24 Feb, 2020
ဘယ်လိုခေါင်းဆောင်မှုပုံစံမျိုးတွေနဲ့ လုပ်ငန်းခွင်မှာ ကြုံရသလဲ

အလုပ်မှာဘယ်လိုခေါင်းဆောင်တွေနဲ့ကြုံရသလဲ။ ဘယ်လိုစီမံအုပ်ချုပ်မှုပုံစံတွေနဲ့ကြုံနေရသလဲ။ လုပ်ငန်းခွင်မှာရှိနေသူတွေအဖို့တော့ ခေါင်းဆောင်မှု ပုံစံမတူညီတဲ့ ခေါင်းဆောင်မှုတွေ၊ အုပ်ချုပ်ပုံစနစ်တွေ အမျိုးမျိုးကိုကြုံရမှာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်း ဆိုတာဘယ်လိုပုံစံလဲ။ အခုတစ်ပတ်မှာတော့ လုပ်ငန်း ခွင်မှာပုံမှန်တွေ့နေကျဖြစ်တဲ့ ခေါင်းဆောင်မှုပုံစံ (၇) မျိုးကိုဖော်ပြပေးချင်ပါတယ်။ ဒီဆောင်းပါးလေးဖတ်ပြီး တဲ့အခါ ကိုယ်က ဘယ်လိုခေါင်းဆောင်မှုပုံစံတွေနဲ့ ကြုံခဲ့ရသလဲဆိုတာကိုလည်း ကိုယ့်ရဲ့အတွေ့အကြုံတွေ ကို အခွင့်အလမ်းဂျာနယ် ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ပြန် လည်မျှဝေနိုင်ပါတယ်။ ဘယ်လိုခေါင်းဆောင်မှုတွေက လုပ်ငန်းခွင်မှာ အကျိုးသက်ရောက်မှုရှိသလဲ၊ ဘယ်လို ခေါင်းဆောင်မှုတွေကတော့ ဘယ်လိုသက်ရောက်မှု တွေဖြစ်စေနိုင်သလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ 
ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုပုံစံ
    ဒီခေါင်းဆောင်မှုကတော့ လုပ်ငန်းခွင်မှာအများ အားဖြင့်ထိရောက်တဲ့ ခေါင်းဆောင်မှုပုံစံပါ။ ခေါင်း ဆောင်တွေက ဆုံးဖြတ်ချက်ချမယ်ဆိုရင် ကိုယ့်ရဲ့ အောက်ခြေအဖွဲ့အစည်းက အသံတွေ၊ တုံ့ပြန်မှုတွေ ကိုအခြေခံပြီးမှ ဆုံးဖြတ်ချက်ချတာမျိုးပါ။ ဒီမိုကရေစီ နိုင်ငံရေးလိုမျိုး အောက်ခြေပြည်သူတွေရဲ့အသံကိုနား ထောင်ပြီး ပြုပြင်ပြောင်းလဲမှုလုပ်တာမျိုးပါ။ လုပ်ငန်း ခွင်မှာလည်း ဒီပုံစံပါပဲ။ ခေါင်းဆောင်တွေက ဆုံးဖြတ် ချက်၊ လုပ်ပိုင်ခွင့်တွေကို ကိုယ့်ရဲ့အဖွဲ့အစည်းတွေဆီက နေအကြံဉာဏ်ရယူတာ၊ သူတို့ရဲ့အမြင်ကိုမေးမြန်းတာ၊ ဝန်ထမ်းတွေရဲ့စိတ်ကူးစိတ်သန်းကိုအသိအမှတ်ပြုတာ စတာတွေက လုပ်ငန်းခွင်အတွင်းက ဒီမိုကရေစီခေါင်း ဆောင်မှုပုံစံပါ။ ဒီခေါင်းဆောင်မှုပုံစံက ဘာကြောင့် အကျိုးသက်ရောက်မှုဖြစ်စေသလဲဆိုရင် ဝန်ထမ်းတစ် ယောက်ချင်းဆီရဲ့လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့်တွေကို ခွင့်ပြုထားလို့ပါပဲ။ ဝန်ထမ်းတစ်ယောက်ချင်းဆီမှာ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝပေးထားတာမျိုးပါ။ 
လုပ်ပိုင်ခွင့်အာဏာတွေကိုတစ်ဦးထဲကချုပ်ကိုင်ထားတဲ့ ခေါင်းဆောင်မှုပုံစံ
    ဒီခေါင်းဆောင်မှုကိုတော့ သက်ဦးဆံပိုင်ခေါင်း ဆောင်မှုလို့ခေါ်ကြပါတယ်။ "ဘယ်သူမှဘာမှပြန်မ ပြောကြနဲ့ . .. ငါကခေါင်းဆောင်. . .ငါလုပ်ချင် တာလုပ်မယ် . . .ငါခိုင်းသလိုလုပ်" ဆိုတာမျိုးပါ။  ဒီလိုခေါင်းဆောင်မှုမျိုးကတော့ လုပ်ငန်းခွင်မှာအကျိုး သက်ရောက်မှုမရှိပါဘူး။ ဒီမိုကရေစီခေါင်းဆောင်မှုနဲ့ ပြောင်းပြန်အချိုးကျပါတယ်။ လုပ်ပိုင်ခွင့်အာဏာတွေ ကိုတစ်ဦးတစ်ယောက်ထဲကချုပ်ကိုင်ထားပြီး အုပ်ချုပ် မှုပုံစံပါ။ ဝန်ထမ်းတွေကိုတိုက်ရိုက်ညွှန်ကြားတဲ့စနစ်ဖြစ် ပါတယ်။ ဝန်ထမ်းတွေရဲ့အကြံပြုချက်ကိုနားမထောင် ဘဲ ကိုယ့်ဆုံးဖြတ်ချက်သာအမှန်ဆိုတဲ့ခေါင်းဆောင်မှု မျိုးပါ။ ဒီလိုခေါင်းဆောင်မှုမျိုးရှိတဲ့လုပ်ငန်းခွင်က ဝန်ထမ်းကောင်းတွေကိုမကြာခဏဆုံးရှုံးရလေ့ရှိပါ တယ်။ ဒီဘက်ခေတ်မှာ ဒီလိုခေါင်းဆောင်မှုပုံစံက လုပ်ငန်းခွင်အတွက် ထိခိုက်နစ်နာမှုတွေဖြစ်စေပါ တယ်။ 
မဟာဗျူဟာနည်းကျခေါင်းဆောင်မှုပုံစံ
    ဒီခေါင်းဆောင်မှုကလည်း လုပ်ငန်းခွင်မှာ အကျိုး သက်ရောက်မှုများပြီးထိရောက်တဲ့ ခေါင်းဆောင်မှုပုံစံ တစ်မျိုးပါ။ မဟာဗျူဟာမြောက်စွာဦးဆောင်မှုပေးတဲ့ ခေါင်းဆောင်တွေက ကုမ္ပဏီရဲ့အဓိကလည်ပတ်လုပ် ဆောင်မှုနဲ့ ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှုကြားမှာရှိကြပါ တယ်။ ဒီခေါင်းဆောင်မှုက လုပ်ငန်းခွင်အတွက် အကျိုးရှိစေသလို၊ ဝန်ထမ်းတွေအတွက် ထိရောက်စွာ ခေါင်းဆောင်မှုပေးနိုင်ပါတယ်။ မဟာဗျူဟာကျကျ စဉ်းစားတွေးခေါ်မှုပုံစံကို ကုမ္ပဏီအများအပြားက ကျင့်သုံးလာကြပါတယ်။ ရာထူးအဆင့်ဆင့် မတူညီကြ တဲ့ ဝန်ထမ်းတွေအပေါ်မှာလည်း ဒီခေါင်းဆောင်မှုက အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။
အသွင်ကူးပြောင်းတဲ့ခေါင်းဆောင်မှုပုံစံ
    ဒီခေါင်းဆောင်မှုကတော့ လုပ်ငန်းခွင်မှာ တစ်ခါ တစ်ရံမှာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒီခေါင်း ဆောင်မှုပုံစံက ဝန်ထမ်းတွေကို သက်သောင့်သက်သာ ဖြစ်တဲ့အနေအထားကနေ တွန်းထုတ်ပေးတဲ့ခေါင်း ဆောင်မှုမျိုးဖြစ်ပါတယ်။ အမြဲတမ်းအပြောင်းအလဲ အတွက် လှုံ့ဆော်ပေးနေတာဖြစ်ပါတယ်။ စိန်ခေါ်မှု တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ဝန်ထမ်းတွေကို ကုမ္ပဏီတိုးတက်ကြီးပွားလာဖို့ထိန်းညှိပေးတဲ့ခေါင်းဆောင် မှုမျိုးပါ။ ဒါပေမဲ့ အသွင်ကူးပြောင်းမှုနဲ့ခေါင်းဆောင်တဲ့ ခေါင်းဆောင်တွေက တစ်ဦးချင်းဆီရဲ့သင်ယူလုပ် ဆောင်မှုတွေ၊ တိုက်ရိုက်အစီရင်ခံစာတွေ၊ တာဝန် အသစ်တွေကို မှန်ကန်တဲ့နည်းပြမှုမရှိဘူးဆိုရင်တော့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့စွမ်းရည်နဲ့လုပ်ဆောင်မှုတွေကို မျက်ခြည်ပြတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီခေါင်းဆောင်မှုက အမြဲတမ်းအတွက်အသုံးတည့် တာမဟုတ်ဘဲ တစ်ခါတစ်ရံသာအသုံးပြုသင့်တဲ့ခေါင်း ဆောင်မှုပုံစံဖြစ်ပါတယ်။ 
Transactional  ခေါင်းဆောင်မှုပုံစံ
    ဒီခေါင်းဆောင်မှုကလည်း လုပ်ငန်းခွင်မှာ တစ်ခါတစ်ရံအကျိုးသက်ရောက်မှုရှိပါတယ်။ ခေါင်း ဆောင်တွေက ဝန်ထမ်းတွေကိုသူတို့ရဲ့လုပ်ဆောင်မှု အတွက်ဆုချီးမြှင့်ပြီး ဝန်ထမ်းတွေစိတ်ဓာတ်တကြွ်က ဖို့ဦးဆောင်ပေးပါတယ်။ ဒီခေါင်းဆောင်မှုက ဝန်ထမ်း တစ်ဦးချင်းစီရဲ့တာဝန်၊ ဝတ္တရားတွေကိုပြီးမြောက် အောင်လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ဒီလုပ်ဆောင် ချက်တွေက သူတို့တကယ်စိတ်ပါလို့လုပ်တာဟုတ်ချင် မှဟုတ်ပါမယ်။ ဒါပေမဲ့အချိန်တန်ရင် အလုပ်ပြီးတာမျိုး ဖြစ်ပါတယ်။ ဝန်ထမ်းတွေကိုအလုပ်တွေအချိန်မီ ပြီး စီးအောင်၊ ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ဆောင် တဲ့ခေါင်းဆောင်မှုပုံစံမျိုးပါ။
လမ်းညွှန်ခေါင်းဆောင်မှုပုံစံ
    ဒီခေါင်းဆောင်မှုကလည်း လုပ်ငန်းခွင်မှာထိ ရောက်မှုရှိပြီး အကျိုးရှိတဲ့ခေါင်းဆောင်မှုဖြစ်ပါတယ်။  ဒီခေါင်းဆောင်မှုကတော့ အားကစားနည်းပြနဲ့ပုံစံတူ ပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကိုသိအောင်လုပ်ပြီး သူတို့တွေကို မှန်ကန်တဲ့တာဝန်ပေးမှုတွေ၊ မှန်ကန်တဲ့နေရာချထား မှုတွေကိုလုပ်တဲ့ခေါင်းဆောင်မှုပုံစံပါ။ ဒီခေါင်းဆောင် မှုက သူတို့ဦးဆောင်မှုအောက်မှာရှိတဲ့အဖွဲ့ကိုတခြား အဖွဲ့အစည်းထက်ပိုမိုသာလွန်အောင် နည်းဗျူဟာနဲ့ လုပ်ဆောင်တာပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုက ဒီမိုကရေစီခေါင်းဆောင်မှုနဲ့ဆင်တူပါတယ်။ ဝန်ထမ်း တွေကိုလေ့လာမှုအသစ်တွေ၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ ကို ဆက်လက်ဖွံ့ဖြိုးဖို့အခွင့်အလမ်းပေးတဲ့ခေါင်းဆောင် မှုဖြစ်ပါတယ်။
ဗျူရိုကရေစီခေါင်းဆောင်မှုပုံစံ
    ဒီခေါင်းဆောင်ပုံစံကတော့ လုပ်ငန်းခွင်အတွက် အကျိုးသက်ရောက်မှုမရှိသလောက်ပါပဲ။ စာအုပ်ကြီး အတိုင်းသွားတတ်ပါတယ်။ ဒီခေါင်းဆောင်မှုအောက် မှာရှိတဲ့ ဝန်ထမ်းတွေက အာဏာရှင်ခေါင်းဆောင်မှု အောက်မှာမဟုတ်ဘူးလို့ထင်ရပေမဲ့ ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်တဲ့အခန်းကဏ္ဍမရှိသလောက်နည်းပါး ပါတယ်။ ဒီအချက်ကဝန်ထမ်းတွေရဲ့တီထွင်ဆန်းသစ် မှု၊ အိုင်ဒီယာစတာတွေကို ရပ်တန့်စေပါတယ်။ 
    အနှစ်ချုပ်ဆိုရရင် ဒီခေါင်းဆောင်မှုက လုပ်ငန်း တစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ အသင်း အဖွဲ့တစ်ခုအတွက် အင်မတန်အရေးကြီးတဲ့အခြေခံ အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ခေါင်းဆောင်မှု ကသာ တိုးတက်အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခုကို ဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။


ကျော့ကေခိုင်

+++++++++++++++++++++++++++++++++++++++

ဘယ္လိုေခါင္းေဆာင္မႈပုံစံမ်ိဳးေတြနဲ႔ လုပ္ငန္းခြင္မွာ ႀကဳံရသလဲ

    အလုပ္မွာဘယ္လိုေခါင္းေဆာင္ေတြနဲ႔ႀကဳံရသ လဲ။ ဘယ္လိုစီမံအုပ္ခ်ဳပ္မႈပုံစံေတြနဲ႔ႀကဳံေနရသလဲ။ လုပ္ငန္းခြင္မွာရွိေနသူေတြအဖို႔ေတာ့ ေခါင္းေဆာင္မႈ ပုံစံမတူညီတဲ့ ေခါင္းေဆာင္မႈေတြ၊ အုပ္ခ်ဳပ္ပုံစနစ္ေတြ အမ်ိဳးမ်ိဳးကိုႀကဳံရမွာျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္း ဆိုတာဘယ္လိုပုံစံလဲ။ အခုတစ္ပတ္မွာေတာ့ လုပ္ငန္း ခြင္မွာပုံမွန္ေတြ႕ေနက်ျဖစ္တဲ့ ေခါင္းေဆာင္မႈပုံစံ (၈) မ်ိဳးကိုေဖာ္ျပေပးခ်င္ပါတယ္။ ဒီေဆာင္းပါးေလးဖတ္ၿပီး တဲ့အခါ ကိုယ္က ဘယ္လိုေခါင္းေဆာင္မႈပုံစံေတြနဲ႔ ႀကဳံခဲ့ရသလဲဆိုတာကိုလည္း ကိုယ့္ရဲ႕အေတြ႕အႀကဳံေတြ ကို အခြင့္အလမ္းဂ်ာနယ္ ေဖ့စ္ဘြတ္ခ္ေပ့ခ်္မွာ ျပန္ လည္မွ်ေဝႏိုင္ပါတယ္။ ဘယ္လိုေခါင္းေဆာင္မႈေတြက လုပ္ငန္းခြင္မွာ အက်ိဳးသက္ေရာက္မႈရွိသလဲ၊ ဘယ္လို ေခါင္းေဆာင္မႈေတြကေတာ့ ဘယ္လိုသက္ေရာက္မႈ ေတြျဖစ္ေစႏိုင္သလဲဆိုတာကို မွ်ေဝေပးခ်င္ပါတယ္။ 
ဒီမိုကေရစီနည္းက် ေခါင္းေဆာင္မႈပုံစံ
    ဒီေခါင္းေဆာင္မႈကေတာ့ လုပ္ငန္းခြင္မွာအမ်ား အားျဖင့္ထိေရာက္တဲ့ ေခါင္းေဆာင္မႈပုံစံပါ။ ေခါင္း ေဆာင္ေတြက ဆုံးျဖတ္ခ်က္ခ်မယ္ဆိုရင္ ကိုယ့္ရဲ႕ ေအာက္ေျခအဖြဲ႕အစည္းက အသံေတြ၊ တုံ႔ျပန္မႈေတြ ကိုအေျခခံၿပီးမွ ဆုံးျဖတ္ခ်က္ခ်တာမ်ိဳးပါ။ ဒီမိုကေရစီ ႏိုင္ငံေရးလိုမ်ိဳး ေအာက္ေျချပည္သူေတြရဲ႕အသံကိုနား ေထာင္ၿပီး ျပဳျပင္ေျပာင္းလဲမႈလုပ္တာမ်ိဳးပါ။ လုပ္ငန္း ခြင္မွာလည္း ဒီပုံစံပါပဲ။ ေခါင္းေဆာင္ေတြက ဆုံးျဖတ္ ခ်က္၊ လုပ္ပိုင္ခြင့္ေတြကို ကိုယ့္ရဲ႕အဖြဲ႕အစည္းေတြဆီက ေနအႀကံဉာဏ္ရယူတာ၊ သူတို႔ရဲ႕အျမင္ကိုေမးျမန္းတာ၊ ဝန္ထမ္းေတြရဲ႕စိတ္ကူးစိတ္သန္းကိုအသိအမွတ္ျပဳတာ စတာေတြက လုပ္ငန္းခြင္အတြင္းက ဒီမိုကေရစီေခါင္း ေဆာင္မႈပုံစံပါ။ ဒီေခါင္းေဆာင္မႈပုံစံက ဘာေၾကာင့္ အက်ိဳးသက္ေရာက္မႈျဖစ္ေစသလဲဆိုရင္ ဝန္ထမ္းတစ္ ေယာက္ခ်င္းဆီရဲ႕လုပ္ပိုင္ခြင့္၊ ဆုံးျဖတ္ႏိုင္ခြင့္ေတြကို ခြင့္ျပဳထားလို႔ပါပဲ။ ဝန္ထမ္းတစ္ေယာက္ခ်င္းဆီမွာ လုပ္ပိုင္ခြင့္အာဏာအျပည့္အဝေပးထားတာမ်ိဳးပါ။ 
လုပ္ပိုင္ခြင့္အာဏာေတြကိုတစ္ဦးထဲကခ်ဳပ္ကိုင္ထားတဲ့ ေခါင္းေဆာင္မႈပုံစံ
    ဒီေခါင္းေဆာင္မႈကိုေတာ့ သက္ဦးဆံပိုင္ေခါင္း ေဆာင္မႈလို႔ေခၚၾကပါတယ္။ "ဘယ္သူမွဘာမွျပန္မ ေျပာၾကနဲ႔ . .. ငါကေခါင္းေဆာင္. . .ငါလုပ္ခ်င္ တာလုပ္မယ္ . . .ငါခိုင္းသလိုလုပ္" ဆိုတာမ်ိဳးပါ။  ဒီလိုေခါင္းေဆာင္မႈမ်ိဳးကေတာ့ လုပ္ငန္းခြင္မွာအက်ိဳး သက္ေရာက္မႈမရွိပါဘူး။ ဒီမိုကေရစီေခါင္းေဆာင္မႈနဲ႔ ေျပာင္းျပန္အခ်ိဳးက်ပါတယ္။ လုပ္ပိုင္ခြင့္အာဏာေတြ ကိုတစ္ဦးတစ္ေယာက္ထဲကခ်ဳပ္ကိုင္ထားၿပီး အုပ္ခ်ဳပ္ မႈပုံစံပါ။ ဝန္ထမ္းေတြကိုတိုက္႐ိုက္ၫႊန္ၾကားတဲ့စနစ္ျဖစ္ ပါတယ္။ ဝန္ထမ္းေတြရဲ႕အႀကံျပဳခ်က္ကိုနားမေထာင္ ဘဲ ကိုယ့္ဆုံးျဖတ္ခ်က္သာအမွန္ဆိုတဲ့ေခါင္းေဆာင္မႈ မ်ိဳးပါ။ ဒီလိုေခါင္းေဆာင္မႈမ်ိဳးရွိတဲ့လုပ္ငန္းခြင္က ဝန္ထမ္းေကာင္းေတြကိုမၾကာခဏဆုံးရႈံးရေလ့ရွိပါ တယ္။ ဒီဘက္ေခတ္မွာ ဒီလိုေခါင္းေဆာင္မႈပုံစံက လုပ္ငန္းခြင္အတြက္ ထိခိုက္နစ္နာမႈေတြျဖစ္ေစပါ တယ္။ 
မဟာဗ်ဴဟာနည္းက်ေခါင္းေဆာင္မႈပုံစံ
    ဒီေခါင္းေဆာင္မႈကလည္း လုပ္ငန္းခြင္မွာ အက်ိဳး သက္ေရာက္မႈမ်ားၿပီးထိေရာက္တဲ့ ေခါင္းေဆာင္မႈပုံစံ တစ္မ်ိဳးပါ။ မဟာဗ်ဴဟာေျမာက္စြာဦးေဆာင္မႈေပးတဲ့ ေခါင္းေဆာင္ေတြက ကုမၸဏီရဲ႕အဓိကလည္ပတ္လုပ္ ေဆာင္မႈနဲ႔ ကုမၸဏီဖြံ႕ၿဖိဳးတိုးတက္မႈၾကားမွာရွိၾကပါ တယ္။ ဒီေခါင္းေဆာင္မႈက လုပ္ငန္းခြင္အတြက္ အက်ိဳးရွိေစသလို၊ ဝန္ထမ္းေတြအတြက္ ထိေရာက္စြာ ေခါင္းေဆာင္မႈေပးႏိုင္ပါတယ္။ မဟာဗ်ဴဟာက်က် စဥ္းစားေတြးေခၚမႈပုံစံကို ကုမၸဏီအမ်ားအျပားက က်င့္သုံးလာၾကပါတယ္။ ရာထူးအဆင့္ဆင့္ မတူညီၾက တဲ့ ဝန္ထမ္းေတြအေပၚမွာလည္း ဒီေခါင္းေဆာင္မႈက အက်ိဳးသက္ေရာက္မႈျဖစ္ေစပါတယ္။
အသြင္ကူးေျပာင္းတဲ့ေခါင္းေဆာင္မႈပုံစံ
    ဒီေခါင္းေဆာင္မႈကေတာ့ လုပ္ငန္းခြင္မွာ တစ္ခါ တစ္ရံမွာအက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဒီေခါင္း ေဆာင္မႈပုံစံက ဝန္ထမ္းေတြကို သက္ေသာင့္သက္သာ ျဖစ္တဲ့အေနအထားကေန တြန္းထုတ္ေပးတဲ့ေခါင္း ေဆာင္မႈမ်ိဳးျဖစ္ပါတယ္။ အၿမဲတမ္းအေျပာင္းအလဲ အတြက္ လႈံ႕ေဆာ္ေပးေနတာျဖစ္ပါတယ္။ စိန္ေခၚမႈ ေတြ၊ ရည္မွန္းခ်က္ပန္းတိုင္ေတြနဲ႔ ဝန္ထမ္းေတြကို ကုမၸဏီတိုးတက္ႀကီးပြားလာဖို႔ထိန္းညႇိေပးတဲ့ေခါင္းေဆာင္ မႈမ်ိဳးပါ။ ဒါေပမဲ့ အသြင္ကူးေျပာင္းမႈနဲ႔ေခါင္းေဆာင္တဲ့ ေခါင္းေဆာင္ေတြက တစ္ဦးခ်င္းဆီရဲ႕သင္ယူလုပ္ ေဆာင္မႈေတြ၊ တိုက္႐ိုက္အစီရင္ခံစာေတြ၊ တာဝန္ အသစ္ေတြကို မွန္ကန္တဲ့နည္းျပမႈမရွိဘူးဆိုရင္ေတာ့ ဝန္ထမ္းတစ္ဦးခ်င္းစီရဲ႕စြမ္းရည္နဲ႔လုပ္ေဆာင္မႈေတြကို မ်က္ျခည္ျပတ္သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီေခါင္းေဆာင္မႈက အၿမဲတမ္းအတြက္အသုံးတည့္ တာမဟုတ္ဘဲ တစ္ခါတစ္ရံသာအသုံးျပဳသင့္တဲ့ေခါင္း ေဆာင္မႈပုံစံျဖစ္ပါတယ္။ 
Transactional  ေခါင္းေဆာင္မႈပုံစံ
    ဒီေခါင္းေဆာင္မႈကလည္း လုပ္ငန္းခြင္မွာ တစ္ခါတစ္ရံအက်ိဳးသက္ေရာက္မႈရွိပါတယ္။ ေခါင္း ေဆာင္ေတြက ဝန္ထမ္းေတြကိုသူတို႔ရဲ႕လုပ္ေဆာင္မႈ အတြက္ဆုခ်ီးျမႇင့္ၿပီး ဝန္ထမ္းေတြစိတ္ဓာတ္တႂကြ္က ဖို႔ဦးေဆာင္ေပးပါတယ္။ ဒီေခါင္းေဆာင္မႈက ဝန္ထမ္း တစ္ဦးခ်င္းစီရဲ႕တာဝန္၊ ဝတၱရားေတြကိုၿပီးေျမာက္ ေအာင္လုပ္ေဆာင္ႏိုင္ပါတယ္။ ဒါေပမဲ့ဒီလုပ္ေဆာင္ ခ်က္ေတြက သူတို႔တကယ္စိတ္ပါလို႔လုပ္တာဟုတ္ခ်င္ မွဟုတ္ပါမယ္။ ဒါေပမဲ့အခ်ိန္တန္ရင္ အလုပ္ၿပီးတာမ်ိဳး ျဖစ္ပါတယ္။ ဝန္ထမ္းေတြကိုအလုပ္ေတြအခ်ိန္မီ ၿပီး စီးေအာင္၊ ကိုယ့္တာဝန္ကိုယ္ေက်ေအာင္လုပ္ေဆာင္ တဲ့ေခါင္းေဆာင္မႈပုံစံမ်ိဳးပါ။
လမ္းၫႊန္ေခါင္းေဆာင္မႈပုံစံ
    ဒီေခါင္းေဆာင္မႈကလည္း လုပ္ငန္းခြင္မွာထိ ေရာက္မႈရွိၿပီး အက်ိဳးရွိတဲ့ေခါင္းေဆာင္မႈျဖစ္ပါတယ္။  ဒီေခါင္းေဆာင္မႈကေတာ့ အားကစားနည္းျပနဲ႔ပုံစံတူ ပါတယ္။ ဝန္ထမ္းတစ္ေယာက္ခ်င္းစီရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကိုသိေအာင္လုပ္ၿပီး သူတို႔ေတြကို မွန္ကန္တဲ့တာဝန္ေပးမႈေတြ၊ မွန္ကန္တဲ့ေနရာခ်ထား မႈေတြကိုလုပ္တဲ့ေခါင္းေဆာင္မႈပုံစံပါ။ ဒီေခါင္းေဆာင္ မႈက သူတို႔ဦးေဆာင္မႈေအာက္မွာရွိတဲ့အဖြဲ႕ကိုတျခား အဖြဲ႕အစည္းထက္ပိုမိုသာလြန္ေအာင္ နည္းဗ်ဴဟာနဲ႔ လုပ္ေဆာင္တာပဲျဖစ္ပါတယ္။ ဒီေခါင္းေဆာင္မႈက ဒီမိုကေရစီေခါင္းေဆာင္မႈနဲ႔ဆင္တူပါတယ္။ ဝန္ထမ္း ေတြကိုေလ့လာမႈအသစ္ေတြ၊ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈေတြ ကို ဆက္လက္ဖြံ႕ၿဖိဳးဖို႔အခြင့္အလမ္းေပးတဲ့ေခါင္းေဆာင္ မႈျဖစ္ပါတယ္။
ဗ်ဴ႐ိုကေရစီေခါင္းေဆာင္မႈပုံစံ
    ဒီေခါင္းေဆာင္ပုံစံကေတာ့ လုပ္ငန္းခြင္အတြက္ အက်ိဳးသက္ေရာက္မႈမရွိသေလာက္ပါပဲ။ စာအုပ္ႀကီး အတိုင္းသြားတတ္ပါတယ္။ ဒီေခါင္းေဆာင္မႈေအာက္ မွာရွိတဲ့ ဝန္ထမ္းေတြက အာဏာရွင္ေခါင္းေဆာင္မႈ ေအာက္မွာမဟုတ္ဘူးလို႔ထင္ရေပမဲ့ ကိုယ္တိုင္ပါဝင္ လုပ္ေဆာင္ႏိုင္တဲ့အခန္းက႑မရွိသေလာက္နည္းပါး ပါတယ္။ ဒီအခ်က္ကဝန္ထမ္းေတြရဲ႕တီထြင္ဆန္းသစ္ မႈ၊ အိုင္ဒီယာစတာေတြကို ရပ္တန္႔ေစပါတယ္။ 
    အႏွစ္ခ်ဳပ္ဆိုရရင္ ဒီေခါင္းေဆာင္မႈက လုပ္ငန္း တစ္ခုအတြက္၊ အဖြဲ႕အစည္းတစ္ခုအတြက္၊ အသင္း အဖြဲ႕တစ္ခုအတြက္ အင္မတန္အေရးႀကီးတဲ့အေျခခံ အုတ္ျမစ္တစ္ခုျဖစ္ပါတယ္။ မွန္ကန္တဲ့ေခါင္းေဆာင္မႈ ကသာ တိုးတက္ေအာင္ျမင္တဲ့အဖြဲ႕အစည္းတစ္ခုကို ျဖစ္ေပၚေစႏိုင္မွာျဖစ္ပါတယ္။


ေက်ာ့ေကခိုင္

Previous Next