24 Feb, 2020
"အသည်းအဆီဖုံးခြင်း" 


အရက်အလွန်အကျွံသောက်တာအပြင် အဝလွန်တာ၊ သွေးတွင်းအဆီများတာ၊ ဆီးချိုရောဂါ၊ မျိုးရိုးဗီဇ၊ ကိုယ်အလေးချိန် ဗြုန်းစားကြီးလျော့ချတာနဲ့ အက်စပရင်၊ စတီးရွိုက်၊ Tamoxifen, Tetracycline တို့လိုဆေးတွေ သောက်နေရတာကြောင့်လည်း အသည်းအဆီဖုံးကြရပါတယ်။ 
အသည်းအဆီဖုံးတာဟာ အဓိကအနေနဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းနဲ့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း အသည်းဆဲလ်တွေဟာ အဆီတွေကို မခြေဖျတ်နိုင်တော့တဲ့အခါ အသည်းမှာ စုပုံလာတာပါ။ 
အသည်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ အဆီတွေဖြစ်နေပြီဆိုရင် အသည်းအဆီဖုံးနေတယ်လို့ သတ်မှတ်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်း အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါတွေထဲမှာမှ အသည်းအဆီဖုံးတာဟာ အစောဆုံးလက္ခဏာဖြစ်ပါတယ်။ 
အရက်တွေအများကြီးသောက်တာကြောင့် အသည်းကို ထိခိုက်လာပြီး အသည်းဆဲလ်တွေဟာ အဆီတွေကို မခြေဖျတ်နိုင်တဲ့အခါမှာတော့ အသည်းအဆီဖုံးရတော့တာပါပဲ။ အရက်သောက်တာကို ရပ်လိုက်ရင် ၆ ပတ်အတွင်းမှာပဲ အဆီတွေ ပြန်ပျောက်ကွယ်သွားပါတယ်။
 ဒါပေမယ့် အရက်ကို အလွန်အကျွံဆက်သောက်မယ်ဆိုရင်တော့ အသည်းပါခြောက်လာပါလိမ့်မယ်။ ရောဂါလက္ခဏာ အသည်းအဆီဖုံးတာက လက္ခဏာ သိပ်ပြလေ့မရှိပါဘူး။ အစပိုင်းမှာ နေရတာ ပင်ပန်းသလိုလို ဗိုက်ထဲ မအီမသာဖြစ်သလိုလိုလောက်ပဲ ခံစားရလေ့ရှိပါတယ်။ 
ဆရာဝန်စမ်းတော့မှသာ အသည်းကြီးနေတယ်ဆိုတာ သိရတာမျိုးပါ။ အသည်းမှာ အဆီတွေစုလာတဲ့အခါ အသည်းရောင်ရမ်းလာပြီး အစားသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျတာ၊ ဗိုက်အောင့်တာ၊ အားနည်းတာ၊ မောပန်းတာ၊ အာရုံရှုပ်ထွေးနောက်ကျိတာတွေ တဖြည်းဖြည်းခံစားလာရပါတယ်။ 
အသည်းအဆီဖုံးတာ တဖြည်းဖြည်းဆိုးလာတဲ့အခါ အသည်းခြောက်လာပြီး အသည်းပျက်တဲ့အထိဖြစ်လာပါမယ်။ ဒီလိုအခြေနေထိရောက်လာပြီဆိုရင်တော့ ဝမ်းဗိုက်ထဲမှာ အရည်တွေ အများကြီးစုလာပြီး ပူဖောင်းလာပါတယ်။ မျက်လုံးတွေရော၊ အသားတွေရော ဝါလာမယ်။ အာရုံနောက်ကျိလာမယ်။ သွေးထွက်သံယို ဖြစ်လွယ်လာတယ်။ 
အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါမှာလည်း ယာယီအားဖြင့် အသည်းအဆီဖုံးတတ်ပါတယ်။ စိုးရိမ်ရတယ်ဆိုပေမယ့် မွေးပြီးရင်တော့ ပြန်ကောင်းသွားပါတယ်။ ဘယ်လိုလူတွေက အသည်းအဆီဖုံးတတ်လဲ။ တကယ်လို့ ကိုယ်က အရမ်းဝတယ်၊ အဝလွန်တဲ့ထဲပါတယ်ဆိုရင်တော့ ပိုပြီးဖြစ်နိုင်ပါတယ်။ အမျိုးစား ၂ ဆီးချိုရောဂါရှိနေတဲ့သူတိုရင်လည်း အသည်းအဆီဖုံးနိုင်ဖို့အလားလာရှိပါတယ်။ ဘာလို့လဲဆိုတော့ အင်ဆူလင်ကို ဓာတ်မတိုးတော့လို့ပါ။ 
တခြားအချက်တွေကတော့ အရက်အလွန်အကျွံသောက်တာ၊ ပါရာစီတမော့လို အကိုက်ခဲပျောက်ဆေးတွေ အများကြီးသောက်တာ၊ ကိုယ်ဝန်ရှိတာ၊ သွေးတွင်း အဆီနဲ့ ကိုလက်စထရောများတာ၊ အစာအာဟာရ မမျှတတာ၊ ဇီဝရုပ်ဖြစ်စဉ်ရောဂါတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အသည်းအဆီဖုံးတာကို အတည်ပြုဖို့အတွက် သွေးစစ်တာ၊ အာထရာဆောင်း၊ စီတီ ဓာတ်မှန်ရိုက်တာနဲ့ လိုအပ်ခဲ့ရင် အသားစယူစစ်ဆေးရပါတယ်။ ဘယ်လိုကုသရမလဲ။ အသည်းအဆီဖုံးတာအတွက် ဆေးလည်းမရှိသလို ခွဲစိတ်ဖို့လည်းမလိုပါဘူး။ 
အဲဒီအစား အဆီဖုံးစေမယ့် အချက်လေးတွေကိုပဲ ရှောင်ပြီး စားသောက်နေထိုင်မှုပုံစံကိုပဲ ထိန်းသွားရမှာဖြစ်ပါတယ်။ အဖျော်ယမကာတွေ ရှောင်မယ် ကိုလက်စထရောတွေ၊ အဆီတွေ၊ အချိုတွေ နည်းတဲ့အစားသောက်တွေကို ရွေးခြယ်စားသောက်မယ်၊ အသီးအရွက်၊ အစေ့အနှံ များများစားပေးမယ်၊ ကြက်သား၊ ငါးစတဲ့ white meat တွေကို စားပေးမယ်၊ ကယ်လိုရီတွက်ချက်စားသောက်နိုင်ရင် ပိုကောင်းပါတယ်။ 
ကိုယ်အလေးချိန်လျော့မယ်၊ ဆီးချိုမဝင်အောင် သွေးတွင်းအချိုဓာတ်လေးထိန်းမယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ အသည်းအဆီဖုံးတာဟာ အများစုကတော့ အသည်းရောဂါဝင်တဲ့အထိ မရောက်ကြပါဘူး။ 
အခုပြောထားသလို စားသောက်နေထိုင်မယ်ဆိုရင် အသည်းကလည်း သူ့အလိုလို ပြန်ပြုပြင်တာနဲ့ဆို ပြန်ကောင်းနိုင်ပါတယ်။ အရက်တွေ အလွန်အကျွံသောက်နေဦးမယ်ဆိုရင်တော့ အသည်းခြောက်ရာကနေ အသည်းပျက်ပြီး အများဆုံး ၂ နှစ်အတွင်းမှာတင် အသက်သေဆုံးတဲ့အထိ ဖြစ်လာပါလိမ့်မယ်။ 
ဒါကို ကာကွယ်ဖို့နည်းလမ်းကလည်း ထွေထူးတော့ မဟုတ်ပါဘူး။ ခုနကပြောခဲ့သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံ အတိုင်းနေထိုင်ဖို့ပါပဲ။ အရက်ကိုလည်း အမျိုးသမီးတွေမှာဆို တစ်နေ့ တစ်ခွက်နှုန်း၊ အမျိုးသားတွေမှာ တစ်နေ့နှစ်ခွက်လောက်သာ သောက်တာက ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ 
သောက်နေတဲ့ ဆီးချိုဆေးတွေ၊ သွေးတွင်းအဆီကျဆေးတွေကိုလည်း ပုံမှန်သောက်နေဖို့လည်း လိုပါတယ်။ လူကြီးတွေအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လူငယ်တွေလောက် မလုပ်နိုင်ရင်တောင်မှ တစ်နေ့ နာရီဝက်နှုန်းလောက်တော့ ပုံမှန်လုပ်ပေးမယ်ဆိုရင် ကျန်းမာသက်ရှည်ပြီး အသည်းအဆီဖုံးတာ အပါအဝင် ရောဂါတော်တော်များကနေလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ အားလုံးကျန်းမာလှပကြပါစေ။ 


ဒေါက်တာစိမ့် (For Your Health For Your Beauty)

++++++++++++++++++++++++++++++++++++++

 

"အသည္းအဆီဖုံးျခင္း" 


အရက္အလြန္အကြၽံေသာက္တာအျပင္ အဝလြန္တာ၊ ေသြးတြင္းအဆီမ်ားတာ၊ ဆီးခ်ိဳေရာဂါ၊ မ်ိဳး႐ိုးဗီဇ၊ ကိုယ္အေလးခ်ိန္ ျဗဳန္းစားႀကီးေလ်ာ့ခ်တာနဲ႔ အက္စပရင္၊ စတီး႐ြိဳက္၊ Tamoxifen, Tetracycline တို႔လိုေဆးေတြ ေသာက္ေနရတာေၾကာင့္လည္း အသည္းအဆီဖုံးၾကရပါတယ္။ 
အသည္းအဆီဖုံးတာဟာ အဓိကအေနနဲ႔ အရက္ေၾကာင့္ျဖစ္တဲ့ အသည္းအဆီဖုံးျခင္းနဲ႔ အရက္ေၾကာင့္မဟုတ္တဲ့ အသည္းအဆီဖုံးျခင္းဆိုၿပီး ႏွစ္မ်ိဳးႏွစ္စားရွိပါတယ္။ အရက္ေၾကာင့္မဟုတ္တဲ့ အသည္းအဆီဖုံးျခင္း အသည္းဆဲလ္ေတြဟာ အဆီေတြကို မေျခဖ်တ္ႏိုင္ေတာ့တဲ့အခါ အသည္းမွာ စုပုံလာတာပါ။ 
အသည္းရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္ဟာ အဆီေတြျဖစ္ေနၿပီဆိုရင္ အသည္းအဆီဖုံးေနတယ္လို႔ သတ္မွတ္ပါတယ္။ အရက္ေၾကာင့္ျဖစ္တဲ့ အသည္းအဆီဖုံးျခင္း အရက္ေၾကာင့္ျဖစ္ရတဲ့ အသည္းေရာဂါေတြထဲမွာမွ အသည္းအဆီဖုံးတာဟာ အေစာဆုံးလကၡဏာျဖစ္ပါတယ္။ 
အရက္ေတြအမ်ားႀကီးေသာက္တာေၾကာင့္ အသည္းကို ထိခိုက္လာၿပီး အသည္းဆဲလ္ေတြဟာ အဆီေတြကို မေျခဖ်တ္ႏိုင္တဲ့အခါမွာေတာ့ အသည္းအဆီဖုံးရေတာ့တာပါပဲ။ အရက္ေသာက္တာကို ရပ္လိုက္ရင္ ၆ ပတ္အတြင္းမွာပဲ အဆီေတြ ျပန္ေပ်ာက္ကြယ္သြားပါတယ္။
 ဒါေပမယ့္ အရက္ကို အလြန္အကြၽံဆက္ေသာက္မယ္ဆိုရင္ေတာ့ အသည္းပါေျခာက္လာပါလိမ့္မယ္။ ေရာဂါလကၡဏာ အသည္းအဆီဖုံးတာက လကၡဏာ သိပ္ျပေလ့မရွိပါဘူး။ အစပိုင္းမွာ ေနရတာ ပင္ပန္းသလိုလို ဗိုက္ထဲ မအီမသာျဖစ္သလိုလိုေလာက္ပဲ ခံစားရေလ့ရွိပါတယ္။ 
ဆရာဝန္စမ္းေတာ့မွသာ အသည္းႀကီးေနတယ္ဆိုတာ သိရတာမ်ိဳးပါ။ အသည္းမွာ အဆီေတြစုလာတဲ့အခါ အသည္းေရာင္ရမ္းလာၿပီး အစားေသာက္ပ်က္တာ၊ ကိုယ္အေလးခ်ိန္က်တာ၊ ဗိုက္ေအာင့္တာ၊ အားနည္းတာ၊ ေမာပန္းတာ၊ အာ႐ုံရႈပ္ေထြးေနာက္က်ိတာေတြ တျဖည္းျဖည္းခံစားလာရပါတယ္။ 
အသည္းအဆီဖုံးတာ တျဖည္းျဖည္းဆိုးလာတဲ့အခါ အသည္းေျခာက္လာၿပီး အသည္းပ်က္တဲ့အထိျဖစ္လာပါမယ္။ ဒီလိုအေျခေနထိေရာက္လာၿပီဆိုရင္ေတာ့ ဝမ္းဗိုက္ထဲမွာ အရည္ေတြ အမ်ားႀကီးစုလာၿပီး ပူေဖာင္းလာပါတယ္။ မ်က္လုံးေတြေရာ၊ အသားေတြေရာ ဝါလာမယ္။ အာ႐ုံေနာက္က်ိလာမယ္။ ေသြးထြက္သံယို ျဖစ္လြယ္လာတယ္။ 
အမ်ိဳးသမီးေတြ ကိုယ္ဝန္ရွိလာတဲ့အခါမွာလည္း ယာယီအားျဖင့္ အသည္းအဆီဖုံးတတ္ပါတယ္။ စိုးရိမ္ရတယ္ဆိုေပမယ့္ ေမြးၿပီးရင္ေတာ့ ျပန္ေကာင္းသြားပါတယ္။ ဘယ္လိုလူေတြက အသည္းအဆီဖုံးတတ္လဲ။ တကယ္လို႔ ကိုယ္က အရမ္းဝတယ္၊ အဝလြန္တဲ့ထဲပါတယ္ဆိုရင္ေတာ့ ပိုၿပီးျဖစ္ႏိုင္ပါတယ္။ အမ်ိဳးစား ၂ ဆီးခ်ိဳေရာဂါရွိေနတဲ့သူတိုရင္လည္း အသည္းအဆီဖုံးႏိုင္ဖို႔အလားလာရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ အင္ဆူလင္ကို ဓာတ္မတိုးေတာ့လို႔ပါ။ 
တျခားအခ်က္ေတြကေတာ့ အရက္အလြန္အကြၽံေသာက္တာ၊ ပါရာစီတေမာ့လို အကိုက္ခဲေပ်ာက္ေဆးေတြ အမ်ားႀကီးေသာက္တာ၊ ကိုယ္ဝန္ရွိတာ၊ ေသြးတြင္း အဆီနဲ႔ ကိုလက္စထေရာမ်ားတာ၊ အစာအာဟာရ မမွ်တတာ၊ ဇီဝ႐ုပ္ျဖစ္စဥ္ေရာဂါေတြ ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
အသည္းအဆီဖုံးတာကို အတည္ျပဳဖို႔အတြက္ ေသြးစစ္တာ၊ အာထရာေဆာင္း၊ စီတီ ဓာတ္မွန္႐ိုက္တာနဲ႔ လိုအပ္ခဲ့ရင္ အသားစယူစစ္ေဆးရပါတယ္။ ဘယ္လိုကုသရမလဲ။ အသည္းအဆီဖုံးတာအတြက္ ေဆးလည္းမရွိသလို ခြဲစိတ္ဖို႔လည္းမလိုပါဘူး။ 
အဲဒီအစား အဆီဖုံးေစမယ့္ အခ်က္ေလးေတြကိုပဲ ေရွာင္ၿပီး စားေသာက္ေနထိုင္မႈပုံစံကိုပဲ ထိန္းသြားရမွာျဖစ္ပါတယ္။ အေဖ်ာ္ယမကာေတြ ေရွာင္မယ္ ကိုလက္စထေရာေတြ၊ အဆီေတြ၊ အခ်ိဳေတြ နည္းတဲ့အစားေသာက္ေတြကို ေ႐ြးျခယ္စားေသာက္မယ္၊ အသီးအ႐ြက္၊ အေစ့အႏွံ မ်ားမ်ားစားေပးမယ္၊ ၾကက္သား၊ ငါးစတဲ့ white meat ေတြကို စားေပးမယ္၊ ကယ္လိုရီတြက္ခ်က္စားေသာက္ႏိုင္ရင္ ပိုေကာင္းပါတယ္။ 
ကိုယ္အေလးခ်ိန္ေလ်ာ့မယ္၊ ဆီးခ်ိဳမဝင္ေအာင္ ေသြးတြင္းအခ်ိဳဓာတ္ေလးထိန္းမယ္၊ ကိုယ္လက္ေလ့က်င့္ခန္းေလး ပုံမွန္လုပ္ေပးမယ္ဆိုရင္ လုံေလာက္ပါတယ္။ အသည္းအဆီဖုံးတာဟာ အမ်ားစုကေတာ့ အသည္းေရာဂါဝင္တဲ့အထိ မေရာက္ၾကပါဘူး။ 
အခုေျပာထားသလို စားေသာက္ေနထိုင္မယ္ဆိုရင္ အသည္းကလည္း သူ႔အလိုလို ျပန္ျပဳျပင္တာနဲ႔ဆို ျပန္ေကာင္းႏိုင္ပါတယ္။ အရက္ေတြ အလြန္အကြၽံေသာက္ေနဦးမယ္ဆိုရင္ေတာ့ အသည္းေျခာက္ရာကေန အသည္းပ်က္ၿပီး အမ်ားဆုံး ၂ ႏွစ္အတြင္းမွာတင္ အသက္ေသဆုံးတဲ့အထိ ျဖစ္လာပါလိမ့္မယ္။ 
ဒါကို ကာကြယ္ဖို႔နည္းလမ္းကလည္း ေထြထူးေတာ့ မဟုတ္ပါဘူး။ ခုနကေျပာခဲ့သလို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့စားေသာက္ေနထိုင္မႈပုံစံ အတိုင္းေနထိုင္ဖို႔ပါပဲ။ အရက္ကိုလည္း အမ်ိဳးသမီးေတြမွာဆို တစ္ေန႔ တစ္ခြက္ႏႈန္း၊ အမ်ိဳးသားေတြမွာ တစ္ေန႔ႏွစ္ခြက္ေလာက္သာ ေသာက္တာက က်န္းမာေရးအတြက္ သင့္ေတာ္ပါတယ္။ 
ေသာက္ေနတဲ့ ဆီးခ်ိဳေဆးေတြ၊ ေသြးတြင္းအဆီက်ေဆးေတြကိုလည္း ပုံမွန္ေသာက္ေနဖို႔လည္း လိုပါတယ္။ လူႀကီးေတြအေနနဲ႔ ကိုယ္လက္ေလ့က်င့္ခန္းကို လူငယ္ေတြေလာက္ မလုပ္ႏိုင္ရင္ေတာင္မွ တစ္ေန႔ နာရီဝက္ႏႈန္းေလာက္ေတာ့ ပုံမွန္လုပ္ေပးမယ္ဆိုရင္ က်န္းမာသက္ရွည္ၿပီး အသည္းအဆီဖုံးတာ အပါအဝင္ ေရာဂါေတာ္ေတာ္မ်ားကေနလည္း ကာကြယ္ၿပီးသားျဖစ္ပါလိမ့္မယ္။ အားလုံးက်န္းမာလွပၾကပါေစ။ 


ေဒါက္တာစိမ့္ (For Your Health For Your Beauty)

Previous Next