24 Feb, 2020
အလုပ်သင် (Internship)ကာလကို ဘယ်လိုအသုံးချမလဲ

လုပ်ငန်းခွင်ဝင်မယ့် လူငယ်တစ်ယောက်က ကိုယ် လုပ်ရမယ့် ကုမ္ပဏီအကြောင်းကိုအလုပ် မလျှောက်ခင် အရင် လေ့လာထားသင့်ပါတယ်။ ဒီနေ့ခေတ်မှာ အင်တာနက်ခေါက်လိုက်ရုံနဲ့ အချက်အလက် တော် တော်များများရနိုင်နေပြီမို့ အလုပ်လျှောက်မယ့် လူငယ် တွေအတွက် အခွင့်အလမ်းတွေပိုများလာပါတယ်။ ကိုယ်လျှောက်ချင်တဲ့ရာထူးအတွက် လိုအပ်တဲ့ အချက်အလက်တွေ အသိပညာတွေကို အင်တာနက် ကနေ ရှာဖွေလေ့လာနိုင်သလို စာသင်ခန်း၊ အချိန်ပိုင်း သင်တန်းကျောင်းတွေကလည်း လေ့လာသင်ယူနိုင်ပါ တယ်။
လူတိုင်းကိုယ်စီ ဖုန်းတစ်လုံးရှိရုံနဲ့ အင်တာနက် သုံးလို့ရနေတဲ့ ဒီဘက်ခေတ်မှာကိုယ့်အတွက် အကျိုး ရှိမယ့် အွန်လိုင်းသင်တန်းတွေကနေတစ်ဆင့် ကိုယ့် အတွက် တက်လမ်းရှိမယ့်အခွင့်အရေးတွေကို လွယ် လင့်တကူ ပိုင်ဆိုင်နိုင်နေပါပြီ။ အရင်တုန်းက ကျောင်း ပြီးလို့ ဘွဲ့ရတာနဲ့ အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်ကူ ပါဘူး။ အလုပ်မရခင် လိုအပ်တဲ့သင်တန်းတွေ အသိပညာတွေကိုလေ့လာဖို့ အချိန်တစ်ခုထပ်ပေး ရပါတယ်။ ရာထူး၊ သင်တန်းဆင်းလက်မှတ်ရှိရုံနဲ့လည်း ကိုယ်လိုချင်တဲ့ လစာရဖို့မလွယ်ပြန်ပါဘူး။ အတွေ့ အကြုံရှိဖို့အတွက်ရရာအလုပ်ကို ဝင်လုပ်ခဲ့ရတဲ့သူတွေ များပါတယ်။
အခုဆို ကျောင်းပြီးတာနဲ့ အလုပ်အတွေ့အကြုံ ရဖို့ အလုပ်သင်ကာလ (Internship) အနေနဲ့ ဝင်လုပ်လို့ရတဲ့ လုပ်ငန်းခွင်တွေကို ချိတ်ဆက်ပေးတဲ့ သင်တန်းကျောင်းတွေများစွာရှိလာတယ်။ ဒီလို သင်တန်းကျောင်းတွေရဲ့ အားသာချက်က လုပ်ငန်းရှင် တွေဘက်က လိုအပ်တဲ့အချက်အလက်၊ အရည် အချင်းတွေကို ပြည့်မီဖို့ ကြိုတင်ပြင်ဆင်မှု လမ်းညွှန်မှု တွေကို သင်ကြားပေးတာမို့ လူငယ်တွေအတွက် အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ တချို့ ငွေကြေးတတ်နိုင်တဲ့ မိသားစုထဲက လူငယ်တွေ အတွက် မိဘလုပ်ငန်းခွင်ထဲ ရာထူးကြီးကြီးယူပြီး အဆင်သင့်ဝင်လုပ်ကြတာမျိုးရှိပါတယ်။ ဒီလို လူငယ် တွေအတွက် အလုပ်သင်ကာလဆိုတာ မလိုအပ်ဘူး လို့ ယူဆနိုင်ပါတယ်။ ပြည့်စုံချမ်းသာတဲ့ မိသားစုထဲက လူငယ်တိုင်းလို့ မဆိုလိုပါဘူး။
    လုပ်ငန်းခွင်အတွေ့အကြုံရဖို့ဆိုတာ အချိန်တွေ အများကြီးယူရပါတယ်။ ကိုယ့်ထက်ဝါရင့်တဲ့၊  လုပ်သက်ရင့်တဲ့ စီနီယာတွေဆီက လေ့လာသင်ယူရပါ တယ်။ အလုပ်သင်ကာလဆိုတာ လူငယ်တိုင်းအတွက် လိုအပ်ပါတယ်။ ဒီနေ့ခေတ်လူငယ်တချို့ လုပ်သက် လေးနည်းနည်းရှိလာရင် အတွေ့အကြုံတွေများနေပြီ၊ အကုန်သိနေပြီလို့တွေးထင်တတ်ကြတယ်။ ဒါကလည်း အင်တာနက်လေးတစ်ချက်ခေါက်လိုက်ရုံနဲ့ ကမ္ဘာပတ် လို့ရနေတဲ့ခေတ်ကြီးရဲ့ အကျိုးသက်ရောက်မှုတစ်ခုပါ။ လေ့လာသင်ယူမှုဆိုတာ ဘယ်တော့မှ အဆုံးမသတ် ပါဘူး။ အသက်ရှင်နေသရွေ့ လေ့လာသင်ယူစရာ အသစ်တွေရှိနေမှာပါ။ 
    လုပ်ငန်းခွင်အတွင်း အလုပ်သင်အနေနဲ့ ဝင်ရောက်ခွင့် ရတဲ့လူငယ်တွေအနေနဲ့ ကိုယ်တိုင် မကြိုးစားမလေ့လာဘဲ အလုပ်သင်ကာလပဲဆိုပြီး လုပ်ငန်းခွင်ကို ကိုယ်နဲ့ မသက်ဆိုင်သလို နေမယ်ဆိုရင် အလုပ်သင်အဖြစ်ဝင်ရောက်တဲ့ အချိန်တွေက အင်မတန်နှမြောဖို့ ကောင်းပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် အလုပ်သင်ကာလ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ဝါသနာနဲ့ အလုပ်ကိုက်ညီမှုရှိရဲ့လား၊ ကိုယ့်ဝမ်းစာပြည့်ဖို့အတွက် ဘယ်လိုလေ့လာမှုမျိုးတွေ ထပ်လိုအပ်မလဲဆိုတာတွေကို သေချာသိလာမှာပါ။ လုပ်ငန်းရှင်တွေဘက်ကလည်း အလုပ်သင်ကာလပြီး တဲ့ အချိန်နောက်ပိုင်း ဝန်ထမ်းနဲ့ သင့်တော်တဲ့နေရာကို ချက်ချင်းပေးနိုင်တာမျိုးထိ အားသာချက်ရှိလာပါ တယ်။ အလုပ်သင်က လုပ်ငန်းတိုင်းအတွက် လိုအပ် တယ်လို့တော့ မဆိုလိုချင်ပါဘူး။ 
    လုပ်ငန်းခွင်ထဲကို ရောက်လာတဲ့ လူငယ်တချို့ အနေနဲ့အလုပ်ခွင်နဲ့ ဝါသနာထပ်တူမကျတတ်တာ တော်တော်များများတွေ့ရမှာပါ။  လုပ်ငန်းရှင်တွေ အနေနဲ့လုပ်ငန်းရဲ့လိုအပ်ချက်အရ ဝန်ထမ်း တွေခန့်တဲ့နေရာမှာ လူမှန်နေရာမှန်ချနိုင်ဖို့အရေး အရင် စဉ်းစားကြပါတယ်။ လိုအပ်တဲ့ ရာထူးနေရာအလိုက် သက်ဆိုင်ရာ အတွေ့အကြုံတွေ ရှိပြီးသား ဝန်ထမ်း တွေ လိုအပ်သလို ကိုယ့်ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ပုံ နေရာအလိုက် ညွန်ပြသင်ကြားပေးပြီး ရွေးချယ်ခန့်သင့် တဲ့ အလုပ်သင်ခန့်ထားခြင်းအားဖြင့် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိလာမှာပါ။

အဖြူရောင်

++++++++++++++++++++++++++++++++++

 

အလုပ္သင္ (Internship)ကာလကို ဘယ္လိုအသုံးခ်မလဲ 
အျဖဴေရာင္


    လုပ္ငန္းခြင္ဝင္မယ့္ လူငယ္တစ္ေယာက္က ကိုယ္ လုပ္ရမယ့္ ကုမၸဏီအေၾကာင္းကိုအလုပ္ မေလွ်ာက္ခင္ အရင္ ေလ့လာထားသင့္ပါတယ္။ ဒီေန႔ေခတ္မွာ အင္တာနက္ေခါက္လိုက္႐ုံနဲ႔ အခ်က္အလက္ ေတာ္ ေတာ္မ်ားမ်ားရႏိုင္ေနၿပီမို႔ အလုပ္ေလွ်ာက္မယ့္ လူငယ္ ေတြအတြက္ အခြင့္အလမ္းေတြပိုမ်ားလာပါတယ္။ ကိုယ္ေလွ်ာက္ခ်င္တဲ့ရာထူးအတြက္ လိုအပ္တဲ့ အခ်က္အလက္ေတြ အသိပညာေတြကို အင္တာနက္ ကေန ရွာေဖြေလ့လာႏိုင္သလို စာသင္ခန္း၊ အခ်ိန္ပိုင္း သင္တန္းေက်ာင္းေတြကလည္း ေလ့လာသင္ယူႏိုင္ပါ တယ္။
    လူတိုင္းကိုယ္စီ ဖုန္းတစ္လုံးရွိ႐ုံနဲ႔ အင္တာနက္ သုံးလို႔ရေနတဲ့ ဒီဘက္ေခတ္မွာကိုယ့္အတြက္ အက်ိဳး ရွိမယ့္ အြန္လိုင္းသင္တန္းေတြကေနတစ္ဆင့္ ကိုယ့္ အတြက္ တက္လမ္းရွိမယ့္အခြင့္အေရးေတြကို လြယ္ လင့္တကူ ပိုင္ဆိုင္ႏိုင္ေနပါၿပီ။ အရင္တုန္းက ေက်ာင္း ၿပီးလို႔ ဘြဲ႕ရတာနဲ႔ အလုပ္တစ္ခုရဖို႔ဆိုတာ မလြယ္ကူ ပါဘူး။ အလုပ္မရခင္ လိုအပ္တဲ့သင္တန္းေတြ အသိပညာေတြကိုေလ့လာဖို႔ အခ်ိန္တစ္ခုထပ္ေပး ရပါတယ္။ ရာထူး၊ သင္တန္းဆင္းလက္မွတ္ရွိ႐ုံနဲ႔လည္း ကိုယ္လိုခ်င္တဲ့ လစာရဖို႔မလြယ္ျပန္ပါဘူး။ အေတြ႕ အႀကဳံရွိဖို႔အတြက္ရရာအလုပ္ကို ဝင္လုပ္ခဲ့ရတဲ့သူေတြ မ်ားပါတယ္။
    အခုဆို ေက်ာင္းၿပီးတာနဲ႔ အလုပ္အေတြ႕အႀကဳံ ရဖို႔ အလုပ္သင္ကာလ (Internship) အေနနဲ႔ ဝင္လုပ္လို႔ရတဲ့ လုပ္ငန္းခြင္ေတြကို ခ်ိတ္ဆက္ေပးတဲ့ သင္တန္းေက်ာင္းေတြမ်ားစြာရွိလာတယ္။ ဒီလို သင္တန္းေက်ာင္းေတြရဲ႕ အားသာခ်က္က လုပ္ငန္းရွင္ ေတြဘက္က လိုအပ္တဲ့အခ်က္အလက္၊ အရည္ အခ်င္းေတြကို ျပည့္မီဖို႔ ႀကိဳတင္ျပင္ဆင္မႈ လမ္းၫႊန္မႈ ေတြကို သင္ၾကားေပးတာမို႔ လူငယ္ေတြအတြက္ အမ်ားႀကီးအက်ိဳးသက္ေရာက္မႈရွိပါတယ္။ တခ်ိဳ႕ ေငြေၾကးတတ္ႏိုင္တဲ့ မိသားစုထဲက လူငယ္ေတြ အတြက္ မိဘလုပ္ငန္းခြင္ထဲ ရာထူးႀကီးႀကီးယူၿပီး အဆင္သင့္ဝင္လုပ္ၾကတာမ်ိဳးရွိပါတယ္။ ဒီလို လူငယ္ ေတြအတြက္ အလုပ္သင္ကာလဆိုတာ မလိုအပ္ဘူး လို႔ ယူဆႏိုင္ပါတယ္။ ျပည့္စုံခ်မ္းသာတဲ့ မိသားစုထဲက လူငယ္တိုင္းလို႔ မဆိုလိုပါဘူး။
    လုပ္ငန္းခြင္အေတြ႕အႀကဳံရဖို႔ဆိုတာ အခ်ိန္ေတြ အမ်ားႀကီးယူရပါတယ္။ ကိုယ့္ထက္ဝါရင့္တဲ့၊  လုပ္သက္ရင့္တဲ့ စီနီယာေတြဆီက ေလ့လာသင္ယူရပါ တယ္။ အလုပ္သင္ကာလဆိုတာ လူငယ္တိုင္းအတြက္ လိုအပ္ပါတယ္။ ဒီေန႔ေခတ္လူငယ္တခ်ိဳ႕ လုပ္သက္ ေလးနည္းနည္းရွိလာရင္ အေတြ႕အႀကဳံေတြမ်ားေနၿပီ၊ အကုန္သိေနၿပီလို႔ေတြးထင္တတ္ၾကတယ္။ ဒါကလည္း အင္တာနက္ေလးတစ္ခ်က္ေခါက္လိုက္႐ုံနဲ႔ ကမာၻပတ္ လို႔ရေနတဲ့ေခတ္ႀကီးရဲ႕ အက်ိဳးသက္ေရာက္မႈတစ္ခုပါ။ ေလ့လာသင္ယူမႈဆိုတာ ဘယ္ေတာ့မွ အဆုံးမသတ္ ပါဘူး။ အသက္ရွင္ေနသေ႐ြ႕ ေလ့လာသင္ယူစရာ အသစ္ေတြရွိေနမွာပါ။ 
    လုပ္ငန္းခြင္အတြင္း အလုပ္သင္အေနနဲ႔ ဝင္ေရာက္ခြင့္ ရတဲ့လူငယ္ေတြအေနနဲ႔ ကိုယ္တိုင္ မႀကိဳးစားမေလ့လာဘဲ အလုပ္သင္ကာလပဲဆိုၿပီး လုပ္ငန္းခြင္ကို ကိုယ္နဲ႔ မသက္ဆိုင္သလို ေနမယ္ဆိုရင္ အလုပ္သင္အျဖစ္ဝင္ေရာက္တဲ့ အခ်ိန္ေတြက အင္မတန္ႏွေျမာဖို႔ ေကာင္းပါတယ္။ သက္ဆိုင္ရာ နယ္ပယ္အလိုက္ အလုပ္သင္ကာလ လိုအပ္ပါတယ္။ ဒါမွ ကိုယ့္ဝါသနာနဲ႔ အလုပ္ကိုက္ညီမႈရွိရဲ႕လား၊ ကိုယ့္ဝမ္းစာျပည့္ဖို႔အတြက္ ဘယ္လိုေလ့လာမႈမ်ိဳးေတြ ထပ္လိုအပ္မလဲဆိုတာေတြကို ေသခ်ာသိလာမွာပါ။ လုပ္ငန္းရွင္ေတြဘက္ကလည္း အလုပ္သင္ကာလၿပီး တဲ့ အခ်ိန္ေနာက္ပိုင္း ဝန္ထမ္းနဲ႔ သင့္ေတာ္တဲ့ေနရာကို ခ်က္ခ်င္းေပးႏိုင္တာမ်ိဳးထိ အားသာခ်က္ရွိလာပါ တယ္။ အလုပ္သင္က လုပ္ငန္းတိုင္းအတြက္ လိုအပ္ တယ္လို႔ေတာ့ မဆိုလိုခ်င္ပါဘူး။ 
    လုပ္ငန္းခြင္ထဲကို ေရာက္လာတဲ့ လူငယ္တခ်ိဳ႕ အေနနဲ႔အလုပ္ခြင္နဲ႔ ဝါသနာထပ္တူမက်တတ္တာ ေတာ္ေတာ္မ်ားမ်ားေတြ႕ရမွာပါ။  လုပ္ငန္းရွင္ေတြ အေနနဲ႔လုပ္ငန္းရဲ႕လိုအပ္ခ်က္အရ ဝန္ထမ္း ေတြခန္႔တဲ့ေနရာမွာ လူမွန္ေနရာမွန္ခ်ႏိုင္ဖို႔အေရး အရင္ စဥ္းစားၾကပါတယ္။ လိုအပ္တဲ့ ရာထူးေနရာအလိုက္ သက္ဆိုင္ရာ အေတြ႕အႀကဳံေတြ ရွိၿပီးသား ဝန္ထမ္း ေတြ လိုအပ္သလို ကိုယ့္ကုမၸဏီရဲ႕ လုပ္ငန္းလည္ပတ္ပုံ ေနရာအလိုက္ ၫြန္ျပသင္ၾကားေပးၿပီး ေ႐ြးခ်ယ္ခန္႔သင့္ တဲ့ အလုပ္သင္ခန္႔ထားျခင္းအားျဖင့္ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈေတြရွိလာမွာပါ။

Previous Next