတွေကို အကြိမ်ကြိမ်ဖြေဆိုရတော့မှာဖြစ်တာကြောင့်တကယ် လက်တွေ့ဘဝဆိုတာနဲ့ရင်ဆိုင်ရတော့မှာပါ။ကိုယ် တိုင်အမှတ်ပေးပြီး ကိုယ်တိုင်လက်တွေ့အကျိုး ခံစား ရမယ့်စာမေးပွဲမျိုးပါ။
    လက်တွေ့ဘဝမှာသင်ကအခုမှမူကြို တက် ဝလုံးစရေးမှာပါ ။ ဒါကြောင့် အရင်ဆုံးဝလုံးဝိုင်းတတ်ဖို့ ခဲတံကိုင်တတ်အောင်တော့အရင်ဆုံးလေ့ကျင့်ရမယ် ဆိုတာကျွန်ုပ်တို့အသိပါပဲ ။ 
(၃)အလုပ်ရှာပါ။ 
    ငွေရှာတာထက်ပိုတဲ့အလုပ်တစ်ခုကို ရှာပါ။ငွေရရုံသက်သက်လုပ်ရမယ့်အလုပ်ထက်အနာဂတ်မှာ ကိုယ့်ရဲ့ဘဝကိုလမ်းပြပေးနိုင်မယ့်အလုပ်တစ်ခုကိုဦး တည်ပြီးရှာသင့်ပါတယ်။အပြောင်းအလဲမှာလတ်ဆတ် နေတဲ့စိတ်တွေကိုအလုပ်ရှာတဲ့နေရာမှာအကျိုးရှိရှိ အသုံးချလိုက်ပါ။
(၄)စာဖတ်ပါ။
    ကျောင်းသားတော်တော်များများကစာ ကျက်ပျင်းကြပါတယ်။ အခုတော့ကျက်စရာစာမရှိ တော့ပါဘူး။ ပျော်စရာကောင်းပေမဲ့ဖတ်ပြီးမှတ်သား သင့်၊ပြန်အသုံးချသင့်တဲ့ဖတ်စရာစာတွေတော့ရှိပါ တယ်။ စာမေးပွဲဖြေစရာမလိုပေမဲ့ဘဝစာမေးပွဲကျတဲ့ အခါအတန်းစာမေးပွဲထက်ပိုပြင်းထန်ပါတယ်။ဒါ ကြောင့်စာဖတ်ဖို့မမေ့ပါနဲ့။ စိတ်အာဟာရ၊အတွေး အာဟာရ အတွက် စာပေတွေကို ရွေးချယ်ပါ ။ 
(၅)ဘယ်အခွင့်ရေးကိုမှ မငြင်းဆိုလိုက်ပါနဲ့။ 
    အလုပ်အကိုင်အတွက်အခွင့်အရေးပဲဖြစ် ဖြစ်၊ ပညာရဖို့အခွင့်အရေးပဲဖြစ်ဖြစ်ဘယ်လိုအခွင့်အရေး မျိုးကိုမှဆုံးရှုံးမခံပါနဲ့။ အခွင့်အရေးတိုင်းကအမြင့်ကို တက်ဖို့လှေကားတစ်ခုဖြစ်နိုင်ပါတယ်။ အခွင့်ရေး ကောင်းတိုင်းကိုလက်လွှတ်မခံပါနဲ့။ ပညာလိုချင်သူ၊ အတွေ့အကြုံလိုချင်သူတွေအတွက်နေရာတိုင်းမှာတိုး တက်ဖို့အခွင့်အရေး ရှိပါတယ်။ဒါကြောင့်မငြင်းဆိုပါနဲ့  
(၆) အချိန်မဖြုန်းပါနဲ့။ 
    ကျွန်ုပ်တို့ တော်တော်များများမသိဘဲကိုယ် တိုင်လုပ်နေမိတဲ့အလုပ်ကတော့အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေမိတာပါ။၅ မိနစ်လောက်ပဲဆိုပြီးယူဆ လိုက်ပေမဲ့တကယ်တမ်းကငါးမိနစ်ထက်ပိုတဲ့အချိန် တွေသုံးလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ပြန်မရနိုင်တဲ့အ ရာတွေထဲမှာအချိန်လည်းပါပါတယ်။ ဒါကြောင့်အ ရေးမပါအကျိုးမရှိတဲ့နေရာတွေမှာအချိန်မဖြုန်းမိဖို့ သတိပြုပါ။ 
(၇)သင်တန်းတက်ပါ။ 
    ရခဲ့တဲ့ဘွဲ့လက်မှတ်တစ်ခုကအရာအား လုံး ကိုသင်ပေးလိုက်တာလို့ယူဆနေရင်တော့ပြန်စဉ်းစား သုံးသပ်ဖို့လိုပါလိမ့်မယ်။လုပ်ငန်းခွင်မှာလက်တွေ့အ သုံးဝင်နိုင်ဖို့နဲ့ကိုယ်တိုင်မကျွမ်းကျင်တဲ့အရာတွေအ တွက်သင်တန်းတက်ဖို့လိုပါတယ်။(ဥပမာ - ကွန်ပျူတာ သင်တန်း၊အင်္ဂလိပ်စာသင်တန်း) ဘွဲ့ရတာမှန်ပေမဲ့ ဘယ်လိုအကြောင်းမျိုးနဲ့မှလေ့လာဆည်းပူးနေတာကို ရပ်တန့်လိုက်လို့မဖြစ်ပါဘူး ။ 
    အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေကို သုံးသပ်ကျင့်ဆောင်ရင်းအလုပ်အကိုင်အခွင့်လမ်း ကောင်းတွေရရှိကြပါစေ။ 


Chan Myae
 

+++++++++++++++++++++++++++++++++++

မေန႔ကဘြဲ႕ရခဲ့တယ္ဆိုတဲ့သူေတြအတြက္ဖတ္စရာ 

    ဂုဏ္ယူပါတယ္၊ သင္မေန႔ကဘြဲ႕ရခဲ့ပါၿပီ ။ ဘဝရဲ႕ မွတ္တိုင္တစ္ခု စိုက္ထူ ႏိုင္ခဲ့ပါၿပီ ။ဆယ္စုႏွစ္ တစ္ခုစာျဖတ္သန္းခဲ့ရတဲ့ေက်ာင္းသားဘဝၿပီးဆုံးခဲ့တဲ့ အေလ်ာက္ေမွ်ာ္လင့္ခ်က္ေတြနဲ႔ျပည့္ေနတယ္။ အ ေျပာင္းအလဲမွာလူကသတၱိေတြနဲ႔အျပည့္။ ဘယ္လိုစိန္ ေခၚမႈမ်ိဳးကိုမဆိုရင္ဆိုင္လိုက္ဖို႔အသင့္ပါပဲ။ဒီလိုစိတ္ အားထက္သန္မႈေတြမပ်က္ျပယ္ဖို႔၊အက်ိဳးရွိရွိအသုံးခ် ႏိုင္ၿပီးမေဝးေတာ့တဲ့အနာဂတ္မွာေအာင္ျမင္မႈေတြနဲ႔ အတူလမ္းမွန္ကိုေရာက္ရွိႏိုင္ဖို႔အတြက္ျပင္ဆင္သင့္တဲ့ အခ်က္ေတြကိုမွ်ေဝလိုက္ပါတယ္။ 
(၁)အရင္ဆုံး ကိုယ့္ကိုယ္ကိုယ္ ဂုဏ္ျပဳလိုက္ပါ
    က်ေတာ္တို႔ျမန္မာႏိုင္ငံမွာအသက္ ၄ ႏွစ္ခြဲ ၅ ႏွစ္တာက စၿပီး မူႀကိဳ ၊ မူလတန္း၊ အလယ္တန္း၊ အထက္တန္းနဲ႔တကၠသိုလ္ပညာေရးအျဖစ္ဆယ္စုႏွစ္ တစ္ခုစာအခ်ိန္ေတြရင္းခဲ့၊ ေလ့လာခဲ့ၿပီးမွဘြဲ႕လက္မွတ္ ကိုရရွိခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္ရရွိခဲ့တဲ့ဘဝမွတ္ တိုင္တစ္ခုအျဖစ္ကိုယ့္ကိုယ္ကိုယ္ဂုဏ္ယူလိုက္ပါ။လြယ္ လြယ္ကူကူရခဲ့တာမဟုတ္ဘဲေပးဆပ္ခဲ့ရတဲ့အခ်ိန္မ်ား စြာအတြက္သင္ဟာဂုဏ္ျပဳထိုက္သူတစ္ဦးပါ။
(၂)လက္ေတြ႕ဘဝမွာ ရင္ဆိုင္ဖို႔ ျပင္ဆင္ပါ။ 
    တကယ္ေတာ့ကြၽႏ္ုပ္တို႔ေက်ာင္းသားေတြ ကလက္ေတြ႕ဘဝတစ္ခုနဲ႔ မရင္းႏွီးပါဘူး။ေက်ာင္းသား  တစ္ေယာက္ ေက်ာင္းတက္စဥ္ကာလမွာ ႀကဳံေတြ႕ရတဲ့ လက္ေတြ႕အခက္အခဲဆိုတာစာေမးပြဲေလာက္ပဲရွိခဲ့ တာပါ ။ ဒီေန႔ကစၿပီးသင္ေျဖဆိုရမွာစာအုပ္ထဲကစာ ေတြလုံးဝမဟုတ္ေတာ့ပါဘူး ။ဘဝအတြက္ေလွ်ာက္ လွမ္းရမယ့္ဘဝစာမ်က္ႏွာေတြေပၚကစာေမးပြဲေတြကို အႀကိမ္ႀကိမ္ေျဖဆိုရေတာ့မွာျဖစ္တာေၾကာင့္တကယ္ လက္ေတြ႕ဘဝဆိုတာနဲ႔ရင္ဆိုင္ရေတာ့မွာပါ။ကိုယ္ တိုင္အမွတ္ေပးၿပီး ကိုယ္တိုင္လက္ေတြ႕အက်ိဳး ခံစား ရမယ့္စာေမးပြဲမ်ိဳးပါ။
    လက္ေတြ႕ဘဝမွာသင္ကအခုမွမူႀကိဳ တက္ ဝလုံးစေရးမွာပါ ။ ဒါေၾကာင့္ အရင္ဆုံးဝလုံးဝိုင္းတတ္ဖို႔ ခဲတံကိုင္တတ္ေအာင္ေတာ့အရင္ဆုံးေလ့က်င့္ရမယ္ ဆိုတာကြၽႏ္ုပ္တို႔အသိပါပဲ ။ 
(၃)အလုပ္ရွာပါ။ 
    ေငြရွာတာထက္ပိုတဲ့အလုပ္တစ္ခုကို ရွာပါ။ေငြရ႐ုံသက္သက္လုပ္ရမယ့္အလုပ္ထက္အနာဂတ္မွာ ကိုယ့္ရဲ႕ဘဝကိုလမ္းျပေပးႏိုင္မယ့္အလုပ္တစ္ခုကိုဦး တည္ၿပီးရွာသင့္ပါတယ္။အေျပာင္းအလဲမွာလတ္ဆတ္ ေနတဲ့စိတ္ေတြကိုအလုပ္ရွာတဲ့ေနရာမွာအက်ိဳးရွိရွိ အသုံးခ်လိုက္ပါ။
(၄)စာဖတ္ပါ။
    ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားကစာ က်က္ပ်င္းၾကပါတယ္။ အခုေတာ့က်က္စရာစာမရွိ ေတာ့ပါဘူး။ ေပ်ာ္စရာေကာင္းေပမဲ့ဖတ္ၿပီးမွတ္သား သင့္၊ျပန္အသုံးခ်သင့္တဲ့ဖတ္စရာစာေတြေတာ့ရွိပါ တယ္။ စာေမးပြဲေျဖစရာမလိုေပမဲ့ဘဝစာေမးပြဲက်တဲ့ အခါအတန္းစာေမးပြဲထက္ပိုျပင္းထန္ပါတယ္။ဒါ ေၾကာင့္စာဖတ္ဖို႔မေမ့ပါနဲ႔။ စိတ္အာဟာရ၊အေတြး အာဟာရ အတြက္ စာေပေတြကို ေ႐ြးခ်ယ္ပါ ။ 
(၅)ဘယ္အခြင့္ေရးကိုမွ မျငင္းဆိုလိုက္ပါနဲ႔။ 
    အလုပ္အကိုင္အတြက္အခြင့္အေရးပဲျဖစ္ ျဖစ္၊ ပညာရဖို႔အခြင့္အေရးပဲျဖစ္ျဖစ္ဘယ္လိုအခြင့္အေရး မ်ိဳးကိုမွဆုံးရႈံးမခံပါနဲ႔။ အခြင့္အေရးတိုင္းကအျမင့္ကို တက္ဖို႔ေလွကားတစ္ခုျဖစ္ႏိုင္ပါတယ္။ အခြင့္ေရး ေကာင္းတိုင္းကိုလက္လႊတ္မခံပါနဲ႔။ ပညာလိုခ်င္သူ၊ အေတြ႕အႀကဳံလိုခ်င္သူေတြအတြက္ေနရာတိုင္းမွာတိုး တက္ဖို႔အခြင့္အေရး ရွိပါတယ္။ဒါေၾကာင့္မျငင္းဆိုပါနဲ႔  
(၆) အခ်ိန္မျဖဳန္းပါနဲ႔။ 
    ကြၽႏ္ုပ္တို႔ ေတာ္ေတာ္မ်ားမ်ားမသိဘဲကိုယ္ တိုင္လုပ္ေနမိတဲ့အလုပ္ကေတာ့အခ်ိန္ျဖဳန္းမွန္းမသိ ျဖဳန္းေနမိတာပါ။၅ မိနစ္ေလာက္ပဲဆိုၿပီးယူဆ လိုက္ေပမဲ့တကယ္တမ္းကငါးမိနစ္ထက္ပိုတဲ့အခ်ိန္ ေတြသုံးလိုက္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ျပန္မရႏိုင္တဲ့အ ရာေတြထဲမွာအခ်ိန္လည္းပါပါတယ္။ ဒါေၾကာင့္အ ေရးမပါအက်ိဳးမရွိတဲ့ေနရာေတြမွာအခ်ိန္မျဖဳန္းမိဖို႔ သတိျပဳပါ။ 
(၇)သင္တန္းတက္ပါ။ 
    ရခဲ့တဲ့ဘြဲ႕လက္မွတ္တစ္ခုကအရာအား လုံး ကိုသင္ေပးလိုက္တာလို႔ယူဆေနရင္ေတာ့ျပန္စဥ္းစား သုံးသပ္ဖို႔လိုပါလိမ့္မယ္။လုပ္ငန္းခြင္မွာလက္ေတြ႕အ သုံးဝင္ႏိုင္ဖို႔နဲ႔ကိုယ္တိုင္မကြၽမ္းက်င္တဲ့အရာေတြအ တြက္သင္တန္းတက္ဖို႔လိုပါတယ္။(ဥပမာ - ကြန္ပ်ဴတာ သင္တန္း၊အဂၤလိပ္စာသင္တန္း) ဘြဲ႕ရတာမွန္ေပမဲ့ ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွေလ့လာဆည္းပူးေနတာကို ရပ္တန္႔လိုက္လို႔မျဖစ္ပါဘူး ။ 
    အေပၚမွာ ေဖာ္ျပခဲ့တဲ့ အခ်က္ေလးေတြကို သုံးသပ္က်င့္ေဆာင္ရင္းအလုပ္အကိုင္အခြင့္လမ္း ေကာင္းေတြရရွိၾကပါေစ။ 


Chan Myae

Previous Next