24 Feb, 2020
လုပ်ငန်းခွင်ထဲက လုပ်ငန်းရှင်စိတ်ဓာတ်

    အလုပ်..အလုပ်..အလုပ်.. အရွယ် ရောက်နေသော လူငယ်တစ်ယောက်အတွက် အလုပ်တစ်ခုခုတော့ ရှိရမည်သာ။ 'အလုပ်' ဆိုသော ဝိသေသတစ်ခု နာမည်တစ်ခုသည် ပုံမှန်ဝင်ငွေရဖို့ထက် ပိုမိုလေးနက်သည်။ အဓိပ္ပာယ်အများကြီး သက်ရောက် ရပေမည်။ သို့မှသာ အလုပ်၏သဘောတရားသည် လည်း တန်ဖိုးမြင့်တက်လာရပေမည်။ 
    အလုပ်ဟူသမျှ ဂုဏ်ယူရမည်သာ။ ဆိုက်ကား နင်းသောအလုပ်၊ ကူလီထမ်းသောအလုပ်၊ သန့်ရှင်း ရေးအောက်ခြေသိမ်း ဗာဟီရအလုပ်များမှသည် မန်နေဂျာ၊ ရုံးအုပ်၊ မန်နေးဂျင်းဒါရိုက်တာရာထူးများထိ ]အလုပ်} ဆိုသော ဝိသေသထဲ၌ ကိန်းဝပ်တည်ရှိပေ၏။ ဒါက အလုပ်ကပေးသော သစ္စာတရား။ ထို့ကြောင့် ကျနော်တို့အားလုံး အလုပ်ပေါ်တွင် သစ္စာပြန်ရှိရ ပေမည်။ 
    ]သူတစ်ပါးအလုပ် လုပ်နေတာပဲကွာ၊ ပေးထား တဲ့လစာနဲ့တန်အောင်ပဲ လုပ်ပေးမှာပေါ့} ဆိုသည့် အတွေး သင့်ခေါင်းထဲဝင်လာခဲ့လျှင် ချက်ချင်းထုတ်ပစ် သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအတွေးသည် သင်၏ ဖြစ်တည်နိုင်စွမ်းကို ထိန်းချုပ်ထားနိုင်သည်။ သင်၏အလုပ်လုပ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေ နိုင်သည်။ အချို့ဝန်ထမ်းများ အရည်ချင်းရှိပါလျက် တိုးတက်သင့်သလောက် မတိုးတက်ရခြင်းမှာ ထို တစ်ရာပေးပြီး တစ်ရာပြန်ရလိုသော စိတ်ဓာတ် ကြောင့်ပင်ဖြစ်ပေသည်။ 
    အဘယ့်ကြောင့်နည်း။ အလွယ်တကူ တွေးကြည့် လျှင်တော့ ထိုအတွေး ထိုသီအိုရီကြီး မှန်ကန်လှပေ သည်ဟု ကောက်ချက်ဆွဲသုံးသပ်ကြသူ များပေလိမ့် မည်။ သို့သော် ထို့ထက်ပိုပြီး လက်တွေ့ကျကျ သုံးသပ် ကြည့်ပါက အနည်းငယ်လွဲမှားနေသည်ကို သိရှိရ ပေမည်။ အခြေခံအကျဆုံးသီအိုရီကား ဥစ္စာရှိသူကား ဥစ္စာကိုရင်းနှီးမြှုပ်နှံကာ ငွေကြေးရှာဖွေသည်။ ပညာရှိ သူကား ပညာကိုအရင်းအနှီးပြုကာ ရင်းနှီးမြှုပ်နှံ ကြရ၏။ ပညာရော ဥစ္စာပါ မရှိရှာသူကား မိမိ၏ ကိုယ်ခန္ဓာဖြင့်သာ ရင်းနှီးရ၏။ 
    ကျနော်တို့ ဝန်ထမ်းဖြစ်ရခြင်းမှာ သူဌေးများကဲ့သို့ ပစ္စည်းဥစ္စာမရင်းနှီးနိုင်၍ ပညာအားသော်လည်း ကောင်း၊ လူအားဖြင့်သော်လည်းကောင်း ရင်းနှီး ပေးဆပ်ကြရ၏။ သူတစ်ပါးလက်အောက် ဝန်ထမ်း ဖြစ်လာ၍ မလုပ်ချင်လုပ်ချင်နှင့် တွေဝေနေ၍မဖြစ်။ အလုပ်သည် ကျနော်တို့ကို ထမင်းကျွေး၏။ အလုပ် သည် ကျနော်တို့ကိုငွေကြေးပေး၏။ အလုပ်သည် ကျနော်တို့ ဖြစ်စေချင်သော ဘဝရည်မှန်းချက် အနာဂတ်အိပ်မက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးနိုင်၏။ 
    ထိုသို့သော ကျေးဇူးများပြားလွန်းသည့် ]အလုပ်} ကို အဘယ်မှာလျှင် မချစ်ဘဲမနေရအံ့နည်း။ အဘယ်မှာလျှင် တန်ဖိုးမထားမလေးစားဘဲ နေသင့် သနည်း။ ကျနော်တို့အားလုံး အသက်ရှင်သန် ရပ်တည်နေသရွေ့ စားနိုင်သောက်နိုင်နေသေးသရွေ့ အလုပ်ဟူသမျှကို တန်ဖိုးထားလေးစား နေရမည် သာ။ ထိုကား အလုပ်နှင့်လူ၊ လူနှင့်အလုပ်၏ လေးနက် ခိုင်မြဲသော သမုဒယသစ္စာတစ်ခုသာတည်း။ 
    သို့သော် များသောအားဖြင့် လုပ်ငန်းခွင်ထဲမှ လူအများစုသည် အလုပ်၏တန်ဖိုး အလုပ်၏လှပသော သစ္စာတရားကို မမြင်တွေ့ကြရသည်ကများသည်။ ထို့ကြောင့်လည်း အလုပ်ကပေးသော အကျိုးတရားကို အပြည့်အဝ မစားသုံးနိုင်ကြရှာပေ။ အလုပ်ကိုချစ်လျှင် အလုပ်ကပေးသော ဒုက္ခ သုခအပေါင်းတို့ကို လိုလို ချင်ချင်ကြိုဆိုနေရမည်သာ။ အချို့လူများက အလုပ် သာလိုချင်သည်။ အနည်းငယ်မျှ အပင်ပန်းမခံချင် ကြ။ မိမိနေရာနှင့် အနည်းငယ်ကွာလှမ်းသော နေရာ ဌာနတွင် အလုပ်လုပ်မည်ကိုပင် ဒုတိယကမ္ဘာစစ် အတွင်းမှ စစ်ဘေးဒုက္ခသည်ကြီးလို တငြီးငြီးတငြူငြူ ဖြစ်ကြရပေသည်။ 
    ငါ့နှယ်ကံဆိုးချက်ကတော့ကွယ်. ငါ့လောက် ကံဆိုးသူများ သည်ကမ္ဘာပေါ်ဝယ် ရှိနိုင်တော့မည် မထင်ပါ။ ]အစရှိသဖြင့် တွေးတောစိုးရိမ်နေတတ် ကြပေသည်။ ထိုသူများသည် စစ်မရောက်ခင်က မြားကုန်နေကြသူများဖြစ်သည်။ တစ်ခုခုကို မလုပ်ရသေးခင် ဖြစ်မှဖြစ်ပါ့မလားဆိုပြီး ကြောင့် ကြစိုးရိမ်ပူပန်နေကြသူများသည် အကြောင်းကိစ္စ တစ်ခုခုကြုံလာပါက မည်ကဲ့သို့ ဦးဆောင်ဖြေရှင်း ရမည်ကို မခန့်မှန်းမဆုံးဖြတ်ကြတော့ပေ။ ထိုပြဿနာ ကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့်သူကိုသာ မျှော်လင့် နေတတ်ကြသောကြောင့် ထိုသူတို့၏ ဘဝတစ် လျှောက်လုံး မည်သည့်အခါမျှခေါင်းဆောင် ဖြစ်လာ ကြတော့မည်မဟုတ်ပေ။ 
ထိုသူများသည် နောက်လိုက်သက်သက်ဖြစ်ဖို့သာ မွေးဖွားလာကြသူများဖြစ်တော့သည်။ 
    သို့သော် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ် အသီးသီးတွင် အောင်မြင်နေသူအများစုသည် တစ်ချိန်တုန်းက နောက်လိုက်ကောင်းများ ဖြစ်ခဲ့ ကြသည်။ မိမိတို့သက်ဆိုင်ရာ တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ တာဝန်ယူခဲ့ကြသူများ သာဖြစ်ကြသည်။ ထို့ကြောင့် ထိုသူတို့၏ ကောင်းမြတ်မှန်ကန်သောဆုံးဖြတ်ချက်နှင့် မဆုတ် မနစ်သောခံယူချက်များကြောင့် လုပ်ငန်းနယ်ပယ် အတွင်း အလုပ်လုပ်ရင်း လေ့လာသင်ယူခဲ့ကြသည်။ သူဌေးလုပ်ငန်းကို မိမိလုပ်ငန်းသဖွယ် သဘောထား ပေးဆပ်ခဲ့မှုကြောင့်လည်း အလုပ်လုပ်နိုင်စွမ်းများ၊ ပင်ကိုအရည်သွေးများ တိုးတက်မြင့်မားခဲ့ရသည်။ ထို့ကြောင့်လည်း ထိုက်တန်သောနေရာတစ်ခုကို ရရှိခဲ့ကြသည်သာ။ ထိုအရာများကာ အလုပ်ကပေး သော တန်ပြန်မှု အနည်းငယ်မျှသာတည်း။ 
    ထို့ကြောင့်လည်း ကမ္ဘာကျော် ဗူငဘဘေေ လုပ်ငန်းစု၏ င်္သကညိနမ ဖြစ်သူ ူ ဲခေု ြေ မှ ဒဒဥညခန ငည ပသကမ ူင်နယ အမပ ျသာနအ့ငညါ.ဒဒ ဆိုပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။ တကယ်လည်း ကျနော်တို့ အားလုံးဟာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ တစ်စုံ တစ်ခုအတွက် အပြင်းအထန်ကြိုးစား သင့်သည်ပဲ မလား။ ထိုတစ်စုံတစ်ခုက ကျနော်တို့ရဲ့ အောင်မြင်မှု သို့မဟုတ် စည်းစိမ်ဥစ္စာဖြစ်နေနိုင်သည်။ တစ်ခါတစ်ရံ မှာ ငွေကြေးနှင့် မေတ္တာတရားအတွက်လည်း ဖြစ် ကောင်းဖြစ်နေနိုင်ပညသည်။ ထိုအရာများက ကျနော် တို့ဘဝရှင်သန်မှုအတွက် အရေးပါသော ဒေါက်တိုင် ကြီးများပင် မဟုတ်ပါလော။ ထို့အတွက် ကြောင့် ကျနော်တို့ကြိုးစားရမည်သာ။ 
    အချုပ်အားဖြင့် လုပ်ငန်းခွင်ထဲတွင်လည်း တန်ရာတန်ကြေးပေးလို့ လုပ်ရသည်ဆိုခြင်းထက် ကျနော်တို့ ပိုမိုလုပ်ဆောင်နိုင်ပေသည်။ လုပ်ငန်းရှင် သူဌေးက လစာပေး၍ ဝတ်ကျေတန်းကျေ လုပ်ရ သည်ဆိုခြင်းထက် မိမိတာဝန် ိဲ တွင် စေတနာ ဆိုသောအရာကို သကြားဖြူးပေးနိုင်ပေသည်။ စေတနာဖြင့်လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် လစာပေး သောကြောင့် ဝတ်ကျေတန်းကျေ လုပ်ရခြင်း၏ အကျိုးရလဒ်သည် အပုံကြီးကွာခြားလှ၏။ မိမိ သူဌေး၏ လုပ်ငန်းသည် မိမိလုပ်ငန်းပင်ဖြစ်သည် ဟူ၍ ခံယူချက်ထားက လုပ်ငန်းရေရှည်တိုးတက်နိုင်ပြီး သင့်၏ ကိုယ်ရည်ကိုယ်သွေးလည်း လိုက်ပါတိုးတက် လာမည်ဖြစ်၍ ထိုအရာကား အဖိုးမဖြတ်နိုင်သော ခံယူချက်ကောင်းပေတည်း။


ညီလင်းနိုင်

++++++++++++++++++++++++++++++++++++++++

လုပ္ငန္းခြင္ထဲက လုပ္ငန္းရွင္စိတ္ဓာတ္ 

   အလုပ္..အလုပ္..အလုပ္.. အ႐ြယ္ ေရာက္ေနေသာ လူငယ္တစ္ေယာက္အတြက္ အလုပ္တစ္ခုခုေတာ့ ရွိရမည္သာ။ ]အလုပ္} ဆိုေသာ ဝိေသသတစ္ခု နာမည္တစ္ခုသည္ ပုံမွန္ဝင္ေငြရဖို႔ထက္ ပိုမိုေလးနက္သည္။ အဓိပၸာယ္အမ်ားႀကီး သက္ေရာက္ ရေပမည္။ သို႔မွသာ အလုပ္၏သေဘာတရားသည္ လည္း တန္ဖိုးျမင့္တက္လာရေပမည္။ 
    အလုပ္ဟူသမွ် ဂုဏ္ယူရမည္သာ။ ဆိုက္ကား နင္းေသာအလုပ္၊ ကူလီထမ္းေသာအလုပ္၊ သန္႔ရွင္း ေရးေအာက္ေျခသိမ္း ဗာဟီရအလုပ္မ်ားမွသည္ မန္ေနဂ်ာ၊ ႐ုံးအုပ္၊ မန္ေနးဂ်င္းဒါ႐ိုက္တာရာထူးမ်ားထိ ]အလုပ္} ဆိုေသာ ဝိေသသထဲ၌ ကိန္းဝပ္တည္ရွိေပ၏။ ဒါက အလုပ္ကေပးေသာ သစၥာတရား။ ထို႔ေၾကာင့္ က်ေနာ္တို႔အားလုံး အလုပ္ေပၚတြင္ သစၥာျပန္ရွိရ ေပမည္။ 
    ]သူတစ္ပါးအလုပ္ လုပ္ေနတာပဲကြာ၊ ေပးထား တဲ့လစာနဲ႔တန္ေအာင္ပဲ လုပ္ေပးမွာေပါ့} ဆိုသည့္ အေတြး သင့္ေခါင္းထဲဝင္လာခဲ့လွ်င္ ခ်က္ခ်င္းထုတ္ပစ္ သင့္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ထိုအေတြးသည္ သင္၏ ျဖစ္တည္ႏိုင္စြမ္းကို ထိန္းခ်ဳပ္ထားႏိုင္သည္။ သင္၏အလုပ္လုပ္ႏိုင္စြမ္းကို အဟန္႔အတားျဖစ္ေစ ႏိုင္သည္။ အခ်ိဳ႕ဝန္ထမ္းမ်ား အရည္ခ်င္းရွိပါလ်က္ တိုးတက္သင့္သေလာက္ မတိုးတက္ရျခင္းမွာ ထို တစ္ရာေပးၿပီး တစ္ရာျပန္ရလိုေသာ စိတ္ဓာတ္ ေၾကာင့္ပင္ျဖစ္ေပသည္။ 
    အဘယ့္ေၾကာင့္နည္း။ အလြယ္တကူ ေတြးၾကည့္ လွ်င္ေတာ့ ထိုအေတြး ထိုသီအိုရီႀကီး မွန္ကန္လွေပ သည္ဟု ေကာက္ခ်က္ဆြဲသုံးသပ္ၾကသူ မ်ားေပလိမ့္ မည္။ သို႔ေသာ္ ထို႔ထက္ပိုၿပီး လက္ေတြ႕က်က် သုံးသပ္ ၾကည့္ပါက အနည္းငယ္လြဲမွားေနသည္ကို သိရွိရ ေပမည္။ အေျခခံအက်ဆုံးသီအိုရီကား ဥစၥာရွိသူကား ဥစၥာကိုရင္းႏွီးျမႇဳပ္ႏွံကာ ေငြေၾကးရွာေဖြသည္။ ပညာရွိ သူကား ပညာကိုအရင္းအႏွီးျပဳကာ ရင္းႏွီးျမႇဳပ္ႏွံ ၾကရ၏။ ပညာေရာ ဥစၥာပါ မရွိရွာသူကား မိမိ၏ ကိုယ္ခႏၶာျဖင့္သာ ရင္းႏွီးရ၏။ 
    က်ေနာ္တို႔ ဝန္ထမ္းျဖစ္ရျခင္းမွာ သူေဌးမ်ားကဲ့သို႔ ပစၥည္းဥစၥာမရင္းႏွီးႏိုင္၍ ပညာအားေသာ္လည္း ေကာင္း၊ လူအားျဖင့္ေသာ္လည္းေကာင္း ရင္းႏွီး ေပးဆပ္ၾကရ၏။ သူတစ္ပါးလက္ေအာက္ ဝန္ထမ္း ျဖစ္လာ၍ မလုပ္ခ်င္လုပ္ခ်င္ႏွင့္ ေတြေဝေန၍မျဖစ္။ အလုပ္သည္ က်ေနာ္တို႔ကို ထမင္းေကြၽး၏။ အလုပ္ သည္ က်ေနာ္တို႔ကိုေငြေၾကးေပး၏။ အလုပ္သည္ က်ေနာ္တို႔ ျဖစ္ေစခ်င္ေသာ ဘဝရည္မွန္းခ်က္ အနာဂတ္အိပ္မက္မ်ားကို တစ္ဖက္တစ္လမ္းမွ ကူညီျဖည့္ဆည္းေပးႏိုင္၏။ 
    ထိုသို႔ေသာ ေက်းဇူးမ်ားျပားလြန္းသည့္ ]အလုပ္} ကို အဘယ္မွာလွ်င္ မခ်စ္ဘဲမေနရအံ့နည္း။ အဘယ္မွာလွ်င္ တန္ဖိုးမထားမေလးစားဘဲ ေနသင့္ သနည္း။ က်ေနာ္တို႔အားလုံး အသက္ရွင္သန္ ရပ္တည္ေနသေ႐ြ႕ စားႏိုင္ေသာက္ႏိုင္ေနေသးသေ႐ြ႕ အလုပ္ဟူသမွ်ကို တန္ဖိုးထားေလးစား ေနရမည္ သာ။ ထိုကား အလုပ္ႏွင့္လူ၊ လူႏွင့္အလုပ္၏ ေလးနက္ ခိုင္ၿမဲေသာ သမုဒယသစၥာတစ္ခုသာတည္း။ 
    သို႔ေသာ္ မ်ားေသာအားျဖင့္ လုပ္ငန္းခြင္ထဲမွ လူအမ်ားစုသည္ အလုပ္၏တန္ဖိုး အလုပ္၏လွပေသာ သစၥာတရားကို မျမင္ေတြ႕ၾကရသည္ကမ်ားသည္။ ထို႔ေၾကာင့္လည္း အလုပ္ကေပးေသာ အက်ိဳးတရားကို အျပည့္အဝ မစားသုံးႏိုင္ၾကရွာေပ။ အလုပ္ကိုခ်စ္လွ်င္ အလုပ္ကေပးေသာ ဒုကၡ သုခအေပါင္းတို႔ကို လိုလို ခ်င္ခ်င္ႀကိဳဆိုေနရမည္သာ။ အခ်ိဳ႕လူမ်ားက အလုပ္ သာလိုခ်င္သည္။ အနည္းငယ္မွ် အပင္ပန္းမခံခ်င္ ၾက။ မိမိေနရာႏွင့္ အနည္းငယ္ကြာလွမ္းေသာ ေနရာ ဌာနတြင္ အလုပ္လုပ္မည္ကိုပင္ ဒုတိယကမာၻစစ္ အတြင္းမွ စစ္ေဘးဒုကၡသည္ႀကီးလို တၿငီးၿငီးတျငဴျငဴ ျဖစ္ၾကရေပသည္။ 
    ငါ့ႏွယ္ကံဆိုးခ်က္ကေတာ့ကြယ္. ငါ့ေလာက္ ကံဆိုးသူမ်ား သည္ကမာၻေပၚဝယ္ ရွိႏိုင္ေတာ့မည္ မထင္ပါ။ ]အစရွိသျဖင့္ ေတြးေတာစိုးရိမ္ေနတတ္ ၾကေပသည္။ ထိုသူမ်ားသည္ စစ္မေရာက္ခင္က ျမားကုန္ေနၾကသူမ်ားျဖစ္သည္။ တစ္ခုခုကို မလုပ္ရေသးခင္ ျဖစ္မွျဖစ္ပါ့မလားဆိုၿပီး ေၾကာင့္ ၾကစိုးရိမ္ပူပန္ေနၾကသူမ်ားသည္ အေၾကာင္းကိစၥ တစ္ခုခုႀကဳံလာပါက မည္ကဲ့သို႔ ဦးေဆာင္ေျဖရွင္း ရမည္ကို မခန္႔မွန္းမဆုံးျဖတ္ၾကေတာ့ေပ။ ထိုျပႆနာ ကို ကိုင္တြယ္ေျဖရွင္းေပးႏိုင္မည့္သူကိုသာ ေမွ်ာ္လင့္ ေနတတ္ၾကေသာေၾကာင့္ ထိုသူတို႔၏ ဘဝတစ္ ေလွ်ာက္လုံး မည္သည့္အခါမွ်ေခါင္းေဆာင္ ျဖစ္လာ ၾကေတာ့မည္မဟုတ္ေပ။ 
ထိုသူမ်ားသည္ ေနာက္လိုက္သက္သက္ျဖစ္ဖို႔သာ ေမြးဖြားလာၾကသူမ်ားျဖစ္ေတာ့သည္။ 
    သို႔ေသာ္ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္ အသီးသီးတြင္ ေအာင္ျမင္ေနသူအမ်ားစုသည္ တစ္ခ်ိန္တုန္းက ေနာက္လိုက္ေကာင္းမ်ား ျဖစ္ခဲ့ ၾကသည္။ မိမိတို႔သက္ဆိုင္ရာ တာဝန္မ်ားကို ကိုယ္စြမ္းဉာဏ္စြမ္းရွိသေ႐ြ႕ တာဝန္ယူခဲ့ၾကသူမ်ား သာျဖစ္ၾကသည္။ ထို႔ေၾကာင့္ ထိုသူတို႔၏ ေကာင္းျမတ္မွန္ကန္ေသာဆုံးျဖတ္ခ်က္ႏွင့္ မဆုတ္ မနစ္ေသာခံယူခ်က္မ်ားေၾကာင့္ လုပ္ငန္းနယ္ပယ္ အတြင္း အလုပ္လုပ္ရင္း ေလ့လာသင္ယူခဲ့ၾကသည္။ သူေဌးလုပ္ငန္းကို မိမိလုပ္ငန္းသဖြယ္ သေဘာထား ေပးဆပ္ခဲ့မႈေၾကာင့္လည္း အလုပ္လုပ္ႏိုင္စြမ္းမ်ား၊ ပင္ကိုအရည္ေသြးမ်ား တိုးတက္ျမင့္မားခဲ့ရသည္။ ထို႔ေၾကာင့္လည္း ထိုက္တန္ေသာေနရာတစ္ခုကို ရရွိခဲ့ၾကသည္သာ။ ထိုအရာမ်ားကာ အလုပ္ကေပး ေသာ တန္ျပန္မႈ အနည္းငယ္မွ်သာတည္း။ 
    ထို႔ေၾကာင့္လည္း ကမာၻေက်ာ္ ဗူငဘေဘေ လုပ္ငန္းစု၏ သၤကညိနမ ျဖစ္သူ ူ ဲေခု ျေ မွ ဒဒဥညခန ငည ပသကမ ူင္နယ အမပ ်သာနအ့ငညါ.ဒဒ ဆိုၿပီး ေျပာဆိုခဲ့ျခင္းျဖစ္သည္။ တကယ္လည္း က်ေနာ္တို႔ အားလုံးဟာ ဘဝမွာ တစ္ႀကိမ္တစ္ခါေတာ့ တစ္စုံ တစ္ခုအတြက္ အျပင္းအထန္ႀကိဳးစား သင့္သည္ပဲ မလား။ ထိုတစ္စုံတစ္ခုက က်ေနာ္တို႔ရဲ႕ ေအာင္ျမင္မႈ သို႔မဟုတ္ စည္းစိမ္ဥစၥာျဖစ္ေနႏိုင္သည္။ တစ္ခါတစ္ရံ မွာ ေငြေၾကးႏွင့္ ေမတၱာတရားအတြက္လည္း ျဖစ္ ေကာင္းျဖစ္ေနႏိုင္ပညသည္။ ထိုအရာမ်ားက က်ေနာ္ တို႔ဘဝရွင္သန္မႈအတြက္ အေရးပါေသာ ေဒါက္တိုင္ ႀကီးမ်ားပင္ မဟုတ္ပါေလာ။ ထို႔အတြက္ ေၾကာင့္ က်ေနာ္တို႔ႀကိဳးစားရမည္သာ။ 
    အခ်ဳပ္အားျဖင့္ လုပ္ငန္းခြင္ထဲတြင္လည္း တန္ရာတန္ေၾကးေပးလို႔ လုပ္ရသည္ဆိုျခင္းထက္ က်ေနာ္တို႔ ပိုမိုလုပ္ေဆာင္ႏိုင္ေပသည္။ လုပ္ငန္းရွင္ သူေဌးက လစာေပး၍ ဝတ္ေက်တန္းေက် လုပ္ရ သည္ဆိုျခင္းထက္ မိမိတာဝန္ ိဲ တြင္ ေစတနာ ဆိုေသာအရာကို သၾကားျဖဴးေပးႏိုင္ေပသည္။ ေစတနာျဖင့္လုပ္ကိုင္ေဆာင္႐ြက္ျခင္းႏွင့္ လစာေပး ေသာေၾကာင့္ ဝတ္ေက်တန္းေက် လုပ္ရျခင္း၏ အက်ိဳးရလဒ္သည္ အပုံႀကီးကြာျခားလွ၏။ မိမိ သူေဌး၏ လုပ္ငန္းသည္ မိမိလုပ္ငန္းပင္ျဖစ္သည္ ဟူ၍ ခံယူခ်က္ထားက လုပ္ငန္းေရရွည္တိုးတက္ႏိုင္ၿပီး သင့္၏ ကိုယ္ရည္ကိုယ္ေသြးလည္း လိုက္ပါတိုးတက္ လာမည္ျဖစ္၍ ထိုအရာကား အဖိုးမျဖတ္ႏိုင္ေသာ ခံယူခ်က္ေကာင္းေပတည္း။


ညီလင္းႏိုင္

Previous Next